Wednesday, March 6, 2013

2014 ပြိုင်ပွဲ၏ ခြေစစ်ပွဲအုပ်စု(က)နောက်ဆုံးပွဲစဉ်တွင် အိမ်ရှင်မြန်မာအသင်းသည် အိန္ဒိယအသင်းအား(၁-၀)ဂိုးဖြင့်နိုင်

2014 ပြိုင်ပွဲ၏ ခြေစစ်ပွဲအုပ်စု(က)နောက်ဆုံးပွဲစဉ်တွင် အိမ်ရှင်မြန်မာအသင်းသည် အိန္ဒိယအသင်းအား(၁-၀)ဂိုးဖြင့် အနိုင်ယူကာ သုံးပွဲကစား၊နှစ်ပွဲနိုင်၊တစ်ပွဲသရေ၊ ရမှတ်(၇)မှတ်ဖြင့် အုပ်စုပထမနေရာရရှိကာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်သည်။

မြဧရာ ဈေးသဘောင်္မှ ဈေးသည်များ ဦးဆုံးအကြိမ် ကမ်းပေါ်တက်ရောင်းချ

မြဧရာ ဈေးသဘောင်္မှ ဈေးသည်များ ဦးဆုံးအကြိမ် 
ကမ်းပေါ်တက်ရောင်းချ 
Wednesday, March 6, 2013

မြဧရာ ဈေးသဘောင်္သည် ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်း
တွင် မတ်လ ၂ရက်နေ့တွင် ဆိုက်ကပ်ခဲ့ရာ မကြုံစဖူး ကမ်းပေါ်၌
ဈေးသည်များ တက်ရောက် ဈေးရောင်းချခဲ့သည်ကို မတ်လ ၅ရက်
ညနေတွင် တွေ့မြင်ခဲ့ရသည်။

ယင်းသို့ ရောင်းချခဲ့ခြင်းမှာ မြဧရာဈေးသင်္ဘောအားလုပ်ငန်းဆိုင်ရာ
အရှုံးပေါ်နေသောကြောင့် အခြားအဌား လေလံစနစ်သို့ ပြောင်းလဲတော့ မည် တော့မည်ဖြစ်ကြောင်း ဈေးသင်္ဘောပေါ်တွင် ဈေးရောင်းချသူများကို အသိပေးခဲ့သောကြောင့် ယင်း ကိစ္စနှင့်ပတ်သက်၍ ဈေးသူဈေး သားများက မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။

အဆိုပါ မြဧရာဈေးသဘောင်္ကို ၁၉၉၂ခုနှစ် မတ်လ ၁၆ရက်နေ့တွင် ဧရာဝတီမြစ်ရိုးတစ်လျောက်ရှိ မြို့ရွာများ ကုန်စည်စီးဆင်းမှု မြန်ဆန်
စေရေးနှင့် ဒေသဖွံဖြိုးတိုးတက်မှုများ ရစေရန်ရည် ရွယ်ကာ ရန်ကုန်-
မန္တလေး-ရန်ကုန် အစုန်အဆန်သွား ဈေးသင်္ဘောအဖြစ် အကောင်
အထည် ဖော်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - သူရိန်
The Myanma Age
မြဧရာ ဈေးသဘောင်္သည် ရန်ကုန်မြို့ ဗိုလ်တထောင်ဆိပ်ကမ်း တွင် မတ်လ ၂ရက်နေ့တွင် ဆိုက်ကပ်ခဲ့ရာ မကြုံစဖူး ကမ်းပေါ်၌ဈေး သည်များ တက်ရောက် ဈေးရောင်းချခဲ့သည်ကို မတ်လ ၅ရက် ညနေ တွင် တွေ့မြင်ခဲ့ရသည်။

ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ် ကွယ်လွန်

ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ် ကွယ်လွန်
Wednesday, March 6, 2013 

ကင်ဆာရောဂါ ခံစားနေရသည့် ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ်သည်
ဒေသစံတော်ချိန် အင်္ဂါနေ့ (မတ်လ ၅ ရက်) မွန်းလွဲပိုင်းတွင် ကွယ်လွန်
သွားပြီဖြစ်သည်။

အင်္ဂါနေ့ မွန်းလွဲပိုင်းတွင် သမ္မတချာဗက်ဇ်မှာ အသက်ရှင်ရေးအတွက် အခက်အခဲဆုံး အခြေအနေတွင်ရှိနေကြောင်း ဒုတိယသမ္မတ နီကိုလက်စ် မတ်ဒူရိုက ပြည်သူများအား အသိပေးပြောကြားခဲ့သည်။

ထို့နောက် ဗင်နီဇွဲလား စံတော်ချိန် အင်္ဂါနေ့ ညနေ ၄း၂၅ တွင် သမ္မတ ဟူဂိုချာဗက်ဇ် ကွယ်လွန်သွားပြီဖြစ်ကြောင်း ၎င်းက ထုတ်ပြန်ကြေညာခဲ့သည်။

