Friday, April 5, 2013

၁၅၀၀ တန် ဆင်းမ်ကဒ် ဖြန့်ချိရေး ပြည်နယ်တို င်းဒေသ အဆင့် ဆွေးနွေးဆဲ

Photo: ၁၅၀၀ တန် ဆင်းမ်ကဒ် ဖြန့်ချိရေး ပြည်နယ်တိုင်းဒေသအဆင့် ဆွေးနွေးဆဲ

Friday, April 5,2013

လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ ကျပ် ၁၅၀၀ နဲ့ စတင်ရောင်းချပေးမယ့် မိုဘိုင်းဖုန်း ဆင်းမ်ကဒ်တွေကို ပြည်သူတွေလက်ဝယ်အရောက် ရောင်း

ချနိင်ဖို့ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ညှိနှိုင်းနေကြပြီဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေလက်ထဲ ဆင်းကဒ် ၃ သိန်းခွဲကို လစဉ် တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကနေ ရောင်းချပေးဖို့အတွက် တာဝန်ပေးလိုက်ခြင်းဖြစ်

တယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က RFA ကို ပြောပါတယ်။

"တိုင်းဒေသကြီး အစီအစဉ်နဲ့ ဘယ်လိုလုပ်မယ်ဆိုတာလဲ ဆက်သွယ်ရေးနဲ့ ညှိအုံးမှာပါ၊ တိုင်းဒေသကြီး အစီအစဉ်နဲ့လို့တော့ ပြောထားတယ်၊ ကျွန်တော်

တို့တွေ လိုအပ်တာကတော့ တကယ်သုံးတဲ့သူတွေလက်ထဲကိုရောက်

ဖို့ပဲ ပြောထားတာရှိပါတယ်၊ အဲ့ဒီမှာလုပ်မယ့် အစီအစဉ်တွေကို ပြန်တင်မှာ

ပါ၊ လောလောဆယ်တော့ သူတို့လုပ်မယ့် အစီအစဉ်တွေကို မသိရသေးပါ

ဘူးဗျာ၊ ဆက်သွယ်ရေးလုပ်ငန်းကတော့ လိုင်းအရေအတွက်နဲ့ လူဦးရေအရေ

အတွက်အပေါ် မူတည်ပြီးတော့ လစဉ်တိုင်းဒေသကြီး အစိုးရဆီကို ခွဲတမ်း

နဲ့ပေးသွားမယ်၊ တိုင်းဒေသကြီး အစိုးရတွေက အမှန်တကယ်လိုချင်တဲ့သူတွေ

လက်ထဲကို ပြန်ပြီးရောင်းချပေးသွားမယ်"

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဆက်သွယ်ရေးဝန်ကြီးကို RFA က ဒီကနေ့ ဆက်သွယ်မေးမြန်းခဲ့ရာမှာ ခုလိုဆင်းကဒ်တွေကို ပြည်သူတွေ

လက်ဝယ်အရောက် ဘယ်လိုအစီအစဉ်နဲ့ ဖြန့်ဖြူးမလဲဆိုတာနဲ့ ပတ်သက်ပြီး အစည်းအဝေးလုပ်နေဆဲဖြစ်တဲ့အတွက် အသေးစိတ်မပြောနိုင်သေးကြောင်း တာဝန်ကျအရာရှိတစ်ဦးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီဖုန်းဆင်းမ်ကဒ်တွေကိုတော့ ကနဦးဖုန်းခေါ်ဆိုခ ကျပ် ၃၀၀ ဖြည့်

သွင်းပေးထားမှာဖြစ်ပြီး ၁၅ ရက်အတွင်းမှာ ဖုန်းပြောဆိုခ ကျပ် ၅၀၀၀ တန် ငွေဖြည့်ကဒ်ကို ထပ်မံဖြည့်သွင်း အသုံးပြုရမှာဖြစ်ပါတယ်။

တစ်ကယ်လို့ ၁၅ ရက်အတွင်းမှာ ထပ်မံအဖြည့်သွင်းဘူးဆိုရင်တော့ အလိုအလျှောက် ပြန်လည်ပိတ်သိမ်းသွားမှာ ဖြစ်တယ်လို့လည်း နိုင်ငံ

