Wednesday, February 13, 2013

သမ္မတ ကမ်းလှမ်းချက် ကေအိုင်အေ သဘောတူ

Photo: သမ္မတ ကမ်းလှမ်းချက် ကေအိုင်အေ သဘောတူ
Wednesday, February 13, 2013

သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးပေးပို့သော ပေးစာအပေါ်
ကေအိုင်အေက အပြုသဘောဆောင်ကြိုဆို လိုက်ပြီး သမ္မတ၏ ကမ်းလှမ်းမှုအပေါ် သဘောတူညီ ကာ စားပွဲဝိုင်းဆွေးနွေးမှုဖြင့် ပဋိပက္ခများအဖြေရှာ သွားမည်ဖြစ်ကြောင်း ကေအိုင်အိုအဖွဲ့က ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့က ကေအိုင်အိုအဖွဲ့နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး
ကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ၊ ရွှေလီမြို့တွင် တွေ့ဆုံစဉ် သမ္မတဦးသိန်းစိန်က ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ရေး၊ စစ်မှန်သော ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများ အားလုံးအတွက် တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များအတွက် စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးခြင်းကသာ တခုတည်းသော နည်းလမ်းဖြစ်သည်ဟု ယုံကြည်ကြောင်း စာတစောင်
ရေးသားပေးပို့ခဲ့သည်ဟု ကေအိုင်အို၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ဧရာဝတီ သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုးပေးပို့သော ပေးစာ အပေါ် ကေအိုင်အေက အပြုသဘောဆောင်ကြိုဆို လိုက်ပြီး သမ္မတ၏ ကမ်းလှမ်းမှုအပေါ် သဘောတူညီကာ စားပွဲဝိုင်းဆွေးနွေးမှုဖြင့် ပဋိပက္ခများအဖြေရှာ သွားမည်ဖြစ်ကြောင်း ကေအိုင်အိုအဖွဲ့က ယနေ့ ကြေညာချက်ထုတ်ပြန်လိုက်သည်။

ဆိုက်ဘာ တိုက်ခိုက်မှုကို မထိန်းနိုင်က နိုင်ငံသိက္ခာကျမည်

Photo: ဆိုက်ဘာတိုက်ခိုက်မှုကို မထိန်းနိုင်က နိုင်ငံသိက္ခာကျမည်
Wednesday, February 13, 2013

ပြီးခဲ့သော ရက်ပိုင်းများအတွင်း ပြည်တွင်းအခြေဆိုက် ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရမှု၊ သတင်းထောက်များ၏ အကောင့်များကို ဖောက်ထွင်းရန် ကြိုးပမ်းမှုများသည် ဟက်ကာများအနေဖြင့် စည်းလွတ်ဝါးလွတ် လုပ်ကိုင်ခွင့်ရနေကြောင်း ဖော်ပြသောအချက်ဖြစ်သလို အကယ်၍ တပ်မတော်အရာရှိများပါ ပါဝင်ပတ်သက်နေပါက ပြုပြင်ပြောင်းလဲရေး ကတိကဝတ် လုံခြုံစေခြင်းငှာ သမ္မတ ဦးသိန်းစိန်အနေဖြင့် အပြစ်ပေး
အရေးယူမှုများ လုပ်သင့်သည်ဟု အမေရိကန်ပြည်ထောင်စု
အခြေစိုက် သတင်းစာဆရာများ ကာကွယ်စောင့်ရှောက်ရေး
ကော်မတီက ရေးသားသည်။

“ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ရှားရှားပါးပါး ထုတ်ပြန်ကြေညာချက်တရပ် ထုတ်ခဲ့ပြီး ကချင်ပဋိပက္ခ
အကြောင်း သတင်းမီဒီယာများ၊ သံရုံးများ၊ နိုင်ငံတကာ
အဖွဲ့အစည်းများက မမှန်သတင်းများ ထုတ်နေကြောင်း ပြောဆိုချက်က သက်သေဖြစ်နေခဲ့သည်” ဟု အဆိုပါအဖွဲ့၏ အရှေ့တောင်အာရှရေးရာ ကိုယ်စားလှယ် မစ္စတာ ရှောင် ခရစ္စပင်က ရေးပြီး တိုက်ခိုက်သူများ၏ ရည်မှန်းချက်များသည် ကချင်စစ်ပွဲအပေါ် သတင်းရေးသား
ပေးပို့သူများ ဖြစ်ကြောင်းလည်း ထောက်ပြကာ “အကယ်၍ အနှောင့်အယှက်ပေးရာတွင် တပ်မတော်အရာရှိများ ပါဝင်နေပါက ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူရန် လုပ်ဆောင်ခြင်းအားဖြင့် သမ္မတ ဦးသိန်းစိန်က ပြုပြင်ပြောင်းလဲရေးကို ပိုမို ကောင်းမွန်အောင် လုပ်နိုင်သည်” ဟု ရေးသားဖော်ပြခဲ့သည်။

ထို စိုးရိမ်ချက်သည် ဖေဖော်ဝါရီ ၁၀ ရက်နေ့ထုတ် နယူးယောက်တိုင်းမ် သတင်းစာတွင် ပြည်တွင်းပြည်ပရှိ Google mail ဂျီမေးလ် သုံးသော သတင်းထောက်နှင့် အယ်ဒီတာအချို့ထံ ဂူးဂဲလ်မှ ” သင့် ကွန်ပြူတာ သို့မဟုတ် အကောင့်ကို နိုင်ငံ့အထောက်အပံ့ခံ တိုက်ခိုက်သူများ (State-sponsored attackers)က ဝင်ရောက်ရန် ကြိုးစားနေသည်ဟု မိမိတို့ ယုံကြည်သည်” ဟု ရေးသားထားသည့် သတိပေးစာ လက်ခံရရှိကြောင်း
ဖော်ပြခဲ့မှု နောက်ပိုင်းတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

ယင်း သတင်းတွင် ကမ္ဘာကျာ် အင်တာနက်အခြေပြု ရှာဖွေရေး၊
ဆော့ဖ်ဝဲနှင့် ကြော်ငြာကုမ္ပဏီကြီးက နိုင်ငံ့အထောက်အပံ့ခံ တိုက်ခိုက်သူများ (State-sponsored attackers)ဟု ၎င်းတို့ မည်သို့ရှာဖွေ တွေ့ရှိသည်ကို မထုတ်ပြန်နိုင်ကြောင်း၊ ထုတ်ပြန်ကြေညာခဲ့လျှင် တိုက်ခိုက်သူများက ကုမ္ပဏီ၏ ရှာဖွေရေးစနစ်ကို သိရှိသွားနိုင်ကြောင်း ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး  သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကို ဧရာဝတီက မေးမြန်းခဲ့ရာ သက်သေ အထောက်အထား အခိုင်အလုံမရှိဘဲ State-sponsored attackers ဟု မစွပ်စွဲသင့်ကြောင်းနှင့် အစိုးရတွင် ထိုသို့ တိုက်ခိုက်ရန် ပေါ်လစီ လုံးဝ မရှိကြောင်း ဆိုသည်။

“ ကျနော် ပြောနိုင်တာက နိုင်ငံတော်က မီဒီယာတွေရဲ့ WebSiteတွေ၊ E-mail တွေကို တိုက်ခိုက်မယ်ဆိုတဲ့ စီမံချက် လုံးဝမရှိပါဘူး။ ဒါကြောင့် ဒါမျိုး စကားကို လွယ်လွယ်မပြောသင့်ဘူး”ဟု ဦးရဲထွဋ်က ပြောသည်။  ထိုသို့ စကား လွယ်လွယ်ပြော၍ စွပ်စွဲမည်ဆိုပါက နိုင်ငံဂုဏ်သိက္ခာထက် ထိုသို့ပြောသောသူ/အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကို ထိခိုက်
မည်သာဖြစ်ကြောင်း ဦးရဲထွဋ်က ဆက်လက်ပြောသည်။

သတင်းဝက်ဘ်ဆိုက်များ၊ သတင်းထောက်များ၏ အကောင့်များအား တိုက်ခိုက်မှုများကို နိုင်ငံတော်အစိုးရက ပြုလုပ်သည် ဆိုပါက နိုင်ငံတော်၏ ဂုဏ်သိက္ခာ ကျဆင်းစေနိုင်မည်ဖြစ်သော်လည်း ယခုအဖြစ်အပျက်သည်
နိုင်ငံတော် အစိုးရနှင့် မည်သို့မျှ မသက်ဆိုင်သောကြောင့်  နိုင်ငံ့ဂုဏ်သိက္ခာ ထိခိုက်မည်မဟုတ်ကြောင်း ဦးရဲထွဋ်က ဆိုသည်။

Hacker များအား မည်သို့ထိန်းချုပ်ရမည်ကို မိမိအနေဖြင့် မသိသေးသော်လည်း ထိန်းချုပ်နိုင်ရန် မဖြစ်နိုင်သေးကြောင်း၊ သို့သော် နည်းပညာအဆင့်အတန်းမြင့်လာပြီး၊ Cyber လုံခြုံရေးနှင့် ပတ်သက်သည့် အသိပညာများ ပိုမိုရလာမည် ဆိုပါက ကာကွယ်နိုင်မည်ထင်ကြောင်း ဆက်လက်ပြောဆိုသည်။ “ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင်တော့ Cyber ဥပဒေ၊ Cyber လုံခြုံရေးနဲ့ ပတ်သက်လို့ ပိုပြီးကောင်းအောင် လုပ်ဖို့ လိုတယ်လို့ မြင်ပါတယ်”ဟု ဦးရဲထွဋ်က ဆိုသည်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဒုတိယ ဥက္ကဌ ဦးသီဟစောကလည်း  “State-sponsored attackers ဆိုတာ Google ကပြောတာ။ Google ကို သူများတွေ မေးတဲ့အခါမှာ ဘယ်သူ လုပ်တယ် ဆိုတာ မပြောဘူး။
ပြောလိုက်ရင် အခြေအနေ ပိုဆိုးလာနိုင်တယ်။ ဒါလုပ်တာ မြန်မာနိုင်ငံအစိုးရ ဟုတ်ချင်ဟုတ်မယ်။ တခြားနိုင်ငံကလည်း ဖြစ်ချင်ဖြစ်မယ်။ Google က သိပေမယ့် အတိအကျ မပြောထားဘူး”ဟု ပြောဆိုပြီး အတိအကျ မပြောထားသည့်အတွက် မြန်မာအစိုးရက ပြုလုပ်နေခြင်းဖြစ်သည်ဟု  အတည်မပြောသင့်ကြောင်း ဆိုသည်။

