Sunday, April 28, 2013

ခုခံအားစနစ်ကို မြင့်တင် ပေးနိုင်သော အစားအစာ(၅)မျိုး


Photo: “ ခုခံအားစနစ်ကို မြင့်တင် ပေးနိုင်သော အစားအစာ(၅)မျိုး ”
Sunday, April 28, 2013

၁။ ဒိန်ချဉ်

ဒိန်ချဉ်တွင် အူလမ်းကြောင်း အတွင်းရှိ ကောင်းမွန်သော ပိုးမွှားများကို အထောက်အပံ့ ပေးနိုင်သော အစွမ်းရှိပြီး သင့်ခန္ဓာကိုယ်က အာဟာရများကို ပိုမို စုပ်ယူနိုင်ရန် ကူညီ ပေးနိုင်ပါတယ်။
သင့်ကိုလည်း ဖျားနာခြင်းမှ ကင်းဝေး စေနိုင်ပါတယ်။ လေ့လာမှု တစ်ခုတွင် ဒိန်ချဉ် သောက်ခြင်းက အအေးမိဖျားနာခြင်း၊ ရောဂါပိုးကူး စက်ခံရခြင်းတို့အား ၁၉%ပိုမိုသက် သာစေနိုင်ကြောင်း သိရပါတယ်။

၂။ နို့ဖျော်ရည်

ယင်းKefir)နို့ကို အချဉ်ဖောက် ထားသော နို့ဖျော်ရည် များတွင်လည်း အူလမ်းကြောင်း အတွင်းရှိ ပိုးမွှားများ ကိုအထောက်အပံ့ ပေးနိုင်ပြီး ခုခံအား စနစ်ကို အထောက်အပံ့ ပေးနိုင်ပါ တယ်။

၃။ အခွံမာသီးများ

အခွံမာသီးများဟာ Omega 3 fatty အက်စစ်များစွာ ပါဝင်ပြီး ယင်းက ဖျားနာခြင်းကို သက်သာစေကာ၊ လေ့လာမှု တစ်ခုအရ Omega 3 fatty အက်စစ်က လေပြွန်တွင်း ပိုးဝင်ခြင်းကို သက်သာ စေကြောင်း သိရပါတယ်။

၎။ အသီးအရွက်နှင့် သစ်သီးများ

၎င်းတို့က သင့်ရဲ့ ခုခံအားစနစ်ကို မြှင့်တင် ပေးနိုင်ပြီး အထူးသဖြင့် ဗီတာမင်စီ ကြွယ်ဝစေတဲ့ အသီး များဖြစ်တဲ့ စတော်ဘယ်ရီ၊ ပန်ဂေါ်ဖီ စိမ်း၊ မုန်လာဥနီစတဲ့ အသီးတွေက ပိုပြီးမြှင့်တင် ပေးနိုင်ပါတယ်။

၅။ အသား

အသားများတွင် ပရိုတင်းဓာတ် များစွာ ပါဝင်ပြီး ယင်းက ခုခံအား စနစ်အား ပိုမိုကြံ့ခိုင် စေပါတယ်။ ထို့ပြင် အသားထဲတွင် ပါဝင်သော ဇင့်ဓာတ်ကလည်း၊ သွေးဖြူဥ များကို ကူညီပြီး ရောဂါပိုးများ တိုက်ထုတ် ပေးနိုင်ကြောင်းသိရတယ်။

အပိန်လေး
Health Updates Journal

၁။ ဒိန်ချဉ်
ဒိန်ချဉ်တွင် အူလမ်းကြောင်း အတွင်းရှိ ကောင်းမွန်သော ပိုးမွှားများကို အထောက်အပံ့ ပေးနိုင်သော အစွမ်းရှိပြီး သင့်ခန္ဓာကိုယ်က အာဟာရများကို ပိုမို စုပ်ယူနိုင်ရန် ကူညီ ပေးနိုင်ပါတယ်။ သင့်ကိုလည်း ဖျားနာခြင်းမှ ကင်းဝေး စေနိုင်ပါတယ်။ လေ့လာမှု တစ်ခုတွင် ဒိန်ချဉ် သောက်ခြင်းက အအေးမိဖျားနာခြင်း၊ ရောဂါပိုးကူး စက်ခံရခြင်းတို့အား ၁၉%ပိုမိုသက် သာစေနိုင်ကြောင်း သိရပါတယ်။

Sunday, April 21, 2013

တန်ဖိုးနည်း မိုဘိုင်း ဖုန်း ဆင်းကဒ် မဲဖေါက်ပြီ

Photo: တန်ဖိုးနည်း မိုဘိုင်းဖုန်းဆင်းကဒ် မဲဖေါက်ပြီ 
Sunday, April 21, 2013 

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အတော်များများမှာ ဒီကနေ့ ကျပ် ၁,၅၀၀ တန် မိုဘိုင်းဖုန်းဆင်းကဒ်တွေကို မဲဖောက်ပေးတာမှာ အိမ်ထောင်စု ၁၀ စုမှာ တစုလောက် မဲပေါက်တယ်လို့ မဲနှိုက်သူတွေက ပြောကြပါတယ်။ လူထုစိတ်ဝင်စားတဲ့ ၁,၅၀၀ တန် မိုဘိုင်းဖုန်း ကဒ်တွေကို မနေ့က ရန်ကုန်မြို့လယ် တော်တော်များများက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲဖောက်ကြေညာခဲ့တာပါ။ ဒီလိုရောင်းချတဲ့ပုံစံက ရပ်ကွက်တခုကို ဆင်းကဒ် ရာဂဏန်းသာ ရတာကြောင့် ရပ်ကွက်ထဲမှာရှိတဲ့ လူဦးရေနဲ့မမျှတဲ့အတွက် မဲဖောက်ရတာလို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ဖို့မြေ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။

နိုင်ငံတော်သမ္မတက ပြည်သူတွေ သင့်တင့်တဲ့ဈေးနှုန်းနဲ့ မိုဘိုင်းဖုန်းတွေ သုံးနိုင်အောင်ဆိုပြီး ညွှန်ကြားထားတဲ့အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အတော်များများမှာ ဒီကနေ့ ကျပ် ၁,၅၀၀ တန်ဖုန်းတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရဲ့ ရုံးမှာပဲ မဲဖောက်ပေးခဲ့တာပါ။
ရန်ကုန်တိုင်း ဒေသကြီးအပါအ၀င် အခြားပြည်နယ်နဲ့ တိုင်းတွေအားလုံးပေါင်းမှ တလကို ဆင်းကဒ် အလုံးရေ သုံးသိန်းခွဲသာ ချပေးနိုင်တဲ့ အခြေအနေမှာရှိနေတဲ့အတွက် အခုလိုမဲဖောက်တဲ့စနစ်ကို ကျင့်သုံးပြီး တိုင်းဒေသကြီး အစိုးရတွေရဲ့ ကွတ်ကဲမှုနဲ့ ရောင်းချပေးတာဖြစ်တယ်လို့ မြန်မာ့ဆက်သွယ်ရေးဌာနရဲ့ ပြောခွင့်ရှိသူ ပြန်ကြားရေးအရာရှိ ဦးကျော်စိုးက ပြောပါတယ်။

“မြို့နယ်တခုချင်းစီကို ဘယ်မြို့နယ် ဘယ်နှစ်ယောက်ဆိုတာ တိုင်းဒေသကြီးအစိုးရရဲ့ စီမံခန့်ခွဲနိုင်ခွင့် ဖြစ်ပါတယ်။ တနိုင်ငံလုံးမှ သုံးသိန်းခွဲပဲ ပေးတာကိုး။ နောက်လမှာလည်း မေမှာလည်း ရောင်းဦးမှာပေါ့လေ။ ဆက်တိုက် ဒါလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။”

ရပ်ကွက်တခုက အိမ်ထောင်စုတစုကို မိုဘိုင်းဖုန်းတစ်လုံးချပေးနိုင်ဖို့ အစိုးရက စီမံထားတာဖြစ်ပေမဲ့ လက်ရှိအချိန်မှာ ချထားပေးနိုင်တဲ့ မိုဘိုင်းဖုန်းအရေအတွက်ဟာ အရမ်းနည်းနေတဲ့အတွက် မဲဖောက်ရောင်းချရဖြစ်ပြီးတော့ နောက်ပိုင်းမှာ ရပ်ကွက်အတွင်းမှာရှိနေတဲ့ ဖုန်းလိုအပ်သူတွေအားလုံးကို ဖုန်းရရှိနိုင်အောင် ချထားပေးနိုင်မှာဖြစ်တယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ဖို့မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက ပြောပါတယ်။

“ကျနော်တို့ နောက်လမှာ ကျန်တဲ့သူတွေကို ဆက် နှိုက်ပေးရင်း၊ နှိုက်ပေးရင်းနဲ့ တရပ်ကွက်လုံးစာ တအိမ်ထောင်ကို ဖုန်းတလုံးစီရသွားတဲ့အချိန်မှာ ပြန်ပြီးတော့ ပထမ ပေါက်ပြီးသား အိမ်ထောင်စုတွေကနေ နောက်ထပ် လိုချင်တဲ့သူတွေရှိရင် ထပ်ပြီးတော့ ကျနော်တို့ ဖောက်ပေးပါမယ်။ အခုလ ကျနော်တို့ ၁၁၅ ခုကျပေမဲ့ ရှေ့လကျရင် ကျနော်တို့ ပိုတိုးပြီးတော့ ရမှာပါ။ ၁၅၀ ဖြစ်မလား၊ ၁၆၀ ဖြစ်မလား ကျနော်တို့လည်း မသိသေးဘူးပေါ့။”

ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတွေမှာ ဖုန်းအသုံးပြုခွင့် မဲပေါက်ခဲ့တဲ့သူတွေကတော့ သူတို့ရရှိမယ့် ဆင်းကဒ်တွေရဲ့နံပါတ်ကို မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးတွေမှာသွားပြီး မဲနှိုက်ရဦးမှာဖြစ်တယ်လို့လည်း ဦးရဲဝင်းက ပြောပါတယ်။

“မနက်ပိုင်း ကျနော်တို့ဆီမှာ နှိုက်ပြီးတာနဲ့ မြို့နယ်ရုံးမှာသွားပြီးတော့ ဒီမဲပေါက်တဲ့သူတွေက ဆင်းကဒ်နံပါတ်ကို သူတို့က မဲနှိုက်ရမှာ။”

လက်ရှိအစိုးရက ရောင်းချပေးမဲ့ မိုဘိုင်းဖုန်း ဆင်းကဒ် အမျိုးအစားတွေကတော့ CDMA 800 အမျိုးအစားဖုန်းတွေကို အရင်ချပေးမှာဖြစ်ပြီးတော့ ဆင်းကတ် အလုံးရေ သုံးသိန်းခွဲကို ပြည်နယ်နဲ့တိုင်း ၁၁ ခုမှာ ဧပြီလ ၂၄ ရက်နေ့ စတင် ချပေးမှာဖြစ်ပါတယ်။
ဒီကနေ့ ဖုန်းအသုံးပြုခွင့် ရရှိဖို့အတွက် ရန်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲနှိုက်ပြီး ဦးဆုံးမဲပေါက်ခဲ့တဲ့လူတွေက ဒီလ ၂၄ ရက်ကစပြီး တန်ဖိုးနည်း ၁,၅၀၀ တန်ဖုန်းတွေကို အသုံးပြုခွင့်ရမှာဖြစ်သလို မြို့နယ်တွေအတော်များများမှာ ရရှိတဲ့ခွဲတမ်းဟာ အတော်နည်းတဲ့အတွက် ကံကောင်းတဲ့လူအချို့သာ ဖုန်းမဲပေါက်ခဲ့တယ်လို့ ပုဇွန်တောင်မြို့နယ်အတွင်း နေထိုင်ပြီး ဒီကနေ့ ဖုန်းမဲပေါက်ခဲ့တဲ့ မညိုက အခုလိုပြောပါတယ်။

“ဒီနေ့ ကျမတို့ရပ်ကွက်မှာ မိုဘိုင်းဖုန်းဆင်းကဒ်တွေ အသုံးပြုခွင့်ရဖို့အတွက် မဲဖောက်တယ်လေ။ လူဦးရေကတော့ ၈၀၀ ကျော်လောက်တော့ ရှိတာပေါ့။ ပုဇွန်တောင် (၂) ရပ်ကွက်အတွက်က အလုံး ၈၀ လောက်ပဲရှိတယ်ထင်တယ်။ မနက်ပိုင်းကစပြီးတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ မဲဖောက်ခဲ့တယ်လေ။ မပေါက်တဲ့သူတွေကတော့ ဒီတခါဖုန်း အသုံးပြုခွင့်ရမှာမဟုတ်ဘူးပေါ့။ ကျမတို့ကတော့ ဒီနေ့ မဲပေါက်တယ်။ မြို့နယ်ရုံးမှာ နံပါတ်ရဖို့သွားပြီးတော့ မဲနှိုက်ရတယ်လေ။ ကျမတို့လို တကယ်အသုံးပြုဖို့ လိုအပ်နေတဲ့သူတွေအတွက်တော့ ကောင်းပါတယ်။ ရှေ့လမှာတော့ အခုရပြီးသားသူတွေရဲ့ စာရင်းကတော့ မပါတော့ဘူးပေါ့။ အခုစာရင်းပေးထားပြီးတော့ မပေါက်တဲ့သူတွေအတွက်တော့ ရမှာပေါ့နော်။”

အခုလို ဆင်းကတ်တွေ ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချနိုင်လာမယ့်အချိန်မှာ မိုဘိုင်းဖုန်း ဟန်းဆက်တွေ ဈေးမကစားနိုင်အောင်လည်း အစိုးရကဆောင်ရွက်မယ်လို့ နိုင်ငံတော်သမ္မတက ပြောခဲ့ဖူးပါတယ်။

လက်ရှိအချိန်မှာ ပြည်သူတွေလိုအပ်သလောက် ဖုန်းအလုံးအရေအတွက်ကို ရောင်းချပေးနိုင်ဦးမှာမဟုတ်တဲ့အတွက် ဖုန်းရရှိတဲ့ လူတွေကနေ ဈေးကွက်အတွင်းမှာ လက်ရှိချပေးလိုက်တဲ့ ဖုန်းတွေက် ဈေးကြီးကြီးနဲ့ မှောင်ခို ပြန်ရောင်းချတာတွေ ရှိလာနိုင်တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ကိုထွန်းကြည်က အခုလို သုံးသပ်ပါတယ်။

“မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ခေတ်မှာတုန်းက လုပ်တဲ့ပုံစံမျိုးပဲ မှောင်ခိုကိုမွေးဖွားပေးတဲ့ ပုံစံမျိုးလို့ပဲ သုံးသပ်တယ်။ မြင်လည်းမြင်တယ်။”

အစိုးရကတော့ တန်ဖိုးနည်းဆင်းကဒ်တွေ မှောင်ခိုဖြစ်မလာဖို့အတွက် တိုင်းဒေသကြီး အစိုးရတွေကနေ ကြပ်မတ်တာတွေလုပ်မှာဖြစ်သလို ၀ယ်ယူထားတဲ့ ဆင်းကဒ်တွေကို ဖုန်းဝယ်ယူပြီး ၁၅ ရက်အတွင်းမှာ ဖုန်းခေါ်ဆိုခအနေနဲ့ ငွေကျပ် ၅,၀၀၀ ကို ထည့်သွင်းရမှာဖြစ်တယ်လို့ တိုက်တွန်းနှိုးဆော်ထားတာပါ။

လက်ရှိအချိန်မှာ မြန်မာနိုင်ငံရဲ့ တယ်လီဖုန်း သိပ်သည်းစဟာ ၇ ရာခိုင်နှုန်းပဲရှိပြီး ရှေ့လာမယ့်နှစ်တွေမှာ တယ်လီဖုန်း သိပ်သည်းဆကို တိုးမြင့်အောင်လုပ်ပြီး ၂၀၁၄ -၂၀၁၅ အရောက်မှာ လက်ရှိထက် ၅၀ ရာခိုင်နှုန်း တိုးတက်အောင်လုပ်ဖို့ ရှိတယ်လို့လည်း သမ္မတက ပြောခဲ့ပါဖူးတယ်။ 
VOA
ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်အတော်များများမှာ ဒီကနေ့ ကျပ် ၁,၅၀၀ တန် မိုဘိုင်းဖုန်း ဆင်းကဒ်တွေကို မဲဖောက်ပေးတာမှာ အိမ်ထောင်စု ၁၀ စုမှာ တစုလောက် မဲပေါက်တယ်လို့ မဲနှိုက်သူတွေက ပြောကြပါတယ်။ လူထုစိတ်ဝင်စားတဲ့ ၁,၅၀၀ တန် မိုဘိုင်းဖုန်း ကဒ်တွေကို မနေ့က ရန်ကုန်မြို့လယ် တော်တော်များများက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှာ မဲဖောက်ကြေညာခဲ့တာပါ။

သမီးရည်းစားစုံတွဲ စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ဖမ်းမိ

Photo: သမီးရည်းစားစုံတွဲ စကားများ ရန်ဖြစ်ရာမှ လူသတ်မှု ဖမ်းမိ
Sunday, April 21, 2013

မန္တလေးကန်တော်ကြီးသဘာဝဥယျာဉ်ရှေ့ တွင် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတရက်ည ၉ နာရီ ကျော်ခန့် က သမီးရည်းစားစုံတွဲ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ရာ ယင်းတရားခံကို ဧပြီလ ၁၈ ရက်နေ့ ညနေ ၃ နာရီခန့်က ပြင်ဦးလွင်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 



အဆိုပါသမီးရည်းစားစုံတွဲတွင် သေဆုံးသူအမျိုးသမီးမှာ ချမ်းမြသာစည်မြို့နယ် တွင်နေထိုင်သူဖြစ်ပြီး တရားခံမှာ မဟာအောင်မြေမြို့နယ်မှ ဖြစ်ကာ နှစ်ဦင်္း စလုံးမှာ အသက် ၂၀ကျော်ဝန်းကျင်သာ ရှိသေးကြောင်း၊ သမီးရည်းစား စုံတွဲသဘာဝအလျောက် ချိန်းတွေ့ရာမှ စကားများရန်ဖြစ်ပြီး အမျိုးသားမှ ၎င်း၏ အဖော်ကို ဖိနပ်ချုပ်ရာတွင် အသုံးပြုသည့် အရှည်တမိုက်ခန့် ရှိသည့် ဓါးဖြင့် လက်မောင်းနှင့်မေးစေ့ ကို မွှန်းခဲ့ပြီး နောက်ကျောနှင့် လည်ပင်းနေရာသို့ အဆိုပါဓါးဖြင့် နေရာတွင်ပင်ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အမှတ်၁၀ ရဲစခန်း နယ်ထိန်း ဒုရဲအုပ် စိုးသိန်းက ဧရာဝတီသို့ပြောသည်။ 

