Wednesday, March 13, 2013

ရန်ကုန်မှ လိုင်ဇာအထိ မိုင် ၈၀၀ ကျော် နီးပါး ခရီးနှင်လာခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မိုင်းအန္တရာယ်ကင်းရှင်းရေး အတွက် မြန်မာ့တပ်မတော် တပ်မ (၁၀၁) က ကူညီပေးခဲ့မှု ပြုလုပ် ခဲ့သည့်အပြင် အားပေးကူညီခြင်းနှင့်လိုက်ပါလာသူ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်း

ရန်ကုန်မှ လိုင်ဇာအထိ မိုင် ၈၀၀ ကျော် နီးပါး ခရီးနှင်လာခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မိုင်းအန္တရာယ်ကင်းရှင်းရေး အတွက် မြန်မာ့တပ်မတော် တပ်မ (၁၀၁) က ကူညီပေးခဲ့မှု ပြုလုပ် ခဲ့သည့်အပြင် အားပေးကူညီခြင်းနှင့်လိုက်ပါလာသူ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်း


နေပြည်တော်၊မတ်လ ၁၃ ရက်

ရန်ကုန်မှ လိုင်ဇာအထိ မိုင် ၈၀၀ ကျော် နီးပါး ခရီးနှင်လာခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မိုင်းအန္တရာယ်ကင်းရှင်းရေး အတွက် မြန်မာ့တပ်မတော် တပ်မ (၁၀၁) က ကူညီပေးခဲ့မှု ပြုလုပ် ခဲ့သည့်အပြင် အားပေးကူညီခြင်းနှင့်လိုက်ပါလာသူ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း အဆိုပါတပ်မှ အရာရှိကြီး တစ်ဦး က ပြောသည်။

KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မတီတို့၏ နိုင်ငံရေးအရ ငြိမ်းချမ်းရေး ဆွေးနွေးမှုမှာ အရှိန်ကောင်းလာနေပြီး အကျိုးဆက်အနေဖြင့် တပ်ပိုင်းဆိုင်ရာကလည်း အားပေးကူညီခြင်း ဖြစ်သည်ဟု Myanmar Peace Center မှ အကြီးတန်းအရာရှိ တစ်ဦးက သုံးသပ်ထားသည်။

ရန်ကုန်မှ ထွက်ခွာစဉ် ရဲစခန်း ၁၀ ခုကျော်က အမှုဖွင့်ခြင်းခံရပြီး ထွက်ခွာရာလမ်းတစ်လျှောက် ခံဝန်လက်မှတ် ရေးထိုးခဲ့ ရသော် လည်း နောက်ပိုင်းတွင် အတားအဆီးမရှိတော့ဘဲ လမ်းလျှောက် ထွက်ခဲ့ရသည့် အဆိုပါအဖွဲ့တွင် အဖွဲ့ဝင် ၁၀၀ ကျော် ဖြင့် KIO ထိန်းချုပ်နယ်မြေ လိုင်ဇာသို့ ယနေ့ မနက်ပိုင်းက ရောက်ရှိသွားပြီဟု လမ်းလျှောက်အဖွဲ့ဝင်တစ်ဦးကဆိုသည်။

KIO ပြောခွင့်ရ ဦးလနန်က “ငြိမ်းချမ်းရေးအတွက် ကိုယ်ကျိုး စွန့်ပြီး ဆောင်ရွက်တဲ့အဖွဲ့တွေကို ကျွန်တော်တို့က အားပေးအားမြှောက်ပြုပြီး ကြိုဆိုရမှာပဲ၊ တစ်နိုင်ငံလုံး အစစ်အမှန် ငြိမ်းချမ်းရေးရဖို့အတွက် အပင်ပန်းခံ အဆင်းရဲခံပြီး လမ်းလျှောက်လာတဲ့သူတွေလေဗျာ” ဟုပြောသည်။

ref:popular

ရန်ကုန်မှ လိုင်ဇာအထိ မိုင် ၈၀၀ ကျော် နီးပါး ခရီးနှင်လာခဲ့သည့် ငြိမ်းချမ်းရေး လမ်းလျှောက်သူများ မိုင်းအန္တရာယ်ကင်းရှင်းရေး အတွက် မြန်မာ့တပ်မတော် တပ်မ (၁၀၁) က ကူညီပေးခဲ့မှု ပြုလုပ် ခဲ့သည့်အပြင် အားပေးကူညီခြင်းနှင့်လိုက်ပါလာသူ သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း အဆိုပါတပ်မှ အရာရှိကြီး တစ်ဦး

အကျိုးအကြောင်းမဲ့ဆန္ဒမပြသင့်ဟု ယနေ့လူထုတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

Photo: အကျိုးအကြောင်းမဲ့ဆန္ဒမပြသင့်ဟု ယနေ့လူထုတွေ့ဆုံပွဲတွင်
ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Wednesday, March 13, 2013

"ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာ မှာခွင့်တောင်းသင့်ပါတယ် ခွင့် ပြုချက် မရှိဘဲဆန္ဒပြမယ်ဆိုရင် ဥပဒေအရအရေးယူသင့်ပါတယ် အုပ်ချုပ်ရေး အဖွဲ့အစည်းကလည်း အကျိုးအကြောင်းညီရင် ခွင့်ပြုမိန့်ပေးရပါမယ် ကျွန်မကိုလည်းဆန္ဒပြလို့ရပါတယ် ကျွန်မအိမ်ရှေ့မှာ ဆန္ဒပြမယ်ဆိုရင် ကျွန်မနေထိုင်ရာမြို့နယ်အဖွဲ့အစည်းမှာ ခွင့်ပြုမိန့်ယူရပါမယ် အဓိကကတော့ ကျွနိမတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုပါပဲ တရားဥပဒေစိုးမိုးမှုမရှိရင် ကျွန်မတို့နိုင်ငံဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး"ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောသည်။

Messenger News Journal
"ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာ မှာခွင့်တောင်းသင့်ပါတယ် ခွင့် ပြုချက် မရှိဘဲဆန္ဒပြမယ်ဆိုရင် ဥပဒေအရအရေးယူသင့်ပါတယ် အုပ်ချုပ်ရေး အဖွဲ့အစည်းကလည်း အကျိုးအကြောင်းညီရင် ခွင့်ပြုမိန့်ပေးရပါမယ် ကျွန်မကိုလည်းဆန္ဒပြလို့ရပါတယ် ကျွန်မအိမ်ရှေ့မှာ ဆန္ဒပြမယ်ဆိုရင် ကျွန်မနေထိုင်ရာမြို့နယ်အဖွဲ့အစည်းမှာ ခွင့်ပြုမိန့်ယူရပါမယ် အဓိက ကတော့ ကျွနိမတို့နိုင်ငံမှာ တရားဥပဒေစိုးမိုးမှုပါပဲ တရားဥပဒေ စိုးမိုးမှု

