Tuesday, April 2, 2013

သမ္မတထံတိုင်ကြားခံရသည့် အရာရှိ ၆၀ ကျော်ကို အရေးယူ

Photo: သမ္မတထံတိုင်ကြားခံရသည့် အရာရှိ ၆၀ ကျော်ကို အရေးယူ

Tuesday, April 2, 2013

အစိုးရဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေသည့် အဆင့်မြင့်အရာရှိ ၆၀ ကျော်ကို ပြည်သူတို့၏ အသနားခံစာနှင့် တိုင်ကြားစာများအရ ပြည်ထောင်စုအစိုးရ အဖွဲ့က စစ်ဆေးအရေးယူလိုက်ပြီ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီအဖွဲ့ဝင် တစ်ဦးက The Voice သို့ ပြောကြားသည်။

ယင်းအရာရှိများ အနက် အရာရှိအချို့ကို အငြိမ်းစားပေးခြင်းဖြင့် အရေးယူပြီး ကျန်အရာရှိများကိုမူ အခြား ဌာနဆိုင်ရာများ သို့ ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းဖြင့် အပြစ်ပေးလိုက်ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။

"တချို့က နိုင်ငံတော်သမ္မတရဲ့ Reform Strategy အရ ဌာနပြောင်းတာ ရှိတယ်။ အတော်များများ လာဘ်စားမှု ရှိတယ်လို့ တိုင်ကြားခံရလို့ အရေးယူတာ" ဟု အဆိုပါ နိုင်ငံတော်သမ္မတ၏ စီးပွားရေး

လူမှုရေး အကြံပေးကောင်စီ အဖွဲ့ဝင်က ပြောကြားသည်။

အပြစ်ပေး အရေးယူခံရသည့် အဆင့်မြင့်အရာရှိများတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် သမဝါယမဝန်ကြီးဌာန တို့တွင် ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းဆောင် နေသူများပါဝင်ကြောင်း နိုင်ငံတော်သမ္မတ ရုံးနှင့် နီးစပ်သူများက ဆိုသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အဟန့်အတားဖြစ်စေသော နိုင်ငံ့ဝန်ထမ်း များကို အရေးယူသင့်သော်လည်း စည်းမျဉ်း စည်းကမ်းများနှင့် အညီ ပွင့်လင်းမြင်သာစွာ အရေးယူ သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အကြံပြုသည်။

"အချိန်မီ သတင်းထုတ်ပြန်ပေးဖို့လည်း လိုတယ်" ဟု ၄င်းကဆိုသည်။

နိုင်ငံတော်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် စနစ်ဟောင်းမှမပြောင်းလို သူများနှင့် အသွင်ကူးပြောင်းရေးကို မလိုက်နိုင်သူများကို ချန်ထားရစ်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားထားသည်။

စီးပွားရေးလုပ်ငန်းရှင်များက သက်သေနှင့်တကွ တိုင်ကြားသောကြောင့် အကောက်ခွန်ဦးစီးဌာနတွင် တာဝန် ထမ်းဆောင်နေသော ညွှန်ကြားရေးမှူး နှစ်ဦးနှင့် အကောက်ခွန်ဝန်ထမ်း ၃၃ ဦးကို ယခုနှစ် ဇန်နဝါရီလ အတွင်း အပြစ်ပေး အရေးယူခဲ့ကြောင်း အကောက်ခွန်ဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားထားသည်။

ယခုနှစ် ဇန်နဝါရီလ အတွင်းမှာပင်ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီးဟောင်းအပါအဝင် အဆင့်မြင့်အရာရှိ ခုနစ်ဦးကို နိုင်ငံတော်ပိုင် ပစ္စည်း အလွဲသုံးစားမှုဖြင့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနနှင့် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဦးဆောင်သည့် လာဘ်ပေးလာဘ်ယူမှု

အရေးယူဆောင်ရွက်ရေး ကော်မတီတို့က ခေါ်ယူစစ်ဆေးခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သည့် အရပ်သားအစိုးရသစ် လက်ထက်တွင် နိုင်ငံ့ဝန်ထမ်းများ အကျင့်ပျက်ခြစားခြင်းကို တိုက်ဖျက်ရန် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် အဆင့်မြင့်အရာရှိ ကိုးဦးပါဝင်သော လာဘ်ပေးလာဘ် ယူမှု အရေးယူ ဆောင်ရွက်ရေး ကော်မတီကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇန်နဝါရီလ ၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။

