Tuesday, March 5, 2013

စိန်လက်စွပ် ကောက်ရသူ တစ်ပတ်အတွင်း သူဌေးဖြစ်

စိန်လက်စွပ် ကောက်ရသူ တစ်ပတ်အတွင်း သူဌေးဖြစ်

    04 March 2013  | By Pyi Myanmar  

Billy-Ray-Harrisအမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် မစ်ဆိုရီမြို့တွင် နေထိုင်သူ အိမ်ယာမဲ့တစ်ဦးသည် ကောက်ရသော စိန်လက်စွပ်ကို ပိုင်ရှင်အား ပြန်လည်အပ်နှံခဲ့သည်ဟု သရိသည်။

၎င်း၏ ရိုးသားမှုကို ဂုဏ်ပြုသောအားဖြင့် ပိုင်ရှင်က ၄င်းအတွက် ရန်ပုံငွေရှာဖွေကာ ကျေးဇူးတုန့်ပြန်သောအားဖြင့် အမေရိကန်ဒေါ်လာ ၈၆၀၀၀ ကိုပေးအပ်ခဲ့သည်ဟု သိရသည်။

မစ်ဆိုရီမြို့၏ လမ်းများပေါ်တွင် လှည့်လည်တောင်းရမ်းသူ ဘီလီရေးဟားရစ်သည် ၄င်း၏ ခွက်ထဲသို့ အမှတ်တမဲ့ ပြုတ်ကျကျန်ခဲ့သော စိန်လက်စွပ်ကို ပိုင်ရှင်အား ပြန်လည်အပ်နှံခဲ့သည်ဟု သိရသည်။

၎င်း၏ ရိုးသားမှုဂုဏ်သတင်းအား လက်စွပ်ပိုင်ရှင် ဆာရာ ဒါလင်က အများသိအောင် ကြေညာပြီး အများထံမှ ရန်ပုံငွေကောက်ခံခြင်းကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင်ခဲ့သည်ဟု သိရသည်။ 

၎င်း၏အကြောင်းကို သတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့သဖြင့် ဖတ်ရသူတိုင်း လေးစားကြည်နှူးကြသည်ဟုသိရသည်။ 

ဘီလီ၏ ရိုးသားမှုကို လေးစားသဖြင့် ဒေါ်လာတစ်ထောင်အထိ လှူဒါန်းသူများပင်ရှိသည်ဟု သိရသည်။  

မောင်လင်းသန့်

Billy-Ray-Harrisအမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် မစ်ဆိုရီမြို့ တွင် နေထိုင်သူ အိမ်ယာမဲ့တစ်ဦးသည် ကောက်ရသော စိန်လက်စွပ်ကို ပိုင်ရှင် အား ပြန်လည်အပ်နှံခဲ့သည်ဟု သရိသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်း အမျိုးသားတစ်ဦး လက်ကိုက်ခဲ၍ ဆေးခန်းပြရာမှ ဆေးထိုးပြီး ၁၀ မိနစ်ခန့် အကြာတွင် သေဆုံးခဲ့မှုအပေါ် သက်ဆိုင်ရာမှ စစ်ဆေးနေဆဲဖြစ်

သင်္ဃန်းကျွန်း မြို့နယ်အတွင်း ပုဂ္ဂလိက ဆေးခန်းတစ်ခုတွင် အမျိုးသားတစ်ဦး လက်မောင်းကိုက်ခဲ ၍ ဆေး ခန်းပြရာမှ ဆေးထိုးပြီး ၁၀ မိနစ်ခန့် အကြာတွင် သေဆုံးခဲ့မှုအပေါ် စစ်ဆေးနေဆဲဖြစ်ကြောင်း သင်္ဃန်းကျွန်း စံပြဆေးရုံကြီးမှ မှုခင်းဆရာဝန်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ဒေါက်တာ Seal Turnell ကိုရွေးချယ်

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ အကြံပေးအဖြစ် ဒေါက်တာ Seal Turnell ကိုရွေးချယ်
Tuesday, 05 March 2013 

အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ဥက္ကဋ္ဌ ပြည်သူ့
လွှတ် တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်က ၄င်းတာဝန် ယူထားရသော ကော်မတီများစွာ၏ လုပ်ဆောင်ချက်များတွင်
ကောင်းမွန်သော အကြံဥာဏ်ပေး နိုင်ရေးအတွက် ကမ္ဘာကျော် စီးပွား ရေး
ပညာရှင် ဒေါက်တာ Seal Turnell ၂၃-၂-၂၀၁၃ ရက်က သိရသည်။

Australian သတင်းစာ၏ အဆိုအ ရဒေါ်အောင်ဆန်း စုကြည်၏ ယခုကဲ့သို့ ရွေးချယ်မှုကို ဒေါက်တာ Seal Turnell ကဝမ်း မြောက်စွာဖြင့် လက်ခံခဲ့ကြောင်း နှင့်၎င်းတို့ အနေဖြင့် ဆက်သွယ် ရေးကွန်ရက် မျိုးစုံမှတစ်ဆင့် အတွေးအ ခေါ်အယူအ ဆများတို့ကို အကြံပြုဆွေးနွေး
ပေးသွားမည်ဟု သိရသည်။

မစ္စတာSeal Turnell သည် ကမ္ဘာ့စီးပွားရေးရာ ကိစ္စ ရပ်များကို ပုံမှန်ဆွေး
နွေးဝေဖန်သုံးသပ် နေသူ တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ စီးပွား ရေးအခြေ အနေကိုလည်း မကြာခဏသုံး သပ်ပြောကြား နေသူဖြစ်ကြောင်းလည်း သိရသည်။ မစ္စတာ Turnell နှင့် ဒေါ် အောင်ဆန်း စုကြည်တို့ ယခင်ကတည်း က ရင်းနှီးမှုရှိကြသူ များဖြစ်သည့် အပြင်မစ္စတာTurnell ကိုယ်တိုင်က
ဒေါ်အောင်ဆန်း စုကြည်ကို လေးစားအားကျ သူတစ်ဦး ဖြစ်သညဟု ထုတ်ဖော်ပြော ကြားထား ဖူးသူဖြစ်သည်။

