Monday, April 8, 2013

မြန်မာ့ နယ်စပ်လုံ ခြုံရေးကို ဘင်္ဂလားဒေရှ့် အခြေစိုက် အဖွဲ့အစည်းတွေ ခြိမ်းခြောက်

Photo: မြန်မာ့ နယ်စပ်လုံခြုံရေးကို ဘင်္ဂလားဒေရှ့် အခြေစိုက် အဖွဲ့အစည်းတွေ ခြိမ်းခြောက်

Monday, April 8, 2013

န်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်မှာ တည်ငြိမ်မှု မရှိအောင် ဘင်္ဂလားဒေရှ့် အခြေစိုက် ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေက ခြိမ်းခြောက်နေတယ်လို့ မောင်တောခရိုင် အခြေစိုက် နယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး အောင်နိုင်ဦးက RFA ကို ဒီကနေ့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အဲဒီလိုမျိုး ခြိမ်းခြောက်မှုတွေကို Rohingya Solidarity Organization(RSO)၊ Arakan Rohingya National Organization(ARNO) တို့လို အဖွဲ့အစည်းတွေက လုပ်ဆောင်နေတာ ဖြစ်ပြီး၊ ဒီနှစ်အတွင်းမှာ အဲဒီလို အဖွဲ့အစည်းတွေရဲ့ သတ်ဖြတ်မှုကိုခံရတဲ့ မြန်မာနိုင်ငံသား တစ်ဦးရှိပြီး၊ နှစ်ဦးကတော့

ယခုအချိန်ထိ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတကာက ရိုဟင်ဂျာ အဖွဲ့အစည်းတွေ စွပ်စွဲသလို နစကတပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာ အမျိုးသမီးတွေကို အတင်းအဓမ္မ ပြုကျင့်တာတွေ မရှိကြောင်း နစက တပ်ဖွဲ့ အကြီးအကဲက အခုလို ငြင်းဆိုပါတယ်။

“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တိုင်ကြားလို့ ကျွန်တော်တို့ဆီမှာ ခုံရုံးဖွဲ့ပြီး၊ စုံစမ်း စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်၊ ဘာတွေ့လဲဆိုတော့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက တစ်ချို့ ရာဇဝတ်မှုတွေမှာ တရားခံ

ဖမ်းဆီးရေးကို ရွာတွေမှာ ဝင်ရောက်လှုပ်ရှားတယ်၊ ကင်းပုန်းဝပ်တယ်၊ စောင့်ဆိုင်းတယ်၊ လျှက်တပြက်

ရှာဖွေတယ်၊ အဲဒါတွေကို ရပ်တန့်သွားစေချင်လို့  သူတို့ဘက်က ဒီလိုတုံ့ပြန်တာတွေ ဝါဒဖြန့်တာတွေ တွေ့ရပါတယ်။”

ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဘင်္ဂလားဒေရှ့်နယ်မြေအတွင်းမှာ အခြေစိုက် လှုပ်ရှားတာတွေရှိတယ်လို့ ဘင်္ဂလားဒေရှ့်နဲ့မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ နှစ်ခုကြား ပြုလုပ်တဲ့ အလံတင်အစည်းအဝေးတွေမှာ ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေက ဝန်ခံ ပြောကြားတာတွေ ရှိပါတယ်။

မြန်မာ- ဘင်္ဂလားဒေ့်ရှ်နယ်စပ် ဒေသလုံခြုံရေး၊ တည်ငြိမ်ရေး နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ မောင်းတောခရိုင်အခြေစိုက် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲမှုဌာနချုပ် နစကတပ်ဖွဲ့ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်နိုင်ဦးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

RFA
မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်မှာ တည်ငြိမ်မှု မရှိအောင် ဘင်္ဂလားဒေရှ့် အခြေစိုက် ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေက ခြိမ်းခြောက်နေတယ်လို့ မောင်တောခရိုင် အခြေစိုက် နယ်စပ်ဒေသ လုံခြုံရေးတပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး အောင်နိုင်ဦးက RFA ကို ဒီကနေ့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒုံးကျည်များကို ပစ်စင်များပေါ်သို့ တင်ပြီးနောက် သံတမန်များ ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် မြောက်ကိုရီးယားက သတိပေး

