Monday, March 4, 2013

လိုင်ဇာခရီးရှည် ချီတက်သူ နောက်တဖွဲ့ ကချင်ပြည်နယ်ထဲ ရောက်ရှိ


ဧရာဝတီမြစ် အရှေ့ဘက်ကမ်းကနေ လိုင်ဇာမြို့အထိ ခရီးရှည်ချီတက်နေတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက် အဖွဲ့ဟာ မတ်လ ၄ ရက် ဒီကနေ့မှာ ကချင်ပြည်နယ် ဗန်းမော်မြို့ကို ရောက်ရှိနေပြီး အဲဒီကနေ ၉ မိုင်ကွာဝေးတဲ့ မိုးမောက်မြို့ကို ဆက်လက်ချီတက်နေကြပါတယ်။

နေရောင်ခြည်စွမ်းအင်သုံး မီးအိမ် Globoy

Photo: နေရောင်ခြည်စွမ်းအင်သုံး မီးအိမ် Globoy
Monday, March 4, 2013

နေ့ခင်းနေ့ဘက် ပြတင်းပေါက် ဘောင်ပေါ်မှာ တင်ထားရုံပါပဲ။ ညဘက်ကျ အပြာရောင် မီးအလင်းရောင် ပေးစွမ်းမှာ ဖြစ်ပါတယ်ယ။

နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်ဖြစ်ပြီး အပေါ်မှာ Solar ပြား ပါရှိပါတယ်။ နေ့ဘက်မှာ ပုံမှာ မြင်တွေ့ရတဲ့အတိုင်း အိပ်ပျော်နေပြီး ညဘက်က ရွှင်ရွှင်လန်းလန်းနဲ့ မီးအလင်းရောင်ပေးနေတဲ့ ဟန်ပန်လေးနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Globoy လို့ အမည်ပေးထားတဲ့ Solar nightlight ဖြစ်ပြီး ကာလတန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၂၂ ဒေါ်လာ ဝန်းကျင် ရှိကြောင်း သိရပါတယ်။
--
Ref: gaggets
ရိုးရာလေး နည်းပညာ
YoYarLay

နေ့ခင်းနေ့ဘက် ပြတင်းပေါက် ဘောင်ပေါ်မှာ တင်ထားရုံပါပဲ။ ညဘက် ကျ အပြာရောင် မီးအလင်းရောင် ပေးစွမ်းမှာ ဖြစ်ပါတယ်။
နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်ဖြစ်ပြီးအပေါ်မှာ Solar ပြား ပါရှိပါ တယ်။ နေ့ဘက်မှာပုံမှာ မြင်တွေ့ရတဲ့အတိုင်း အိပ်ပျော်နေပြီး ညဘက်က ရွှင်ရွှင်လန်းလန်းနဲ့ မီးအလင်းရောင်ပေးနေတဲ့ ဟန်ပန်လေး နဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှ ထုတ်လုပ်သော စက်ရုပ် ခြေထောက်ဝတ်စုံ တစ်ကမ္ဘာလုံး ဆိုင်ရာ လုံခြုံ စိတ်ချရမှု လက်မှတ်ရရှိ

ဂျပန်နိုင်ငံမှ ထုတ်လုပ်သော စက်ရုပ် ခြေထောက်ဝတ်စုံ တစ်ကမ္ဘာလုံး ဆိုင်ရာ လုံခြုံ စိတ်ချရမှု လက်မှတ်ရရှိ
Monday, March 4, 2013

သက်ကြီး ရွယ်အိုများနှင့် မသန်စွမ်း သူများအား ကူညီထောက်ပံ့
ပေးနိုင်သည့် ဂျပန်နိုင်ငံ ထုတ် စက်ရုပ် ခြေထောက် ဝတ်စုံသည် တစ်ကမ္ဘာလုံး ဆိုင်ရာ လုံခြုံစိတ် ချရမှု အသိ အမှတ်ပြု လက်မှတ်အား
ဖေဖော်ဝါရီ ၂၇ ရက်က ရရှိခဲ့ကြောင်းနှင့် ယင်းဝတ်စုံကို ကမ္ဘာ အနှံ့ တင်ပို့ ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။ 

The Hybrid Assistive Limb (HAL) ဟု အမည်ပေး ထားသော အားသွင်း စက်ရုပ် ခြေထောက်ဝတ်စုံအား ဂျပန်စက်ရုပ် ထုတ်လုပ်သည့် ဆိုင်ဘာဒင်း ကုမ္ပဏီ မှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး အလားတူ စက်ရုပ် လက်ဝတ်စုံ ကိုလည်း ထပ်မံ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

၎င်း၏ အရည်အသွေး အာမခံချက် အား အပြည်ပြည် ဆိုင်ရာ လူသား
အသုံးပြု စက်ရုပ်များ၏ လုံခြုံ စိတ်ချရမှု အဆင့်အတန်း သတ်မှတ်သည့် အဖွဲ့အစည်းမှ ယခုနှစ် ကုန်ပိုင်းတွင် ပေးအပ် သွားမည်ဟု ယူဆ ရကြောင်း ဂျပန်နိုင်ငံ၏ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှု လုပ်ငန်း ဝန်ကြီးဌာနမှ
ပြောကြားခဲ့ သည်။

ဘက်ထရီ အသုံးပြု HAL သည် အသုံးပြုသူ၏ ခန္ဓာ ကိုယ်လှုပ်ရှားမှုနှင့် လိုက်လျော ညီထွေ ရှိစေရန် ထောက်ပံ့ပေးနိုင်ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူ နေရသည့် သက်ကြီး ရွယ်အိုများ နှင့် သူနာပြု အကူအညီ ယူနေရသည့် သက်ကြီး ရွယ်အိုများအတွက် အထောက် အကူ ပေးသွားနိုင်မည်
ဖြစ်ကြောင်း သိရသည်။

