Friday, March 15, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီ၊ ကော်မရှင်ဖွဲ့ရန် လွှတ်တော်တွင် အဆိုတင်



၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မ တီ နှင့် ကော်မရှင်များ ဖွဲ့စည်းပေးသင့်ကြောင်း အဆိုကို ဝက်လက်မြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်သူရဦးအေးမြင့်က ယနေ့ ကျင်းပသော ပြည် သူ့လွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက The Voice Weekly သို့ပြောကြားသည်။

"၀န်ထမ်းလစာများ ကျပ်နှစ်သောင်းတိုးရန် ပြည်ထောင်စုလွှတ်တော်တွင် တင်ပြ"




၂၀၁၃ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ သုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စားဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန် က ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း ရာတွင် ယခုနှစ် ၂၀၁၃.၂၀၁၄ ခုနှစ်တွင် နိုင်ငံဝန်ထမ်းများအတွက် လစာနှုန်းထားကို ကျပ် ၂၀၀၀၀ (နှစ်သောင်း)စီ တိုးမြင့်ပေးရန် နှင့် အချိုးကျ တိုးမြင့်လာမည့် ပင်စင်လစာ ဆုငွေများအတွက် သာမန် အသုံးစရိတ်တွင် ထည့်သွင်းလျာထားထားကြောင်း၊ထို့အပြင် လက်ရှိခံစားခွင့် ပြုထားသော အပိုထောက်

မြန်မာကို အဓိကစားသောက်ကုန်တင်ပို့သည့် ရင်းမြစ် ဖြစ်လာရန် မျှော်မှန်းကြောင်း စင်ကာပူဝန်ကြီး ပြောကြား

ဆမ်ဆောင် က စက္ခု အာရုံ ဖြင့် အမိန့် ပေး နိုင်သည့် S 4 ကို မိတ်ဆက်

galaxy-s-iv-family-leak
ပိုမို ပါးလွှာ ပြီး ၊ ပိုမို ပေါ့ပါးသည့် ဆမ်ဆောင်း ဂလက်စီ S4 ကို ယနေ့ နယူးယောက်တွင်မိတ်ဆက် ပြသခဲ့ ပြီး အင်တာနက် မှ လည်း တိုက် ရိုက် ထုတ် လွှင့် ပြသခဲ့ သည်။
ဂလက်စီ S4 သည် ၁၃၀ ဂရမ် သာ အလေးချိန် ရှိ ပြီး ၇.၉ မီလီမီတာ သာ ထူသည်။
မျက် နှာ ပြင် မှာ ယခင် ထွက် ရှိ ပြီး မျိုးဆက် များ ထက် ပို ကြီးမားသည်။ စတ္ထုထ မျိုးဆက်  ဆမ်ဆောင်း ဖုန်းသည်

"ဒီကမ္ဘာမှာ သွေးမြေမကျစေဘဲ မေတ္တာ ကရုဏာဖြင့် သာသနာဖြန့်ချီခဲ့တာ ဗုဒ္ဓဘာသာပါ"

Photo: "ဒီကမ္ဘာမှာ သွေးမြေမကျစေဘဲ မေတ္တာ ကရုဏာဖြင့် သာသနာဖြန့်ချီခဲ့တာ ဗုဒ္ဓဘာသာပါ"
Friday, March 15, 2013  

ပထမ၀ါကျွတ်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ မြတ်ဗုဒ္ဓက ရဟန္တာသာဝ ကခြောက် ကျိပ် (၆၀) တို့ကို ခေါ်ယူပြီး မိန့်တော်မူတယ်။

“ရဟန်းတို့ … သင်တို့ဟာ ငါဘုရားကဲ့သို့ တဏှာလောဘရဲ့ ကျော့ကွင်းမှ ကင်းကင်းရှင်းရှင်း လွတ်မြောက်ခဲ့ကြပြီ၊ မြောက်မြားလှစွာသော လူ နတ်ဗြဟ္မာ သတ္တ၀ါတို့ရဲ့ ချမ်းသာစီးပွားရေးအလို့ငှာ အရပ်ရှစ်မျက်နှာ သို့  ဒေသစာရီ လှည့်လည်ကြကုန်လော့၊ အစ အလယ် အဆုံး သုံးပါးအ စုံ ကောင်းခြင်းဂုဏ်နဲ့ ပြည့်စုံတဲ့ တရားတော်ကို ဟောကြားကြကုန်လော့၊ လမ်း တစ်ကြောင်းမှာ ရဟန်းနှစ်ပါး စုပေါင်းပြီး မသွားကြပါနှင့်၊ ငါဘုရား သည်လဲ ရသေ့ညီနောင် ရှင်တစ်ထောင်တို့ကို ချေချွတ်ရန် ဥရုဝေလတော အုပ်သို့ သွားပေအံ့”

