Thursday, April 4, 2013

မြောက်ကို ရီးယားရန် တုံ့ပြန်ဖို့ အမေရိ ကန် ဒုံးခွင်းဒုံး စနစ်တပ်ဆင်

Photo: မြောက်ကိုရီးယားရန် တုံ့ပြန်ဖို့ အမေရိကန် ဒုံးခွင်းဒုံးစနစ်တပ်ဆင်

Thursday, April 4, 2013

လာမယ့် သီတင်းပတ်တွေအတွင်းမှာ အမေရိကန် ခေတ်မှီ ဒုံးကာကွယ်ရေး စနစ်တွေကို ပစိဖိတ်ဒေသမှာ ပြင်ဆင် ချထားဖို့ ရှိတယ်လို့ အမေရိကန် စစ်ဘက် အရာရှိတွေက ပြော ပါတယ်။

မြောက်ကိုရီးယားဘက်က ပဲ့ထိန်းဒုံးကျည်နဲ့ တိုက်ခိုက်လာချေ ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့အတွက် ကြိုတင် အစီအမံတ

ရပ် ဖြစ်ပါတယ်။

အဲ့ဒီ ဒုံးကာကွယ်ရေး စနစ်ကို အမေရိကန် ပြည်ထောင်စု ပိုက်နက်ဖြစ်တဲ့ Guam ကျွန်းမှာ အခြေတည်ထားမှာ ဖြစ်တယ်လို့ ပန်တဂွန် ပြောခွင့်ရ အမျိုးသမီးက မနေ့တုန်းက

ပြောပါတယ်။

Guam ကျွန်းမြေပုံGuam ကျွန်းမြေပုံGuam ကျွန်းဟာဆိုရင် ကိုရီးယား

ကျွန်းဆွယ် အရှေ့တောင်ဘက် ကီလိုမီတာ ၃ ထောင် အဝေးမှာ တည်

ရှိတာပါ။ အဲ့ဒီ ဒုံးကာကွယ်ရေး စနစ်တွေကို ဘယ်တော့ စတင်ထားရှိမလဲ ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြောက်ကိုရီးယားအပေါ်မှာ နိုင်ငံတကာရဲ့ ပိတ်ဆို့ ဒဏ်ခတ်မှုသစ်တွေ ချမှတ်ခဲ့ တာကြောင့်၊ ဒေါသတကြီး ဖြစ်နေတဲ့ မြောက်ကိုရီးယား အစိုးရ

ဟာ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယား နိုင်ငံတွေကို သီတင်း

ပတ် နဲ့ချီကြာ ခြိမ်းခြောက်ပြောဆိုမှုတွေ လုပ်နေပါတယ်။

ဒီအချိန်မှာပဲ ပန်တဂွန်က အခုလို ကြေညာချက် ထွက်လာတာပါ။ အမေ

ရိကန်ပြည်ထောင်စုအပေါ်မှာ အမှန်တကယ် ပြင်းထန်ပြီး တန်ပြန်စစ်တွေ ဆင်နွှဲသွား မယ်လို့ မြောက်ကိုရီးယား စစ်တပ် ဗိုလ်ချုပ်ကြီး ပြောဆိုတာကို ကိုးကားပြီးတော့မြောက်ကိုရီးယား အစိုးရပိုင် သတင်းတွေက အခု ကြာသာ

ပတေးနေ့ အစောပိုင်း မှာ ကြေညာပါတယ်။

နောက်ဆုံးပေါ် ခေတ်မှီ နျူကလီးယား လက်နက်တွေကို အသုံးပြုမယ်ဆို

တာက လွဲပြီးတော့၊ အသေးစိတ်ကိုတော့ မကြေညာပါဘူး။ ဗုဒ္ဓဟူးနေ့တုန်း

ကတော့ ကိုရီးယား နှစ်နိုင်ငံနယ်စပ် မြောက်ကိုရီးယားဘက်ခြမ်းက ပူးတွဲ စက်မှုဇုန် ကို တောင်ကိုရီးယား လုပ်သားတွေ လက်ခံထားတာကိုမြောက်

ကိုရီးယားဘက်က ဗုဒ္ဓဟူးနေ့တုန်းက စပြီး တားမြစ် ပိတ်ပင်လိုက်ပါပြီ။ ဒါဟာ နှစ်နိုင်ငံအကြားမှာရှိတဲ့ ပူးပေါင်းဆက်ဆံမှု နောက်ဆုံး အခြေအနေ

ကို ထိခိုက်သွားစေပါတယ်။

Myawady News
လာမယ့် သီတင်းပတ်တွေအတွင်းမှာ အမေရိကန် ခေတ်မှီ ဒုံးကာကွယ်ရေး စနစ်တွေကို ပစိဖိတ်ဒေသမှာ ပြင်ဆင် ချထားဖို့ ရှိတယ်လို့ အမေရိကန် စစ်ဘက် အရာရှိတွေက ပြော ပါတယ်။