တိုကျိုမြို့၏ အရှေ့မြောက်ဘက် ဆူကူဘာမြို့ အခြေစိုက် ဆိုင်ဘာဒင်း ကုမ္ပဏီသည် စက်ရုပ်ဝတ်စုံ အစုံ ၃၃ဝ အား နိုင်ငံအတွင်းရှိ ဆေးရုံများနှင့် လူမှု ဝန်ထမ်း ကယ်ဆယ်ရေး အဖွဲ့ပေါင်း ၁၅ဝ သို့ ၂ဝ၁ဝ ပြည့်နှစ် ကတည်း ကပင် ငှားရမ်းခဲ့ပြီး တစ်နှစ် ငှားရမ်းခမှာ တစ်စုံ လျှင် ယန်း ၁၇၈ဝဝဝ (အမေရိကန် ဒေါ်လာ ၁၉၅ဝ) ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံတွင် စက်ရုံသုံး စက်ရုပ်များ သုံးစွဲမှုမှာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း စက်ရုပ် ဝတ်စုံများအား ဆေးရုံများနှင့် ဘိုးဘွား ရိပ်သာများတွင် တဖြည်းဖြည်း သုံးစွဲသွားမည်ဖြစ် ကြောင်း သိရသည်။

http://bit.ly/Zffr55
မြ၀တီ
သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအား ကူညီထောက် ပံ့ ပေးနိုင်သည့် ဂျပန်နိုင်ငံထုတ်စက်ရုပ် ခြေထောက်ဝတ်စုံသည် တစ်ကမ္ဘာလုံး ဆိုင်ရာလုံခြုံစိတ်ချရမှု အသိအမှတ်ပြု လက်မှတ် အား ဖေဖော်ဝါရီ ၂၇ ရက်က ရရှိခဲ့ကြောင်းနှင့် ယင်းဝတ်စုံကို ကမ္ဘာ အနှံ့ တင်ပို့ ရောင်းချ သွားမည်ဖြစ်ကြောင်း သိရသည်။

ရော်နယ်လ်ဒိုကို ပြန်ခေါ်မည့်သတင်းအား ဖာဂူဆန် ငြင်းဆို

ရော်နယ်လ်ဒိုကို ပြန်ခေါ်မည့်သတင်းအား ဖာဂူဆန် ငြင်းဆို
Monday, March 4, 2013

မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အသင်းသို့
ပြန်လည် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သတင်းများအား ငြင်းဆို
လိုက်သည်။

ရော်နယ်လ်ဒိုသည် လက်ရှိကလပ် ရီးယဲလ်မက်ဒရစ် အသင်းနှင့်အတူ အိုးလ်ထရက်ဖို့ဒ်သို့ ပြန်လာပြီး ချန်ပီယံလိဂ် ပွဲစဉ်ကို ရင်ဆိုင် ကစားမည် ဖြစ်သည်။ အင်္ဂါနေ့ညတွင် ကစားမည့် အဆိုပါ ပွဲစဉ်တွင် မန်ယူအသင်း ဂျာစီနှင့် မဟုတ်ဘဲ အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးတွင် ပထမဆုံးအကြိမ် ရော်နယ်လ်ဒို ယှဉ်ပြိုင်ကစားမည့် ပွဲလည်း ဖြစ်သည်။

အဆိုပါ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးသည် လူငယ်ဘဝက စပို့တင်းလစ္စဘွန်းမှ မန်ယူသို့ ပြောင်းရွှေ့လာပြီးနောက် (၂၀၀၈)ခုနှစ်၊ ကမ္ဘာ့အကောင်းဆုံးဆုကို ဆွတ်ခူး ရယူနိုင်သည်အထိ အောင်မြင်မှု ကြီးမားလာသည်။ ၎င်းသည် (၂၀၀၉)ခုနှစ်တွင်မူ ကမ္ဘာ့စံချိန်တင်
ပြောင်းရွှေ့ကြေး ပေါင်စတာလင် သန်း(၈၀)ဖြင့် ဘာနေဗျူးသို့ 
ရောက်ရှိသွားခဲ့သည်။

ရော်နယ်လ်ဒိုသည် ရီးယဲလ်တွင် ယခုရာသီ အစောပိုင်းက မပျော်မရွှင် ဖြစ်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့ဖူးသလို ယခုတစ်ဖန် အိုးလ်ထရက်ဖို့ဒ်သို့ ပြန်ရောက်လာချိန်တွင်လည်း မန်ယူသို့ ရာသီကုန်တွင် ပြန်လည် ပြောင်းရွှေ့နိုင်ကြောင်း သတင်းများ အားကောင်းလာသည်။

ဖာဂူဆန်ကမူ လာမည့်နွေရာသီတွင် မန်ယူသို့ ရော်နယ်လ်ဒို ပြန်လာရေးမှာ မဖြစ်နိုင်ဟု ဖွင့်ဟခဲ့သည်။ "ရော်နယ်လ်ဒိုကို မဖြစ်မနေ ပြန်ခေါ်
လာနိုင်မယ်လို့ ကျွန်တော့်စိတ်ကို တွန်းအားပေးမယ့် အရာမျိုး မရှိပါဘူး။ ရော်နယ်လ်ဒိုဟာ လက်ရှိ ကစားပုံ ကောင်းမွန်နေသလို သူ့ရဲ့ စာချုပ်သက်တမ်းကလည်း (၂)နှစ် ကျန်ပါသေးတယ်။ ပြီးတော့ ရီးယဲလ်မှာပဲ သက်တမ်းတိုး စာချုပ်ဖို့ ဆွေးနွေးမယ်လို့ ထင်ပါတယ်"ဟု ဖာဂူဆန်က မှတ်ချက် ပြုခဲ့သည်။

၎င်းက "ခုကိစ္စမှာ သူ့အေးဂျင့်က တစ်ခုခု ခြယ်လှယ် သတင်းဖြန့်နေ
တာမျိုး ဖြစ်နိုင်တယ်။ ဒါပေမဲ့ အဲဒီလုပ်ရပ်ဟာ မှားယွင်းတဲ့ မျှော်လင့်မှုလို့ ကျွန်တော် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် မန်ယူကို ပြန်လာချိန်မှာ အသင်းက သူ့ကို ကောင်းကောင်း ကြိုဆိုမှာပါ။ ကျွန်တော်တို့ အသင်းဟာ ကစားသမားဟောင်းတွေကို အလေးအနက် ကြိုလေ့ ရှိပါတယ်။ အထူးသဖြင့် ကိုယ့်အသင်းအပေါ် အကောင်းဆုံးဖြစ်အောင် စွမ်းစွမ်းတမံ ကူညီခဲ့သူတွေကို ဆိုပါတော့"ဟုလည်း ဆက်လက် ပြောကြားသွားခဲ့သည်။