“ အခင်းဖြစ်တဲ့နေရာနားက နည်းနည်းမှောင်တယ်၊ လာတဲ့စုံတွဲတွေကို လုံခြုံရေးအရ မသွားမလာဖို့ ရှင်းပေ မဲ့ ရဲကို တောင်ပြန်ခံပြောတာတွေရှိတော့ လုပ်ရကိုင်ရတာတွေ ခက်တာရှိတယ်။ဒီအမှုကတော့ လက် ရှိနှစ်ပိုင်းမှာ ပထမဆုံးပဲ။ တရားခံကလည်း သူသတ်တယ်ဆိုတာ ဝန်ခံထားပြီးပြီ။”ဟု ဒုရဲအုပ် စိုးသိန်း က ပြောသည်။ 

လက်ရှိတွင် တရားခံကို လူသတ်မှုပုဒ်မ ၃၀၂၊ ပနံပါတ် ၁၁၈ ဖြင့် အမှတ်၁၀ ရဲစခန်းက အမှုဖွင့်ထားပြီး အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။ 

အခင်းဖြစ်ပွားသည့်နေရာ ပတ်ဝန်းကျင်သည် လူနေ ရပ်ကွက်များနှင့် နီးသော်လည်း ညကိုးနာရီခန့်မှ စတင်ကာ လူပြတ် သွားတတ်ကြောင်း၊ ယင်းနေရာသို့ စုံတွဲများ၊ လူငယ်အုပ်စုများနှင့် မသမာသူအချို့က အများဆုံး လှုပ်ရှားသွားလာမှုများ ပြုလုပ်လေ့ရှိကြောင်း ချမ်းမြသာစည်မြို့နယ်နေ ကိုလှိုင်ထက်ကျော်က ဆိုသည်။ 

“ ဖြတ်သွားဖြတ်လာတွေရှိပေမဲ့ စုံတွဲတွေ ရန်ဖြစ်တာ မြင်လည်း ကိုယ်နဲ့မဆိုင်တော့ ဝင်ပါလေ့မရှိတာ များတယ်၊ အဲ့ဘက်က သာမန်လက်လုပ်လက်စား ရပ်ကွက်ဖြစ်တော့ လူတွေအလုပ်သိမ်းချိန်ကျော်ရင် လူမရှိသလောက်ပြတ်တယ်။” ဟု ၎င်းကပြောပြသည်။ 

မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၂၀၀၈ခုနှစ်က လူသတ်မှု ၇၈၉ မှုသာရှိခဲ့သော်လည်း ၂၀၁၂ခုနှစ်တွင် ၁၃၁၂မှုဖြစ်ပွားခဲ့ပြီး အမှုကြီး ၁၀မျိုး ဖြစ်သည့် လူသတ်မှု၊ ဓါးပြမှု၊ လုယက်မှု၊ ပြန်ပေးမှု၊ မုဒိမ်းမှုစသည့် အမှုအခင်းဖြစ်ပွားမှုမှာ ၂၀၀၈ ခုနှစ်တွင် အမှုပေါင်း ၁၄၈၄မှု ရှိခဲ့ပြီး ၂၀၁၂ နှစ်တွင်မှု ၂၃၁၈မှုထိ မှုခင်းဖြစ်ပွားမှုရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝက်ဆိုက်ဘ်တွင် ဖော်ပြထားသည့် စာရင်းအရသိရသည်။ 

မေစစ်ပိုင် 
ဧရာဝတီ
မန္တလေးကန်တော်ကြီးသဘာဝဥယျာဉ်ရှေ့ တွင် ဧပြီ ၁၇ ရက် မြန်မာနှစ်ဆန်းတရက်ည ၉ နာရီ ကျော်ခန့် က သမီးရည်းစားစုံတွဲ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ရာ ယင်းတရားခံကို ဧပြီလ ၁၈ ရက်နေ့ ညနေ ၃ နာရီခန့်က ပြင်ဦးလွင်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဦးသိန်းစိန်က မွေးနေ့ဆုတောင်းပေးသူများကို ဘယ်လို တုံ့ပြန်ထားလဲ

Photo: ဦးသိန်းစိန်က မွေးနေ့ဆုတောင်းပေးသူများကို ဘယ်လို တုံ့ပြန်ထားလဲ
Sunday, April 21, 2013

သမ္မတ ဦးသိန်းစိန်ရဲ့ ဧပြီလ ၂၀ ရက် ယမန်နေ့က ကျရောက်တဲ့ ၆၈ နှစ်မြောက် မွေးနေ့ မှာ ဆုမွန်း 
ကောင်း တောင်းခဲ့သူတွေကို ယနေ့ နိုင်ငံတော် သမ္မတရုံး တရားဝင် အင်တာနက်စာမျက်နှာမှာ ကျေးဇူး တင်ကြောင်း တုံ့ပြန်ထားပါတယ်။ 
 

"၂၀-၄-၂၀၁၃ ရက်နေ့တွင် ကျရောက်သော ၆၈ နှစ်မြောက်မွေးနေ့တွင် ပြည်တွင်း ပြည်ပမှ ဆုမွန်ကောင်း တောင်းပေးကြသော မိဘ ပြည်သူများနှင့် မိတ်ဆွေများအားလုံးကို ကျေးဇူး ဥပကာရ အထူး တင်ရှိပါတယ်။ မိဘပြည်သူများနှင့် မိတ်ဆွေများအားလုံးလည်း စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ "
 အခုလို သမ္မတကို အင်တာနက် ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ တချို့က ဆုမွန်ကောင်းတွေ တောင်းဆိုတာ ရှိ ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံး ဆုမွန်တောင်းမှုလို့လည်း သုံးသပ်သူတွေက ဆိုပါ တယ်။ 
အလားတူ သမ္မတကလည်း သူ့ကို မွေးနေ့ဆုတောင်းပေးတဲ့သူတွေကို အခုလို ကျေးဇူးတင်စကား တုံ့ပြန် တာကို တရားဝင် အသိပေးတာကလည်း ပထမဆုံး ဖြစ်နေတာပါ။ 
သမ္မတ တာဝန်ယူလာပြီး ၂ နှစ်ကျော် ကာလအတွင်းမှာ လူချစ်လူခင်ပေါများလာခဲ့တာပါ။ 

အိမ့်သံစဉ် ~
ဧရာဝတီ

 ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်
သမ္မတဦးသိန်းစိန်ရဲ့ ဧပြီလ ၂၀ ရက် ယမန်နေ့ကကျရောက်တဲ့ ၆၈ နှစ်မြောက်မွေးနေ့မှာ ဆုမွန်းကောင်း တောင်းခဲ့သူတွေကို ယနေ့ နိုင်ငံတော်သမ္မတရုံး တရားဝင် အင်တာနက်စာမျက်နှာ မှာ ကျေးဇူး တင်ကြောင်း တုံ့ပြန်ထားပါတယ်။

မီးသွေးကြောင့်အညာသစ်တောပြုံး

Photo: မီးသွေးကြောင့်အညာသစ်တောပြုံး
Sunday, April 21, 2013 

အညာဒေသယာခင်းများတွင် တောင်သူများပြုစုစောင့်ရှောက် မွေးမြူထားသော ကန္တာရ၊ ရှား၊ သန်း၊ ဒဟက်၊ ကပေါက်ပင်၊ သရက်၊ ထနောင်း၊ မန်ကျည်း စသည့်သင်တောသစ်ပင်များမှာ မီးသွေးဖုတ်နေကြ၍ အညာဒေသ  သစ်တောများဘ၀ပြောင်းနေပြီဆို၏။
မိုးကခေါင်၊ နေကပူ၊ ရေက ရှား၊ အရိပ်ကမရှိအညာသင်တော  များ တစတစပြုန်းတီးနေသည်ဆို ၏။ တောတွေကပြောင်၊ တောင် တွေလည်းကတုံးဖြစ်နေ၍ အညာ မှာမီးသွေးဖုတ်သူများကို မထိန်း နိုင်ဟုဆို၏။
သင်တောဥပဒေလျှော့ချလျှင် အညာမှာယခုထက်ပြုန်းတီမည်ဟု  အညာဒေသနှင့် နီးစပ်သူတို့ကဆို သည်။ ယခင်ကကြပ်မတ်ထိန်းသိမ်း ခဲ့၍ စိမ်းစိုသောအညာမှာ မီးသွေး  ကြောင့်တောပြုန်းနေသည်။ ကန္တရလိုအပေါက်များသော သစ်ပင်များပင်မခံနိုင်ပဲကန္တာရတော  တွေ ရွာတွေမှာပင်ပြုန်းတီးနေပြီ။
နွားထိုးကြီးမီးသွေးမှာ မန္တလေး၊ မြင်းခြံဈေးကွက်ရှိပြီး ဖုံသာ၊ ပြင်စည်၊ အနွင်းဘိုး၊ လျှော်ဖြူ၊ ၀က်လူး၊ ပဲချက်၊ မြ၀တီ၊ ကျွန်းဒေါင့်စသည့်ရွာများမှာမီးသွေး  အတွက်နာမည်ကြီးနေသည်။

 ဌေးကိုမောင်
HotNewsWeekly
အညာဒေသယာခင်းများတွင် တောင်သူများပြုစုစောင့်ရှောက် မွေးမြူထားသော ကန္တာရ၊ ရှား၊ သန်း၊ ဒဟက်၊ ကပေါက်ပင်၊ သရက်၊ ထနောင်း၊ မန်ကျည်း စသည့်သင်တောသစ်ပင်များမှာ မီးသွေးဖုတ်နေကြ၍ အညာဒေသ သစ်တောများဘ၀ပြောင်းနေပြီဆို၏။

ရထားနှင့်ထော်လာဂျီတိုက်

၂၀-၄-၂၀၁၃ ရက်နေ့ ၁၁၀၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ၊ စစ်ကိုင်း-မန္တလေးမီးရထားလမ်း၊ မိုင်တိုင်အမှတ်(၃၈၇/၁၈-၁၉)ကြား လှည်းလမ်းနှင့်သံလမ်းဆုံတွင်

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေ ပြင်ဆင်ပြောင်းလဲစရာ အကြောင်းမရှိ


၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို မဆလအစိုးရလက်ထက်မှာလည်း တိုင်းရင်းသားတွေရဲ့ သဘောထား ကို ကောက်ယူပြီး ရေးဆွဲခဲ့တယ်။

မုံရွာတွင် ဖုန်းကတ်များမဲနှိုက်


Photo: မုံရွာတွင် ဖုန်းကတ်များမဲနှိုက်
Sunday, April 21, 2013

မုံရွာမြို့တွင် ဖုန်းကတ်လျှောက်ထားသူ ၅၅၀၀ခန့် ရှိသည့်အနက် ဖုန်းအလုံးရေ ၃၆၀၀ ကို ယနေ့ ဧပြီလ၂၁ရက် နံနက်ပိုင်းတွင် မြို့တော်ခန်းမ၌ မူလတန်း ကလေးငယ်များက မဲနှိုက်ရွေးချယ်ပေး ခဲ့သည်။
TheVoiceWeekly
မုံရွာမြို့တွင် ဖုန်းကတ်လျှောက်ထားသူ ၅၅၀၀ခန့် ရှိသည့်အနက် ဖုန်းအလုံးရေ ၃၆၀၀ ကို ယနေ့

အရှေ့ဘက် ကမ်းခြေသို့ တာတိုပစ် ဒုံးကျည်နှစ်စင်း မြောက်ကိုရီးယားပစ်ခတ်


Photo: အရှေ့ဘက် ကမ်းခြေသို့ တာတိုပစ် ဒုံးကျည်နှစ်စင်း မြောက်ကိုရီးယားပစ်ခတ်
Sunday, April 21, 2013

မြောက်ကိုရီးယားတွင် ဒုံးကျည် ပစ်ခတ်သည့် လှုပ်ရှားမှုများ ရှိနေကြောင်း တောင်ကိုရီးယား သတင်းဌာနက တစ်ခုက ဖော်ပြခဲ့သည်။

အမည်မဖော်လိုသည့် တောင်ကိုရီးယား စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးက မြောက်ပိုင်းရှိ ကွန်မြူနစ် နိုင်ငံသည် အရှေ့ဘက် ကမ်းခြေ ဒေသသို့ တာတိုပစ်ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း ပြောဆိုခဲ့မှုကို ယင်းသတင်းဌာနက ကိုးကားခဲ့ခြင်းဟု သိရှိရသည်။ ယင်းလှုပ်ရှားမှုသည် နောက်ထပ် မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်မှုများ ထပ်မံ ဖြစ်ပေါ်လာနိုင်သည့် အလားအလာဟုလည်း ယူဆစရာ ရှိနေသည်။ တောင်ကိုရီးယား စစ်ဘက်မှ ဖမ်းယူရရှိသည့် ဂြိုဟ်တု ပုံရိပ်များအရ တာတို စကာ့ဒ်ဒုံးကျည် နှစ်စင်းကို မြောက်ကိုရီးယားက ပစ်ခတ်ခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။

လတ်တလောတွင် ကိုရီးယား ကျွန်းဆွယ်၌ တင်းမာမှုများ ဆက်လက် တည်ရှိနေသလို တောင်ကိုရီးယားနှင့် စစ်မဟာမိတ်တို့၏ ပြုံယမ်း၏ ရန်လိုသော လှုပ်ရှားမှုတိုင်းကို သတိနှင့် စောင့်ကြည့်နေသည်။ လေ့လာသူများက မြောက်ကိုရီးယားသည် ၎င်းတို့၏ စစ်တပ်ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့ဖြစ်သော ဧပြီလ (၂၅)ရက်နေ့တွင် တစ်စုံတစ်ရာ ထူးထူးခြားခြား လုပ်ဆောင်မှု ရှိလာနိုင်ကြောင်း သုံးသပ်ထားသည်။
Source: EuroNews
planet myanmar network
မြောက်ကိုရီးယားတွင် ဒုံးကျည် ပစ်ခတ်သည့် လှုပ်ရှားမှုများ ရှိနေကြောင်း တောင်ကိုရီးယား သတင်းဌာနက တစ်ခုက ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Davis Cup တင်းနစ်ပြိုင်ပွဲကို လုံခြုံရေး အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရ


Photo: မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Davis Cup တင်းနစ်ပြိုင်ပွဲကို လုံခြုံရေး အခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရ
Sunday, April 21, 2013


မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Davis Cup Asia Oceania Zone Group(IV) 2013 တင်းနစ်ပြိုင်ပွဲကို လုံခြုံရေး အခြေအနေကြောင့် ပြိုင်ပွဲကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။

ပြိုင်ပွဲကို ဧပြီလ (၂၂) ရက်မှ (၂၈) ရက်အထိ ရန်ကုန်မြို့ရှိ သိမ်ဖြူတင်းနစ်ကွင်းတွင် ကျင်းပရန် စီစဉ်ထားခဲ့ပြီး အိမ်ရှင်မြန်မာအသင်း အပါအ၀င် ဘာရိန်း၊ ကာဇက်စတန်၊ အီရတ်၊ ကာဂျစ္စတန်၊ ကာတာ၊ ဆော်ဒီ၊ တာမင်နစ္စတန်၊ ဂျော်ဒန်၊ စင်ကာပူနှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်း ထားခဲ့သည်။

မြန်မာနိုင်ငံ တင်းနစ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးလေးနိုင်က “အခုပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အသင်း အများစုက အရှေ့အလယ်ပိုင်းက အသင်းတွေ ပါဝင်တာကြောင့် ဒီပြိုင်ပွဲကို ရွှေ့ဆိုင်းဖို့ တာဝန်ရှိသူတွေက ဆုံးဖြတ်ခဲ့ပါတယ်။ ပြိုင်ပွဲကို ရွှေ့ဆိုင်းဖို့ကိုလည်း နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ် (ITF) ကိုလည်း အကြောင်းကြားခဲ့ပါတယ်။ ပြိုင်ပွဲရွှေ့ဆိုင်းဖို့ကို ITF က လက်ခံပေမယ့် လုံခြုံရေးစိတ်ချရမယ့် အချိန်မှာ အိမ်ရှင်အဖြစ် ပြန်လည်ကျင်းပခွင့် ရရှိဖို့ကတော့ မသေချာတော့ပါဘူး။ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် နိုင်ငံကို ITF ကပဲ ထပ်မံရွေးချယ်သွားမှာပါ” ဟု ပြောကြားခဲ့သည်။

ယင်းပြိုင်ပွဲကို ပြီးခဲ့သည့်ဧပြီလ (၁၃) ရက်နေ့က ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းကြောင့် ပါဝင်ယှဉ်ပြိုင်မည့် အသင်းများ အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။ ထို့အပြင် ဧပြီလ(၂၉)ရက်မှ မေလ(၅)ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Davis Cup ပြိုင်ပွဲ Group(III) ကိုလည်း အလားတူ ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။
Eleven Media Group
Davis Cup ပြိုင်ပွဲကျင်းပမည့် အကြိုသတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော မြန်မာနိုင်ငံ တင်းနစ် အဖွဲ့ချုပ် တာဝန်ရှိသူများ
Davis Cup ပြိုင်ပွဲကျင်းပမည့် အကြိုသတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသော မြန်မာနိုင်ငံ တင်းနစ် အဖွဲ့ချုပ် တာဝန်ရှိသူများ
မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် Davis Cup Asia Oceania Zone Group(IV) 2013 တင်းနစ်ပြိုင်ပွဲကို လုံခြုံရေး အခြေအနေကြောင့် ပြိုင်ပွဲကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။

ရှေးဟောင်း ရခိုင်လှေကြီး ပြတိုက်တွင် ထားရှိမည်


Photo: ရှေးဟောင်း ရခိုင်လှေကြီး ပြတိုက်တွင် ထားရှိမည်
Sunday, April 21, 2013

သမိုင်းသုတေသီတွေက ရခိုင်ရှေးဟောင်းလှေကြီးလို့ ယူဆထားတဲ့ သစ်သားလှေကြီးကို  ပြတိုက်တည်ဆောက်ပြီး ထားရှိသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် လှေကြီးကို အမိုးအကာအောက်ကို ရောက်ရှိရေး အတွက် ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနက အပူတပြင်း  စီစဉ်နေကြတယ်လို့ သတင်း ရရှိပါတယ်။
(ဒီ ဓါတ်ပုံတွေဟာ ဘင်္ဂလာဒေခ်ျ့ The Daily Star သတင်းစာကြီးက ကူးယူ ဖေါ်ပြတာ ဖြစ်ပါတယ်။)

(ဒီ ဓါတ်ပုံတွေဟာ ဘင်္ဂလာဒေခ်ျ့ The Daily Star သတင်းစာကြီးက ကူးယူ ဖေါ်ပြတာ ဖြစ်ပါတယ်။)

ခုလို စီစဉ်ရာမှာ သက်ဆိုင်ရာ ရှေးဟောင်း သုတေသနဌာက တာဝန်ရှိသူတွေသာမက ဘင်္ဂလာဒေခ်ျ့ စစ်တပ်နဲ့ ရေတပ်က အရာရှိတွေလည်း ပူးပေါင်း ပါဝင် ဆောင်ရွက်နေကြတယ်လို့ ဆိုပါတယ်။

