Wednesday, March 27, 2013

တပ်မတော်နေ့ ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်မည့် အနုပညာရှင်များ

မတ်လ ၂၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သော တပ်မတော်နေ့ ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်မည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက ပန်းချီ စိုးမိုး၊ ဥက္ကဌ ဦးဇင်ဝိုင်း၊ ဒုဥက္ကဌ ဦးလူမင်းတို့နှင့်အတူ သရုပ်ဆောင်များ ဖြစ်ကြသည့် ဝေဠုကျော်၊ စိုးရန်အောင်၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင် တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- ဇင်ဝိုင်းဖေ့စ်ဘုတ်မှ

Popular Journal
တပ်မတော်နေ့ ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်မည့် အနုပညာရှင်များ
=======================================

မတ်လ ၂၇ ရက်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သော တပ်မတော်နေ့ ဂုဏ်ပြု ညစာစားပွဲသို့ တက်ရောက်မည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနာယက ပန်းချီ စိုးမိုး၊ ဥက္ကဌ ဦးဇင်ဝိုင်း၊ ဒုဥက္ကဌ ဦးလူမင်းတို့နှင့်အတူ သရုပ်ဆောင်များ ဖြစ်ကြသည့် ဝေဠုကျော်၊ စိုးရန်အောင်၊ စိုးမြတ်သူဇာ၊ အိန္ဒြာကျော်ဇင် တို့ကို တွေ့ရစဉ်။ ဓာတ်ပုံ- ဇင်ဝိုင်းဖေ့စ်ဘုတ်မှ

Popular Journal

၆၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် စစ်လက်နက်ပစ္စည်းများကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသ၊ ဒီမိုကရေစီ စနစ်ဖြင့် ချီတက်ရာတွင် တပ်မတော်အပါအ၀င် ပြည်သူတစ်ရပ်လုံးက စည်းကမ်းရှိရန်နှင့် ဥပဒေကို လေးစားလိုက်နာရန် အရေးကြီးကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့

မတ်လ ၂၇ ရက်နေ့က ကျင်းပသည့် ၆၈ နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားကို နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး တင့်ကားများ၊ တိုက်လေယာဉ်များ၊ လေယာဉ် အမြောက်နှင့် ဒုံးကျည်များ အစရှိသည့် စစ်လက်နက် ပစ္စည်းများကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြခဲ့ပြီး ဒီမိုကရေစီ စနစ်ဖြင့် ချီတက်ရာတွင် တပ်မတော်အပါအ၀င် ပြည်သူတစ်ရပ်လုံးက စည်းကမ်းရှိရန်နှင့် ဥပဒေကို လေးစားလိုက်နာရန် အရေးကြီးကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပါသည်။

၂ဝ၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျင်းပသော (၆၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း


Photo: ၂ဝ၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျင်းပသော (၆၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနား၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်း

ရဲဘော်တို့

ဒီနေ့ဟာ တို့တပ်မတော်က ပြည်သူလူထုနဲ့ လက်တွဲပြီး ဖက်ဆစ်တို့ကို တွန်းလှန်ခဲ့တဲ့ (၆၈) နှစ်မြောက် တပ်မတော်နေ့ ဖြစ်တယ်။

လွတ်လပ်ရေး ကြိုးပမ်းမှုနဲ့ အတူ ပေါက်ဖွား လာခဲ့တဲ့ တို့တပ်မတော်ဟာ တိုင်းရင်းသား ပြည်သူ အားလုံးနဲ့ လက်တွဲပြီး တစ်သွေးတည်း၊ တစ်သားတည်း၊ တစ်စိတ်တည်း၊ တစ်ဝမ်းတည်း စိတ်ဓာတ်နဲ့ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ ဖက်ဆစ်တွေကို တော်လှန် ချေမှုန်း ခဲ့ကြတယ်။ ဒီလို အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေတဲ့ သမိုင်း မော်ကွန်းဝင် နေ့ထူးနေ့မြတ်ဖြစ်လို့ သိသင့် သိထိုက်တာ တွေကို အလေးအနက်ထား မှာကြားသွားမှာ ဖြစ်တယ်။

ရဲဘော်တို့

တို့နိုင်ငံရဲ့ သမိုင်းကြောင်းမှာ ခေါင်းဆောင်မှု ကောင်းခဲ့တဲ့ အနော်ရထာ မင်းတရားကြီး၊ ဘုရင့်နောင် မင်းတရားကြီးနဲ့ အလောင်းမင်း တရားကြီးတို့ ခေတ်မှာ နိုင်ငံတော် စည်းလုံး ညီညွတ်မှု ခိုင်မာခဲ့လို့ မြန်မာတို့ရဲ့ ဘုန်းမီးနေလ တောက်ပ ခဲ့တာ၊ တိုင်းပြည်မြို့ရွာ သာယာဝပြောခဲ့တာ တွေ့ကြရမှာ ဖြစ်တယ်။

ပြည်သူတွေ စည်းလုံးညီညွတ်မှု ပျက်ပြားချိန်မှာ တိုင်းပြည်ပြိုကွဲ ပျက်စီးပြီး တိုင်းတစ်ပါး လက်အောက် ကျရောက်ခဲ့တာ ကိုလည်း တွေ့ကြရမှာ ဖြစ်တယ်။ ၁၉ ရာစုနှောင်းပိုင်းမှာ ဗြိတိသျှ နယ်ချဲ့တွေ မြန်မာနိုင်ငံကို ၃ ကြိမ် တိုင်တိုင် နယ်ချဲ့စစ်ပွဲ ဆင်နွှဲပြီး မတရား သိမ်းပိုက်ခဲ့လို့ ၁၈၈၅ ခုနှစ်မှာ မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှ လက်အောက် ကျရောက်ခဲ့ရပြီး ပြည်သူအများ သူ့ကျွန်ဘဝ ရောက်ခဲ့ရတယ်။ တိုင်းရင်းသား ပြည်သူတွေ သူ့ကျွန်ဘဝမှာ အသက်၊ သွေး၊ ချွေးများစွာ ကျရောက် ပေးဆပ်ခဲ့ရသလို မျက်ရည်အတိ စိတ်ခံစားမှုအဖုံဖုံနဲ့ ဒုက္ခ ရောက်ခဲ့ရတာဟာ သူ့ခေတ်သူ့အခါနဲ့ အညီ နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့ ခေတ်မီတပ်မတော် မရှိခဲ့လို့ဖြစ်တယ်။  ဒို့အမျိုးသား ခေါင်းဆောင်ကြီး သခင်အောင်ဆန်း ဦးဆောင်တဲ့ မျိုးချစ်လူငယ် ၃ဝဟာ ဂျပန်တွေထံမှာ စစ်ပညာ သင်ကြားကာ ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို ဖွဲ့စည်းခဲ့ကြပြီး ဂျပန်တွေ အကူအညီနဲ့ နယ်ချဲ့ ဗြိတိသျှ တွေကို တိုက်ထုတ်ခဲ့ ကြတယ်။ အာရှတိုက်သားများ သာတူညီမျှရေး ဆိုတာကို ကြွေးကြော်ခဲ့  သော်လည်း ဖက်ဆစ်ဝါဒနဲ့ မြန်မာပြည်သူတွေ အပေါ် ရက်စက် ကြမ်းကြုတ် ခဲ့တာကြောင့် တပ်မတော်ဟာ ပြည်သူလူထုနဲ့ အတူ ဖက်ဆစ်တို့ကို ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့မှာ တွန်းလှန် ချေမှုန်း ခဲ့ကြတာ ဖြစ်တယ်။ အသက်၊ သွေး၊ ချွေး များစွာ ပေးဆပ်ပြီး ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်မှာ လုံးဝလွတ်လပ်ရေးရခဲ့တယ်။ ဒီသမိုင်းကြောင်းတွေအရ နိုင်ငံတော်မှာ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာဆုံးရှုံးရင် ပြည်သူ ပြည်သား အားလုံး ဆင်းရဲဒုက္ခ ခံစားကြရတာကို တွေ့ကြရမှာ ဖြစ်တယ်။ ဒီလို အဖြစ်ဆိုးမျိုး ပြန်မကြုံ တွေ့ရအောင် ဆောင်ရွက်ဖို့ အရေးဟာ တို့တပ်မတော်နဲ့ အတူ ပြည်သူ အားလုံးရဲ့ အမျိုးသားရေး တာဝန် ဖြစ်တယ်။