မစ္စတာTurnell နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ ၂၀၁၀ ပြည့်နှစ်က မြန် မာနိုင်ငံတွင် တွေ့ဆုံခဲ့ကြပြီးနောက် ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ မစ္စတွှာကမညနူ က ၁၀ ကြိမ် အထိလာရောက် ခဲ့ဖူးသည် ဟု သိရကာ မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ Reform များကို ဝေဖန်သုံးသပ် အကြံဥာဏ်များ ပေးနိုင်လိမ့်မည် ဖြစ်ကြောင်းသိရသည်။

ပြည်မြန်မာ
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ဥက္ကဋ္ဌ ပြည်သူ့ လွှတ် တော်ကိုယ် စားလှယ်တစ်ဦးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ၄င်းတာဝန် ယူထား ရသော ကော်မတီများစွာ၏ လုပ်ဆောင်ချက်များတွင် ကောင်းမွန်သော အကြံဥာဏ်ပေး နိုင်ရေးအတွက် ကမ္ဘာကျော်စီးပွား ရေးပညာ ရှင် ဒေါက်တာ Seal Turnell ၂၃-၂-၂၀၁၃ ရက်က သိရသည်။

KIA မှ တပ်ရင်းမှူး ၊ တပ်မဟာမှူးများ စုပေါင်းလက်မှတ်ရေးထိုး၍ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်အား ရာထူးမှအနား ပေးရန်တောင်းဆို

KIA မှ တပ်ရင်းမှူး ၊ တပ်မဟာမှူးများ စုပေါင်းလက်မှတ်ရေးထိုး၍ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်အား ရာထူးမှအနား ပေးရန်တောင်းဆို

မတ် ၅ ရက်၊ ၂၀၁၃
 
အစိုးရတပ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကြောင့် တိုက်ပွဲဖြစ်ပွားမှုများ နည်းပါးနေသော်လည်း သဘောထားတင်းမာသော KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်အား တပ်ရင်းမှူး ၊ တပ်မဟာမှူးများမှ စုပေါင်းလက်မှတ်ရေးထိုး၍ ဦးစီးချုပ် နေရာမှ အနားပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။ ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် အစည်းအဝေးပြုလုပ်ပြီး အစိုးရ တပ်သို့ အလင်းဝင်ရောက်ရန် ကြံစည်မှု စွပ်စွဲချက်ဖြင့် တပ်ဖွဲ့ဝင် ၄၂ ဦးကို သေဒဏ်ချမှတ်ရန် အစည်းအဝေးဆုံးဖြတ်ချက် ချခဲ့မှုကြောင့် မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး တပ်မှူးများက လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြကြောင်း KIA အရာရှိတစ်ဦးမှ ပြောဆိုခဲ့ပါသည်။ သေဒဏ်ချမှတ် ထားမှုကိုလည်း ပြန်လည်ပြင်ဆင်ရန် သို့မဟုတ် စစ်ဦးစီးချုပ်အား အနားပေးရန် တောင်းဆို ခဲ့ကြောင်းသိရှိရပါသည်။

KIA စစ်ဦးစီးချုပ်သည် သဘောထားတင်းမာပြီး ရက်စက်တက်သူတစ်ဦးဖြစ်ကာ ၁၉၈၉ ခုနှစ်က ရင်း (၆) တပ်ရင်းမှူး ဘ၀တွင် ဖားကန့် စပေါ့မှော်တွင် လူတစ်ရာကျော်သတ်ဖြတ်ခဲ့ကြောင်း၊ အခုအချိန်တွင် မိမိ တပ်ဖွဲ့ဝင် ကချင်လူမျိုး အချင်း ချင်း သတ်ဖြတ်မည်ဖြစ်သည့်အတွက် တပ်မှူးများကတောင်းဆိုခဲ့ခြင်းဖြစ်သည်။ မိမိတပ်ဖွဲ့ဝင် ကချင်လူမျိုးအချင်းချင်းကို သတ်ဖြတ်မှုအတွက် လက်မခံနိုင်ကြောင်း တောင်းဆိုခဲ့သည့်အပြင် နောက်ထပ် စစ်ဦးစီးချုပ်အသစ် ခန့်မည်ဆိုလည်း ၎င်း၏ လုပ်ပိုင်ခွင့်နှင့် အာဏာများအား ပြင်ဆင်ရေးဆွဲရမည် ဖြစ်ကြောင်း တောင်းဆိုခဲ့ကြကြောင်း သိရှိရပါသည်။
အစိုးရတပ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကြောင့် တိုက်ပွဲဖြစ်ပွားမှုများ နည်းပါးနေသော်လည်း သဘောထားတင်းမာသော KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်အား တပ်ရင်းမှူး ၊ တပ်မဟာမှူးများမှ စုပေါင်း လက်မှတ်ရေးထိုး၍ ဦးစီးချုပ် နေရာမှအနားပေးရန် တောင်းဆိုခဲ့ကြောင်း