၇၂ ပေထိရှည်ပြီး ၂၃ ပေ အကျယ်ရှိတဲ့ အဲဒီ လှေကြီးကို Kuakata မြို့မှာ ပြတိုက် တစ်ခု ဖွင့်လှစ်ပြီး  ပြသ ထားမယ်လို့ ဆိုပါတယ်။ စစ်တပ်နဲ့ ရေတပ် အရာရှိတွေကတော့ လှေကြီးကို ပြောင်းရွှေ့ရေးအတွက် နည်းလမ်းတွေကို ရှာကြံနေကြတယ်လို့ ပြောပါတယ်။

ခုလို လှေကြီးကို ပြတိုက်ပြုလုပ်ပြီး ပြသထားခြင်းဖြင့် အဲဒီဒေသမှာ လာရောက် လည်ပတ်သူတွေ တိုးပွား လာနိုင်တဲ့ အတွက် ခရီးသွား လုပ်ငန်းဟာ တိုးတက်လာနိုင်တယ်လို့ ပြောပါတယ်။

ဒီရှေးဟောင်း လှေကြီး လွန်ခဲ့တဲ့နှစ် ဇွန်လ ၂၉ ရက်နေ့က (ရခိုင် အခေါ် အ၀ကျွန်းဒေသ) ဘင်္ဂလာဒေခ်ျ့ အခေါ်  Kuakata ဒေသ ပင်လယ် ကမ်းစပ် သဲသောင်ပြင်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လှေကြီးကို ရခိုင်ပြည်က ထွက်ပြေးလာတဲ့ ရှေးလူကြီးတွေ အသုံးပြုခဲ့တာ ဖြစ်နိုင်တယ်လို့ သုတေသီအများက ယူဆထားကြပါတယ်။

Rakhine-ancient-boat-in-bangladesh-2

၁၇၈၄ ခုနှစ် ရခိုင်ပြည်ကို ဗမာ ဘုရင် ဘိုးတော် ဦးဝိုင်းက ၀င်ရောက် သိမ်းပိုက်ပြီးနောက် စစ်ဘေး စစ်းဒဏ်ကြောင့် ရမ်းဗြဲနဲ့ မာန်အောင်ဘက်က ထောင်သောင်းချီတဲ့ ရခိုင်လူမျိုးတွေဟာ လှေကြီးတွေကို အသုံးပြု ထွက်ပြေး လာခဲ့ကြပြီး  အဲဒီ အ၀ကျွန်း ဒေသကို တည်ထောင်ခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ လွှတ်လပ်ရေး ရရှိပြီးနောက် အများစုက ပြည်တော်ပြန်သွားခဲ့ကြပေမယ့် လက်ရှိကာလအထိ အ၀ကျွန်းဒေသမှာ ရခိုင်ရွာပေါင်း (၅၀) နီးပါးခန့် တည်ရှိနေပါသေးတယ်။ ရခိုင်လူမျိုးတွေ ရောက်တုန်းက အဲဒီ ဒေသဟာ တောကြီးမျက်မည်း ဖြစ်ပြီး လူသူနေတဲ့ အရပ် မဟုတ်ဘူးလို့ ရှေ့မှီ နောက်မှီအ၀ကျွန်းဒေသက လူကြီးတွေက ပြောပါတယ်။
narinjara
သမိုင်းသုတေသီတွေက ရခိုင်ရှေးဟောင်းလှေကြီးလို့ ယူဆထားတဲ့ သစ်သားလှေကြီးကို ပြတိုက် တည်ဆောက်ပြီး ထားရှိသွားမယ်လို့ သိရပါတယ်။ ဒါကြောင့် လှေကြီးကို အမိုးအကာအောက်ကို ရောက်ရှိရေး အတွက် ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနက အပူတပြင်း စီစဉ်နေကြတယ်လို့ သတင်း ရရှိပါတယ်။

ကယားပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးရန်ပုံငွေအဖြစ် ကျပ်သိန်း(၅၀)အားထူးဖေါင်ဒေးရှင်းမှလှူတန်းခဲ့


Photo: ကယားပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးရန်ပုံငွေအဖြစ်
ကျပ်သိန်း(၅၀)အားထူးဖေါင်ဒေးရှင်းမှလှူတန်းခဲ့
Sunday, April 21, 2013

(၄.၄.၂၀၁၃)ရက်နေ့ နံနက် (၁၀) နာရီတွင် ထူးဖောင်ဒေးရှင်းမှ ကယားပြည်နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးရန်ပုံငွေအဖြစ် ကျပ်သိန်း(၅၀) ကို ထူးဖောင်ဒေးရှင်းဥက္ကဌ ဦးကျော်သီဟမှ ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့သွားရောက် လှူဒါန်းခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ နာယကဦးတင်ဦးမှ လက်ခံရယူပေးခဲ့ပါသည်။

Htoo Foundation Facebook
(၄.၄.၂၀၁၃)ရက်နေ့ နံနက် (၁၀) နာရီတွင် ထူးဖောင်ဒေးရှင်းမှ ကယားပြည်နယ်၊ အမျိုးသားဒီမိုကရေစီ

တက္ကသိုလ်ဝင်တန်း စာစစ်သူများအတွက် စားရိပ်သာ စီစဉ်ပေးသင့်

Photo: တက္ကသိုလ်ဝင်တန်း စာစစ်သူများအတွက် စားရိပ်သာ စီစဉ်ပေးသင့်
    Sunday, April 21, 2013

ရန်ကုန်တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်များရှိ တက္ကသိုလ်ဝင်တန်း အဖြေလွှာစာစစ်ဆရာ၊ ဆရာမများ အတွက် နေ့လယ်စာစားသောက်ရန် နေရာနှင့် အခမဲ့စားသောက်ရန် စားရိပ်သာများကို သက်ဆိုင်ရာ ကစီစဉ်ပေးသင့်ကြောင်း ယင်းဒုက္ခခံစားနေရသူ ဆရာ ဆရာမအချို့က လူထုပုံရိပ်သို့ ပြောကြားသည်။

ယင်းကဲ့သို့ စာစစ်နေစဉ်ကာလအတွင်း စာစစ်လွှာများ လုံခြုံရေးအတွက် ရန်ကုန်တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်အတွင်းရှိ စားသောက်ဆိုင် (ကန်တင်း) များကို မေလကုန်အထိ ပိတ်ထားရကြောင်းနှင့် ရန်ကုန်တက္ကသိုလ်ရှိ တောင်ငူဆောင်၊ ရာမညဆောင်များကို သွပ်ပြားများဖြင့် ပတ်လည်ကာရံထားပြီး နေ့လယ်စာစားချိန်တွင် ဆရာ၊ ဆရာမများအတွက် စားသောက်နိုင်ရန် စာစစ်ဌာနထိပ်ရှိ ဒဂုံလမ်းပေါ်၌ လမ်းဘေးဈေးသည်အချို့က ထမင်းဟင်းလျာများ လာရောက်ရောင်းချကြောင်း ရန်ကုန်တက္ကသိုလ်ရှိ ဝန်ထမ်းအချို့ထံမှ သိရသည်။

"ကျွန်တော်တို့ ဒဂုံတက္ကသိုလ်မှာ ပဲခူးတိုင်းကလာတဲ့ ဆရာ၊ ဆရာမတွေရှိတယ်။ ကြို့ပင်ကောက်တို့၊ ပြည်တို့ကလာတဲ့ ဆရာ၊ ဆရာမတွေဆို တော်တော်ဒုက္ခရောက်ကြတယ်။ ဟိုတုန်းကလို မသမာမှုတွေ ရှိမှာစိုးလို့ ကျောင်းကိုလုံခြုံရေးအရ မနက် ၈ နာရီကနေ ၄ နာရီခွဲအထိ ပိတ်ထားတယ်။ မြို့ထဲဘက် ပြန်ရတဲ့၊ ဆရာ၊ ဆရာမတွေအတွက် ကားတွေကခပ်ကျဲကျဲဖြစ်သွားတော့ နောက်ကျတာတွေဖြစ် တယ်။ ဆရာ၊ ဆရာမတွေ ထမင်းချက်ရတာလည်း အရမ်းပဲခက်ခဲကြတယ်" ဟု ဒဂုံတက္ကသိုလ် ရူပဗေဒဌာနမှ ဆရာဦးဇော်မျိုးလှိုင်က လူထုပုံရိပ်သို့ပြောသည်။

ထို့အပြင် ဆရာ၊ ဆရာမများအတွက် ပိုမိုအဆင်ပြေလွယ်ကူပြီး တိုကင်ဖြင့်စားသုံးနိုင်သော အခမဲ့စား ရိပ်သာများ၊ စီစဉ်ပေးသင့်ကြောင်း ၎င်းကဆိုသည်။

"ဆရာ၊ ဆရာမတွေ စိတ်ပင်ပန်းနေရင် စာစစ်တဲ့အခါမှာလည်း စိတ်ပညာအရ အနည်းနဲ့အများ ထိခိုက်မှုရှိနိုင်တယ်။ စာစစ်တဲ့ error မတက်အောင် စာစစ်သူတွေကို စိတ်ကျေနပ်အောင် ထားပေး သင့်တယ်" ဟုအငြိမ်းစား စိတ်ပညာပါမောက္ခတစ်ဦးက မှတ်ချက်ပြုပြောကြားသည်။

စာစစ်ဆရာ၊ ဆရာမများသည် စာစစ်ကြေးရရှိသော်လည်း ဘာသာရပ်အလိုက်မူတည်၍ ခရီးစရိတ်၊ စားစရိတ်ရရှိမှုမတူညီကြောင်းနှင့် ယခုနှစ် စာစစ်ကြေးသည် ယခင်နှစ်များထက်ပိုရကြောင်း ရန်ကုန် တက္ကသိုလ်မှ ပါမောက္ခတစ်ဦးကဆိုသည်။

စာစစ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျောင်းများမှ အဖြေလွှာများကို ရန်ကုန်တိုင်းအတွင်း စစ်ဆေးပြီး ပဲခူးတိုင်းဒေသကြီးရှိကျောင်းများမှ အဖြေလွှာများကို ရန်ကုန်မြို့ ဒဂုံတက္ကသိုလ်အတွင်း စစ်ဆေးလျက်ရှိကြောင်းသိရသည်။ ဘာသာရပ်ဌာနတစ်ခုလျှင် တက္ကသိုလ်ဆရာများနှင့် အထက်တန်း ပြစုစုပေါင်း နှစ်ရာကျော်ရှိကြောင်း ဒဂုံတက္ကသိုလ်မှ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ "မင်းတို့ကြားရင် ကြားတဲ့အတိုင်းရေး၊ မင်းတို့ ကိုဘယ်သူပြောတာလဲ၊ ပြောတဲ့လူရှိရင် ရေးလိုက်" ဟု ၎င်းကပြန်လည်ဖြေကြားသည်။

လူထုပုံရိပ် ဂျာနယ်

မောက္ခ မဂ္ဂဇင်း
ရန်ကုန်တက္ကသိုလ်နှင့် ဒဂုံတက္ကသိုလ်များရှိ တက္ကသိုလ်ဝင်တန်း အဖြေလွှာစာစစ်ဆရာ၊ ဆရာမများ အတွက် နေ့လယ်စာ စားသောက်ရန် နေရာနှင့် အခမဲ့စားသောက်ရန် စားရိပ်သာများကို သက်ဆိုင်ရာ ကစီစဉ်ပေးသင့်ကြောင်း ယင်းဒုက္ခခံစားနေရသူ ဆရာ ဆရာမအချို့က လူထုပုံရိပ်သို့ ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း


Photo: အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း
Sunday, April 21, 2013

(၁၉၄၈)ခုနှစ်၊ ဒီဇင်ဘာလ(၁ဝ)ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံ အစည်းအဝေးကြီးက လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို အတည်ပြု၍ ကြေညာလိုက်ရာ ထိုကြေညာစာတမ်းကြီး၏စာသားသည် နောက်စာမျက်နှာများတွင် အပြည့်အစုံပါရှိသည်။ ဤကဲ့သို့ရာဇဝင်တင်မည့် ကြေညာချက်ကိုပြုလုပ်ပြီးနောက် ဤညီလာခံအစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးအား ထိုကြေညာစာတမ်းကြီး၏ စာသားကို အများပြည်သူတို့ ကြားသိစေရန်ကြေညာပါမည့် အကြောင်းကိုလည်းကောင်း၊ ထို့ပြင်နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေးအဆင့်အတန်းကိုလိုက်၍ ခွဲခြားခြင်းမပြုဘဲ အဓိကအားဖြင့် စာသင်ကျောင်းများနှင့် အခြားပညာရေးအဖွဲ့အစည်းများတွင် ထိုကြေညာစာတမ်းကြီးကို ဖြန့်ချိဝေငှ စေရန်၊ မြင်သာအောင်ပြသထားစေရန်၊ ဖတ်ကြားစေရန်နှင့် အဓိပ္ပာယ်ရှင်းလင်းဖော်ပြစေရန် ဆောင်ရွက်ပါမည့်
အကြောင်းဖြင့်လည်းကောင်း ဆင့်ဆိုလိုက်သည်။

စကားချီး . . .
လူခပ်သိမ်း၏မျိုးရိုးဂုဏ်သိက္ခာနှင့်တကွ လူတိုင်းအညီအမျှခံစားခွင့်ရှိသည့် အခွင့်အရေးများကို အသိအမှတ်ပြုခြင်းသည် လူခပ်သိမ်း၏လွတ်လပ်မှု၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုတို့၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့်လည်းကောင်း၊ လူ့အခွင့်အရေးများကို အရေးမထား မထီလေးစားပြုခြင်းသည် လူခပ်သိမ်း၏ အကျင့်သိက္ခာကို ချိုးဖောက်ဖျက်ဆီးတတ်သည့် ရက်စက်ကြမ်းကြုတ်သော အပြုအမှုများကို ဖြစ်ပေါ်စေခဲ့ သောကြောင့်လည်းကောင်း၊ လွတ်လပ်စွာ ဖွင့်ဟပြောဆိုနိုင်မှု၊ လွတ်လပ်စွာ သက်ဝင်ယုံကြည်နိုင်မှု၊ ကြောက်ရွံ့ခြင်း၊ ချို့ငဲ့ခြင်းတို့မှကင်းလွတ်စွာ အသက်မွေးနိုင်မှုတို့ကို ခံစားရယူနိုင်စေမည့် လောကတစ်ခု ပေါ်ပေါက်လာရန်အရေးကို လူခပ်သိမ်းတို့က မိမိတို့၏ အထက်သန်ဆုံးသော လိုလားချက်ဆန္ဒကြီးအဖြစ်ဖြင့် ကြွေးကြော် ကြေညာပြီးဖြစ်သောကြောင့်လည်းကောင်း၊ လူခပ်သိမ်းတို့သည် တရားလက်လွတ် နှိပ်စက်ကလူ ပြုမှု၊ အုပ်စိုးမှုနှင့် ဖိစီးညှဉ်းပန်းမှုတို့ကို နောက်ဆုံး မလွှဲသာမရှောင်သာ လက်နက်စွဲကိုင်ကာ တော်လှန်ခြင်း၊ ပုန်ကန်ခြင်းမပြုစေရန်၊ လူအခွင့်အရေးများကို ဥပဒေဖြင့် ထိန်းသိမ်းကာကွယ်ပေးရမည် ဖြစ်သောကြောင့် လည်းကောင်း၊ နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံရေးကို ပိုမိုတိုးတက်စေရန် ကြံဆောင်ရမည် ဖြစ်သော ကြောင့်လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်တို့သည် မူလလူ့အခွင့်အရေးများကိုလည်းကောင်း၊ လူ၏ ဂုဏ်သိက္ခာကိုလည်းကောင်း၊ ယောက်ျား မိန်းမတို့၏ တူညီသည့် အခွင့်အရေးများကိုလည်းကောင်း၊ လေးစားယုံကြည်ပါသည်ဟု ကုလသမဂ္ဂတွင် ထပ်မံ၍ အတည်ပြုပြီးသည့်အပြင်၊ လူမှုကြီးပွား တိုးတက်ရေးနှင့် တကွ ပိုမိုလွတ်လပ်ကောင်းမွန်သော လူ့ဘဝအဆင့်အတန်းတို့ကို မြှင့်တင်ရန် သန္နိဋ္ဌာန်ချပြီး ဖြစ်သောကြောင့် လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတို့သည် ကုလသမဂ္ဂအဖွဲ့နှင့်ပူပေါင်း၍ လူအခွင့်အရေးများကို လည်းကောင်း၊ အခြေခံလွတ်လပ်ခွင့် အခွင့်အရေးများကိုလည်းကောင်း၊ ကမ္ဘာတစ်ဝှမ်းလုံးတွင် ရိုသေလေးစား ကျင့်သုံးစောင့်စည်းကြခြင်းကို အားပေးမည်ဟု ကတိပြုပြီးဖြစ်သောကြောင့်လည်းကောင်း၊ ထိုကြောင့် အထွေထွေညီလာခံက အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို လူတိုင်း အဖွဲ့အစည်းတိုင်းသည် အစဉ်နှလုံးသွင်းလျက် ကမ္ဘာတစ်ဝှမ်းလုံးတွင် အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ရိုသေလေးစားကြစေရန် ဆုံးမ သွန်သင်ခြင်းဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် ထိုနိုင်ငံတို့၏ အာဏာပိုင်အတွင်းရှိ နယ်ပယ်ဆိုင်ရာ တိုင်းသူပြည်သားများအား အဆိုပါ အခွင့်အရေးနှင့် လွတ်လပ်ခွင့်များကို ကျယ်ကျယ်ပြန့်ပြန့် ထိရောက်စွာ သိမှတ်ကျင့်သုံး စောင့်စည်းကြစေရန် ပြည်တွင်းပြည်ပဆိုင်ရာ တိုးတက်သော ဆောင်ရွက်ချက်များဖြင့် အားထုတ်ကြရမည်ဟုလည်းကောင်း ရည်ရွယ်ပြီးလျှင် လူ့အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာကြေညာစာတမ်းကို နိုင်ငံခပ်သိမ်း၊ လူခပ်သိမ်းတို့ တစ်ပြေးညီစွာ ဆောင်ရွက်နိုင်ကြ စိမ့်သောငှာ ယခုထုတ်ပြန်ကြေညာလိုက်သည်။

အပိုဒ် ၁
လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့်လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများ ဖြင့်လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြားဝေဖန်တတ်သော ဉာဏ်နှင့် ကျင့်ဝတ်သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏။