ရဲဘော်တို့

ကိုလိုနီ ဘဝကျရောက် ခဲ့ချိန်က နယ်ချဲ့တွေဟာ တို့တိုင်းရင်းသားများ အကြား စည်းလုံး ညီညွတ်မှု ပျက်ပြားအောင် သွေးခွဲ အုပ်ချုပ်ခဲ့ကြတယ်။ တို့တိုင်းရင်းသားများ အကြား တစ်ဦးနဲ့တစ်ဦး သံသယတွေ၊ မယုံကြည်မှုတွေ ဖြစ်ပွားခဲ့ကြလို့ လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလမှာ အခက်အခဲတွေ ဖြစ်ခဲ့ကြရတယ်။ လွတ်လပ်ရေး ရပြီး ၁၉၄၉ ခုနှစ်မှာ လက်နက်ကိုင် ပဋိပက္ခတွေ ထူပြောခဲ့လို့ တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ချိန်မှာ တို့တပ်မတော်က တိုင်းပြည်အပေါ် မျိုးချစ် စိတ်ဓာတ်အပြည့်နဲ့ အသက်၊ သွေး၊ ချွေး များစွာ ပေးဆပ် တိုက်ပွဲဝင် ခဲ့ပြီး ရန်ကုန် အစိုးရလို့ခေါ်ရတဲ့ အနေအထားကနေ တိုင်းပြည်ကို ကယ်တင်နိုင်ခဲ့ ကြတာပဲ ဖြစ်တယ်။ ၁၉၅၈ ခုနှစ်မှာ အိမ်စောင့်အစိုးရ အဖြစ်နဲ့ တိုင်းပြည် တည်ငြိမ် အေးချမ်းအောင် ဆောင်ရွက် ပေးခဲ့ရတယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အားနည်းချက် အပေါ် အခွင့်ကောင်းယူပြီး ပြည်နယ်တွေ ခွဲထွက်ဖို့ ဆောင်ရွက် လာတာကြောင့် တိုင်းပြည် ပြိုကွဲမယ့် အန္တရာယ်နဲ့ ကြုံတွေ့ရချိန်မှာလည်း တို့တပ်မတော်ကပဲ  ကာကွယ် စောင့်ရှောက် ခဲ့ရတယ်။ ၁၉၈၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေ ကနေ မင်းမဲ့စရိုက်တွေ အထိ ကြီးထွားလာပြီး တိုင်းပြည်ချောက်ထဲကျမယ့် အခြေအနေကိုလည်း တို့တပ်မတော်ကပဲ ထိန်းသိမ်းကာကွယ် စောင့်ရှောက် ခဲ့ရတယ်။ တပ်မတော်ဟာ တိုင်းပြည်ကို အမြဲတမ်းကာကွယ် စောင့်ရှောက်လျက် ရှိသလို လူမျိုးရေး၊ နိုင်ငံရေး ပဋိပက္ခတွေ မဖြစ်အောင် ကာကွယ် ပေးလျက်ရှိရာမှာ ပြည်သူလူထုနဲ့ တစ်သားထဲ ဆောင်ရွက်လျက် ရှိတယ်။ ဒါဟာ တပ်မတော်က အမျိုး သားနိုင်ငံရေးကို ဖော်ေ ဆာင် နေခြင်းပဲ ဖြစ်တယ်။

ရဲဘော်တို့

လွတ်လပ်ရေး တိုက်ပွဲဝင်ချိန်က စလို့ နိုင်ငံတော်ရဲ့ သမိုင်းကြောင်းနဲ့ တို့တပ်မတော်ရဲ့ သမိုင်းကြောင်းဟာ အမြဲယှဉ်တွဲလျက် ရှိခဲ့တယ်။ တိုင်းပြည် လွတ်လပ်ရေး ရဖို့၊ တိုင်းပြည် လွတ်လပ်ရေး ပြန်လည် မဆုံးရှုံးဖို့၊ တိုင်းပြည် မပြိုကွဲစေဖို့ အတွက် တပ်မတော်က အမြဲပါဝင် နေခဲ့ ရတာကြောင့် ဒီကနေ့ ခေတ်မီဒီမိုကရေစီ နိုင်ငံတော်အဖြစ် လျှောက်လှမ်း နေချိန်မှာ တို့တပ်မတော်ဟာ နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်နေရတာ ဖြစ်တယ်။ လွတ်လပ်ရေး ရပြီးချိန်က တို့နိုင်ငံမှာ ဒီမိုကရေစီစနစ် ကျင့်သုံးခဲ့ကြပေမယ့် ဒီမိုကရေစီ အလေ့အကျင့် မရင့်ကျက်သေးချိန်မှာဘဲ နိုင်ငံရေးဝါဒ အကွဲအပြဲတွေ၊ လူပုဂ္ဂိုလ်ရေး ကိုးကွယ် ဆည်းကပ်မှုတွေ ဖြစ်ပြီး ပါတီတွေကွဲကြ၊ မညီမညွတ် ဖြစ်ခဲ့ကြရာကနေ လက်နက်ကိုင် ဆန့်ကျင်မှုတွေ ပြုခဲ့ကြတယ်။ တိုင်းရင်းသားတွေ အရေးမှာလည်း လူမျိုးရေး အကြောင်း ပြချက်၊ ဘာသာရေး အကြောင်းပြချက်၊ နိုင်ငံရေး အကြောင်းပြချက် တွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဖော်ဆောင် ခဲ့ကြလို့ တိုင်းပြည်တစ်ဝန်း တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး နိုင်ငံဖွံ့ဖြိုး တိုးတက်မှု ဆောင်ရွက်နိုင်ခြင်း မရှိဘဲ တိုင်းပြည် ဆင်းရဲတွင်းနက်ခဲ့ ရတာကို သင်ခန်းစာ ယူကြဖို့ လိုတယ်။

ရဲဘော်တို့

တို့တပ်မတော်ဟာ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရန်နဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂ဝ (င)နဲ့ (စ) တို့မှာ အတိအလင်း ပြဋ္ဌာန်းထားတယ်။ တို့တပ်မတော်က လူပုဂ္ဂိုလ် တစ်ယောက် အတွက်၊ လူတစ်စု အတွက် တာဝန်ထမ်းဆောင်နေတာမဟုတ်သလို လူမျိုးရေး မုန်းတီးလို့၊ ပုဂ္ဂိုလ်ရေး မုန်းတီးလို့ လက်နက်ကိုင် ပဋိပက္ခတွေကို ချေမှုန်းနေခြင်း မဟုတ်ကြောင်း ပြောကြား လိုတယ်။ မည်သူမဆို တိုင်းပြည်ရဲ့ တည်ငြိမ် အေးချမ်းရေးကို ထိပါး နှောင့်ယှက်မယ်၊ တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာ အာဏာကို ထိပါးမယ်၊ ပြည်ထောင်စု ပြိုကွဲစေမယ်၊ တိုင်းရင်းသား ချစ်ကြည် စည်းလုံးမှုကို ပြိုကွဲစေမယ်၊ ဒေသရဲ့တည်ငြိမ် အေးချမ်းမှုကို ထိပါးစေမယ့် စုဖွဲ့မှု၊ လုပ်ဆောင်မှုတွေ ပြုလုပ်မယ်ဆိုရင် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ် ပန်ဆင်ထားတဲ့ တို့တပ်မတော်က ကာကွယ်သွားမှာပဲ ဖြစ်တယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ ခံစားခွင့်များ ရရှိရေးနှင့်  လိုက်နာ ဆောင်ရွက်နိုင်ရေး အတွက် တပ်မတော်သားတိုင်းက တိုင်းသူပြည်သား များနဲ့ အတူ ထိန်းသိမ်း ဆောင်ရွက်သွား ရမှာဖြစ်တယ်။