The Voice Weekly
အစိုးရဌာနဆိုင်ရာများတွင် တာဝန်ထမ်းဆောင်နေသည့် အဆင့်မြင့်အရာရှိ ၆၀ ကျော်ကို ပြည်သူတို့၏ အသနားခံစာနှင့် တိုင်ကြားစာများ အရ ပြည်ထောင်စုအစိုးရ အဖွဲ့က စစ်ဆေး အရေးယူ လိုက် ပြီ ဖြစ်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေးနှင့် လူမှုရေး အကြံပေးကောင်စီအဖွဲ့ဝင် တစ်ဦးက The Voice သို့ ပြောကြားသည်။

မိတ္ထီလာ အကြမ်းဖက် မှုတွင် ပါဝင် သူများကို ဖော်ထုတ်ပြီး သေဒဏ်နှင့် တစ်သက်တစ် ကျွန်းပြစ်ဒဏ် များချမှတ်မည်

Photo: မိတ္ထီလာအကြမ်းဖက်မှုတွင် ပါဝင်သူများကို ဖော်ထုတ်ပြီး သေဒဏ်နှင့် တစ်သက်တစ်ကျွန်းပြစ်ဒဏ်များချမှတ်မည်

Tuesday, April 2, 2013

မိတ္ထီလာ အကြမ်းဖက်မှုတွင်ပါဝင်သူများကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုများပြုလုပ်တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။

“နောက်လာမယ့်အပတ်မှာ အကြမ်းဖက်မှုမှာ ပါတဲ့သူတွေကို ဖမ်းဆီးပြီးစစ်ဆေးမှုတွေပြုလုပ်တော့မယ်။ လူသေအောင်လုပ်တဲ့လူတွေကို သေဒဏ်ပေးမယ်။ မီးရှို့ တဲ့သူတွေကို တစ်သက်တစ်ကျွန်း။ အနာတရဖြစ်အောင် ရိုက်နှက်တဲ့သူတွေကိုလည်း တစ်သက်တစ်ကျွန်းပေးမယ်။ အဲ့ဒီ တော့ ထိထိရောက်ရောက်အရေးယူနိုင်အောင် ပြည်သူတွေဘက်ကလည်းပူးပေါင်းဖို့လိုအပ်ပါတယ်။” ဟု မန္တလေးတိုင်းဒေသကြီး ဥပဒေရေး ရာချုပ် ဦးရဲအောင်မြင့်က မိတ္ထီလာမြို့ရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်များကို ထောက်ပံ့ပစ္စည်းများပေးအပ်စဉ်ပြောကြားသည်။

“ဥပဒေအတိုင်း အရေးယူမယ်ဆိုရင်ကောင်းပါတယ်။ ဒါမှ မြို့က အရင်လိုပုံမှန်ပြန်ဖြစ်မှာပါ။ အခုကတော့ နှစ်ဖက်စလုံးက ကြောက်နေကြတာ ဆိုတော့။ ဒီလိုဖော်ထုတ်မှလည်း အသက်ဆုံးရှုံးရတဲ့သူတွေရော ဒုက္ခသည် ဖြစ်သွားရတဲ့သူတွေအားလုံးအတွက်လည်း တရားမျှတမှာပါ” ဟု အစ္စလာမ်ဘာသာဝင်ဒုက္ခသည် ဒေါ်မြင့်ကြည်ကပြောကြားသည်။

“ပုဒ်မ ၁၄၄  ထုတ်ထားတယ်ဆိုတာကလည်း လိုအပ်လို့ထုတ်တာပါ။ အပြစ်မဲ့တဲ့ အသက်အိုးအိမ်စည်းစိမ်တွေထက်ပြီး မပျက်ဆီးရအောင် ထုတ်ထားတာပါ။ လူတွေထုတ်ပြန်တဲ့ ဥပဒေပဲ ဒီနေ့ ဒေသဒေသ အေးချမ်း သွားတာနဲ့ ဒီနေ့ပုဒ်မ ၁၄၄ကို ရုတ်သိမ်းပေးမှာပါ” ဟု မန္တလေးတိုင်း ဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ရှင်းလင်းပြောကြားသည်။

ယခုအခါ မိတ္ထီလာ အကြမ်းဖက်မှုနှင့်စပ်လျဉ်ပြီး ပြည်ထဲရေးဒုတိယ၀န်ကြိး ဗိုလ်မှုးချုပ်ကျော်ဇံမြင့်၊ မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်၊ ခရိုင်အုပ်ချုပ်ရေးမှုး ဦးခင်မောင်စိုး နှင့် အခြားဌာနဆိုင်ရာများမှ သက်ဆိုင်ရာ အရရှိများဦးဆောင်သော စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ပြစ်မှုကျူးလွန်သူများကိုဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်းသိရသည်။