အပိုဒ် ၂
လူတိုင်းသည် လူ့အခွင့်အရေးကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးအားလုံး၊ လွတ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင်ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့်ဖြစ်စေ၊ အသားအရောင်အားဖြင့်ဖြစ်စေ၊ ကျား ၊ မ ၊ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကာားအားဖြင့်ဖြစ်စေ၊ ကိုးကွယ်သည့်ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံရေး ယူဆချက်၊ သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့်ဖြစ်စေ၊ နိုင်ငံနှင့်ဆိုင်သော၊ သို့တည်းမဟုတ် လူမှု အဆင့်အတန်းနှင့်ဆိုင်သော ဇစ်မြစ် အားဖြင့်ဖြစ်စေ၊ ပစ္စည်း ဥစ္စာ ဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့် ဖြစ်စေ၊ အခြားအဆင့်အတန်းအားဖြင့်ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။ ထို့ပြင် လူတစ်ဦးတစ်ယောက် နေထိုင်ရာနိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာဖြစ်စေ၊ စီရင်ပိုင်ခွင့်ဆိုင်ရာဖြစ်စေ၊ တိုင်းပြည်အချင်းချင်းဆိုင်ရာဖြစ်စေ၊ အဆင့်အတန်းတစ်ခုခုကို အခြေပြု၍ သော်လည်းကောင်း၊ ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့်နယ်မြေ၊ သို့တည်း မဟုတ် ကုလသမဂ္ဂ ထိန်းသိမ်း စောင့်ရှောက်ထားရသည့်နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာတို့ တစ်စိတ်တစ်ဒေသလောက်သာ ရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့သော နယ်မြေများဖြစ်သည်၊ ဖြစ်သည်ဟူသောအကြောင်းကို အထောက်အထားပြု၍သော်လည်းကောင်း ခွဲခြားခြင်း လုံးဝမရှိစေရ။

အပိုဒ် ၃
လူတိုင်း၌ အသက်ရှင်ရန် လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်။

အပိုဒ် ၎
မည်သူ့ကိုမျှ ကျေးကျွန်အဖြစ်၊ သို့တည်းမဟုတ် အစေအပါးအဖြစ်၊ နိုင်ထက်စီးနင်း စေခိုင်းခြင်းမပြုရ။ လူကို ကျေးကျွန်သဖွယ် အဓမ္မစေခိုင်းခြင်း၊ အရောင်းအဝယ်ပြုခြင်းနှင့် ထိုသဘောသက်ရောက်သော လုပ်ငန်းဟူသမျှ ကို ပိတ်ပင်တားမြစ်ရမည်။

အပိုဒ် ၅
မည်သူ့ကိုမျှ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသော ဆက်ဆံမှု မပြုရ။ သို့တည်းမဟုတ် အပြစ်ဒဏ်ပေးခြင်းမပြုရ။

အပိုဒ် ၆
လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ်ပြုခြင်းကို ခံယူပိုင်ခွင့်ရှိ သည်။

အပိုဒ် ၇
လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏ အကာအကွယ်ကို ခြားနားခြင်းမခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာစာတမ်းပါ သဘောတရားများကို ဖီဆန်၍ ခွဲခြားခြင်းမှလည်းကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံ့ဆော်ခြင်းမှလည်းကောင်း၊ ကင်းလွတ်စေရန် အကာအကွယ်ကို တူညီစွာခံစားပိုင်ခွင့်ရှိ သည်။

အပိုဒ် ၈
ဖွဲ့စည်းပုံအခြေခံဥပဒေကသော်လည်းကောင်း အခြားဥပဒေကသော်လည်းကောင်း လူတိုင်းအတွက် ပေးထားသည့် အခြေခံအခွင့်အရေးများသည် ချိုးဖောက်ဖျက်ဆီးခြင်းခံခဲ့ရလျှင် ထိုသို့ ချိုးဖောက်ဖျက်ဆီးသော ပြုလုပ်မှုကြောင့် ဖြစ်ပေါ်လာသော နစ်နာချက်အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင် ထိရောက်စွာ သက်သာခွင့်ရနိုင်စေရမည်။

အပိုဒ် ၉
မည်သူမျှ ဥပဒေအရမဟုတ်သော ဖမ်းဆီးခြင်းကိုဖြစ်စေ၊ ချုပ်နှောင်ခြင်းကိုဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။

အပိုဒ် ၁ဝ
အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင်လည်းကောင်း၊ ပြစ်မှုကြောင့် တရားစွဲဆို စီရင် ဆုံးဖြတ်ခံရာတွင်လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ လူအများရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။

အပိုဒ် ၁၁
(၁) လူအများရှေ့မှောက်၌ ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်းခံရသည့် အချိန်အထိ ပြစ်မှုနှင့် တရားစွဲဆိုခြင်း ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်းခံထိုက်သည့် အခွင့်အရေးရှိသည်။ ထိုအမှုကို ကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ်သော အခွင့်အရေးများကို ထိုသူအား ပေးပြီးဖြစ်စေရမည်။
(၂) လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရဖြစ်စေ၊ ပြစ်မှု မမြောက်သောလုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ ဆွဲဆိုပြစ်ပေးခြင်းမပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။

အပိုဒ် ၁၂
မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာနေထိုင်ခြင်းကိုသော်လည်းကောင်း၊ မိမိ၏ မိသားစု ကိုသော်လည်းကောင်း၊ မိမိ၏ နေအိမ်အသိုက်အဝန်းကိုသော်လည်းကောင်း၊ စာပေးစာယူကိုသော်လည်း ကောင်း၊ ဥပဒေအရမဟုတ်သော ဝင်ရောက် စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ဂုဏ်သိက္ခာကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်း မခံစေရ။ လူတိုင်းတွင် ထိုသို့ဝင်ရောက်စွက်ဖက်ခြင်းမှ သော်လည်းကောင်း၊ ပုတ်ခတ်ခြင်းမှသော်လည်းကောင်း ဥပဒေအရ ကာကွယ်ပိုင်ခွင့်ရှိသည်။

အပိုဒ် ၁၃
(၁) လူတိုင်းတွင် မိမိ၏နိုင်ငံနယ်နိမိတ်အတွင်း၌ လွတ်လပ်စွာ သွားလာ ရွှေ့ပြောင်း နိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှလည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာ သွားပိုင်ခွင့် ရှိသည့် အပြင်၊ မိမိ၏ တိုင်းပြည်သို့ ပြန်လာပိုင်ခွင့်လည်းရှိသည်။

အပိုဒ် ၁၄
(၁) လူတိုင်းသည် ညှဉ်းပန်းနှိပ်စက်ခံနေရခြင်းမှ လွတ်ကင်းရန် အခြားတိုင်းပြည်များ၌ အေးချမ်းစွာ ခိုလှုံ နေနိုင်ခွင့်ရှိသည်။
(၂) နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှုများမှသော်လည်းကောင်း၊ ကုလသမဂ္ဂ၏ ရည်ရွက်ချက်နှင့် သဘောတရား မူများကို ဖီဆန်သောအမှုများမှသော်လည်းကောင်း၊ အမှန်ပေါ်ပေါက်လာသော ပြစ်မှုကြောင့် တရားစွဲဆိုခြင်းခံရသည့် အမှုအခင်းများတွင် အထက်ပါ အခွင့်အရေးကို အသုံးမပြုနိုင်စေရ။

အပိုဒ် ၁၅
(၁) လူတိုင်းသည်၊ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။
(၂) ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်းမခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကိုလည်း ငြင်းပယ်ခြင်းမခံစေရ။

အပိုဒ် ၁၆
(၁) အရွယ်ရောက်ပြီးသော ယောက်ျားနှင့် မိန်းမတို့တွင် လူမျိုးကိုသော်လည်းကောင်း၊ နိုင်ငံသား အဖြစ်ကိုသော်လည်းကောင်း၊ ကိုးကွယ်သည့် ဘာသာကိုသော်လည်းကောင်း၊ အကြောင်းပြု၍ ချုပ်ချယ်ကန့်သတ်ခြင်းမရှိဘဲ၊ ထိမ်းမြားနိုင်ခွင့်နှင့် မိသားစု ထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောက်ျားနှင့် မိန်းမတို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ်အချိန်အတွင်း၌သော်လည်းကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်းကြသည့်အခါ၌လည်းကောင်း၊ လက်ထပ်ပေါင်းသင်း အိမ်ထောင်ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့်အခွင့်အရေးများကို ရရှိထိုက်သည်။
(၂) သတို့သားနှင့် သတို့သမီး နှစ်ဦးနှစ်ဖက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျှင် ထိမ်းမြားခြင်းကိုပြုရ မည်။
(၃) မိသားစုတစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တစ်ရပ်ဖြစ်သည်။ ထိုမိသားစုသည် လူ့အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။

အပိုဒ် ၁၇
လူတိုင်းတွင် မိမိတစ်ဦးချင်းသော်လည်းကောင်း ၊ အခြားသူများနှင့် ဖက်စပ်၍သော်လည်းကောင်း၊ ပစ္စည်းဥစ္စာတို့ကို ပိုင်ဆိုင်ရန် အခွင့်အရေးရှိရမည်။
ဥပဒေအရမဟုတ်လျှင် မည်သူမျှ မိမိ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်း မခံစေရ။

အပိုဒ် ၁၈
လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့်နှင့် လွတ်လပ်စွာ သက်ဝင်
ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည်ချက်ကို လွတ်လပ်စွာပြောင်းလဲနိုင်ခွင့် ပါဝင်သည့်အပြင် မိမိတစ်ယောက်ချင်းဖြစ်စေ၊ အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများ ရှေ့မှောက်တွင်သော်လည်းကောင်း၊ ရှေ့မှောက်တွင်မဟုတ်ဘဲ သော်လည်းကောင်း၊ မိမိကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ဝတ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တို့လည်း ပါဝင်သည်။

အပိုဒ် ၁၉
လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောင့်အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင်သည့်အပြင်၊ နိုင်ငံ နယ်နိမိတ်များကို ထောက်ထားရန်မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တစ်နည်းနည်း ဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှဖြန့်ချိခွင့်တို့လည်း ပါဝင်သည်။

အပိုဒ် ၂ဝ
(၁) လူတိုင်းတွင် လွတ်လပ်အေးချမ်းစွာ စုဝေးနိုင်ခွင့်နှင့် ဖွဲ့စည်းနိုင်ခွင့်တို့ရှိသည်။
(၂) မည်သူကိုမျှ အဖွဲ့အစည်းတစ်ခုသို့ ဝင်စေရန် အတင်းအကျပ်မပြုရ။

အပိုဒ် ၂၁
(၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှ တစ်ဆင့်ဖြစ်စေ ပါဝင် ဆောင်ရွက်နိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် မိမိ၏နိုင်ငံရှိ ပြည်သူ့ဝန်ထမ်းအဖွဲ့၌ ဝင်ရောက်နိုင်ရန် တူညီသည့်အခွင့်အရေးရှိသည်။
(၃) ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ်ရေးအာဏာ၏ အခြေခံဖြစ်ရမည်၊ အဆိုပါဆန္ဒကို အချိန်ကာလပိုင်းခြားလျက် စစ်မှန်သောရွေးကောက်ပွဲများဖြင့် ထင်ရှားစေရမည်။ ရွေးကောက်ပွဲများတွင်လည်း လူတိုင်းအညီအမျှ ဆန္ဒမဲပေးနိုင်ခွင့်ရှိရမည့်အပြင် ၊ ထိုရွေးကောက်ပွဲများကို လျို့ဝှက်မဲပေး စနစ်ဖြင့် ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ်ဖြင့်ဖြစ်စေ ကျင်းပရမည်။

အပိုဒ် ၂၂
လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြုံခွင့်ရယူပိုင်ခွင့်ရှိသည့်အပြင် နိုင်ငံရေး ကြိုးပမ်းမှုဖြင့်ဖြစ်စေ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊ နိုင်ငံအသီးသီး၏ ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတအင်အားနှင့်လည်းကောင်း၊ ထိုလူ၏ ဂုဏ်သိက္ခာနှင့် စရိုက်လက္ခဏာ လွတ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။

အပိုဒ် ၂၃
(၁) လူတိုင်းတွင် အလုပ်လုပ်ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ်အကိုင်ကို လွတ်လပ်စွာရွေးချယ်ရန်လည်းကောင်း၊ တရားမျှတ၍ လုပ်ပျော်သော အလုပ်ခွင်၏ အခြေအနေကို ရရှိရန်လည်းကောင်း၊ အလုပ်လက်မဲ့ဖြစ်ရခြင်းမှ အကာအကွယ်ရရှိရန်လည်းကောင်း အခွင့်အရေးရှိသည်။
(၂) လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ၊ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေ ရနိုင်ခွင့်ရှိသည်။
(၃) အလုပ်လုပ်ကိုင်သည့် လူတိုင်းတွင်၊ မိမိနှင့် မိမိ၏မိသားစုအတွက် လူ့ဂုဏ်သိက္ခာနှင့်ညီအောင် နေထိုင် စားသောက်နိုင်ရန်၊ စိတ်ချလောက်သည့်အပြင်၊ တရားမျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင်ခွင့်ရှိသည်။ လိုအပ်ခဲ့လျှင် အခြားနည်းလမ်းများမှ လူမှုရေး အထောက်အပံ့ကိုလည်း ထပ်မံ၍ ရနိုင်ခွင့်ရှိသည်။
(၄) လူတိုင်းတွင် မိမိအကျိုးခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမားအစည်းအရုံးများဖွဲ့စည်းခွင့်၊ ပါဝင် ဆောင်ရွက်ခွင့်ရှိသည်။

အပိုဒ် ၂၄
လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန်အပြင်၊ လစာနှင့်တကွ အခါကာလအားလျော်စွာ သတ်မှတ်ထားသည့် အလုပ်အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့်ခံစားပိုင်ခွင့်ရှိသည်။

အပိုဒ် ၂၅
(၁) လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏ မိသားစုကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေထိုင် နိုင်ရေးအတွက် အစာအဟာရ၊ အဝတ်အထည် နေအိမ်၊ ဆေးဝါးအကူအညီနှင့် လိုအပ်သည့် လူမှု အထောက် အပံ့များ ပါဝင်သော သင့်တော်လျောက်ပတ်သည့် လူမှုအဆင့်အတန်းကို ရယူခံစားခွင့်ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်သောအခါ၌ သော်လည်းကောင်း၊ မကျန်းမမာဖြစ်သောအခါ၌ သော်လည်းကောင်း၊ ကိုယ်အင်္ဂါမစွမ်းမသန်ဖြစ်သောအခါ၌သော်လည်းကောင်း၊ မုဆိုးမဖြစ်သောအခါ၌ သော်လည်းကောင်း၊ အသက်အရွယ်အိုမင်းသောအခါ၌ သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ဝမ်းစာရှာမှီးနိုင်သော နည်းလမ်းမရှိသောအခါ၌ သော်လည်းကောင်း နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချရမှု အခွင့်အရေးရှိသည်။
(၂) သားသည်မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းကို ရခွင့်ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ အခြားနည်းဖြင့်ဖြစ်စေ မွေးဖွားသောကလေးအားလုံးသည် တူညီသော လူမှုကာကွယ် စောင့်ရှောက်ရေးကို ရယူခံစားကြရမည်။

အပိုဒ် ၂၆
(၁) လူတိုင်းသည် ပညာသင်ယူနိုင်ခွင့်ရှိသည်၊ အနည်းဆုံး မူလတန်းနှင့် အခြေခံအဆင့်အတန်းများတွင် ပညာသင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ပညာဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှုပညာများကို ယေဘုယျအားဖြင့် သင်ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကို အခြေခံပြု၍ တူညီသော အခွင့်အရေး ရရှိစေရမည်။
(၂) ပညာသင်ကြားရေးကို လူသားတို့၏ စရိုက်လက္ခဏာ အပြည့်အဝတိုးတက်မှုအပြင်၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့် ရိုသေလေးစားမှုတို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြားစေရမည်။ ပညာသင်ကြားရေးသည် နိုင်ငံအားလုံးတို့တွင်လည်းကောင်း၊ လူမျိုးစုများ တွင်လည်းကောင်း၊ ဘာသာရေး အသင်းအဖွဲ့များတွင်လည်းကောင်း၊ အချင်းချင်းနားလည်မှု၊ သည်းခံမှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့ပြင် ငြိမ်းချမ်းရေးတည်တံ့အောင် ဆောင်ရွက်ရန်အလို့ငှာ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက်အောင် အားပေးရမည်။
(၃) မိဘတို့တွင် မိမိတို့၏ ကလေးများ သင်ယူရမည့် ပညာအမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦး အခွင့်အရေးရှိသည်။

အပိုဒ် ၂၇
(၁) လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှုလောက၌ လွတ်လပ်စွာ ပါဝင်ဆောင်ရွက်နိုင်ခွင့် သုခုမ ပညာရပ်များကို လွတ်လပ်စွာ လိုက်စားမွေ့လျော်နိုင်ခွင့်၊ သိပံ္ပပညာထွန်းကားရေးလုပ်ငန်းများတွင် လွတ်လပ်စွာ ဝင်ရောက် လုပ်ကိုင်နိုင်ခွင့်နှင့် ထိုပညာ၏ အကျိုးအာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့်ရှိသည်။
(၂) လူတိုင်းတွင် သိပံ္ပမှဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှဖြစ်စေ၊ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ကြံစည်ဖန်တီးမှုမှ ဖြစ်ထွန်းလာသည့် ဂုဏ်နှင့် ငွေကြေး အကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေးအတွက် ကာကွယ်မှုကို ရရှိရန် အခွင့်အရေးရှိသည်။

အပိုဒ် ၂၈
လူတိုင်းသည် ဤကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အပြည့်အစုံ ရယူနိုင်သော လူမှုဆက်ဆံရေး အခြေအနေနှင့် အပြည်ပြည်ဆိုင်ရာဆက်ဆံရေး အခြေအနေတို့၏ အကျိုးကျေးဇူးကို ခံစားနိုင်ခွင့်ရှိသည်။

အပိုဒ် ၂၉
(၁) မိမိ၏ စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိုက်အဝန်းအတွက် လူတိုင်း၌ တာဝန်ရှိသည်။
(၂) မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည်၊ အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို အသိအမှတ်ပြု၍ ရိုသေလေးစားစေရန် အလို့ငှာလည်းကောင်း၊ ဒီမိုကရေစီကျင့်သုံးသော လူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင်၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့ အကျိုးစီးပွား ဖြစ်ထွန်းရေးတို့အတွက်၊ တရားမျှတစွာ ကျင့်ဆောင်ရန်အလို့ငှာ လည်းကောင်း၊ ဥပဒေက ပြဋ္ဌာန်းထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။
(၃) အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို မည်သည့်အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ်ချက် များနှင့်လည်းကောင်း၊ အခြေခံမူများနှင့်လည်းကောင်း ဆန့်ကျင်၍ မသုံးစွဲရ။