နိုင်ငံတစ်ရပ် ဖွံ့ဖြိုးတိုးတက်မှု အတွက် တည်ငြိမ် အေးချမ်းရေးဟာ မရှိမဖြစ် လိုအပ်တယ်။ နိုင်ငံတော် ဖွံ့ဖြိုးရေး တွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နိုင်အောင် အစိုးရကလည်း ငြိမ်းချမ်းရေးကို လိုလားသလို နိုင်ငံတော် ကာကွယ်ရေးမှာ အသက်ခန္ဓာတွေပေးအပ်ပြီး ထမ်းဆောင် နေကြရတဲ့ တပ်မတော် အနေနဲ့လည်း ငြိမ်းချမ်းရေးကို ပိုပြီးဖြစ်ပေါ် စေချင်တယ်။ နှစ်ဖက် ငြိမ်းချမ်းရေး ရဖို့ကိစ္စကို တစ်ဖက်ကဘဲ ဆောင်ရွက်လို့ မရနိုင်တာ ဖြစ်လို့ နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ စိတ်ရင်း စေတနာမှန်နဲ့ ဖိတ်ခေါ် ကမ်းလှမ်းထားတဲ့ ငြိမ်းချမ်းရေး စားပွဲဆီ လာရောက်မယ် ဆိုရင် ကျန်ရှိနေသေးတဲ့ လက်နက်ကိုင် အဖွဲ့နဲ့ ပဋိပက္ခတွေပြေလည်ပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးဟာ မလွဲမသွေ ဖြစ်ထွန်း ပေါ်ပေါက်လာမှာ ဖြစ်တယ်။ ဒီနေရာမှာ ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ပြီး စုစည်း ညီညွတ်တဲ့ ပြည်ထောင်စုကြီး ဖြစ်စေရေးအတွက် ရိုးသားမှု၊ ကတိတည်မှုနဲ့၊ တိုင်းရင်းသား ပြည်သူလူထု အားလုံးအပေါ် စိတ်ကောင်း စေတနာ ကောင်းထားရှိဖို့ လိုအပ်ကြောင်း ပြောကြား လိုတယ်။

ရဲဘော်တို့

တို့တပ်မတော် စတင် ဖွဲ့စည်းကတည်းက လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယဆိုပြီး နိုင်ငံတော် လွတ်လပ်ရေး အတွက် အဓိက တိုက်ပွဲဝင် ခဲ့ကြတယ်။ တပ်မတော်သည် နိုင်ငံတော် အတွက် ဖြစ်ရမယ် ဆိုတဲ့ တိုင်းပြည် ချစ်စိတ်၊ နိုင်ငံချစ်စိတ်နဲ့ ဆောင်ရွက်ခဲ့ကြတာ ဖြစ်တယ်။

နိုင်ငံတော်ဟာ ဘယ်အချိန်ကမှ တပ်မတော်အတွက် မဖြစ်ခဲ့သလို နောင်လည်း ဘယ်တော့မှ ဖြစ်မှာ မဟုတ်ကြောင်း ပြောကြားလိုတယ်။ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ တပ်မတော်က နိုင်ငံတော် တာဝန်ယူခဲ့ရချိန်မှာ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်ကို ဒီမိုကရေစီ အုပ်ချုပ်ရေး လမ်းကြောင်းပေါ် ပို့ဆောင် ပေးခဲ့တယ်။ ယခုအခါမှာ ဒီမိုကရေစီ အုပ်ချုပ်ရေး လမ်းကြောင်းပေါ်မှာ နိုင်ငံတော် အစိုးရ၊ လွှတ်တော် အသီးသီးတို့ရဲ့ ဦးဆောင်မှုနဲ့ လျှောက်လှမ်းခဲ့တာ ၂ နှစ် သက်တမ်း ရှိပြီ ဖြစ်တယ်။ အင်မတန် နုနယ်တဲ့ ကာလအတွင်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ ကြိုးစား ပြုလုပ်ခဲ့တာက စတင် ရရှိလာတဲ့ အကျိုးရလဒ်များနဲ့ အတူ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင် နေကြပြီ ဖြစ်တယ်။ မိမိတို့ လိုလားတဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေး လမ်းကြောင်း ပေါ်မှာ ခိုင်ခိုင်မာမာ ဖြစ်စေဖို့ များစွာကြိုးစားပြီး ဆက်လက် လုပ်ဆောင် သွားကြရမယ်။ ဒီမိုကရေစီဆိုတာ ဥပဒေဘောင် အတွင်းမှာ စည်းကမ်းနဲ့အညီ လွတ်လပ်စွာ လုပ်ကိုင် ဆောင်ရွက်ခြင်း ဖြစ်တယ်။ ဒီမိုကရေစီစနစ်နဲ့ ချီတက်ရာမှာ တပ်မတော်အပါအဝင် ပြည်သူ တစ်ရပ်လုံး စည်းကမ်းရှိကြဖို့၊ ဥပဒေကို လေးစား လိုက်နာကြဖို့ အရေးကြီးတယ်။ တို့တပ်မတော် အနေနဲ့ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံ ပေါ်ထွန်းရေးကို လိုလားတယ်။ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ စနစ် မှန်ကန်စွာ ရှင်သန် ဖွံ့ဖြိုးလာရင် ဒီအသီးအပွင့်တွေကို ပြည်သူ ပြည်သားတွေနဲ့ အတူ တို့တပ်မတော် သားတွေလည်း ခံစားကြရမှာ ဖြစ်တယ်။ ဒီမိုကရေစီစနစ် တည်ငြိမ်ရင့်ကျက်မှု မရှိသေးမီမှာ ယခင်အတိတ် သမိုင်းကြောင်းကလို အဖြစ်မျိုးတွေ ဖြစ်ပြီး  တိုင်းပြည် ထိခိုက်နစ်နာ ဆုံးရှုံးရတာတွေ မဖြစ်ဖို့ အရေးကြီးတယ်။ တို့တပ်မတော် အနေနဲ့ ဒီကနေ့မှာ ပြည်သူလူထုက ရွေးချယ် တင်မြှောက်ထားတဲ့ သမ္မတကြီး ဦးဆောင်တဲ့ အစိုးရရဲ့ နိုင်ငံတော် ထာဝရ တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်မှာ တာဝန်ကျရာ အခန်းကဏ္ဍ ကနေ တက်ကြွစွာ ပါဝင် ပူးပေါင်း ဆောင်ရွက်လျက် ရှိတယ်။ တပ်မတော်ဟာ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးကို  ဒီမိုကရေစီ ကျင့်စဉ် များနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ တည်ငြိမ် အေးချမ်းမှ ဖွံ့ဖြိုး တိုးတက်မည်၊ စည်းလုံး ညီညွတ်စွာဖြင့် အလုပ်လုပ်မှ ဖွံ့ဖြိုးတိုးတက်မည်၊ စည်းကမ်းရှိမှ ဖွံ့ဖြိုးတိုးတက်မည် ဆိုတဲ့အတိုင်း ရဲဘော်တို့အားလုံး တို့နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် တက်ညီလက်ညီ လုပ်ဆောင် သွားဖို့ မှာကြားလိုတယ်။

