Tuesday, March 12, 2013

တယ်လီဖုန်းဆင်းကတ်များကို ကျပ်နှစ်သောင်းဖြင့်ရောင်းချမည် ဟုမပြောခဲ့ကြောင်းနှင့် ယင်းထက်ပင်များစွာ ဈေးချိုမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း ပြောကြား

Photo: တယ်လီဖုန်းဆင်းကတ်များကို ကျပ်နှစ်သောင်းဖြင့်ရောင်းချမည် ဟုမပြောခဲ့ကြောင်းနှင့် ယင်းထက်ပင်များစွာ ဈေးချိုမည်ဖြစ်ကြောင်း
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း ပြောကြား
Tuesday, March 12, 2013

တယ်လီဖုန်းဆင်းကတ်များအား ဧပြီ ၁ရက်မှစ၍ ကျပ်ငွေနှစ်သောင်းဖြင့်
ရောင်းချမည်ဟုမိမိပြောကြားခဲ့သည်ဟု သတင်းဂျာနယ်အချို့တွင်
ဖော်ပြနေခြင်းများမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စုဝန်ကြီး 
ဦးစိုးသိမ်းကပြောသည်။

ရန်ကုန်မီဒီယာက ပြည်ထောင်စုဝန်ကြီးနှင့်ဆက်သွယ်မေးမြန်းရာတွင် ဦးစိုးသိမ်းက အထက်ပါအတိုင်းငြင်းဆိုလိုက်ခြင်းဖြစ်သည်။
`ကျွန်တော်အဲသလိုလုံးဝပြောကြားခြင်းမရှိပါဘူး။ဧပြီ ၁ရက်မှာ စတင် ရောင်းချပေးမှာမှန်ပါတယ်။ဒါပေမယ့် ကျပ်နှစ်သောင်းနဲ့ရောင်း မယ်လို့ ကျွန်တော်မပြောခဲ့ပါဘူး။ဘယ်လောက်နဲ့ရောင်းမယ်ဆိုတာ ကျွန်တော်သိပေမယ့် ပြောခွင့်မရှိပါဘူး။သက်ဆိုင်ရာဝန်ကြီးဌာနကသာ တရားဝင်ကြေညာထုတ်ပြန်ပေးမှာဖြစ်ပါတယ်`ဟု ဦးစိုးသိမ်းကပြောသည်။

`တကယ်ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်းဆိုတာထက် အများကြီးလျော့နည်းတဲ့ဈေးနဲ့ရောင်းမှာပါ။ထောင်ဂဏန်းမျှသာဖြစ်ပါ လိမ့်မယ်။အဲသလောက်ပဲ ကျွန်တော်ပြောပြပါရစေ`ဟု ပြည်ထောင်စု ၀န်ကြီးက ဆက်လက်ပြောဆိုသည်။

Yangon Media Group
တယ်လီဖုန်းဆင်းကတ်များအား ဧပြီ ၁ရက်မှစ၍ ကျပ်ငွေနှစ်သောင်းဖြင့်
ရောင်းချမည်ဟုမိမိပြောကြားခဲ့သည်ဟု သတင်းဂျာနယ် အချို့ တွင် ဖော်ပြနေခြင်း များမှာ မဟုတ် မှန်ကြောင်း ပြည်ထောင်စု ၀န်ကြီး
ဦးစိုးသိမ်းကပြောသည်။

ပြည်မြို့ NLD နှစ်ခြမ်းကွဲကာ အချင်းချင်းဆန္ဒပြမှု တရားရုံးမှ ကိုင်တွယ်မည်



ပြီးခဲ့သည့် မတ်လ ၇ ရက် ၆ နာရီခွဲအချိန်တွင် ပြည်မြို့နယ်၊ ဖက်တန်းလမ်းရှိ၊ ဆံတော်ရပ် ကွက်ရှိ၊ ရပ်/ကျေး NLD ပါတီ ရုံးရှေ့မှစတင်ပြီး ဗိုလ်ချုပ်လမ်း၊ အမှတ် (၂၅၂)၊ ရွာဘဲရပ်ကွက်ရှိNLDပါတီရုံးရှေ့သို့NLDပါတီ မှ ဦးကျော် သန်းဦးဆောင်၍ကား(၃)စီးဖြင့် သွားရောက်ဆန္ဒ ပြခဲ့ကြောင်း သိရသည်။

စိတ်မနှံ့သည့် သမီးက ဖခင်အား ဓါးဖြင့်ခုတ်သတ်

တောင်ကိုရီးယား နိုင်ငံ အနေဖြင့် အမေရိကန် နိုင်ငံနှင့် အဏုမြူ စွမ်းအင် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် တိုးမြှင့်ရေးအား စဉ်းစားလျက်ရှိ

ကွန်ပျူတာနှင့် မောင်းသူမဲ့ လေယာဉ်များကို ထိန်းချုပ်သွားမည့် လက်ပတ်

~ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သည့် အချက်များ(REPOST)~


မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်ထမင်းစားနေ ကြသည်ဖြစ်ရာ ထမင်းစားပြီးရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