သတင်းနည်းပညာနှင့် ဝက်ဘ်ဆိုက်ရေးရာ ကျွမ်းကျင်သူများကလည်း
မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးအက်ဥပဒေ မရှိသေးသကဲ့သို့ နည်းပညာပိုင်း ကျွမ်းကျင်သည့် ဆိုက်ဘာမှုခင်းနှိမ်နင်းရေးအဖွဲ့များ မရှိသေးကြောင်း၊ နိုင်ငံတကာနှင့် ဆက်သွယ်လာပြီး ခေတ်မီတိုးတက်
လာသည်နှင့်အမျှ ယင်းကဏ္ဍ တိုးတက်ရေး လိုအပ်လာပြီဖြစ်ကြောင်း ဆိုကြသည်။

“ အခုက Website ကို တိုက်ခိုက်တာပဲ ရှိသေးတာ။ နောက်ကျရင် နည်းပညာကိုသုံးပြီး ဘဏ်အကောင့်တွေ လိမ်တာတို့၊ ငွေခိုးတာတို့၊ တယောက်နဲ့တယောက် ပုဂ္ဂိုလ်ရေးစော်ကားတာတို့၊ နည်းပညာနဲ့ ခြိမ်းခြောက်ပြီး လူကုန်ကူးတာတို့က နောက်ပိုင်းကြရင်
ဖြစ်လာမှာ။ ဒါတွေဖြစ်လာရင် အသုံးချလို့ရမယ့် Cyber law လည်း အခုချိန်ထိ မရှိသေးဘူး”ဟု ဘလော့ဂါ ကိုနေဘုန်းလတ်က ပြောသည်။

Hacking နှင့်ပတ်သက်သည့် ပညာရပ်များအား ပြည်တွင်း၌ တက်ရောက်သင်ကြားနိုင်ပြီး ၎င်းသည် White Hacker များအတွက် ဖြစ်ကြောင်း၊ Black Hacker များကမူ Online ၌ သွားရောက်လေ့လာသင်ကြားနိုင်ကြောင်းလည်း သိရသည်။

Hacker များတွင် အချို့သည် မိမိတတ်ကျွမ်းသည်များကို
ပြသချင်သောကြောင့် ထိုကဲ့သို့ ပြုလုပ်နေခြင်းဖြစ်ပြီး၊ အချို့မှာ သူတပါးအား ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်သောသူများဖြစ်ကြောင်း၊ ယခုဖြစ်ရပ်တွင်မူ မီဒီယာဝက်ဘ်ဆိုက်များ၊ အကောင့်များကို hack လုပ်ခြင်းသည် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ခြင်းသာဖြစ်ပြီး ၎င်းတို့မှာ Black Hacker များဖြစ်ကြောင်း ရန်ကုန်ရှိ Web Developer ကိုရန်ကုန်နိစ်က ပြောသည်။

“ဒါက သာမန်နည်းပညာပိုင်းကို လက်တည့်စမ်းချင်သူတွေကြောင့် မဟုတ်လောက်ဘူး။ သတင်းဌာနကို လုပ်တာကြတော့ ဘာအကျိုး
အမြတ်မှမရှိဘူး။ သတင်းဌာနကသာ ပျက်စီးဆုံးရှုံးမှုတွေရှိတာ။ သတင်းဌာနတွေကို Hack တာကြတော့ ကျနော်တို့ မသိတာတွေ 
အများကြီး ရှိနေဦးမှာပေါ့”ဟု ကိုရန်ကုန်နိစ်က ပြောသည်။

Google mail အကောင့်များ၊ ဝက်ဘ်များအား တိုက်ခိုက်မှုကို လုံးဝ ကာကွယ်တားဆီးရန် နည်းပညာများ မရှိသေးသော်လည်း လုံခြုံစိတ်ချရသည့် Application များကို အသုံးပြုသင့်ကြောင်း ကိုနေဘုန်းလတ်က ပြောသလို မရင်းနှီးသောသူများက ပေးပို့လာသော လင့်များကို မနှိပ်ခြင်း၊ သင်္ကာမကင်း ဖြစ်သည့် ဖိုင်များကို မဖွင့်ခြင်းများကလည်း များစွာ အထောက်အကူပြုကြောင်း ဂူးဂဲလ်က ထုတ်ပြန်ထားသည်။

ဧရာဝတီ ပြီးခဲ့သော ရက်ပိုင်းများအတွင်း ပြည်တွင်းအခြေဆိုက် ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရမှု၊ သတင်းထောက်များ၏ အကောင့်များကို ဖောက်ထွင်း ရန် ကြိုးပမ်းမှုများသည် ဟက်ကာများအနေဖြင့် စည်းလွတ်ဝါးလွတ် လုပ်ကိုင်ခွင့်ရနေကြောင်း ဖော်ပြသောအချက်ဖြစ်သလို အကယ်၍ တပ်မတော်အရာရှိများပါ ပါဝင်ပတ်သက်နေပါက ပြုပြင်ပြောင်းလဲရေး ကတိကဝတ် လုံခြုံစေခြင်းငှာ သမ္မတ ဦးသိန်းစိန်အနေဖြင့် အပြစ်ပေး အရေးယူမှုများ လုပ်သင့်သည်ဟု အမေရိကန်ပြည်ထောင်စုအခြေစိုက် သတင်းစာဆရာများ ကာကွယ်စောင့်ရှောက်ရေး ကော်မတီက ရေးသား သည်။

“ထိုင်းစစ်စခန်းကို ဝင်ရောက်စီးနင်းသည့် စစ်သွေးကြွများ သေဆုံး”

ထိုင်းနိုင်ငံတွင် စစ်တပ်စခန်း တစ်ခုကို ဝင်ရောက် စီးနင်း တိုက်ခိုက်ရန် ကြိုးစားရင်း စစ်သွေးကြွ (၁၇)ဦးထက်မနည်း သတ်ဖြတ် သုတ်သင် ခံခဲ့ရကြောင်း သိရှိရသည်။ ထိုင်းစစ်ဘက်က နိုင်ငံတောင်ပိုင်းရှိ ဘာသာရေးအစွန်းရောက် သူပုန်များ ထကြွသောင်းကျန်းနေရာ ဒေသတွင် စစ်တပ်အခြေစိုက် စခန်းတစ်ခုကို အင်နှင့် အားနှင့် ဝင်ရောက်စီးနင်းသော စစ်သွေးကြွများကို စစ်တပ်က ချေမှုန်းနိုင် ခဲ့ကြောင်း ကြေညာသွားသည်။ မလေးရှားနှင့် နယ်စပ်အနီးရှိ နာရာသီဝပ် ဒေသတွင် ဗုဒ္ဓဟူးနေ့က ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း စစ်သားများဘက်မှ အသေအပျောက် ရှိမရှိကိုမူ ထိုင်းစစ်တပ်က မကြေညာခဲ့ချေ။ ထိုင်းစစ်တပ်၏ ဖော်ပြချက်တွင် အခြေစိုက်စခန်းကို ဝင်စီးနင်းရန် ကြိုးပမ်းသူ စစ်သွေးကြွ အများအပြား ရှိခဲ့ပြီး အခြေအနေ မဟန်သည့်အခါ ဆုတ်ခွာသွားကြောင်း ပါရှိသည်။

တမူး တံတားဖောက်ခွဲမှု ကသည်း အဖွဲ့ UNLF တုံ့ပြန်

နယူးဒေလီ (မဇ္ဈိမ)။   ။ မြန်မာ-အိန္ဒိယနယ်စပ် တမူးခရိုင် နန့်သလက်ချောင်း တံတားအား ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၁ နာရီခန့်က မိုင်းခွဲ ဖျက်ဆီးမှုသည် မြန်မာအစိုးရသတင်းစာမှ စွပ်စွဲထားသလို ကသည်း (မဏိပူရ) သူပုန်အဖွဲ့မှ မဟုတ်ကြောင်းနှင့် အိန္ဒိယအစိုးရ အာသံတပ်များက ပုံမှားရိုက် တန့်ပြန် စစ်ဆင်ရေးသာ ဖြစ်ကြောင်း အဆိုပါ မဏိပူရသူပုန်အဖွဲ့ UNLF က သတင်းထုတ်ပြန် တုန့်ပြန် လိုက်သည်။

ချစ်သူများနေ့ ဆိုတာ

ရောမ အင်ပါယာမှာ ဖြစ်ပါတယ်။ အေဒီ ၂၀၀ ကျော်ကာလ က ဖြစ်ပြီး ရောမ စစ်ဘုရင်တို့ သွေးဆူနေ ချိန် ဖြစ်ပါတယ်။

ကြောက်တတ်သူများ မဖတ်ရ

(ဖြစ်ရပ်မှန်ဖြစ်သဖြင့် နာမည်နေရပ်အတိအကျ မဖေါ်ပြတော့ပါ ကြောက်တတ်သူများ မဖတ်ပါနှင့်)
၁၉၉၆ လောက်က ခလရ(--- )က ဗိုလ်ကြီးတစ်ယောက်ဟာ သူရဲ့ငယ်ချစ်ဦးနဲ့ လက်ထပ်ဖို့အတွက် မိတ္တီလာကို ခွင့်ပြန်လာပါတယ်။

အမေရိကန်သမ္မတဟောင်း ဘုရှ်မိသားစုဝင်များ၏ အီးမေးလ်အကောင့်များအား hack လုပ်ခံရ

အမေရိကန်သမ္မတဟောင်း ဘုရှ်မိသားစုဝင်များ၏ အီးမေးလ် အကောင့် များအား hack လုပ်ခံရကာ ၎င်းတို့အချင်းချင်းကြား ပေးပို့ထားသည့် အချက်အလက်အချို့ အင်တာနက်ပေါ်တွင် ထွက်ပေါ်လာပြီးနောက် ယခုအခါ အဆိုပါဖြစ်ရပ်အား စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီဖြစ်သည်။

စစ်ဘေးဒုက္ခသည်များ စားနပ်ရိက္ခာအဓိကလိုအပ်

Photo: စစ်ဘေးဒုက္ခသည်များ စားနပ်ရိက္ခာအဓိကလိုအပ်
Wednesday, February 13, 2013

ကချင်စစ်ဘေးဒုက္ခသည်များအတွက် အဓိကလိုအပ်နေသော အကူအညီမှာ စားနပ်ရိက္ခာဖြစ်ကြောင်း စစ်ဘေးဒုက္ခသည်များအား အနီးကပ် အကူအညီ
ပေးနေသူများထံမှ သိရသည်။

ကချင်ပြည်နယ်တွင်း စစ်ပွဲများကြောင့်ဖြစ်လာသည့် စစ်ဘေးဒုက္ခသည်များ
အား အကူအညီများကိုပေးရန် အစိုးရက ကုလသမဂ္ဂအဖွဲ့ကို မကြာမီ
ရက်ပိုင်းက ခွင့်ပြုပေးလိုက်သည်။