 
ရဲဘော်တို့

နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်နေတဲ့ တို့တပ်မတော်ရဲ့ သမိုင်းကြောင်းဟာ အလွန်တရာ ကြီးမားလှတဲ့ အစဉ်အလာ ကောင်းတွေနဲ့ ပြည့်စုံနေတယ်။ ဒီအစဉ်အလာ တွေဟာ မိမိကိုယ်ကျိုးကို ပဓာနမထားဘဲ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်၊ နိုင်ငံနဲ့ လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံရဲတဲ့ စိတ်ဓာတ်တွေ ပေါ်မှာ အခြေခံပြီး ပေါက်ဖွားလာတဲ့ အစဉ်အလာတွေ ဖြစ်တယ်။ ဒါ့အပြင် တို့တပ်မတော်ဟာ နယ်ဘက်ဆိုင်ရာ ဥပဒေစည်းမျဉ်း စည်းကမ်းတွေ၊ တပ်မတော်ရဲ့ ဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေ သာမက ဂျီနီဗာ ကွန်ဗင်းရှင်း ကိုပါ အထူး လိုက်နာတဲ့ တပ်မတော်တစ်ရပ် ဖြစ်တယ်။ တို့တပ်မတော် သားတွေကို ဂျီနီဗာ ကွန်ဗင်းရှင်းနဲ့ ပတ်သက်ပြီး သိရှိလိုက်နာဖို့လည်း လေ့ကျင့် သင်ကြားပေးလျက် ရှိတာကြောင့် တို့တပ်မတော်ဟာ ဘယ်လို စစ်ရာဇဝတ်မှုတွေကိုမျှ မကျူးလွန်သလို စည်းကမ်း ဖောက်ဖျက် ကျူးလွန်တဲ့ စစ်သည်တွေကိုလည်း တပ်မတော် စည်းမျဉ်း ဥပဒေများနဲ့ အညီ ထိရောက်စွာ အရေးယူ ခဲ့တယ်။ နိုင်ငံတော် ကာကွယ်ရေး အတွက် တာဝန် ထမ်းဆောင် နေချိန်မှာ ဘယ်တိုင်းရင်းသား လူမျိုးအပေါ်မှ မုန်းတီးစိတ်နဲ့ ဆောင်ရွက်ခြင်း မရှိဘဲ လက်နက်ကိုင် ပဋိပက္ခ ဖော်ဆောင်သူတွေ ကိုသာ တိုက်ခိုက် နေတာဖြစ်လို့  လူမျိုးတုံး သတ်ဖြတ်မှု (Genocide) ဆိုတာ တို့တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လုံးဝမရှိ ကြောင်း ပြောကြား လိုတယ်။

ရဲဘော်တို့

ဒုတိယ ကမ္ဘာစစ် နောက်ပိုင်း ကမ္ဘာ့ကုလသမဂ္ဂ ပေါ်ပေါက်ခဲ့ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးကို အလေးထား ဆောင်ရွက် နေသလို ၂၁ ရာစုမှာ ကမ္ဘာ့ပြည်သူ အများစုဟာ တရားမျှတမှု၊ ငြိမ်းချမ်း သာယာရေးနဲ့ ဖွံ့ဖြိုး တိုးတက်မှုကို ပိုမို လိုလားခဲ့ကြတယ်။ ကမ္ဘာ့ပြည်သူများဟာ  စစ်ကို မလိုလား ခဲ့ကြပေမယ့် ကမ္ဘာ့နေရာ ဒေသအချို့မှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာများကို ကောင်းစွာဖြေရှင်းနိုင်မှု မရှိကြလို့ စစ်ပွဲတွေကို ရှောင်လွှဲ မရနိုင်ဘဲ ဒေသတွင်း စစ်ပွဲများ ဖြစ်ပွားလျက် ရှိတာကို တွေ့ကြရမှာဖြစ်တယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံ အချို့ဟာ အခြားနိုင်ငံများ အပေါ် အကြောင်းပြချက် အမျိုးမျိုး အဖုံဖုံနဲ့ ထိန်းချုပ်မှုများ လုပ်ဆောင်ခြင်း၊ သံသယရှိသည့် နယ်မြေများတွင် အင်အား ဖြန့်ကြက် ချထားခြင်း၊ ကမ္ဘာ့လုံခြုံရေး အကြောင်းပြချက်ဖြင့် ထိန်းချုပ်မှု၊ ဟန့်တားမှု၊ အင်အား ထုတ်ဖော် ပြသမှုများ ပြုလုပ်လာ ကြတယ်။ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယုံကြည်မှု မရှိသည့် နိုင်ငံများက မိမိနိုင်ငံ လုံခြုံရေး၊ ခုခံ ကာကွယ်ရေးနဲ့ စစ်ကိုတားဆီးနိုင်ရေး အတွက် ပြင်ဆင် နေကြတာကိုလည်း တွေ့ကြရမှာ ဖြစ်တယ်။ ကမ္ဘာတည်သရွေ့ အမိ မြန်မာနိုင်ငံ၏ ဒို့တာဝန် အရေး(၃)ပါး တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော်ရဲ့ မြေထု၊ ရေထု၊ လေထုတွေ အထိပါး အဆုံးရှုံး မခံရရေး၊ တိုင်းရင်းသား ပြည်သူ အပေါင်းရဲ့ အသက်အိုးအိမ် စည်းစိမ် တွေကို ထိရောက်စွာ ကာကွယ် ပေးနိုင်ရေး အတွက် တို့တပ်မတော်ကို စွမ်းရည် ထက်မြက်တဲ့ ခေတ်မီ မျိုးချစ် တပ်မတော် တစ်ရပ်ဖြစ်အောင် တည်ဆောက်ကြ ရမယ်။ နိုင်ငံတော်ရဲ့ ရှည်လျားတဲ့ ပင်လယ် ကမ်းရိုးတန်း ကာကွယ်ရေး အတွက် ရေတပ်အင်အား တောင့်တင်းရမှာဖြစ်သလို နိုင်ငံတော်ရဲ့ မြောက်ဘက် ထိပ်ဖျားကနေ တောင်ဘက်စွန်း အထိ  ကျယ်ဝန်းလှတဲ့ ပိုင်နက်နယ်မြေကို ကောင်းစွာ ကာကွယ် နိုင်အောင် ထက်မြက်တဲ့ လေတပ်အင်အား တစ်ရပ်လည်း လိုအပ်တယ်။ ၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှာ ကျင်းပတဲ့ တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေးမှာ ဒို့တပ်မတော် ဖခင် ဗိုလ်ချုပ် အောင်ဆန်းက မြန်မာနိုင်ငံ ကာကွယ်ရေး အတွက် '' လေတပ်ဟာ first line airplane အဖျင်းဆုံး ၅ဝဝ ရှိရမယ်၊ စစ်တိုက်တဲ့ ချိန်မျိုးမှာ လူတစ်သန်း စစ်အင်အား ရှိရမယ်၊ ဟိုနေရာက မထိတထိစတာ၊ ဒီနေရာက မထိတထိ စတာကိုလည်း ပြန်ပြီး လုပ်ရဲရမယ်၊ လုပ်နိုင်ရမယ်'' လို့ ပြောကြား ခဲ့တာ တွေ့ကြရမှာ ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ် ၇ဝ ကျော်က ဗိုလ်ချုပ်အောင်ဆန်း ကြိုတင် မျှော်မှန်းခဲ့တဲ့ နိုင်ငံတော် ကာကွယ်ရေး အတွက် အင်အား တောင့်တင်းတဲ့ တပ်မတော် ဖြစ်အောင် ကြိုးပမ်းကြရမှာ ဖြစ်သလို နိုင်ငံတော်ရဲ့ မြေထု၊ ရေထု၊ လေထုတွေကို ကောင်းစွာ ကာကွယ်နိုင်ဖို့  ကြည်း၊ ရေ၊ လေ တပ်ပေါင်းစု အားလုံး ခေတ်မီရေး၊ အစွမ်းထက်ရေးကို ခေတ်နှင့်အညီ အမီ လိုက်နိုင်အောင် တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက် ကြရမှာ ဖြစ်တယ်။ စုစည်းညီညွတ်တဲ့ ပြည်ထောင်စု ကြီးကိုလည်း တည်ဆောက် ကြရမယ်။ တပ်မတော် စွမ်းရည် ထက်မြက်ရေး အတွက်  ဆောင်ရွက်ရာမှာ တပ်မတော်ရဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား ဆောင်ရွက် ကြရမှာဖြစ်တယ်။ နည်းပညာတွေ ကောင်းစွာ တတ်ကျွမ်းရေးနဲ့ နည်းပညာမြင့် ခေတ်မီ စစ်လက်နက် ပစ္စည်း ကိရိယာများ ကျွမ်းကျင်စွာ ကိုင်တွယ်နိုင်ရေး အတွက် စစ်သည်များရဲ့ ပညာရည် မြင့်မားဖို့ လိုအပ်တယ်။ တပ်မတော် စွမ်းရည် မြင့်မားရေးအတွက် လေ့ကျင့်ရေးကိုလည်း အလေးအနက်ထား ဆောင်ရွက်ကြရမှာ ဖြစ်တယ်။ ခေတ်မီ လေ့ကျင့်ရေး သင်ထောက်ကူ ပစ္စည်းတွေ၊ ခေတ်မီ လေ့ကျင့်ရေး နည်းနာတွေနဲ့ စနစ်တကျ လေ့ကျင့်မှု တွေကို အမြဲမပြတ် ဆောင်ရွက် ကြမှသာလျှင် ခေတ်မီ စစ်လက်နက်ပစ္စည်း ကိရိယာတွေနဲ့နည်းစနစ်တွေ၊ နည်းဗျူဟာတွေကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ပြီး တပ်မတော်ရဲ့ စွမ်းရည် ထက်မြက်လာမှာ ဖြစ်တယ်။ စိတ်ပိုင်းဆိုင်ရာတွေ ဖြစ်တဲ့ စိတ်ဓာတ် ခိုင်မာရေး၊ စည်းကမ်း ကောင်းမွန်ရေး၊ သစ္စာရှိရေး၊ စည်းလုံး ညီညွတ်ရေးနဲ့ စွမ်းရည်သုံးရပ် ပြည့်ဝစေရေးတို့ အတွက် လေ့ကျင့်ရေး၊ အုပ်ချုပ်ရေး၊ သက်သာ ချောင်ချိရေး၊ စိတ်ဓာတ် စတဲ့ တပ်တည်ဆောက်ရေး လုပ်ငန်းကြီး (၄)ရပ်နဲ့ အမြဲမပြတ် အလေးထား ဆောင်ရွက် နေကြဖို့ အလေးအနက် မှာကြားလိုတယ်။

