Tuesday, September 18, 2012

လွတ်လာသူများထဲ နိုင်ငံရေး အကျဉ်သား ၉၀ ခန့်သာ ပါဝင်

မန္တလေး အိုးဘိုထောင်မှ လွှတ်မြောက်လာ
သူများကို တွေ့ရစဉ်
အစိုးရ၏ လွတ်ငြိမ်းသက်သာမိန့်ဖြင့် ယမန်နေ့က အကျဉ်းထောင် အသီးသီးမှ အကျဉ်းသားပေါင်း ၅၁၄ ဦးကို ပြန်လွှတ်ပေး လိုက် သော်လည်း နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၈၇ ဦးသာ ပါဝင်ကြောင်း သတင်း ရရှိသည်။
“အခုအထိ လွတ်လာတဲ့ စာရင်းတွေအရ အတည်ပြုလို့ရတဲ့ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၈၇ ဦး ပါတယ်သိရပါ တယ်” ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ဦးအံ့ဘွယ်ကျော်က ဧရာဝတီကို ပြော သည်။

ရခိုင်ပြည်ကို ကာကွယ်ရန် အခွင့်အရေး မရခဲ့ဟု ဦးအေးသာအောင် ဆို

အစိုးရကသာ အဏာကို ချုပ်ကိုင်ခဲ့သဖြင့်  မြန်မာနိုင်ငံ၏ အနောက်ဖက် တံခါး ရခိုင်ပြည် ကို ရခိုင်တိုင်းရင်းသားများ ကာကွယ်ခွင့် မရခဲ့ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောကြားသည်။

ဗန်မော် - လိုင်ဇာသွား ကာလမ်းဘေးတွင် မိုင်းတစ်လုံး ပေါက်ကွဲ၍ ဒေသခံနှစ်ဦး ဒဏ်ရာရရှိ

ဒေါ့ဘုန်းယန်မြို့နယ်ခွဲ မြောက်ဘက်(၂) မိုင်အကွာမှာရှိတဲ့ ဒိန်ဂါယန်ကျေးရွာ အနီး ဗန်မော် - လိုင်ဇာသွား ကားလမ်းဘေးမှာ စက်တင်ဘာလ(၁၇) ၇က်နေ့က KIA အဖွဲ့မှ ထောင်ထားသော မိုင်းတစ်လုံးအား လိုင်ဇာသို့ ဈေးဝယ်သွားသော ဆိုင်ကယ်တစ်စိးမှ နင်းမိကာ ပေါက်ကွဲခဲ့ တယ်လို့ သိရပါတယ်။

ရွှေဝါရောင်တော်လှန်ရေး (၅)နှစ်ပြည့် ရခိုင်သင်္ဃာ့သမဂ္ဂ(RSU)မှ သဘောထားကြေငြာချက် ထုတ်ပြန်

 
ရွှေဝါရောင်တော်လှန်ရေး (၅)နှစ်ပြည့်ခဲ့ ပြီဖြစ်သော်လည်း ယနေ့ အချိန်ထိ မြန် မာနိုင်ငံတွင် အခြေခံလူတန်းစားများ၏  လူမှုဘ၀ဖူလုံမှုနှင့် ငြိမ်းချမ်း သာယာမှု မရှိသေးကြောင်း ရခိုင်သင်္ဃာ့သမဂ္ဂ (RSU)မှ သဘောထား  ကြေငြာချက်ထုတ်ပြန်လိုက်သည်။

အမေရိကရောက် ဒေါ်အောင်ဆန်းစုကြည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ယနေ့တွင် တွေ့ဆုံဆွေးနွေးမည်

အမေရိကန်ပြည်ထောင်စုသို့လက်ရှိတွင်  ရောက်ရှိနေသည့် မြန်မာ့ဒီမိုကရေ
စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်နှင့် ၀ါရှင်တန်ဒီစီတွင် စက်တင်ဘာလ ၁၈ ရက်နေ့ (ယနေ့)တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းဖော်ပြချက် များအရ သိရသည်။