ဧပြီတွင် အစိုးရနဲ့ ကေအိုင်အေတို့ အပစ်အခတ်ရပ်ဆဲရေး စာချုပ်ချုပ်ဆိုနိုင်တော့မည်

ဧပြီတွင် အစိုးရနဲ့ ကေအိုင်အေတို့ အပစ်အခတ်ရပ်ဆဲရေး
စာချုပ်ချုပ်ဆိုနိုင်တော့မည်
Wednesday, March 13, 2013
    
ဧပြီလ ၁၀ ရက်နေ့ မတိုင်မှီ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး
အဖွဲ့နှင့် ကေအိုင်အေတို့ ထပ်မံဆွေးနွေးမည်ဖြစ်ရာ နှစ်ဖက်တပ်များ
အနေဖြင့် မတ်လ ၁၁ ရက်၊၁၂ ရက် တွေ့ဆုံ့ ဆွေးနွေးပွဲပါ သဘော
တူညီချက်များကို ယုံကြည်စွာ ထိန်းသိမ်း နိုင်ပါက အပစ်အခတ်ရပ်စဲ
ရေး စာချုပ် ပြန်လည် ချုပ်ဆိုနိုင်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး
အကျိုးဆောင် ဦးလှမောင်ရွှေက ပြောသည်။

၁၉၉၄ ခုနှစ်တွင် အစိုးရနှင့် တိုင်းရင်းသာ လက်နက်ကိုင် ကေအိုင်အေ
တို့ အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် ချုပ်ဆိုခဲ့သော်လည်း
၂၀၁၀ ခုနှစ်တွင် အကြောင်း အမျိုးမျိုးကြောင့် တိုက်ပွဲများ ပြန်လည်
ဖြစ်ပွားလာခဲ့ကြောင်း သိရပြီး ဖေဖော်ဝါရီ ၄ ရက်နေ့ နောက်ပိုင်းမှ
စ၍ တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်ရှားပါးသွားခဲ့ကြောင်း သိရသည်။

“နှစ်ဖက်တပ်တွေသာ ယုံကြည်ထိန်းသိမ်းနိုင်မယ်ဆိုရင် ဧပြီ ၁၀ မ
တိုင်မှီ ၉၄ တုန်းကလိုမျိုး အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်နိုင်မယ်လို့  
ယူဆတယ်။ ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေး ရသည်အထိလို့ ဆိုလို
တာက အခြေခံ ကျတဲ့ ယုံကြည်မှု မရှိရင် မဖြစ်ဘူးလေ” ဟု ဦးလှမောင်
ရွှေက ပြောကြားသည်။

ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သော ဆွေးနွေးပွဲ အပြီး ထုတ်ပြန်ကြေ
ညာချက်တွင် ဆက်လက်၍ ပြသနာဖြစ်ပွားနိုင်သော ဒေသများရှိ နှစ်
ဖက်တပ်ဖွဲ့များဆိုင်ရာ ကိစ္စများကို ဆက်လက်ညှိနှိုင်းသွားမည် ဖြစ်ပြီး
လိုအပ်သည့် ညွှန်ကြားချက် အမိန့်များကို နှစ်ဖက်တပ်များ၊ သက်ဆိုင်ရာ
အောက်ခြေ တပ်ဖွဲ့များအထိ ရောက်ရှိအောင် ညွှန်ကြားသွားရန် သဘော
တူသည် ဟု တပ်ပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ဆက်လျဉ်း၍ ပါရှိသည်။

၂၀၁၂ ခုနှစ် မေလက ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့အား ပြန်လည်
ပြင်ဆင် ဖွဲ့စည်းခဲ့ပြီး အဆိုပါ ပြင်ဆင်သည့်အဖွဲ့သည် KIO/KIA မှ ငြိမ်း
ချမ်းရေး ဆွေးနွေးသူများနှင့် တရားဝင် ၅ ကြိမ်ဆွေးနွေးခဲ့ကြောင်း ငြိမ်း
ချမ်းရေး အကျိုးဆောင်များထံမှ သိရသည်။

အဆိုပါ သဘောတူ ညီချက်များတွင် ဧပြီ ၁၀ ရက်မတိုင်မှီအချိန်၌
နောက်တစ်ကြိမ်ဆွေးနွေးပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထပ်မံ သိရ
သည်။

စူးရှ
The Myanma Age
ဧပြီလ ၁၀ ရက်နေ့ မတိုင်မှီ အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ကေအိုင်အေတို့ ထပ်မံဆွေးနွေး မည်ဖြစ်ရာ နှစ်ဖက် တပ်များ အနေဖြင့် မတ်လ ၁၁ ရက်၊၁၂ ရက် တွေ့ဆုံ့ ဆွေးနွေးပွဲပါ သဘော တူညီချက်များကို ယုံကြည်စွာ ထိန်းသိမ်း နိုင်ပါက အပစ် အခတ်ရပ်စဲရေး

အခွန်ယိုဖိတ်မှု မရှိစေဘဲ နိုင်ငံဘဏ္ဍာအခွန်အကောက် ပြည့်ဝစွာ ရရှိစေရေးအတွက် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရန်၊ အခွန်နှုန်းထား ပြင်ဆင်သတ်မှတ်ရန်နှင့် အခွန်ကောက်စနစ် ပြောင်းလဲရန် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးမည်

Photo: အခွန်ယိုဖိတ်မှု မရှိစေဘဲ နိုင်ငံဘဏ္ဍာအခွန်အကောက် ပြည့်ဝစွာ ရရှိစေရေးအတွက် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရန်၊ အခွန်နှုန်းထား ပြင်ဆင်သတ်မှတ်ရန်နှင့် အခွန်ကောက်စနစ်
ပြောင်းလဲရန် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးမည်
Wednesday, March 13, 2013
   
အခွန်ယိုဖိတ်မှု မရှိစေဘဲ နိုင်ငံတော်ဘဏ္ဍာအခွန်အကောက် ပြည့်ဝစွာ ရရှိစေရေးအတွက် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရန်၊ အခွန်နှုန်းထား ပြင်ဆင်သတ်မှတ်ရန်နှင့် အခွန်ကောက်စနစ်
ပြောင်းလဲရန် ပြည်ထောင်စုလွှတ်တော်၌ ဆက်လက်ဆွေးနွေးမည်
ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။

မတ်လ ၁၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကိုယ်စားလှယ်များက အဆိုတင်သွင်းခဲ့ကြပြီး လွှတ်တော်က ဆက်လက်ဆွေးနွေးရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