ရဲဘော်တို့

နိုင်ငံတော်တစ်ရပ် လွတ်လပ်ခိုင်မာစွာ ရပ်တည်နိုင်ဖို့ ဆိုရင် နိုင်ငံရေးစွမ်းအား၊ စီးပွားရေး စွမ်းအား၊ ကာကွယ်ရေး စွမ်းအားတွေ အားကောင်း ခိုင်မာဖို့ လိုတယ်။ နိုင်ငံတော် တစ်ရပ်အတွက် အရေးကြီးလှတဲ့ စွမ်းရည်သုံးရပ် တောင့်တင်းအောင် ဆောင်ရွက်ရေးဟာ တိုင်းပြည်ချစ်စိတ် ရှိသူတိုင်း၊ အမျိုးသားရေး စိတ်ရှိသူတိုင်းရဲ့ တာဝန် ဖြစ်တယ်။ ကာကွယ်ရေး စွမ်းအား ထက်မြက် ခိုင်မာရေးအတွက် တပ်မတော်မှာ တာဝန်ရှိတယ်။ တို့တပ်မတော်ကို စွမ်းရည် ထက်မြက် မြင့်မားတဲ့ Standard Army ဖြစ်အောင် တည်ဆောက်ရေးမှာ ရဲဘော်တို့လည်း တာဝန်ရှိကြောင်း ပြောကြား လိုတယ်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၂ မှာ နိုင်ငံတော် သည် မည်သည့်နိုင်ငံကိုမျှ စတင်ကျူးကျော် တိုက်ခိုက်ခြင်းမပြု၊ နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ တပ်ချ ခွင့်မပြုလို့ ချမှတ်ထားတာနဲ့အညီ နိုင်ငံတော်ရဲ့ ကာကွယ်ရေး မူဝါဒမှာ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်ရန်၊ ပြည်သူ့ စစ်မဟာ ဗျူဟာဖြင့် နိုင်ငံတော် ကာကွယ်ရေး ဖော်ဆောင်ရန်၊ ပြည်ပနိုင်ငံများမှ နည်းမျိုးစုံဖြင့် စွက်ဖက် ကျူးကျော်မှုများကို ကာကွယ်ရန် တို့ကို ချမှတ်ဆောင်ရွက် လျက်ရှိတာကြောင့် ပြည်ပ နိုင်ငံများမှ စွက်ဖက် ကျူးကျော်မှုများကို ကောင်းစွာ ကာကွယ်နိုင်ရန် ကာကွယ်ရေး စွမ်းအား မြင့်မားခိုင်မာရေး အတွက် တပ်မတော်နဲ့ အတူ ပြည်ထောင်စုသား အားလုံးမှာ တာဝန်ရှိကြောင်း  ပြောကြားလိုတယ်။ 

 

ရဲဘော်တို့

ဒီကနေ့ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး အခြေအနေ အရပ်ရပ်ဟာ နေ့စဉ်နဲ့အမျှ လျင်မြန်စွာ ပြောင်းလဲ ဖြစ်ပေါ်နေတယ်။ ဥရောပဒေသမှာ ကြွေးမြီ ပြဿနာတွေနဲ့ စီးပွားရေး ကျဆင်းမှုများ ဖြစ်ပေါ်နေတယ်။ အရှေ့ အလယ်ပိုင်း ဒေသမှာလည်း တစ်နိုင်ငံချင်းစီ ပြဿနာတွေ ရှိနေကြသလို ဒေသတွင်း ပြဿနာ တွေလည်း ဖြစ်ပွားနေတယ်။ အာရှ-ပစိဖိတ် ဒေသမှာလည်း နယ်မြေ ပိုင်ဆိုင်မှု ပြဿနာတွေ ဖြစ်ပွားလျက် ရှိတာကြောင့် ကမ္ဘာ့စီးပွားရေး ကျဆင်းမှု နဲ့အတူ စစ်ရေးနဲ့ နွှယ်တဲ့ ပြဿနာတွေပါ ပေါ်ပေါက် လာနိုင်တယ်။ ဒီပြဿနာတွေဟာ ဒေသတွင်း နိုင်ငံတွေအပေါ် သက်ရောက်မှု ရှိလာနိုင်တာမို့ မိမိနိုင်ငံရဲ့ အကျိုးစီးပွား၊ မိမိနိုင်ငံရဲ့ လုံခြုံရေးကို အလေးထား ဆောင်ရွက် ကြရမှာ ဖြစ်တယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ အတွက် နိုင်ငံတော်အနေနဲ့ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး ဝါဒကို ကျင့်သုံးပြီး နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူများနဲ့ အညီ ဒေသတွင်း နိုင်ငံများ၊ ဒေသတွင်း အဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံ အသီးသီးနဲ့ ရင်းနှီး ချစ်ကြည်မှု ပိုမိုရရှိအောင် ဆောင်ရွက်နေတယ်။ တို့နိုင်ငံဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်တဲ့အတွက် အာဆီယံရဲ့ မူဝါဒ လုပ်ငန်းစဉ် တွေမှာ ပါဝင် ဆောင်ရွက်လျက် ရှိတယ်။ တို့တပ်မတော် ကလည်း အာဆီယံ ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းစဉ် များမှာ ပါဝင် ဆောင်ရွက်လျက် ရှိတယ်။ ဒါကြောင့် အာဆီယံ အဖွဲ့ဝင် နိုင်ငံများနဲ့ အတူ ဒေသတွင်း တည်ငြိမ် အေးချမ်းရေး အတွက် တာဝန်သိသည့် နိုင်ငံတစ်ခု ဖြစ်အောင် ကျေပွန်စွာ ဆောင်ရွက် သွားမှာဖြစ်တယ်။ ၂ဝ၁၃ ခုနှစ်နဲ့ ၂ဝ၁၄ ခုနှစ်များမှာ ဒို့နိုင်ငံဟာ အာဆီယံ ဆိုင်ရာ အစည်းအဝေးနဲ့ အခမ်းအနားများကို အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပ သွားမှာ ဖြစ်တယ်။ ဒီလိုဆောင်ရွက်မှုတွေ ကနေ မိတ်ဆွေများ တိုးပွားပြီး ချစ်ကြည်ရင်းနှီးမှုမှ တစ်ဆင့် ကာကွယ်ရေး ဆိုင်ရာ သံခင်းတမန်ခင်း နည်းလမ်းနဲ့လည်း ကာကွယ်ရေးတာဝန် များကို ဆောင်ရွက် ကြရမှာ ဖြစ်တယ်။ ဒီလို ဆောင်ရွက်မှုတွေမှာ နိုင်ငံတကာ အဆင့်မီ အရည်အချင်း ပြည့်ဝစွာနဲ့ လုပ်ကိုင်နိုင်အောင် ပြင်ဆင် ဆောင်ရွက် သွားခြင်းဖြင့် နိုင်ငံတော်ရဲ့ဂုဏ်၊ တပ်မတော်ရဲ့ ဂုဏ်ကို မြင့်မား တိုးတက်အောင် ဖော်ဆောင် သွားကြဖို့ မှာကြားလိုတယ်။