ဒုံးကျည်များကို ပစ်စင်များပေါ်သို့ တင်ပြီးနောက် သံတမန်များ

ကို ဘေးကင်းရာသို့ ပြောင်းရွှေ့ရန် မြောက်ကိုရီးယားက သတိပေး

Monday, April 8, 2013

မြောက်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ ဒုံးကျည်များကို ပစ်စင်များပေါ်သို့ တင်ပြီးနောက် နိုင်ငံအတွင်းရှိ သံတမန် များအား ဧပြီ ၁ဝ ရက် နောက်ပိုင်း

တွင် ၎င်းတို့၏ လုံခြုံရေးအား အာမခံချက် မပေးနိုင်တော့ သောကြောင့် ဘေး

ကင်းရာသို့ ရွှေ့ပြောင်းပေးရန် ဗြိတိန်၊ ရုရှားနှင့် အခြား ဥရောပ နိုင်ငံများအား တိုက်တွန်း ပြောကြား ခဲ့သည်ဟု သိရသည်။

မြောက်ကိုရီးယား နိုင်ငံသည် ၎င်း၏ တာလတ်ပစ် ပဲ့ထိန်းဒုံး နှစ်စင်းအား နိုင်ငံ

၏ အရှေ့ဘက် ကမ်းရိုးတန်းသို့ ပြောင်းရွှေ့ခဲ့ပြီး စစ်ရေး တင်းမာမှု မြင့်မားနေ ချိန်တွင် ဥရောပ သံအမတ်များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများအား

နိုင်ငံအတွင်းမှ ထွက်ခွာပေးရန် ဧပြီ ၅ ရက်က ဥရောပ နိုင်ငံများသို့ အကြောင်း

ကြားခဲ့သည်။

မြောက်ကိုရီးယား အစိုးရသည် ၎င်းတို့၏ Musudan ဒုံးကျည်များအား ယခုပတ် အစောပိုင်းက ရထားဖြင့် တင်ဆောင်ကာ အရှေ့ဘက် ကမ်းရိုး

တန်းသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်း ဒုံးကျည်များအား တစ်ကြိမ်တစ်ခါမျှ စမ်းသပ်ပစ်ခတ်ခဲ့ခြင်း မရှိသော်လည်း ကီလိုမီတာ ၃ဝဝဝ (၁၈၆ဝ မိုင်) အကွာအဝေးထိ ပစ်ခတ်နိုင်ကြောင်း ယူဆရဖွယ် ရှိသည်။

၎င်း အကွာအဝေးသည် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံရှိ မည်သည့် ပစ်မှတ်ကိုမဆို ပစ်ခတ်နိုင်ကြောင်းနှင့် ပစိဖိတ်ဒေသ ဂူအမ်ကျွန်းရှိ အမေရိကန် စစ် အခြေစိုက် စခန်းများသို့ ရောက်ရှိနိုင်ဖွယ် ရှိကြောင်း သိရသည်။

မြောက်ကိုရီးယား နိုင်ငံ၏ တတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုအား ကုလလုံခြုံရေး ကောင်စီ က အရေးယူ ပိတ်ဆို့ခဲ့မှုနှင့် အမေရိကန်နှင့် တောင်ကိုရီးယားတို့ နှစ်စဉ် ပြုလုပ်သည့် ပူးပေါင်း