Planet Myanmar Network
ကင်ဆာရောဂါ ခံစားနေရသည့် ဗင်နီဇွဲလားသမ္မတ ဟူဂိုချာဗက်ဇ်သည်
ဒေသစံတော်ချိန် အင်္ဂါနေ့ (မတ်လ ၅ ရက်) မွန်းလွဲပိုင်းတွင် ကွယ်လွန် သွားပြီဖြစ်သည်။

မြန်မာ့အင်တာနက် အခြေခံအဆောက်အအုံ တိုးတက်ရေး အကူအညီပေးရန် အမေရိကန်နည်းပညာကုမ္ပဏီကြီးများ လာရောက်

မြန်မာ့အင်တာနက် အခြေခံအဆောက်အအုံ တိုးတက်ရေး အကူအညီပေးရန် အမေရိကန်နည်းပညာကုမ္ပဏီကြီးများ လာရောက်
Wednesday, March 6, 2013

အမေရိကန်နည်းပညာကုမ္ပဏီကြီးများဖြစ်သော Microsoft ၊ Google ၊ HP နှင့် Cisco တို့မှ ကိုယ်စားလှယ်များသည် အမေရိကန်အစိုးရ USAID အေဂျင်စီ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၏ အင်တာနက် အခြေခံအဆောက်အအုံ တိုးတက်စေရေး အကူအညီပေးနိုင်ရန် တစ်ပတ်ကြာခရီး လာရောက်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နိုင်ငံတကာထောက်ပံ့ရေးအေဂျင်စီ USAID ၏ အဆိုအရ အထက်ပါကုမ္ပဏီကြီးများ၏ ခရီးစဉ်မှာ မြန်မာနိုင်ငံ၌ ဈေးနှုန်းသက်သာသော အင်တာနက်ချိတ်ဆက်မှု ဖန်တီးရေး၊ ပြည်တွင်း၌ အိုင်တီနည်းပညာ ကျွမ်းကျင်မှုမြင့်မားစေရေး၊ ပွင့်လင်းမြင်သာပြီး ထိရောက်အကျိုးရှိသော
အစိုးရ အားကောင်းစေရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရှာဖွေသွားရေးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်မှစ၍ အရပ်သားတစ်ပိုင်း အစိုးရသစ် တက်လာပြီးနောက် ပြုပြင်ပြောင်းလဲရေးများ ဆက်တိုက်
လုပ်ဆောင်လာကာ နိုင်ငံတကာစီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ပေးခြင်း
ကြောင့် ပြည်ပကုမ္ပဏီများ ၀င်ရောက်မှု တိုးတက်လာခဲ့သည်။ 

ယခု ကန်နည်းပညာကုမ္ပဏီကြီးများ၏ ခရီးနှင့်ပတ်သက်၍ USAID ၏ 
Chief Innovation Officer မော်ရာအိုနီးလ်က "ကမ္ဘာ့အဆင့်ရှိတဲ့ အမေရိကန်ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ လူမှုရေးနဲ့ စီးပွားရေးဆိုင်ရာ ဦးစားပေးဆောင်ရွက်မှုတွေအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အလမ်းတွေ ရှာခဲ့ကြတာကို အစိုးရပိုင်းကရော အဆင့်မြင့် ပညာရေးပိုင်းက ခေါင်းဆောင်တွေကပါ တန်ဖိုးထားမယ်လို့ ယုံကြည်ပါတယ်"ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

-Ref: fastcompany
7Day News Journal

အမေရိကန်နည်းပညာကုမ္ပဏီကြီးများဖြစ်သော Microsoft ၊ Google ၊ HP နှင့် Cisco တို့မှ ကိုယ်စားလှယ်များသည် အမေရိကန်အစိုးရ USAID အေဂျင်စီ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံ၏ အင်တာနက် အခြေခံအဆောက်အအုံ တိုးတက်စေရေး အကူအညီပေးနိုင်ရန်

တစ်ကမ္ဘာလုံး စောင့်ကြည့်တဲ့ပွဲမှာ ရှုံးခဲ့ရတဲ့ မန်ယူ

တစ်ကမ္ဘာလုံး စောင့်ကြည့်တဲ့ပွဲမှာ ရှုံးခဲ့ရတဲ့ မန်ယူ
Wednesday, March 6, 2013

၂၀၀၅ခုနှစ်နောက်ပိုင်း အိုးလ်ထရက်ဖို့ဒ် ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တွေ မရှုံးခဲ့တဲ့ မန်ယူဟာ ရော်နယ်ဒိုရဲ့သွင်းဂိုးကြောင့်ကွာတားဖိုင်နယ်နဲ့
ဝေးကွာခဲ့ရပြီး သူတို့ရဲ့ ဖလား၃လုံး အိပ်မက်လည်း ပျက်ပြယ်ခဲ့ရပါတယ်။ ဖာဂူဆန်ဟာ အခုပွဲစဉ်မှာ ရွန်နီကို ပွဲထွက်စာရင်းမှာ မထည့်သွင်းခဲ့ဘဲ ဗန်ပါစီ၊ ၀ဲလ်ဘက် တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့ပြီး အလွန်ဆို တိုက်စစ်လိုက်ပါခွင့် မရအောင် ၀ဲလ်ဘက်နဲ့ ထောက်ကစား သွားခဲ့ပါတယ်။