ရဲဘော်တို့

တို့တပ်မတော်ဟာ တိုင်းရင်းသား ပြည်သူတွေရဲ့ ရင်နှစ်သည်းချာ များနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု တပ်မတော် ဖြစ်တာနဲ့အညီ နိုင်ငံတော် လုံခြုံရေးနဲ့ ကာကွယ်ရေး တာဝန်သာမက နိုင်ငံတော်မှာ ဘေးအန္တရာယ်တွေ ကျရောက်လာတဲ့ အချိန်တိုင်း မှာလည်း ကယ်ဆယ်ရေး လုပ်ငန်းများကို အမြန်ဆုံး ရောက်ရှိ ဆောင်ရွက်ပေး နေသလို ပြန်လည် တည်ဆောက်ရေး လုပ်ငန်း တွေမှာလည်း အားသွန် ခွန်စိုက် ကြိုးပမ်း ဆောင်ရွက် ပေးခဲ့တယ်။ အလားတူ တပ်မတော် နယ်လှည့် ဆေးတပ်ဖွဲ့များဟာ ဖွံ့ဖြိုး တိုးတက်မှု နောက်ကျ ကျန်ခဲ့တဲ့ ဝေးလံ ခေါင်းပါးတဲ့ ဒေသအသီးသီးမှာ ရှိတဲ့ တိုင်းရင်းသား ပြည်သူတွေ ကျန်းမာ ကြံ့ခိုင်စွာ အလုပ်လုပ် ကိုင်နိုင်ရေး အတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ ကိုလည်း အင်တိုက် အားတိုက် အလေးထား ဆောင်ရွက်ပေးလျက် ရှိသည်။ နိုင်ငံတော်ရဲ့ ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး လုပ်ငန်းတွေမှာလည်း ပါဝင် ဆောင်ရွက်လျက် ရှိတယ်။ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေမှာလည်း တို့တပ်မတော်သား တွေရဲ့ ကာယအား၊ ဥာဏအားတွေနဲ့ အစွမ်းကုန် ကူညီဆောင်ရွက် ပေးလျက် ရှိတယ်။

တို့နိုင်ငံဟာ ဖွံ့ဖြိုးပြီး နိုင်ငံတစ်ရပ် မဟုတ်လို့  တို့တပ်မတော်ရဲ့ စစ်သည် မိသားစုများရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်း နိုင်ဖို့ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များက စစ်သည် မိသားစု တွေဟာ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းတွေကို ကိုယ်တိုင် လုပ်ကိုင် ဆောင်ရွက်လျက် ရှိကြတယ်။ တစ်ပိုင်တစ်နိုင် စိုက်ပျိုး မွေးမြူရေးဟာ မိသားစု တစ်စုချင်း အတွက် သက်သာ ချောင်ချိမှု ရစေပြီး နိုင်ငံတော်မှာ ဝန်ထုပ်ဝန်ပိုး လျော့ကျစေတယ်။ မိသားစု တစ်စုချင်း စိုက်ပျိုး မွေးမြူရေး လုပ်ငန်းတွေ၊ စုပေါင်းစိုက်ပျိုး မွေးမြူရေး လုပ်ငန်းတွေ ဆောင်ရွက်ခြင်းဖြင့် ဒေသကုန် ထုတ်လုပ်မှု တိုးစေခြင်း၊ ဒေသကုန် ဈေးနှုန်း တည်ငြိမ် စေခြင်း စတဲ့အကျိုးများ ရရှိ စေနိုင်တယ်။ ပြည်သူလူထုနဲ့ နိုင်ငံတော်က တပ်မတော် အတွက် တာဝန်ယူရတဲ့ အပိုင်းကိုလည်း လျော့နည်း သက်သာစေတဲ့ အကျိုး ကျေးဇူးတွေ ရရှိတာကြောင့် အခြေအနေ အချိန်အခါ ပေးတဲ့ နေရာ တိုင်းမှာ စနစ်တကျရှိတဲ့ ထိရောက် အောင်မြင်တဲ့ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွေကို ပိုမိုတိုးတက် ဖြစ်ထွန်းအောင် ဆောင်ရွက် သွားကြဖို့ အလေးအနက် မှာကြားလိုတယ်။

ရဲဘော်တို့

တို့တပ်မတော်ဟာ နိုင်ငံတော် ကာကွယ်ရေး တာဝန်၊ လေ့ကျင့်ရေး တာဝန်၊ ပြည်သူ့ အကျိုးပြု လုပ်ငန်းတာဝန် စတဲ့ အဓိက တာဝန်သုံးရပ်ကို တစ်ချိန်တည်း တစ်ပြိုင်တည်း လုပ်ဆောင် နေတယ်။ ဒီတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ အမြဲတမ်း လေ့ကျင့် နေကြရမယ်၊ အမြဲတမ်း စစ်ရေးသတိ ရှိကြရမယ်၊ အမြဲတမ်း တိုက်ပွဲဝင် အသင့်ဖြစ်အောင် ဆောင်ရွက် နေကြရမှာ ဖြစ်တယ်။  စစ်မြေပြင်မှာ လက်တွေ့ တိုက်ပွဲဝင်ရာမှာတော့ ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း ဆိုတဲ့ တိုက်ပွဲဝင် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ်၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ်၊ တပ်မတော် အစဉ်အလာကို အသက်ပေး စောင့်ရှောက်လိုသည့် စိတ်ဓာတ်တွေနဲ့ တိုက်ပွဲဝင် သွားကြဖို့ မှာကြားလိုတယ်။

ရဲဘော်တို့

နိဂုံးချုပ် အနေနဲ့ မှာကြား လိုတာကတော့ သမိုင်းအစဉ်အလာ ကောင်းများနဲ့ ပြည့်စုံတဲ့ ပြည်ထောင်စု တပ်မတော် ဖြစ်တာနဲ့ အညီ  (၆၈) နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ ဖြစ်တဲ့-

          (က)   နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒ ဖြစ်သော ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး ဟူသော ဒို့တာဝန် အရေးသုံးပါးကို ကာကွယ် စောင့်ရှောက်ရေး။