လက်ရှိစီးပွားရေးလုပ်ငန်းကြီးများ၊ ဟိုတယ်ကြီးများ၊ ကုမ္ပဏီကြီးများနှင့် အခွင့်အာဏာရပုဂ္ဂိုလ်များမှာ အခွန်ပေးဆောင်လိုခြင်းမရှိဘဲ
ရှောင်တိမ်းမှုများပြုလုပ်နေခြင်းကြောင့် နိုင်ငံတော် ရသင့်ရထိုက်သော အခွန်များ မရရှိခြင်းဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက
ဆွေးနွေးခဲ့ကြသည်။

အခွန်ဘဏ္ဍာငွေ ပြည့်ဝစွာရရှိနိုင်ရန်အတွက် ဒေသအလိုက်
လေးစားကြည်ညိုခြင်းခံရသော အငြိမ်းစား အရာရှိကြီးများ၊ မြို့ရွာ အကြီးအကဲများ ဦးဆောင်ပါဝင်သော အခွန်စည်းကြပ်ရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ အဓိက၀င်ငွေဖြစ်သော အခွန် အကောက်များ မှန်မှန်ကန်ကန် ရရှိ၍ ခိုင်ခံ့သော ဘဏ္ဍာရေးစနစ်
ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း သူရဦးအောင်ကိုက အဆိုတင်သွင်းခဲ့သည်။

အခွန်ယိုဖိတ်မှု မရှိစေရန် အခွန်ထမ်းဆောင်ရမည့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများစာရင်းကို ခြောက်လတစ်ကြိမ် စိစစ်ရန်၊ ၀န်ထမ်းနှင့် အခြားလိုအပ်ချက်များ တိုးချဲ့ဖွဲ့စည်းပြီး အခွန်ကောက်ခံရရှိသော ငွေကို တစ်စုတစ်စည်းတည်း ဖြစ်စေရန် ပြည်ထောင်စုဝန်ကြီးဌာန အားလုံး၏ အခွန်အခ ၀င်ငွေကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန တစ်ခုတည်း သို့သာ ပေးသွင်းရန်နှင့် အခွန်ထမ်း ပြည်သူတို့က ပေးဆောင်ရမည့် အခွန်ရာခိုင်နှုန်းများနှင့် စပ်လျဉ်း၍ ပြည်သူတို့၏ သဘောထား ဆန္ဒနှင့်အညီ
ပြည်ထောင်စုအစိုးရ အဖွဲ့၏ အတည်ပြုချက်ရယူပြီး ပြည်ထောင်စု လွှတ်တော်သို့ တင်ပြ၍ ၀င်ငွေခွန်အမိန့်၊ ကြော်ငြာစာများ ထုတ်ပြန်ရန် တိုက်တွန်းကြောင်း ၎င်းက အဆိုတင်သွင်းခဲ့သည်။

နိုင်ငံဘဏ္ဍာ အပြည့်အ၀ ရရှိရေးအတွက် နိုင်ငံတွင် မှတ်ပုံတင်ထားသော ပုဂ္ဂလိက ကုမ္ပဏီတစ်သောင်းကျော် ရှိသည့်အနက် နှစ်ထောင်ကျော်သာ ၀င်ငွေခွန် ပေးဆောင်နေခြင်း၊ ကျန်ကုမ္ပဏီများမှာ အခွန်ရှောင်ခြင်း၊ မူအရ မဆုံးဖြတ်ဘဲ လူ၏ဆုံးဖြတ်ချက်ဖြင့် လိုသလို ဆုံးဖြတ်ကောက်ခံနေသော စနစ် မကျင့်သုံးရေးတို့ ဆောင်ရွက်ရန် အဆိုတင်သွင်းစဉ် ပြောကြားသည်။

"အခွန်ဝန်ထမ်း အရာရှိနဲ့ အခွန်ငွေ ညှိနှိုင်းဆောင်ရွက်နေတာ 
တွေ့ရှိရကြောင်း တင်ပြချက်များအရ သိရပါတယ်" ဟု ဦးဝင်းမြင့်က ပြောကြားသည်။

တိုင်းရင်းသား လုပ်ငန်းရှင်များအား ထိခိုက်နစ်နာစေပြီး ဈေးကွက်စီးပွားရေး စနစ်နှင့် မကိုက်ညီသော စနစ်များကို ပယ်ဖျက်ပေးရန်နှင့် လူ့စွမ်းအား အရင်းအမြစ်ကို ဆုံးရှုံးစေသော ဘီယာ၊ အရက်အပါအ၀င် ယစ်မျိုးခွန်၊ ဓာတ်သတ္တုခွန်နှင့် ပတ်သက်၍ ပြည်ထောင်စုနယ်မြေများအတွက် အခွန်နှုန်းထား တိုးမြှင့်သတ်မှတ်ပေးရန်နှင့် အခွန်တိုးတက်ရရှိရေးအတွက် စီမံချက် ရေးဆွဲဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း လွှတ်တော်ကိုယ်စားလှယ်များက အဆိုတင်သွင်းခဲ့သည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် နိုင်ငံတော် အခွန်အကောက်ဆိုင်ရာများနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၅ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ ရှင်းလင်းတင်ပြခဲ့သည်။

Eleven Media Group
အခွန်ယိုဖိတ်မှု မရှိစေဘဲ နိုင်ငံတော်ဘဏ္ဍာအခွန်အကောက် ပြည့်ဝစွာ ရရှိစေရေးအတွက် လာဘ်ပေးလာဘ်ယူမှု ပပျောက်ရန်၊ အခွန်နှုန်း ထား ပြင်ဆင်သတ်မှတ်ရန်နှင့် အခွန်ကောက်စနစ်ပြောင်း လဲရန် ပြည်ထောင်စုလွှတ်တော်၌ ဆက်လက်ဆွေးနွေး မည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။
မတ်လ ၁၂ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်း အဝေးတွင် ကိုယ်စားလှယ်များက အဆိုတင်သွင်းခဲ့ကြပြီး လွှတ်တော်က ဆက်လက်ဆွေးနွေးရန် အတည်ပြုခဲ့ခြင်းဖြစ်သည်။

သုံးလအတွင်း မာစတာကတ် သုံးစွဲသူ ၉၀၀၀ ကျော်ရှိပြီး ကန်ဒေါ်လာ ၁၇ သိန်းခန့် သုံးစွဲ

သုံးလအတွင်း မာစတာကတ် သုံးစွဲသူ ၉၀၀၀ ကျော်ရှိပြီး 
ကန်ဒေါ်လာ ၁၇ သိန်းခန့် သုံးစွဲ
Wednesday, March 13, 2013