ကချင်ပြည်နယ်တွင် စစ်ပွဲများ တစ်နှစ်နှင့်ရှစ်လ ကြာမြင့်ချိန်တွင် စစ်ဘေး
ဒုက္ခသည်ဦးရေမှာ တစ်သိန်းကျော်ရှိလာပြီး အစိုးရထိန်းချုပ်နယ်မြေ
တွင် လေးသောင်းကျော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်
နယ်မြေတွင် ခြောက်သောင်းကျော်ရှိသည်။

အကူအညီပေးနေသူများ အ ဆိုအရ အစိုးရထိန်းချုပ်နယ်မြေ အတွင်းမှ စစ်ဘေးဒုက္ခသည်များမှာ ကချင်နှစ်ခြင်းခရစ်ယာန်အ သင်းချုပ်နှင့် အခြားအဖွဲ့များဖြစ်သော ကရုဏာ၊ ငြိမ်းဖောင်ဒေးရှင်းအဖွဲ့တို့၏ ကူညီမှုများဖြင့် အနည်းငယ် အဆင်ပြေသည်ဟု ဆိုနိုင်သော်လည်း သွားလာရခက်ခဲပြီး ရောက်ရန်မလွယ်ကူသော မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ် တိုင်(၆)အနီးနှင့် မဂါ့ရန်၊ ပန်ဝါဒေသကဲ့သို့ နေရာမျိုးတွင် မည်သည့်အကူအညီမှမရဘဲ နေထိုင်နေရသော ဒုက္ခသည်များမှာ ပိုမိုဒုက္ခ ရောက်လျက်ရှိကြောင်း စစ်ဘေးဒုက္ခသည်များအား အကူအညီပေးနေသူများက ပြောကြားသည်။

“ဒုက္ခသည်တွေကို တကယ်ကူညီချင်တဲ့ဆန္ဒ ရှိတယ်ဆိုရင် မဖြစ်ဖြစ်တဲ့နည်းနဲ့ ရောက်အောင် ကူညီဖို့ပဲ အရေးကြီးပါတယ်” ဟု ကေအိုင်အို ဖွဲ့စည်းထားသည့် စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီဥက္ကဋ္ဌ ဦးဒွဲပီဆာက ပြောကြားသည်။

ယခုကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများကို စစ်ဖြစ်ရာဒေသများသို့ နှစ်ဖက်
စလုံးမှ လုံခြုံရေးတာဝန်ယူရမည်ဟူသော အာမခံချက်ဖြင့် ခွင့်ပြုပေး
လိုက်သည်။ ထိုသို့ ကူညီသွားရာတွင် ဦးစွာလက်ရှိ အကူအညီပေးနေသော ကချင်လူမှုရေးအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့များနှင့် တိုင်ပင်ညှိနှိုင်းကာ ထိရောက်သော အကူအညီများပေးစေလိုကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အသင်းတော် (KBC) နှင့် အခြားအဖွဲ့အစည်းအသီးသီးမှ ကူညီပေးနေသူများက အကြံပြုသည်။

“ကျွန်တော်တို့နဲ့ တွဲမလုပ်ရင်တောင် တိုင်ပင်ပြီး အကူအညီတွေ မရောက်သေးတဲ့ နေရာတွေ ကူညီစေချင်တယ်။ တကယ်လိုအပ်နေတဲ့ ဒုက္ခသည်တွေဆီ အကူအညီတွေ အမြန်ရောက်ရင် ကျေနပ်ပါတယ်” ဟု KBC ၏ စစ်ရှောင်စခန်းများ စောင့်ရှောက်ရေးကော်မတီ ဒုတိယ
အတွင်းရေးမှူး ဦးကွမ်ရှောင်ကပြောသည်။

ကချင်ပြည်နယ်အတွင်း ဝေးလံခေါင်သီသော နေရာဖြစ်သည့် နှင်းကျပြီး
အေးခဲသော ပန်ဝါဒေသတွင် နံနက်ခင်းရေခဲနေသည့် အတွက် ရေရရှိရန် သုံး၊ လေးနာရီ စောင့်ဆိုင်းရသည်များရှိပြီး ရေရရှိရေး အလွန်ခက်ခဲနေသည်။ မိုင်တိုင်(၆)ကဲ့သို့ နေရာများတွင် အမိုးအကာနှင့် နေစရာလုံလောက်ခြင်း
မရှိဘဲ ရာသီဥတုဆိုးဝါးလွန်းသဖြင့် စောင်နှင့်အ၀တ်အထည်များ အရေးပေါ်လိုအပ်နေသည်။ ထိုမှတ်တိုင် (၆) နေရာတွင် လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ရာ နယ်မြေမလုံခြုံသဖြင့် အကူအညီများ မရောက်သလောက်ပင်ဖြစ်ကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။

မြစ်ကြီးနား၊ ၀ိုင်းမော်နှင့် ဗန်းမော် စသည့် မြို့များတွင်ရှိသော စစ်ဘေးဒုက္ခသည်စခန်းအချို့တွင် စုပေါင်းစားသောက်သည့် စနစ်ရှိသော်လည်း အများစုစခန်းများတွင် ကိုယ့်အိမ်ထောင်စုနှင့် ကိုယ်တိုင်ချက်ပြုတ်စားသောက်ပြီး အဖွဲ့အစည်းများမှ ပေးဝေသော ဆန်၊ ဆီ၊ဆားတို့နှင့် ဟင်းလျာကိုမူ ငွေကြေးရှိလျှင် ဈေးမှဝယ်ယူချက်စားပြီး
ငွေကြေးမရှိသူများမှာ နီးစပ်ရာမှ ဟင်းရွက်ကို ခူးကာ စားရေးသောက်ရေး
ဖြေရှင်းနေကြရကြောင်း အကူအညီပေးနေသည့် ကချင်လူမှုကူညီရေး အဖွဲ့များထံမှ သိရသည်။

လိုင်ဇာမြို့အနီး အကြီးဆုံး စစ်ဘေးဒုက္ခသည်စခန်းဖြစ်သည့် လူဦးရေရှစ်ထောင်ကျော်ရှိသော ဂျယန်းစခန်းမှ တာဝန်ခံ ဦးနော်ဂျာက စခန်း၏လိုအပ်ချက်ကို “အဓိကက အစားအသောက်အတွက်ပေါ့။ ပြီးတော့ ဆေးဝါးလည်း မလုံလောက်ဘူး။ ကျွန်တော်တို့စခန်းမှာ
ကျောင်းသားက နှစ်ထောင်ရှိတယ်။ ကျောင်းအဆောက်အအုံနဲ့ 
ကျောင်းသုံးပစ္စည်းတွေ လိုအပ်နေဆဲပဲ။ စာမေးပွဲနီးပြီဆိုတော့
မေးခွန်းတွေကိုလက်နဲ့ရေးနေရတယ်” ဟု ဖုန်းဖြင့်ဖြေကြားသည်။

အစိုးရက အကူအညီများ ကူညီခွင့်ပြုလိုက်ပြီးနောက် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းအချို့က ကူညီရန် ကြိုတင်စနည်းနာခြင်းများ၊ လေ့လာခြင်းများ ပြုလုပ်နေပြီး လက်ရှိကူညီနေသော ပြည်တွင်းကချင် လူမှုရေးအဖွဲ့အစည်းများကို ဆက်သွယ်လာခြင်းမရှိသေးကြောင်း ယင်းအဖွဲ့အစည်းများထံမှ သိရသည်။

“ကျွန်တော်တို့ ကူညီဖို့ တင်ပြထားတာ လ ၂၀ ကျော်သွားပါပြီ။
မကြာမီ အကူအညီပေးနိုင်ဖို့ လုပ်သွားမှာပါ” ဟု နည်စည်းမထား ဆရာဝန်များအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် မစ္စတာ အာဂျန်ဟီဟန်တန်က
ပြောသည်။

ထိုသို့ နိုင်ငံတကာအဖွဲ့အစည်းများ ကချင်ပြည်နယ်သို့ လာရောက်
ကူညီမည်ကို ကြိုဆိုသော်လည်း ဒေသခံလူမှုအဖွဲ့အစည်းကို ပျက်ပြားစေမည့် ယဉ်ကျေးမှုကို ထိခိုက်သော အပြုအမူမျိုး
ရှောင်ကြဉ်စေလိုကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဦးဆောင် လှုပ်ရှားသူ ကိုဂျော်ဂွန်းက ပြောကြားသည်။

“သီရိလင်္ကာတို့၊ အင်ဒိုနီးရှားတို့၊ ဖိလစ်ပိုင်တို့မှာလို မဖြစ်စေချင်ဘူး။ စစ်ပွဲဖြစ်နေတဲ့နေရာတွေမှာရှိတဲ့ ဒေသခံတွေရဲ့ တန်ဖိုးထားမှု၊ လူမှုအဖွဲ့အစည်းကို ထိခိုက်ပျက်ယွင်းစေတာမျိုး ရှောင်စေချင်တယ်” ဟု ယင်းက အကြံပြုပြောကြားသည်။

စားနပ်ရိက္ခာ၊ နေထိုင်ရေးနှင့် အသုံးအဆောင်များ ထောက်ပံ့သလို စစ်ဘေးဒုက္ခသည်များကို စိတ်ဓာတ်ပြန်လည်မြှင့်တင်ပေး သည့် အကူအညီများနှင့် နေရပ်ပြန်လျှင် အသုံးချနိုင်မည့် အတတ်ပညာများ သင်ကြားပေးနိုင်လျှင် ကောင်းမည်ဟု အကြံပြုသည်။

စစ်ဘေးဒုက္ခသည်များ လတ်တလောနေရပ်ပြန်ရေးမှာ မဖြစ်နိုင်သေးသည့်အတွက် အကူအညီပေးမည့်သူများအနေနှင့်
ပြန်လည်ထူထောင်ရေး အကူအညီကို ဦးစွာမလုပ်ဆောင်သင့်ကြောင်း စစ်ဘေးဒုက္ခသည်များအား အနီးကပ်ကူညီနေသူများက ဆိုသည်။

“စစ်ကြောင်းတွေ အခုထိ နေရာတကာရှိနေသေးတော့ အိမ်မပြန်ရဲကြသေးဘူး” ဟု KBC မှ စစ်ဘေးဒုက္ခသည် စောင့်ရှောက်ရေး
ကော်မတီမှ တာဝန်ရှိသူက ပြောသည်။

“ယူအင်န်အနေနဲ့ လူသားချင်း စာနာမှုအကူအညီသာမကဘဲ
မြန်မာအစိုးရနဲ့ ကေအိုင်အိုကြား လိုအပ်တဲ့ကြားဝင်ဖျန်ဖြေရေး
ပြဿနာစောင့်ကြည့်ရေးတွေမှာ ပါဝင်ဖို့ လိုပါတယ်” ဟု ကေအိုင်အေပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က ပြောသည်။