ဆုဝေ

မြန်မာ့ခေတ်
မိတ္ထီလာ အကြမ်းဖက်မှုတွင်ပါဝင်သူများကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေကြောင်းအရ အရေးယူမှုများပြု လုပ်တော့မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က ပြောကြားသည်။

တာချီလိ တ်မြို့နယ် တွင် စိုင်းနော်ခမ်း လက်ကျန် အဖွဲ့များ၏ ခဲယမ်းများ သိမ်းဆည်းရမိ

Photo: တာချီလိတ်မြို့နယ်တွင် စိုင်းနော်ခမ်း လက်ကျန်အဖွဲ့များ၏ ခဲယမ်းများ သိမ်းဆည်းရမိ

Tuesday, 02 April 2013

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း ကျေးရွာအုပ်စု၊ ဟွေလှေလန် ကျေးရွာအနီးတွင် မတ်လ(၃၁)ရက်နေ့က စိုင်းနော်ခမ်း လက်ကျန်အဖွဲ့များ၏ ခဲယမ်းများကို အစိုးရနယ်မြေခံတပ်မှ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

မတ်လ(၃၁) ရက်နေ့ မနက်ပိုင်းတွင် ၀ါးခုတ်သွားသော ဟွေလှေလန်ရွာသားတစ်ဦး၏ သတင်းပေးချက် အရ နယ်မြေခံတပ်ရင်းမှ ရွာသားများနှင့်အတူ သွားရောက်ရှာဖွေရာမှ ဟွေလှေလန်ရွာအနီးရှိ ၀ါးတောထဲတွင် ကြွပ်ကြွပ်အိတ်(အမဲရောင်)ဖြင့် ထုပ်ပိုးပြီး မုန့်ပုံးအခွန်များအတွင်း ထည့်ထားသော ထိုင်းနိုင်ငံလုပ် ကျည်ဆံ မျိုးစုံ (၇၀၀)ကျော်နှင့် အသံတိတ်ပြောင်းကိရိယာ(၁)ခုတို့ ရှာဖွေသိမ်းဆည်း ရမိခဲ့ပါသည်။

ကျည်ဆံ မျိုးစုံနှင့် အသံတိတ်ပြောင်းကိရိယာ

ဒေသခံရွာသားများမှ သိမ်းဆည်းရမိသော ကျည်ဆံများမှာ စိုင်းနော်ခမ်း လက်ကျန်အဖွဲ့၏ ပစ္စည်း များဖြစ်ကြောင်းအခိုင်အမာ ပြောဆိုနေကြသည်ဟုသိရသည်။စိုင်းနော်ခမ်းသည်ယခင်က ဟွေလှေလန်

ကျေးရွာအနီး ပတ်ဝန်းကျင်တွင် လှုပ်ရှားသောအဖွဲ့၏ ခေါင်းဆောင်ဖြစ်ကြောင်း၊ ၎င်းအား တရုတ်နိုင်ငံ သား စက်လှေသမား(၁၃)ဦးအား မဲခေါင်မြစ်အတွင်း သတ်ဖြတ်မှုဖြင့် တရုတ်နိုင်ငံက ဆေးထိုးသတ် ခဲ့ကြောင်း၊ စိုင်းနော်ခမ်း၏ လက်အောက်ခံ စိုင်းအောင်မြတ်သည် လက်နက်ချအလင်းဝင်သွား ပြီဖြစ်သော်လည်း အချို့အဖွဲ့ဝင်များမှာ တောထဲ၌ကျန်နေသေးကြောင်း သိရှိရပါသည်။

ယခုသိမ်းဆည်းရမိသော ကျည်ဆံများကဲ့သို့ ဟွေလှေလန်ကျေးရွာ အနီးတ၀ိုက်၌ စိုင်းနော်ခမ်း လက်ကျန် အဖွဲ့ များ၏ လက်နက်ခဲယမ်းများ ကျန်ရှိနေသေးကြောင်းနှင့် လက်ကျန်အဖွဲ့များ အမှန် တကယ်ရှိနေပါက ယခင်ကဲ့သို့ မူးယစ်ဆေးဝါးလုပ်ငန်းများ လုပ်ကိုင်နေကြမည် ကို ဒေသခံများ က ကြောက်ရွံ့ထိတ်လန့်နေကြ ကြောင်း ဟွေလှေလန်ရွာသားတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။