ပိုင် သတင်းမီဒီယာတွေက ဖော်ပြထားတာပါ။

ဖုန်းပြောဆိုခ တစ်မိနစ်ကို ကျပ် ၅၀ သတ်မှတ်ထားပြီး အဝင်ဖုန်း

လက်ခံ ပြောဆိုခကိုတော့ ကောက်ခံမှာမဟုတ်ဘူးလို့ သိရပါတယ်။

RFA
လာမယ့် ဧပြီလ ၂၄ ရက်နေ့မှာ ကျပ် ၁၅၀၀ နဲ့ စတင်ရောင်းချပေးမယ့် မိုဘိုင်းဖုန်း ဆင်းမ်ကဒ်တွေကို ပြည်သူတွေလက်ဝယ်အရောက် ရောင်းချနိင်ဖို့ သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ မြန်မာ့ဆက်သွယ်ရေး ဝန်ကြီးဌာနတို့ ညှိနှိုင်းနေကြပြီဖြစ်တယ်လို့ သိရပါတယ်။

၄၈ လမ်း ဗလီမီးေ လာင်မှုတွင် အဓိက တာဝန်ရှိ သည့် ဗလီဆရာ နှစ်ဦး အနက် လွတ်မြော က်နေသူ တစ်ဦးအား ဖမ်းဆီး ရမိ

Photo: ၄၈ လမ်း ဗလီမီးလောင်မှုတွင် အဓိက တာဝန်ရှိသည့် ဗလီဆရာ နှစ်ဦးအနက် လွတ်မြောက်နေသူ တစ်ဦးအား ဖမ်းဆီးရမိ

Friday, April 5, 2013

ဧပြီလ ၂ ရက်က ဖြစ်ပွားခဲ့သော ၄၈ လမ်း ဗလီမီးလောင်မှုတွင် အဓိက တာဝန်ရှိသူဟုဆိုသူ ဗလီဆရာ ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေးတို့ နှစ်ဦးအနက် လွတ်မြောက်နေသူ ဦးခင်မောင်အေးအား ဧပြီလ ၃ ရက်က ဖမ်းဆီးရမိပြီး ဆက်လက် စစ်ဆေးလျက်ရှိကြောင်း ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့မှူး စိန်ဝေက Eleven Media Group သို့ ပြောကြားခဲ့သည်။

ထို့ပြင် ဗလီအနီးတစ်ဝိုက်တွင် အများပြည်သူ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များနှင့် ဗိုလ်တစ်ထောင်မြို့နယ်ရှိ ရပ်ကွက်များမှ လမ်းလုံခြုံရေးများကို ဆက်လက်ထားရှိထားကြောင်း ရဲတပ်ဖွဲ့မှူး စိန်ဝေက ဆိုပါသည်။

"၄၈ လမ်းရဲ့ ဟိုဘက်ထိပ် ဒီဘက်ထိပ်ရယ် ဗလီရှေ့ရယ်ကို ရဲတပ်ဖွဲ့ဝင် အားလုံးပေါင်း ၄၅ ယောက် ထားရှိပြီး လုံခြုံရေး ရယူထားပါတယ်။ ရပ်ကွက်လုံခြုံရေးက တစ်ရပ်ကွက်ကို နှစ်ယောက်နှုန်းနဲ့ ဗိုလ်တစ်ထောင်မြို့နယ်က ၁၀ ရပ်ကွက်ရယ်၊ မီးလောင်တဲ့ ရပ်ကွက်က ၁၀ ယောက်လောက်ရယ်ဆိုတော့ အားလုံးပေါင်း ၂၈ ဦးလောက်တော့ ရှိပါမယ်" ဟု ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့မှူး စိန်ဝေက ပြောကြားခဲ့သည်။

မီးလောင်မှု ဖြစ်ပွားချိန်က ဗလီ၏ အောက်ထပ်တွင် ထားရှိသည့် မီးအားမြှင့်စက်များကို ဗလီတာဝန်ရှိသူများမှ မည်ကဲ့သို့ အသုံးပြုခဲ့ကြောင်းနှင့် မီးလောင်မှု ဖြစ်ပွားချိန်တွင် တံခါးများကို အချိန်မီ မဖွင့်နိုင်ခဲ့သော ကိစ္စရပ်များနှင့် စပ်လျဉ်း၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်းနှင့် အသေးစိတ် သတင်းအချက်အလက်များကို အထက်အရာရှိများက ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှူး စိန်လွင်က ဆက်လက်ပြောကြားသည်။