ကချင်ပြည်နယ်တွင် ဖေဖော်ဝါရီလဆန်းမှစကာ တိုက်ပွဲများ
လျော့နည်းသွားပြီဖြစ်သော်လည်း ဖားကန့်ဒေသတွင် တိုက်ပွဲအချို့ဖြစ်ပွားနေဆဲဖြစ်ပြီး ဖားကန့်ဒေသမှ စစ်ဘေးဒုက္ခသည်အသစ်များ တိုးလာသဖြင့် ဒုက္ခသည်ဦးရေမှာ တစ်သိန်းငါးသောင်းကျော်အထိ မြင့်တက်လာကြောင်း အကူအညီပေးသူများကခန့်မှန်းနေကြသည်။

7Day News Journalကချင်စစ်ဘေးဒုက္ခသည်များအတွက် အဓိက လိုအပ်နေသော အကူ အညီမှာ စားနပ်ရိက္ခာဖြစ်ကြောင်း စစ်ဘေးဒုက္ခသည်များအား အနီးကပ် အကူအညီ ပေးနေသူများထံမှ သိရသည်။

ဖုန်းဆင်းကတ် ၅ဝဝဝ ကျပ် အိပ်မက်မပြယ်၊ ရွှေပြည်တံခွန်ကုမ္ပဏီ ဟန်းဆက်စက်ရုံ တည်မည်

Photo: ဖုန်းဆင်းကတ် ၅ဝဝဝ ကျပ် အိပ်မက်မပြယ်၊ ရွှေပြည်တံခွန်ကုမ္ပဏီ
ဟန်းဆက်စက်ရုံ တည်မည်
Wednesday, February 13, 2013

ဖုန်းဆင်းကတ် ကျပ်ငါးထောင်ဖြင့် ရောင်းချမည်ဟု ဆိုခဲ့သည့် ရွှေပြည်တံခွန်ကုမ္ပဏီသည် ယခုနှစ်အတွင်း ဟန်းဆက်စက်ရုံတည်ထောင် တော့မည်ဟု သိရသည်။

''ငါးထောင်တန်ဖုန်းကတော့ အော်ပရေတာ လျှောက်ထားပါ တယ်။ လူကြီးတွေ ဆုံးဖြတ်ချက် အပေါ်ပဲမူတည်တယ်။ ဖုန်းစက်ရုံ ကတော့ ဒီနှစ်ထဲမှာပဲ ထုတ်လုပ် ရောင်းချနိုင်တဲ့အဆင့်အထိ ဆောင် ရွက်သွားမှာပါ''ဟု ရွှေပြည်တံခွန် ကုမ္ပဏီမှ မန်နေးဂျင်းဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောသည်။

ဟန်းဆက်များ ထုတ်လုပ်ရာ တွင် ကုမ္ပဏီပိုင် နည်းပညာအပြင် နိုင်ငံခြားမှ နည်းပညာရှင်များကိုပါ ဖိတ်ခေါ်၍ ထုတ်လုပ်သွားမည်ဖြစ် ကြောင်း ၄င်းက ပြောသည်။

''ငါးထောင်တန် ဖုန်းထုတ် လုပ်ခွင့်ရခဲ့ရင်တော့ စက်ရုံအတွက် ပိုပြီး အဆင်ပြေမှာပါ။ ဒါပေမဲ့ လုပ်ခွင့် မရလည်း စက်ရုံတည် ထောင်မှာပါ။ လက်ရှိတော့ စက်ရုံ တည်ဆောက်ဖို့အတွက် မြေနေရာ နဲ့ နည်းပညာပိုင်းဆိုင်ရာကို လေ့ လာနေပါတယ်''ဟု ၄င်းက ဆက် ပြောသည်။

ဖုန်းစက်ရုံတည်ထောင်မည့် ရွှေပြည်တံခွန် ကုမ္ပဏီသည် ၂ဝ၁၂ ဇန်နဝါရီလတွင် ဖုန်းတစ်လုံးကို ကျပ်ငါးထောင်နှုန်းဖြင့် ရောင်းချပေးမည်ဟု တရားဝင်ထုတ်ပြန်ထားခဲ့ ပြီး ဖုန်းထုတ်လုပ် ရောင်းချခွင့်ကို နည်းပညာနှင့်ဥပဒေအရပါ ဖြစ်နိုင် ခြေမရှိကြောင်း မြန်မာ့ဆက်သွယ် ရေးမှ ထုတ်ပြန်ထားပြီးနောက် ငါးထောင်ဖုန်းသတင်းမှာ ပျောက်ကွယ်ခဲ့သည်။

လက်ရှိတွင် ရွှေပြည်တံခွန် ကုမ္ပဏီသည် ဆက်သွယ်ရေးကဏ္ဍအတွက် လုပ်ပိုင်ခွင့်တင်ဒါခေါ်ယူမှု ကို ဝင်လျှောက်ထားခဲ့ပြီး လုပ်ပိုင် ခွင့်ရရှိပါက ယခင် ထုတ်ပြန်ထား သည့်အတိုင်း ကျပ်ငါးထောင်နှုန်း ဖြင့် ဖုန်းများရောင်းချပေးမည်ဟု ယင်းကုမ္ပဏီမှသိရသည်။

အောင်ဇော်
Popular Myanmar News Journal ဖုန်းဆင်းကတ် ကျပ်ငါးထောင်ဖြင့် ရောင်းချမည်ဟု ဆိုခဲ့သည့် ရွှေပြည် တံခွန်ကုမ္ပဏီသည် ယခုနှစ်အတွင်း ဟန်းဆက်စက်ရုံ တည်ထောင် တော့မည်ဟု သိရသည်။

လုပ်ငန်းရှင် များ စီမံကိန်း အကြောင်းပြ မြေ အတောင်းကြမ်း တနင်္သာရီ တိုင်းဒေသကြီးတွင် ဆီအုန်းနှင့် ရာဘာ စိုက်ပျိုးရန် ဧက ကိုးသိန်း တောင်းသော်လည်း ဧကသုံးသိန်း ခန့်သာ လက်တွေ့စိုက်

Photo: လုပ်ငန်းရှင်များ စီမံကိန်းအကြောင်းပြ မြေအတောင်းကြမ်း
တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်းနှင့် ရာဘာစိုက်ပျိုးရန် ဧကကိုးသိန်း တောင်းသော်လည်း ဧကသုံးသိန်းခန့်သာ လက်တွေ့စိုက်
Wednesday, February 13, 2013

လုပ်ငန်းရှင်များ စီမံကိန်းကို အပေါ်ယံပြပြီး မြေဧကသိန်းချီတောင်းယူမှု
များကို ကြုံတွေ့နေရကြောင်း သမ္မတရုံးဝန်ကြီးဌာန (၃)
ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်းက သတင်းထောက်များနှင့်
တွေ့ဆုံပွဲတွင် ပြောကြားသည်။

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ လားရှိုး၊ မူဆယ်မြို့ဝန်းကျင်ရှိ
မြေဧက ခြောက်သိန်းကျော်ကို အပင်ခုတ်ပြီး ဘိုင်အိုဒီဇယ်ထုတ်ရန် လုပ်ငန်းရှင်တစ်ဦးက တောင်းထားသည်။

လားရှိုးမြို့ဝန်းကျင်တွင် ဧကငါးသိန်းကျော်သာ ရှိသည့်အတွက် လက်ရှိလုပ်ငန်းရှင် တောင်းဆိုမှုကို ခွင့်ပြုပါက ဒေသတစ်ခုလုံး ကုန်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကရှင်းပြသည်။

“လူတစ်ယောက်တည်းကို ဧကခြောက်သိန်းကျော်ပေးရရင် ကျွန်တော် အလုပ်ကထွက်ရုံပဲရှိတယ်”ဟု ဦးစိုးသိန်းက ပြောကြားသည်။

အမှန်တကယ် လုပ်ငန်းလုပ်ကိုင်သူများကို မြေချထားပေးလိုသော်လည်း လုပ်ငန်းကို သတ်မှတ်နှစ်အတွင်း မဖော်ဆောင်ဘဲထားပါက အစိုးရသို့ ပြန်အပ်သင့်ကြောင်းလည်း အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။

“ကျွန်တော်တို့လုပ်တဲ့ အလုပ်တွေထဲမှာ မြေတောင်းတာတွေ ချပေးဖို့က အခက်အခဲဆုံးပဲ”ဟု ဦးစိုးသိန်းကဆိုသည်။

ထိုကြောင့် စီမံကိန်းပြပြီး စာချုပ်ပါ သတ်မှတ်ကာလအတွင်း အကောင်အထည်မဖော်ဆောင်သည့် မြေဦးထားမှုများကို ကြီးကြပ်ကွပ်ကဲမှုများ ပြုလုပ်မည်ဟုလည်း ဆိုသည်။ ယခင်က တနင်္သာရီတိုင်းတွင် မြေဧကကိုးသိန်းကျော် ဆီအုန်း၊ ရာဘာ စသည်တို့ စိုက်ပျိုးရန် အစိုးရက ချပေးခဲ့သော်လည်း ဧကသုံးသိန်းနီးပါးသာ အကောင်အထည်ဖော်ပြီး ကျန်မြေဧကများကို နေရာဦးထားသကဲ့သို့
ဖြစ်နေကြောင်း ပြည်ထောင်စုဝန်ကြီးကရှင်းပြသည်။

“သူတို့ကမစိုက်ဘဲ ဒီတိုင်းထားတော့ ကျွန်တော်တို့က မကောင်းဘူးဖြစ်နေတယ်”ဟု ဦးစိုးသိန်းကပြောကြားသည်။

ထို့အပြင် အခြေခံလူတန်းစား လယ်ယာမဲ့ အိမ်ထောင်စုများ
အတွက် နေထိုင်ရန် မြေချပေးရန် စီစဉ်နေသည်ဟု ဆိုသည်။ လယ်ယာမဲ့များကို မိသားစုအလိုက် ဦးစွာစာရင်းကောက်ပြီး သင့်လျော်ရာတွင် လယ်မြေအပိုင် ချထားပေးရန် စီစဉ်ပေးသည်ဟု အထက်ပါပုဂ္ဂိုလ်က တွေ့ဆုံပွဲတွင် ပြောကြားသည်။

7Day News Journalလုပ်ငန်းရှင်များ စီမံကိန်းကို အပေါ်ယံပြပြီး မြေဧကသိန်းချီတောင်းယူမှု
များကို ကြုံတွေ့နေရကြောင်း သမ္မတရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စု ၀န်ကြီးဦးစိုးသိန်းက သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် ပြောကြား သည်။

