Saturday, March 30, 2013

ဝန်ကြီး ဌာနများ ၏ အဆင့်မြင့် အရာရှိ ကြီးအချို့ တာဝန်မှ ရပ်စဲ၊ ဌာန လွှဲပြောင်း လိုက်


အစိုးရ ဝန်ကြီးဌာနအချို့မှ အဆင့်မြင့် အရာရှိကြီးများ အပါအဝင် အရာရှိ ၅၀ ကျော်ကို မတ်လ ၂၈ ရက်နေ့တွင် တာဝန်မှ ရပ်စဲကာ အငြိမ်းစားပေးလိုက်ပြီး အချို့ကို ဌာနလွှဲပြောင်းတာဝန်ပေးလိုက်ကြောင်းအစိုးရ ဌာနများနှင့် နီးစပ်သည့် အသိုင်းအဝိုင်း မှတဆင့် သိရသည်။ 

“အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီး တောင်ကိုရီး ယားနှင့် စစ်ဖက်ဖြစ်ပွားသည့် အခြေအနေဟု ကင်ဂျုံအမ်ဆို”


Photo: “အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီး တောင်ကိုရီး
ယားနှင့် စစ်ဖက်ဖြစ်ပွားသည့် အခြေအနေဟု ကင်ဂျုံအမ်ဆို”
Saturday,March 30, 2013

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က အမေရိကန်မြို့ကြီးများအား တိုက်ခိုက်မည့် ဒုံးကျည်များ ချထားရေး အစီအစဉ်အား လက်မှတ်ရေးထိုး ခဲ့သည့်အပြင် အိမ်နီးချင်းတောင်ကိုရီးယားနှင့်လည်း စစ်မက်ဖြစ်ပွားသည့် အခြေအနေအဖြစ် ထုတ်ဖော်ပြောဆိုခဲ့သည်။

နိုင်ငံပိုင် KNCA သတင်းဌာနက ထုတ်လွှင့်ချက်အရ “တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား မည်သည့်အရေးကိစ္စမဆိုအား စစ်မက်ဖြစ် ပွားနေသည့် ကာလအတိုင်း ဆောင်ရွက်သွားမည်”ဟု မြောက်ကိုရီး
ယားတို့က ဆိုထားပြီး အမေရိကန်မြို့ကြီးများအား တိုက်ခိုက်မည့် အစီအစဉ်ဟု ဖော်ပြထားသော ပုံကြမ်းတစ်ရပ်ကိုလည်း ထုတ်လွှင့်
သွားခဲ့သည်။

အဆိုပါ ပုံကြမ်းတွင် တိုက်ခိုက်မည့် ပစ်မှတ်များအဖြစ် ကယ်လီဖိုးနီးယား၊ နယူးမက္ကဆီကို၊ အရီဇိုးနား၊ တက္ကဆပ်၊ အာကင်ဆတ်၊ အိုကလာဟိုးမား၊ မစ္စစ္စပီ၊ ဂျော်ဂျီယာ၊ အလာဘားမားနှင့် တောင်ကယ်ရိုလိုင်းနား တို့ကို
ဖော်ပြထားသည်။

ဖေဖော်ဝါရီလအတွင်းက မြောက်ကိုရီးယားတို့၏ တတိယမြောက်နျူ စမ်းသပ်မှုအပြီး ကုလသမဂ္ဂနှင့် အနောက်နိုင်ငံတို့၏ ထပ်မံ၍ ပိတ်ဆို့ အရေးယူမှု ခံရပြီး ကတည်းက တိုက်ခိုက်မှုများ ပြုလုပ်သွားမည့် မြောက်
ကိုရီးယားတို့က နေ့စဉ်လိုလို ခြိမ်းခြောက်မှု ပြုခဲ့ကြသည်။

PN055/ Ref: CNN,BBC,usatoday
Popular Myanmar News Journal

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က အမေရိကန်မြို့ကြီးများအား တိုက်ခိုက်မည့် ဒုံးကျည်များ ချထားရေး အစီအစဉ်အား လက်မှတ်ရေးထိုး ခဲ့သည့်အပြင် အိမ်နီးချင်းတောင်ကိုရီးယားနှင့်လည်း စစ်မက်ဖြစ်ပွားသည့် အခြေအနေအဖြစ် ထုတ်ဖော်ပြောဆိုခဲ့သည်။

ဒိုက်ဦးတွင် သစ်ခိုးတင် ကားများ ဖမ်းဆီး


Photo: ဒိုက်ဦးတွင် သစ်ခိုးတင် ကားများ ဖမ်းဆီး
Saturday,March 30, 2013

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်ရှိ မိုင်တိုင်အမှတ် ၇၂ အနီးတွင် တရားမဝင်သစ်များ သယ်ဆောင်လာသော ကားနှစ်စီးနှင့်အတူ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၅၁ ချောင်း ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ အုတ်ရှစ်ကုန်း ရဲစခန်းမှ သိရသည်။