စစ်ရေး လေ့ကျင့်မှုကြောင့် မြောက်ကိုရီးယား နိုင်ငံနှင့် အမေရိကန် နိုင်ငံ

တို့ အကြား တင်းမာမှု မြင့်တက်လာခဲ့ခြင်း ဖြစ်ပြီး လွန်ခဲ့သော သီတင်း

ပတ် များကပင် နျူကလီးယား စစ်ပွဲ ဖြစ်ပွားရန် သတိပေးချက်များ ထုတ်

ပြန် ခဲ့ခြင်း ဖြစ်သည်။

မြ၀တီ
မြောက်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ ဒုံးကျည်များကို ပစ်စင်များပေါ်သို့ တင်ပြီးနောက် နိုင်ငံအတွင်းရှိ သံတမန် များအား ဧပြီ ၁ဝ ရက် နောက်ပိုင်းတွင် ၎င်းတို့၏ လုံခြုံရေးအား အာမခံချက် မပေးနိုင်တော့ သောကြောင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးရန် ဗြိတိန်၊ ရုရှားနှင့် အခြား ဥရောပ နိုင်ငံများအား တိုက်တွန်း ပြောကြား ခဲ့သည်ဟု သိရသည်။မြောက်ကိုရီးယား နိုင်ငံသည် ၎င်း၏ တာလတ်ပစ် ပဲ့ထိန်းဒုံး နှစ်စင်းအား နိုင်ငံ၏ အရှေ့ဘက် ကမ်းရိုးတန်းသို့ ပြောင်းရွှေ့ခဲ့ပြီး စစ်ရေး တင်းမာမှု မြင့်မားနေ ချိန်တွင် ဥရောပ သံအမတ်များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့ အစည်းများအားနိုင်ငံအတွင်းမှ ထွက်ခွာပေးရန် ဧပြီ ၅ ရက်က ဥရောပ နိုင်ငံများသို့ အကြောင်းကြားခဲ့သည်။

ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်းမှ မွန် ကရင် ငြိမ်းချမ်းရေး အဖွဲ့များအား ဆန်အိတ်များ ထောက်ပံ့

Photo: ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်းမှ မွန် ကရင် ငြိမ်းချမ်းရေး အဖွဲ့များအား ဆန်အိတ်များ ထောက်ပံ့

Monday, April 8, 2013

မွန်ပြည်နယ် မော်လမြိုင်မြို့ ဖက်တန်း ရပ်ကွက် ပြည်နယ် ခန်းမရှေ့၌ယ

မန်နေ့ နံနက် ၈ နာရီက ဂျပန်နိုင်ငံ နီပွန် ဖောင်ဒေးရှင်း (The Nippon Founda- tion)မှ မွန်/ကရင် ငြိမ်းချမ်းရေး အဖွဲ့များကို ဆန်အိတ် ၃၈ဝဝ

ထောက်ပံ့ ပေးအပ်ပွဲ ကျင်းပရာ မွန်ပြည်နယ် အစိုးရ အဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင် (The Nippon Foundation မှ Mr. Umemura) (MNSP) မွန်ပြည်သစ် ပါတီမှ နိုင်မင်း

သီဟ (ရာမည ငြိမ်းချမ်းရေး ဖောင်ဒေးရှင်း)၊ (K.P.C.F) ကရင်ငြိမ်းချမ်း ကာကွယ်ရေး အဖွဲ့ ခေါင်းဆောင် နှင့် အဖွဲ့ဝင်များ၊ (M.M.F.D) မွန်ဌာနေ

ပြည်သူ့စစ် အဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ (M.P.D.F) မွန်ငြိမ်းချမ်း ကာကွယ်ရေး အဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ (K.E.A.P) ကရင် လက်

နက်နှင့် ငြိမ်းချမ်းရေး အထူးဒေသ အဖွဲ့ ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ စု

စုပေါင်း ၃ဝ ခန့် တက်ရောက် ခဲ့ကြသည်။

အဆိုပါ ဆန်အိတ် ထောက်ပံ့ ပေးအပ်ပွဲတွင် နီပွန် ဖောင်ဒေးရှင်း တာဝန်ခံ Mr. Umemura မှ (M.N.S.P) မွန်ပြည်သစ် ပါတီအတွက် ဆန်အိတ် ၃၅ဝဝ၊ (K.P.D.F) ကရင် ငြိမ်းချမ်း ကာကွယ်ရေး အဖွဲ့အတွက် ဆန်အိတ် ၇ဝ၊ (M.M.F.D) မွန်ဌာနေ ပြည်သူ့စစ် အဖွဲ့အတွက် ဆန်အိတ်၉ဝ၊ (M.P.D.F) မွန်ငြိမ်းချမ်း ကာကွယ်ရေး အဖွဲ့အတွက် ဆန်အိတ် ၉ဝ၊(K.E.A.P) ကရင်လက်နက်နှင့် ငြိမ်းချမ်းရေး အထူးဒေသ အဖွဲ့အတွက် ဆန်အိတ်၂၅ အိတ်နှင့် (K.E.A.P) ခွဲထွက် အဖွဲ့အတွက် ဆန်အိတ် ၂၅ အိတ်တို့ကို အဖွဲ့ ခေါင်းဆောင် များက အသီးသီး လက်ခံ ရယူ ခဲ့ကြကြောင်း သတင်း ရရှိသည်။