မလေးရှားတွင် လူငယ်တစ်ဦး အရက်သောက်၍ ဦးနှောက်သွေးကြော ပြတ်ပြီး ရုတ်တရက်သေဆုံး

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ပူချုန်းနယ်တွင် ရခိုင်လူငယ်တစ်ဦး အရက်သောက်၍ ဦးနှောက်သွေးကြော  ပြတ်ကာ ရုတ်တရက်သေဆုံးကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာမြောက်ဦးမြို့ နယ်ကျောင်းတောင်ကျေးရွာမှ ကိုနေလင်း ဆိုသူဖြစ်ပြီး အသက်၂၆ရှိသည်  ဟုသိရသည်။

မိုဘိုင်းဖုန်း သန်း ၃၀ စီမံကိန်း ပယ်ဖျက်လိုက်ပြီ

ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း တာဝန် ယူကာစ ၂၀၁၁ ခုနှစ်က အစိုးရအဖွဲ့နဲ့  ပြည် သူတွေကို တရားဝင်တင်ပြထားတဲ့ ၅  နှစ် အတွင်း တယ်လီဖုန်း သန်း ၃၀ တပ်ဆင်ရေး စီမံကိန်းကို ပယ်ဖျက် လိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာတဦး က ပြောပါတယ်။

အလုပ်သမားအဖွဲ့အစည်း ခေါင်းဆောင်အချို့အား အလုပ်ထုတ်၍ MWDC အရက်စက်ရုံ ၀န်ထမ်းအချို့ ဆန္ဒဖော်ထုတ်

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စက်မှူ (၂)ရှိ GrandRoyal အရက်စက်ရုံ(MWDC အရက်စက်ရုံ)တွင် အလုပ်သမားအဖွဲ့အစည်း မှခေါင်းဆောင်သူအချို့ကို အလုပ်မှရပ်နားစေမှုကြောင့် စက်ရုံဝန်ထမ်းအချို့ ဆန္ဒထုတ်ဖော်ခဲ့ကြောင်း  သတင်းရရှိသည်။

အကျဉ်းကျသံဃာများအား မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူမှ ရဟန်းပြန်စည်းပေး

မန္တလေး အိုးဘိုအကျဉ်းထောင်မှ နိုင်ငံရေး အကျဉ်းသား ၄၆ ဦးနှင့် FRC တရုတ်နိုင်ငံသား  ၁ ဦး စုစုပေါင်း ၄၇ ဦး လွတ်မြောက်လာပြီး သတင်းရရှိသည်။

ယနေ့ ကျင်းပပြုလုပ်ခဲ့သည့် ရွှေဝါရောင်တော်လှန်ရေး ၅ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှ ၂၀၀၇- ၂၀၁၂ သဘောထားကြေညာချက်တစ်စောင်ကို ထုတ်ပြန်လိုက်ကြောင်းသိရသည်။

အဆိုပါ သဘောထားကြေညာချက်တွင် အချက် ၁၀ ချက်ပါဝင်ပြီးယနေ့ မျက်မှောက်ကာလ နိုင်ငံရေးအခြေအနေ အရပ်ရပ်ကို ရဟန်းသံဃာတော်များအနေဖြင့် မျက်ခြေမပြတ်လေ့လာသုံးသပ်လျှက်ရှိကြောင်း၊အပြု သဘောဆောင်သည့် အနေအထားများရှိနေသည်ကို အသိအမှတ်ပြုကြောင်း၊ ယခုထက်ပိုမိုပွင့်လင်းမြင်သာရှိရန် နိုင်ငံရေး အင်အားစု အားလုံးနှင့်လက်တွဲဆောင်ရွက်ရန်တိုက်တွန်းကြောင်း၊ လက်နက်ကိုင် ပဋိပက္ခများ

ဦးရွှေထူး ပြန်လွတ်ပါပြီ



နှစ်ပေါင်းများစွာ ထိန်းသိမ်းခံရပြီး မနေ့ကမှ ထောင်က ပြန်လွတ်လာတဲ့ ဦးရွှေထူး အကြောင်း သိကောင်းစရာ ။

မြန်မာ့တပ်မတော်တပ်မဟာ(၁၃) တပ်မင်းကြီး ဇေယျကျော်ထင် ဗိုလ်မှူးကြီးဘဖြူ (ငြိမ်း) နိုင်ငံ့ဂုဏ်ရည် ပထမအဆင့် နှင့် ဒေါ်မြသွေးတို့မှ (၂၀)ရက် နိုဝင်ဘာလ ၁၉၄၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။မွေးချင်းငါးယောက် အနက် ဒုတိယမြောက်သားဖြစ်သည်။