အဆိုပါ ကျွန်းသစ်နှင့် ကားများကို ပြီးခဲ့သည့်  ၂၈ ရက် နေ့လည် ၁ နာရီခန့်က အုတ်ရှစ်ကုန်း(အမြန်လမ်း) ရဲစခန်းနှင့် သစ်တောဦးစီး
ဌာနတို့ ပူးပေါင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရားမဝင်သစ်များ ဖမ်းဆီးနေစဉ် မျက်မြင်တွေ့ရှိသူ ကိုမောင်ဆန်း
က “ကားနှစ်စီးက တံတားပေါ်ကအဆင်း ရဲတွေက ထွက်တားတယ်။ အဲလိုတားတော့ ကားနှစ်စီးက မလှမ်းမကမ်းမှာ ရပ်သွားပြီး ကားပေါ်
က လူတွေက ကျွန်းတောထဲကို ဝင်ပြေးကြတယ်။ လူတွေ ထွက်ပြေး
တဲ့နောက်ကို ရဲ သုံးလေးယောက်လည်း ပြေးလိုက်သွားတယ်။ ဖမ်း
တော့ မမိခဲ့ဘူး” ဟု ပြောကြားသည်။

မန္တလေးမှ ရန်ကုန်သို့ သွားသည့်လမ်းအတိုင်း မောင်းနှင်လာသည့် ၂က/၂၃၂၈ တိုယိုတာ ပရိုဘော့စ် အဖြူရောင်ယာဉ်နှင့် ၃ဂ/၂၃၇၆ ကားဒီးနား မီးခိုးရောင်ယာဉ် နှစ်စီးပေါ်တွင် တင်ဆောင်လာသော ကျွန်းသစ်မှာ တစ် တန်နီးပါးရှိကြောင်းနှင့် လက်ရှိ (မှောင်ခို) ဒေသ
ပေါက်ဈေးမှာ မြန်မာငွေကျပ် ၃ သိန်းနီးပါးခန့် ရှိကြောင်း ဒိုက်ဦးမြို့
နယ် သစ်တောဦးစီးဌာန၊ ဆာပါခြုံ ဘိနယ် တောအုပ် ဦးခင်သိန်းက
ပြောကြားသည်။

“ကျွန်တော်တို့ ရဲစခန်းမှာ အမှုဖွင့်ပြီး ဆက်လက်စုံစမ်းသွားမှာပါ။ ဒီတစ်လျှောက်လုံးက ကျွန်းသစ်ထွက်တဲ့ နယ်မြေဆိုတော့ ဘယ်
နေရာက သယ်လာတယ်ဆိုတာ မှန်းရခက်တယ်။ ဖမ်းဆီးရတဲ့ သစ်တွေကိုတော့ မြန်မာ့သစ်တောကို ပြန်လွှဲပေးရတယ်၊” ဟု ယင်း
က ဆက်လက်ပြောကြားသည်။

တရားမဝင်သစ်များ သယ်ဆောင်မှုကို အုတ်ရှစ်ကုန်း ရဲစခန်းမှ ဒုရဲအုပ် ရာဇာလင်းက အပိုင် ရဲစခန်း တွင် ပြည်သူပိုင်ပစ္စည်း အလွဲသုံးစားမှု ၆/၁
ဖြင့် တရားလိုလုပ် အမှုဖွင့်ထားပြီး ဖမ်းဆီးရမိသည့်  မော်တော်ယာဉ်များ
နှင့် ပတ်သတ်၍ ကညနရုံးတွင် မှတ်ပုံတင်ထားခြင်း ရှိ၊မရှိ စစ်ဆေးသွား
မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်မှ စတင်၍ သုံးနှစ်အတွင်း လေးကြိမ်ဖမ်းဆီးရရှိခဲ့မှုတွင် တစ်ကြိမ်သာ ခိုးထုတ်သူများကို ဖမ်းမိခဲ့ကြောင်း နှင့် ဖမ်းမိသူ ၆ ဦးအား ထောင်ဒါဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း အုတ်ရှစ်ကုန်း ရဲစ
ခန်းမှ သိရသည်။

ရည်မွန်
The Myanma Age

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်ရှိ မိုင်တိုင်အမှတ် ၇၂ အနီးတွင် တရားမဝင်သစ်များ သယ်ဆောင်လာသော ကားနှစ်စီးနှင့်အတူ ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၅၁ ချောင်း ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ အုတ်ရှစ်ကုန်း ရဲစခန်းမှ သိရသည်။