ဌာနအမည်အလွဲသုံး၍ ရှေးဟောင်းပစ္စည်းများ တူးဖော်နေ

Photo: ဌာနအမည်အလွဲသုံး၍ ရှေးဟောင်းပစ္စည်းများ တူးဖော်နေ
Wednesday, February 13, 2013

ရှေးဟောင်းဝတ္ထုပစ္စည်းများအား ဌာနအမည်၊ ၀န်ထမ်းအမည်များ အလွဲသုံးစားပြုလုပ်၍ တရားမ၀င် တူးဖော်မှုများ ရှိနေသောကြောင့် တားဆီးအရေးယူရန် ဒေသအသီးသီးရှိ ဌာနများသို့ ကြိုတင်အကြောင်းကြား
မှုများ ပြုလုပ်ထားရကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနထံမှ သတင်းရရှိသည်။

ပျော်ဘွယ်၊ သာစည်၊ ရမည်းသင်း၊ မုံရွာ၊ ဆားလင်းကြီး၊ သထုံ၊ ကျိုက်ထို၊ သုဝဏ္ဏဘူမိ အစရှိသော ယဉ်ကျေးမှုမြို့ဟောင်းနေရာများနှင့် အခြားရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသများတွင် တရားမ၀င် တူးဖော်ခိုးထုတ်မှုများ ရှိနေသည်ဟု ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

“ဒီဒေသတွေမှာ ဌာနအမည်ကို အလွဲသုံးစားပြုလုပ်ပြီး တရားမ၀င် တူးဖော်မှုတွေ ရှိနေတယ်လို့ သတင်းပေးတာတွေရှိတယ်။ ဒါပေမဲ့ လက်ပူးလက်ကြပ်တော့ မဖမ်းမိသေးဘူး”ဟု အထက်ပါပုဂ္ဂိုလ်ကပြောသည်။

ရှေးဟောင်းပစ္စည်းများအား ထိန်းသိမ်းကာကွယ်ရန် ဒေသခံများအား အသိပညာပေး ဟောပြောပွဲများ ပြုလုပ်ခြင်း၊ နိုင်ငံပိုင်သတင်းစာများတွင် သတိပေးတားမြစ်ချက်များ ထည့်သွင်းဖော်ပြခြင်းတို့ကို ဆောင်ရွက်
လျက်ရှိသည်။

“တစ်ခါတစ်ရံမှာ နိုင်ငံခြားကို ဘုရားတစ်ဆူ၊ ရှေးဟောင်းပစ္စည်းတစ်ခုကို ယူမယ်ဆိုရင် ရှေးဟောင်းရုံးကိုလာပြီး ခွင့်ပြုချက်ယူရတယ်။ရှေးဟောင်း
ပစ္စည်းမဟုတ်ဘူးဆိုရင် ယူခွင့်ရှိတယ်။ အဲဒီမှာ မသမာသူတွေက လိမ်လည်မှုတွေ ပြုလုပ်သွားနိုင်ပါတယ်”ဟု မြန်မာနိုင်ငံယဉ်ကျေးမှု ဗဟိုကော်မတီဝင် ဒေါက်တာတိုးလှကပြောသည်။

၁၉၆၂ ခုနှစ် ရှေးဟောင်းဝတ္တုပစ္စည်းများ အက်ဥပဒေကို ပြင်သည့် ဥပဒေပုဒ်မ ၈ အရ ရှေးဟောင်းပစ္စည်းများကို ပြည်ပသို့ ထုတ်ဆောင်ခြင်း၊ တူးဖော်ခြင်းများ ပြုလုပ်ပါက ဥပဒေပြဠာန်းချက်များနှင့်အညီ
ထောင်ဒဏ်၊ ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံး ပြစ်ဒဏ်စီရင်ခြင်း ခံရမည်ဖြစ်သည်။

7Day News Journalရှေးဟောင်းဝတ္ထုပစ္စည်းများအား ဌာနအမည်၊ ၀န်ထမ်းအမည်များ အလွဲသုံးစားပြုလုပ်၍ တရားမ၀င် တူးဖော်မှုများ ရှိနေသောကြောင့် တားဆီးအရေးယူရန် ဒေသအသီးသီးရှိ ဌာနများသို့ ကြိုတင် အကြောင်းကြားမှုများ ပြုလုပ်ထားရကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနထံမှ သတင်းရရှိသည်။

ဖုန်းဆင်းကတ်များကို အများပြည်သူအလွယ်တကူ ဝယ်ယူနိုင်မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်တွင် စရောင်းမည်

Photo: ဖုန်းဆင်းကတ်များကို အများပြည်သူအလွယ်တကူ ဝယ်ယူနိုင်မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်တွင် စရောင်းမည်
Wednesday, February 13, 2013

ဖုန်းဆင်းကတ်များကို အများပြည်သူ အလွယ်တကူဝယ်ယူနိုင် မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်နေ့တွင် စတင် ရောင်းချပေး မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

ယင်းသို့ ဆင်းကတ်ရောင်းမည့် အချိန်ကိုအတိအကျ ပြောဆိုသော် လည်း ပြည်သူများသိချင်နေကြသော ဆင်းကတ် ဈေးနှုန်းအတိ အကျကိုမူ ပြည်ထောင်စု ဝန်ကြီးက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

''ဈေးနှုန်းကိုတော့ ကျွန်တော် သိနေပါတယ်။ ဒါပေမဲ့ ဒီထက် လည်း လျော့သွားနိုင်သလို နည်းနည်းလည်း အပြောင်းအလဲ ရှိသွားနိုင်တယ်။ ဒါကြောင့် အခုနေအခါမှာ ဈေးနှုန်းပြောလလိုက်လို့ အပြောင်းအလဲရှိသွားခဲ့ရင် ဘယ်ကောင်း မလဲ''ဟု ပြည်ထောင်စု
ဝန်ကြီးက ပြောသည်။
ပြည်သူတို့ အလွယ်တကူ ဝယ်ယူနိုင် မည့်ဈေးနှုန်းတစ်ခု ဖြစ်လိမ့် မည့်အကြောင်း ဦးစိုးသိန်းက ကတိပြုပြောသည်။ အစိုးရက ကျပ်နှစ်သိန်းတန်ဖုန်းများ ရောင်းချနေစဉ်တွင် ရွှေပြည်တံခွန် ကုမ္ပဏီက ကျပ် ၅ဝဝဝ တန်ဖုန်းများ ရောင်းချပေးမည်ဟု ပြောဆိုခဲ့ဖူးပြီး ဆက်သွယ်ရေးလုပ်ငန်း၌ အော်ပရေတာ အဖြစ်ရွေးချယ်ခံရပါက ...
ဖုန်းဆင်းကတ်နှင့် အင်တာ နက်လိုင်းများကို အခမဲ့ ပေးသွား မည်ဟု Red Link ကုမ္ပဏီကလည်း ဖေဖော်ဝါရီ ပထမပတ်အတွင်းက ကြေညာခဲ့သည်။
''မူကိုက တကယ်ကျသွား အောင်ကို လုပ်ရမယ်လေ။ အခု ဟာက ဆက်သွယ်ရေးက အမှုကို တာဝန်ရှိသူတွေ စစ်ဆေးနေတော့ ဖုန်းရောင်းချမယ့် ကိစ္စကို လတ် တလော မလုပ်နိုင်သေးတာ'' ဟု ဦးစိုးသိန်းက ဆက်ပြောသည်။

ဆက်သွယ်ရေးသတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က အများဝမ်းမြောက်ဝမ်းသာဖြစ် မည့် ဈေးနှုန်းတစ်ခုဖြင့် ဖုန်းများ ရောင်း ချပေးမည့်အကြောင်း ဇန်နဝါရီလ အတွင်းက ပြောကြားခဲ့သည်။

PN-051
Popular Myanmar News Journalဖုန်းဆင်းကတ်များကို အများပြည်သူ အလွယ်တကူဝယ်ယူနိုင် မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်နေ့တွင် စတင်ရောင်းချပေးမည် ဟု ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ပြောသည်။

လူမဆန်သူ များ၏ ပစ်မှတ်ဖြစ်လာသော ကလေး သူငယ်များ “ ၂၅ နာရီတိုင်း ကလေးငယ် တစ်ဦး မုဒိမ်းကျင့်ခံနေရ ”

Photo: လူမဆန်သူများ၏ ပစ်မှတ်ဖြစ်လာသော ကလေးသူငယ်များ
“ ၂၅ နာရီတိုင်း ကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံနေရ ”
Wednesday, February 13, 2013

ကျောင်းဆင်းခေါင်းလောင်း ထိုးလိုက်သည်နှင့် မူလတန်းအရွယ် ကျောင်းသူ၊
ကျောင်းသားလေးများ ကျောင်းတံခါးပေါက်ဆီအော်ဟစ်ခုန်ပေါက်ပြိုဆင်း
လာကြသည်။ ထိုကလေးများအကြား သနပ်ခါးပါးကွက်ကြားလေးနှင့် အဖြူအစိမ်းဝတ် ကျောင်းသူကလေးက ထူးထူးခြားခြားရှိနေ၏။

ရှေ့နဖူးပေါ် ၀ဲကျနေသည့် ဆံယဉ်စအောက် မျက်လုံးအစုံက ကျောင်းတံခါး
ပေါက်ဆီ လှမ်းမျှော်ငေးကြည့်ရင်း မလှုပ်မယှက် တစ်လှမ်းချင်း ခပ်မှန်မှန်
လမ်းလျှောက်နေသည်။

ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှ ထိုကျောင်းသူလေးသည် လွန်ခဲ့သည့် ၁၂ ရက် (ဇန်န၀ါရီ ၂၈ ရက်) က အသိမိတ်ဆွေ ဆွေမျိုးသားချင်း
မဟုတ်သည့်အသက် ၁၈ နှစ်အရွယ် အမျိုးသားတစ်ဦး၏ လှည့်ဖြား
ခေါ်ဆောင်ကာ သားမယား ပြုကျင့်ခံရသော ရှစ်နှစ်အရွယ်သာရှိသေးသည့်
ဒုတိယတန်းကျောင်းသူလေးတစ်ဦး ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒုတိယ အများဆုံးမှုခင်းဖြစ်သည့် အလိုမတူဘဲ ကာမစပ်ယှက်ခံရသော မုဒိမ်းမှုများထဲမှ ထက်ဝက်နီးပါးမှာ ၁၆ နှစ်အောက်
ကလေးသူငယ်များဖြစ်ပြီး အသက် ၁၄ နှစ်မှ ၂၅ နှစ်အရွယ်မှာ သားမယားပြုကျင့်မှု အများဆုံးခံရသော အုပ်စုတွင် ပါဝင်လျက်ရှိသည်။ အကြမ်းဖျင်းတွက်ချက်မှုအရ မြန်မာနိုင်ငံတွင် ၂၅ နာရီတိုင်း ကလေးသူငယ်
တစ်ဦး အဓမ္မပြုကျင့်ခံနေရခြင်းဖြစ်သည်။