မြန်မာနိုင်ငံသားများ မလေးရှား မြန်မာသံရုံး အနီးတွင် ဆန္ဒပြ


ခိုင်မောင်ဦး(မလေး) မလေးရှားနိုင်ငံ ကွာလာလာမ်ပူရ်မြို့  မြန်မာ သံရုံး အနီးတွင် မြန်မာနိုင်ငံသား များက ဆားလင်းကြီး မြို့နယ် လက်ပံ တောင်းတောင် ကြေးနီစီမံကိန်း လုံးဝ ရပ်ဆိုင်းပေးရန်၊ ကချင်စစ် ရပ်စဲရန်နှင့်  ကျန်ရှိ နေသေးသော နိုင်ငံအရေးအကျဉ်းများ လွှက်မြောက်ရန်  စသည့် အရေးများ  အတွက် ယနေ့ နံနက်က ဆန္ဒပြ တောင်းဆို ခဲ့ကြသည်။

စစ်တွေ အကျဉ်းထောင်မှ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား (၁၁၄) ဦး အပါအဝင် အကျဉ်းသား(၁၆၆)ဦး ပြန်လည်လွတ်မြောက်

စက်တင်ဘာ (၁၇) ရက်နေ့က စစ်တွေ အကျဉ်းထောင်မှ အကျဉ်းသား (၁၆၆)  ဦးအား ပြန်လွှတ်ပေးလိုက်သည်။

ပြန်လွှတ်ပေးလိုက်သူများတွင် နယ်စပ်ဒေသနှင့် လူဝင်မှုကြီးကြပ်ရေးရုံးမှ 
(၃) ဦး၊ ထိုင်းနိုင်ငံသား (၁) ဦး၊ ဘင်္ဂလာဒေ့ခ်ျနိုင်ငံသား (၁၁၄) ဦး၊ ညမထွက်ရ အမိန့်ဖောက်ဖျက်၍ အရေးယူခံထားရသူ မြန်မာနိုင်ငံသား (၄၈) ဦး ပါဝင်ကြောင်း သိရသည်။

အကျဉ်းသား ၅၁၄ ဦး လွတ်ပေးမှု သမ္မတ ဦးသိန်းစိန်၏ နိုင်ငံခြားခရီးစဉ် ချီးမွမ်းခံရန်ဟု AAPP ရှုမြင်

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၅၁၄ဦး ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ-၄၀၁(၁) အရ ယနေ့  ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးမှုတွင် သမ္မတ ဦးသိန်းစိန် နိုင်ငံခြားခရီးစဉ် ချီးမွမ်းခြင်း ခံရရန် ဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသား များ ကူညီစောင့်ရှောက်ရေး အသင်း-မြန်မာနိုင်ငံ(AAPP) က ပြောသည်။

ဘင်္ဂလားဒေ့ခ်ျတွင် YouTube ကိုစတင် ပိတ်ပင်ပြီ

မြန်မာ့ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလာဒေခ်ျ့တွင် အစိုးရမှ  YouTube ကို ယမန်နေ့
ညနေမှ စတင် ပိတ်လိုက်ပြီ ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာနှင့် အတိုက်အခံ ခေါင်းဆောင် ခါလစ်ဒါ ဇီယာတို့မှ မူဟာမက် တမန်တော်ကို လှောင်ပြောင်သည့် ဗွီဒီယို အပေါ် ဆန့်ကျင် ကန့်ကွက်ကြောင်း ပြောဆိုမူ ထွက်ပေါ်လာပြီး နောက်  YouTube ကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

သမ္မတ ဦးသိန်းစိန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး တက်ရောက်မည်


တရုတ်နိုင်ငံမှာ စက်တင်ဘာလ ၁၈ ရက် ကနေ ၂၂ ရက်နေ့အထိ ကျင်းပမယ့် (၉)  ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ နဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီး အစည်းအဝေးကို သမ္မတ ဦးသိန်းစိန် တက်ရောက်မှာ ဖြစ်ပါတယ်။