Shan News
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း ကျေးရွာအုပ်စု၊ ဟွေလှေလန် ကျေးရွာအနီးတွင် မတ်လ(၃၁)ရက်နေ့က စိုင်းနော်ခမ်း လက်ကျန်အဖွဲ့များ၏ ခဲယမ်းများကို အစိုးရနယ်မြေခံတပ်မှ သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။မတ်လ(၃၁) ရက်နေ့ မနက်ပိုင်းတွင် ၀ါးခုတ်သွားသော ဟွေလှေလန်ရွာသား တစ်ဦး၏ သတင်းပေးချက် အရ နယ်မြေခံတပ်ရင်းမှ ရွာသားများနှင့်အတူ သွားရောက်ရှာဖွေရာ မှ ဟွေလှေ လန်ရွာအနီးရှိ ၀ါးတောထဲတွင် ကြွပ်ကြွပ်အိတ်(အမဲရောင်)ဖြင့် ထုပ်ပိုးပြီး မုန့်ပုံးအခွန်များအတွင်း ထည့်ထားေ သာ ထိုင်းနိုင်ငံလုပ် ကျည်ဆံ မျိုးစုံ (၇၀၀)ကျော်နှင့် အသံတိတ်ပြောင်းကိရိယာ(၁)ခုတို့ ရှာဖွေသိမ်းဆည်း ရမိခဲ့ပါသည်။

တရားထိုင်ေ နသော ရဟန်း ကို ကိုယ်ထိ လက်ရောက် တိုက်ခိုက်ခဲ့ သူများဟု သံသယ ရှိသူ နှစ်ဦးကို ဘူးသီးေ တာင်တွင် ရဲက ဖမ်းဆီး

Photo: တရားထိုင်နေသော ရဟန်းကို ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့သူများဟု သံသယ ရှိသူ နှစ်ဦးကို ဘူးသီးတောင်တွင် ရဲက ဖမ်းဆီး

Tuesday, 02 April 2013

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှ လူ (၂) ဦးကို တရားထိုင်နေသော ရဟန်းတော် တစ်ပါးအား ကိုယ်ထိ လက်ရောက် တိုက်ခိုက်သူများ အဖြစ် သံသယ ရှိရာမှ ရဲက ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။

ဖမ်းဆီးခံရသူများမှာ ဘူးသီးတောင်မြို့နယ် လက်ဝဲတက် ပုဇွန်ချောင်းကျေးရွာမှ မာမတ် အီနုနှင့် ဇူဘိုင် ဆိုသူတို့ ဖြစ်ကြသည်ဟု သိရသည်။

လွန်ခဲ့သော မတ်လ ၂၈ ရက်နေ့ ညနေ ၇ နာရီ ၃၀ မိနစ်ခန့်တွင် ဘူးသီးတောင်ထောင် အနီးရှိ ဓမ္မဏ္ဍိုင် ဘုန်းတော်ကြီးကျောင်း အနောက်ဘက် တောင်ကုန်း တစ်ခုပေါ်ရှိ ၀ါးတဲ ကျောင်းဆောင် တစ်ခုတွင် တစ်ပါးတည်း တရားထိုင်နေသော ဦးပညာသီရိအား အမည်မသိသူ ဘင်္ဂလီ အမျိုးသား  နှစ်ဦးက တိုက်ခိုက်ခဲ့သည်ဟု အဆိုပါ ကျောင်းမှ ရဟန်းတော် တစ်ပါးက ဆိုသည်။

အမည်မသိသူ နှစ်ဦးသည် တရားထိုင်နေသော တဲအနီးသို့ ချဉ်းကပ်လာပြီး  အရှင်ပညာသီရိထံမှ ဆေးလိပ် တောင်းကြောင်း၊ ဆေးလိပ် မရှိကြောင်း ပြန်လည် ဖြေကြားစဉ် တဲပေါ်သို့ တက်လာပြီး မြေကြီးသို့  ဒရွှတ်တိုက် ဆွဲချကာ ရိုက်ပုတ် ထိုးကြိတ်ခဲ့သည်ဟု ပြောသည်။

၎င်းနောက်ပိုင်း အရှင် ပညာသီရိမှ တောင်ပေါ်မှ ဆင်းလာပြီး ၎င်းဖြစ်စဉ်အား ဓမ္မဏ္ဍိုင် ဆရာတော်အား တိုင်ကြားခဲ့သည်ဟု ဆိုသည်။