သမဝါယမဘဏ် (CB) ၏ ATM စက်တွင် မာစတာကတ်ဖြင့် သုံးသအတွင်း ငွေထုတ်ယူသူဦးရေ ၉၀၀၀ ကျော်ရှိပြီး  ကျပ်သိန်းပေါင်း ၁၄၀၀၀ ခန့် လာရောက်သုံးစွဲကြောင်း စီတီဘဏ် ဦးဆောင်ညွန်ကြားရေးမှူး ဦးဖေမြင့်က ပြောသည်။ ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာ ၁၅ ရက်မှစတင်ပြီး မာစတာကတ်ကို ဘဏ်များ၏ ATM စက်တွင် စတင်သုံးစွဲရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ဦးဖေမြင့်က "ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ သုံးလအတွင်း 
မာစတာကတ်နဲ့ စီဘီဘဏ် ATM စက်မှာ ငွေထုတ်ယူသူ ၉၀၀၀ ကျော် ရှိတယ်။ အမေရိကန် ဒေါ်လာ ၁၇ သိန်းလောက်ရှိတယ်။ ဒီမှာလာ သုံးကြတယ်ပေါ့။ မြန်မာကျပ်ငွေနဲ့ သိန်းပေါင်း ၁၄၀၀၀ လောက်ရှိတယ်" 
ဟု ယင်းက ပြောသည်။

နိုင်ငံတကာ ငွေပေးချေကတ်စနစ် သုံးဗီဇာနှင့် မာစတာကတ်သည် အမေရိကန် ငွေလွှဲလုပ်ငန်းဖြစ်၍ ဆန်ရှင်မရှိသည့် ကမ္ဘောဇဘဏ် စီဘီဘဏ်နှင့် မြန်မာအရှေ့တိုင်းဘဏ်တို့၏ ATM စက်နှင့် POS စနစ်များတွင် အသုံးပြုနိုင်ခဲ့ကြောင်း သိရသည်။ 

ဦးဖေမြင့်က "ဒါက သုံးလမှာ တွေ့ရတာဖြစ်တယ်။ နှစ်ကြာလေလေ
ပိုပြီး များလာမှာဖြစ်တယ်။ အခုနောက်ပိုင်း ဆိုင်တွေ၊ ဟိုတယ်တွေမှာ မာစတာကတ်ကိုသုံးလို့ ရလာပြီဖြစ်တယ်" ဟု ယင်းက ဆက်လက်ပြောသည်။ 

ကတ်စနစ်သည် ငွေကိုင်စရာမလိုခြင်း၊ ငွေကိုအတု၊ အစစ်ခွဲစရာ
မလိုခြင်း၊ပြန်အမ်းစရာမလိုခြင်းစသည့် အားသာချက်များရှိကြောင်း ဘဏ်အသိုင်းအဝိုင်းမှ ပြောကြားသည်။ 

၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည် တစ်သန်းကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။

Flower News Journal
သမဝါယမဘဏ် (CB) ၏ ATM စက်တွင် မာစတာကတ်ဖြင့် သုံးသအတွင်း ငွေထုတ်ယူသူဦးရေ ၉၀၀၀ ကျော်ရှိပြီး ကျပ်သိန်းပေါင်း ၁၄၀၀၀ ခန့် လာရောက်သုံးစွဲကြောင်း စီတီဘဏ် ဦးဆောင် ညွန်ကြားရေးမှူး ဦးဖေမြင့်က ပြောသည်။ ၂၀၁၂ ခုနှစ် နိုင်ဝင်ဘာ ၁၅ ရက်မှစတင်ပြီး မာစတာကတ်ကို ဘဏ်များ၏ ATM စက်တွင် စတင်သုံးစွဲရန် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၁၅ မှာ ရွေရောင်လွှမ်းတဲ့ မြန်မာပြည်ဖြစ်ဖို့ ပြည်သူတွေဘာလုပ်သင့်သလဲ?





ဒီနေ့ မြို့ထဲရပ်ထဲရွာထဲကို လေ့လာကြည့်လိုက်ရင်လူတွေရဲ့ပါစပ်ဖျားမှာ ပြောနေကြတာက ဒီချုပ် ဒီချုပ် ဒီချုပ် ဆိုတဲ့စကားလုံးပါ၊ဒီစကားလုံးက တော်တော်လေးရေပန်းစားနေတာကို တွေ့ကြရမှာပါ ။ ပြီးတော့ ရပ်တိုင်းရွာတိုင်းမှာ NLD ပါတီဝင်တွေရဲ့ အစည်းဝေးတွေပလူပျံနေအောင် လုပ်နေကြတာပေါ့။ ဒါတွေ ကိုကြည့်ခြင်းအားဖြင့် NLD ပါတီအနေနဲ့ လူထုအပေါ်မှာ စည်းရုံးရေး အတော်လေးရနေပြီလို့ပြောရင် လက်ခံရမှာဖြစ်ပါတယ်။ ဒီအခြေအနေအတိုင်း ဆက်သွားမယ်ဆိုရင် မြန်မာပြည်ရဲ့ ၂၀၁၅ ဟာ အင်မတန် ရင်လေးစရာကောင်းတဲ့ အခြေအနေဖြစ်သွားနိုင်ပါတယ်။ ဒီနေရာမှာ မေးစရာတစ်ခုဖြစ်လာပါတယ်။ NLD ပါတီ အခုလိုစည်းရုံးရေးကောင်းလို့ ပြည်သူတွေထောက်ခံမှုရလို့ ၂၀၁၅ မှာ NLD ပါတီ အနိုင်ရ သွားခဲ့ ရင် မြန်မာပြည်အတွက် အကောင်းဘူးလို့ဆိုလိုတဲ့ အဓိပ္ပါယ်ကို ပြောတာလားလို့ မေးမှာမုချမလွဲ ပါဘဲ။မှန်ပါတယ်။ကျွန်တော့် အမြင်အတွေးအရတော့ ဒီလိုဘဲ ရဲရဲကြီး ပြောချင်ပါတယ်။ ကျွန်တော့်အနေနဲ့ NLD ပါတီကို မုန်းလို့လဲမဟုတ်ဒေါ်အောင်ဆန်းစုကြည်ကို မုန်းလို့လဲမဟုတ်ဘဲ တိုင်းပြည်ကို အုပ်ချုပ်တဲ့ အစိုးရအဖွဲ့အစည်းကို ခေါင်းဆောင်သောLeader များ Decision Maker များဟာ အရည်အချင်းရှိပြီး ထက်မြတ်တဲ့သူများပါဝင် ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ဖြစ်မှသာမြန်မာပြည်ရဲ့ လှပတဲ့ ရွေရောင်အနာဂတ်နေ့ ရက်တွေကို ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ ရဲရဲကြီး ယုံကြည်တဲ့အတွက်မှန်ကန်တဲ့ အတွေးသစ် အမြင် သစ်တွေကို ချစ်လှစွာသော မြန်မာပြည်သူ ညီအစ်ကိုမောင်နှမများကို တင်ပြဆွေးနွေးလိုပါတယ်။

