Friday, February 15, 2013

ထိုင်းစုံတွဲ ကမ္ဘာ့အကြာဆုံး အနမ်း စံချိန်တင်

Photo: ထိုင်းစုံတွဲ ကမ္ဘာ့အကြာဆုံး အနမ်း စံချိန်တင်
Friday, February 15, 2013

Valentine's Day ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံမှာ
ကျင်းပတဲ့ စုံတွဲများ အကြာဆုံးအနမ်းပြိုင်ပွဲမှာ ဘန်ကောက်ကစုံတွဲက 
၅၈ နာရီ ၃၅ မိနစ် ၅၈ စက္ကန့်နဲ့ ကမ္ဘာ့မှတ်တမ်းဝင် ဖြစ်သွားကြောင်း သိရပါတယ်။ 

ဘန်ကောက်မြို့မှ Ekkachai နဲ့ Laksana Tiranarat စုံတွဲက ကြာသပတေးနေ့မှာ အကြာဆုံးအနမ်း စံချိန်တင်ခဲ့ပြီး Guinness World Records အဖွဲ့အစည်းကနေ အသိအမှတ်ပြုဖို့ စောင့်စားနေဆဲဖြစ်ပါတယ်။ ပြိုင်ပွဲကို အင်္ဂါနေ့မှစတင်ခဲ့ပြီး အတွဲ ၉ တွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ 

ပြိုင်ပွဲဝင်တဲ့စုံတွဲတွေက နှုတ်ခမ်းချင်းနမ်းကာ အဆက်မပြတ် ထိနေရပြီး၊ မထိုင်ရ၊ မအိပ်ရဘဲ အိမ်သာသုံးရင်တောင် အတူသွားရပြီး နှုတ်ခမ်းတွေ
မခွာရပါဘူး ဆိုတဲ့ စည်းကမ်းချက်တွေ ပါဝင်ကြောင်း သိရပါတယ်။ 

(Ref; Fox News, Feb 14, 2013, thai couple sets new record for longest kiss)

Myanmar1Valentine's Day ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ စုံတွဲများ အကြာဆုံးအနမ်းပြိုင်ပွဲမှာ ဘန်ကောက်ကစုံတွဲက ၅၈ နာရီ ၃၅ မိနစ် ၅၈ စက္ကန့်နဲ့ ကမ္ဘာ့မှတ်တမ်းဝင် ဖြစ်သွားကြောင်း သိရပါတယ်။ ဘန်ကောက်မြို့မှ Ekkachai နဲ့ Laksana Tiranarat စုံတွဲက ကြာသပတေးနေ့မှာ အကြာဆုံးအနမ်း စံချိန်တင်ခဲ့ပြီး Guinness World Records အဖွဲ့အစည်းကနေ အသိအမှတ်ပြုဖို့ စောင့်စားနေ ဆဲဖြစ်ပါတယ်။ ပြိုင်ပွဲကို အင်္ဂါနေ့မှစတင်ခဲ့ပြီး အတွဲ ၉ တွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

ပြိုင်ပွဲဝင်တဲ့စုံတွဲတွေက နှုတ်ခမ်းချင်းနမ်းကာ အဆက်မပြတ်ထိနေရပြီး၊ မထိုင်ရ၊ မအိပ်ရဘဲ အိမ်သာသုံး ရင်တောင် အတူသွားရပြီး နှုတ်ခမ်းတွေ မခွာရပါဘူးဆိုတဲ့ စည်းကမ်းချက်တွေ ပါဝင်ကြောင်းသိရပါတယ်။

(Ref; Fox News, Feb 14, 2013, thai couple sets new record for longest kiss)
Myanmar1

No comments:

Post a Comment