ဓမ္မဏ္ဍိုင် ဆရာတော် ဦးနာရပတိမှ ဘူးသီးတောင်ထောင် အာဏာပိုင်များအား အဆိုပါ ဖြစ်ရပ်အား သွားရောက် တိုင်ကြားရာ အခင်းဖြစ်ပြီး နောက်တစ်နေ့တွင် လက်ဝဲတက် ပုဇွန်ချောင်းကျေးရွာမှ မာမတ် အီနုနှင့် ဇူဘိုင်တို့အား ပြစ်မူ ကျူးလွန်သူများ ဖြစ်သည်ဟု သံသယဖြင့် ရဲက ဖမ်းဆီးခဲ့သည်ဟု သိရသည်။

သူတို့ နှစ်ဦးအား  ယခုအခါ ပြစ်မူအမှတ်  ၄၅/၁၃၊ ပုဒ်မ ၄၅၂/၂၉၅ တို့ဖြင့် ဘူးသီးတောင် ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ဆက်စပ်ပြီး ဘူးသီးတောင်တွင် ဘုန်းကြီး တစ်ပါး အသတ်ခံရသည်ဆိုသော  ကောလဟလ သတင်း မြန်မာ-ဘင်္ဂလာနယ်စပ်တွင် ပျံ့နှံ့ သွားခဲ့သဖြင့် လူထု အကြား အထူး စိုးရိမ်မူ တိုးပွားခဲ့သည်ဟု သိရသည်။

narinjara
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့မှ လူ (၂) ဦးကို တရားထိုင်နေသော ရဟန်းတော် တစ်ပါးအား ကိုယ်ထိ လက်ရောက် တိုက်ခိုက်သူများ အဖြစ် သံသယ ရှိရာမှ ရဲက ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။

ရဲတပ်ဖွဲ့ ၀င်အယော င်ဆောင်သူ အား ဖမ်းဆီး အရေးယူ

၃၁-၃-၂၀၁၃ ရက်နေ့ ၁၂၃၅ အချိန် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့၊ အမှတ်(၂) ရပ်ကွက်၊ မျက်သွယ် ခေါင်ရည်ဆိုင်တွင် ရဲတပ်ကြပ် အဆင့်ယူနီဖောင်းဝတ်ထားသည့် မသင်္ကာဖွယ် လူတစ်ဦးရောက် ရှိနေကြောင်းသတင်း အရ မတ္တရာရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စုံစမ်းရာ အဆိုပါလူသည် အမှတ်(၂) ရပ်ကွက် လမ်းမပေါ်ရှိဆိုင်ကယ် ကယ်ရီ မောင်းသူများအား““မင်းတို့ဆိုင်ကယ်တွေ လိုင်စင်မရှိရင် ဖမ်းပစ်မယ်””ဟု ခြိမ်းခြောက်ပြောဆို၍ အနီးရှိဆိုင် တွင် ခေါင်ရည်သောက်ပြီးပြန်ထွက်သွားကြောင်းသိရှိရသဖြင့်လိုက်လံရှာဖွေခဲ့သည်။

မူဆယ်ေ ဈးကြီး အတွင်းရှိ ရွှေဆိုင် ဓါးပြ တိုက်ခံရ

Photo: မူဆယ်ဈေးကြီးအတွင်းရှိ ရွှေဆိုင် ဓါးပြတိုက်ခံရ

Tuesday, April 2, 2013

သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်ဈေးကြီးအတွင်းရှိ ရွှေဆိုင်တစ်ဆိုင်အား ဧပြီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်က လက်နက်ကိုင် လူတစ်စုက ဓါးပြဝင်တိုက်ခဲ့ပြီး ရွှေထည်ပစ္စည်းများ လုယူထွက်ပြေး သွားကြောင်း သိရသည် ။ စိုင်းရီမွန်းရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရခြင်း ဖြစ်ပြီး ရွှေထည်ပစ္စည်း အမြောက်အများ ဆုံးရှုံးကြောင်း မူဆယ်မြို့ခံများက သျှမ်းသံတော်ဆင့် သို့ ပြောသည်။ “ရွှေဆိုင်နာမည်က ဦးစိုင်းရီမွန်း ။ လက်နက်ကိုင်ထားတဲ့ ဓါးပြ ၃ ယောက်က ၀င်တိုက်တာ။ ပစ္စည်းတွေလည်းပါသွားတယ်။ လက်ကောက်တွေ ပါသွားတယ်လို့ သိရတယ်။ ခန့်မှန်းတန်ဖိုးတော့ မသိရဘူးပေါ့နော်။ အဲဒီဓါးပြတွေကိုလည်း မမိဘူး ” ဟု မြို့ခံတစ်ဦးက ဆိုသည်။ ၄င်းဓါးပြတိုက်ခံရသည့် ရွှေဆိုင်အနီးတွင် ရဲကင်းတစ်ခုရှိပြီး ဓါးပြများက သေနတ်ပစ်ဖေါက်၍ ပစ္စည်းများလုယူ ထွက်ပြေး သွား ကြောင်း လူထိခိုက်မှု မရှိကြောင်း အခြားမြို့ခံများ၏ အဆိုအရ သိရသည် ။