နိုင်ငံဝန်ထမ်းများ လစာ တိုးမြှင့်ပေးတော့မည်ဟု သမ္မတပြော

Photo: နိုင်ငံဝန်ထမ်းများ လစာ တိုးမြှင့်ပေးတော့မည်ဟု သမ္မတပြော

Wednesday, March 13, 2013

နိုင်ငံ့ဝန်ထမ်းတွေနဲ့ တပ်မတော်ဝန်ထမ်းတွေရဲ့ လစာတိုးမြှင့်ပေးဖို့တွက် အစိုးရအနေနဲ့ ငွေကြေး တိုးမြှင့်လျာထားပြီးပြီလို့ သမ္မတ ဦးသိန်းစိန်က မနေ့က ပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

ဒီလို လစာငွေတွေတွေ တိုးမြှင့်ပေးရာမှာ ၀န်ထမ်းအသုံးစရိတ်တွေကို အရင်နှစ်တွေရဲ့ အသုံးစရိတ်တွေထက် ကျပ်ငွေ ၈၃၅ ဘီလီယံ ပိုမိုကျခံသုံးစွဲသွားရမယ်လို့ ဆိုပါတယ်။

လက်ရှိခံစားခွင့်ပြုထားတဲ့ အပိုထောက်ပံ့ကြေးနဲ့ ဝေးလံခေါင်သီဒေသက ၀န်ထမ်းတွေအတွက် ဒေသစရိတ်တို့ကိုလည်း ဆက်လက်ခံစားခွင့်ပြုနိုင်ရေးအတွက် ထည့်သွင်းလျာထားတယ်လို့ သမ္မတက ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန၊ ရသုံးမှန်းချေ ငွေစာရင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ဝင်းက လာမယ့်ဧပြီလမှာစတင်မယ့် ဘဏ္ဍာနှစ်မှာ တိုးပေးဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

“၀န်ထမ်းတွေကို လစာတိုးပေးဖို့၊ ပင်စင်စားတွေ တိုးပေးဖို့ အဲဒါတွေအတွက် ရည်ရွယ်ပြီး လျာထားတာဖြစ်ပါတယ်။ လစာနှုန်းထားတိုးပေးဖို့ပါ။ ထောက်ပံ့ကြေး မဟုတ်ပါဘူး။ ခါတိုင်းတိုးပေးတာကတော့ ဧပြီ ၁ ရက်နေ့ကစပြီး တိုးတိုးပေးတယ်။ ဘဏ္ဍာရေးနှစ်သစ်မှာ တိုးပေးဖို့ အစီအစဉ်လုပ်ထားတာရှိတယ်။ ဒါပေမယ့် ကျနော်တို့က ပါလီမန်တင်ပြီးမှ ပါလီမန်က အတည်ပြုမှ အတည်ပြုပြောကြားလို့ရမယ်။”

အစိုးရ အဖွဲ့အနေနဲ့ နိုင်ငံ့ဝန်ထမ်းတွေ အပါအဝင် နိုင်ငံသားအားလုံးရဲ့ တဦးချင်း ဝင်ငွေ တိုးတက်စေရေးကို ရည်မှန်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေရဲ့ ခံစားခွင့်တွေကို အခြေအနေ အချိန်အခါနဲ့ လျော်ညီစွာ တိုးမြှင့်ပေးပြီး သန့်ရှင်းသောအစိုးရ ဖြစ်ရေးနှင့် ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုစနစ် ဖြစ်စေရေး လုပ်ငန်းစဉ်မှာ ဝန်ထမ်းတွေ တက်ကြွစွာ ပါဝင်ဆောင်ရွက်စေရေးအတွက်လည်း ဦးတည် ဆောင်ရွက်နေတယ်လို့ သမ္မတရဲ့ သ၀ဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒီအတွက် ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရတွေ အနေနဲ့လည်း နိုင်ငံ့ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်ကို ပြည့်ပြည့်၀၀ခံစားစေဖို ၀န်ထမ်းတွေရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အချင်းတွေ မြှင့်တင်ဖို့နဲ့ အဖွဲ့အစည်းရဲ့ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေဖို့ ကြပ်မတ်ကွပ်ကဲ ဆောင်ရွက်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရတက်ပြီးနောက်ပိုင်း ပြီးခဲ့တဲ့နှစ် ဧပြီလကလည်း ၀န်ထမ်းတွေကို ထောက်ပံ့ကြေး ၃ သောင်း တိုးမြှင့်ပေးခဲ့ပါတယ်။

DVB
နိုင်ငံ့ဝန်ထမ်းတွေနဲ့ တပ်မတော်ဝန်ထမ်းတွေရဲ့ လစာတိုးမြှင့်ပေးဖို့တွက် အစိုးရအနေနဲ့ ငွေကြေး တိုးမြှင့်လျာထားပြီးပြီလို့ သမ္မတ ဦးသိန်းစိန်က မနေ့က ပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေး မှာ ပြောကြား လိုက်ပါတယ်။
ဒီလို လစာငွေတွေတွေ တိုးမြှင့်ပေးရာမှာ ၀န်ထမ်းအသုံးစရိတ်တွေကို အရင်နှစ်တွေရဲ့ အသုံးစရိတ်တွေထက် ကျပ်ငွေ ၈၃၅ ဘီလီယံ ပိုမိုကျခံ သုံးစွဲသွားရမယ်လို့ ဆိုပါတယ်။

ဆန္ဒထုတ်ဖော်မှု အချို့တွင် ကြားမှ အားပေးဦးဆောင်သူ အချို့က နာမည်လူသိ များလာသော နိုင်ငံရေး အကျိုးအမြတ်အပြင် ငွေကြေး အကျိုးအမြတ်အတွက် ပါဝင်ပတ်သက်မှုများ ရှိနေ

Photo: ဆန္ဒထုတ်ဖော်မှု အချို့တွင် ကြားမှ အားပေးဦးဆောင်သူ အချို့က နာမည်လူသိ များလာသော နိုင်ငံရေး အကျိုးအမြတ်အပြင် ငွေကြေး အကျိုးအမြတ်အတွက် ပါဝင်ပတ်သက်မှုများ ရှိနေ
Wednesday, March 13, 2013