အစ္စလာမ် ဆန့်ကျင်ရေး ဗီဒီယို ဂယက်

လဘနွန်က ရှီးယား မွတ်ဆလင် လှုပ်ရှားမှု ဟစ်ဇဘိုလာ ခေါင်းဆောင် Hassan Nasrallah ဟာ အမေရိကန်မှာ ရိုက်ကူး ထုတ်လုပ်တဲ့ အစ္စလာမ်  ဆန့်ကျင်ရေး ဗီဒီယို နဲ့ ပတ်သက်တဲ့ဆန္ဒပြ လှုပ်ရှားမှုတွေမှာ လူမြင်ကွင်းရှေ့
ထွက်ပေါ်လာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သူရဲကောင်းအဖြစ် US မှာ ကြိုဆို



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန် ဒီစီကို စက်တင်ဘာလ ၁၇ ရက်နေ့ ဒေသ စံတော်ချိန် နံနက် ၁၁ နာရီ ခန့်လောက်က ရောက်လာတဲ့ အချိန်မှာ သူရဲကောင်းအဖြစ် ကြိုဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။

မိခင်ကို စိတ်ချမ်းသာစေခဲ့တဲ့ မယ်သီလရှင် သင်ဇာဝင့်ကျော်

သတင်း၊ ဓာတ်ပုံ - ပေါ်ပြူလာ ဂျာနယ်

"သမီးရဲ့ မယ်သီလရှင် ဝတ်ထားတဲ့ပုံလေးကို မြင်ရတော့ ဝမ်းသာပီတိဖြစ်ခဲ့ ရတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်ရဲ့ မိခင် ဒေါ်အေးယဉ်သန်း "

မုံရွာမြို့နယ်မှူးကို သပိတ်သမများ တရားစွဲမည်

ကြေးနီတောင် စီမံကိန်းအရေးတွင် အဖမ်းခံခဲ့ရပြီး 
စက်တင်ဘာ ၁၄ ရက်နေ့က ပြန်လည်လွတ်မြောက် 
 လာသည့် အမျိုးသမီး ၃ ဦးကို ကြိုဆိုလာစဉ်
မုံရွာမြို့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းအရေးတွင် အဖမ်းခံ ခဲ့ရပြီး ပြန်လည် လွတ်မြောက်လာသည့် အမျိုးသမီး ၃ ဦးက မုံရွာမြို့နယ် မှူးကို တရားစွဲဆို သွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်တော် မြို့နယ် အတွင်း ရခိုင်သားပိုင် ကျွဲ၊ နွားများ ဆက်တိုက် ပျောက်ဆုံးနေ


ကျောက်တော်မြို့နယ် သရီချောင်းနယ်မြေမင်း သားတောင်ကျေးရွာ အုပ်စု၊ ပေါက်တော  ကျေးရွာအုပ်စု၊ ကျောက်တလုံးကျေးရွာ အုပ်စုတို့ တွင် ရခိုင်-ကုလားအဓိကရုဏ်းမှ  စပြီး ကျွဲ၊ နွားများ ပျောက်ဆုံးနေသည်မှာ ယနေ့ထိတိုင် ဖြစ်ပွားလျှက် ရှိနေသည်။

ရခိုင်နှင့် မူဆလင်ခေါင်းဆောင်များ လူမျိုးစုနှင့် ပဋိပက္ခအရေး အလေးထားဆွေးနွေး


ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ပြုလုပ်တဲ့ (၂၁) ရာစု မြန်မာနိုင်ငံရဲ့ အမျိုးသားရေး လက္ခဏာနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဆွေးနွေး ပွဲ နောက်ဆုံးနေ့မှာ (၈၈)မျိုးဆက်  ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် ရခိုင်နဲ့ မူဆလင်  ခေါင်းဆောင်တွေက ရခိုင်ပြည်နယ်က တိုင်းရင်းသား လူမျိုးစုအရေးနဲ့ ပဋိပက္ခအရေးအတွက် အလေး ထား ဆွေးနွေးခဲ့ကြပါတယ်။

ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သျှမ်းပြည်ခရီးစဉ် ဒေသခံများ မကျေနပ်

ဒုတိယ သမ္မတ ဒေါက်တာစိုင်းမောက်ခမ်း သည် ယမန်နေ့ မွန်းလွဲပိုင်း သျှမ်းပြည်မြောက် ပိုင်း လားရှိုး ၊ မူစယ်၊ နမ့်ခမ်းမြို့များနှင့် သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံသို့ ခရီးလှည့် ရာတွင် ယာဉ်သွားလမ်း တားဆီး စစ်ဆေးပိတ်ဆို့မှုများသောကြောင့် ဒေသခံများ စိတ်အနှောင့် အယှက်ဖြစ်ခဲ့ ရကြောင်း  ကြားသိရပါသည်။