     (ခ) ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်း ကဏ္ဍတွင် တိုင်းရင်းသား ပြည်သူတို့နှင့် အတူ လက်တွဲ၍ စစ်မှန်သော မျိုးချစ် စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ပါဝင် ထမ်းဆောင်ရေး။

          (ဂ)  ပြည်တွင်း၊ ပြည်ပ အဖျက်သမားများ၏ အန္တရာယ် မှန်သမျှကို နိုင်ငံတော် စွမ်းအား၊ ပြည်သူ့စွမ်းအား၊ တပ်မတော် စွမ်းအားတို့ဖြင့် ပူးပေါင်းကာကွယ် တိုက်ဖျက်ရေး။

     (ဃ) နိုင်ငံတော်၏ လုံခြုံရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ ခိုင်မြဲရေးကို ကာကွယ် စောင့်ရှောက်ရန် အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်သော ခေတ်မီ မျိုးချစ် တပ်မတော် ဖြစ်ပေါ်လာစေရေး။

စတာတွေကို အလေးထား ထမ်းရွက်သွားကြဖို့ မှာကြားရင်း နိဂုံး ချုပ်လိုက်တယ်။


မြ၀တီ

ရဲဘော်တို့

ဒီနေ့ဟာ တို့တပ်မတော်က ပြည်သူလူထုနဲ့ လက်တွဲပြီး ဖက်ဆစ်တို့ကို တွန်းလှန်ခဲ့တဲ့ (၆၈) နှစ်မြောက် တပ်မတော်နေ့ ဖြစ်တယ်။

၆၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားအား ၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ ၁၀ နာရီ ခွဲ အချိန်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ရာ အဖွဲ့ချုပ်ခေါင်း ဆောင်များက ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များအား အလေးပြုနေစဉ်။



Photo: ၆၈ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားအား ၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ ၁၀ နာရီ ခွဲ အချိန်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊
ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်ရာ အဖွဲ့ချုပ်ခေါင်း
ဆောင်များက ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များအား
အလေးပြုနေစဉ်။ 

ဓာတ်ပုံ - စောဇင်ညီ
မဇ္ဈိမ
ဓာတ်ပုံ - စောဇင်ညီ
မဇ္ဈိမ

နေပြည်တော် တော်လှန်ရေးနေ့၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်


 Photo: နေပြည်တော် တော်လှန်ရေးနေ့၊ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
Wednesday, March 27, 2013

ယနေ့ မတ်လ ၂၇ ရက်၊ နေပြည်တော်မှာ ကျင်းပတဲ့ ၆၈ နှစ်မြောက် တ်ာလှန်ရေးနေ့ ( တပ်မတော်နေ့)ကို တိုက်ရိုက် ထုတ်လွှင့် ပြသပြီး ထူးခြားမှု တခုမြင်ကွင်းအဖြစ်နဲ့ မြင်တွေ့လိုက်ရတာကတော့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ရေးရာ ဥက္ကဋ္ဌအနေနဲ့ အထူး ဧည့်သည်တော် နေရာမှာ တွေ့မြင် လိုက်ရတာပါဘဲ။

ဒီနှစ် ကျင်းပတဲ့ တော်လှန်ရေးနေ့(တပ်မတော်နေ့)ကို ဒေါ်အောင်ဆန်း
စုကြည် တက်ရောက်တာဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

အခမ်းအနားမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တို့တာဝန်အရေး ၃ ပါး ကားကွယ်ရေး၊ ဖွဲ့စည်းပုံနဲ့အညီ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု ကဏ္ဍမှာ ပြည်သူနဲ့ လက်တွဲပြီး ပါဝင်ရေ။၊ ပြည်တွင်း၊ ပြည်ပရန် ပူးပေါင်းကာကွယ်ရေး၊ နိုင်ငံတော်ရဲ့ အချုပ်အချာ တည့်တံ့ခိုင်မြဲရေးနဲ့ စွမ်းရည်ထက်မြက်တဲ့ ခေတ်မီမျိုးချစ် တပ်မတော်ဖြစ်ရေးတို့အတွက် ဦးတည်
လုပ်ဆောင်ချက်တွေကို အလေးထားပြီး မိန့်ခွန်းပြောကြားသွားပါတယ်။
စစ်ရေးပြအခမ်းအနားမှာတော့ ဂုဏ်ပြုတပ်ဖွဲ့ရဲ့ ချီတက်အလေးပြုမှုမှာ
တပါတည်း စစ်လက်နက်အသစ် အဆန်းတချို့ကိုလည်း ထုတ်ပြသွား
ပါတယ်။
ယနေ့ မတ်လ ၂၇ ရက်၊ နေပြည်တော်မှာ ကျင်းပတဲ့ ၆၈ နှစ်မြောက် တ်ာလှန်ရေးနေ့ ( တပ်မတော်နေ့)ကို တိုက်ရိုက် ထုတ်လွှင့် ပြသပြီး ထူးခြားမှု တခုမြင်ကွင်းအဖြစ်နဲ့ မြင်တွေ့လိုက်ရတာကတော့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ရေးရာ ဥက္ကဋ္ဌအနေနဲ့ အထူးဧည့် သည်တော် နေ ရာ မှာ တွေ့မြင် လိုက်ရတာပါဘဲ။

၆ ၈နှ စ်မြောက် တပ်မတော်နေ့ အခမ်း အနား တပ်ချုပ်မိန့်ခွန်း




Photo: ဒို့တပ်မတော် စတင်ဖွဲ့စည်းစဉ်ကထဲက တပ်မတော်သည် နိုင်ငံတော်အ
တွက် ဖြစ်ရမယ်ဆိုတဲ့ တိုင်းပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ်နဲ့ ဆောင်ရွက်ခဲ့ကြ
တာဖြစ်တယ်။

နိုင်ငံတော်ဟာ ဘယ်အချိန်ကမှ တပ်မတော်အတွက် မဖြစ်ခဲ့သလို နောင်
လည်း ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး။ ××

မည်သူမဆို တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းရေးကို ထိပါးနှောင့်ယှက်မယ်၊ တိုင်းပြည်ရဲ့ လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို ထိပါးမယ်။

ပြည်ထောင်စုပြိုကွဲစေမယ်၊ တိုင်းရင်းသား ချစ်ကြည်စည်းလုံးမှုကို ပြို
ကွဲစေမယ်၊ ဒေသရဲ့ တည်ငြိမ်အေးချမ်းမှုကို ထိပါးစေမယ့် လုပ်ဆောင်
မှု တွေကို ပြုလုပ်မယ်ဆိုရင် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်
ထားတဲ့ ဒို့ တပ်မတော်က ကာကွယ်သွားမှာပဲဖြစ်တယ်။ ×××

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခံစားခွင့်များရရှိရေးနဲ့ လိုက်နာဆောင်
ရွက်နိုင်ရေးအတွက် တပ်မတော်သားတိုင်းက တိုင်းသူပြည်သားများနဲ့ 
အတူ ထိန်းသိမ်းဆောင်ရွက်သွားမှာဖြစ်တယ်။××

နိုင်ငံတော်ကာကွယ်ရေးမှာ အသက်ခန္ဓာတွေကိုပေးအပ်ပြီး ထမ်းဆောင်နေကြရတဲ့ တပ်မတော်က လည်း ငြိမ်းချမ်းရေး
ကို ပိုပြီး ဖြစ်ပေါ်စေချင်ပါတယ်။××

မိမိတို့ လိုလားတဲ့ဒီမိုကရေစီအုပ်ချုပ်ရေးလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာ ဖြစ်စေဖို့ များစွာကြိုးစားပြီး ဆက်လက်လုပ်ဆောင်
သွားကြရမယ်။ ×× ဒို့တပ်မတော် အနေနဲ့ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံပေါ်ထွန်းရေးကို လိုလားတယ်။ စည်းကမ်းပြည့်ဝ 
တဲ့ ဒီမိုကရေစီ စနစ်မှန်ကန်စွာရှင်သန်ဖွံ့ဖြိုးလာရင် ဒီအသီးအပွင့်
တွေကို ပြည်သူပြည်သား တွေနဲ့ အတူ ဒို့တပ်မတော်သားတွေ
လည်း ခံစားကြရမှာဖြစ်တယ်။ ×××