ဆန္ဒထုတ်ဖော်မှု အချို့တွင် ကြားမှ အားပေးဦးဆောင်သူ အချို့က နာမည်လူသိ များလာသော နိုင်ငံရေး အကျိုးအမြတ်အပြင် ငွေကြေး အကျိုးအမြတ်အတွက် ပါဝင်ပတ်သက်မှုများ ရှိနေကြောင်း ကိုယ်တွေ့ ကြုံတွေ့သူများက ပြောသည်။ ဆန္ဒပြပွဲများအား စီစဉ်ပေးမည်ဟု ဆိုကာ လယ်သမား များထံမှ ငွေကြေး တောင်းခံသူများလည်း ရှိကြောင်း ဆန္ဒပြ ခဲ့ကြသည့် လယ်သမားများက ပြောသည်။ ယင်းအပြင် ငွေကြေး တတ်နိုင်သူ များက ၄င်းတို့အကျိုးအတွက် နေ့စားခပေးကာ ခေါ်ဆောင်လာမှု များလည်း ရှိသည်။

ဆန္ဒပြပွဲများတွင် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်ပေါ် လာရခြင်းသည် လှုံ့ဆော်သူ များကြောင့် သာမက အစိုးရဘက်မှ စေ့စပ် ညှိနှိုင်းသူများ ကြောင့်လည်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်သူများက ဆိုသည်။ နစ်နာသူများ၏ တောင်းဆိုမှုများကို ပေါက်ကွဲမှုများ မဖြစ်ပေါ်မီ အထိ ဂရုတစိုက် ပြုလုပ်လေ့ မရှိခြင်း၊ စေ့စပ်ညှိနှိုင်းမှု များတွင်လည်း မောက်မာစွာ ဆက်ဆံခြင်း စသည့် အစိုးရအောက်ခြေ ဝန်ထမ်းများ၏ လုပ်ရပ်များ ကလည်း ပဋိပက္ခအရှိန်ကို မြင့်မားစေခဲ့သည်။

မတ်လ ၇ ရက်နေ့ထုတ် 7 Day သတင်းဂျာနယ်ပါ ဆောင်းပါးရှင် အောင်ခိုင်၊ ရန်မျိုးနိုင်၊ ထွန်းခိုင်တို့ ပူးပေါင်းရေးသားသည့်
“ဆန္ဒထုတ်ဖော်မှု အချို့ နောက်ကွယ်၌ ခေါင်းစဉ်ပေးထားသော” သတင်းဆောင်းပါးမှ ကောက်နုတ်ချက်

The Voice Weekly
 ဆန္ဒထုတ်ဖော်မှု အချို့တွင် ကြားမှ အားပေးဦးဆောင်သူ အချို့က နာမည်လူသိ များလာသော နိုင်ငံရေး အကျိုးအမြတ်အပြင် ငွေကြေး အကျိုးအမြတ်အတွက် ပါဝင်ပတ်သက်မှုများ ရှိနေကြောင်း ကိုယ်တွေ့ ကြုံတွေ့သူများက ပြောသည်။ ဆန္ဒပြပွဲများအား စီစဉ်ပေးမည်ဟု ဆိုကာ လယ်သမား များထံမှ ငွေကြေး တောင်းခံသူများလည်း ရှိကြောင်း ဆန္ဒပြ ခဲ့ကြသည့် လယ်သမားများက ပြောသည်။ ယင်းအပြင် ငွေကြေး တတ်နိုင်သူ များက ၄င်းတို့အကျိုး အတွက် နေ့စားခပေးကာ ခေါ်ဆောင် လာမှု များလည်း ရှိသည်။

ကမ္ဘာ့ အပူချိန်သည် လွန်ခဲ့သည့် ရေခဲခေတ် အကုန်မှ စတင်၍ အမြင့်ဆုံး ပမာဏသို့ ရောက်ရှိ


ကမ္ဘာ မြေကြီးသည် လွန်ခဲ့သည့်နှစ်ပေါင်း အနည်းဆုံး ၁၁၃ဝဝ နှစ်ကာလအတွင်းက ပမာဏထက်ပို၍ ပူနွေး လာခဲ့ပြီး ဆက်လက် မြင့်တက်လျက်ရှိကြောင်း သိပ္ပံ ပညာရှင်များက တွေ့ရှိခဲ့သည်။
ပညာရှင်များသည် လွန်ခဲ့သည့် ရေခဲခေတ်အကုန်မှ စ၍ ကမ္ဘာ့ရာသီဥတုပူနွေးလာမှုကို လေ့လာရန်အတွက် ကမ္ဘာ တစ်ဝန်းရှိနေရာဒေသ ၇၃ ခုမှ တူးဖော် ရရှိခဲ့ သည့် ကျောက်ဖြစ် ရုပ်ကြွင်းများကို သုတေသန ပြုလုပ် ခဲ့ကြရာ ယခုခေတ် လူသားတို့ အသက်ရှင် နေထိုင်သည့်

ဒေါ်လာခြောက်သောင်းခွဲသွင်းရမယ့် လေယာဉ်မောင်းသင်တန်း

ဒေါ်လာခြောက်သောင်းခွဲသွင်းရမယ့် လေယာဉ်မောင်းသင်တန်း

မြန်မာနိုင်ငံအတွင်း လေယာဉ် မောင်းသင်တန်းတက်လိုသူတွေကို လျှောက်လွှာခေါ်ယူတဲ့ကြော်ငြာ ဒီရက်ပိုင်း သတင်းစာများမှာ တွေ့ရမှာပါ။
.
ကြော်ငြာထည့်တဲ့ ရန်ကုန်က Myanmar Aviation Academy ရဲ့ သင်တန်းကျောင်းကို ဒီနေ့ နေ့ခင်းပိုင်းမှာ ဆက်သွယ် မေးမြန်းကြည့်တော့ သင်တန်းကြေးက ဒေါ်လာ ခြောက်သောင်းခွဲ လို့ ဖြေပါတယ်။
အရစ်ကျ ပေးလို့ရတယ်၊ မြန်မာငွေနဲ့လည်း ပေးလို့ရတယ်လို့ ပြောပါတယ်။

ကားမောင်းသင်တန်းမှာ ကားအဟောင်းတွေနဲ့ သင်ရတဲ့အတွက် သင်တန်းခ ဈေးသက်သာပါလိမ့်မယ်။
လေယာဉ်ပျံမောင်း သင်တန်းမှာတော့ လေယာဉ်အသစ်တွေပဲ သုံးဖွယ် ရှိပါတယ်။ 
ဒါကြောင့် ဒေါ်လာ ခြောက်သောင်းခွဲ ယူတာ ဖြစ်ပါလိမ့်မယ်။

သင်တန်းကာလက ၁နှစ်ခွဲကျော်ကျော်ကနေ ၂ နှစ် နီးပါးအထိ သတ်မှတ်ထားကြောင်း ကြော်ငြာမှာ တွေ့ရပါတယ်။