(၁) ဆေးလိပ်မသောက်ပါနှင့်။

ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရထမင်းစားပြီးစီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက် ဆယ်လိပ်သောက်ခြင်းနဲ့ ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။

ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေ သည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမင်းမစားမီ တစ်နာရီအလိုတွင်သာ စားသုံးသင့်သည်။

(၃)လက်ဖက်ရည်မသောက်ပါနှင့်။

လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန်အခက်အခဲဖြစ်စေသည်။

(၄) သင်၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။

ထမင်းစားပြီးခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည်ဝမ်းအတွင်းရှိ အူကိုခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။

ထမင်းစားပြီးရေချိုးခြင်းသည်လက်များ၊ ခြေထောက်များနှင့်ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကိုတိုးပွားစေပြီးအစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွားသည့်အတွက်ကျွန်တော်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။

(၆) လမ်းမလျှောက်ပါနှင့်။

လူအများကပြောနေကြသည်မှာ ထမင်းစားပြီးလမ်းလျှောက်ခြင်း သည် ခြေလမ်းပေါင်းတစ်ရာလမ်းလျှောက်ခြင်းနှင့်ညီမျှပြီးအ သက်(၉၉) နှစ်အထိအသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြော ဆိုကြသည်ကို ကြားဖူးပါသည်။တစ်ကယ်တော့ ထိုသို့ပြုလုပ်ခြင်းကြောင့် အစာချေစနစ်သည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန် အခက်ခဲဖြစ် သွားပါသည်။ 

ထို့ကြောင့်ထမင်းစားပြီးလမ်းမလျှောက်ပါနှင့်။

(၇) ချက်ချင်းမအိပ်ပါနှင့်။

ထမင်းစားပြီးချက်ချင်းအိပ်လိုက်ခြင်းကြောင့်ကျွန်ုပ်တို့စားသုံးလိုက်သောအစာများသည် ကောင်းစွာအစာမကျေနိုင်တော့ပေ။
~ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သည့် အချက်များ(REPOST)~


မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ် ထမင်းစားနေ ကြသည်ဖြစ်ရာ ထမင်းစားပြီးရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေး အသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

ဆံပင်ဆိုးဆေးကြောင့် ဆံသားပျက်စီးရုံမျှမက သွေးကင်ဆာအထိ ဖြစ်နိုင်



ဆံပင်ဆိုးဆေးကို ကာလကြာရှည်စွာ အသုံးပြုခြင်း ၊ မကြာခဏ အရောင် အရင့်ဆံပင်ဆိုးဆေး များ ပြောင်းဆိုးပါက ဆံပင်ပျက်စီးရုံမျှမကသာမက သွေးကင်ဆာအထိ ဖြစ်ပွားနိုင်ကြောင်း ဆရာဝန် အချို့၏ သုံးသပ်ပြောဆိုမှု အရ သိရှိရသည်။

နာဂလူမျိုးများအား ချင်းမျိုးနွယ်စုထဲ သွတ်သွင်းမှုကို ကန့်ကွက်

ရန်ကုန်ဆန်ဈေးကွက်အတွင်း ဆန်ဈေးနှုန်း တည်ငြိမ်နေ

ဆင်းကဒ်များကို ဧပြီလ ၁ ရက်နေ့ နောက်ပိုင်းတွင် ပိုမိုသက်သာ သော ဈေးနှုန်းနှင့် ရောင်းချပေးမယ်


သတင်းဂျာနယ်အချို့တွင်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ဆင်းကဒ်များကို နှစ်သောင်း ကျပ်နဲ့ ရောင်းချပေးမည်ဟု ပြောကြောင်းကိုးကားရေးသားမှုများသည်မမှန်ကန်ကြောင်း ၊ ပြည်ထောင်စု

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအားဆက်လက်ဆောင်ရွက်စေသင့် ကြောင်းရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည်ဟု အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြ



စုံစမ်းစစ်ဆေးရေး ကော်မရှင်၏စုံစမ်းစစ်ဆေးချက်များအရလက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အားနည်းချက်များရှိသော်လည်းထိုအားနည်းချက်များသည် ပြင်ဆင်နိုင်သည့် ကိစ္စများဖြစ်သောကြောင့် စီးပွားရေး၊လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံတကာဆက်ဆံရေးရှုထောင့်မျိုးစုံကို ခြုံငုံ စဉ်း စားပြီး ပြုပြင်ရန်အကြံပြုချက်များအားအကောင်အထည် ဖော်ဆောင်ရွက်စေလျက်လက်ပံတောင်းတောင် ကြေး နီစီမံကိန်းကို ဆက်လက် ဆောင်ရွက်စေသင့်ကြောင်း မတ်လ၁၂ရက်နေ့ ထုတ် နိုင်ငံပိုင် သတင်းစာများ၌ ဖော်ပြခဲ့သည့်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် အကြံပြု ခဲ့သည်။