ငွေစက္ကူအတုများကြောင့် ဒေသခံတွေစိတ်သောကရောက်လျက်ရှိ

ငွေစက္ကူအတုများကြောင့် ဒေသခံတွေစိတ်သောကရောက်လျက်ရှိ

မတ်   ၅ ရက်၊ ၂၀၁၃
 
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် စည်ပင်သာယာဈေးအတွင်းမှာ နိုင်ငံတော်အစိုးရရဲ့ တရားဝင် ငွေစက္ကူ ကျပ် ငါးထောင် တန်တွေ သုံးစွဲနေခြင်းအပေါ်မှာ မသမာသူတွေက အမြတ် ထုတ်ကာ ငွေစက္ကူ အတုများပြုလုပ်ဆောင်ခြင်းများကြောင့် ဒေသခံများစိတ်သောက ရောက်လျက် ရှိကြောင်းသိရှိရပါသည်။ ကျပ်ငါးထောင်တန်နဲ့ ကျပ်တစ်သောင်းတန်တွေ ပေါ်ထွက်လာတဲ့အတွက် သယ်ယူသွားလာရာမှာ အဆင် ပြေပြေရှိခဲ့ပါသည်။ ဒါကြောင့်လဲ ဈေးတွေမှာ ကျပ်ငါးထောင် တွေကို အများဆုံးအသုံးပြုနေကြပြီး အခုအခါမှာတော့ နယ်စပ်မှာရှိနေတဲ့ KIA လက်နက်ကိုင် တပ်ဖွဲ့များ၏ အဆက် အသွယ်နဲ့ ဈေးအတွင်း မှာ ငွေကြေးအတုများ ၀င်ရောက်နေသည်ဟု ဈေးသည်တစ်ဦးမှ ပြောပြခဲ့ပါသည်။

ငွေစက္ကူအတု ငါးထောင်ကျပ်များဟာ သာမန်ကြည့်ရုံဖြင့် မသိနိုင်ပေမယ့် ဈေးရောင်းဈေးဝယ်လုပ်နေတဲ့ လက်ကားသမား တွေကတော့ အတုနဲ့အစစ်ကို ချက်ချင်းခွဲခြားနိုင်သည်ဟု သိရပါသည်။ မိုးကောင်းမြို့ ဈေးအတွင်းမှာ ကျပ်ငါးထောင် တန်အတုတွေ ဖမ်းဆီးရမိခဲ့တာနဲ့ ပတ်သက်လို့ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် ဘဏ်ကတာဝန်ရှိသူများက ထုတ်ဖော် ပြောဆိုခြင်း မရှိခဲ့ပါဘူး။ ကုန်သည်တွေအနေနဲ့ အထူးဂရုစိုက် စောင့်ကြည့်ကြဖို့တော့ နှိုးဆော်ထားကြောင်း သိရှိရသည်။  ဒါကြောင့်လဲ ငွေကျပ်ငါးထောင်တန်နဲ့ ကျပ်တစ်သောင်းတန် များကို သေသေချာချာ စစ်ဆေးပြီးမှ လက်ခံနေရသည်ဟု မိုးကောင်းမှ ဒေသခံများနှင့် ဈေးသည်များမှ ပြောဆိုနေကြကြောင်း သိရှိရပါသည်။
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် စည်ပင်သာယာဈေး အတွင်း မှာ နိုင်ငံတော်အစိုးရရဲ့ တရားဝင် ငွေစက္ကူကျပ်ငါးထောင် တန်တွေ သုံးစွဲနေခြင်းအပေါ်မှာ မသမာသူတွေက အမြတ်ထုတ်ကာ ငွေ စက္ကူ အတုများပြုလုပ်ဆောင်ခြင်းများကြောင့် ဒေသခံများစိတ်သောက ရောက်

ရောင်မကုန်လျှင် မီးရှို့ သော LV ဖက်ရှင်

ရောင်မကုန်လျှင် မီးရှို့ သော LV ဖက်ရှင်

LV (Lousi Vuitton) ဆိုတာ ပြင်သစ်နိုင်ငံ အခြေဆိုက် ကမ္ဘာ့ထိပ်တန်း ဖက်ရှင်ပစ္စည်းကုမ္မဏီ တစ်ခု ဖြစ်ပါတယ်။ အထူးဖြင့် LV အမှတ်တံဆိပ်နဲ့ ပိုက်ဆံအိပ်များက ကမ္ဘာကျော်ပဲ ဖြစ်ပါတယ်။ အဆင့်မြင့် သားရေသား စစ်စစ်နဲ့ ဈေးကြီးကြီးထုတ်လုပ်ရောင်းချပါတယ်။

သူ့မှာ ထူးခြားချက် တစ်ခုရှိပါတယ်။ ဒါကတော့ တစ်နှစ်တာ ရောင်းမကုန်တဲ့ ပစ္စည်း (အိပ်များ)ကို နှစ်တစ်နှစ် အကုန်တိုင်းမှာ မီးရှို့ ခြင်း ဖြစ်ပါတယ်။ သူ့လိုပဲ ပြင်သစ် Chanel ဖက်ရှင်ကလည်း လုပ်ပါတယ်။ သူတို့ နှစ်ခုလုံးက ထုတ်တဲ့ ပစ္စည်းတိုင်းက ကမ္ဘာ့လူကြိုက်များပြီး ကမ္ဘာ့ဈေးအကြီးဆုံး ဖက်ရှင် ပစ္စည်းတွေချည်း ထုတ်တာ ဖြစ်ပါတယ်။

တစ်နှစ်တာ ရောင်းရတဲ့ ငွေစာရင်းနဲ့ အချက်အလက်များကို စစ်ဆေးပြီး လက်ကျန် ပစ္စည်းများကို စုစည်းပြီး မီးရှို့ ဖျက်ဆီးပါတယ်။ ရည်ရွယ်ချက် ကတော့ ယင်းပစ္စည်းများ ဈေးကွက်မှာ ဈေးပေါပေါနဲ့ ရောက်ရှိသွားမှာ စိုးလို့ လို့ ဆိုပါတယ်။

ဒါကြောင့် ပစ္စည်းတန်ဖိုးကို ထိန်းသိမ်းတဲ့အနေနဲ့ မီးရှို့ ဖျက်ဆီးခြင်းလို့ ဆိုပြီး ဒါကို ဖြုန်းတီးမှု တစ်ခုလို့ ဝေဖန်သူများလည်း ရှိကြောင်း သိရပါတယ်။
--
Ref: mazefacts
International news for myanmar

အေးချမ်းမွန်မှ ( International news for myanmar ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