Planet Myanmar Network
မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုကို အသင်း သို့ ပြန်လည် ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သတင်းများအား ငြင်းဆို
လိုက်သည်။

တောင်ကိုရီးယား၏ စစ်ဆင်ရေးဇုန် ဖြစ်သော ရေပိုင်နက် အတွင်း တရုတ် စစ်သင်္ဘောများ ၀င်ရောက်

တောင်ကိုရီးယား၏ စစ်ဆင်ရေးဇုန် ဖြစ်သော ရေပိုင်နက် အတွင်း 
တရုတ် စစ်သင်္ဘောများ ၀င်ရောက်
Monday, March 4, 2013

တရုတ် စစ်သင်္ဘော များသည် ကြိုတင် အကြောင်းကြားမှု မရှိဘဲ ပင်လယ်ဝါ အတွင်းရှိ တောင်ကိုရီးယား၏ စစ်ဆင်ရေးဇုန် ဖြစ်သော ရေပိုင်နက် အတွင်း ကင်းလှည့်မှု ပြုလုပ် ခဲ့ကြောင်း တောင်ကိုရီးယား သတင်း အရင်းအမြစ် များက မတ်လ ၃ ရက် နေ့တွင် ဖော်ပြခဲ့ ပါသည်။

တရုတ်ဖျက် သင်္ဘောများနှင့် အစောင့် ရေယာဉ်များသည် စစ်ရေး
လေ့ကျင့်ခန်း ပြုလုပ်ရန် အတွက် တစ်ကြိမ်၊ သို့မဟုတ် နှစ်ကြိမ်အထိ ပင်လယ်ဝါ အတွင်း ကိုရီးယား လေကြောင်း ရန် ကာကွယ်ရေးဇုန် (KADIZ) အောက်ရှိ စစ်ဆင်ရေး ဧရိယာ (AO) အတွင်း ဝင်ရောက်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက် အရင်းအမြစ် များက ပြောကြားခဲ့ ပါသည်။ စစ်ဆင်ရေး ဧရိယာ (AO) အတွင်းသို့ ပြည်ပ ရေယာဉ်များ ဝင်ရောက်ခြင်းသည် နိုင်ငံတကာ စည်းမျဉ်းများနှင့် မကိုက်ညီကြောင်း၊ တရုတ် အာဏာပိုင်များ အနေဖြင့် ပုံမှန် ရေကြောင်း လှုပ်ရှားမှု ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု
ပြောကြားသော်လည်း ၎င်းတို့သည် စစ်ဆင်ရေး ဧရိယာ (AO) အား အသိအမှတ်ပြုခြင်း မရှိကြောင်း သတင်း အရင်းအမြစ် များက ဖော်ပြခဲ့ ကြပါသည်။

http://bit.ly/XDXBth

မြ၀တီ
တရုတ် စစ်သင်္ဘောများသည် ကြိုတင် အကြောင်းကြားမှုမရှိဘဲ ပင်လယ်ဝါအတွင်းရှိ တောင်ကိုရီးယား၏ စစ်ဆင်ရေး ဇုန် ဖြစ်သော ရေပိုင်နက်အတွင်း ကင်းလှည့်မှုပြုလုပ် ခဲ့ကြောင်း တောင်ကိုရီးယား သတင်း အရင်းအမြစ် များက မတ်လ ၃ ရက် နေ့တွင် ဖော်ပြခဲ့ပါသည်။

ရခိုင်တိုင်းရင်းသားများ အလိုရှိနေသည့် ရခိုင်နိုင်ငံရေး ပါတီနှစ်ခု ပေါင်းစည်းရန် တရားဝင် ဆွေးနွေးနိုင်ခြင်း မရှိသေး

ရခိုင်တိုင်းရင်းသားများ အလိုရှိနေသည့် ရခိုင်နိုင်ငံရေး ပါတီနှစ်ခု ပေါင်းစည်းရန် တရားဝင် ဆွေးနွေးနိုင်ခြင်း မရှိသေး
Monday, March 4, 2013
   
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီတို့ကို ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပေါင်းစည်းရန် ရခိုင်တိုင်းရင်းသားများက အလိုရှိနေသော်လည်း ပေါင်းစည်းရန်အတွက် လက်ရှိအချိန်အထိ တရားဝင် ဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

''ရခိုင်ပြည်သူတွေ အလိုရှိတဲ့ ရခိုင်ပါတီနှစ်ခု ပူးပေါင်းဖို့ကို ကျွန်တော်တို့
ဘက်က အမြဲတံခါးဖွင့်ပြီး ကြိုဆိုနေပါတယ်။ ရခိုင်မှာလုပ်ခဲ့တဲ့ ရသေ့တောင် လူထုစည်းဝေးပွဲမှာ ကျွန်တော်တို့ပါတီနှစ်ခု ပူးပေါင်းဖို့ကို အားလုံးက တစ်ညီတစ်ညွတ်တည်း ဆန္ဒပြုခဲ့ပါတယ်။ ပါတီနှစ်ခုကြားမှာ ပူးပေါင်းဖို့ကို တရားဝင်ဆွေးနွေးနိုင်ခြင်းတော့ မရှိသေးပါဘူး။ ပါတီနှစ်ခု ပူးပေါင်းပြီးရင်တော့ ကျွန်တော်တို့အနေနဲ့ ဘယ်နေရာကမဆို ပါဝင်သွားမှာပါ'' ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။

ထို့အတူ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်ကလည်း ''ကျွန်တော်တို့ပါတီမှာ ဒီကိစ္စကို ဆွေးနွေးဖို့ ကော်မတီတစ်ရပ် ဖွဲ့ထားပါတယ်။ သူတို့ဘက်ကနေ အလွတ်သဘောမျိုး ဆွေးနွေးမှုတွေလုပ်ဖို့ ကမ်းလှမ်းထားတာ ရှိတယ်။ ကျွန်တော်တို့ကတော့ ပါတီနှစ်ခု ပူးပေါင်းရေးကို တာဝန်ရှိသူတွေနဲ့ တရားဝင် ဆွေးနွေးတာမျိုးတွေကို လုပ်ချင်တယ်။ ခုထိတော့ တရားဝင် ဆွေးနွေးနိုင်ခြင်း မရှိသေးပါဘူး'' ဟု ပြောသည်။