ကျူးလွန်သူကို တစ်သက်တစ်ကျွန်းဒဏ် (နှစ် ၂၀) ဖြစ်စေ၊ ဆယ်နှစ်
ထိထောင်ဒဏ်ဖြစ်စေ ချမှတ်နိုင်သည့် မြန်မာနိုင်ငံတွင်ယင်းကဲ့သို့ မုဒိမ်း
မှုများ မြင့်တက်နေခြင်းမှာ အခြေခံကျသော ပညာပေးလုပ်ငန်းများကို လူထုအဖွဲ့အစည်း အလွှာအသီးသီး ပါဝင်ဆောင်ရွက်တပ်လှန့်ရမည့်
အရေးကြီးဆုံး အချိန်ဖြစ်ကြောင်း သတိပေးခေါင်းလောင်းသံပင် ဖြစ်သည်။

“ဒီကလေးတွေကိစ္စက တော်တော်စိုးရိမ်စရာကောင်းနေပြီ။ ပြီးတော့ ဒါဟာ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွက် ဘယ်လိုမှ မကောင်းနိုင်တဲ့ ကိစ္စဖြစ်တယ်။ လူ့ဘောင်အဖွဲ့အစည်းအနေနဲ့ကို ကန့်ကွက်တားဆီး
ပညာပေးနိုင်ဖို့ လုပ်ဆောင်ရတော့မယ်” ဟု ရှေ့နေများကွန်ရက်မှ
တရားလွှတ်တော်ရှေ့နေဦးကိုနီကပြောသည်။

၂၀၁၁ ခုနှစ်အတွင်း မုဒိမ်းမှုပေါင်း ၆၀၅ မှုဖြစ်ပွားခဲ့ရာတွင် ကလေးသူငယ်
အမှုမှာ ၃၅၉ မှု ဖြစ်ပွားခဲ့ကာ ၂၀၁၂ ခုနှစ်တွင် မုဒိမ်းမှုပေါင်း ၆၅၄ မှုတွင်
ကလေးသူငယ် အမှုမှာ ၃၁၈ မှုပါဝင်ခဲ့သည်။

“ယောက်ျားတစ်ယောက်အတွက် ဒီလိုစိတ်တွေဖြေဖျောက်ဖို့ အပြင်မှာ လွယ်လွယ်ကူကူတွေ ရှိရက်နဲ့ ဘာကြောင့်ကလေးလေး တွေကို ဒီလို စမ်းသပ်ကြရတာလဲ။ လက်တည့်စမ်းချင်ရတာလဲ။ ဒီလိုကိစ္စတွေကို
လုံးဝလက်ခံလို့ မရဘူး။ လက်ခံနေလို့မဖြစ်ဘူး” ဟု ရန်ကုန်ဆင်ခြေဖုံး
ရပ်ကွက်တစ်ခုတွင် ရပ်ရွာအခြေပြုကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး
စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ယဉ်ကျေးသော လူ့အဖွဲ့ အစည်းအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် အပြစ်ပေး
အရေးယူသည့်အပိုင်းထက် ကြိုတင်ကာကွယ်မှုကို ဆောင်ရွက်ရမည်
ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။

“ဥပဒေကတော့ နောက်ဆုံးအဆင့်ပေါ့လေ။ ကြိုတင်ကာကွယ်တဲ့ အပိုင်းက အရေးကြီးတယ်။ သမီးမိန်းကလေးမိဘတွေ အတွက် ဟောပြောပွဲတွေ လုပ်ပြီး ဟောပြောရမယ်။ နောက်ပြီး ယောက်ျားလေးတွေအတွက်ကိုလည်း ဒါမျိုးတွေကို ဒီလူ့အဖွဲ့အစည်းက လက်မခံဘူးဆိုတာကို ပညာပေးရမယ်” ဟု ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။

မြန်မာနိုင်ငံတွင် ကလေးငယ်များအား အခြေခံ၊ အလယ်တန်း၊ အထက်တန်းအဆင့်များတွင်သာမက တက္ကသိုလ်များတွင်ပင် လိင်ပိုင်းဆိုင်ရာပညာပေးမှုများမရှိသည့်အတွက် မိန်းကလေး
ငယ်များ၏ လိင်ပိုင်းဆိုင်ရာ အသိပညာအားနည်းမှုများကလည်း မုဒိမ်းမှုကျူးလွန်သူများအတွက် (သို့မဟုတ်)လိင်ပိုင်းဆိုင်ရာ အလွဲသုံးစား
လုပ်လိုသူများအတွက် အခွင့်ကောင်းဖြစ်နေသည်။

“တက္ကသိုလ်တွေမှာ တစ်နှစ်တစ်ကြိမ်လာပြီးတော့ ကျောင်းသားနှင့်ဆရာ
သပ်သပ်၊ ဆရာမနှင့်ကျောင်းသူသပ်သပ် လိင်ပညာပေးလာလုပ်တာ
မျိုးတော့ ရှိပါတယ်။ပုံမှန်သင်ကြားပေးတာမျိုးတော့မရှိဘူး” ဟု တက္ကသိုလ် ကထိကဆရာတစ်ဦးက ဆိုသည်။

အလားတူ ပညာသင်ကြားမှုအပိုင်းတွင် လူ့ကျင့်ဝတ် လူ့စည်းကမ်းပိုင်းဆိုင်ရာ
အခြေခံ သင်ကြားပေးနိုင်သည့် အခြေအနေများကလည်း နည်းပါးနေသည်။
ပညာရေးဘက်တွင် အားနည်းချက်ရှိရုံသာမက စာပေ၊ အနုပညာ အပိုင်း
တွင်လည်း နူးညံ့သိမ်မွေ့စေသည့် လူအချင်းချင်း မြတ်နိုးတွယ်တာစေသော
စာပေအနုပညာမျိုးလည်း ရှားပါးလာသည်။

“မြန်မာလူမျိုးတွေက ပိုက်ဆံဆင်းရဲသွားတာတင်မဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာပါ အကုန်လုံး ကျဆင်းနိမ့်ကျသွားတာ။ လူရိုင်းတွေ သာသာပဲရှိတော့တဲ့အတွက်စာပေအနုပညာနဲ့ပဲ ဒါတွေကို ပြန်ထိန်း
ရပါမယ်” ဟု စာရေးဆရာ မောင်သာချိုက သုံးသပ်သည်။

ထို့အပြင် ဆင်ခြေဖုံးရပ်ကွက်များရှိ လူနေထိုင်မှုစနစ်၊ ကျပ်သောင်း
ဂဏန်းတန် အမ်ပီဖိုးမှစ၍ မိုဘိုင်းဖုန်းဟန်းဆက် အမျိုးမျိုးကနေ အလွယ်တကူကူးယူကြည့်ရှုနိုင်သည့် ညစ်ညမ်းဗီဒီယို အပိုင်းအစများ၏ ပျံ့နှံ့မှုလွယ်ကူလာခြင်း၊ လူတစ်ဦးချင်းစီ၏ ကျင့်ဝတ်နှင့် အကျင့်သိက္ခာစောင့်
စည်းမှုပိုင်းအားနည်းလာမှုစသည်တို့ကလည်း ယခုကဲ့သို့ ကလေးသူငယ် အမှုများ ဖြစ်ပွားလာရခြင်း ၏ အဓိက အခြေခံအကြောင်းအရင်း
များဖြစ်သည်။

“ကျွန်တော်တို့ဆီမှာက ကိုယ့်သမီးလေးက ကလေးလေးဆိုတော့ ဒါမျိုးတွေဖြစ်မယ်ဆိုတာတောင် မတွေးမိကြဘူး။ မိဘတွေက။ ဒါကြောင့် အခုချိန်ကစပြီးကြီးကြီးငယ်ငယ် ကိုယ့်သားသမီးကို ပြောပြထား
ရတော့မယ်။ သိသင့်သလောက်လေး ပညာပေးထားရတော့မယ်။
ကျောင်းတွေမှာလည်း ပညာပေးဖို့ လိုလာပါပြီ”ဟု ဦးကိုနီက အကြံပြုစကား
ဆိုသည်။

ကလေးနှစ်ယောက်တွင် တစ်ယောက် လိင်ပိုင်းဆိုင်ရာ အလွဲသုံးမှု ခံနေရသည့် အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၂ နှစ်ကုန် ပိုင်းက အသက် ၂၃ နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးအားအုပ်စုဖွဲ့ မုဒိမ်းပြုကျင့်ခံခဲ့ရပြီး
သေဆုံးသွားခဲ့သည့် နောက်ဆက်တွဲအဖြစ် အိန္ဒိယ သမ္မတက အဓမ္မပြုကျင့်သူများကိုသေဒဏ်စီရင်နိုင်သော ဥပဒေသစ်တစ်ရပ်
ပြဋ္ဌာန်းနိုင်ရန် လွှတ်တော်သို့ ပေးပို့ခဲ့သည်။ အိန္ဒိယ၏ လက်ရှိဥပဒေအရ ကျူးလွန်သူကို ထောင်ဒဏ် ၇ နှစ်မှ ၁၀နှစ်အထိသာ ချမှတ်နိုင်သည်။

လက်ရှိမြန်မာနိုင်ငံ၌ လုံလောက်သည့် ဥပဒေများရှိပြီးသားဖြစ်ပြီး ဥပဒေ အကောင်အထည်ဖော်သည့် တရားရုံးများရှိ တရားသူ
ကြီးများက မုဒိမ်းမှု ကျူးလွန်သူများအား များသောအားဖြင့် သက်ညှာလေ့မရှိကြောင်း တရားရေးအသိုင်းအ၀ိုင်းက ဆိုသည်။

“ကျွန်မ လိုက်ဖူးတဲ့ အမှုတော်တော်များများမှာတော့ အပြစ်ပေးတာ
ထောင်ဒဏ် ခုနစ်နှစ်ဝန်းကျင်အများစု တွေ့ရတယ်။ ဒါပေမဲ့ အမှုတစ်ခုမှ အောက်ရုံး(မြို့နယ်တရားသူကြီးရုံး) က ဘယ်လောက်
လိုက်လိုက် ငါးနှစ်ကို မလျှော့ပေမယ့် အပေါ်ခရိုင်ရုံး အယူခံဝင်တော့ တစ်နှစ်ဖြစ်သွားတာမျိုးလည်း ရှိဖူးတယ်” ဟုမုဒိမ်းမှုများတွင် အများဆုံး
လိုက်ပါဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေ ဒေါ်မြတ်စုထွေး
က ပြောသည်။