အပိုဒ် ၃ဝ
ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ ပျက်စီးရာပျက်စီးကြောင်းတို့ကိုရည်ရွယ်၍၊ နိုင်ငံတစ်နိုင်ငံအတွက်ဖြစ်စေ၊ လူတစ်စုအတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော်လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန် အခွင့်ရှိသည်ဟု သော်လည်းကောင်း အဓိပ္ပာယ် ပိုင်းခြားကောက်ယူခြင်း မရှိစေရ။

မောက္ခမဂ္ဂဇင်း

(၁၉၄၈)ခုနှစ်၊ ဒီဇင်ဘာလ(၁ဝ)ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ညီလာခံ အစည်းအဝေးကြီးက လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို အတည်ပြု၍ ကြေ ညာလိုက်ရာ ထိုကြေညာစာတမ်းကြီး၏စာသားသည် နောက်စာမျက်နှာ များတွင် အပြည့်အစုံပါရှိသည်။ ဤကဲ့သို့ရာဇဝင်တင်မည့် ကြေညာချက် ကိုပြုလုပ် ပြီးနောက် ဤညီလာခံအစည်းအဝေးကြီးက ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံအားလုံးအား ထိုကြေညာစာတမ်းကြီး၏ စာသားကို အများပြည်သူတို့ ကြားသိစေရန်ကြေညာ ပါမည့် အကြောင်းကိုလည်းကောင်း၊ ထို့ပြင်နိုင်ငံများ၊ သို့တည်းမဟုတ် နယ်မြေများ၏ နိုင်ငံရေးအဆင့်အတန်းကို လိုက်၍ ခွဲခြားခြင်းမပြုဘဲ အဓိကအားဖြင့် စာသင်ကျောင်းများနှင့် အခြားပညာရေးအဖွဲ့အစည်းများတွင် ထိုကြေညာ စာတမ်းကြီးကို ဖြန့်ချိဝေငှ စေရန်၊ မြင်သာအောင်ပြသ ထားစေရန်၊ ဖတ်ကြားစေရန်နှင့် အဓိပ္ပာယ်ရှင်းလင်းဖော်ပြစေ ရန် ဆောင်ရွက်ပါမည့် အကြောင်းဖြင့် လည်းကောင်း ဆင့်ဆိုလိုက်သည်။ 

သင်သေဆုံးသွားပြီးတဲ့နောက် ဘ၀ဟောင်းက သင့်ရဲ့ အီးမေးလ်


Photo: သင်သေဆုံးသွားပြီးတဲ့နောက် ဘ၀ဟောင်းက သင့်ရဲ့ အီးမေးလ်
Sunday, April 21, 2013

အနိစ္စသဘောကတော့ အမြဲ မရှိတဲ့ဗျ။ အချိန်တိုင်းမှာ ကိစ္စက ရှောနေကြတာ။ ဘာဘဲဖြစ်ဖြစ်၊ ဘယ်သူဘဲဖြစ်ဖြစ် တချိန်ချိန်မှာတော့ သွားရမှာပဲဗျနော့..။ နီးနီးလေးလား…။ ဝေးဝေးကြီးမှာလား… ။ သိဝူးကွဲ့…။ ခေတ်ကာလကလည်း အင်း….။ နေ့လား… ညလား ဆိုသဟာလိုမျိုး။ ကျုပ်တို့မှာက မြောက်ကိုရီးယားက ဆော်ထည့်လိုက်လည်း သိပ်တော့ မထူးဘူးလို့ပဲ ပြောချင်ပါတယ်။ အကောင်းမှ မရှိပဲကိုးဗျ။ ဒီတော့ကာ ရှင်သန်နေဆဲကာလမှာ အရသာ ရှိတာလေးကိုတော့ မေ့လို့ ရမယ်မထင်။ အဖြစ်ထက် အပျက်ကိုတော့ ရှုမှတ်တာပဲဗျာ။ ကောင်းတာတွေပဲ ပေါ်နေလွန်းလို့ပါ။

ဒါပေသိ… ကျုပ်ရဲ့ အီးမေလ်ကိုတော့ ကျုပ်မရှိတော့တဲ့အခါ ဘယ်မှာ… ဘယ်လို သိမ်းထားရမလည်းလို့ တွေးပူနေမိခဲ့တာလည်း အခါခါပါပဲ။ ဦးပုညရဲ့ ရေသည်ပြဇာတ်ထဲက မြောက်မြို့ရိုးကြားက အသပြာ ပြားဝက်မျှကို တပ်မက်တဲ့ စိတ်နဲ့ (အခုအခါ) အိမ်ရှေ့မင်းသား၊ သူကြွယ်ဖြစ်နေတဲ့ ရေသည်ဟောင်းဟာ ဘ၀ဟောင်းရဲ့ ဒိုင်ယာရီကို စိတ်ထဲ အစွဲ ရှိခဲ့သေးတာပဲဗျာ။ ဘယ်နှယ့် ဒီ အီးမေလ်နဲ့ ဖေ့ဘုတ်ကို ဘယ်လို မေ့လို့ရမှာလည်းကွယ်။  ပုထုဇနော ဥမ္မာတကောတဲ့။ ကျုပ်လည်း ပုထုဇဉ်ပါ။ အဲဒီနေရာလေးမှာပဲ ဒုက္ခတွေ၊ သုခတွေ၊ ရှုစားစရာတွေကို ခံစားရှုမြင်ရင်း ဘ၀ရဲ့ နာရီထက်ဝက်ကျော်ကို ပေးအပ်ခဲ့သူမဟုတ်လား။ ပြီးတော့လည်း ဘုစုခရုအရွယ်ကတည်း ကျုပ်ရဲ့ပုံတွေ၊ ကာလသား အရွယ်က နှစ်ပါးသွားပုံတွေ။ အခြားအခြားသော လုပ်ငန်းခွင် မိတ်ဆွေများနဲ့ ပုံတွေ၊ စာတိုပေစတွေ၊ ကျုပ်ရဲ့ ကိုယ်ပိုင်ဒဿနတွေ၊ ပေးစာ ပြန်စာတွေ၊ တခ်လုပ်ထားတဲ့ ရှုခင်းပုံ လန်းလန်းလေးတွေ၊ ချက်တင်က မတ်ဆေ့ခ်ျတွေ… သူငယ်ချင်း ငါးထောင်ကျော်… ဒါတွေကို ဘယ်လို ထားရစ်ခဲ့ရမလည်းကွယ်။ ကျုပ်ကတော့ မကြာခင် သွားရတော့မှာ အသေအချာ။

အခုတော့ ဆရာဂူးဂယ်ကို ကျေးဇူး ထပ်တင်ရတော့မှာပ။ မသုံးဖြစ်တော့တဲ့ အီးမေးလ်ကို ကာလတစ်ခု အကြာမှာ အလိုအလျောက် ပိတ်သွားစေဖို့ဖြစ်စေ၊ အခြားသော အီးမေးလ်တစ်ခုထံကို အလိုအလျောက် ဆက်သွယ် ပေးဖို့ဖြစ်စေ စီစဉ်ထားရစ်ခဲ့နိုင်ပါတယ်။

အမွေကိစ္စ၊ ကျုပ်ရဲ့ နာရေးကို လှတ၊ ပတဖြစ်အောင် ဘယ်လို စီစဉ်ရမယ်ဆိုတာတွေ ပြီးစီးသွားတဲ့အခါမှာ နောက်ထပ် အလုပ်တစ်ခုအနေနဲ့ လုပ်ရဦးတော့မယ်။ Google ရဲ့ Inactive Account Manager ကို ကျုပ်ရဲ့ နောက်ဆုံးအချိန်မှာ သုံးခွင့်ပေးကြပါဦး။

ကျုပ်ဘ၀ ကူးပြောင်းသွားတဲ့အခါမှာ (ကာလတခုအကြာမှာ) အရှင် Google ဟာ ဒုတိယမြောက် အီးမေးလ်အကောင့်ဆီကို မတ်ဆေ့ခ်ျတွေ ပေးပို့နေလိမ့်မယ်။ ပြန်စာ မရခဲ့ရင်တော့ အရှင် Google ဟာ သဘောပေါက်လိုက်ပါလိမ့်မယ်။ ကျုပ်ဟာ ကံကြမ္မာဆိုး (တာဝတိံသာ ရောက်ပြီး အကောင်းလည်း ဖြစ်ချင် ဖြစ်မှာနော့..) တစ်ခုခုနဲ့ ရင်ဆိုင်နေခဲ့ရပြီး Google ဘ၀ထဲကနေ အပြီးအပိုင် အနိစ္စသဘောနဲ့ ကိစ္စရှောသွားပြီလို့။

ကျုပ်ရဲ့ ဒစ်ဂျစ်တယ် ဘ၀ကိုလည်း အရှင် Google ဟာ နိဂုံးလှလှ ချုပ်ပေးရပါလိမ့်ဦးမယ်။ အင်း.. မွေးမေ့အသက်အပြင်၊ အရှင် google ရဲ့ ဒစ်ဂျစ်တယ် အသက်ကလည်း ရှိသမှုတ်လား။ ယခုဘ၀မှာ ခင်မင် ရင်းနှီးခဲ့ရသူ တစ်ဦးဦးကို ကိုယ့်ရဲ့ ဒစ်ဂျစ်တယ် ဘ၀ကို ဆက်လက် နှင်းအပ်ခဲ့ချင်ရင်လည်း ရတယ်တဲ့။ ကိုယ်ရဲ့ ဒစ်ဂျစ်တယ်အသက်ကို ပေးအပ်ပါရစေကွယ်။

ကိုင်း ဒစ်ဂျစ်တယ် ဈာပန ချကြရအောင်...  ၃ ခါ လိုက်ဆို။

ဂူဂယ် သရဏံ ဂစ္ဆာမိ

ဒစ်ဂျစ်တယ် သရဏံ ဂစ္ဆာမိ

Facebook သရဏံ ဂစ္ဆာမိ

သဗ္ဗေသင်္ခါရာ၊ ခပ်သိမ်းကုန်သော ဖွင့်လှစ်ထားသော ဒစ်ဂျစ်တယ် အကောင့်တို့သည်၊ အနိစ္စာ၊ တချိန်ချိန်တွင် ပိတ်သွားခြင်းသည်သာလျှင် နိဂုံးကမ္ပတ် အဆုံးသတ် ရချေပါတကား။ 

ဒစ်ဂျစ်တယ်သစ္စာနဲ့

သျှင်အနုရောဓိ
မောက္ခမဂ္ဂဇင်း

အနိစ္စသဘောကတော့ အမြဲမရှိတဲ့ဗျ။ အချိန်တိုင်းမှာ ကိစ္စက ရှောနေကြ တာ။ ဘာဘဲဖြစ်ဖြစ်၊ ဘယ်သူဘဲဖြစ်ဖြစ် တချိန်ချိန်မှာတော့ သွားရမှာပဲဗျနော့..။ နီးနီးလေးလား…။ ဝေးဝေးကြီး မှာလား… ။ သိဝူးကွဲ့…။ ခေတ်ကာလကလည်း အင်း….။ နေ့လား… ညလား ဆိုသဟာလိုမျိုး။ ကျုပ်တို့မှာက မြောက်ကိုရီးယား က ဆော် ထည့်လိုက်လည်း သိပ်တော့ မထူးဘူးလို့ပဲ ပြောချင်ပါတယ်။

အကျဈေးဖြင့် ရွှေဝယ်စုသူ များပြား၍ ရွှေဈေးမငြိမ်ဖြစ်နေ မိနစ်ပိုင်းအတွင်း၌ပင် ဈေးအတက်အကျ ဖြစ်လျက်ရှိပြီး ပျမ်းမျှဈေးဖြင့် ရောင်းဝယ်နေရ


အကျဈေးဖြင့်ရွှေဝယ်စုသူများ၍ ဧပြီလ ၁၉ ရက်နေ့ မြန်မာ့ရွှေဈေးမှာတည်ငြိမ်မှုမရှိပဲ အတက် အကျ မြန်ဆန်လျက်ရှိကြောင်း၊ မိနစ်ပိုင်း အတွင်း၌ပင် ဈေးအပြောင်းအလဲ မြန်ဆန်နေသည်ဟု သိရသည်။

Park Royal ဟိုတယ် ရှစ်လွှာမှ ဟိုတယ်ဝန်ထမ်းတစ်ဦး ပြုတ်ကျသေဆုံး ရဲတပ်ဖွဲ့ဝင်များက ပြုတ်ကျသေဆုံးရသည့် အကြောင်းအရင်းကို သိရှိနိုင်ရေးအတွက် ဟိုတယ်၏ CCTV ကင်မရာများကို ပြန်လည်ကြည့်ရှု စစ်ဆေး


ဧပြီ ၁၉ ရက် နံနက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် အလံပြဘုရားလမ်းရှိ Park Royal ဟိုတယ်၏ ရှစ်လွှာအမြင့်မှ ဟိုတယ်ဝန်ထမ်းတစ်ဦး ပြုတ်ကျသေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

သန္ဓေတားဆေး ဆိုးကျိုးကောင်းကျိုး .....


သန္ဓေတားဆေး ဆိုးကျိုးကောင်းကျိုးစိတ်ချရတဲ့ သားဆက်ခြားနည်းတွေထဲမှာ နေ့စဉ် သောက် သန္ဓေတား ဆေးကဒ်ကို သုံးစွဲခြင်းလည်း ပါဝင်ပါတယ်။ အဆိုပါဆေး သောက်သုံးခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ လစဉ်ရာသီပုံမှန်လာခြင်း၊ ရာသီလာစဉ်နာကျင်ကိုက်ခဲမှုကို သက်သာစေ ခြင်း၊ ကလေးယူ တော့မည်ဆိုလျှင် ဆေးသောက်ရပ် လိုက်သည်နှင့် ကလေးရနိုင်ခြင်း၊ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင် ဆာဖြစ်နိုင်ခြေနည်း သွားခြင်းတို့ပဲ ဖြစ် ပါတယ်။

မူးယစ်နေသော တူဖြစ်သူက ဓားကိုင် စိန်ခေါ်သဖြင့် ဦးလေးဖြစ်သူ ဓားချင်း ယှဉ်ခုတ်စဉ် သေဆုံး


ဧရာဝတီ တိုင်းဒေသကြီး ငပုတော မြို့နယ် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ အထက်စု ရွာ၌ ဧပြီ ၁၈ ရက် ညနေပိုင်းက မူးယစ် ရမ်းကား၍ စိန်ခေါ်ပြီး ဓားချင်း ယှဉ်ခုတ်ရာမှ သေဆုံး မှု ဖြစ်ပွား ကြောင်း သိရသည်။

ကော်ဖီသည် အသည်းရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ကြောင်း လေ့လာတွေ့ရှိ



ကော်ဖီသည် အရက် သောက်သုံးသူ များအား အသည်းရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ် နိုင်ကြောင်း ဖင်လန်နိုင်ငံ သုတေသန ပညာရှင် များက အရက်သေစာ နှင့် အရက်စွဲခြင်း ဆိုင်ရာ ဂျာနယ်တွင် ဖော်ပြထားသော လေ့လာ မှု တစ်ရပ်တွင် ပြောကြား ထားသည်။ သုတေသီ များသည် အသက် ၂၅ နှစ်မှ ၇၄ နှစ် အကြားရှိ ဖင်လန် အမျိုးသား နှင့် အမျိုးသမီး ၁၉၀၀၀ ဦးခန့်အား ကော်ဖီ သောက်သုံးခြင်း နှင့် စပ်လျဉ်း၍ မေးမြန်း ခဲ့ပြီး လေ့လာမှု တွင် ပါဝင် သူများ၏ သွေးအတွင်း အသည်းအင်ဇိုင်း ( GGT ) ပါဝင်မှု ပမာဏကို လည်း တိုင်းတာ ခဲ့ကြသည်။

မွတ်ဒေါင်းဖြစ်တဲ့ မင်းကိုနိုင်အတွက် ဦးဇင်း ပညာစက္က၏ ဆုံးမစာ


မင်းကိုနိုင်ပြောစကးကို ပြန်လည်သုံးသပ်ချက်) ကျနော်တို့ ခွတ်ဒေါင်းအလံကို ကိုင်မယ့်လက်ဟာ လူမျိုး ဘာ သာ မခွဲခြားပါဘူး ကျနော်တို့ တမျိုးသားလုံး အ တွက် သစ္စာရှိဖို့ရယ် သွေးစွန်းနေတဲ့ လက်မဖြစ်ဖို့ရယ် သန့်စင် တဲ့ လက်ဖြစ်ဖို့ပဲ လိုပါတယ်။ (မင်းကိုနိုင်)

ကျပ် ၅၀၀၀ တန်မြန်မာငွေစက္ကူအတု သိန်း ၂၇၀ ဖမ်းဆီးရမိ


ကချင်ပြည်နယ် ၊ မြစ်ကြီးနား မြို့နယ် ၊ မြို့နယ် ရဲတပ်ဖွဲမှူး ယာယီ ရဲမှူး လှရီ ၏ လမ်းညွှန်မှု အရ မြို့ပေါ် ရပ်ကွက်များ အတွင်း လုံခြုံရေး အတွက် ရှောင်တခင် ဧည့်စာရင်း စစ်ဆေးခြင်း ဆောင်ရွက်ရာ မှ မြန်မာ ငွေ စက္ကူ ကျပ် ၅၀၀၀ တန် အတု ငွေကျပ်သိန်း ၂၇၀ နှင့် တရားမ၀င် ၀င်ရောက် လာသည့် တရုတ် နိုင်ငံ သား ၂ ဦးနှင့် မြစ်ကြီးနားမြို့ နေသူ ၂ ဦးတို့အား ဧပြီလ ၁၂ ရက်က ဖော်ထုတ် ဖမ်းဆီး ရမိခဲ့ကြောင်း သိရ သည်။

အန်အယ်ဒီပါတီကို တရုတ်အစိုးရက ပထမဆုံး အကြိမ် ငွေလှူ



ယခင် မြန်မာအစိုးရနှင့် ရင်းနှီးနီးကပ်စွာ နေပြီး မြန်မာ့နိုင်ငံအတွက် အကူအညီများ ပေးခဲ့သော တရုတ် အစိုးရမှ အန်အယ်လ်ဒီပါတီအတွက် အလှူငွေများ ပေးအပ်ခဲ့ပါတယ်။ 
 
ဓာတ်ပုံ (ဟာကျူလီ-ကသာ)

ရွှေဂတ်စ်ပိုက်လိုင်း လမ်းကြောင်းရှိ တိုင်းရင်းသားပါတီနှင့် ကိုယ်စားလှယ်များအား တရုတ်အစိုးရဖိတ်ခေါ်


ရန်ကုန်(မဇ္ဈိမ)။ ။ ရွှေဂတ်စ်ပိုက်လိုင်း လမ်းကြောင်းပေါ်ရှိ ဒေသတွင်း တိုင်းရင်းသားပါတီအချို့နှင့် လွှတ်တော်တွင် ကိုယ်စားလှယ်အဖြစ် အများအပြား တက်ရောက်နေကြသော ပါတီများအား တရုတ် ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဖိတ်ခေါ်ထားကြောင်း ဖိတ်ကြားခံရသည့် ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ (RNDP) မှ ဥက္ကဌ ဒေါက်တာအေးမောင် ကပြောသည်။