မြ၀တီ

မြန်မာ့ငြိမ်း ချမ်းရေးေ ဆွးနွေးပွဲနဲ့ တရုတ်ပြည်ရဲ့ကဏ္ဍ တရုတ်သံရုံး ရှင်းလင်း

Photo: မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ တရုတ်ပြည်ရဲ့ကဏ္ဍ တရုတ်သံရုံး ရှင်းလင်း

Monday, April 8, 2013

မြန်မာနိုင်ငံအစိုးရနဲ့ KIO/KIA ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တရုတ်ပြည်ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ရှင်းလင်းထားတဲ့ ကြေညာချက်

တစ်စောင်ကို ရန်ကုန်မြို့ တရုတ်သံရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

တရုတ်ပြည်ရွှေလီမြို့မှာ ကျင်းပခဲ့တဲ့ အစိုးရနဲ့ KIO တို့ နောက်ဆုံးဆွေးနွေးပွဲ

မှာ နောက်တစ်ကြိမ် ဆွေးနွေး ပွဲကို ဧပြီလ (၁၀) ရက်နေ့ မတိုင်ခင် ကျင်းပဖို့ သဘောတူညီခဲ့ကြပေမဲ့၊ တရုတ် အစိုးရက ကန့်ကွက် ခဲ့တဲ့ အတွက် မြန်မာ

အစိုးရက ဆွေးနွေးပွဲရက်ရွှေ့ဆိုင်းလိုက်တဲ့ သဘောမျိုး မြန်မာ သတင်းမီဒီ

ယာတချို့က ရေးသားဖေါ်ပြခဲ့ကြပါတယ်။

အဲဒီသတင်းတွေဟာ အဖြစ်မှန်နဲ့ လွဲချော်နေတဲ့အတွက် တရုတ်သံရုံးအနေနဲ့ စိတ်မကောင်းဖြစ်ရပါတယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဆက်လက်ပြီး မြန်မာ့ အိမ်နီးချင်း မိတ်ဆွေစစ်ဖြစ်တဲ့ တရုတ်ပြည်ဟာ မြန်

မာနိုင်ငံရဲ့ လွတ်လပ်တဲ့ အချုပ် အခြာ အာဏာနဲ့ ဂုဏ်သိက္ခကို လေးစားသမှု ရှိတဲ့အပြင်၊ မြန်မာအစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသား

ချင်းသဟဇာတဖြစ်ရေး ဆောင်ရွက်ချက်တွေကို ထောက်ခံအားပေးနေပါ

တယ်၊

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း က ရွှေလီမြို့မှာ နှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တရုတ်အစိုးရက နှစ်ကြိမ် ကမကထပြု စီစဉ်ပေးခဲ့ပါတယ်၊ အဲဒီဆွေးနွေး

ပွဲတွေကြောင့် မြန်မာအစိုးရနဲ့ KIO/KIA တို့ကြား ယုံကြည်မှု တည်ဆောက် နိုင်

ခဲ့သလို၊ တင်းမာမှု ပဋိပက္ခတွေကိုလည်း လျှော့ချနိုင်ခဲ့ပြီး၊ အခြေအနေတွေ တဖြည်းဖြည်း တည်ငြိမ်မှု ရလာ တာနဲ့အတူ၊ လူသားချင်း စာနာရေး အကူအညီတွေလည်း ရောက်ရှိနိုင်တဲ့ အနေအထားဖြစ်ခဲ့ပါတယ်၊

ရှေ့အနာဂတ်မှာလည်း တရုတ်ပြည်အနေနဲ့ မြန်မာအစိုးရက တောင်းဆိုလာ

ရင် ဆက်လက်ကူညီသွားမှာ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ ဆွေးနွေးပွဲ သဘောတူ