လေယာဉ်မှူးတွေက လစာ ကောင်းတဲ့အတွက် ဒီလောက် သင်တန်းကြေးပမာဏကိုတော့ ရင်းနှီးမြှုပ်နှံလိုသူတွေ အနည်းနဲ့အများ ရှိမှာပါ။
.
ဓာတ်ပုံ - Myanmar Aviation Academy .
ဗီယက်နမ်မှာတော့ ဒေသခံ လေယာဉ်မှူးက လခ ဒေါ်လာ နှစ်ထောင်ရတယ်၊ နိုင်ငံခြားသားလေယာဉ်မှူးဆိုရင် အဲဒီလခထက် ခြောက်ဆ ရတယ်လို့ Vietweek စာစောင်မှာ ရေးထားပါတယ်။

လေကြောင်းနဲ့ ခရီးသွားလာမှု တိုးပွားလာတဲ့အတွက် နိုင်ငံတကာမှာ လေယာဉ်မှူး အများအပြား လိုအပ်နေတယ် လို့ အဲဒီစာစောင်မှာ ရေးထားပါတယ်။

လာမယ့် နှစ် ၂၀ အတွင်း အာရှပစိဖိတ် ဒေသမှာ လေယာဉ်မှူး ငါးသောင်းကျော်၊ လေယာဉ်စက်ပြင်ကျွမ်းကျင်သူ ခြောက်သောင်းကျော် လိုအပ်လာမှာဖြစ်ကြောင်း အဲဒီစာစောင်မှာ ဆက်ရေးထားပါတယ်။

ဒီလိုအပ်ချက်ကို ဖြည့်ဆည်းမယ့်သူများထဲ မြန်မာလေယာဉ်မောင်းတွေ၊ စက်ပြင်ကျွမ်းကျင်သူတွေ ပါပါလိမ့်မယ်။
.
ဓာတ်ပုံ - Myanmar Aviation Academy 

>> ဧရာဝတီ
မြန်မာနိုင်ငံအတွင်း လေယာဉ် မောင်းသင်တန်းတက်လိုသူတွေကို လျှောက်လွှာခေါ်ယူတဲ့ကြော်ငြာ ဒီရက် ပိုင်း သတင်းစာများမှာ တွေ့ရမှာပါ။
.

ရုပ်ရှင်နှင့်ကြော်ငြာသရုပ်ဆောင် ပြိုင်ပွဲ အခမဲ့ လျှောက်ထားနိုင်


မြ၀တီ

ဟန်းဆက်တစ်လုံးဝယ်လျှင် နိုင်ငံခြားခေါ်ဆိုရ ဆင်းကဒ် အခမဲ့ထည့်ပေးမည်

ဟန်းဆက်တစ်လုံးဝယ်လျှင် နိုင်ငံခြားခေါ်ဆိုရ ဆင်းကဒ် အခမဲ့ထည့်ပေးမည် 
Wednesday, March 13, 2013 

မိုဘိုင်းတယ်လီဖုန်းကိစ္စနှင့်ပတ်သက်ပြီး ပတ်သက်ပြီး သမ္မတရဲ့ ပြောရေးဆိုခွင့် ရှိသူ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရှင်းပြထားသည့်ကိစ္စနှင့် ပတ်သက်ပြီး အများပြည်သူများ သို့လောသို့လော ဖြစ်နေပါတယ်။ 

သတင်းဂျာနယ်အချို့မှာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ဆင်းကဒ်များကို နှစ်သောင်း ကျပ်နဲ့ ရောင်းချပေးမယ်လို့ ပြောကြောင်း ကိုးကားရေးသားနေတာကို တွေ့ရပါတယ်။ ၀န်ကြီး ဦးစိုးသိမ်း အနေနဲ့ အဲဒီလို လုံးဝပြောကြားခဲ့ခြင်းမရှိဘဲ ဆင်းကဒ်များကို ဧပြီလ ၁ ရက်နေ့ နောက်ပိုင်း မှာ ပိုမို "သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချပေးမယ်လို့ သာပြောကြားခဲ့ခြင်း ဖြစ် ကြောင်း အသိပေးအပ် ပါတယ်။" လို့ ဦးရဲထွဋ်က ဆိုထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဖုန်းဈေးကို ဘယ်အတိုင်းတာနဲ့ ရောင်းချသည် ဖြစ်စေ အုံးတော့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ် ရွှေလီနဲ့ ကြယ်ဂေါင်မှာတော့ ဖုန်းဈေးနှုန်းတွေကတော့ တရုတ်ဟန်းဆက် တစ်လုံးဝယ်တယ်ဆိုတာနဲ့
ပြည်တွင်းသာမက နိုင်ငံခြားပါခေါ်ဆိုရသော ဆင်းကဒ်တစ်ကဒ်၊
နောက်ထပ် 4G (SD) ဟန်းဆက်တစ်လုံး၊ ဖုန်းစတေကာတစ်လုံး အပိုလက်ဆောင်ပေးနေတယ်လို့ သိရပါတယ်။ 

တရုတ်ဟန်းဆက်တစ်လုံးလျှင် ယွမ်(၉၀) မြန်မာငွေကျပ် တစ်သောင်း
ကျော်ရှိသည်။ ဟန်းဆက်တန်ဖိုး (၃၆၉)ယွမ် ငွေ၂သောင်းကျပ် တန်ဖိုးရှိသည့် ဟန်းဆက်ဝယ်ယူသူတိုင်းကို ဆင်းကဒ်များ အပြင်
ခေါ်ဆိုခ ယွမ်၅၀ ဖိုး အခမဲ့ လက်ဆောင်ပေးပါသေးတယ်။ 

တခြားသော နိုင်ငံများတွင်မဟုတ်ဘဲ မြန်မာနိုင်ငံနှင့် နီးစပ်လျှက်ရှိသော ကြယ်ဂေါင် ရွှေလီများတွင်ပါ ဆက်သွယ်ရေးလုပ်ငန်းများကို ပြည်သူများ အဆင်ပြေနှင့် တန်ဖိုးနည်း အသုံးချနိုင်ဖို့ ဆောင်ရွက်လျှက်ရှိနေသော်လည်း
မြန်မာပြည်အနေဖြင့် ဆက်သွယ်ရေးပိုင်းတွင် အငြင်းပွားဖွယ်ရာများ ရှိနေသေးတယ်လို့ သိရပါတယ်။

 ဓာတ်ပုံ - တရုတ်နိုင်ငံ ကြယ်ဂေါင်တွင် ဖုန်းနှင့် အပိုပစ္စည်းများ ရောင်းချ လျှက်ရှိသောဆိုင်။ (မန်းသားလေး / ဧရာဝတီ)