သျှမ်းသံတော်ဆင့်
သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်ဈေးကြီးအတွင်းရှိ ရွှေဆိုင်တစ်ဆိုင်အား ဧပြီလ ၁ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်က လက်နက်ကိုင် လူတစ်စုက ဓါးပြဝင်တိုက်ခဲ့ပြီး ရွှေထည်ပစ္စည်းများ လုယူထွက်ပြေး သွားကြောင်း သိရသည် ။

ရေကျော် ဗလီ မီးလောင် မှု စုံစမ်းစ စ်ဆေးရေး အဖွဲ့ ဖွဲ့စည်း

Photo: ရေကျော်ဗလီ မီးလောင်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း

Tuesday, April 2, 2013

ယနေ့ နံနက် ၂ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့သော ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်း ရေကျော်ဗလီမီးလောင်မှုအား စုံစမ်းစစ်ဆေးရန် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းများမှ ဘာသာရေးခေါင်းဆောင်များ အပါအ၀င် မီးသတ်ဦးစီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လူ ၁၃ ဦး သေဆုံးမှုရှိခဲ့သောကြောင့် ယခုကဲ့သို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ ယင်းစုံစမ်းစစ်ဆေးရေးအဖွဲ့တွင် မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဝင်း၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တွဲဖက်အတွင်းရေးမှူး ဦးတိုးအောင်၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲမှူးကြီးသက်လွင်တို့ ပါဝင်ကြောင်း သတင်းရရှိသည်။

အဆိုပါမီးလောင်မှုမှာ ဗလီအပေါ်ထပ်သို့ တက်သည့် လှေကားခွင်အောက်ရှိ မီးအားမြှင့်စက် အပူလွန်ကဲရာမှ လောင်ကျွမ်းခဲ့ပြီး လှေကားတစ်လျှောက် မီးကူးစက်ပြန့်ပွားနေသည့်အတွက် အပေါ်ထပ်ပိတ်မိကာ အသက် ၁၂ နှစ်အရွယ် စာသင်ကျောင်းသား ၁၃ ဦး မီးခိုးမွှန် မီးလောင်ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။ မီးလောင်မှုကြောင့် ဗလီထပ်ခိုး၊ မီးအားမြှင့်စက်နှင့် ၀ိုင်ယာကြိုး အပါအ၀င် စုစုပေါင်းကျပ်ငွေ ရှစ်သိန်းခွဲဖိုး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

မီးလောင်ကျွမ်းသည့် ဗလီမှာ စာသင်ကျောင်းနှင့် တွဲဖက်ထားပြီး စာသင်ကျောင်းတွင် နွေရာသီသင်တန်းတက်ရောက်နေသော ကလေးငယ်ဦးရေ ၇၀ ကျော်ရှိကြောင်း အသက်မသေဘဲ ကျန်ရစ်ကြသည့် ကလေးငယ်များကို ညောင်တန်းဗလီသို့ ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။

7DaysNewsJournal
ယနေ့ နံနက် ၂ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့သော ဗိုလ်တထောင်မြို့နယ်၊ ၄၈ လမ်း ရေကျော်ဗလီ မီးလောင်မှု အား စုံစမ်းစစ်ဆေးရန် အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများမှ ဘာသာရေးခေါင်းဆောင်များ အပါအ၀င် မီးသတ်ဦးစီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

SSA (၀မ်ဟိုင်း) အဖွဲ့ မူးယ စ်ဆေး ၀ါးရောင်းဝယ်ေ ဖာက်ကား ပြီး လက်နက် အင်အား တိုးချဲ့နေ သည်. . .

Photo: SSA (၀မ်ဟိုင်း)အဖွဲ့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားပြီး လက်နက်အင်အားတိုးချဲ့နေသည်. . .