အပျိုစင်ဘ၀ကို တန်ဖိုးထားမှုမြင့်မားသည့် အစဉ်အလာကြီးမားသော
မြန်မာနိုင်ငံအတွင်းမှ သမီးရှင်များအဖို့၊ မိသားစု ပတ်ဝန်းကျင် အသိုင်း
အ၀ိုင်းအဖို့ အရွယ်မရောက်သေးသည့် သမီးမိန်းကလေးတစ်ယောက် အဓမ္မစော်ကားပြုကျင့်ခံရခြင်းက ၎င်းတို့အတွက် အကြီးမားဆုံးသော အိပ်မက်ဆိုးကြီး ဖြစ်သည်။

ဒုတိယတန်းကျောင်းသူလေးနည်းတူ ယဉ်ကျေးသော လူ့အဖွဲ့အစည်း
အတွက်လုံးဝလက်မခံနိုင်သော နောက်ဖြစ်ရပ်တစ်ခုကလည်း
ပြီးခဲ့သည့်နှစ်လခန့်ကပင်ဖြစ်ပွားခဲ့သေးသည်။

လမ်းပင်မလျှောက်နိုင်သည့် ၁၂ နှစ်အရွယ်မသန်စွမ်းကလေးငယ်တစ်ဦးအား
စော်ကားပြုကျင့်ခဲ့သည့် ဖြစ်ရပ်ဖြစ်သည်။ သမီးဖြစ်သူအတွက် ယူကျုံး
မရဖြစ်နေသည့် ဖခင်ဦးတင်ထွန်း(အမည်လွဲ)က ထိုခါးသီးလွန်းတဲ့အဖြစ်
အပျက်ကို ယနေ့အထိ နည်းနည်းမျှ မမေ့နိုင်။

“ကျွန်တော့် သမီးလေးက လမ်းတောင်မလျှောက်နိုင်တဲ့ မသန်စွမ်းလေး
ပါဗျာ။ သိပ်လိမ္မာပါတယ်။ ခုတော့ သမီးလေးရော၊ မိသားစုပါ တစ်ရွာလုံး အရှက်တကွဲအကျိုးနည်းဖြစ်ကုန်ပါပြီ” ဟု ဦးတင်ထွန်းက မခံမရပ်နိုင်
စကားဆိုသည်။

သမီးဖြစ်သူက မိဘနှစ်ပါးကို မျက်စိအောက်က အပျောက်မခံနိုင်တော့
လောက်အောင် ကြောက်လန့်မှု ခံစားနေရခြင်းကို ဦးတင် ထွန်းရင်ထဲတွင် မချိ။

“သမီးက အိမ်မှာနေခဲ့ရမှာ ကြောက်တယ်ပဲ ပြောနေတာ။ ကိုယ့်အိမ်ကိုယ့်ရွာ
မှာတောင် ကလေးထားပြီး အလုပ်သွားလို့ အဆင်မပြေဘူး။ သူ့ကို မထားခဲ့
ပါနဲ့ကြောက်တယ်ပဲ ပြောနေတာ” ဟု ဆိုသည်။

ကလေးငယ်များအတွက် လူမှုဘ၀တွင် အရိပ်မည်းကြီးတစ်ခု၊ အမည်းစက်ကြီးတစ်ခုအဖြစ် ထင်ကျန်ရှိနေခြင်းထက် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုစိုးရိမ်ကြောက်လန့်မှုတို့က ပို၍ ကြီးမားသည်။

“ပတ်ဝန်းကျင် ပြောင်းလဲလိုက်ရင်တောင် မိသားစုနဲ့ ကလေးအတွက် အရိပ်မည်းအောက်က လွတ်မြောက်နိုင်ပေမယ့် ကလေးရဲ့စိတ်ထဲက စိတ်ဒဏ်ရာကပျောက်ဖို့မလွယ်ကူပါဘူး” ဟု ရပ်ရွာအခြေပြု
ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး စေတနာဝန်ထမ်းအဖြစ်
ဆောင်ရွက်နေသူ အမျိုးသမီးကသူ့အတွေ့အကြုံကို မျှဝေသည်။

တကယ်တော့ အဓမ္မပြုကျင့်မှုအဆင့်ထိ ရောက်မသွားဘဲ ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုများစွာ
လည်းရှိနေနိုင်သေးသည်။

ညီအစ်ကိုမောင်နှမ၀မ်းကွဲ၊ ဦးလေး၊ အဘိုး၊ ပထွေး၊ အဖေ မကျန်အိမ်နီးချင်း ပတ်ဝန်းကျင်ရှိ အမျိုးသားများက လိင်ပိုင်းဆိုင်ရာ စိတ်ပြေပျောက်မှုအတွက်
ကလေးငယ်များကို အသုံးချခြင်းများကလည်း ရှိနေသည်။ ထို့ထက်လွန်
သည့် အမှုအခင်းများကလည်း လေး၊ ငါးနှစ်အတွင်း မကြားဝံ့မနာသာထွက်ပေါ်လာခဲ့ပြီးဖြစ်သည်။

“ခုဆိုဘယ်သူနဲ့မှ စိတ်ချလို့ မရဘူး။ အမှုတွေကြားရရင် စိတ်မချမ်းသာစရာ
ချည်းပဲ။ သမီးတွေကို စိတ်ပူရတာနဲ့ စီးပွားရှာရတာနဲ့ မိဘတွေလည်း
မလွယ်ဘူး” ဟုသမီးနှစ်ယောက်ကို စောင့်ရှောက်နေသည့် မိခင်တစ်ဦးက
စိတ်မသက်မသာ စကားဆိုသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် ရုံးရှောင် ဂတ်ရှောင်ကြရင်း ရဲမှတ်တမ်းများ၊ အဖွဲ့အစည်းများ၏ မှတ်တမ်းများအတွင်း ၀င်မသွားသည့် အမှုများစွာ
ကလည်း ရှိနိုင်သည်။

တစ်ရှက်က နှစ်ရှက်မဖြစ်ရအောင် တိတ်တိတ်ဆိတ်ဆိတ်နှင့်ပင် ပြီးသွား
သည့် အမှုတွေကလည်း မည်မျှရှိနေမှန်းမသိနိုင်။ကိုယ့်ရပ်ကွက်၊ ကိုယ့်ကျောင်းဝန်းကျင်မှာပင် လွတ်လွတ်လပ်လပ် ပြေးလွှားဆော့
ကစားဖို့ စိုးရွံ့နေရသည့် ဒုတိယတန်းကျောင်းသူမလေးလို စိတ်ပိုင်းဆိုင်ရာ

မလုံခြုံမှုခံစားနေရသည့် ကလေးငယ်တွေမည်မျှရှိနေသည်ကိုလည်း မသိနိုင်ပေ။ ထို့ကြောင့် အကြမ်းဖျင်း တွက်ချက်မှုအရ ၂၅ နာရီလျှင် ကလေးသူငယ်တစ်ဦးအဓမ္မပြုကျင့်ခံနေရခြင်းသည် အစိုးရနှင့် မြန်မာ့
လူ့အဖွဲ့ အစည်းပေါင်းစုံ ပူးပေါင်းအဖြေထုတ်မည့် အရေးကြီးသော
ပြဿနာတစ်ရပ်ပင် ဖြစ်တော့သည်။ ။

ရေးသားသူ- ငြိမ်းငြိမ်းနိုင်
7Day News Journalကျောင်းဆင်းခေါင်းလောင်း ထိုးလိုက်သည်နှင့် မူလတန်း အရွယ် ကျောင်းသူ၊ ကျောင်းသားလေးများ ကျောင်းတံခါးပေါက် ဆီအော်ဟစ်ခုန်ပေါက်ပြိုဆင်း လာကြသည်။ ထိုကလေးများအကြား သနပ်ခါးပါးကွက်ကြားလေးနှင့် အဖြူအစိမ်းဝတ် ကျောင်းသူကလေးက ထူးထူးခြားခြားရှိနေ၏။

ဧရာဝတီမြစ်ကမ်းဘေးမှ လယ်ယာမြေများ တရုတ်လုပ်ငန်းရှင်များ ၀ယ်ယူ

Photo: ဧရာဝတီမြစ်ကမ်းဘေးမှ လယ်ယာမြေများ တရုတ်လုပ်ငန်းရှင်များ ၀ယ်ယူ
Wednesday, February 13, 2013 

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းရှိ ကမ်းပါးပြိုကျမှုဒဏ် ရင်ဆိုင်နေရသော ဧရာဝတီမြစ်ကမ်းပါးဘေး လယ်ယာမြေများကို တရုတ်လူမျိုးများ လာရောက်ဝယ်ယူနေကြောင်း သတင်းရရှိသည်။

အင်းဝမြို့ဟောင်း ကူးတို့ဆိပ်နှင့် တောင်တော်ဆိပ်ကမ်းကြား ဧရာဝတီမြစ်ကမ်းပါးတစ်လျှောက်ရှိ ဧက ၂၀ ကျော်ခန့်ရှိသည့် လယ်မြေစိုက်ခင်းများကို တရုတ်လူမျိုးများ လာရောက်ဝယ်ယူနေခြင်းဖြစ်ပြီး ၃ ဧကခန့်သာ အရောင်းအ၀ယ်ဖြစ်ရန် ကျန်ရှိတော့ကြောင်း လယ်မြေရောင်းချလိုက်သည့် တောင်သူအချို့ကပြောသည်။

“မိဘလက်ငုတ်လက်ရင်းဆိုတော့ ရောင်းတော့မရောင်းချင်ဘူး။ 
ဒါပေမဲ့ မရောင်းရင်လည်း မြေပြိုလို့ကုန်မှာ။ ဒါကြောင့်
ရောင်းလိုက်ရတာ”ဟု မြေရောင်းချပြီးသူ အင်းဝမြို့ဟောင်း
လေဇာရွာမှ အမျိုးသမီးကြီးတစ်ဦးကပြောသည်။

ကမ်းပါးပြိုကျမှုဒဏ်ကြောင့် တစ်နှစ်လျှင် ဧကထက်ဝက်ခန့် ဆုံးရှုံးနေသောကြောင့် လာရောက်ဝယ်ယူနေစဉ် ရောင်းချ
လိုက်ခြင်းဖြစ်ကြောင်း ရောင်းချလိုက်သူအချို့ကဆိုသည်။
မြန်မာစကား ရည်မွန်စွာပြောတတ်သော တရုတ်လူမျိုးများ၊ အချို့မှာ မြန်မာစကားမပြောတတ်၍ စကားပြန်ဖြင့် လာရောက်သူများက ၀ယ်ယူခဲ့ကြခြင်းဖြစ်ကြောင်း၊ တစ်ဧကလျှင် ကျပ်သိန်း ၁၂၀ ၀န်းကျင်ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း ရောင်းချခဲ့သည့် တောင်သူအချို့ကပြောသည်။ယင်းလယ်မြေများ ရောင်းချလိုက်သဖြင့် ဒေသခံလယ်ကူလီအချို့မှာ အခြားအလုပ်အကိုင်များ ပြောင်းလုပ်လာကြောင်း အင်းဝဒေသခံအချို့က
ဆိုသည်။