ဒို့တပ်မတော်အနေနဲ့ ဒီကနေ့မှာ ပြည်သူလူထုက ရွေးချယ်တင်
မြှောက်ထားတဲ့ သမ္မတကြီး ဦးဆောင်တဲ့ အစိုးရရဲ့ နိုင်ငံတော်ထာဝ
ရတည်ငြိမ်းအေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်မှာ တာဝန်
ကျရာအခန်းကဏ္ဍကနေ တက်ကြွစွာပါဝင်ပူးပေါင်းဆောင်ရွက်လျှက်
ရှိတယ်။ ××

ဒို့တပ်မတော်သားတွေကို ဂျီနီဗာကွန်ဗင်းရှင်းနဲ့ ပတ်သက်ပြီး သိရှိလိုက်နာဖို့ လေ့ကျင့် သင်ကြားပေးလျှက် ရှိတာကြောင့် ဒို့တပ်မတော်ဟာ ဘယ်လို စစ်ရာဇ၀တ်မှုကိုမျှ မကျူးလွန်သလို စည်းကမ်းဖောက်ဖျက်ကျူးလွန်တဲ့ စစ်သည်တွေကိုလည်း တပ်မ
တော် စည်းမျဉ်း ဥပဒေနဲ့ အညီ ထိရောက်စွာအရေးယူတယ်။××× 

လူမျိုးတုံးသတ်ဖြတ်မှု ( Genocide ) ဆိုတာ ဒို့တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လုံးဝမရှိကြောင်း ပြောကြားလိုတယ်။ ××

လွန်ခဲ့တဲ့ နှစ်ခုနှစ်ဆယ်ကျော်က ဗိုလ်ချုပ်အောင်ဆန်း ကြိုတင်မျှော်မှန်းခဲ့တဲ့ နိုင်ငံတော်ကာကွယ်ရေး အတွက် အင်အားတောင့်တင်းတဲ့တပ်မတော်ဖြစ်
အောင် ကြိုးပမ်းရမယ်××

( ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်၏ ၆၈ နှစ်မြောက် တပ်မတော်နေ့အခမ်း
အနားမိန့်ခွန်းမှ ကောက်နှုတ်ချက်အချို့)

Ye Htut
Myanmar News Update
ဒို့တပ်မတော် စတင်ဖွဲ့စည်းစဉ်ကထဲက တပ်မတော်သည် နိုင်ငံတော်အ တွက် ဖြစ်ရမယ်ဆိုတဲ့ တိုင်းပြည်ချစ်စိတ်၊ နိုင်ငံချစ်စိတ်နဲ့ ဆောင်ရွက်ခဲ့ကြ တာဖြစ်တယ်။

ပွင့်လင်းမြင် သာမှု ရှိလာ သည့် မြန်မာ့ တပ်မတော်


Photo: ပွင့်လင်းမြင်သာမှု ရှိလာသည့် မြန်မာ့တပ်မတော်

March 26, 2013

ယခု မတ်လ ၂၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြု လုပ်မည့် (၆၈)နှစ်မြောက် တော်လှန်ရေးနေ့(တပ်မတော်နေ့)တွင် စစ်ရေးပြ စစ်ကြောင်းကြီးများနှင့် ပါဝင်ချီတက် အလေးပြုကြမည့် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့ကိုယ်စားပြု စစ်ကြောင်းက ယခုနှစ်တွင် မြန်မာ့ တပ်မတော်သုံး လေကြောင်းရန် ကာကွယ်ရေး မြေပြင်မှဝေဟင်ပစ် ဒုံးကျည် များကို စစ်ရေးပြပွဲသို့ တက်ရောက်ကြည့်ရှုကြမည့် အများပြည်သူများ လေ့လာကြည့်ရှုနိုင်မည်ဖြစ်သည်။ 
 
ထို့အပြင် BTR. 3 U အမျိုးအစား စစ်သည်တင် သံချပ် ကာယာဉ် f(Armoured Personnel Carrier)များ၊ အကြီးစား ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး စက်ရုံများမှ ထုတ်လုပ်သည့် နောင်ရိုးဂျစ် များကိုလည်း ပြသသွားမည်ဖြစ်ကြောင်း၊ Myanmar Military Power ဖေ့စ်ဘွတ် စာမျက်နှာများတွင် ဖော်ပြထားသည်။ 

 ယခင်က မြန်မာ့တပ်မတော် စစ်လက်နက်ပစ္စည်းအသစ်အဆန်းများကို လျှို့ဝှက်အဆင့် သတ်မှတ်ခဲ့ကြသော်လည်း ယခုကဲ့သို့ ထုတ်ပြခြင်းမှာ မြန်မာ့တပ်မတော်အနေဖြင့် ပွင့်လင်းမြင်သာမှု ပိုမို ရှိလာခြင်းဖြစ်သည်။

 ယခုပြသမည့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် အမျိုးအစားမှာ S-125 Pechora အမျိုးအစား ဖြစ်ပြီး ရုရှားသမ္မတနိုင်ငံထုတ် စစ်လက်နက် ပစ္စည်းဖြစ်သည်။ 

 နေတိုး (NATO)က SA-3 GOA ဟု အမည်ပေးထားသည်။ လောင်စာခဲသုံး တာတိုပစ်ဒုံးကျည် အမျိုးအစားဖြစ်သည်။ 

 အလွယ်တကူ ရွှေ့ပြောင်းသယ်ဆောင်နိုင်ပြီး ဒုံးကျည် သွားနှုန်းမှာ အသံထက် ၃ ဆမှ ၃ ဆခွဲအထိ ရှိသည်။ ရေဒီယို လမ်းညွှန်ပဲ့ထိန်းပါ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်အမျိုးအစားဖြစ်ကြောင်း သိရသည်။


 မောင်ကျော်



Re-Post By ACM 27-3-2013
အေးချမ်းမွန် Credit & Copy From >> The Hot News<< Thank
ယခု မတ်လ ၂၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြု လုပ်မည့် (၆၈)နှစ်မြောက် တော်လှန်ရေးနေ့ (တပ်မတော်နေ့)တွင် စစ်ရေးပြ စစ်ကြောင်းကြီးများနှင့် ပါဝင်ချီတက် အလေးပြုကြမည့် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့ကိုယ်စားပြု စစ်ကြောင်းက ယခုနှစ်တွင် မြန်မာ့ တပ်မတော်သုံး လေကြောင်းရန် ကာကွယ်ရေး မြေပြင်မှဝေဟင်ပစ် ဒုံးကျည် များကို စစ်ရေးပြပွဲသို့ တက်ရောက်ကြည့်ရှုကြမည့် အများပြည်သူများ လေ့လာကြည့်ရှုနိုင်မည်ဖြစ်သည်။

၆ ၈နှ စ်မြောက် တပ်မတော်နေ့ အခမ်း အနား

၆ ၈နှ စ်မြောက် တပ်မတော်နေ့ အခမ်း အနား

၆ ၈နှ စ်မြောက် တပ်မတော်နေ့ အခမ်း အနား

၆ ၈နှ စ်မြောက် တပ်မတော်နေ့ အခမ်း အနား

၆ ၈နှ စ်မြောက် တပ်မတော်နေ့ အခမ်း အနား

၆ ၈နှ စ်မြောက် တပ်မတော်နေ့ အခမ်း အနား

၆ ၈နှ စ်မြောက် တပ်မတော်နေ့ အခမ်း အနား

၆ ၈နှ စ်မြောက် တပ်မတော်နေ့ အခမ်း အနား

၆ ၈နှ စ်မြောက် တပ်မတော်နေ့ အခမ်း အနား