LV (Lousi Vuitton) ဆိုတာ ပြင်သစ်နိုင်ငံ အခြေဆိုက် ကမ္ဘာ့ထိပ်တန်း ဖက်ရှင်ပစ္စည်းကုမ္မဏီ တစ်ခု ဖြစ်ပါတယ်။ အထူးဖြင့် LV အမှတ်တံဆိပ်နဲ့ ပိုက်ဆံအိပ်များက ကမ္ဘာကျော်ပဲ ဖြစ်ပါတယ်။ အဆင့်မြင့် သားရေသား စစ်စစ်နဲ့ ဈေးကြီးကြီးထုတ်လုပ်ရောင်းချပါတယ်။

KNU နှင့် အစိုးရ အရာရှိများ သထုံတွင် တွေ့မည်


အပစ်အခတ်ရပ်စဲရေးဆိုင်ရာများကို ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်း ဆောင်များက အစိုးရ အရာရှိ များနှင့်အလွတ်သဘော တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။ ယနေ့ မွန်ပြည်နယ် သထုံမြို့နယ် နောင် ဘိုကျေးရွာတွင် KNU ဆက်ဆံ ရေးရုံးဖွင့်ပွဲအခမ်းအနားသို့တက်ရောက်သည့် KNU ခေါင်းဆောင်များ က တွေ့ဆုံမည် ဖြစ်သည်ဟု ၂၀၁၃ ခုနှစ် မတ်လ ၄ ရက်နေ့ ရက်စွဲဖြင့် KNU က သတင်းထုတ်ပြန် ထား သည်။ ထုတ်ပြန်ချက်အရ ဆက်ဆံရေးရုံးဖွင့်ပွဲအခမ်းအနားကို KNU ဥက္ကဌ စောမူတူး စေးဖိုးဦးဆောင်

ဆံပင်ဆိုးဆေး များကြောင့် ကင်ဆာ ရောဂါ ဖြစ်ပွားနိုင်

ဆံပင်ဆိုးဆေးကို အသုံးပြုများတာကြောင့် သားမြတ်၊ ဆီးအိမ်၊ မမျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေး ကင်ဆာတွေ ဖြစ်နိုင်တယ်လို့ ယခင်က လေ့လာမှုတွေ အရ သိရှိခဲ့ပြီး ဖြစ်ပေမယ့် အခုချိန်မှာ ဆံပင် ဆိုးဆေးကို အသုံးပြုသူတွေများပြားလျက်ရှိတယ်လို့ သိရှိရပါတယ်။
ဆံပင်ဆိုး ဆေးမှာ ပါဝင်တဲ့ ဓာတုပစ္စည်း တွေ ဟာ ဆေး လိပ်ငွေ့နဲ့ တခြား လေထုညစ်ညမ်း စေတဲ့ပစ္စည်းတွေနဲ့ ထိတွေ့တဲ့အခါမှာ ကင်ဆာ ဖြစ်နိုင်တဲ့ အစွမ်းထက်
>>မတ်လ ၅ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း<<

ယနေ့ မတ်လ ၀၅ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၈၆၃ ကျပ် သတ်မှတ်ကြောင်း သိရသည်။

ထို့အပြင် Cross Exchange Rate အရ
တစ်ယူရို - ၁၁၂၄.၄ ကျပ်၊
စင်္ကာပူ တစ်ဒေါ်လာ - ၆၉၂.၉၂ ကျပ်၊
စတာလင်ပေါင် တစ်ပေါင် - ၁၃၀၅.၄ ကျပ်၊
ဂျပန်ယန်း တစ်ရာ - ၉၂၄.၀၃ ကျပ်၊
သြစတြေးလျဒေါ်လာ တစ်ဒေါ်လာ - ၈၈၁.၁၅ ကျပ်၊
တရုတ်ယွမ် တစ်ယွမ် - ၁၃၈.၆၃ ကျပ်၊
အိန္ဒိယရူပီး တစ်ရူပီး - ၁၅.၇၁၁ ကျပ်၊
ကိုရီးယားဝမ် တစ်ရာ - ၇၉.၃၄၉ ကျပ်၊
မလေးရှား ရင်းဂစ် တစ်ရင်းဂစ် - ၂၇၈.၂၁ ကျပ်
ထိုင်းဘတ် တစ်ဘတ် - ၂၈.၉၅၅ ကျပ် သတ်မှတ်သည်။

Ref:Mrtv-4
ယနေ့ မတ်လ ၀၅ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၈၆၃ ကျပ် သတ်မှတ်ကြောင်း သိရသည်။

ထို့အပြင် Cross Exchange Rate အရ-

မြန်မာ့ ပျမ်းမျှလူ့သက်တမ်း မြင့်တက်လာစေရန် ရည်ရွယ် လုပ်ဆောင်နေ

မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေး စီမံချက်၏တစိတ်တပိုင်း အဖြစ် မြန်မာနိုင်ငံသားများ ၏ ပျမ်းမျှ သက်တမ်း ကို ၂၀၃၁ ခုနှစ်တွင် ၇၅ မှ ၈၀ နှစ်အထိ မြင့်တက်လာစေရေးအတွက် ကြိုးပမ်းရန် အစိုးရက ရည်ရွယ်ထား သည်ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ တဆင့်သိရသည်။

မြောက်ကိုရီးယား ခေါင်းဆောင် အမေရိကန် သမ္မတ၏ ဖုန်းခေါ်ဆိုမှုကို မျှော်လင့်နေ

မြောက်ကိုရီးယား ခေါင်းဆောင် အမေရိကန် သမ္မတ၏ ဖုန်းခေါ်ဆိုမှုကို မျှော်လင့်နေ
Tuesday, March 5, 2013

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်သည် စစ်ပွဲကို အလိုရှိသူ မဟုတ်ကြောင်း ၎င်း အလိုရှိသည်မှာ အမေရိကန် သမ္မတ အိုဘားမား ထံမှ ဖုန်းခေါ်မှုသာ ဖြစ်ကြောင်း NBA ချန်ပီယံ ကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဒန်းနစ်ရော့ဒ်မန်းက ကင်ဂျုံအွန်ဘက်မှ ခုခံ ကာကွယ်
ပြောကြား ထားသည်။