အစ္စလာမ်ဘာသာဝင် စာသင်သား ကလေးငယ် ၁၃ ဦး သေဆုံးခဲ့သော ဗလီမီးလောင်မှုတွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်ခြင်းဖြစ်ကြောင်းနှင့် အခင်းဖြစ်ပွားရာရှိ ဗလီဆရာ နှစ်ဦးဖြစ်သည့် ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေးတို့တွင် တာဝန်အရှိဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဧပြီလ ၂ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Eleven Media Group

၄၈ လမ်းထိပ်တွင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များကို ဧပြီလ ၃ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်
ဧပြီလ ၂ ရက်က ဖြစ်ပွားခဲ့သော ၄၈ လမ်း ဗလီမီးလောင်မှုတွင် အဓိက တာဝန်ရှိသူဟုဆိုသူ ဗလီဆရာ ဦးဇေယျာဖြိုးနှင့် ဦးခင်မောင်အေးတို့ နှစ်ဦးအနက် လွတ်မြောက်နေသူ ဦးခင်မောင်အေးအား ဧပြီလ ၃ ရက်က ဖမ်းဆီးရမိပြီး ဆက်လက် စစ်ဆေးလျက်ရှိကြောင်း ဗိုလ်တစ်ထောင်မြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့မှူး စိန်ဝေက Eleven Media Group သို့ ပြောကြားခဲ့သည်။

ကြက်ငှက် တုပ်ကွေး ပိုးသ စ်ကြောင့် တရုတ်မှာ ငါးဦးေ သဆုံး

Photo: ကြက်ငှက်တုပ်ကွေး ပိုးသစ်ကြောင့် တရုတ်မှာ ငါးဦးသေဆုံး

Friday, April 5, 2013

တရုတ်နိုင်ငံတဝှမ်းမှာ ကြက်ငှက်တုပ်ကွေး ပိုးအသစ်ကြောင့် သေဆုံးသူဟာ ၅ ယောက် ရှိသွားပါပြီ၊ သူ့အလုပ်ကြောင့် ကြက်ငှက်တွေနဲ့ တိုက်ရိုက် ထိတွေ့ရသူ အသက် ၄၈ နှစ်အရွယ် ရှန်ဟိုင်းက အမျိုးသားတယောက်သေဆုံး သွားတယ်ဆိုတာကို တရုတ်တာဝန်ရှိသူတွေနဲ့ အစိုးရ သတင်းမီဒီယာတွေက ကြာသပတေးနေ့က အတည်ပြုခဲ့ပါတယ်။

နောက်တယောက် ဘယ်သူ ဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောခြင်း မရှိသေးပေမဲ့ သူဟာလဲ ရှန်ဟိုင်းမြို့က ဖြစ်ပါတယ်။ H7N9 အမျိုးအစား ကြက်ငှက်တုပ်ကွေးကူးစက်နေသူ စုစုပေါင်း ၁၄ ယောက် ရှိသွားပြီလို့ တရုတ်တာဝန်ရှိသူတွေက အတည်ပြုပါတယ်။ ဒီအမျိုးအစားကြက် ငှက်တုပ်ကွေးဟာ အခုအချိန်မတိုင်ခင်အထိက လူတွေကို ကူးစက်နိုင်တယ်လို့ မသိခဲ့ကြပါဘူး၊ ဒီ အမျိုးအစား Virus ဟာ လူတယောက် ကနေ နောက်တယောက်ကို ကူးစက်နိုင်စွမ်း မရှိတဲ့အတွက် ဘယ်လိုကြောင့် လူတွေမှာ ရောဂါကူးစက်ဖြစ်ပွားတယ်ဆိုတာကို အတိအကျ မသိရသေးဘူးလို့ တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေ က ပြောပါတယ်။  ဈေးတခု မှာတွေ့ ရတဲ့ ခို တကောင်ကို နမူနာယူ စစ်ဆေးရာမှာ H7N9 Virus ကိုတွေ့ရ တယ်လို့ ရှန်ဟိုင်းမြို့တာဝန်ရှိသူတွေက ကြာသပတေးနေ့က ပြောပါတယ်၊