မြေငလျင်သတင်း

Photo: မြေငလျင်သတင်း

(မြန်မာစံတော်ချိန် ၀၇း၀၀ နာရီအချိန် ထုတ်ပြန်ချက်)

၂၀၁၃ ခုနှစ် ဧပြီလ(၄)ရက်နေ့မြန်မာစံတော်ချိန် (၀၅)နာရီ (၃၀)မိနစ် (၂၃)စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၁၈၅)မိုင်ခန့် ကွာဝေးသောမြန်မာနိုင်ငံပြည်တွင်း (နေပြည်တော်၏ အနောက်တောင်ဘက် မိုင်(၄၀)ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၇)အဆင့်ရှိ အင်အားအနည်းငယ် ရှိသောမြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။

(မြန်မာစံတော်ချိန် ၂၃း၃၀ နာရီအချိန် ထုတ်ပြန်ချက်)

၂၀၁၃ ခုနှစ် ဧပြီလ(၃)ရက်နေ့မြန်မာစံတော်ချိန် (၂၃)နာရီ (၀၅)မိနစ် (၄၈)စက္ကန့်အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် မိုင်(၁၉၀)ခန့် ကွာဝေးသောမြန်မာနိုင်ငံပြည်တွင်း (နေပြည်တော်၏ အနောက်တောင်ဘက် (၄၉)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၅.၅)အဆင့်ရှိ အင်အား အသင့်အတင့်ရှိသောမြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

Ref: မိုးဇလ

DVB
(မြန်မာစံတော်ချိန် ၀၇း၀၀ နာရီအချိန် ထုတ်ပြန်ချက်)

မြန်မာနိုင်ငံ မှ နိုင်ငံရေး ပါတီအချို့ တရုတ်နိုင်ငံ သို့ လာရောက် ရန် အာဏာရ တရုတ်ကွန်မြူ နစ်ပါတီမှ ဖိတ်ကြား ထား

Photo: မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီအချို့ တရုတ်နိုင်ငံသို့ လာရောက်ရန် အာဏာရ တရုတ်ကွန်မြူနစ်ပါတီမှ ဖိတ်ကြားထား

Thursday, April 4, 2013

မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီအချို့အား တရုတ်နိုင်ငံသို့ ဧပြီလအတွင်း တရားဝင်ခရီး လာရောက်ရန် အာဏာရ တရုတ်ကွန်မြူနစ်ပါတီမှ ဖိတ်ကြားထားကြောင်း သိရသည်။

တရုတ်ကွန်မြူနစ် ပါတီမှ တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားထားကြောင်း၊ အကြောင်းကြားစာတွင် ဧပြီလ ၂၀ ရက်ဟု ပါရှိသော်လည်း အဆိုပါ ရက်စွဲသည် အတည်မဖြစ်သေးဟု သိရကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

တရုတ်အာဏာရ ကွန်မြူနစ်ပါတီသည် မြန်မာနိုင်ငံရေး ပါတီအချို့အား တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားထားမှုများ ရှိကြောင်း၊ သို့သော် ယခုအချိန်ထိ တရားဝင် ဖိတ်ကြားမှုမျိုး မရှိသေးကြောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ဧပြီ ၃ ရက်နေ့က ပြောပါသည်။

မတ်လ ဒုတိယပတ်အတွင်းက အဆိုပါ ကွန်မြူနစ်ပါတီပိုင် The Global Times သတင်းစာတွင် NLD နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား တရုတ်နိုင်ငံသို့ တရားဝင် လာရောက်ရန် တရုတ်နိုင်ငံ အစိုးရက ဖိတ်ကြားလိမ့်မည်ဟု မျှော်လင့်နိုင်ကြောင်း ဖော်ပြခဲ့သည်။

ထို့အပြင် မြန်မာ့နိုင်ငံရေး အခြေအနေသည် အင်အားစုများစွာနှင့် ရောနှောပတ်သက်နေကြောင်း၊ ယင်းအင်အားစု များစွာတို့သည် မည်သည့်အင်အားစုများ ဖြစ်ပါစေ တရုတ်ဆန့်ကျင်ရေး သဘောထားကို မဆုပ်ကိုင်သမျှ ကာလပတ်လုံး တရုတ်နိုင်ငံအနေဖြင့် ရင်းနှီးသည့် သဘောထားကို ထားရှိသင့်ကြောင်း၊ ဘက်မလိုက်သော ရပ်တည်ချက်ကို ကိုင်စွဲသင့်ကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ ပြောဆိုဆက်ဆံမှု ပိုမိုပြုလုပ်သင့်ကြောင်း ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံရေး ပါတီအချို့ အလည်အပတ်ခရီး လာရောက်ရန် တရုတ်အာဏာရ ပါတီမှ ဖိတ်ကြားမှုသည် မြန်မာ-တရုတ် ဆက်ဆံရေးကို တိုးမြှင့်လို၍ ဖြစ်နိုင်ကြောင်း နိုင်ငံရေး ပါတီများ၏ တာဝန်ရှိသူအချို့က သုံးသပ်ပြောကြားသည်။