အလားတူပင် ''၁၉၉ဝ ရွေးကောက်ပွဲ စစ်တွေမဲဆန္ဒနယ်မှာ ရခိုင်တိုင်းရင်းသား ပါတီနှစ်ခု ပူးပေါင်းဖို့ မအောင်မြင်ခဲ့ဘဲ လူမျိုးခြားပါတီတစ်ခုက ရွေးကောက်ပွဲ အနိုင်ရသွားခဲ့တဲ့ သာဓကတစ်ခုလည်း ရှိခဲ့တယ်'' ဟု ဦးဦးလှစော က ပြောသည်။

တိုင်းရင်းသားပါတီများဖြစ်သည့် ချင်းအမျိုးသားပါတီနှင့် ချင်းတိုးတက်ရေး ပါတီတို့သည် လာမည့်မတ်လ မကုန်မီ တစ်ပါတီတည်းအဖြစ် ပူးပေါင်းသွားမည်ဖြစ်ကြောင်း ချင်းအမျိုးသားပါတီမှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။

ထိုသို့ ချင်းပါတီနှစ်ခု ပူးပေါင်းရန် ၂ဝ၁၂ ခုနှစ် မေလကတည်းက ပူးပေါင်းရေးကော်မတီ ဖွဲ့စည်းခဲ့ပြီး ယခုအခါ ပူးပေါင်းရန် ၇ဝ ရာခိုင်နှုန်းခန့် အဆင်ပြေနေပြီဖြစ်၍ မတ်လမကုန်မီ အပြီးသတ် ပူးပေါင်းသွားမည်ဖြစ်သည်။

ပါတီအမည်ကို 'ချင်း အမျိုးသား တိုးတက်ရေးပါတီ' ဟု ရည်ရွယ်
ထားကြောင်း ချင်းအမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က ပြောသည်။

Eleven Media Group

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့ကို ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ပေါင်းစည်းရန် ရခိုင်တိုင်းရင်းသားများက အလိုရှိနေသော်လည်း ပေါင်းစည်းရန် အတွက် လက်ရှိအချိန်အထိ တရားဝင် ဆွေးနွေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

မန်ယူ-ရီးယဲလ် မက်ဒရစ် ဒုတိယအကျော့ ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

မန်ယူ-ရီးယဲလ် မက်ဒရစ် ဒုတိယအကျော့ ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်
Monday, March 4, 2013

လာမယ့် အင်္ဂါနေ့ညမှာ ဥရောပ အင်အားကြီး အသင်းတွေဖြစ်တဲ့ အင်္ဂလန်ကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ စပိန်ကလပ် ရီးယဲလ် မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ဒုတိယ အကျော့ အဆုံးအဖြတ်ပွဲစဉ်ကို မန်ယူကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။

ဆာအဲလက် ဖာဂူဆန်ရဲ့ မန်ယူအသင်းဟာ ယခုပွဲမတိုင်ခင် နော်ဝစ် အသင်ကို ၄ ဂိုးပြတ်နဲ့ အနိုင်ကစားထားပြီး အောင်မြင်မှုကို ဆာလောင်နေကြောင်း ပြသထားပါတယ်။ 

အလားတူပဲ မော်ရင်ညိုရဲ့ ရီးယဲလ် မက်ဒရစ်အသင်းဟာ ဘာစီလိုနာ အသင်းအား ၄ ရက်အတွင်းမှာတင် ၂ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး အကောင်းဆုံး ခြေစွမ်းရရှိနေကြောင်း ပြသထားပြန်ပါတယ်။

ပထမ အကျော့မှာတုန်းကတော့ ရီးယဲလ်-မန်ယူ ပွဲရလဒ်ဟာ ၁-၁ နဲ့ ပြီးဆုံးခဲ့ပြီး ဒန်နီ ၀ဲဘက်ရဲ့ ဦးဆောင်ဂိုးကို ရော်နယ်ဒိုက လိုက်လံချေပခဲ့ပြီး ဘာနေဘောင်း ကွင်းထဲရှိ ပရိသတ် ၇ သောင်းကျော်ဟာ နှစ်ဖက်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို ရင်သပ်ရှုမောဖွယ် ကြည့်ခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ပွဲကြိုသတင်း

ဒီပွဲမှာ မန်ယူပရိသတ်တွေ မျှော်လင့်နေတဲ့ ဖေးလ် ဂျုန်း ဒဏ်ရာမှ သက်လာလာပြီး ပြန်လည် ကန်နိုင်ဖို့က အသင်းနိုင်ပွဲအတွက် အရေးကြီးနေပါတယ်။ တဖက်အသင်းရဲ့ တိုက်စစ်ကို လိုက်ဖျက်ရာမှာ ထူးချွန်တဲ့ ဂျုန်းစ်ဟာ ပထမပွဲစဉ်တုန်းက ရော်နယ်ဒိုကို အသေကပ် ကစားခဲ့ပြီး လှုပ်မရအောင် လိုက်ကစားခဲ့ပါတယ်။ မန်ယူနည်းပြ ဖာဂူဆန်ရဲ့ အဆိုအရ ဂျုန်းစ်ဟာ ဒဏ်ရာမှ ပြန်လည်သက်လာပြီး ၀င်ကစားနိုင်လိမ့်မယ်လို့ ESPN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဂျုန်းစ် မကန်နိုင်လျှင် ဖြစ်နိုင်ချေ ရှိတာကတော့ ပေါ စခိုးလ်၊ အန်ဒါဆင်၊ တွမ် ကလေဗာလေတို့ ၃ ယောက်ထဲမှ တယောက် ၀င်ကန်ရဖွယ် ရှိနေပါတယ်။ အန်ဒါဆင် ခြေစွမ်းဟာ နော်ဝစ်နဲ့ ပွဲစဉ်မှာ အတော်ညံ့နေခဲ့တာကြောင့် ချန်ပီယံလိဂ် လူစာရင်းမှာ ပါဝင်လာဖွယ်မရှိဘဲ ရုန်းအားကောင်းတဲ့ ကလေဗာလေ နေရာ ရဖို့ ရှိနေပါတယ်။ ပေါစခိုးလ် ကတော့ ရီးယဲလ်လို
ပြင်းထန်တဲ့ပြိုင်ဖက်နဲ့ ပွဲစဉ်မျိုးမှာ ပါဝင်လာဖွယ်မရှိဘဲ ပထမ ပွဲတုန်းကလို အရန်မှာတောင် ပါဝင်လာဖွယ် မရှိပါဘူး။