ဒီအမျိုးအစား Virus ပိုး လူတွေမှာ ကူးစက်နေတာဟာ အင်မတန် စိုးရိမ်စရာဖြစ်တယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ တာဝန်ရှိသူ တယောက်က ပြောပါတယ်၊ တရုတ်နိုင်ငံက ကြက်ငှက် တုပ်ကွေးကြောင့် ဒေသတွင်း မှာလည်း စိုးရိမ်စိတ်တွေ ထွက်ပေါ်နေပါတယ်။  ဟောင်ကောင်မှာ ကြက်ဘဲခြံတွေကို တာဝန်ရှိသူတွေ စတင်စောင့်ကြည့် စစ်ဆေးနေပြီး တရုတ်ပြည်မကြီးက ကြက် ဘဲ အရှင်တွေ တင်ပို့တာကို ယာယီ တားဆီးထားပါတယ်၊ ဂျပန်မှာဆိုရင်လည်း

တရုတ်နိုင်ငံဖက်က လာတဲ့ လေယာဉ်ခရီးသည်တွေထဲမှာ တုပ်ကွေးရောဂါ လက္ခဏာတွေ့ရသူတွေကို သတင်းပို့ဖို့ ဂျပန်အစိုးရအဖွဲ့ဝန်ကြီးက ညွှန်ကြားထားပါတယ်။

VOA

ကြက်ဌက်တုတ်ကွေး စစ်ဆေးနေစဉ်။
တရုတ်နိုင်ငံတဝှမ်းမှာ ကြက်ငှက်တုပ်ကွေး ပိုးအသစ်ကြောင့် သေဆုံးသူဟာ ၅ ယောက် ရှိသွားပါပြီ၊ သူ့အလုပ်ကြောင့် ကြက်ငှက်တွေနဲ့ တိုက်ရိုက် ထိတွေ့ရသူ အသက် ၄၈ နှစ်အရွယ် ရှန်ဟိုင်းက အမျိုးသားတယောက်သေဆုံး သွားတယ်ဆိုတာကို တရုတ်တာဝန်ရှိသူတွေနဲ့ အစိုးရ သတင်းမီဒီယာတွေက ကြာသပတေးနေ့က အတည်ပြုခဲ့ပါတယ်။

ပြည်ပက လေ့လာတဲ့အဖွဲ့တွေ မပါတဲ့အတွက် ဆွေးနွေးပွဲကို KIO ရက်ရွေ့ဆိုင်း

Photo: ပြည်ပက လေ့လာတဲ့အဖွဲ့တွေ မပါတဲ့အတွက် ဆွေးနွေးပွဲကို KIO ရက်ရွေ့ဆိုင်း

Thursday, April 4, 2013

ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ တွေ့ဆုံ

ရေးဖို့ ဧပြီလ ၆ ရက်နေ့ မြစ်ကြီးနားမြို့မှာ ချိန်းဆိုထားတာကို ပြည်

ပစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေ မပါဝင်တဲ့အတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ တရုတ်နဲ့ ကုလသမဂ္ဂတို့က ကိုယ်စားလှယ်တွေပါဝင်ဖို့ ပန်ကြားထားပေမယ့် အဆင့်သင့်

မဖြစ်သေးတာကြောင့် ၆ ရက်နေ့မှာ မတက်ရောက်နိုင်တဲ့အ

တွက် သင်္ကြန်ပွဲတော်ပြီးမှ ပြန်လည်တွေ့ဆုံဖို့ အစိုးရဘက်ကို

မနေ့က အကြောင်းကြားစာ ပေးပို့ထားတယ်လို့ KIO ပြောရေး

ဆိုခွင့်ရှိသူ ဦးလာနန်းက RFAကို ပြောပါတယ်။

အစိုးရနဲ့ ကေအိုင်အိုတို့ နောက်ဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့တာက တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ပြီးခဲ့တဲ့မတ်လ ၁၁ ရက်နေ့ကဖြစ်ပြီး အဲဒီအ