ဗုဒ္ဓမြတ်စွာရဲ့ ရဲရဲတောက် သာသနာပြု မိန့်ခွန်းပေပဲ။

ဗုဒ္ဓမြတ်စွာဟာ သူမိန့်ဆိုတဲ့အတိုင်း ဥရုဝေလတောအုပ်သို့ တစ်ပါးတည်း ကြွပြီး ဥ ရုဝေလကဿပ၊ နဒီကဿပ၊ ဂယာကဿပဆိုတဲ့ ရသေ့ညီနောင် သုံးဦးနဲ့ တပည့်တစ်ထောင်တို့ကို ချေချွတ်ပြီး ရဟန္တာအဖြစ် တည်စေပါတယ်။

ထို့နောက် ဘုရားရှင်ဟာ ရဟန္တာတစ်ထောင် ခြံရံပြီး ရာဇဂြိုဟ်ပြည်သို့ ကြွ ချီတော်မူတယ်။ ဗိမ္မိသာရမင်းကြီးနဲ့ မာဂဓတိုင်းသား သူဌေးပုဏ္ဏား တစ် သိန်းနှစ်သောင်းတို့က ကြိုဆိုကြတယ်။ မာဂဓတိုင်းသားတို့က ဥရုဝေလ ကဿ ပကို နှစ်စဉ် ရှိခိုးပူဇော်ခဲ့ကြလို့ ဥရုဝေလကဿပဟာ ဘုရားရှင်ရဲ့ တပည့်ဖြစ်ကြောင်း ထင်ရှားအောင် ပြုပြီးတော့မှ ဘုရားရှင် တရားဟောတော် မူတယ်။ မင်းနဲ့တကွ ပုဏ္ဏားသူဌေးပေါင်း တစ်သိန်းတစ်သောင်းတို့ က သောတာပန်ဖြစ်ကြပြီး ကျန်ပုဏ္ဏားသူဌေး တစ်သောင်းတို့က သရဏဂုံ တည် တဲ့ ဥပါသကာများ ဖြစ်ကုန်ကြတယ်။

အဲဒီနောက် ဘုရားရှင်ဟာ ကပိလ၀တ်ပြည်၊ သာဝတ္ထိပြည်၊ ဝေ သာ လီပြည် ၊ ကော သမ္ဘီပြည်၊ မလ္လတိုင်း စသည့် တိုင်းနိုင်ငံများသို့ ကြွရောက်ကာ မင်းနှင့်ပြည်သူတို့ကို ဗုဒ္ဓဘာသာအယူ၌ တည်စေတယ်။ ကုဋေပေါင်းများ စွာသော လူအပေါင်းတို့ကိုလည်း မြင့်မြတ်တဲ့ အရိယာပုဂ္ဂိုလ်များအဖြစ်မှာ တည်စေတော်မူတယ်။

ဒါကြောင့် ဘုရားပွင့်ပြီး နှစ်အနည်းငယ်အတွင်းမှာ ဗုဒ္ဓသာသနာရဲ့ အင်ပါယာကြီးဟာ မဇ္ဈိဒေသတစ်ဝန်းလုံးမှာ ပျံ့နှံ့သွားပါတော့ တယ် ။ ကျောင်းကြီးကျောင်းငယ် အသွယ်သွယ်နဲ့ အဂ္ဂသာဝက နှစ်ပါး၊ မဟာသာဝ က ၈၀၊ ပကတိသာဝက မြောက်မြားစွာနဲ့ ဗုဒ္ဓသာသနာတော် ရဲ့ အောင် လံတော် ဟာ တလူလူ လွှင့်ထူနေနိုင်ပေတယ်။