Tuesday, April 2, 2013

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျေးသီးမြို့နယ်၊ ၀မ်ဟိုင်းကျေးရွာနှင့် ပတ်ဝန်းကျင် တစ်ဝိုက်မှာ SSA (၀မ်ဟိုင်း) အဖွဲ့ကို အခွန်ပေးပြီး ဘိန်းစိုက် ပျိုးရန်မြေပြင်ထားသောတောင်ယာများကို တောင်ကြီး-လာရှိုးသွား ကားလမ်း ၀ဲ၊ ယာ၌ မျက်စိ တစ်ဆုံးတွေ့နိုင်ပါသည်။

SSA (၀မ်ဟိုင်း) သည်နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စု အဆင့်ငြိမ်း ချမ်းရေးဆွေးနွေးထားသော အဖွဲ့ဖြစ် ပါသည်။ သို့သော်များမကြာမီ ရက်ပိုင်း က SSPP/SSA အထင်ကရခေါင်းဆောင် ဗိုလ်ချုပ်ဆေထင်က လက်နက်ကို လုံးဝ မစွန့်လွှတ်ဘူးလို့ လူသိရှင်ကြားပြောချလိုက်ခြင်း၏ နောက်ကွယ်မှာ SSA (၀မ်ဟိုင်း) အခိုင်အမာရပ်တည်ပေးနေသည်ဟု သိရှိရသည်။

SSA (၀မ်ဟိုင်း)သည် ငြိမ်းချမ်းရေးသဘောတူညီမှုကို ဖောက်ဖျက်ကာ တပ်အင်အားတိုးချဲ့ခြင်းနှင့် လက်နက်ဝယ်ယူ ခြင်းတို့ကို ပြုလုပ်နေသည်ဟု သတင်းများထွက်ပေါ်နေသည်။ SSA (၀မ်ဟိုင်း)၏ အုပ်ချုပ် မှုနယ်မြေထဲ တွင် ကျေးသီး၊ မိုင်းနောင်၊ မိုးရှုးမြို့နယ်များပါရှိပြီး ၎င်းမြို့နယ်များတွင် ပါဝင်သော ကျေးရွာအုပ်စုများမှ နှစ်စဉ်ဘိန်းခွန်ကြေးပေးဆောင် နေကြ ရသည်ဟု သိရ၏။

“ ယခု ၂၀၁၃ ခုနှစ်အတွက် ရွာတစ်ရွာကို ဘိန်းခွန်သိန်း ၃၀၀ ပေးရ မယ်လို့ ပြောထားတယ်၊ လေးလကို ၁ ကြိမ်သွင်းခိုင်းပါတယ်၊ အိမ်ထောင်တိုင်းမှာ ဘိန်းစိုက်ရုံကလွဲပြီး ကျန်တာလည်း စိုက်ပျိုးစားဖို့ အဆင်မပြေ ဘူး၊ သူတို့ဘိန်းခင်းတွေကို အစိုးရစစ်တပ်နဲ့ ဌာနဆိုင်ရာတွေ လာပြီး မဖျက်အောင် SSA (၀မ်ဟိုင်း)က ကာကွယ်ပေးထား တယ်လို့ပြော တယ်၊ မိသားစုစားဝတ်နေရေးအတွက် SSA (၀မ်ဟိုင်း) အဖွဲ့ကို ဘိန်းခွန်ပေး ပြီး စိုက်ပျိုးစားနေရတာပေါ့ ” ဟုမိုင်းရှုးမြို့ခံကျောင်းဆရာမ တစ်ဦးကပြော .ပြသည်။

SSA (၀မ်ဟိုင်း) ဌာနချုပ်တွင် ဘိန်းချက်စက်ရုံများရှိပြီး မူးယစ်ဆေးဝါးများကို ထုတ်လုပ်လျက်ရှိသည်ဟု သိရှိရ၏။ မူးယစ်ဆေးဝါးများ ကို တောလမ်း အတိုင်း လား၊ မြင်းများဖြင့် သယ်သလို၊ ရွာသားများကို ပေါ်တာ ဆွဲ၍ သယ်သည်။ သံလွင်ကမ်းခြေသို့ရောက်သောအခါ တရုတ်နှင့် ထိုင်းနိုင်ငံများ သို့ မူးယစ်ဆေးဝါးများ တင်ပို့သည်။ ထို့နောက်လက်နက်၊ ခဲယမ်း များ ပြန် လည် တင်သွင်းသည်ဟု ပေါ်တာပါသူ ရွာသားတစ်ဦး က ပြောပြ သည်။

SSA (၀မ်ဟိုင်း) အဖွဲ့သည် မူးယစ်ဆေးဝါးများကို ထုတ်လုပ်ရောင်းချပြီး လက်နက်၊ ခဲယမ်းများထပ်မံ ၀ယ်ယူနေခြင်းမှာ နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မထီမဲ့မြင်သဘောထားပြီး ပြောင်ပြောင် တင်းတင်း ကျူးလွန်နေခြင်း ဖြစ်ပါသည်။