ရော့ဒ်မန်းသည် လက်ရှိတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံရမည့် အမေရိကန် နိုင်ငံ မှ အထူး ဧည့်သည်တစ်ဦး ဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် သီတင်းပတ်က ပြုံယမ်းမြို့တွင် ပြုလုပ်ခဲ့သော ဘေ့စ်ဘော ကစားပွဲကို ကြည့်ရှုရန် မြောက်ကိုရီးယား နိုင်ငံသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ရော့ဒ်မန်းနှင့် Harlem Globetrotters အဖွဲ့သားများ မြောက်ကိုရီးယား
နိုင်ငံသို့ သွားရောက်သည့် ခရီးစဉ် သည် မြောက်ကိုရီးယား နိုင်ငံ၏
 နျူကလီးယား စမ်းသပ် ပစ်ခတ်မှုနှင့် စပ်လျဉ်း၍ ၎င်းနိုင်ငံနှင့် အမေရိကန် ပြည်ထောင်စု အကြား ဆက်ဆံရေး တင်းမာ နေချိန်တွင် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။

ကင်ဂျုံအွန်၏ လူ့ အခွင့်အရေးနှင့် စပ်လျဉ်း၍ မေးမြန်းခဲ့ရာ ရော့ဒ်မန်းက မိမိသည် သံတမန်တစ်ဦး မဟုတ် ကြောင်း၊ နျူကလီးယား စမ်းသပ်မှုနှင့် စပ်လျဉ်း၍ ၎င်း၏ ကိုယ်စား တောင်းပန်ခြင်း မပြုနိုင်ကြောင်း၊ သို့သော် ကင်ဂျုံ အွန်သည် ယခုအခါ မိမိ၏ မိတ်ဆွေတစ်ဦး ဖြစ်ကြောင်း
ပြောကြားခဲ့သည်။

http://bit.ly/12pXerH

မြ၀တီ
မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအွန်သည် စစ်ပွဲကိုအလိုရှိသူ မဟုတ်ကြောင်း ၎င်းအလိုရှိသည်မှာ အမေရိကန်သမ္မတ အိုဘားမား ထံမှ ဖုန်းခေါ်မှုသာဖြစ်ကြောင်း NBA ချန်ပီယံကစားသမားဟောင်း တစ်ဦး ဖြစ်သူ ဒန်းနစ်ရော့ဒ်မန်းက ကင်ဂျုံအွန်ဘက်မှ ခုခံ ကာကွယ် ပြောကြားထားသည်။

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ၀င်ငွေ ၃ နှစ်အတွင်း ၃ ဆတက်

မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း ၀င်ငွေ ၃ နှစ်အတွင်း ၃ ဆတက်
Tuesday, March 5, 2013 

၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း၏ ၀င်ငွေမှာ ၃ ဆအထိ တက်လာ ခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန စာရင်းများ အရ သိရသည်။ 

ခရီးသွား လုပ်ငန်းမှ ၂၀၀၉ ခုနှစ်တွင် ၀င်ငွေ အမေရိကန် ဒေါ်လာ ၁၉၆ သန်း ရှိရာမှ ၂၀၁၂ ခုနှစ်တွင် ၀င်ငွေ အမေရိကန် ဒေါ်လာ ၅၃၄ သန်းအထိ တိုးတက် လာခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ တိုးတက် လာရခြင်းမှာ
မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံခြား ခရီးသွား များကို ဆွဲဆောင် နိုင်သည့်
နိုင်ငံတစ်ခု ဖြစ်လာခြင်းကြောင့် ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွား လာရေး ၀န်ကြီးဌာန ၀န်ကြီး ဦးဌေးအောင် က ပြောကြား ခဲ့ကြောင်း သိရသည်။

" ခေတ် အဆက်ဆက် ယဉ်ကျေးမှု အစဉ်အလာ တွေနဲ့ သမိုင်းကြောင်း
တွေရှိတဲ့ အတွက် နိုင်ငံတကာ ဧည့်သည်တွေ လာရောက် ကြတာ
ဖြစ်ပါတယ် ... " ဟု ဦးဌေးအောင်က မြန်မာဧည့် ၀န်ဆောင်မှု နှင့် ခရီးသွား လုပ်ငန်း ကွန်ဖရင့်တွင် ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် အစိုးရသစ် တက်လာပြီး နောက်ပိုင်းတွင် နိုင်ငံခြား ခရီးသွား များက စိတ်ဝင်စားမှု မြင့်တက် လာကြောင်း သိရသည်။ သို့ရာတွင် ခရီးသွား လုပ်ငန်း အတွက် အခက်အခဲ မှာ ဟိုတယ် အဆင့်မမီ ခြင်းနှင့် ဟိုတယ် အခန်းများ မလုံလောက် ခြင်းတို့ ဖြစ်ကြောင်း ၀န်ကြီးက ဆက်လက် ပြောကြား ကြောင်း သိရသည်။

ယခုအခါ တွင် မြန်မာနိုင်ငံ တွင် ဟိုတယ် ၇၆၇ လုံး ရှိသော်လည်း 
အဆင့်မီ ဟိုတယ် ၂၃ လုံးသာ ရှိကြောင်း သိရသည်။ ၂၀၁၂ ခုနှစ် 
အတွင်း မြန်မာ နိုင်ငံသို့ ခရီးသည် တစ်သန်း ကျော် ၀င်ရောက် ခဲ့ပြီး လာမည့် နှစ်တွင်လည်း ခရီးသွား ဧည့်သည် ရာခိုင်နှုန်း ၃၀ တိုးတက် မည်ဟု ဟိုတယ် နှင့် ခရီးသွား လာရေး ၀န်ကြီးဌာနက ခန့်မှန်း ထားကြောင်း သိရှိရသည်။

The Myawady Daily
၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း၏ ၀င်ငွေမှာ ၃ ဆအထိတက်လာခဲ့ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန စာရင်းများအရ သိရသည်။