အစိုးရတပ်နှင့် KIA တို့ ဋ္ဌာန ချုပ် လိုင်ဇာအနီး တွင် တိုက်ပွဲ ပြင်း ထန်စွာ ဖြစ်ပွားနေ

တရုတ်နယ်စပ်အနီးရှိ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA ၏ ဗဟိုဋ္ဌာနချုပ် လိုင်ဇာမြို့အနီး ထိုးစစ်ဆင်တိုက်ခိုက်လာသော အစိုးရ တပ်ဖွဲ့များကို KIA နှင့် ABSDF (မြောက်ပိုင်း) ကျောင်းသားတပ်

နော်ဝေက ပေးသည့် အခွန် အထူးအခွင့်အရေ: အကျိုးမဖြစ်

ရန်ကုန်၊ စက်တင်ဘာ ၁၃      ဆယ်စုနှစ် တစ်စုကြာ ပိတ်ပင် ထားခဲ့သည့် နော်ဝေ နိုင်ငံ၏ အခွန်ကင်းလွတ်ခွင့် GSP ပြန်လည် ရရှိလာသော် လည်း မြန်မာရေ လုပ်ငန်းနှင့် အထည်ချုပ် လုပ်ငန်းများ အတွက် အကျိုး ဖြစ်ထွန်းမည် မဟုတ်ကြောင်း ယင်းနယ်ပယ်တွင် လုပ်ကိုင်နေသည့် အထင်ကရ စီးပွားရေး လုပ်ငန်းရှင်များက ပြောကြားသည်။

အီးယူ က မြန်မာနိုင်ငံ ကို ကုန်သွယ်ရေး ဆိုင်ရာ အထူးအခွင့် အရေးတွေပေးသွား ဖို့ အစီအစဉ် တစ်ရပ်ကို တင်သွင်း


 
Photo: အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံ ကို ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေပေးသွားဖို့ အစီအစဉ် တစ်ရပ်ကို တင်သွင်းလိုက်ပြီလို့ သိရပါတယ်။

အဲဒီ အစီအစဉ်မှာ စစ်လက်နှက်ခဲယမ်းတွေကလွဲရင် မြန်မာနိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းအားလုံးကို ဥရောပသမဂ္ဂဈေးကွက်ထဲကို အကောက်ခွန်မဲ့ တင်သွင်းခွင့်ပြုမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံကနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ  ရှေ့တိုးအောင်မြင်ဖို့ အတွက် ကူညီတဲ့အနေနဲ့ ဒီအစီအစဉ်ကို ရည်ရွယ် လုပ်ဆောင် ကြောင်း ဥရောပသမဂ္ဂ တာဝန်ရှိသူတွေကပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ စတင်လုပ်ဆောင်ကတည်းက၊ ဒီအစီအစဉ်တွေအောင်မြင်ဖို့ အတွက် စီးပွားရေးအရ ကူညီထောက်ပံပေးဖို့ လိုအပ်မယ်ဆိုတာကို သိမြင်ခဲ့ကြောင်း ဥရောပသမဂ္ဂ ကုန်သွယ်ရေးဆိုင်ရာ မဟာမင်းကြီး ကာရဲလ် ဒီဂူချတ် Karel De Guchat ကပြောဆိုခဲ့ပါတယ်။ 

ကူးသန်းရောင်းဝယ်ရေးဟာ နိုင်ငံရေး တည်ငြိမ်မှုအတွက် အခြေခံကျတဲ့ လိုအပ်ချက်ဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲရေးတွေ လုပ်တဲ့အတွက် ကမ္ဘာ့အကြီးဆုံးဈေးကွက်ဖြစ်တဲ့ ဥရောပသမဂ္ဂဈေးကွက် နဲ့ ကုန်သွယ်ခွင့်မှာ   မြန်မာနိုင်ငံကို ဦးစားပေးမယ် ဆိုတဲ့ သဘောဖြစ်တယ် လို့လည်း  သူက ရှင်းပြခဲ့ပါတယ်။