ညီချက်အရ နောက်တစ်ကြိမ်ဆွေးနွေးပွဲ မကျင်းပဖြစ်တဲ့ အဓိကအကြောင်း

က ထောက်ပံ့ပို့ဆောင်ရေး အစီအစဉ်မှာ ပြဿနာရှိနေလို့ ပဲဖြစ်ပါတယ်၊

မြန်မာ ငြိမ်းချမ်းရေး စင်တာနဲ့ တခြား သတင်းရင်းမြစ်တွေအရ သင်္ကြန်ပြီးရင် ဆွေးနွေးပွဲတွေ ပြန်စနိုင်တယ်လို့ သိရပါတယ်လို့

ရန်ကုန်မြို့ တရုတ်သံရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

RFA
မြန်မာနိုင်ငံအစိုးရနဲ့ KIO/KIA ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တရုတ်ပြည်ရဲ့ အခန်းကဏ္ဍ နဲ့ပတ်သက်ပြီး ရှင်းလင်းထားတဲ့ ကြေညာချက်တစ်စောင်ကို ရန်ကုန်မြို့ တရုတ်သံရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်မှု ဒုတိယအ ဆင့်အတွက် ပြည် ပအော်ပရေတာ ၂၂ ခုမှ Pre-qualification Application တင်သွင်း

Photo: ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်မှု ဒုတိယအဆင့်အတွက် ပြည်

ပအော်ပရေတာ ၂၂ ခုမှ Pre-qualification Application တင်သွင်း

Monday, April 8, 2013

ပြည်တွင်းရှိ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများအတွက် ဆက်

သွယ်ရေး အော်ပရေတာ ရွေးချယ်မှု ဒုတိယအဆင့်အတွက် ပြည်ပအော်

ပရေတာ ၂၂ ခုမှ ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် Pre-qualification Application တင်သွင်းခဲ့ကြောင်း ဆက်သွယ်ရေး အော်ပရေတာ တင်ဒါ

အကဲဖြတ်ရေးနှင့် ရွေးချယ်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတစ်ဝန်း ဆက်သွယ်ရေး ၀န်ဆောင်မှု ရရှိစေမည့် ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းလိုင်စင်နှစ်ခု ခွင့်ပြုရန်အတွက် ဆက်သွယ်ရေး အော်

ပရေတာ တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီမှ ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့ ညနေ ၃ နာရီ၌ Pre-qualification Application များအား ဖွင့်ဖောက် စစ်ဆေး

ခဲ့ရာ နိုင်ငံတကာ ဆက်သွယ်ရေး ကုမ္ပဏီ ၂၂ ခုမှ တင်သွင်းသည့်Document

များအား စိစစ်ပြီး ကော်မတီအနေဖြင့် လက်ခံ အတည်ပြုခဲ့ကြောင်း သိရ

သည်။

Pre-qualification Application Process အောင်မြင်သည့် အော်ပရေတာ

များ၏ စာရင်းအား ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ကြေညာသွား

မည် ဖြစ်သည်။

အဆိုပါ ဆက်သွယ်ရေး ၀န်ဆောင်မှုအတွက် လိုင်စင်လျှောက်ထားရာတွင် အဆင့်သုံးဆင့် ခွဲခြားသတ်မှတ်ထားပြီး ပထမအဆင့် အနေဖြင့် ကော်မတီမှ မည်သည့်စီးပွားရေး လုပ်ငန်းစုကိုမဆို ၎င်းတို့ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားပါက ဆက်သွယ်ရေးလုပ်ငန်း လုပ်ပိုင်ခွင့် လိုင်စင်အား လျှောက်

ထားနိုင်ကြောင်း၊ ဒုတိယအဆင့်တွင် ယင်းလုပ်ငန်းစုများ အနေဖြင့် ဆက်

သွယ်ရေး အော်ပရေတာများအဖြစ် လုပ်ကိုင်ဆောင်ရွက်ရန် အရည်အသွေး

ရှိ၊ မရှိနှင့် တတိယ အဆင့်အတွက် ဆက်လက်ပါဝင် အရွေးချယ်ခံနိုင်ခြင်းရှိ၊ မရှိ စသည့်အချက်များကို စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