ဝါရှင်တန်မြန်မာသံရုံး သင်္ကြန်ပွဲ


နိုင်ငံရပ်ခြားမှာရောက်ရှိနေတဲ့ မြန်မာတွေအချင်းချင်း ရင်းနှီးမှုပိုရှိလာစေဖို့နဲ့ တဦးအပေါ်တဦး နားလည် မှုတွေ ရှိလာစေဖို့ ရည်ရွယ်ချက်နဲ့ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးမှာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲကို လုပ်ခဲ့တာ ဖြစ်တယ်လို့ မြန်မာသံအမတ်ကြီး ဦးသန်းဆွေက ပြောဆိုလိုက်ပါတယ်။ အမေရိကန်   ပြည်ထောင်စု အရှေ့ဘက်ခြမ်းမှာရှိတဲ့ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးမှာ ဧပြီလ ၂၀ ရက် စနေနေ့က အတာသင်္ကြန်ပွဲကို ပြုလုပ်ခဲ့တာဖြစ်ပြီး၊ ၀ါရှင်တန်ဒီစီမှာရှိတဲ့ မြန်မာအသိုင်းအ၀ိုင်းအားလုံးကိုရော၊ အမေရိကန်ပြည်ထောင်စုက ဧည့်သည်တွေရော၊ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက သံရုံးတွေကိုပါ ဖိတ်ကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး သံအမတ်ကြီး ဦးသန်းဆွေက အခုလို ပြောပြပါတယ်။

Boston မာရသွန် ဗုံးဖောက်ခွဲခဲ့သော ညီအစ်ကို နှစ်ယောက်၏ ဖြစ်စဉ် (အပြည့်အစုံ)


မိပြီ" မာရသွန်ဗုံးဖောက်ခွဲမှု တရားခံကို ဖမ်းဆီး ထိန်းသိမ်းထားပြီဟု ဘော်စတွန် ရဲတပ်ဖွဲ့ ကြေငြာ
CNN
ဘော်စတွန် မာရသွန်ဗုံးဖောက်ခွဲမှုမှ ဒုတိယမြောက် သင်္ကာမကင်း ဖြစ်ခံရသူကို သောကြာနေ့ညက ဖမ်းဆီးရမိလိုက်ပြီ ဖြစ်သောကြောင့် မက်ဆာချူးဆက် ပြည်နယ် မြို့တော် တွင်ပြုလုပ်ခဲ့သော လူဖမ်းပွဲကြီး အဆုံးသတ် သွားပြီ ဖြစ်ကာ ထိုသူသည် လက်နက်နှင့် ပေါက်ကွဲ စေတတ်သော ပစ္စည်းများ ပါဝင်နိုင်သည်ဟု သတိပေးထားမှုကြောင့် စိုးရိမ်ထိတ်လန့်နေရမှု များလည်း ကင်းစင် သွားပြီဖြစ်သည်။

ကလောမြို့နယ် အတွင်း ပြည်သူများ CDMA 800-MHz မိုဘိုင်းလ်ဖုန်းများ ဝယ်ယူခွင့် ရရှိရေး လျှောက်ထားလျက်ရှိ


ရှမ်းပြည်နယ် (တောင်ပိုင်း) ကလော မြို့နယ်အတွင်း ယနေ့မှ စတင်၍ ပြည်သူများက CDMA 800-MHz မိုဘိုင်းလ်ဖုန်းများအား ဝယ်ယူခွင့်ရရှိရေး ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး၌ လျှောက် ထားလျက် ရှိကြောင်း သိရသည်။

Saturday, April 20, 2013

စာနယ်ဇင်း လွတ်လပ်ခွင့်ပေးပြီးနောက် အဆိပ်ဖြစ်စေတဲ့ စာတွေများလာ


Photo: စာနယ်ဇင်း လွတ်လပ်ခွင့်ပေးပြီးနောက် အဆိပ်ဖြစ်စေတဲ့ စာတွေများလာ

မြန်မာနိုင်ငံမှာ အစိုးရက စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို ဖွင့်ပေးလိုက်တဲ့နောက်ပိုင်း ပြည်သူတွေကို အဆိပ်အတောက်ဖြစ်စေတဲ့စာပေတွေ အများအပြား ထွန်းကားလာနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာပြုလုပ်တဲ့ ပုံနှိပ်ထုတ်ဝေခြင်းလုပ်ငန်း(ဥပဒေကြမ်း) ရှင်းလင်းတင်ပြခြင်းနဲ့ အကြံဥာဏ်တောင်းခံခြင်း အခမ်းအနားမှာ ပြည်ထောင်စု ဒုတိယဝန်ကြီးက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။

"တင်ထုတ်စနစ်ကနေ ထုတ်တင်စနစ်ကို ကျွန်တော်တို့ ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။ အဲဒီလိုကျင့်သုံး လိုက်ပြီးနောက်ပိုင်းမှာပေါ့လေ အခုအချိန်အထိ ဘာတွေဖြစ်လာလဲဆိုတော့ ကျွန်တော်တို့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ ပြည်သူလူထုကို အဆိပ်အတောက်ဖြစ်စေတဲ့ ရေးသား မှုမျိုးတွေ တစ်စတစ်စများပြားလာနေတာကို ကျွန်တော်တို့ တွေ့ရပါတယ်"

ပြန်ကြားရေးဌာနရဲ့ စာရင်းပြုစုချက်အရ ပြီးခဲ့တဲ့မတ်လအထိ လောင်းကစားကိစ္စရပ်တွေကို အားပေးလှုံ့ဆော်တဲ့ ဂျာနယ်အမျိုးအစား ၁၃ မျိုးနဲ့ မြန်မာ့ယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ ရေးသားချက်၊ ဖော်ပြချက်နဲ့ ဓာတ်ပုံတွေပါဝင်တဲ့ ဂျာနယ်အမျိုးအစား ၄၆ စောင်ထိတွေ့လာရတယ်လို့ ဝန်ကြီးကဆိုပါတယ်။

ဒီဥပဒေမူကြမ်းကို အတည်ပြုပြီး နည်းဥပဒေတွေနဲ့ အသက်ဝင်လာတဲ့အခါမှာ ဒီအဆိပ်အတောက်စာပေတွေကို ထိန်းချုပ်သွားနိုင်မှာ ဖြစ်တယ်လို့လည်း ဝန်ကြီးကပြောပါတယ်။

ဒီကနေ့ စစ်တွေမြို့မှာပြုလုပ်တဲ့ အခမ်းအနားဟာ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းကို အတည်ပြုနိုင်ဖို့အတွက် ဒေသခံတွေရဲ့ သဘောထားဆန္ဒနဲ့ အကြံဥာဏ်တွေကို အခုလ ၃၀ ရက်နေ့ နောက်ဆုံးအထိ တောင်းခံခြင်းဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ အဲဒီအကြံပြုဆွေးနွေးချက်တွေကို ဥပဒေပြုရေးအဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းသွားမှာ ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန မူပိုင်ခွင့်နဲ့ မှတ်ပုံတင်ဌာနခွဲက ညွှန်ကြားရေးမှူး ဦးအောင်ကျော်ဦးက ဒီအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အခုလို ဥပဒေမူကြမ်းအတွက် အကြံဥာဏ်တောင်းခံတာတွေကို အခြားတိုင်းနဲ့ ပြည်နယ်အချို့မှာလည်း ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ဒီအခမ်းအနားကို ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ၊ ဥပဒေပညာရှင်တွေ၊ စာပေပညာရှင်တွေ စုစုပေါင်း ၇၀ လောက်က တက်ရောက်ဆွေးနွေးခဲ့ပါတယ်။

RFA Burmese
မြန်မာနိုင်ငံမှာ အစိုးရက စာနယ်ဇင်း လွတ်လပ်ခွင့်တွေကို ဖွင့်ပေးလိုက်တဲ့နောက်ပိုင်း ပြည်သူတွေကို အဆိပ်အတောက်ဖြစ်စေတဲ့စာပေတွေ အများအပြား ထွန်းကားလာနေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေးက ပြောကြားလိုက်ပါတယ်။

ဆိုရှယ်မီဒီယာများနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ


Photo: ဆိုရှယ်မီဒီယာများနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ ”
Saturday, 20 April 2013 

ယနေ့ ၂၀၁၃ခုနှစ်၊ ဧပြီလ ၂၀ရက်၊ နံနက်၁၀း၂၀ နာရီက ရန်ကုန်မြို့၊
သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့
အစည်း ရုံးခန်းတွင် ဆိုရှယ်မီဒီယာများ အရေးကိစ္စနှင့် ပတ်သက်၍
အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း
လူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေးဌာနမှ ဦးစီး၍ ပြုလုပ်ခဲ့သည်။
ထိုဆွေးနွေးပွဲသို့ စာနယ်ဇင်းကောင်စီ၊ စာနယ်ဇင်း သမဂ္ဂ၊ MIDO ၊
MJN၊ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊ သဘင်အစည်းအရုံး၊
တက္ကသိုလ်အသီးသီးမှ ကျောင်းသားအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့
များနှင့် မီဒီယာများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပွဲတွင် Online ဆိုရှုယ်မီဒီယာများနှင့် Facebook စာမျက်နှာ
များပေါ်၌ အများပြည်သူများ အထိတ်တလန့် ဖြစ်စေသော၊ ဘာသာရေး၊
လူမျိုးရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပဋိပက္ခများဖြစ်စေသော အရေးအသားများ၊
ထင်မြင်ယူဆချက်များ၊ အတုအယောင်ဖန်တီးနေမှုများ၊ သွေးထိုးလှုံ့ဆော်
နေမှုများနှင့် ပတ်သက်၍ မည်သို့တားဆီးဆောင်ရွက်နိုင်ကြမည်ကို
အားလုံးဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အင်တာနက်အသုံးပြုရာတွင်
လိုက်နာကျင့်သုံးရမည့်ကျင့်ဝတ်များနှင့်ပတ်သက်၍ လည်းကောင်း၊
Cyber ဥပဒေနှင့်ပတ်သက်၍လည်းကောင်း အမြင်ရှုထောင့်အမျိုးမျိုးဖြင့်
ဆွေးနွေးခဲ့ကြသည်။

The 88 Generation - Public Relation'

Myawaddy News
မီဒီယာများ အရေးကိစ္စနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေး ဌာနမှ ဦးစီး၍ ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲသို့ စာနယ်ဇင်းကောင်စီ၊ စာနယ်ဇင်း သမဂ္ဂ၊ MIDO ၊ MJN၊ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊ သဘင်အစည်းအရုံး၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသားအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် မီဒီယာ များ တက်ရောက်ခဲ့ကြသည်။

မြန်မာ့လူ့အခွင့်အရေး အမေရိကန်ချီးကျူး


မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာခဲ့ပြီး ပြုပြင်ပြောင်းလဲရေး ဆက်ပြီးလုပ်သွားမဲ့ပုံ ရပေမဲ့ စိန်ခေါ်မှုတွေ အများကြီး ရှိနေသေးတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး John Kerry က ပြောလိုက်ပါတယ်။ သောကြာနေ့က အမေရိကန်နိုင်ငံခြားရေး ဌာနမှာ ပြုလုပ်တဲ့ နှစ်ပတ်လည် လူ့အခွင့်အရေးအစီရင်ခံစာထုတ်ပြန်ပွဲမှာ ဝန်ကြီး Kerry ကခုလို ပြောကြားခဲ့ တာဖြစ်ပါတယ်။ အထီး ကျန် နိုင်ငံတခု ဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံဟာ တိုးတက်မှုတွေ ရှိလာပေမဲ့ အမေရိန်ကန်က ဖြစ်စေချင်တဲ့ အခြေအနေ မရောက်သေးဘူးလို့လည်း သူကပြောကြားခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က တင်ပြ ပေးထား ပါတယ်။

စေတီပုံပါ အထည်စ ရောင်းတာ သာသနာကို ညိုးနွမ်းစေသလား


Photo: စေတီပုံပါ အထည်စ ရောင်းတာ သာသနာကို ညိုးနွမ်းစေသလား
Saturday, 20 April 2013


စေတီပုံ ရိုက်နှိပ်ထားသော ချည်ထည်များ လက်ဝယ်တွေ့ရှိသောကြောင့် ရန်ကုန် မြို့ ယုဇနပလာဇာရှိ အထည်ဆိုင် ပိုင်ရှင်ကို သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မဖွင့်၍ အရေးယူထားရပြီး အထည်တင်သွင်းလာသည့် မော်လမြိုင်မြို့သို့လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့က ပြောဆိုသည်။

သို့သော် ဧရာဝတီမှ စုံစမ်းသိရှိရသမျှ အမှုသွား အမှုလာများအရ အထည်ဆိုင်ပိုင်ရှင်ကို တရားစွဲဆိုနိုင်လောက်သည့် အထောက်အထားများ မတွေ့ရှိရဘဲ  ဆိုရှယ်မီဒီယာပေါ်တွင် လူပြောများနေသည့် စေတီပုံ ဒီဇိုင်းဆင်ထားသည်ဆိုသော အထည်စများသည် ထိုင်းနိုင်ငံတွင် ထုတ်လုပ် တင်သွင်းလာသောအစများ ဖြစ်ဖွယ်ရှိသည်။

၂၀၁၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က ယုဇနပလာဇာ မျက်နှာစာတမ်းအနီးရှိ မေခလာ(သမီး) အထည်ဆိုင်တွင် ရောင်းချလျက်ရှိသော ပိတ်စအချို့တွင် စေတီပုံ ရိုက်နှိပ်ထားသော ချည်ထည် ၇ ထည်ကို သိမ်းဆည်းရမိခဲ့ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့ စခန်းမှူး ဦးသက်နိုင်က ဧရာဝတီသို့ ပြောသည်။ ‘အစကတော့ ထမီစလည်း ချုပ်လို့ရတယ်။ အကျီစလည်း ချုပ်လို့ရတယ်။ ပါတိတ်ပေါ့။ ကျနော်တို့ ၇ ထည် မိထားတယ်”ဟု သူက ပြောသည်။

ချည်ထည်အစများတွင် စေတီပုံ ရိုက်နှိပ်ထားခြင်းကို ကာယကံရှင် ဆိုင်ရှင်များကိုယ်တိုင် မသိရှိဘဲ ရဲများဝင်ရောက် ရှာဖွေမှသာ သိရှိရသည်ဟု ထွက်ဆိုထားကြောင်း စခန်းမှူးက ရှင်းပြသည်။

ယခုကိစ္စကို တိုင်း ခရိုင် အဆင့်ဆင့်တင်ပြခဲ့ပြီး သင်္ကြန်ကာလ အလုပ်ရှုပ်နေသောကြောင့် အမှုမဖွင့်ဘဲထားခဲ့ရာ  ဘာသာရေး အဖွဲ့အစည်းတခုမှ အမှုဖွင့်ပေးရန် ဖိအားပေး တောင်းဆိုသောကြောင့် ဧပြီလ ၁၄ ရက်နေ့တွင် သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မ  ၂၉၅ ဖြင့် ရဲစခန်းမှ တာဝန်မှူး ဒုရဲအုပ် မင်းမင်းအောင်က တရားလိုလုပ်၍ အမှုဖွင့်ထားကြောင်း၊ စခန်းမှူးကိုယ်တိုင်က အမှုစစ်အရာရှိ အဖြစ်ဆောင်ရွက်နေကြောင်းလည်း ရှင်းပြသည်။

အမှုစစ်ဆေးပေါ်ပေါက်ချက်အရ အထည်အလိပ်များမှ မော်လမြိုင်ဘက်မှ ၀င်ရောက်လာခြင်းဖြစ်ကြောင်း၊ ထိုကြောင့် မော်လမြိုင် အဆက်အသွယ်ကို လိုက်လံ ဖော်ထုတ်လျက် ရှိကြောင်း၊ မေခလာပိုင်ရှင်မှာ ဗုဒ္ဓဘာသာဖြစ်ပြီး ဘုရားတည် ကျောင်းဆောက်နေသူ ဖြစ်ကြောင်း၊ ဆိုင်အပေါ်ထပ်သို့ ၀င်ရောက်ရှာဖွေရာ ဘုရားစင်တစ်ခုကို တွေ့ရှိရကြောင်း၊ သက်သေခံပစ္စည်းကို သိမ်းဆည်းထားပြီး စေတီပုံမှာ ပြောင်းပြန်လှန်လိုက်မှသာ နောက်ကျောဘက်တွင် တွေ့ရှိရကြောင်း၊အထည်စတိုင်းတွင် တွေ့ရှိရခြင်း မဟုတ်ဘဲ အချို့အစများတွင်သာ တွေ့ရှိရကြောင်း ရဲအရာရှိ ဦးသက်နိုင်က ဧရာဝတီနှင့် တွေ့ဆုံရာတွင် ရှင်းပြသည်။

ထိုသို့ စေတီပုံပါရှိကြောင်း ရဲတပ်ဖွဲ့သို့ ဖမ်းဆီးရန် သတင်းပေးသူများမှာ သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖြစ်သည်။ ဇာတ်လမ်းအစမှာ ဧပြီလ ၁၁ ရက်နေ့ သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ပြေ ၃ ရပ်ကွက် ဥက္ကဋ္ဌ ဒေါ်ဥမ္မာ ဆိုသူသည် မေခလာ(သမီး) အထည်ဆိုင်တွင် ထမီချုပ်ရန် ပိတ်စတစ်ခုဝယ်ယူခဲ့ရာ အထည်စတွင် စေတီပုံပါနေသောကြောင့် အံ့သြသွားခဲ့ကြောင်း၊ အတူပါရှိလာသူ အဖော်များကို ပြ၍ မိမိအား ဖုန်းဆက်အကြောင်းကြားသောကြောင့် သွားရောက်ကြည့်ရှုခဲ့ရာ ဟုတ်မှန်နေကြောင်း သာကေတမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးဌာနမှ ဦးလှမိုးက ဧရာဝတီသို့ပြောသည်။

”ကျနော်လည်း မြို့နယ်ကို သတင်းပို့ပြီး ရပ်ကွက်ရုံးကို သွားတယ်။ ရဲတွေခေါ်တယ်။ ပြီးရင် ၀င်ဖမ်းတယ်။ ရဲတွေ ၀င်ဖမ်းတော့ ဘာမှမရှိဘူး။ ပထမ ပြောထားတုန်းက လိုသလောက်ရတယ်လို့ ပြောထားတာ။ ကိုယ်တိုင်ဝယ်ခဲ့တဲ့ မဥမ္မာက ကြားတွေကြားတွေမှာ ညှပ်ညှပ်ထားတာတွေကို ဆွဲထုတ်ပြတယ်။ အဲဒီအခါကျမှ ထွက်လာတာ”ဟု  ဦးလှမိုးက ပြောသည်။