အဓိကရုဏ်းဖြစ်ပွားခဲ့သည့် ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်

ရန်ကုန်(မဇ္ဈိမ)။ ။ မိတ္ထီလာမြို့၏ လက်ရှိအခြေအနေမှာ တည်ငြိမ်လျက်ရှိသော်လည်း ကျန်းမာရေး ချို့ယွင်းမှုများ ရှိသည်ဟု ဒေသခံ မဖြူက မဇ္ဈိမသို့ပြောသည်။မဖြူက “နေရာတိုင်းမှာ လူတွေက ညှပ်နေလို့ ကူးစက်မှုတွေ ပိုများလာတယ်။ လူအချင်းချင်း ထိပြီးအိပ်ရတာ တော်တော်ဆိုးတယ်” ဟု ဆိုသည်။

တောင်ကိုရီးယားနှင့် စစ်ဖြစ်နေသည့် အခြေအနေဟု မြောက်ကိုရီး ယား ကြေညာ




Photo: တောင်ကိုရီးယားနှင့် စစ်ဖြစ်နေသည့် အခြေအနေဟု မြောက်ကိုရီး
ယား ကြေညာ
Saturday,March 30, 2013

တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၅၃ ခုနှစ်
က ဖြစ်ပွားခဲ့သည့် စစ်ပွဲအား အပစ်အခတ် ရပ်စဲသည့် သဘော
တူညီချက်ဖြင့်သာ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ငြိမ်းချမ်း
ရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးချေ။ 

တောင်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားသည့် အနေအထားသို့ ရောက်ရှိနေ
ပြီဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံက ယနေ့ (မတ်လ ၃၀) ကြေညာ
လိုက်သည်။ ကိုရီးယားကျွန်းဆွယ်တွင် မကြာသေးမီကစ၍ စစ်ရေးတင်း
မာမှုများ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ နှစ်စဉ်ကျင်းပသည့် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း အမေရိကန်၏ B-52, B-2 ဗုံးကြဲလေယာဉ်များ တောင်ကိုရီးယား ကောင်းကင်ယံတွင် ပျံသန်းပြခဲ့ပြီးနောက် မြောက်ကိုရီးယားကလည်း ၎င်းတို့၏ တာဝေးပစ် ဒုံးကျည်များကို ပစ်ခတ်ရန် အသင့်အနေအထားအဖြစ် ပြင်ဆင်ထားခဲ့သည်။ 

တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၅၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် စစ်ပွဲအား အပစ်အခတ် ရပ်စဲသည့် သဘောတူညီချက်ဖြင့်သာ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးချေ။

ငြိမ်းချမ်းရေးစာချုပ်နှင့် စစ်ပွဲဖြစ်နိုင်ခြေအကြား ကာလရှည်ကြာ လိပ်ခဲတည်းလည်း ဖြစ်ခဲ့သော ကိုရီးယားကျွန်းဆွယ်၏ အခြေအနေမှာ နောက်ဆုံးတွင် အပြီးသတ်သွားပြီဖြစ်ကြောင်း၊ ရန်စမှုတစ်စုံတစ်ရာမှာ အလုံးစုံ ပဋိပက္ခနှင့် နျူကလီးယားစစ်ပွဲဆီ
သို့ ဦးတည်သွားစေနိုင်ကြောင်း မြောက်ကိုရီးယား၏ ထုတ်ပြန်ချက်
တွင် ပါရှိကြောင်း Channel NewsAsia က ဖော်ပြသည်။

Source: Channel NewsAsia
Planet Myanmar Network
တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၅၃ ခုနှစ် က ဖြစ်ပွားခဲ့သည့် စစ်ပွဲအား အပစ်အခတ် ရပ်စဲသည့် သဘော တူညီချက်ဖြင့်သာ ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ငြိမ်းချမ်းရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်း မရှိသေးချေ။

“ပြုပြင်နိုင်ရန်အတွက် ရတနာဓာတ်ငွေ့ကမ်းလွန် ပိုက်လိုင်း ၂ လိုင်း သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုရပ်တန့်”

ရတနာ ဓာတ်ငွေ့ကမ်းလွန် ပလက်ဖောင်း အထွေထွေ ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ ကန်ဘောက်- မြိုင်ကလေးပိုက်လိုင်းနှင့် ရန်ကုန်-ပြည်-မြန်အောင် ပိုက်လိုင်းများသို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်မှုများ ရပ်တန့်ထားမည်ဟု လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အသိပေး ထုတ်ပြန်သည်။

ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာဈေးအား မတ်လ ၃၀ ရက် နံနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်

 Photo: ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာဈေးအား မတ်လ ၃၀ ရက် နံနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်
Saturday,March 30, 2013

ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာ ဈေးကြီးနှင့် ကပ်လျှက်တည်ရှိသော ပိတောက်မြိုင် ဈေးတို့အား မတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီတွင် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“ဈေးက အခုဖွင့်ထားပြီ ဆိုပေမယ့် ဆိုင်ခန်းအများစုကတော့ မထွက်ကြသေး
ဘူး၊ ညနေ ဘယ်နှစ်နာရီ ပိတ်မယ်ဆိုတဲ့ ညွှန်ကြားချက်တော့ မရှိသေးဘူး၊ မိတ္ထီလာတစ်မြို့လုံး အကောင်းကျန်တာဆိုလို့ ဒီဈေးတစ်ခုပဲ ရှိတယ်။

အရင်တုန်းကတော့ ဒီဈေးက စည်းကမ်းထိန်းသိမ်းမှု အရမ်းအားနည်းတယ်၊ အခုတော့ ဘယ်လိုလာမယ် မသိသေးဘူး။ မီးသတ်ကားနဲ့ မီးသတ်အင်အား
ကို နေ့ညမပြတ် အဆင်သင့် ထားပေးစေချင်တယ်၊ နောက်ပြီး တကယ်လို့ အရေးကြုံလာရင် တာဝန်ရှိသူတွေ အနေနဲ့ ပြတ်ပြတ်သားသား လျှင်လျှင်မြန်
မြန် အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တယ်” ဟု မိတ္ထီလာမြို့စည်ပင်သာယာ
ဈေး အတွင်းရှိ သဇင်ပလတ်စတစ် ရောင်းဝယ်ရေးမှ ကိုမင်းအောင်နိုင်က
ပြောသည်။

ဈေးပြန်ဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ မိတ္ထီလာမြို့ စည်ပင်သာယာရေး ကော်
မတီမှ တာဝန်ရှိသူ တစ်ဦးကလည်း “ဒီနေ့မနက် ကိုးနာရီမှာ ဈေးကို ပုံမှန်
အတိုင်း ပြန်ဖွင့်ထားပါတယ်။ ညနေငါးနာရီလောက်မှ ဈေးပြန်ပိတ်ပါမယ်။

မနက်ဖြန်လည်း ပုံမှန်အတိုင်း ပြန်ဖွင့်နိုင်ဖို့ ရှိပါတယ်၊ လုံခြုံရေး အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ နောက် ဈေးအ
ကျိုးတော်ဆောင်အဖွဲ့၊ ဈေးမိဈေးဖတွေ အားလုံးရှိပါတယ်” ဟု ပြော
သည်။

မိတ္ထီလာဈေးကြီးမှာ အနီးအနားရှိ မြို့နယ်များဖြစ်သော ရမည်းသင်း၊
ပျော်ဘွယ်၊ သာစည် အစရှိသော မြို့များမှပင် လာရောက် ဈေးဝယ်လေ့
ရှိသော ဈေးကြီးတစ်ခုဖြစ်ပြီး မှတ်ပုံတင်ထားသောဆိုင်ခန်းပေါင်း လေး
ထောင်ကျော်နှင့် ယာယီပျံကျ ဆိုင်ခန်းပေါင်း သုံးထောင်ကျော် ရှိကြောင်း သိရသည်။

မိတ္ထီလာဈေးအား မတ်လ ၃၀ ရက်နေ့ မနက် ၁၀ နာရီ ၀န်းကျင်က တွေ့ရစဉ်
Eleven Media Group
ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာ ဈေးကြီးနှင့် ကပ်လျှက်တည်ရှိသော ပိတောက်မြိုင် ဈေးတို့အား မတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီတွင် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့၏အဝေးပြေးကားဂိတ်များပိတ်ပြီ

ရန်ကုန်မြို့၊ ခရီးသည်နှင့်ကုန်ကားဂိတ်များဖြစ်သည့် အောင်မင်္ဂလာဂိတ်နှင့် ဘုရင့်နောင်ဂိတ်တို့အား ရခိုင်ဒေ သ အပါအ၀င် မြန်မာပြည်အနှံ့အပြားသို့ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအား ၂၉ ရက်နေ့ ညနေ အချိန်အား နောက်ဆုံးထား၍ သယ်ယူပို့ဆောင်ပေးမည်ဖြစ်ကြောင်း အရေးပေါ်အခြေအနေ အကြောင်းကြောင်းကြောင့် စိုးရိမ်ပူပန်လျက် ကားဂိတ်များမှ သင်္ကြန်ရက်များအထိ ယာယီ ပိတ်ထား လိုက်ရခြင်းဖြစ်ကြောင်း၊ ကုန်ပစ္စည်းမှာယူကြသည့် နယ်ကုန်သည်များ ထံမှ သိရှိရပါသည်။