သို့ဖြစ်၍ တစ်ကမ္ဘာလုံးနှင့် မြန်မာတစ်မျိုးသားလုံးအား လူညွန့်တုံးစေမည့် မူးယစ်ဆေးဝါးကို စီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ် ရောင်းချ အခွန်ကောက် .နေသော၊ လက်နက်အင်အား တိုးချဲ့နေသော SSA (၀မ်ဟိုင်း) အနေဖြင့် တရားမ၀င်ဥပဒေမဲ့ ဆန့်ကျင်ဘက်လုပ်ရပ်များကို ရပ်တန့်သင့်ပြီဖြစ်ကြောင်း တိုက်ပွဲများဖြစ်ပွား မည်ကို မလိုလားသော ဒေသခံတစ်ဦး အနေဖြင့် အသိပေးပြောပြလိုက်ပါသည်။

မိုင်းရှုးသား

shannews
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျေးသီးမြို့နယ်၊ ၀မ်ဟိုင်းကျေးရွာနှင့် ပတ်ဝန်းကျင် တစ်ဝိုက်မှာ SSA (၀မ်ဟိုင်း) အဖွဲ့ကို အခွန်ပေးပြီး ဘိန်းစိုက် ပျိုးရန်မြေပြင်ထားသောတောင်ယာများကို တောင်ကြီး-လာရှိုးသွား ကားလမ်း ၀ဲ၊ ယာ၌ မျက်စိ တစ်ဆုံးတွေ့နိုင်ပါသည်။

လယ်သမား အခွင့်အရေး ဥပဒေ မကြာမီ ပြဌာန်းမည်

Photo: လယ်သမားအခွင့်အရေး ဥပဒေ မကြာမီ ပြဌာန်းမည်
Monday, April 2, 2013

တောင်သူတွေရဲ့ ကြွေးမြီပြဿနာကို ဖြေရှင်းပေးနိုင်ဖို့အတွက် အစိုးရ
ဘက်က အတိုးနှုန်းသက်သက်သာသာနဲ့ နှစ်ရှည်ချေးပေးနိုင်ဖို့ ဥပဒေပြ
ဌာန်းဆောင်ရွက်သွားမယ့်အပြင် တခြားအကာအကွယ်ပေးနိုင်မယ့် ဥပ
ဒေပြဌာန်းနိုင်ဖို့အတွက် ဆွေးနွေးပွဲတစ်ရပ်ကို ဒီကနေ့က နေပြည်တော်
မှာ ကျင်းပခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲမှာ လွတ်လပ်စွာစိုက်ပျိုးပိုင်ခွင့်၊ လွတ်လပ်စွာ ဖြန့်ဖြူးရောင်း
ချနိုင်ခွင့် စတဲ့အခွင့်အရေးတွေအပြင် တခြားဥပဒေအရ ပြဌာန်းသင့်တဲ့
အချက်တွေကို ဆွေးနွေးကြကြောင်း အစည်းအဝေး တက်ရောက်ခဲ့
တဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဌ ဒေါက်တာ စိုးထွန်း
က RFA ကို ပြောပါတယ်။

အဲဒီဆွေးနွေးပွဲကို ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ရေးရာကော်မတီ
ဝင်တွေနဲ့ တောင်သူလယ်သမားအသင်း အဖွဲ့အစည်းတွေက ကိုယ်စား
လှယ်တွေ တက်ရောက်ခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌ ဦးချစ်ခိုင်၊ မြန်မာနိုင်
ငံ တောင်သူလယ်သမားအသင်း တာဝန်ရှိသူတွေ၊ မြန်မာနိုင်ငံ ကုန်
သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးဝင်း
အောင် စတဲ့ပုဂ္ဂိုလ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

RFA
တောင်သူတွေရဲ့ ကြွေးမြီပြဿနာကို ဖြေရှင်းပေးနိုင်ဖို့အတွက် အစိုးရ ဘက်က အတိုးနှုန်းသက်သက် သာသာနဲ့ နှစ်ရှည်ချေးပေးနိုင်ဖို့ ဥပဒေပြ ဌာန်းဆောင်ရွက်သွားမယ့်အပြင် တခြားအကာအကွယ်ပေးနိုင် မယ့် ဥပဒေပြဌာန်းနိုင်ဖို့အတွက် ဆွေးနွေးပွဲတစ်ရပ်ကို ဒီကနေ့က နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တရုတ် နိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်မည်

ပည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့