သို့သော် ဧပြီလ ၁၁ ရက်နေ့ ဖြစ်စဉ်ကို လုံးဝမသိရှိခဲ့ဘဲ ၁၂ ရက်နေ့တွင် မန္တလေးမြို့မှ အရှင်ဝီရသူက ဖုန်း massage ပို့၍ အကြောင်းကြားမှသာ သိရှိရသောကြောင့် ၁၃ ရက်နေ့တွင် သာကေတ NLD ရုံးသို့ သွားရောက် စုံစမ်း၍ ၁၄ ရက်နေ့တွင် မင်္ဂလာတောင်ညွှန့် မြို့နယ် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်စုံစမ်းခဲ့ကြောင်း ထေရ၀ါဒ ဓမ္မကွန်ရက်မှ ဆရာတော် ဦးကေသရက မိန့်သည်။

” စခန်းသွားစုံစမ်းတော့ အမှုမဖွင့်ရသေးဘူး။ မြို့နယ်မှူး ဦးဝင်းအောင်နီက စေတီတွေဟာ ပိတ်စပေါ်မှာ လုပ်ထားတာ သဘောရိုးနဲ့ လုပ်တာပါလို့ ထပ်ခါတလဲလဲ ပြောတယ်။ အထည်အကုန်လုံးမပါဘဲနဲ့ ကွက်တိကွက်ကျား ဟိုတစ ဒီတစ ပါတဲ့အတွက်ကြောင့် မှားယွင်းစွာ ပါလာတာလို့ ပြောတယ်။ နောက်တခုက ဗုဒ္ဓဘာသာဝင်တွေပါတဲ့။အရင် အုပ်ချုပ်ရေးမှူးဟောင်းရဲ့ သမီးတွေတဲ့။ အထည်တွေမှာ စေတီပုံပါတာ ဘယ်သူနစ်နာသလဲတဲ့။ နစ်နာတဲ့သူ အမှုဖွင့်၊ တိုင်ပေါ့တဲ့။ အထည်တွေတောင်း ကြည့်တော့ မရှိတော့ဘူး။အထက်ကို တင်လိုက်ပြီတဲ့။ သက်သေခံ ပစ္စည်းကို ကျုပ်တို့ကို ထုတ်မပြဘူး။ မြို့နယ်မှူးက ပိတ်စ ပိတ်လိပ်လို့ အကြိမ်ကြိမ် သုံးတယ်။ ဒီ အစက ဗြောင်မဟုတ်တဲ့အတွက်ကြောင့် ဘယ်သူမှ လုံချည်ချုပ်မ၀တ်ဘူး။ ထမီပဲ ချုပ်ကြမှာ”ဟု ဦးကေသရက ဧရာဝတီသို့ မိန့်သည်။

ထိုသို့ မေးမြန်းစုံစမ်းမှသာ အမှုဖွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဦးကေသရက ဆိုသည်။

ဘာသာရေး ရှုထောင့်မှ ကြည့်ပါက ဘာသာ သာသနာအတွက် လွန်စွာ နစ်နာကြောင်း၊ ဘုရားစေတီသည် ဗုဒ္ဓသာသနာအတွက် အထွတ်အမြတ်ဖြစ်ကြောင်း၊ အမျိုးသမီးဝတ် လုံချည်ဖြစ်သော အင်္ဂါဝရ နေရာတွင် ရိုက်နှိပ်ထားခြင်းသည် ဗုဒ္ဓဘာသာကို မဖွယ်မရာလုပ်ဆောင်သည့် သဘော ဖြစ်နေကြောင်း ထေရ၀ါဒ ဓမ္မကွန်ရက်မှ ဦးနေမိန္ဒက မိန့်သည်။

”ဦးဇင်းတို့က တိုင်းရုံးကို စုံစမ်းမေးမြန်းမှ မြို့နယ်ရုံးမှာ ဖွင့်ပေးထားတယ်လို့ ပြောတယ်။ ဦးဇင်းတို့ ပြန်လာပြီး ညကျမှ ဖွင့်ပေးတာ။ ပြီးတော့ ဒီဆိုင်ကို အငြိုးထားတာ မဟုတ်ဘူး။ ဘယ်က လာလဲဆိုတဲ့ Source ကိုလည်း သိချင်တယ်”ဟု ဦးနေမိန္ဒက ဆိုသည်။

စေတီတော်ပုံ အထည်စများ ရောင်းချမိခြင်းကို လုံးဝမသိရှိခဲ့ကြောင်း မေခလာအထည်ဆိုင် ပိုင်ရှင် ဒေါ်မေခလာသိန်းက ဧရာဝတီသို့ ပြောသည်။

”ရှက်လည်း ရှက်တယ်။ စိတ်လည်းညစ်တယ်”ဟူ၍သာ  ဒေါ်မေခလာသိန်းက ကောက်ချက်ချ ပြောဆိုပြီး မိမိသည် ဗုဒ္ဓဘာသာဝင် စစ်စစ်တစ်ယောက် ဖြစ်ကြောင်း၊ နှစ်စဉ် ၀ါဆိုသင်္ကန်းကပ်ကြောင်း၊ ဆရာတော် သံဃာတော်များကို အပတ်စဉ် ဆွမ်းကပ်လျက်ရှိကြောင်း၊ မြန်မာတနိုင်ငံလုံးတွင် ဘုရားတည် ကျောင်းဆောက်လျက်ရှိကြောင်း အထောက်အထား ဓါတ်ပုံများစွာ ထုတ်ပြခဲ့သည်။

”အမေ ကိုယ်တိုင်လည်း လက်မခံဘူး။ ရအောင် ဖော်ထုတ်ပါ။ အမေတို့ ကိုယ်တိုင် ဘုရားတည်နေတာပါ” ဟု ဒေါ်မေခလာသိန်းက မျက်ရည်စက်လက်ဖြင့် ပြောသည်။

ပြဿနာ ဖြစ်ပေါ်လျက်ရှိသော အထည်စ ပိတ်စများမှာ ၂၀၁၁-၁၂ ခုနှစ်ထဲတွင် မော်လမြိုင်မြို့မှ တင်သွင်းခဲ့ပြီး ဂိုဒေါင်ထဲတွင် သိုလှောင်ထားခဲ့ရာမှ ဈေးကွက် အနေအထားအရ ယခုလတွင် ထုတ်၍ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း အမှုဖွင့်ခံထားရသူ မေခလာအထည်ဆိုင်မှ ကိုကျော်လှိုင်သိန်းက ပြောသည်။

”ဒီလို အချိန်မျိုးမှာ ကျနော် ဘယ်လိုလုပ်ပြီး ရောင်းရဲမှာလဲ။ တကယ် သိသိကြီးနဲ့ ရောင်းခဲ့ရင် အခုချိန်ထွက်ပြေးနေပြီ”ဟု ကိုကျော်လှိုင်သိန်းက ဆိုသည်။

အထည်အလိပ်ပေါ်ရှိ စေတီပုံများမှာ ထိုင်းနိုင်ငံ၏ Trade Mark တခုသာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ၄င်းပုံစံစေတီ မရှိကြောင်း၊ မေခလာအထည်ဆိုင်မှ အထည်စများကို မသိရှိဘဲ ရောင်းချခဲ့ခြင်းသာ ဖြစ်ကြောင်း၊ မေခလာ မှာ ဗုဒ္ဓဘာသာဆိုင်ဖြစ်ကြောင်းကို အာမခံကြောင်း ရွှေဝါရောင် ကျောင်းတိုက်ဆရာတော် ဦးပဏ္ဍ၀ံသက ဧရာဝတီကို မိန့်သည်။

”ထိုင်းနိုင်ငံက အယုဒ္ဓယဘက်မှာ ပိတ်တွေမှာ ဒီလိုပုံတွေ ရိုက်နေကြ။ အခုကိစ္စက ဘာသာရေး အစွန်းရောက်သူတွေ ထွင်တဲ့ လမ်းကြောင်းပါ။ ရိုးသားမှု မရှိပါဘူး”ဟု ဦးပဏ္ဍ၀ံသက မိန့်သည်။

မေခလာ အထည်ဆိုင် ၃ ဆိုင်ရှိရာ ယင်းအထည်စများကို မေခလာ(သမီး)ဆိုင်၌သာ ရဲက ရှာဖွေတွေ့ရှိခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ရန်ကုန် ဗိုလ်ချုပ်ဈေးထဲက အထည်ဆိုင် တဆိုင် (ဓာတ်ပုံ – indochinatravelplan.com)

ထက်နိုင်ဇော် ( ဧရာဝတီ)
စေတီပုံ ရိုက်နှိပ်ထားသော ချည်ထည်များ လက်ဝယ်တွေ့ရှိသောကြောင့် ရန်ကုန် မြို့ ယုဇနပလာဇာရှိ အထည်ဆိုင် ပိုင်ရှင်ကို သာသနာကို ညိုးနွမ်းအောင် လုပ်ဆောင်မှု ပုဒ်မဖွင့်၍ အရေးယူထားရပြီး အထည် တင်သွင်းလာသည့် မော်လမြိုင်မြို့သို့လည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲတပ်ဖွဲ့က ပြောဆိုသည်။

Gangnam Style နှင့် ကျန်းမာရေး


Photo: Gangnam Style နှင့် ကျန်းမာရေး

လတ်တလော ရေပန်းစားနေတဲ့ Gangnam စတိုင် ကကွက်တွေဟာ ကျန်းမာရေးအတွက်လည်း အကျိုးရှိကြောင်းအမေရိကန် လေ့ကျင့်ခန်းဆိုင်ရာ ကောင်စီကဆိုပါတယ်။

Gangnamစတိုင် ကတာကြောင့် နာရီဝက်ကြာတိုင်း ၁၅၀-၂၀၀ ကယ်လိုရီကို လောင်ကျွမ်းစေတယ်လို့ အဆိုပါလေ့လာမှုအရ သိရပါတယ်။

Gangnam စတိုင်ကကွက်ဟာ ပေါင်အဆီတွေကို လောင်ကျွမ်းစေတဲ့ အကျိုးအာနိသင်လည်း ရှိပါတယ်။ ဒါကြောင့် တချို့တိုင်းပြည်က အားကစားစင်တာတွေမှာ Gangnam စတိုင်ကကွက်တွေကို ထည့်သွင်းကစားလာကြပါတယ်။

Gangnam စတိုင်ကကွက်မှာ သီဆိုတဲ့သီချင်းကလည်း ကချင်စိတ်ဖြစ်လာအောင် လှုံ့ဆော်ပေးပါတယ်။ Gangnam စတိုင်ကကွက်တွေဟာ လေ့ကျင့်ခန်းလုပ်ရမှာ ပျင်းသူတွေအတွက် အတော်အဆင်ပြေတဲ့ ကကွက်တွေ ဖြစ်ပါတယ်။

လေထဲ မြင်းစီးသလိုကကွက်၊ ဆောင့်ကြောင့်ထိုင်တဲ့ ကကွက်၊ ဘေးတိုက်လှုပ်ရှားရတဲ့ ကကွက်တွေဟာ ပျော်ရွင်စရာကောင်းသလို ခန္ဓာကိုယ်အတွက်လည်း တကယ်အလုပ်ဖြစ်ပါတယ်။ ခုန်ပေါက်လှုပ်ရှားနေရတာကြောင့် ပေါင်အဆီတွေကို လျော့ကျစေပြီး ခြေတံတွေကို ကျစ်လျစ်သွယ်လျစေပါတယ်။

Pyae Phyo Wai


ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
လတ်တလော ရေပန်းစားနေတဲ့ Gangnam စတိုင် ကကွက်တွေဟာ ကျန်းမာရေးအတွက်လည်း အကျိုးရှိကြောင်းအမေရိကန် လေ့ကျင့်ခန်းဆိုင်ရာ ကောင်စီကဆိုပါတယ်။

စက်မှုဇုန်အသီးသီးမှ အလုပ်သမားများကို အသေးစားချေးငွေများ ထုတ်ချေးပေးရန် စီမံနေကြောင်း သမ၀ါယမ၀န်ကြီးဌာနမှ သတင်းရရှိသည်


"အသေးစားချေးငွေပေးတာ လတ်တလော အဆင်ပြေရေးကိုသာ ဦးတည်တာမဟုတ်ဘဲ နောင်လေး၊ ငါးနှစ်မှာ မိမိခြေထောက်ပေါ်မိမိ ရပ်တည်နိုင်အောင် ရည်ရွယ်ပါတယ်။ အဓိကကတော့ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ရည်ရွယ်ပြီး ချေးတာပါ" ဟု သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း က လှိုင်သာယာစက်မှုဇုန်၌ အလုပ်သမား၊ အလုပ်ရှင်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ အသိပေး ကြေညာချက်


Photo: မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်သူများသို့ အသိပေး ကြေညာချက်


၂ဝ၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စတင် ရောင်းချမည့် MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း များသည် လက်ရှိမိုဘိုင်း တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA - 800MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရပါ။

MECTel တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်းများ အတွက် MECTel အမှတ် တံဆိပ်ပါ ငွေဖြည့် ကတ်များဖြင့်သာ တယ်လီဖုန်း ပြောဆိုခ ငွေဖြည့်တင်း၍ ဆက်သွယ် အသုံးပြု နိုင်မည် ဖြစ်ပါသည်။

ဖော်ပြပါ MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း ကြိုတင် ငွေဖြည့်ကတ် များကို အောက်ပါ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အလိုက် ကိုယ်စားလှယ် အရောင်းဆိုင် များနှင့် ၄င်းတို့၏ အရောင်း ဆိုင်ခွဲများတွင် ရောင်းချပေး သွားမည် ဖြစ်ပါကြောင်း ကြိုတင် အသိပေး ကြေညာ အပ်ပါသည်

See more>> http://www.myawady.com.mm/allnews/local/item/11635-2013-04-20-10-28-35

မြ၀တီ
၂ဝ၁၃ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့များ၏ ကြီးကြပ်မှုဖြင့် စတင် ရောင်းချမည့် MECTel အမှတ်တံဆိပ်ပါ တန်ဖိုးနည်း CDMA - 800MHz မိုဘိုင်း တယ်လီဖုန်း များသည် လက်ရှိမိုဘိုင်း တယ်လီဖုန်း ဈေးကွက်တွင် ရောင်းချလျက် ရှိသော CDMA - 800MHz ငွေဖြည့် ကတ်များဖြင့် အသုံးပြု၍ မရပါ။

"အင်အား ၆.၆ ငလျင် ဇီချွမ်တွင်လှုတ်"


Photo: "အင်အား ၆.၆ ငလျင် ဇီချွမ်တွင်လှုတ်"

ဇီချွမ်၊ ဧပြီ ၂၀

တရုတ်နိုင်ငံ ဇီချွမ်ပြည်နယ်တွင် အင်အား ၆.၆ ခန့်ရှိသော မြေငလျင်တစ်ခုလှုတ်ခတ်သွားခဲ့သည်။

ဧပြီ ၂၀ ရက်၊ တရုတ်စံတော်ချိန်  နံနက် ၈ နာရီ ၂ မိနစ်ခန့်တွင် ဇီချွမ်ပြည်နယ်၊ Linqiong မြို့ မှ အနောက်ဖက် ၃၁ မိုင်ခန့်၊ မြေအောက် ၇.၄ မိုင်ခန့်နေရာကို ဗဟိုပြု၍ လှုတ်ခတ်သွားခဲ့ခြင်းဖြစ်ပြီး လောလောဆယ်သိရှိရသလောက်မူ ရာနှင့်ချီ၍ ထိခိုက်သေဆုံးမှုများရှိနိုင်ကြောင်းသိရသော်လည်း စာရင်းအတိအကျမထွက်သေးချေ။

၂၀၀၈ ခုနှစ် မေလအတွင်းကလည်း ဇီချွမ်ပြည်နယ်တွင် အင်အား ၈.၀ ခန့်ရှိသည့် မြေငလျင်လှုတ်မှုကြောင့် လူပေါင်း ကိုးသောင်းနီးပါး အသက်ဆုံးရှုံးခဲ့ကြသေးသည်။

BBC
တရုတ်နိုင်ငံ ဇီချွမ်ပြည်နယ်တွင် အင်အား ၆.၆ ခန့်ရှိသော မြေငလျင်တစ်ခုလှုတ်ခတ်သွားခဲ့သည်။

တစ်ကိုယ်တော် စစ်ဘီးစီး အဘိုးအို ဦးပြူး


Photo: တစ်ကိုယ်တော် စစ်ဘီးစီး အဘိုးအို ဦးပြူး
စစ်တွေ ၊ ၂၀-၄-၂၀၁၃

http://pyichit-thar.blogspot.com/2013/04/blog-post_19.html

၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာလ တွင် မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပ ပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပွဲတော်ကြီးကို ဂုဏ်ပြု ကြိုဆိုသော အားဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီမှ စ၍ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မှ ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၀ ခုရှိ မြို့နယ် အသီးသီး ကို ဖြတ်ကျော်၍ စက်ဘီးစီး ခရီးစဉ် မိုင်ပေါင်း ၃၈၀၀ ခန့်အား အချိန်ကာလ အားဖြင့် ၃ လ နှင့် ၃ ရက်ကြာ မြင့်စွာ စက်ဘီးဖြင့် စီးနင်း သွားရောက် ခဲ့သည့် စစ်တွေမြို့ ၊ မောလိပ် ရပ်ကွက်နေ အသက် ၈၆ နှစ် အရွယ်ရှိ တစ်ကိုယ်တော် စက်ဘီးစီး အဘိုးအို ဦးပြူး သည် ၄င်း၏ ခရီးစဉ်များ အဆုံးသတ် မည့် ဧရာဝတီတိုင်း ဒေသကြီး ၊ ကြံ့ခင်းမြို့သို့ ယခုနှစ် မတ်လ ၁၉ ရက် နံနက်ပိုင်း တွင် ရောက်ရှိ အဆုံသတ် ခဲ့ကြောင်း သိရသည်။