ချိန်က သဘောတူညီချက်တချို့ကို ပူးတွဲထုတ်ပြန်နိုင်ခဲ့ပြီး နှစ်ဖက်ငြိမ်း

ချမ်းရေး ဆွေးနွေးပွဲတွေဟာ စုစုပေါင်း ၁၂ ကြိမ်ထက်မနည်းရှိပြီလို့ သိရပါတယ်။

RFA
ပြည်ထောင်စုငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီနဲ့ တွေ့ဆုံရေးဖို့ ဧပြီလ ၆ ရက်နေ့ မြစ်ကြီးနားမြို့မှာ ချိန်းဆိုထားတာ ကို ပြည်ပစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းတွေ မပါဝင်တဲ့အတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO က ရက်ရွှေ့ဆိုင်းလိုက်ပါတယ်။

သမ္မတေ ဟာင်း ကာတာ တိုင်းရင်း သားခေါင်းေ ဆာင်တွေနဲ့ တွေ့ဆုံ

Photo: သမ္မတဟောင်း ကာတာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

Thursday, April 4, 2013

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် တိုင်းရင်းသားပါတီ အချို့နဲ့ လူမှု့အဖွဲ့အစည်းအချို့က တာဝန်ရှိသူတွေကို ဒီကနေ့ ညနေပိုင်း

က ချက်ထရီယမ် ဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။

အခုလိုတွေ့ဆုံခဲ့ရာမှာ မြန်မာနိုင်ငံက တိုင်းရင်းသား ပြဿနာတွေနဲ့

ပြည်တွင်းငြိမ်းချမ်းရေး ပြဿနာတွေကို ဘယ်လိုဖြေရှင်းမလဲဆိုတာ အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေ

စီအဖွဲ့ချုပ်မှ ဥက္ကဌ ဦးခွန်ထွန်းဦးက RFA ကိုပြောပါတယ်။

မြေမြှုပ်မိုင်းပြဿနာ၊ ငြိမ်းချမ်းရေးပြဿနာနဲ့ လူ့အခွင့်အရေးပြဿနာ အပါအ၀င် မြန်မာနိုင်ငံမှာ လတ်တလော ကြုံတွေ့နေရတဲ့ပြဿနာ

ဖြေရှင်းဆောင်ရွက်နိုင်ဖို့ ဘယ်လိုဆောင်ရွက်သင့်တယ်ဆိုတာကို အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေမှာ အထောက်အပံ့တွေ

ပေးနိုင်ဖို့အတွက် ကာတာစင်တာအနေနဲ့ တရားဝင်ရုံး ဖွင့်လှစ်သွားမယ်

လို့လည်း ဆိုပါတယ်။

အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဟာ ပြီးခဲ့တဲ့ရက်ပိုင်းက

သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ မနက်ဖြန်မှာလည်း၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ တွေ့

ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

RFA
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာဟာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် တိုင်းရင်းသားပါတီ အချို့နဲ့ လူမှု့အဖွဲ့အစည်းအချို့က တာဝန်ရှိသူတွေကို ဒီကနေ့ ညနေပိုင်းက ချက်ထရီယမ် ဟိုတယ်မှာ တွေ့ဆုံခဲ့ပါတယ်။

ဧပြီလ အတွင်း ခရမ်းလွန်ေ ရာင်ခြည် အလွန်ပြင်း ထန်သည့် အဆင့် အထိ မြင့်မည်

Photo: ဧပြီလအတွင်း ခရမ်းလွန်ရောင်ခြည် အလွန်ပြင်းထန်သည့် အဆင့်အထိ မြင့်မည်

Thursday, April 4, 2013

အိုဇုန်းလွှာပေါက်ပြဲခြင်းကြောင့် ခရမ်းလွန်ရောင်ခြည် ကျရောက်လျက် ရှိရာတွင် မြန်မာနိုင်ငံပေါ်သို့ အလွန်ပြင်းထန်သော အဆင့် ၁၂ ဒသမ ၈ အထိ ယခုအပတ်အတွင်း ကျရောက်မည်