ဗုဒ္ဓမြတ်စွာဟာ တုတ်ဓားလက်နက် မကိုင်၊ သွေးတစ်စက် မျှ မြေမ ကျစေ ပဲ မေတ္တာ ကရုဏာ သက်သက်ဖြင့် အေးချမ်းသာယာစွာ သာသနာဖြန့်ချီရာ မှာ တိုတောင်းတဲ့ကာလအတွင်း ကြီးကျယ်လှတဲ့ အတိုင်းအတာအ ထိ အောင်မြင်ပေါက်မြောက်သွားခြင်းဟာ အလွန်အံ့သြချီးကျူးစရာကောင်း တာနဲ့အညီ ဘုရား တရား သံဃာတို့ရဲ့ စစ်မှန်တဲ့ ဂုဏ်စွမ်း ရည်ကြောင့် ဖြစ်တာ ကို ဂုဏ်ယူဝမ်းမြောက်နိုင်ပါတယ်။

ဒီကမ္ဘာမှာ သွေးမြေမကျစေဘဲ မေတ္တာ ကရုဏာဖြင့် သာသနာဖြန့်ချီခဲ့တာ ဗုဒ္ဓဘာသာတစ်ခုပဲ ရှိတယ်။
(ဒေါက်တာမင်းတင်မွန်) Face book မှတဆင့်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီးလိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

ဝီရဓမ္မ
ပထမ၀ါကျွတ်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ မြတ်ဗုဒ္ဓက ရဟန္တာ သာဝကခြောက် ကျိပ် (၆၀) တို့ကို ခေါ်ယူပြီး မိန့်တော်မူတယ်။
“ရဟန်းတို့ … သင်တို့ဟာ ငါဘုရားကဲ့သို့ တဏှာလောဘ ရဲ့ ကျော့ကွင်းမှ ကင်းကင်းရှင်းရှင်း လွတ်မြောက် ခဲ့ကြပြီ ၊ မြောက်မြား လှစွာသော လူနတ်ဗြဟ္မာ သတ္တ၀ါတို့ရဲ့ ချမ်းသာစီးပွားရေးအလို့ငှာ အရပ်ရှစ်မျက်နှာသို့ ဒေသစာရီလှည့်လည်ကြကုန်လော့၊ အစအလယ် အဆုံး သုံးပါးအစုံ ကောင်းခြင်းဂုဏ်နဲ့ ပြည့်စုံတဲ့ တရားတော် ကို ဟောကြားကြကုန်လော့၊ လမ်းတစ်ကြောင်းမှာ ရဟန်းနှစ်ပါး စုပေါင်းပြီး မသွားကြပါနှင့်၊ ငါဘုရားသည်လဲ ရသေ့ညီနောင် ရှင်တစ်ထောင်တို့ကို ချေချွတ်ရန် ဥရုဝေလတော အုပ်သို့ သွားပေအံ့”

အီရန်နျူးကလီးယား တနှစ်ကျော်အတွင်း ထုတ်နိုင်မည်


အီရန်နျူးကလီးယား တနှစ်ကျော်အတွင်း ထုတ်နိုင်မည်

မတ် ၁၅ ရက်၊၂၀၁၃

အီရန်က နျူးကလီးယား လက်နက်ပိုင်ဆိုင်ဖို့ တနှစ်ကျော်လောက်သာ လိုတော့ပြီး ကျနော်တို့ကတော့ ဒီလိုမထုတ်လုပ်နိုင်အောင် အချိန်ကပ်ပြီးမှာ ပိတ်ပင်တားဆီးရမှာ မလိုလားဘူးလို့ သမ္မတ အိုဘားမားက အစ္စရေးရုပ်သံမှာ ပြောပါတယ်။ အခုလို သမ္မတအိုဘားမားကနှစ် အတိအကျ ပြောသွားတာ ဖြစ်ရိုးဖြစ်စဉ်တော့ မဟုတ်ဘူးလို့ ဝါရှင်တန်ရှိ ဘီဘီစီ သတင်းထောက် Steve Kingstoneကဆိုပါတယ်။