တစ်ကိုယ်တော် စက်ဘီးစီး အဘိုးအို ဦးပြူး သည် မတ်လ ၂၂ ရက်နေ့ ညနေပိုင်း တွင် ပြည်မြို့မှ ရခိုင်ပြည်နယ် ၊ တောင်ကုတ်မြို့ သို့ မော်တော်ယာဉ် ဖြင့် လည်းကောင်း ၊ တောင်ကုတ် မြို့တွင် ၆ ရက်ကြာ နေထိုင်ပြီး ဧပြီလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ဖြူမြို့ မှ စစ်တွေမြို့ ယင်း၏ နေအိမ်သို့ သို့ မလိခ အမြန်ရေယာဉ် ဖြင့်ရောက်ရှိရာ ကျန်းမာ ပျော်ရွှင်စွာ နေထိုင်လျက် ရှိကြောင်း နှင့် ဧပြီလ ၁၇ ရက်နေ့ နံနက် ၉ နာရီက စစ်တွေ မြို့လုံးကျွတ် ၂၉ ကြိမ်မြောက် သက်ကြီး ပူဇော်ပွဲ သို့ တက်ရောက်ပြီး အပူဇော် ခံယူခဲ့ကြောင်း သိရှိရသည်။
၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာလ တွင် မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပ ပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပွဲတော်ကြီးကို ဂုဏ်ပြု ကြိုဆိုသော အားဖြင့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီမှ စ၍ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မှ ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၀ ခုရှိ မြို့နယ် အသီးသီး ကို ဖြတ်ကျော်၍ စက်ဘီးစီး ခရီးစဉ် မိုင်ပေါင်း ၃၈၀၀ ခန့်အား အချိန်ကာလ အားဖြင့် ၃ လ နှင့် ၃ ရက်ကြာ မြင့်စွာ စက်ဘီးဖြင့် စီးနင်း သွားရောက် ခဲ့သည့် စစ်တွေမြို့ ၊ မောလိပ် ရပ်ကွက်နေ အသက် ၈၆ နှစ် အရွယ်ရှိ တစ်ကိုယ်တော် စက်ဘီးစီး အဘိုးအို ဦးပြူး သည် ၄င်း၏ ခရီးစဉ်များ အဆုံးသတ် မည့် ဧရာဝတီတိုင်း ဒေသကြီး ၊ ကြံ့ခင်းမြို့သို့ ယခုနှစ် မတ်လ ၁၉ ရက် နံနက်ပိုင်း တွင် ရောက်ရှိ အဆုံသတ် ခဲ့ကြောင်း သိရသည်။

ရခိုင်ရှိ မဟာမုနိ ဘုရားကြီး ရွှေထီးတော်မြတ် လေပြင်း တိုက်ခိုက်၍ တိမ်းစောင်းသွား


ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့ ရှိ မဟာမုနိ ဘုရားကြီး သိမ်တော်သည် ဧပြီလ ၁၆ ရက် ညနေပိုင်း က လေပြင်း တိုက်ခတ်မှု ကြောင့် ရွှေထီးတော်မြတ် တိမ်းစောင်းသွားကြောင်းသိရသည်။ အဆိုပါ မဟာမုနိ ဘုရားကြီး ထီးတော် သည် ဧပြီလ ၁၆ ရက် ညနေ လေပြင်း တိုက်ခတ် မှုကြောင့် အနောက် တောင်ထောင့်

သံတောင်မြို့ ပသိချောင်း အပန်းဖြေစခန်းသို့ လာရောက်သူ များပြား


Photo: သံတောင်မြို့ ပသိချောင်း အပန်းဖြေစခန်းသို့ လာရောက်သူ များပြား
သံတောင် ၊ ၂၀-၄-၂၀၁၃

http://pyichit-thar.blogspot.com/2013/04/blog-post_19.html

တောင်ငူမြို့ မှ ၁၃ မိုင်သာ ကွာဝေးသော သံတောင်မြို့ အနီး ပသိချောင်း အပန်းဖြေ စခန်းသို့ ယခုနှစ် သင်္ကြန် ကာလ နှင့် နှစ်ဆန်း တစ်ရက် ၊ နှစ်ရက်နေ့ များတွင် ဒေသတွင်း အပန်းဖြေ သူများ အပြင် ရန်ကုန်မြို့မှ အပန်းဖြေ သူများပါ ကိုယ်ပိုင် ယာဉ်များ ၊ ခရီးသည်တင် မှန်လုံ စင်းလုံးငှား ယာဉ်များဖြင့် လာရောက် လည်ပတ် အပန်းဖြေ ကြကြောင်း သိရသည်။ ပသိချောင်း တွင် ရွှေသံတောင် အပန်းဖြေ စခန်း ဖွင့်လှစ် ထားရှိပြီး ယမန်နှစ်မှ စ၍ ဇေကမ္ဘာ ကုမ္ပဏီ မှလည် အပန်းဖြေ စခန်း ထပ်မံ ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။ ပသိချောင်း တစ်လျှောက် အပြင် အဆိုပါ စခန်းများ အောက်ဘက်ရှိ သံတောင်မြို့ အနီး ချောင်းရိုး တစ်လျှောက် အတွင်း အထိပါ အပန်းဖြေ အနားယူများ ဖြင့် ပြည့်သိပ် စည်ကား ခဲ့ကြောင်း သိရသည်။ ၀င်ကြေး အနေဖြင့် ရွှေသံတောင် အပန်းဖြေ စခန်း ၀င်ကြေး ကျပ် ၂၀၀ နှင့် ထိုမှတစ်ဆင့် ချောင်း အထက်ပိုင်းရှိ ဇေကမ္ဘာ ကုမ္ပဏီ အပန်းဖြေ စခန်းသို့ ၀င်ကြေး တစ်ရာကျပ် ပေးဆောင်၍ လည်ပတ် အပန်းဖြေ နိုင်ကြောင်း သိရှိရသည်။
တောင်ငူမြို့ မှ ၁၃ မိုင်သာ ကွာဝေးသော သံတောင်မြို့ အနီး ပသိချောင်း အပန်းဖြေ စခန်းသို့ ယခုနှစ် သင်္ကြန် ကာလ နှင့် နှစ်ဆန်း တစ်ရက် ၊ နှစ်ရက်နေ့ များတွင် ဒေသတွင်း အပန်းဖြေ သူများ အပြင် ရန်ကုန်မြို့မှ အပန်းဖြေ သူများပါ ကိုယ်ပိုင် ယာဉ်များ ၊ ခရီးသည်တင် မှန်လုံ စင်းလုံးငှား ယာဉ်များဖြင့် လာရောက် လည်ပတ် အပန်းဖြေ ကြကြောင်း သိရသည်။ 

Wednesday, April 17, 2013

ဆေးလိပ်အသောက်ဆုံးတိုင်းပြည်




ဆေးလိပ်အသောက်ဆုံးတိုင်းပြည်
Tuesday, April 16, 2013

ကမ္ဘာ့ဆေးလိပ်အသောက်ဆုံးနိုင်ငံကတော့ တရုတ်နိုင်ငံပါပဲ... ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်တဲ့သူ ၃ ယောက်ရှိမယ်ဆိုရင် တစ်ယောက်ဟာ တရုတ်နိုင်ငံသားဖြစ်ပါတယ်... 

ဆိုလိုတာကတော့ ဆေးလိပ်သောက်သူအားလုံးရဲ့ သုံးပုံတစ်ပုံဟာ တရုတ်တွေဖြစ်တယ်ဆိုတာပါပဲ... တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်
မှာရှိတဲ့ ဆေးလိပ်တွေရဲ့ ၄၂ % ကို ထုတ်လုပ်ပါတယ်...

တရုတ်မှာ ဆေးလိပ်သောက်သုံးသူပေါင်း သန်း ၃၅၀ ရှိပါတယ်... တရုတ်နိုင်ငံကဆေးလိပ်သောက်တဲ့သူဦးရေဟာ အမေရိကန်
တစ်နိုင်ငံလုံးမှာရှိတဲ့ လူဦးရေ (သန်း ၃၁၀) ထက် ပိုများပါတယ်....

တရုတ်နိုင်ငံက အမျိုးသားဆရာဝန်တွေရဲ့ ၆၀ % နီးပါးဟာ ဆေး
လိပ်သောက်သူတွေဖြစ်ပါတယ်... အမေရိကန်မှာဆိုရင်ဆရာဝန်တွေရဲ့ 
၃.၃ % ၊ ဗြိတိန်မှာဆိုရင် ၆.၈ % နဲ့ ဂျပန်နိုင်ငံမှာ ၂၀.၂ % ဟာ ဆေးလိပ်သောက်သူတွေဖြစ်ကြပါတယ်... ဂျပန်မှာ အမျိုးသားဆရာဝန်တွေရဲ့ ၂၇ % နဲ့ အမျိုးသမီးဆရာဝန်တွေရဲ့ ၇% ဟာ ဆေးလိပ်သောက်ကြပါတယ်...

တရုတ်နိုင်ငံမှာ ဆေးလိပ်သောက်သူလျှော့ချထိန်းချုပ်ရေးအတွက် တရုတ်အစိုးရနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တိုက်တွန်းဆောင်ရွက်ခဲ့ပေမဲ့ ထိရောက်တဲ့ ပြောင်းလဲမှုမရှိသေးကြောင်းတွေ့ရှိရပါတယ်...

Ref: http://en.wikipedia.org/wiki/Smoking_in_the_People%27s_Republic_of_China

နှိုင်းရင့်နွေ
https://www.facebook.com/hnaingyintnway

ကမ္ဘာ့ဆေးလိပ်အသောက်ဆုံးနိုင်ငံကတော့ တရုတ်နိုင်ငံပါပဲ... ကမ္ဘာပေါ်မှာ ဆေးလိပ်သောက်တဲ့သူ ၃ ယောက်ရှိမယ်ဆိုရင် တစ်ယောက်ဟာ တရုတ်နိုင်ငံသားဖြစ်ပါတယ်...

Tuesday, April 9, 2013

ရွေးကောက်ပွဲစနစ် ပြင်ဆင်နိုင်ရန် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း အတည်မပြုနိုင်ပါက လက်ရှိစနစ်အတိုင်းသာ ကျင့်သုံးမည် ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား

Photo: ရွေးကောက်ပွဲစနစ် ပြင်ဆင်နိုင်ရန် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း အတည်မပြုနိုင်ပါက လက်ရှိစနစ်အတိုင်းသာ ကျင့်သုံးမည်<br />
ဟု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ပြောကြား<br />
Tuesday, April 9, 2013</p>
<p>ရွေးကောက်ပွဲစနစ် ပြင်ဆင်လိုပါက ပြင်ဆင်နိုင်ရန်အတွက် လွှတ်တော်ပြန်စ<br />
သည့် အချိန်တွင် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း အတည်မပြုနိုင်ပါက လက်ရှိစနစ် အတိုင်းသာ ကျင့်သုံးသွားမည် ဖြစ်ကြောင်း<br />
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဧပြီ ၈ ရက်က<br />
နီုင်ငံရေး ပါတီများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။</p>
<p>“ပါတီတချို့က အဆိုပြုတဲ့ ပီအာစနစ် ပြောင်းလဲဖို့ဆိုတာ ကျွန်တော်<br />
တို့ ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ခွင့် မရှိပါဘူး။ လွှတ်တော်က ဆုံးဖြတ်ရမှာပါ။ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို လိုက်နာမှာ ဖြစ်ပါတယ်။ လွှတ်တော်ကို တင်သွင်းပြီးလို့ ၂၀၁၃ ခုနှစ်အတွင်းမှာ အတည် မပြုနိုင်ဘူး<br />
ဆိုရင် ရွေးကောက်ပွဲ စနစ်ပြင်ရန် မရှိပါဘူး။ ဘာလို့လဲဆိုတော့ ပြင်ဆင်ချိန် နည်းလို့ပါ။ ကျွန်တော့်သဘောနဲ့ ပြင်လို့ မရပါဘူး။ </p>
<p>ကျွန်တော်ကတော့ ပြဋ္ဌာန်းတဲ့စနစ် အပေါ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် လုပ်ပေးသွားမှာပါ” ဟု ပြောကြားခဲ့သည်။</p>
<p>တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးဟန်ရွှေက “လက်ရှိ ကျင့်သုံးနေတဲ့ မဲအများဆုံးရသူ အနိုင်ယူစနစ်အစား လွှတ်တော်<br />
တွင် ပါတီကိုယ်စားလှယ်များ အချိုးကျ ပါဝင်နိုင်ရေး ပီအာစနစ်ကို ကျင့်သုံးသင့်ပါတယ်။ ဒီစနစ် စတင်ကျင့်သုံးကာစမှာတော့ တိုင်းရင်း<br />
သားတွေ နေထိုင်တဲ့ ပြည်နယ်တွေမှာတော့ မဲအများဆုံးရသူ အနိုင်<br />
ယူစနစ် အတိုင်းပဲထားပြီး တိုင်းဒေသကြီး နယ်မြေများတွင် ကိုယ်စား<br />
လှယ် အချိုးကျ ပါဝင်မှု ပီအာစနစ် ကျင့်သုံးသင့်ပါတယ်။ </p>
<p>မဲပေးသူတွေ မဲဆန္ဒရှင်တွေရဲ့ ဆန္ဒမဲတွေ အဟောသိကံ မဖြစ်ဖို့ လွှတ်တော်တွင် အားလုံးပါဝင် ဆောင်ရွက်နိုင်မှုကို အကောင်<br />
အထည်ဖော်ဖို့ ဖြစ်ပါတယ်” ဟု ဆွေးနွေးခဲ့သည်။</p>
<p>“ပီအာစနစ်မှာ ကောင်းတာတွေ ရှိပါတယ်။ ပြည်သူတွေက မှန်၊ မှား တောင်<br />
ကောင်းကောင်း မသုံးတတ်သေးဘူး။ ပီအာစနစ်နဲ့ သွားမယ်ဆိုရင် ပါတီစုံဖြစ်<br />
တဲ့အတွက် ပါတီငယ်တွေ ပျောက်သွားနိုင်တယ်။ ၂၀၁၅ မှာ မသုံးသင့်သေး<br />
ဘူး။</p>
<p>ကျွန်တော်တို့ ညီနောင်ပါတီတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး မသုံးသင့်ကြောင်း အကြံပြု လိုပါတယ်” ဟု အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီမှ ဦး<br />
ဝင်းမြင့်က ပြောကြားခဲ့သည်။</p>
<p>၂၀၁၅ မတိုင်မီမှာ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲ။ အများလက်ခံနိုင်တဲ့ စနစ်ဖြစ်ဖို့ လိုပါတယ်။ လက်ရှိစနစ်အတိုင်းသာ သွားသင့်တယ်။ ၂၀၂၀ လောက်မှာ ဆိုရင်တော့ နိုင်ငံ ၇၀ လောက်မှာ သုံးနေတဲ့ အချိုးကျစနစ် ပီအာကို တစ်ဆင့်ပြီးတစ်ဆင့် သုံးသင့်ပါတယ်။ ပီ<br />
အာစနစ်နဲ့ လက်ရှိဖွဲ့စည်းပုံက မကိုက်ညီဘူး။ ကာလတစ်ခု<br />
အထိ လေ့လာသင့်ပါတယ်...</p>
<p>ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်က “၂၀၁၅ မတိုင်မီမှာ ဖွဲ့စည်းပုံကို ဘယ်လိုပြင်မလဲ။ အများလက်ခံနိုင်တဲ့ စနစ်ဖြစ်ဖို့ လိုပါတယ်။ လက်ရှိစနစ်အတိုင်းသာ သွားသင့်တယ်။ ၂၀၂၀ လောက်မှာ ဆိုရင်တော့ နိုင်ငံ ၇၀ လောက်မှာ သုံးနေတဲ့ အချိုးကျစနစ် ပီအာကို တစ်<br />
ဆင့်ပြီးတစ်ဆင့် သုံးသင့်ပါတယ်။ ပီအာစနစ်နဲ့ လက်ရှိဖွဲ့စည်းပုံက မကိုက်<br />
ညီဘူး။ ကာလတစ်ခုအထိ လေ့လာသင့်ပါတယ်” ဟု ပြောကြားခဲ့သည်။</p>
<p>အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဦးဝင်းမြင့်က “၁၉၄၇၊ ၁၉၇၄၊ ၁၉၈၉၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ တွေအရ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေ<br />
မှာ နိုင်သူအားလုံး ယူတဲ့စနစ်ပဲ သုံးခဲ့တာပါ။ ခေတ်အဆက်ဆက် သုံးခဲ့တဲ့ အဲဒီစနစ်ကိုတောင် ပြည်သူတွေက မှန်အောင် မသုံးနိုင်သေးဘူး။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲပြီးမှ အချိုးကျစနစ်က ဆူညံလာတာ တွေ့ရပါတယ်။ </p>
<p>အဲဒီစနစ် ကျင့်သုံးဖို့ အခြေအနေ ပေးရဲ့လား။ အခုလို ဒီမိုကရေစီ ကူးပြောင်းရေး ကာလမှာ သင့်တော်ရဲ့လား၊ ဒီမိုကရေစီ အလေ့အ<br />
ကျင့် မရှိသေးတဲ့ မဲဆန္ဒရှင်တွေနဲ့ လိုက်လျောညီထွေမှု ရှိရဲ့လား။ သုံးသပ်သင့်ပါတယ်။ ပီအာစနစ်ကြောင့် အချိုးကျ ကိုယ်စားလှယ်<br />
နေရာရမှာ ပဲဆိုပြီး ၀င်လာမယ့် ပါတီတွေ များလာမယ်။ မဲဆန္ဒနယ် အပိုင်မရှိတဲ့ အတွက် မဲဆန္ဒရှင်တွေအတွက် ဘယ်လို တာဝန်ယူမလဲ။ </p>
<p>စတာတွေ စဉ်းစားဖို့ လိုပါတယ်။ ပီအာစနစ်အရဆိုရင် ပါတီကြီးတွေပဲ အားသာပြီး ပါတီငယ်တွေက ယှဉ်နိုင်ဖို့ ခဲယဉ်းသွားမယ်” ဟု ပြောကြား<br />
ခဲ့သည်။</p>
<p>တွေ့ဆုံပွဲသို့ နိုင်ငံရေးပါတီ ၅၆ ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး မဲဆွယ်စည်းရုံးရာတွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ ကိုယ်စားလှယ် မှတ်ပုံတင်ကြေးအဖြစ် တစ်ဦးလျှင် ကျပ်ငါးသိန်း ပေးသွင်းနေခြင်း<br />
ကို လျှော့ချပေးရန်လည်း ဆွေးနွေးခဲ့သည်။ </p>
<p>ထို့ပြင် ၂၀၁၃ ခုနှစ်အတွင်း လစ်လပ်နေသော မဲဆန္ဒနေရာများ၌ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းမှုကို လက်ရှိ လောလောဆယ် အချိန်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်း<br />
ပရန် အစီအစဉ် မရှိသေးကြောင်းနှင့် ၂၀၁၄ ခုနှစ်တွင် ၂၀၁၅ တွင် ကျင်းပမည့် ရွေးကောက်ပွဲ အစီအစဉ်များကို ချပြမည်ဖြစ်ကြောင်း<br />
ပြောကြားခဲ့သည်။</p>
<p>ပည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ - စိုးမင်းထိုက်)<br />
Eleven Media Group
ရွေးကောက်ပွဲစနစ် ပြင်ဆင်လိုပါက ပြင်ဆင်နိုင်ရန်အတွက် လွှတ်တော်ပြန်စသည့် အချိန်တွင် လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း အတည်မပြုနိုင်ပါက လက်ရှိစနစ် အတိုင်းသာ ကျင့်သုံးသွားမည် ဖြစ်ကြောင်းပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဧပြီ ၈ ရက်ကနီုင်ငံရေး ပါတီများနှင့် တွေ့ဆုံရာတွင် ပြောကြားခဲ့သည်။