Eleven Media Group
မြန်မာနိုင်ငံမှ နိုင်ငံရေးပါတီအချို့အား တရုတ်နိုင်ငံသို့ ဧပြီလအတွင်း တရားဝင်ခရီး လာရောက်ရန် အာဏာရ တရုတ်ကွန်မြူနစ်ပါတီမှ ဖိတ်ကြားထားကြောင်း သိရသည်။

စင်ကာပူ သမ္မတ နိုင်ငံ သမ္မတ၏ ဇနီး မြန်မာ့ ကျောက်မျက် ရတနာ ပြတိုက် ကြည့်ရှုလေ့လာ

Photo: စင်ကာပူ သမ္မတ နိုင်ငံ သမ္မတ၏ ဇနီး မြန်မာ့ ကျောက်မျက် ရတနာ ပြတိုက် ကြည့်ရှုလေ့လာ

Thursday, April 4, 2013

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်၌ ချစ်ကြည်ရေး ခရီးလည်ပတ်ရန် ရောက်ရှိ နေသည့်  စင်ကာပူ သမ္မတ နိုင်

ငံ သမ္မတ ဒေါက်တာ တိုနီတန် ကင်ယမ်း၏ ဇနီး မစ္စစ် မေရီ

တန် ဦးဆောင်သည့်

ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ မြန်မာ့ ကျောက်မျက် ရတနာပြ

တိုက်သို့ သွားရောက်ကြည့်ရှု လေ့လာရာ ပြတိုက်မှူးနှင့်

တာဝန်ရှိ သူများက လိုက်လံ ရှင်းလင်းပြသ ကြသည်။

မြ၀တီ

အာဖရိက စစ်ရာဇ၀တ် ကျူးလွန် သူများ ဖမ်းမိဖို့ အမေရိကန် ဆုငွေထုတ်

Photo: အာဖရိက စစ်ရာဇ၀တ်ကျူးလွန်သူများ ဖမ်းမိဖို့ အမေရိကန် ဆုငွေထုတ်

Thursday, April 4, 2013

ယူဂန်ဒါနိုင်ငံက သူပုန်ခေါင်းဆောင် ဂျိုးဇက် ကိုနီ (Joseph Kony) နဲ့ နောက်ထပ် စစ်ရာဇဝတ်မှု ကျူးလွန်ထားတယ်လို့ မသင်္ကာသူ အာဖရိကတိုက်သား ၃ ယောက်ကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးသူကို

ဒေါ်လာ ၅ သန်း ပေးမယ်လို့ အမေရိကန်က ဆုကြေး

ထုတ်ထားပါတယ်။

သူပုန်ခေါင်းဆောင် ကိုနီ (Kony) နဲ့ သူ့ရဲ့ လက်ရုံးတွေဖြစ်ကြတဲ့

အိုကော့ အိုဒီယာဘို (Okot Odhiambo) နဲ့ ဒေါမနစ် အွန်ဝမ်

(Dominic Ongwen) တို့ကို စစ်ရာဇဝတ်မှု ဆိုင်ရာ အမေရိကန်ရဲ့

အလိုရှိသူ ဆုကြေးစာရင်းမှာ ဗုဒ္ဓဟူးနေ့က ထည့်သွင်းလိုက် ပါတယ်။

ဒါ့အပြင် ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းမှာ အခြေစိုက်တဲ့ FDLR Rwanda သူပုန်အဖွဲ့ခေါင်း

ဆောင် ဆေလ်ဗတ်စ်စတာ မဒါကူမူရာ (Sylvestre Mudacumura)

ကိုလည်း အလိုရှိသူ စာရင်းမှာ ထည့်သွင်းခဲ့ပါတယ်။

စစ်တွင်းရာဇဝတ် ကျူးလွန်မှုတွေ၊ လူသားမျိုးနွယ်တို့အပေါ်

ကျူးလွန်တဲ့ ရာဇဝတ်တွေနဲ့ ဒီ ၄ ယောက်လုံးကို နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC က အလိုရှိနေတာလည်း ဖြစ် ပါတယ်။