ဖာဂူဆန်ဟာ အလှည့်ကျ စနစ်နဲ့ ကစားသမားတိုင်းကို အခွင့်အရေး
ပေးနေပြီး ခြေစွမ်းပြနိုင်တဲ့ ကစားသမားတွေဟာ အဓိက ပွဲစဉ်တွေမှာ ပါဝင်လာတတ်ပါတယ်။ ပထမအကျော့မှာတုန်းက ဘာမှမလုပ်နိုင်ခဲ့တဲ့ ကာဂါဝါဟာ ပရီးမီးယား လိဂ်မှာတော့ ခြေစွမ်းထက်နေပြီး ပြီးခဲ့တဲ့ပွဲစဉ်မှာ
နော်ဝစ် အသင်းကို ၃ ဂိုး သွင်းယူနိုင်သည်အထိ ခြေစွမ်းပြထား
နိုင်တာကြောင့် ပထမ လူစာရင်းမှာ ပါဝင်လာဖွယ် ရှိနေပြန်ပါတယ်။

ပထမအကျော့ လူစာရင်းမှာ အံ့သြဖွယ် ပါဝင်လာခဲ့တဲ့ ဒန်နီ ၀ဲဘက်ဟာ ယခုပွဲမှာပါလည်း ဖာဂူဆန်ရဲ့ နည်းဗျုဟာအရ လိုအပ်နေတာကြောင့်
ပြန်လည်ပါဝင်လာဖွယ် ရှိပါတယ်။အထောင်တိုက်စစ်မှူး ဖြစ်ပေမယ့်လို့
တောင်ပံမှာလည်း အဖျက်နဲ့ တိုက်စစ်ကို ကြံ့ခိုင်မှုအားကိုးပြီး ကစားတတ်တာကြောင့် ဖာဂူဆန်ရဲ့ ၀ှက်ဖဲတချပ် ဖြစ်လာဖွယ်ရှိပြီး ဗလင်စီယာနဲ့ ယန်းတို့ကို ကျော်ဖြတ်ပြီး အရွေးခံရဖို့ များနေပါတယ်။

နော်ဝစ်နဲ့ ပွဲစဉ်မှာ အဓိက ကစားသမား တော်တော်များများကို အနားပေးခဲ့ပြီး နောက်တန်းမှာ ရာဖေးလ်နဲ့ ဖာဒီနန်တို့ ပြန်လည် ပါဝင်လာဖွယ်ရှိပြီး ဗီဒစ်ဟာ အရန်မှာသာ ပါဝင်လာဖို့ များနေပါတယ်။ ဖာဂူဆန်ရဲ့ အဆိုအရ ဖာဒီနန်နဲ့ ဗီဒစ်တို့ ၂ ဦးကို ယှဉ်တွဲပြီး အသုံးမပြုဘူးလို့ သိရပြီး ဖာဒီနန်အနေနဲ့ ပထမ အကျော့မှာတုန်းက
ခြေစွမ်းပြထားနိုင်တာကြောင့် ဒီပွဲမှာလည်း ပွဲဦးထွက်ကစားဖွယ် ရှိနေပါတယ်။

မန်ယူအသင်းရဲ့ ဖြစ်နိုင်ဖွယ်ရာ လူစာရင်း

(ဂိုး) ဒီဂီယာ၊ ရာဖေးလ်၊ ဖာဒီနန်၊ အီဗန်၊ အီဗရာ၊ ၀ဲယ်ဘက်၊ ကာရစ်၊ ဂျုန်းစ်၊ ကာဂါဝါ၊ ရွန်းနီ၊ ဗန်ပါစီ

ရီးယဲလ် မက်ဒရစ်ရဲ့ ပွဲကြိုသတင်း

ရီးယဲလ် မက်ဒရစ် အသင်းအတွက် အခုအချိန်ဟာ စိတ်ဓာတ် တက်ကြွမှု ဒီဂရီ အမြင့်ဆုံးသို့ ရောက်ရှိနေခိုက် ဖြစ်ပါတယ်။ အဓိကပြိုင်ဘက် ဘာစီလိုနာကို ၄ ရက်အတွင်း ၂ ကြိမ်ဆက်တိုက် အနိုင်ရလိုက်မှုဟာ အသင်းသားတွေရဲ့ အနိုင်ရလိုစိတ် ဘယ်လောက် ပြင်းထန်နေသလဲ
ဆိုတာ ပြသလိုက်သလိုပါပဲ။ ကိုပါဒယ်ရေး ဒုတိအကျော့ ပွဲစဉ်ကို ဘာကာကွင်းမှာ ကစားခဲ့ရပေမယ့် ၃ ဂိုး သွင်းယူနိုင်ခဲ့လို လာလီဂါမှာလည်း အိမ်ကွင်း ဘာနေဗျူး မှာ အဓိက ကစားသမားတွေကို အနားပေးပြီး ၂-၁ ဖြင့် အနိုင်ယူထားပါတယ်။

ဒီပွဲမှာ ရီးယဲလ် အသင်းခေါင်းဆောင် ကာဆီးလက် ဒဏ်ရာမှ ပြန်လည် သက်သာလာတာကြောင့် အင်္ဂလန်သို့ လာမယ့်လူစာရင်းမှာ ပြန်လည်
ပါဝင်လာပါတယ်။ ဒါပေမယ့် ဇန်န၀ါရီတုန်းက အရေးပေါ် ခေါ်ယူထားတဲ့ ဒီယေဂို လိုးပက် ဟာ လက်မှန်နေတာကြောင့် မော်ရင်ညိုအနေနဲ့ 
ဘယ်သူ့ကို ပွဲထုတ်မလဲဆိုတာ စိတ်ဝင်စားစရာပါ။