“အရင်ကတော့ လယ်ထဲဆင်းတယ်။ ခုတော့ လယ်တွေရောင်းပစ်
လိုက်ကြတော့ လုပ်စရာအလုပ်မရှိလို့ မြင်းလှည်းတက်မောင်းနေတယ်”ဟု အင်းဝမြို့ဟောင်း ကူးတို့ဆိပ်မှ အသက် ၃၅ ၀န်းကျင် မြင်းလှည်း
မောင်းနေသူ အမျိုးသားတစ်ဦးကပြောသည်။

ရောင်းချလိုက်သည့် လယ်ယာမြေများတွင် ပဲထောပတ်၊ ငှက်ပျော၊
ပြောင်းဖူးများ အဓိကစိုက်ပျိုးခဲ့ကြသည်။ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အင်းဝမြို့ဟောင်းအနီးရှိ တံတားဦးမြို့တွင် ဟိုတယ်ဇုန်စီမံကိန်း တည်ဆောက်ရန် စီစဉ်နေပြီဖြစ်သည်။

ယင်းသတင်းကြောင့် ယမန်နှစ်ကတည်းက တံတားဦးနှင့် အင်းဝမြို့ဟောင်းအတွင်းရှိ လယ်မြေများ အရောင်းအ၀ယ်ဖြစ်ခဲ့ကြသည်။ ယင်းအရောင်းအ၀ယ်ဖြစ်နေသော လယ်မြေနေရာသည် အင်းဝကူးတို့ဆိပ်အနီး ဧရာဝတီမြစ်၊ စစ်ကိုင်းတံတားနှင့် စစ်ကိုင်းတောင်များကို လှမ်းမျှော်ကြည့်ရှုနိုင်သည့် မြင်ကွင်းကောင်းသော
နေရာဖြစ်သောကြောင့် စီးပွားရေးလုပ်ငန်းပြုလုပ်ရန် ရည်ရွယ်၍ ၀ယ်ခြင်းဖြစ်နိုင်သည်ဟုလည်း အင်းဝဒေသခံအချို့က ခန့်မှန်းကြသည်။

ဓာတ်ပုံ- ညီညီဇော်
7Day News Journalမန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းရှိ ကမ်းပါးပြိုကျမှုဒဏ် ရင်ဆိုင်နေရသော ဧရာဝတီမြစ်ကမ်းပါးဘေး လယ်ယာမြေများကို တရုတ်လူမျိုးများ လာရောက်ဝယ်ယူနေကြောင်း သတင်းရရှိသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက် ၇နာရီမှစ၍ သာကေတမြို့နယ်အတွင်းNLD လူငယ်များက စက်ဘီးစီးနင်းလှည့်လည်

ပြည်ထောင်စုနေ့ ညစာ စားပွဲ ကြည်နူးဖွယ် မြင်ကွင်းများ

မြောက်ကိုရီးယား နျူကလီးယားစမ်းသပ် နိုင်ငံတကာ ရှုတ်ချ

 မြောက်ကိုရီးယားဒုံးကျည် စမ်းသပ်ပစ်လွှတ်မှု (၁၂၊၂၀၁၃) မြောက်ကို ရီးယားနိုင်ငံက နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု ကို အောင်မြင် စွာ ပြုလုပ်နိုင် ခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။

အရက်ရောဆုံးသူဌေးစာရင်းမှာ Facebook တည်ထောင်သူ ပါဝင်

Facebook စတင်တည်ထောင်သူ မက် ဇက်ကာဘက် နဲ့ သူ့ရဲ့  ဇနီးဖြစ်သူ ချန်း တို့ ဟာ အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၂ ရဲ့ အရက်ရောဆုံး အလှုရှင်စာရင်းထဲ ပါဝင်လာပါပြီ။

ဂေါ်ဖီထုပ်သုပ်စားရာမှ နှစ်ဦးသေ၊ ၃၀ ဦး ဆေးရုံရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းရှိ သစ်ပါးလွှာစက်ရုံမှ အလုပ်သမားများသည် ဖေဖော်ဝါရီ ၁၁ ရက်က ဂေါ်ဖီထုပ်သုပ်စားသုံးရာမှ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ ၃၀ ဦးခန့် ဆေးရုံ တင်ထားရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

လက်နက်ကိုင်ရမှာကြောက်၍ သာသနာ့ဘောင်ဝင်ရောက်သူများလာ

Photo: လက်နက်ကိုင်ရမှာကြောက်၍ သာသနာ့ဘောင်ဝင်ရောက်သူများလာ
Tuesday, February 12, 2013

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ ကျေးရွာအချို့၌ တောတွင်း
ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များမှ တပ်သား စုဆောင်းမှုများကြောင့်
ဒေသခံအချို့မှာ သာသနာ့ဘောင်ဝင်ခြင်းနှင့် အိမ်ထောင်ပြုမှုများ
စောစီးစွာပြုလုပ် လာကြသည်ဟု ဒေသခံတို့က ဆိုသည်။

“အရင်ကဆို အိမ်ထောင်စုတစ်စုမှာ ယောက်ျားလေးနှစ်ယောက်ရှိရင် တစ်ယောက်ပဲ တောင်းသွားတာ၊ အခုက ဆယ်ကျော်သက်ဆိုရင် ဘယ်နှစ်ယောက်ဖြစ်ဖြစ်ခေါ်တယ်၊ မိန်းကလေးဆိုရင် ပညာတတ်တဲ့ မိန်းကလေးကို အတင်းအကျပ်ခေါ်တတ်တယ်” ဟု လားရှိုးမြို့နယ်အတွင်းရှိ ဒေသခံတစ်ဦးက ပြောသည်။

တောတွင်းရှမ်းလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် ၂၀၁၂ခုနှစ်အတွင်းမှ
စ၍ တပ်သားစု ဆောင်ခြင်းကို   ပြုလုပ်လာခြင်းကြောင့် ဒေသခံ
ရွာသူရွာသားများမှာ အခြားမြို့များသို့ ပြောင်းရွှေ့နေထိုင်ခြင်းမျိုးလည်း ရှိသည်ဟု ၄င်းက ဆက်လက်ပြောသည်။

“အိမ်ထောင်သည်ဆိုရင် တပ်သားအဖြစ် မခေါ်ဘူး၊ ကိုရင်တို့ ဘုန်းကြီးတို့ဆိုရင် မခေါ်ဘူးလေ၊ ဒါကြောင့် လူငယ်တော်တော်များများက အိမ်ထောင်ပြုလိုက်ကြတယ်၊ အိမ်ထောင်မပြုချင်တဲ့ လူငယ်တွေက တစ်ခြား ရွာတွေမှာ ကိုရင်ဝတ်ကြတယ်၊ အခု ဘယ်ရွာမဆို လူငယ်တွေ မရှိတော့ဘူး” ဟု လားရှိုးမြို့နှင့် သီပေါမြို့ အကြားရှိ ရှမ်းရွာမှ  ခေးစောဝ်ဖ က ပြောသည်။

အဆိုပါမြို့နှစ်မြို့အကြားရှိ ကျေးရွာများ၌ အစိုးရအဖွဲ့အစည်း
အချို့ရှိသော်လည်း ဒေသခံများ အနေဖြင့် အခြားမြို့/ ရွာများသို့
ပြောင်းရွှေ့နေထိုင်ခြင်းမှာ ၄င်းတို့၏ဘ၀လုံခြုံမှုအတွက် အာမခံချက်ရှိသည်ဟု ပိုမိုယူဆသည့်အတွက် ယခုကဲ့သို့ ပြုလုပ်
လာခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။

ရွာသူရွာသားများအား တပ်သားစုဆောင်းရန်စေခိုင်းခံရခြင်းကို
ဒေသခံ ကျေးရွာအကြီး အကဲများနှင့် လိုက်နာခြင်း မရှိပါက အကြီးအကဲထံသို့ သေနတ်ကျည်ဆံအား စာအိတ်ဖြင့် ပို့ကာ သတိပေးတတ်သောကြောင့် အချို့ကျေးရွာအကြီးအကဲများမှာ တပ်သားများစုဆောင်း ပေးရလေ့ရှိကြောင်းကိုလည်း ဒေသခံတို့က ဆိုသည်။

အဆိုပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဖက်ဆိုင်ရာအဖွဲ့အစည်းများ အား မေးမြန်းရာ၌ လက်ရှိတွင် တိုက်ပွဲများဖြစ်ပေါ်ခြင်း မရှိသကဲ့သို့ တပ်သားစုဆောင်ခြင်း မျိုးလည်း မရှိကြောင်း တာဝန်ရှိသူတစ်ဦးက ဖြေဆိုခဲ့သည်။

“တိုက်ပွဲတွေမဖြစ်တာ တော်တော်ကြာပါပြီ၊ ရှေ့တန်းသွားနေတာတွေတော့ ရှိတာပေါ့၊ နယ်မြေအနေအထားကတော့ ငြိမ်နေတယ်လို့ပြောရမှာပါပဲ၊ အဲ့လိုတပ်သားစုဆောင်းတာ တွေရှိတယ်ဆိုတာတော့ ကျွန်တော်တို့ဘက်က မကြားပါဘူး” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဖက်ဆိုင်ရာအဖွဲ့အစည်း
တစ်ခုမှ အမည်မဖေါ်လိုသူ အကြီးတန်းအရာရှိတစ်ဦး က ပြောသည်။

၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ အစိုးရတပ်သားများနှင့် ရှမ်း/မြောက်ဒေသ
အတွင်းရှိ တောတွင်းလက်နက်ကိုင် တပ်များအကြားတိုက်ပွဲများ မရှိသလောက်ငြိမ်သက်ခဲ့သော်လည်း လက်နက်ကိုင်တပ်များမှ
တပ်သားစုဆောင်းမှုကို ယနေ့တိုင်ပြုလုပ်နေဆဲရှိသည်ဟု ဒေသခံတို့က ဆိုသည်။

နေဖြိုးမြင့် ရှမ်း/မြောက် ( မြစ်မခ )
Myit Makha Mediagroup ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်ရှိ ကျေးရွာအချို့၌ တောတွင်း ရှမ်းလက်နက်ကိုင် တပ်ဖွဲ့များမှ တပ်သား စုဆောင်းမှုများကြောင့် ဒေ သခံ အချို့မှာ သာသနာ့ဘောင်ဝင်ခြင်းနှင့် အိမ်ထောင်ပြုမှုများ စော စီးစွာပြုလုပ် လာကြသည်ဟု ဒေသခံတို့က ဆိုသည်။