စစ်တွင်းရာဇဝတ် ကျုးလွန်သူတွေ အပြစ်ပေးမခံရဘဲ

လွတ်မြောက်နေတာကို အဆုံးသတ်နိုင်ဖို့ အမေရိကန် ပြည်ထောင်စုကလည်း ဖိအားပေးလိုက်တာ

ဖြစ်တယ်လို့ စစ်ရာဇဝတ်မှုများဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်တို့အပေါ် ပြစ်မှုကျုးလွန်မှု ဒါမှမဟုတ် လူမျိုးတုံး သတ်ဖြတ်မှုတို့နဲ့ နိုင်ငံတကာ ပြစ်မှုတရားရုံးတွေက စွပ်စွဲထားသူတွေကို တရားစီရင်နိုင်ရေးအတွက် အမေရိကန်က ဆုကြေးထုတ်ခွင့်ရှိတဲ့ ဥပဒေကို ဒီနှစ် ဇန်နဝါရီလတုန်းကမှ သမ္မတ

ဘရက်ခ် အိုဘားမား (Barack Obama) က လက်မှတ် ရေးထိုး ခဲ့တာဖြစ်ပါတယ်။

ဂျိုးဇက် ကိုနီ (Joseph Kony) နဲ့ သူ့ရဲ့ Lord’s Resistance Army က လက်ရုံးတွေဟာ အာဖရိကတိုက် အလယ်ပိုင်းနိုင်ငံတွေမှာ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်း ထောင်နဲ့ချီတဲ့ လူတွေကို သတ်ဖြတ်မှု၊ ဖမ်းဆီးမှု၊ နှိပ်စက် ညှဉ်းပမ်းမှု၊ မုဒိမ်းကျင့်မှုတို့နဲ့ ICC က ၂၀၀၅ ခုနှစ်ထဲက ဖမ်းဝရမ်း ထုတ်ပြန်ထားပါတယ်။

VOA
ယူဂန်ဒါနိုင်ငံက သူပုန်ခေါင်းဆောင် ဂျိုးဇက် ကိုနီ (Joseph Kony) နဲ့ နောက်ထပ် စစ်ရာဇဝတ်မှု ကျူးလွန်ထားတယ်လို့ မသင်္ကာသူ အာဖရိကတိုက်သား ၃ ယောက်ကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးသူကိုဒေါ်လာ ၅ သန်း ပေးမယ်လို့ အမေရိကန်က ဆုကြေးထုတ်ထားပါတယ်။

ပြည်ခိုင် ဖြိုးပါတီ ၂၀၁၅ ရွေးကောက် ပွဲအတွက် ကိုယ်စား လှယ်လောင်း ရွေးချယ်ရန် စတ င်ပြင်ဆင်

Photo: ပြည်ခိုင်ဖြိုးပါတီ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း

ရွေးချယ်ရန် စတင်ပြင်ဆင်

Thursday, April 4, 2013

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်နိုင်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စီစဉ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။ ပါတီ၏

လက်ရှိ လွှတ်တော် ကိုယ်စားလှယ်များကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဆက်လက်ဝင်ရောက် အရွေးခံလိုခြင်းရှိ၊ မရှိကို ဆန္ဒသဘော ထား ကောက်ခံနေပြီဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဦးဌေးဦးက ပြောကြားသည်။

ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ပြည်သူလူထု အကျိုး ကို စေတနာအပြည့်ဖြင့် စွမ်းဆောင်ပေးနိုင်ခြင်း၊ ပြည်သူနှင့်

ဆက်ဆံရေး အဆင်ပြေမည့်သူများ ဖြစ်ရမည် ဖြစ်ကြောင်း

၎င်းက ဆိုသည်။ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို

မဲဆန္ဒနယ် ၁,၁၅၄ နေရာ၌ ကျင်းပခဲ့ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၈၈၂ နေရာ အနိုင်ရရှိခဲ့သည်။ သို့သော်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ခဲ့သော ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည်  လစ်လပ်နေရာ ၄၅ နေရာ အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ကိုယ်စားလှယ်လောင်း

တစ်ဦးမှ အနိုင်ရရှိခဲ့ခြင်း မရှိပေ။ ပါတီတွင် ဖွဲ့စည်းပုံ ကျစ်လျစ်ခိုင်မာစေရန်နှင့် မူဝါဒသဘောထားများ ပြန်လည်

သုံးသပ်နိုင်ရန် ပထမဦးဆုံးအကြိမ် ပါတီညီလာခံကို ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက နေပြည်တော်တွင်

ကျင်းပခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် လူမှုရေး အသင်းအဖွဲ့အဖြစ် စတင်ဖွဲ့စည်းခဲ့သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း

သည် ၂၀၁၀ ပြည့်နှစ် ဧပြီလ ၂၉ ရက်၌ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ကျင်းပကာ နိုင်ငံရေးပါတီအဖြစ် တည်ထောင်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း ၂၀၁၃ ခုနှစ် ဧပြီ ၄ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း များ ရွေးချယ်နိုင် ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက စီစဉ်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။