ဒါ့အပြင် ဘရာဇီးကစားသမား မာဆယ်လို ဟာလည်း ဒဏ်ရာမှ ပြန်လည် သက်သာလာတာကြောင့် အရန်လူစာရင်းမှာ ပြန်လည် ပါဝင်လာဖွယ် ရှိနေပါတယ်။ လာလီဂါပွဲစဉ်မှာ ဘာစီလိုနာ အားအနိုင်ယူခဲ့တဲ့ အသင်းထဲက ကာကာ၊ အက်ဆီယန်၊ မော်ဒရစ်၊ ပီပီ၊ ကယ်လီဟွန်၊ မိုရာတာတို့ အားလုံးဟာ
အရန်ခုံမှာသာ ထိုင်ရဖွယ်ရှိနေပြီး အနားရထားတဲ့ အာဘယ်လိုအာ၊ ခက်ဒီရာ၊ ဒီမာရီယာ၊ အိုဇေးလ်နဲ့ ရော်နယ်ဒိုတို့ အားလုံးဟာ ပထမ လူစာရင်းမှာ ပြန်လည်ပါဝင်လာမှာပါ။

၂ ဖက်အသင်း ဘယ်လိုနည်းဗျူဟာတွေ သုံးမလဲ

လက်ရှိအချိန်မှာ ခြေစွမ်းအကောင်းဆုံး ရရှိနေတဲ့ ရီးယဲလ် အသင်းဟာ ခံစစ်ကို အားပြုကစားပြီး ကောင်တာနဲ့ ထိုးဖောက် တိုက်စစ်ဆင်ကာ ဘာစီလိုနာ အသင်းအား အနိုင်ယူထားတဲ့ နည်းဗျူဟာကိုသာ ဆက်လက် အသုံးပြုဖွယ်ရှိနေပြီး မန်ယူအသင်းရဲ့ အားနည်းတဲ့ တောင်ပံ ခံစစ်တွေကို
ရော်နယ်ဒိုနဲ့ ဒီမာရီယာရဲ့ လျှင်မြန်မှုတွေနဲ့ ထိုးဖောက်ကစားဖွယ် ရှိနေပါတယ်။

မန်ယူအသင်းမှာလည်း တလုံးဆိုတလုံး ဂိုးသွင်းသေချာတဲ့ ဗန်ပါစီ ရှိနေခြင်းဟာ အားသာချက်ဖြစ်နေပြီး ဒုတိယပိုင်းမှာ လူစားလဲ ၀င်လာနိုင်တဲ့ ဂစ်နဲ့ ယန်းတို့ရဲ့ တိုက်စစ်ဟာလည်း ကြောက်ဖို့ ကောင်းပါတယ်။ အထူးသဖြင့် မန်ယူ အသင်းရဲ့ တိုက်စစ်ဟာ အိမ်ကွင်းမှာ ပိုမိုထက်မြက်လေ့ရှိတာကြောင့် မန်ယူအသင်းဟာ နောက်တဆင့်
တက်ဖို့ နှာတဖျားသာနေပါတယ်။ 

အလားတူ ဂိုးသွင်းအား တက်နေတဲ့ ရီးယဲလ်အသင်းဟာလည်း မော်ရင်ညိုရဲ့ မထင်မှတ်တဲ့ နည်းဗျုဟာတွေနဲ့ ချန်ပီယံလိဂ်ကို အတင်းအားသွန် ကစားနေတာကြောင့် နှစ်ဖက်အသင်း ပရိသတ်တွေသာမက
ဘောလုံးပရိသတ် အားလုံး နှစ်ခြိုက်မယ့် ပွဲစဉ်တခု ဖြစ်စေမှာပါ။

ပွဲချိန်

မန်ယူ – ရီးယဲလ် မက်ဒရစ်
မြန်မာစံတော်ချိန် မတ် ၅ ရက် အင်္ဂါနေ့ည (၂း၁၅)

ဆောင်းဦးလင်း
ဧရာဝတီ

လာမယ့် အင်္ဂါနေ့ညမှာ ဥရောပ အင်အားကြီး အသင်းတွေဖြစ်တဲ့ အင်္ဂလန်ကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ စပိန်ကလပ် ရီးယဲလ် မက်ဒရစ်တို့ရဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ အဆုံးအဖြတ်ပွဲစဉ်ကို မန်ယူကွင်း အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ကစားရတော့မှာ ဖြစ်ပါတယ်။

နှစ်နှစ်အရွယ် ကလေးတစ်ဦးတွင် အိတ်ခ်ျအိုင်ဗွီကို ပထမဆုံးအကြိမ် ကုသပျောက်ကင်းခဲ့ကြောင်း သုတေသန ပညာရှင်များ ပြောကြား




အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်တွင် မွေးရာပါ အိတ်ခ်ျအိုင်ဗွီ ဝေဒနာရှင် နှစ်နှစ်အရွယ် ကလေးငယ် တစ်ဦးကို ပထမဆုံးအကြိမ် အောင်မြင်စွာ ကုသနိုင်ခဲ့ကြောင်း သုတေသန ပညာရှင်များက မတ်လ ၃ ရက်နေ့တွင် ကြေညာခဲ့သည်။

တန်ဖိုးနည်းမိုဘိုင်းဖုန်း ဧပြီ ၁ ရက်နေ့ စတင်ရောင်းချမည်တန်ဖိုးနည်းမိုဘိုင်းဖုန်း ဧပြီ ၁ ရက်နေ့ စတင်ရောင်းချမည်

တန်ဖိုးနည်းမိုဘိုင်းဖုန်း ဧပြီ ၁ ရက်နေ့ စတင်ရောင်းချမည်
Monday, March 4, 2013

ဧပြီ ၁ ရက်နေ့က စပြီး တန်ဖိုးနည်းမိုဘိုင်းဖုန်းတွေကို စတင်ရောင်းချပေးမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းလက်ထောက် အင်ဂျင်နီယာချုပ် ဦးစိုးအောင်ထံက သိရပါတယ်။

ပထမနှစ် မိုဘိုင်းလေးသန်းတိုးချဲ့စီမံကိန်းပြည့်မှီဖို့အတွက် လူတိုင်းလက်လှမ်းမှီနိုင်မယ့် ဈေးနှုန်းနဲ့မိုဘိုင်းဖုန်းတွေကို ဧပြီ ၁ ရက်နေ့ကစပြီး ရောင်းချပေးသွားမယ်။ ဈေးနှုန်းကတော့ အတိအကျအတည်မပြုရသေးတဲ့အတွက် လောလောဆယ် ပြောလို့မရသေးပါဘူး။ သမ္မတရုံးက ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြောတဲ့အတိုင်း ဧပြီ ၁ ရက်ကို ရောင်းချနိုင်ဖို့ မှန်းထားပါတယ်လို့ ဦးစိုးအောင်က ပြောပါတယ်။

