Saturday, February 9, 2013

ပယင်းကျောက်တူးနေသူများထံမှ KIA ဆက်ကြေးကောက်နေ

ပယင်းကျောက်တူးနေသူများထံမှ KIA ဆက်ကြေးကောက်နေ

ဖေဖော်ဝါရီ ၉ ရက်၊ ၂၀၁၃
  
ကချင်ပြည်နယ် တနိုင်းမြို့ ဒိုက်ဖားတိုက်နယ်ရုံးမှ KIA အဖွဲ့များသည် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ပယင်း ကျောက်တူးဖော်နေသူများထံမှ ၂၀၁၃ ခုနှစ် KIO ဘဏ္ဍာရေးနှစ်အတွက် ခေါင်းစဉ်ဖြင့် ငွေကောက်ခံနေ ကြောင်း သိရသည်။

တနိုင်းမြို့နယ်အတွင်း ပယင်းကျောက်များထွက်ရှိသော ပယင်းရွှေမှော်တွင် ပယင်းကျောက်တူးဖော်နေကြ သော ရွာသူ/ရွာသား စုစုပေါင်း(၂၀၀)ကျော်ခန့် ရှိကြောင်း သိရသည်။ “ဖေဖော်ဝါရီလ(၇)ရက်နေ့တုန်းက တိုက်နယ်မှူးဆိုသူနဲ့ KIA လက်နက်ကိုင်(၅)ဦးရောက်လာပြီး ပယင်းကျောက်တူးနေတဲ့ ရွာသား ဦးရေကို စာရင်းကောက်ပါတယ်။ ၂၀၁၃ ခုနှစ် KIO ဘဏ္ဍာရေးနှစ်အတွက်လို့ပြောပြီး လူတစ်ဦးကို မှော်ဝင် ကြေး(၁)နှစ်စာ (၅၀၀၀)ကျပ်၊ ကျောက်တူးခွင့် လက်မှတ် (၁)လစာ(၅၀၀၀)ကျပ်၊ လူတစ်ဦးနေထိုင်ခွင့်ဧည့် စာရင်း ကြေး(၃)လစာ(၅၀၀၀)ကျပ် ကောက်သွားပါတယ်” ဟု ပယင်းကျောက်တူးနေသည့် ဒေသခံတစ်ဦးက ပြောပြ ပါသည်။

KIA အဖွဲ့သည် နိုင်ငံတော်အစိုးရနှင့် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် တရုတ်နိုင်ငံရွှေလီမြို့တွင် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးခဲ့သော်လည်း လက်အောက်ခံအဖွဲ့များမှ ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်းများ ဆက်လက် လုပ်ကိုင်နေသေးကြောင်း တွေ့ရသည်။ KIA အဖွဲ့၏ လုပ်ရပ်များအပေါ် ကချင်ပြည်နယ် ပြည်သူ လူထုမှ အယုံအကြည် မရှိကြောင်းနှင့် ယခုကဲ့သို့ ဆက်လက်ပြီး မင်းမဲ့စရိုက်ဆန်ဆန်ပြုလုပ်နေပါက တပ်မတော် စစ်ကြောင်းများနဲ့ KIA အဖွဲ့တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက  ပြောပြပါသည်။

ကချင်ပြည်နယ် တနိုင်းမြို့ ဒိုက်ဖားတိုက်နယ်ရုံးမှ KIA အဖွဲ့များ သည် ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် ပယင်း ကျောက်တူးဖော်နေ သူများထံမှ ၂၀၁၃ ခုနှစ် KIO ဘဏ္ဍာရေးနှစ်အတွက် ခေါင်း စဉ်ဖြင့် ငွေကောက်ခံနေ ကြောင်း သိရသည်။

တနိုင်းမြို့နယ်အတွင်း ပယင်းကျောက်များထွက်ရှိသော ပယင်းရွှေမှော်တွင် ပယင်းကျောက် တူးဖော်နေ ကြ သော ရွာသူ/ရွာသား စုစုပေါင်း(၂၀၀)ကျော်ခန့် ရှိကြောင်း သိရသည်။ “ဖေဖော် ၀ါရီလ(၇) ရက်နေ့ တုန်း က တိုက်နယ်မှူးဆိုသူနဲ့ KIA လက်နက်ကိုင်(၅)ဦးရောက်လာပြီး ပယင်းကျောက်တူးနေတဲ့ ရွာသား ဦးရေကို စာရင်းကောက်ပါတယ်။ ၂၀၁၃ ခုနှစ် KIO ဘဏ္ဍာရေးနှစ်အတွက်လို့ပြောပြီး လူတစ်ဦး ကို မှော်ဝင် ကြေး(၁)နှစ်စာ (၅၀၀၀)ကျပ်၊ ကျောက်တူးခွင့် လက်မှတ် (၁)လစာ(၅၀၀၀)ကျပ်၊ လူတစ်ဦးနေ ထိုင်ခွင့် ဧည့် စာရင်း ကြေး(၃)လစာ(၅၀၀၀)ကျပ် ကောက်သွားပါတယ်” ဟု ပယင်းကျောက်တူးနေ သည့် ဒေသခံတစ်ဦးက ပြောပြ ပါသည်။

KIA အဖွဲ့သည် နိုင်ငံတော်အစိုးရနှင့် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် တရုတ်နိုင်ငံရွှေလီမြို့တွင် ငြိမ်းချမ်းရေး အတွက် ဆွေးနွေးခဲ့သော်လည်း လက်အောက်ခံအဖွဲ့များမှ ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်း များ ဆက်လက် လုပ်ကိုင်နေသေးကြောင်း တွေ့ရသည်။ KIA အဖွဲ့၏လုပ်ရပ်များအပေါ် ကချင်ပြည် နယ် ပြည်သူလူထုမှ အယုံအကြည် မရှိကြောင်းနှင့် ယခုကဲ့သို့ဆက်လက်ပြီး မင်းမဲ့စရိုက်ဆန်ဆန်ပြု လုပ်နေပါက တပ်မတော် စစ်ကြောင်းများနဲ့ KIA အဖွဲ့တို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမည်ကို စိုးရိမ်နေ ကြကြောင်း ဒေသခံများက ပြောပြပါသည်။

No comments:

Post a Comment