၂၀၁၃ ခုနှစ် နိုဘဲဆုရှင်အဖြစ် သမ္မတ ဦးသိန်းစိန် တင်သွင်းခံရ

၂၀၁၃ ခုနှစ် နိုဘဲဆုရှင်အဖြစ် သမ္မတ ဦးသိန်းစိန် တင်သွင်းခံရ
Tuesday, March 5, 2013 

၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘဲဆုရှင်အဖြစ် အဆိုပြုခံရသူများ
စာရင်းမှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ပါဝင်တယ်လို့ သိရပါတယ်။

ဒီနှစ်အတွက် ငြိမ်းချမ်းရေး နိုဘဲဆုရှင်လောင်းအဖြစ် အဆိုပြုခံရသူ အရေအတွက်ဟာ စံချိန်တင်ရလောက်အောင် များပြားတယ်လို့
 နိုဘဲဆုဌာနက ပြောပါတယ်။ အဆိုပြုစာရင်းမှာ လူပုဂ္ဂိုလ် ၂၀၉ ဦးနဲ့ အဖွဲ့အစည်း ၅၀ ပါဝင်တဲ့အတွက် စာရင်းဝင်အရေအတွက် စုစုပေါင်း ၂၅၉ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်က အဆိုပြုခံရသူပေါင်း ၂၄၁ ဦးရှိခဲ့ပါတယ်။

ဒီနှစ်အဆိုပြုခံရသူများစာရင်းမှာ ပါကစ္စတန်နိုင်ငံက တာလီဘန်တွေ ပစ်ခတ်လုပ်ကြံလို့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာရရှိခဲ့တဲ့ မိန်းကလေးများ
ပညာရေးအတွက် ဆော်သြလှုပ်ရှားသူ မာလာလာ၊ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်၊ ရုရှားလူ့အခွင့်အရေးအဖွဲ့၊ ကိုလံဘီယာနိုင်ငံသမ္မတ စန်တို့စ်၊ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်တို့ပါဝင်ပြီး၊ GAVI ခေါ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံရေးမဟာမိတ်အဖွဲ့နဲ့ အမေရိကန် စစ်သည်တော်တို့ကလည်း ပါဝင်တယ်လို့ သိရပါတယ်။

နိုဘဲဆုဌာန အကြီးအကဲ Geir Kundestad က ငြိမ်းချမ်းရေးနိုဘဲဆုအတွက် အဆိုတင်သွင်းမှု အရေအတွက် ထိုးတက်လာတာဟာ နှစ်စဉ်မဟုတ်ပေမယ့် ခြုံကြည့်မယ်ဆိုရင် အတက်ဘက်ကိုပြနေကြောင်း၊ ဒါဟာဒီဆုအပေါ် ကမ္ဘာ့လူထုရဲ့ စိတ်ဝင်စားမှု တိုးတက်နေတာကို ထင်ဟပ်နေကြောင်း
ပြောပါတယ်။

ငြိမ်းချမ်းရေးနိုဘဲဆုရှင်လောင်းအဖြစ် အဆိုပြုလွှာတွေကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နောက်ဆုံးထား လက်ခံခဲ့တာဖြစ်ပါတယ်။

RFA
၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘဲဆုရှင်အဖြစ် အဆိုပြုခံရသူများ စာရင်းမှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ပါဝင်တယ်လို့ သိရပါတယ်။ ဒီနှစ်အတွက် ငြိမ်းချမ်းရေး နိုဘဲဆုရှင်လောင်းအဖြစ် အဆိုပြုခံရသူ အရေအတွက်ဟာ စံချိန်တင်ရလောက်အောင် များပြားတယ် လို့ နိုဘဲ ဆုဌာနက ပြောပါတယ်။ အဆိုပြုစာရင်းမှာ လူပုဂ္ဂိုလ် ၂၀၉ ဦးနဲ့

HIV ကုနိုင်မယ့် လမ်းစတွေ့

HIV ကုနိုင်မယ့် လမ်းစတွေ့

နောက်ဆုံး ရေးသားချိန် 4 မတ်လ 2013 - 16:22 GMT

HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံ နေရတဲ့ မွေးကင်းစ မိန်းကလေး ငယ် တဦးရဲ့ ကိုယ်ခန္ဒာမှာ ရောဂါပိုး အမြစ်ပြတ် သွားတဲ့ ပုံမျိုး ဖြစ်နေ တာနဲ့ ပတ်သက် တဲ့ အချက် အလက် အသေး စိတ်ကို အမေရိကန် ဆေးပညာရှင် တွေက ထုတ်ပြန် လိုက်ပါတယ်။

မွေးကင်းစ ကလေးငယ် တဦး အနေနဲ့ ဒါ ပထမဆုံး ဖြစ်ပြီး လူတဦး ကနေနဲ့ ကတော့ ဒါ ဒုတိယမြောက် တွေ့ရှိ ရတာ ဖြစ်ပါတယ်။

ဒါဟာ ဆေးပညာ ဆိုင်ရာ တိုးတက် အောင်မြင်မှု တရပ် အဖြစ် ပညာရှင် တွေက ကြေညာ ပြောဆိုနေ ကြပါပြီ။

အကြောင်း ကတော့ ဒီကုသမှုကို ခံယူခဲ့တဲ့ မိန်းကလေးငယ်ကို မစ္စစ်စပီ ပြည်နယ်မှာ HIV ရောဂါပိုး ရှိတဲ့ မိခင်က မွေးခဲ့ပါ တယ်။

မွေးမွေး ပြီးချင်း နာရီ ၃၀ အတွင်း မှာပဲ ကုသဆေး ၃ မျိုး လောက် ရောပြီး ကုသပေးခဲ့ ပါတယ်။ နောက်ဆက်တွဲ ကုသမှု အနေနဲ့ တနှစ်ခွဲ လောက် လုပ်ခဲ့ပြီး ကုသမှုကို ရပ်ဆိုင်းလိုက် ပါတယ်။