မိုဘိုင်း တိုးချဲ့ စီမံကိန်းအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုဘိုင်း တာဝါတိုင်စခန်းပေါင်း ၁၅၀၀ ကျော်တည်ဆောက်ပြီးပြီလို့ဆိုပါတယ်။ ပထမနှစ်စီမံကိန်းအတွက် လက်ရှိမှာ မိုဘိုင်းတိုးချဲ့အလုံးရေ ၂.၃ သန်းအထိ ချပေးထားပြီး ဖြစ်တယ်လို့ဆိုတယ်။ ထပ်မံရောင်းချပေးမယ့် မိုဘိုင်းဖုန်းတွေကတော့ သရီးဂျီမိုဘိုင်းအမျိုးအစားတွေဖြစ်ပါတယ်။ လက်ရှိမှာတော့ မိုဘိုင်းဆင်းကတ်အရောင်းကို ခေတ္တရပ်နားထားတယ်
လို့သိရပါတယ်။

The Modern News Journal

ဧပြီ ၁ ရက်နေ့က စပြီး တန်ဖိုးနည်းမိုဘိုင်းဖုန်းတွေကို စတင်ရောင်း ချပေး မယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းလက်ထောက် အင်ဂျင်နီယာချုပ် ဦးစိုးအောင်ထံက သိရပါတယ်။

ဖင်လန်က မြန်မာဖွံ့ဖြိုးရေးအတွက် ယူရို ၆ သန်းခွဲ ကူညီမည်


တနင်္လာနေ့၊ မတ်လ ၀၄ ရက် ၂၀၁၃ ခုနှစ် ၁၃ နာရီ ၅၂ မိနစ် ခင်မျိုးသွယ်

ရန်ကုန် (မဇ္ဈိမ)။ ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖင်လန်နိုင်ငံမှ ယူရိုငွေ ၆သန်းခွဲ (အမေရိကန်ဒေါ် လာ ၈ သန်းခွဲခန့်) အကူအညီပေးသွားမည်ဟု ဖင်လန်နိုင်ငံ သမ္မတ က ပြောကြားလိုက်သည်။

လယ်ယာမြေများအား မတ်လကုန် နောက်ဆုံးထား မှတ်ပုံတင်ရမည်ဟု သတ်မှတ်ခြင်းမှာ ကုမ္ပဏီကြီးများကို လယ်ယာမြေပိုင်ဆိုင်ခွင့် ပေးလိုက်ခြင်းဟု ဝေဖန်မှုများ ရှိလာပြီးနောက် သတ်မှတ်ကာလတိုးမြှင့်




လယ်ယာမြေသိမ်းယူမှု ပြဿနာများအား ဖြေရှင်းမှုမပြုနိုင်မီ လယ်ယာမြေမှတ်ပုံတင် လုပ်ငန်းများအား ၂၀၁၃ ခုနှစ် မတ်လကုန်အပြီးမှတ်ပုံတင်စေခြင်းမှာ သိမ်းယူထားသည့်ကုမ္ပဏီကြီးများအား ပိုင်ဆိုင် ခွင့် ပေးလိုက်ခြင်းသာ ဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် လယ်ယာမြေ မှတ်ပုံတင်ကာလအား ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကုန်အထိ တိုးမြှင့်လိုက်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဋ္ဌာန ၏ ထုတ်ပြန်ချက်အရ မတ်လ ၃ ရက်နေ့က သိရှိရသည်။

မြန်မာ၏ ပြုပြင်ပြောင်းလဲရေးအစိုးရ နိုဗယ်ဆုရနိုင်ဟု ဖင်လန်သမ္မတဟောင်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဆို

Photo: မြန်မာ၏ ပြုပြင်ပြောင်းလဲရေးအစိုးရ နိုဗယ်ဆုရနိုင်ဟု 
ဖင်လန်သမ္မတဟောင်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဆို
Monday, March 4, 2013

ဖင်လန်နိုင်ငံ၏ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မာတီ အာထစ်
ဆရီက မြန်မာ၏ ပြုပြင်ပြောင်းလဲရေးအစိုးရသည် နိုဗယ်ဆု
ဆွတ်ခူးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။

အာထစ်ဆရီ သည် မြန်မာ၏ပြုပြင်ပြောင်းလဲရေးသမ္မတ
ဦးသိန်းစိန်နှင့် ဖင်လန်မြို့ တော်ဟယ်ဆင်ကီတွင် တွေ့ ဆုံ
ခဲ့ပြီးနောက် ဤသို့ ပြော ကြားခဲ့ခြင်းဖြစ်သည်။

သမ္မတဦးသိန်းစိန် ဟယ်ဆင်ကီသို့ ရောက်ရှိစဉ် ဖင်လန် အစိုးရက မြန်မာအားဖွံ့ ဖြိုးရေး အကူအညီအဖြစ် ယူရို
၆ ဒဿမ ၅ သန်း (ဒေါ်လာ ၈ ဒဿမ ၄ သန်း) ပေးအပ် သွားရန်ကြေငြာခဲ့သည်။

ယခင်က ဖင်လန်သမ္မတအဖြစ်လည်း တာဝန်ယူခဲ့သူ
နိုဗယ်ဆုရှင် မစ္စတာအာထစ်ဆရီ က မြန်မာအစိုးရသည်
၎င်းတို့ အကောင်အထည်ဖေါ် ဆောင်ရွက်နေသော ဒီမို ကရေစီအသွင်ကူးပြောင်းရေးများ ပြီးပြည့်စုံအောင်မြင် သွားပါက နိုဗယ်ငြိမ်းချမ်းရေးဆုအတွက် အရေးပါသည့်
ဆန်ကာတင်စာရင်းဝင် ဆုရှင်ဖြစ်လာနိုင်သည်ဟု ယုံကြည်
ကြောင်း ပြောသည်။