ပထမပိုင်းမှာ မန်ယူတို့ ရီးရဲလ်ကို ဖိအားပေးနိုင်ခဲ့ပြီး ဗန်ပါစီ၊ ၀ဲလ်ဘက်တို့ရဲ့ ကန်ချက်တွေကို လိုပက်ဇ် ပုတ်ထုတ်နိုင်ခဲ့သလို ဗီဒစ်ရဲ့ခေါင်းတိုက်ချက် တိုင်ထိထွက်ခဲ့ရာမှာ ၀ဲလ်ဘက်ထပ်ဆင့် ကန်သွင်းပေမယ့် ၅ကိုက်အကွာက ပိတ်သွင်းမှုဟာ ဂိုးမဖြစ်ခဲ့ပါဘူး။ အခုပွဲမှာ ရီးရဲလ်ကို ကယ်တင်ခဲ့တာ ဂိုးသမား လိုပက်ဇ်ဖြစ်ပြီး အကောင်းဆုံး လက်စွမ်းပြသွားနိုင်ခဲ့ပါတယ်။ ဒီ၂သင်း တွေ့ဆုံတဲ့ နောက်ဆုံး ၇ပွဲမှာ ဂိုးတွေသွင်းနိုင်ခဲ့ပြီး ခုပွဲဟာ ပထမပိုင်း (၀-၀)နဲ့ ပွဲပြီးခဲ့ တဲ့ ပထမဆုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ၃မိနစ်အကြာမှာ ဗန်ပါစီရဲ့ကန်ချက် ပြန်ထွက်လာတာက
တစ်ဆင့် နာနီ အနိမ့်ဘောပေးပို့ရာမှာ ရာမို့စ် ကိုယ့်ဂိုးကိုယ်သွင်းမိလို့ မန်ယူတို့ အဖွင့်ဂိုး ရခဲ့ပါတယ်။ အဲ့ဒီနောက်မှာ နာနီ အနီကတ်ပြခံခဲ့ရတာက မန်ယူအတွက် ကံဆိုးမှုအစဖြစ်ပြီး ရီးရဲလ်အတွက် ချေပဂိုးကိုတော့ မိုဒရစ်က ဧရိယာထိပ် ကန်ချက်နဲ့ လှလှပပသွင်းယူပေး ခဲ့တာဖြစ်ပါတယ်။

ကစားသမားတစ်ယောက် အသာရသွားတဲ့ ရီးရဲလ်ဟာ မန်ယူအပေါ် တိုက်စစ်ဆင်လာခဲ့ပြီး ဒုတိယဂိုးကိုတော့ ပွဲချိန် ၆၉မိနစ်မှာ ဟီဂူအင်ရဲ့ ညာတောင်ပံ အနိမ့်ဘောကန်ချက်ကို ရော်နယ်ဒိုက ပြေးဝင် ပိတ်သွင်း
သွားခဲ့တာပါ။

နာနီကို တိုက်ရိုက်အနီမပြသင့်ဘဲ ပြခဲ့တဲ့ ကွင်းလယ်ဒိုင် ဆာကာဟာ ၀ဲလ်ဘက်ရဲ့ကန်ချက် ရာမို့စ် လက်နဲ့ထိခဲ့ပေမယ့် ပင်နယ်တီ ပေးဖို့
ငြင်းဆန်ခဲ့ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်တွေကြောင့်လည်း မန်ယူတို့ နစ်နာခဲ့ရပါတယ်။ အဲ့ဒီနောက်မှာ နှစ်ဘက်အသင်း ဂိုးသမားတွေ လက်စွမ်းပြခဲ့လို့ (၁-၂)နဲ့ ပွဲသိမ်းခဲ့ရပါတယ်။

YoYarLay
၂၀၀၅ခုနှစ်နောက်ပိုင်း အိုးလ်ထရက်ဖို့ဒ် ချန်ပီယံလိဂ် ရှုံးထွက် ပွဲစဉ်တွေ မရှုံးခဲ့တဲ့ မန်ယူဟာ ရော်နယ်ဒိုရဲ့သွင်းဂိုးကြောင့်ကွာတား ဖိုင်နယ်နဲ့ဝေးကွာခဲ့ရပြီး သူတို့ရဲ့ ဖလား၃လုံး အိပ်မက်လည်း ပျက်ပြယ် ခဲ့ရပါတယ်။ ဖာဂူဆန်ဟာ အခုပွဲစဉ်မှာ ရွန်နီကို ပွဲထွက်စာရင်းမှာ မထည့်သွင်းခဲ့ဘဲ ဗန်ပါစီ၊ ၀ဲလ်ဘက် တိုက်စစ်အတွဲနဲ့ ပွဲထွက်လာခဲ့ပြီး အလွန်ဆိုတိုက်စစ်လိုက်ပါခွင့်မရအောင် ၀ဲလ်ဘက်နဲ့ ထောက်ကစား သွားခဲ့ပါတယ်။