ဖြစ်ကြောင်း www.uvawareness.com သတင်းစာမျက်နှာတွင် ခန့်မှန်းတွက်ချက် ဖော်ပြထားသည်။

ဧပြီလ ၄ ရက်နေ့မှ စတင်ကာ ၆ ရက် နေ့အထိ မြန်မာနိုင်ငံသို့ ကျရောက်

မည့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ သည် နံနက် ၉ နာရီမှ မွန်းလွဲ

၂ နာရီအထိ အညွှန်းကိန်း ၆ ဒသမ ၇ မှ ၁၂ ဒသမ ၈ အထိ ရှိနိုင်ကြောင်း၊ အညွှန်းကိန်းသည် ၁၁ အထက် ကျော်လွန်ပါက Extreme အဆင့် သတ်

မှတ်ထားပြီး ကာကွယ်မှုမဖြစ်မနေ ပြုလုပ်ရမည် ဖြစ်ကြောင်း ယင်း website စာမျက်နှာတွင် ထုတ်ပြန်ကြေညာထားသည်။

အဆိုပါရောင်ခြည် မြန်မာနိုင်ငံအပေါ် ကျရောက်ခြင်းကို တိုင်းတာချက်

များအရ ပြီးခဲ့သည့် နှစ်များတွင် ခရမ်းလွန် ရောင်ခြည်အညွှန်းကိန်း အနေနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများနှင့် အောက်ပိုင်းဒေသ တို့

တွင် အညွှန်းကိန်း ၈ မှ ၁၀ အထိ သာရှိခဲ့သော်လည်း၊ ဖေဖော်ဝါရီလ

ဆန်းမှ လက်ရှိအထိ မြန်မာနိုင်ငံတောင်ပိုင်း ဒေသများဖြစ်သော တန

င်္သာရီ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း

တို့တွင် အညွှန်းကိန်းပြင်းအား ၁၂ အထိ မြင့်တက်လာသည်ကို

တွေ့ရှိရကြောင်း ထပ်မံ၍လည်း မြောက်ပိုင်းဒေသများပါ မြင့်တက်

လာနိုင်ဖွယ် ရှိကြောင်း မိုးလေဝသ ပညာရှင် ဦးထွန်းလွင်ကလည်း

ပြောကြားသည်။

ကျန်းမာရေးဝန်ကြီးဌာန ကလည်း ခရမ်းလွန်ရောင်ခြည် အန္တရာယ် ပိုမိုကျရောက်နိုင်ခြင်းကြောင့် ဧပြီလ ၃ ရက်နေ့က နိုင်ငံပိုင် မီဒီယာများ

ကတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ရာတွင် ခရမ်းလွန်ရောင်ခြည်သည် လတ်တလော ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုလာခြင်း

တို့ဖြစ်ပြီး ထိတွေ့မှုများပြားပါက မျက်စိတိမ်စွဲခြင်း အရေပြားများ အိုမင်း

ရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်းနှင့် အရေပြား ကင်ဆာရောဂါဖြစ်ခြင်း

တို့ စသည့်ရောဂါများ ဖြစ်ပွားနိုင်ခြင်းကြောင့် ပူပြင်းသော နေရောင်ခြည် ကျရောက်နိုင်သည့် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီ အချိန်ခန့်အတွင်း အလုပ်လုပ်ကိုင်သူများ နေရောင်ခြည်အောက်တွင် သွားလာ လှုပ်ရှား

သူများ၊ သင်္ကြန်တွင်း ရေကစားသူများနှင့် ကလေးငယ်များသည် သတိပြုကာကွယ်ရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

The Voice Weekly
အိုဇုန်းလွှာပေါက်ပြဲခြင်းကြောင့် ခရမ်းလွန်ရောင်ခြည် ကျရောက်လျက် ရှိရာတွင် မြန်မာနိုင်ငံပေါ်သို့ အလွန်ပြင်းထန်သော အဆင့် ၁၂ ဒသမ ၈ အထိ ယခုအပတ်အတွင်း ကျရောက်မည်ဖြစ်ကြောင်း www.uvawareness.com သတင်းစာမျက်နှာတွင် ခန့်မှန်းတွက်ချက် ဖော်ပြထားသည်။