 ဒါပေမယ့် ဒီကုန်သွယ်ခွင့်မှာ စစ်လက်နက်တွေတော့ မပါဝင်ကြောင်း
 ပြောဆိုပါတယ်။

အရင်မြန်မာစစ်အစိုးရတုန်းက နိုင်ငံတကာ သဘောတူညီချက်တွေကို မလိုက်နာဘဲ အဓမ္မလုပ်အား ပေးစေခိုင်းမှုတွေ ကျူးလွန်ခဲ့တဲ့ အတွက် ၁၉၉၇ ခုနှစ်မှာ ဒီကုန်သွယ်ခွင့်ကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံ ကို ကုန်သွယ်ရေးဆိုင်ရာ အထူးအခွင့်အရေးတွေပေးသွားဖို့ အစီအစဉ် တစ်ရပ်ကို တင်သွင်းလိုက်ပြီလို့ သိရပါတယ်။ အဲဒီ အစီအစဉ်မှာ စစ်လက်နှက်ခဲယမ်းတွေကလွဲရင် မြန်မာနိုင်ငံက တင်သွင်းလာတဲ့ ကုန်ပစ္စည်းအားလုံးကို ဥရောပသမဂ္ဂဈေးကွက်ထဲကို အကောက်ခွန်မဲ့ တင်သွင်းခွင့်ပြုမယ့် အစီအစဉ်လည်း ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစု ကြည်အား ဆုချီးမြှင့် မည့်အခမ်း အနားတွင် ကချင်အ မျိုးသားများ တက်ေ ရာက်မည် မဟုတ်





အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှ အမြင့်ဆုံးရွှေတံဆိပ်ဆုချီးမြှင့်ခြင်းကို လက်ခံရယူရန် အမေရိကန်နိုင်ငံသို့ ရောက်ရှိနေသော မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကို ကချင်မဟာမိတ် (Kachin Alliance) မှ လှိုက်လှဲစွာကြိုဆိုသော် လည်း ဂုဏ်ပြုအခမ်းအနားတွင်မူ စစ်မက်ပြဿနာရင်ဆိုင်နေရသောကချင်တိုင်းရင်းသားများအနေဖြင့်တက်ရောက်မည်မဟုတ်ကြောင်း ပြောဆို
လိုက်သည်။

ဂါက် (GOUT) သမား ဝက်သား မစားနှင့်




**PublicHealth** ဆရာဝန်များ၏ ပြောပြချက်အရငယ်စဉ်ဘဝမှာပိုးကြောင်အဆစ်အမျက်စသည်တို့ ရောင်ရမ်း
ကိုက်ခဲ ခြင်းကို လေးဖက်နာဟုခေါ်တွင်၍ ကြီးပြင်းသည့်အခါ၌ အိုင်အက်စ်အို(ISO) များခြင်း၊

လွတ်ငြိမ်းချမ်းသာ ခွင့်မှာ နိုင်ငံရေး အကျဉ်း သား ၉၀နီးပါး ပါဝင်


 
 
 
အကျဉ်းသား မိသားစုဝင်များ စောင့်ဆိုင်းနေစဉ်။
 
အကျဉ်းသား ၅၁၄ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့  လွှတ်ပေးရာမှာ အခု ရရှိတဲ့ နောက်ဆုံး သတင်း အရတော့ နိုင်ငံရေးအကျဉ်းသားပေါင်း ၉၀ နီးပါး ပါဝင်တယ်လို့ သိရပါတယ်။ ဒီအကြောင်း ကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက ဆက်သွယ် မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

အကျဉ်းသား ၅၁၄ဦး ကို မြန် မာ အစိုးရ လွတ်ငြိမ်း ချမ်းသာခွင့် ပေး


 

သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီး ကတည်းကစလို့ ခုလို လွတ်ငြိမ်းချမ်းသာခွင့် ပေးတာ ဒါနဲ့ဆိုရင် (၆) ကြိမ် ရှိသွားပါပြီ။ (Jan 13 2012)
နိုင်ငံခြားသား အကျဉ်းသားတွေ အပါအ၀င် အကျဉ်းသားစုစုပေါင်း ၅၁၄ ယောက်ကို သမ္မတ က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန် လွှတ်ပေးလိုက်တဲ့အကြောင်း ကြားဖြတ်အထူးသတင်းတရပ် မကြာသေးခင်က