သမ္မတအနေနဲ့ အီရန်ကိစ္စ ကိုင်တွယ်ဖြေရှင်းဖို့ ရှိတဲ့နည်းလမ်းအား လုံးသုံးမယ်လို့လဲပြောပါတယ်။ ဒါပေမယ့် အမေရိကန်ဘက်က လက်ဦးမှုရအောင် စစ်ရေးအရတိုက်ဖို့ ကိစ္စကိုတော့ သိသိသာသာ ပြောမသွားပါဘူး။ အစ္စရေး အစိုးရကတော့ အချိန်က အတော် အရေးကြီးနေပြီလို့ ယူဆပါတယ်။ အီရန်နျူးကလီးယား အစီအစဉ်အခု နွေရာသီမှာ ရပ်ပစ်ရမယ်လို့ အစ္စရေး ဝန်ကြီးချုပ် နာတာညာဟုက ကုလသမဂ္ဂမှာ မနှစ်က သတိပေး စကားပြောခဲ့ပါတယ်။ သမ္မတအိုဘားမားနဲ့ အစ္စရေး ဝန်ကြီးချုပ်တို့ လာမယ့် သတင်းပတ်အတွင်း အစ္စရေးမှာ တွေ့ကြရင် သမ္မတဘက်က အခုအချိန်ထိ သံတမန်ရေး ဖိအားဟာ အကောင်းဆုံးလို့ပြောပါလိမ့်မယ်။

ဒီခေါင်းဆောင် နှစ်ယောက်ဟာ တဖက်နဲ့တဖက် ယုံကြည်မှု သိပ်မရှိလို့ သဘောထားကွဲလေ့ရှိပါတယ်။ ဒါပေမယ့် နှစ်ယောက်စလုံး မကြာမီကမှ ရွေးကောက်ပွဲ နိုင်ထားကြတာဆိုတော့ အတူလက်တွဲ လုပ်ရုံကလွဲလို့ ရွေးစရာ သိပ်မရှိပါဘူး။ သမ္မတ အိုဘားမားဟာ အခုလာမယ့် ခရီးစဉ်အတွင်း အစ္စရေး ပြည်သူတွေကို တိုက်ရိုက် စကားပြောပြီး အမေရိကန်ဘက်က အစ္စရေးရဲ့ လုံခြုံရေးကို အခိုင်အမာ ဆက်ပြီး တာဝန်ယူသွားမယ်လို့ ပြောသွားမှာ ဖြစ်ပါတယ်။


BBC
အီရန်က နျူးကလီးယား လက်နက်ပိုင်ဆိုင်ဖို့ တနှစ်ကျော်လောက်သာ လိုတော့ပြီး ကျနော်တို့ကတော့ ဒီလိုမထုတ်လုပ်နိုင်အောင် အချိန်ကပ်ပြီး မှာ ပိတ်ပင်တားဆီးရမှာ မလိုလားဘူးလို့ သမ္မတ အိုဘားမားက အစ္စရေး ရုပ်သံမှာ ပြောပါတယ်။ အခုလို သမ္မတအိုဘားမားကနှစ် အတိ အကျ ပြောသွားတာ ဖြစ်ရိုးဖြစ်စဉ်တော့ မဟုတ်ဘူးလို့ ဝါရှင်တန်ရှိ ဘီဘီစီ သတင်းထောက် Steve Kingstoneကဆိုပါတယ်။

ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ် ရလဒ်များ (မတ်လ ၁၄၊ ၁၅)



*ရူဘင်ကာဇန် ၂ - ၀ လီဗန်တေး
(ပထမအကျော့ရလဒ် လီဗန်တေး ၀ - ၀ ရူဘင်ကာဇန်)
သာမန် ပွဲကစားချိန်အပြီးတွင် ဂိုးမရှိသရေရလဒ်ဖြစ်ပြီး အချိန်ပိုတွင် ရူဘင်ကာဇန်က ၂ ဂိုးသွင်းယူခဲ့သည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာရှယူ-၁၄ ချန်ပီယံရှစ် ခြေစစ်ပွဲအုပ်စုများ ထွက်ပေါ်၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တီမော၊ ဘရူနိုင်းတို့နှင့် မြန်မာအသင်း ကျရောက်နေ


Sports-2-march15

ဘောလုံးသင်တန်းတစ်ခုတွင် တွေ့ရသည့် မြန်မာယူ-၁၂ ကစားသမားများ
အာရှဘောလုံးအဖွဲ့ချုပ် (AFC) သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၄ အာရှယူ-၁၄ ချန်ပီယံရှစ် ခြေစစ်ပွဲအုပ်စု (E) နှင့် (F) ပွဲစဉ်များ ကို ရေးဆွဲထုတ်ပြန် လိုက်ပြီဖြစ်ကြောင်း သိရသည်။