အခုတော့ အဲဒီ မိန်းကလေးငယ်ဟာ အသက် ၂ နှစ်ခွဲရှိ ပါပြီ။ ကုသမှု ရပ်ဆိုင်းထားတာ ၁ နှစ်လောက် ရှိပေမယ့် ရောဂါပိုး ရှိတဲ့ လဏ္ခာလုံးဝ မတွေ့ရတော့ပါ။ ဒါကြောင့် ဒီဖြစ်ရပ်ကို အခြေခံပြီး ရောဂါပိုး ရှိတဲ့မိခင်က မွေးဖွားတဲ့ ကလေးငယ် လေးတွေကို မွေးမွေးချင်း ကုသပေးရင်း စမ်းသပ် မှုတွေကို ဆက်လုပ်ကြမှာပါ။

ဒီသတင်းဟာ ဆေးလောက အတွက်တော့ အင်မတန်မှကို သတင်း ထူးကြီး တခု ဖြစ်ပေမယ့် ကုရာနတ္ထိ ဆေးမရှိဆိုတဲ့ AIDS ရောဂါ ဖြစ်စေတဲ့ ဒီ HIV ပိုးကို လုံးဝဥဿုံကြီး တားလိုက် နိုင်ပြီလို့ ပြောလို့ မရသေးပါ။

အကယ်၍ ဒီမိန်းကလေးငယ် သာ ဒီအတိုင်း ကျန်းကျန်း မာမာ ဆက်ပြီး ရှိတယ် ဆိုရင်တော့ ဒါဟာ HIV ပိုး ကုသ နိုင်တဲ့ ဖြစ်ရပ် အနေနဲ့ ဒုတိယမြောက် အကြိမ် ဖြစ်လာမှာပါ။

ပထမ အကြိမ် ကတော့ ၂၀၀၇ ခုနှစ်တုန်းက HIV ပိုး ကာကွယ် နိုင်တဲ့ အင်မတန်မှ ရှားပါးတဲ့ ဆဲလ် ပိုင်ရှင်ရဲ့ ဆဲလ် ကိုယူပြီး အစားထိုး ကုသရာ ကနေ အောင်မြင်မှု ရခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ကုသမှုနဲ့ မတူတဲ့ ဒီတကြိမ် ကုသမှု မှာတော့ လူမမယ် ရောဂါသည် တွေကို ကုသရာမှာ အသုံးပြုတဲ့ ဆေးတွေကို ရောပြီး ကုသပေးခဲ့တာ ဖြစ်ပါတယ်။

အခု ရလဒ်နဲ့ ပတ်သက်ပြီး တင်ပြ လာခဲ့တဲ့ Johns Hopkins တက္ကသိုလ် က ရောဂါပိုးမွှားဗေဒ ပညာရှင် ဒေါက်တာ Deborah Persaud က ရောဂါ ပိုးဟာ လူ့ ကိုယ်ခန္ဒာမှာ ခိုအောင်း မလာနိုင်ခင် အချိန်မှာ အစောဆုံး ကုသမှုကို လုပ်ဆောင် လိုက်တဲ့ အတွက် ဆေးက ရောဂါပိုးတွေကို အရင်ဆုံး နှိမ်နှင်း လိုက်တဲ့ သဘော ရှိတယ်လို့ ပြောပါတယ်။

အခု ကုသမှု ခံယူ ခဲ့တဲ့ ကလေးငယ် မိန်းကလေးမှာ ရောဂါပိုး ဆက်ပြီး ရှိမရှိကို ဓာတ်ခွဲခန်း ၆ ခု မှာ အဆင့်မြင့်တဲ့ နည်းပညာတွေ၊ မတူတဲ့ နည်း စနစ်တွေနဲ့ အမျိုးမျိုး စမ်းသပ်ခဲ့ ပေမယ့် ဘယ်ဓာတ် ခွဲခန်း ကမှ ရောဂါပိုးကို မတွေ့ရပါဘူး။

ဒါကြောင့် လတ်တလော ပြောနိုင်တာ ကတော့ ဒီကလေးဆီမှာ ရှိတဲ့ HIV ရောဂါပိုးကို တိုက်ဖျက် လိုက်နိုင်ပြီလို့ AIDS ရောဂါ သုတေသန ဖောင်ဒေးရှင်း က Dr. Rowena Johnston က ပြောပါတယ်။

အခု ကုထုံးဟာ မွေးကင်းစ ကလေးငယ်တွေ အတွက်သာ ဖြစ်ပြီး နည်းနည်းကြီး သွားတဲ့ ကလေး တွေနဲ့ လူကြီးတွေ အတွက်တော့ မဟုတ်ပါဘူး။ ဒါကြောင့် ရောဂါ မဖြစ်အောင် ကြိုတင် ကာကွယ်တဲ့ နည်းကသာ အထိ ရောက်ဆုံး ကုသမှု အဖြစ် ရှိနေ ပါသေးတယ်။

BBC News

အေးချမ်းမွန်မှ ( BBC News ) တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်

နောက်ဆုံး ရေးသားချိန် 4 မတ်လ 2013 - 16:22 GMT
HIV ဗိုင်းရပ်စ်ပိုး ကူးစက်ခံ နေရတဲ့ မွေးကင်းစ မိန်းကလေး ငယ် တဦးရဲ့ ကိုယ်ခန္ဒာမှာ ရောဂါပိုး အမြစ်ပြတ် သွားတဲ့ ပုံမျိုး ဖြစ်နေ တာနဲ့ ပတ်သက် တဲ့ အချက် အလက် အသေး စိတ်ကို အမေရိကန် ဆေးပညာရှင် တွေက ထုတ်ပြန် လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု ရန်ပုံငွေ ဒေါ်လာ ၈၅ ဘီလီယံ လျော့ကျသွားမည့် ဥပဒေကို မတ်လ ၁ ရက်နေ့တွင် သမ္မတ အိုဘားမား လက်မှတ်ရေးထိုး

