Wednesday, August 1, 2012

လွှတ်တော်သတင်း(ကြားဖြတ်)



ယနေ့ (သြဂုတ်လ ၁ရက်နေ့) တွင် ကျင်းပမည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ ဥက္ကဋ္ဌ (သို့မဟုတ်) ယင်းက တာဝန်ပေးအပ်သည့် ပုဂ္ဂိုလ်က လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြားရှင်းလင်းခြင်း၊ အမ
ျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဥပဒေမူကြမ်းပါ အကြောင်းအရာများအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း၊ ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ ကော်မရှင်က လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ထောက်ခံခြင်း စသည်တို့ကို ပြုလုပ်မည် ဖြစ်ပါသည်။

No comments:

Post a Comment