လိုင်စင်လျှောက်ထားခွင့် ဒုတိယမြောက် အဆင့်တွင် ၎င်းလုပ်ငန်းစုများ အနေဖြင့် ဆက်သွယ်ရေး အော်ပရေတာများအဖြစ် လုပ်ကိုင် ဆောင်ရွက်

ရန် အရည်အသွေး ရှိ၊ မရှိနှင့် တတိယအဆင့်အတွက် ဆက်လက်ပါဝင် အရွေးချယ်ခံနိုင်ခြင်း ရှိ၊ မရှိ စသည့် အချက်များကို စစ်ဆေးသွား

မည်ဖြစ်ကြောင်း သိရသည်။

ဒုတိယမြောက် အဆင့်တွင် လာရောက် လျှောက်ထားသူ ကုမ္ပဏီများ

အနေဖြင့် သတ်မှတ်ထားသော အခြေခံ လိုအပ်ချက်များဖြစ်သည့် အရင်းအမြစ်၊ ဘဏ္ဍာရေး ခိုင်မာတောင့်တင်းမှု၊ လုပ်ငန်းလည်ပတ် နိုင်

စွမ်းရှိ၊ မရှိ၊ ဒီဇိုင်းအတွေ့အကြုံ၊ အကောင်အထည် ဖော်နိုင်စွမ်း ရှိ၊ မရှိ စသည့် အချက်များကို စစ်ဆေးသွားနိုင်ရန် ရည်ရွယ်ထားသည်။

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများအရ ဆက်သွယ်ရေး ကဏ္ဍအတွက် Myanmar Telecom, Yatanarpon Telecom ကုမ္ပဏီ

နှစ်ခုနှင့်အတူ သီးခြားဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုတို့မှ ဆက်သွယ်ရေး ကဏ္ဍအတွက် အပြိုင်ဝန်ဆောင်မှု ပေးကြမည်ဖြစ်ပြီး ယင်းဆက်သွယ်ရေး ကုမ္ပဏီလေးခုမှ ၂၀၁၃ မှ ၂၀၁၆ ခုနှစ် အတွင်း၌ မိုဘိုင်းဖုန်း အလုံးရေ ၃၉ သန်းခွဲခန့် ရောင်းချပေးနိုင်ရန် စီစဉ်ထားကြောင်းလည်း သိရှိရပါသည်။

၂၀၁၂ ခုနှစ်က ကျပ်နှစ်သိန်းတန် မိုဘိုင်းဆင်းကတ်များကို ရတနာပုံ

တယ်လီကွန်ကုမ္ပဏီမှ ရောင်းချပေးနေစဉ်

Eleven Media Group
ပြည်တွင်းရှိ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများအတွက် ဆက်သွယ်ရေး အော်ပရေတာ ရွေးချယ်မှု ဒုတိယအဆင့်အတွက် ပြည်ပအော်ပရေတာ ၂၂ ခုမှ ၂၀၁၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် Pre-qualification Application တင်သွင်းခဲ့ကြောင်း ဆက်သွယ်ရေး အော်ပရေတာ တင်ဒါအကဲဖြတ်ရေးနှင့် ရွေး ချယ်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အစိုးရသစ် လက်ထက် နှစ်နှစ်အတွင်း ၀န်ကြီးဌာန အားလုံး၏ ၁၀ ရာခိုင်နှုန်း ၀န်းကျင်သာ အများပြည်သူ အတွက် ထိရောက်အောင် ပြုပြင်ပြောင်း လဲပေးနိုင်

အစိုးရသစ် နှစ်နှစ်သက်တမ်းအတွင်း ၀န်ကြီးဌာနအားလုံး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သော်လည်း ၀န်ကြီးဌာန အချို့သာ အများပြည်သူအတွက် ထိရောက်အောင်မပြောင်းလဲနိုင်သေးသည်ဟု ၀န်ကြီး ဌာနများနှင့် ဆက်စပ်လုပ်ကိုင် နေသူများ၊ ကော်မတီအချို့မှ တာဝန်ရှိသူများ က ပြောကြား ခဲ့သည်။