အမေရိကန် ပြည်ထောင်စု ရန်ပုံငွေ ဒေါ်လာ ၈၅ ဘီလီယံ လျော့ကျသွားမည့် ဥပဒေကို မတ်လ ၁ ရက်နေ့တွင် သမ္မတ အိုဘားမား လက်မှတ်ရေးထိုး

 အမေရိကန် ပြည်ထောင်စု၏ ဆိုးရွားလာသည့် ဘဏ္ဍာရေး အခြေအနေသည် အိုဘားမား အစိုးရ၏ ပါရှန် ပင်လယ်ကွေ့တွင် စစ်ရေးအရ ပါဝင်ဆောင်ရွက် နေမှုများကို လျှော့ချရန် အတွက် သက်ရောက်မှုများ ဖြစ်စေခဲ့ပြီ ဖြစ်ပါသည်။

အလိုအလျောက် အသုံးစရိတ် လျှော့ချ ဖြတ်တောက်ရေး အစီအစဉ် အရ ၂ဝ၁၃ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၈၅ ဘီလီယံ လျော့ကျသွားမည့် ဥပဒေကို မတ်လ ၁ ရက်နေ့တွင် သမ္မတ အိုဘားမား လက်မှတ်ရေး ထိုးခဲ့ပြီးနောက် ပါရှန် ပင်လယ်ကွေ့နှင့် ပတ်သက်၍ ယခုကဲ့သို့ သတင်း ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါသည်။ လျှော့ချဖြတ်တောက် ခံရမည့် ပြည်ထောင်စု ရန်ပုံငွေထဲမှ ထက်ဝက် ပမာဏ ဖြစ်သည့် ၄၆ ဘီလီယံသည် ကာကွယ်ရေး ကဏ္ဍတွင် သက်ရောက်မှု ဖြစ်စေမည် ဖြစ်ပါသည်။ အဆိုပါ သက်ရောက်မှု၏ ဒဏ်ကို အဓိက ခံစားရမည့် နယ်ပယ်မှာ အမေရိကန် ရေတပ်၏ တပ်ဖြန့်ချ ထားမှုများ ဖြစ်ကြောင်း သိရှိရ ပါသည်။

http://bit.ly/WIC0Db
အမေရိကန် ပြည်ထောင်စု၏ ဆိုးရွားလာသည့် ဘဏ္ဍာရေး အခြေ အနေသည် အိုဘားမား အစိုးရ၏ ပါရှန် ပင်လယ်ကွေ့တွင် စစ်ရေးအရ ပါဝင်ဆောင်ရွက် နေမှုများကို လျှော့ချရန်အတွက် သက်ရောက်မှု များ ဖြစ်စေခဲ့ပြီ ဖြစ်ပါသည်။

ADSL အင်တာနက် အသုံးပြုခများကို Ypay ဖြင့် အွန်လိုင်းတွင် ဘီလ်ဆောင်နိုင်မည်

Photo: ADSL အင်တာနက် အသုံးပြုခများကို Ypay ဖြင့် အွန်လိုင်းတွင် ဘီလ်ဆောင်နိုင်မည်
Monday, March 4, 2013

ရတနာပုံ တယ်လီပို့၏ ADSL အင်တာနက် အသုံးပြုခ လစဉ်ကြေးများကို အွန်လိုင်းတွင် Ypay စနစ်ဖြင့် ဘီလ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိပြီး မတ်လအတွင်း မိတ်ဆက်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့၏ Joint Venture အဖြစ် ဆောင်ရွက်နေသော Creative Web Studio မှ သတင်းရရှိသည်။

''အခုလက်ရှိမှာ လျှပ်စစ်မီတာ ဘီလ်ဆောင်တာတွေကို နေပြည်တော်နဲ့ မန္တလေးမှာ လုပ်ဆောင်နိုင်ပြီး ရန်ကုန်မှာလည်း ရတော့မယ်။ မတ်လထဲမှာ ရတနာပုံ ADSL အင်တာနက်ဘီလ် ဆောင်နိုင်မယ်။ နောက်ပိုင်းမှာ Music Store ဆိုက်တွေ၊ Gift Shop ဆိုက်တွေ၊ Online Shopping ဆိုက်တွေအတွက် Ypay နဲ့ ငွေချေတာတွေ ရလာပါမယ်။ သင်္ကြန်အပြီးမှာ
တော်တော်များများ အသုံးပြုလာနိုင်ဖို့ ရှိပါတယ်'' ဟု Creative Web Studio မှ ဦးအောင်ဖြိုးက ပြောကြားခဲ့သည်။

လက်ရှိတွင် Ypay စနစ်ကို AGD ဘဏ်နှင့် အပြည့်အဝ ချိတ်ဆက်၍
ဆောင်ရွက်လျက်ရှိပြီး အခြားဘဏ်များစွာနှင့် ချိတ်ဆက်ဆောင်ရွက်
နိုင်ရန်လည်း စီစဉ်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် Ypay အသုံးပြုလိုသူများအနေဖြင့် AGD ဘဏ် Account ရှိရမည်ဖြစ်သည်။

မကြာမီတွင် ဘီလ်ဆောင်ခြင်း ကိစ္စရပ်များအတွက် လူကိုယ်တိုင်သွားရန် မလိုတော့ဘဲ အွန်လိုင်းမှ Ypay ကို အသုံးပြု၍ ငွေပေးချေနိုင်မည်ဖြစ်ပြီး ဖုန်းငွေဖြည့်ခြင်းများကိုလည်း ယင်းဖြင့် လုပ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Eleven Media Group
ရတနာပုံ တယ်လီပို့၏ ADSL အင်တာနက် အသုံးပြုခ လစဉ်ကြေးများကို အွန်လိုင်းတွင် Ypay စနစ်ဖြင့် ဘီလ်ဆောင်နိုင်ရန် စီစဉ်လျက်ရှိပြီး မတ်လအတွင်း မိတ်ဆက်ပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့၏ Joint Venture အဖြစ် ဆောင်ရွက်နေသော Creative Web Studio မှ သတင်းရရှိသည်။