ဧရာဝတီ
မိုဘိုင်းတယ်လီဖုန်းကိစ္စနှင့်ပတ်သက်ပြီး ပတ်သက်ပြီး သမ္မတ ရဲ့ ပြောရေး ဆိုခွင့်ရှိသူ၊ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရှင်းပြထားသည့်ကိစ္စနှင့် ပတ်သက်ပြီး အများပြည်သူများ သို့လောသို့လော ဖြစ်နေပါတယ်။

မက်ဆီ၏ ဂိုး များဖြင့် ဂိုးပြတ် အနိုင်ယူ ခဲ့သည့် ဘာကာ # ဘာစီလိုနာ ၄ – ၀ အေစီ မီလန်

Photo: မက်ဆီ၏ ဂိုး များဖြင့် ဂိုးပြတ် အနိုင်ယူ ခဲ့သည့် ဘာကာ # 
ဘာစီလိုနာ ၄ – ၀ အေစီ မီလန်
Wednesday, March 13, 2013 

ဘာစီလိုနာ အသင်းသည် နောက်တစ်ဆင့် တက်ရောက်ရန် အတွက် လိုအပ်သည့် ဂိုးပြတ် အနိုင်ကို မိမိ၏ အိမ်ကွင်းတွင် ရယူ ပြနိုင် ခဲ့ပြီ ဖြစ်သည်။ ဘာစီလိုနာ အသင်း၏ အဓိက ကစားသမားများဖြစ်သည့် ဇာဗီ၊ အင်နီယေစတာ နှင့် မက်ဆီ တို့၏ ခြေစွမ်းပြမှု များနှင့် အတူ မိမိ၏ အိမ်ကွင်းတွင် အေစီမီလန် အသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိ ခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာ အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၅မိနစ် မှာပင် မက်ဆီ မှ စတင် သွင်းယူ ခဲ့ခြင်းဖြစ်သည်။ တိုက်စစ်မှုး မက်ဆီမှပင် ပွဲချိန် ၃၉မိနစ်တွင် ဒုတိယ ဂိုး ထပ်မံ သွင်းယူ သွားခဲ့သဖြင့် ပထမပိုင်းတွင် ဘာစီလိုနာ အသင်းမှ ၂ဂိုး ဂိုး မရှိဖြင့် ဦးဆောင် ထားနိုင် ခဲ့သည်။ ယနေ့ပွဲတွင် ဘာစီလိုနာ အသင်းမှာ ၄င်းတို့၏ ပုံမှန် တိုက်စစ်ဆင်ပုံ အတိုင်း ဘောလုံးကို ကိုင် ကစားကာ ကစားကွက် အသင်းစီးဖြင့် မီလန် အသင်းကို တောက်လျှောက် ထိုးဖောက် တိုက်စစ်ဆင် ကစားနေ ခဲ့သည်။

ဘာစီလိုနာ အသင်း၏ ဇာဗီ+အင်နီယေစတာ+မက်ဆီ တို့၏ ကစားကွက် ပုံဖေါ်မှု ကို မီလန် အလယ်တန်းမှ လုံးဝ ယှဉ်ကစားနိုင်ခြင်း မရှိ သည်ကိုလည်း တွေ့ ရသည်။ ထို့ကြောင့် မီလန် အသင်းမှာ တစ်ပွဲလုံး ခံစစ်ကို အဓိကထား ကစားနေ ခဲ့ပြီး တန်ပြန် တိုက်စစ် ဖြင့်သာ ပြန်လည်ထိုးဖောက်နေခဲ့သည်။ သို့သော် မီလန် ၏ ဒုတိယ အကျော့ အဝေးကွင်း တန်ပြန် တိုက်စစ်မှာ ပထမ အကျော့ အိမ်ကွင်းလောက် မကောင်း ခဲ့ပဲ လူပေး မှား နေသည်မှာ များနေ ခဲ့သည်။ မီလန်၏ တိုက်စစ်ကို အဓိက တာဝန်ယူရသည့် တောင်ပံ ကစားသမား များဖြစ်သည့် ဘိုတန် နှင့် အာရှာဝီ တို့မှာ ယနေ့ပွဲတွင် ခြေစွမ်း မပြနိုင်သည် ကိုလည်းတွေ့ ရသည်။

ဘာစီလိုနာ အသင်း၏ တိုက်စစ်မှုး ဗီလာမှ တတိယ အနိုင်ဂိုးကို ပွဲချိန် ၅၅မိနစ်တွင် သွင်းယူ ခဲ့ပြန်သည်။ အနိုင် အတွက် လိုအပ်သည့် ၃ ဂိုး သွင်းယူ ပြီးချိန်တွင်လည်း ဘာစီလိုနာ အသင်းမှာ တိုက်စစ်ကိုလျှော့ ချခြင်း မရှိပဲ ဆက်လက် ဖိ ကစားနေ ခဲ့သည်။ ထို့ကြောင့် နာကျင် အချိန်ပို အတွင်း တွင် နောက်ခံ ဘယ်အစွန်လူ အယ်လ်ဘာ မှ ပွဲသိမ်းဂိုး သွင်းယူ သွားခဲ့ခြင်း ဖြစ်သည်။ ယခုပွဲ အနိုင်ကြောင့် ပထမ အကျော့ မီလန် ကွင်းတွင် ၂ဂိုး ပြတ် ရှုံးနိမ့် ခဲ့သော်လည်း ဘာစီလိုနာ အသင်းမှာ မိမိ၏ အိမ်ကွင်းတွင် ၄ဂိုး ပြတ် အနိုင် ယူပြခဲ့သည့် အတွက် ၂ကျော့ပေါင်း ရလဒ် ၄ဂိုး – ၂ ဂိုး ဖြင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် သို့တက်ရောက် သွားခဲ့ ပြီ ဖြစ်ပါသည်။


အခြားပွဲ ရလဒ်  -  ရှော်လ်ကေး ၂ – ၃ ဂါလာတာစရေး 
( ဂါလာတာစရေး ကွာတားဖိုင်နယ် တက်ရောက်)

သူစိမ်း
Myanmar Striker
ဘာစီလိုနာအသင်းသည် နောက်တစ်ဆင့် တက်ရောက်ရန် အတွက် လိုအပ်သည့် ဂိုးပြတ်အနိုင်ကို မိမိ၏အိမ်ကွင်းတွင် ရယူပြနိုင်ခဲ့ပြီ ဖြစ် သည်။ ဘာစီလိုနာအသင်း၏ အဓိကကစားသမားများဖြစ်သည့် ဇာဗီ၊ အင်နီယေစတာ နှင့် မက်ဆီ တို့၏ ခြေစွမ်းပြမှုများနှင့်အတူ မိမိ၏ အိမ်ကွင်းတွင် အေစီမီလန်အသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိ ခဲ့ခြင်း ဖြစ် သည်။