အာထစ်ဆရီ ကိုယ်တိုင်လည်း ၂၀၀၈ အတွက် ငြိမ်ချမ်းရေးနိုဗယ်ဆုကို နိုင်ငံတကာပဋိပက္ခများစွာ၌ ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆောင်ရွက် ခဲ့မှုကြောင့်
ရရှိခဲ့ခြင်း ဖြစ်သည်။

၎င်းက မြန်မာအစိုးရသည် သမ္မတဦးသိန်းစိန်၏ လက်
အောက်၌ “ဥပမာအားဖြင့် ကြားဖြတ်အစိုးရ တစ်ရပ်က လုပ်ဆောင်သည်ထက် ပိုမြန် သည့် ရလဒ်များကို
လျင်မြန်စွာရခဲ့ကြောင်း ” အသိအမှတ်ပြုပြောကြားသည်။

ယင်းပြင်၎င်းက သမ္မတ ဦးသိန်းစိန်အားလည်း တိုင်းပြည်ကို အသွင်ပြောင်းလဲရေး အားထုတ်မှုများ ဆက်လက်လုပ်ဆောင်
သွားရန်နှင့် အပြောင်းအလဲသည် အတွင်းမှသာလာကြောင်း
ပြောဆိုခဲ့သည်။

ဖင်လန်သမ္မတ ဆော်လီ နင်နစ္စတိုသည် မြန်မာသမ္မတနှင့်
သောကြာနေ့ က တွေ့ ဆုံခဲ့ပြီးနောက် မြန်မာသို့ ဖွံ့ ဖြိုးရေး
အကူအညီ ယူရို ၆ ဒဿမ ၅ သန်းပေးရန် ကြေငြာခဲ့သည်။

ယင်းနောက် မြန်မာသမ္မတနှင့် ပူးတွဲပြုလုပ်သော သတင်းစာ
ရှင်းလင်းပွဲ၌ ၎င်းက “ဖင်လန်ဟာ မြန်မာကို ပူးပေါင်းသွားဖို့ 
ဆန္ဒရှိပါတယ်။ လူ့အခွင့်အရေး တိုးတက်ဖို့ ခြေလှမ်းတွေလည်း စတင်ခဲ့ပါပြီ”ဟု ပြောကြားသည်။

သံတမန်ရင်းမြစ်များ၏ အဆိုအရ ဖင်လန်၏ထောက်ပံ့ရေး အကူအညီများသည် မြန်မာသို့ ၂၀၁၄ မှ ၂၀၁၆ အတွင်း
ပေးအပ်သွားမည်ဟု သိရသည်။

Ref: AFP
The Myanma Age


ဖင်လန်နိုင်ငံ၏ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မာတီ အာထစ် ဆရီက မြန်မာ ၏ ပြုပြင်ပြောင်းလဲရေးအစိုးရသည် နိုဗယ်ဆုဆွတ်ခူးနိုင်မည်ဟု ယုံ ကြည်ကြောင်း ပြောကြားလိုက်သည်။

ကမ္ဘာ့ လုံခြုံရေး အဆင့်အမြင့် ဆုံး USB DRIVE

ကမ္ဘာ့ လုံခြုံရေး အဆင့်အမြင့် ဆုံး USB DRIVE
------------------------------------------------

myIDkey လို့ အမည်ပေးထားတဲ့ USB Drive ဖြစ်ပါတယ်။ ကမ္ဘာ့ အလုံခြုံဆုံး USB Drive လို့ စံချိန်တင် ပါတယ်။

အသံနဲ့ မှတ်သားပြီးတော့ ယင်းအသံကြားမှ USB က သုံးလို့ရတာမျိုး၊ Lock ပွင့်သွားတာ မျိုးတို့ ဖြစ်ပါတယ်။ အသံနဲ့ မဟုတ်လည်း လက်ဗွေရာနဲ့ မှတ်သား နိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ မရမက ခိုးလို့ အချက် အလက်ဖောက်ဖို့ ကြိုးစားရင် အတွင်းက အချက် အလက်တွေကို အလိုအလျောက် ဖျက်ဆီး သွားအောင် Option လည်း ပေးထားလို့ ရပါတယ်။

Bluetooth Device အနေနဲ့လည်း အသုံးပြုလို့ ရပါတယ်။ သူ့ Bluetooth ကလည်း Secure ဖြစ်ပြီး တစ်ယောက်ယောက်က Access လုပ်ဖို့ ကြိုးစားရင် Alarm မြည်မှာ ဖြစ်ပါတယ်။ LED မျက်နှာပြင်လည်း ပါရှိပါတယ်။

ဒါကြောင့် myIDkey ကို ကမ္ဘာ့ အလုံခြုံဆုံး USB နဲ့ Bluetooth Device အဖြစ် သတ်မှတ် လိုက်ကြောင်း သိရပါတယ်။

Ref: gadgets
From : Yoyarlay

http://bit.ly/15qhmry

myIDkey လို့ အမည်ပေးထားတဲ့ USB Drive ဖြစ်ပါတယ်။ ကမ္ဘာ့ အလုံခြုံဆုံး USB Drive လို့ စံချိန်တင် ပါတယ်။
အသံနဲ့မှတ်သားပြီးတော့ ယင်းအသံကြားမှ USB က သုံးလို့ ရတာ မျိုး၊ Lock ပွင့်သွားတာ မျိုးတို့ ဖြစ်ပါတယ်။ အသံနဲ့ မဟုတ်လည်း လက်ဗွေ ရာနဲ့ မှတ်သားနိုင်ပါတယ်။ ဒီလိုမဟုတ်ပဲ မရမကခိုးလို့ အချက် အလက်ဖောက်ဖို့ ကြိုးစားရင် အတွင်းက အချက်အလက်တွေကို အလို အလျောက်ဖျက်ဆီးသွားအောင် Option လည်း ပေးထားလို့ ရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးကယ်ရီ ဆော်ဒီအာရေဗျ ရောက်ရှိ

နိုင်ငံခြားရေးဝန်ကြီးကယ်ရီ ဆော်ဒီအာရေဗျ ရောက်ရှိ 

မတ် ၄ ရက်၊ ၂၀၁၃

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) ဟာ ဆော်ဒီအာရေဗျနိုင်ငံ Riyadh မြို့တော်မှာ ရောက်ရှိနေပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းကတော့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ အီဂျစ်သမ္မတတွေ့ဆုံခဲ့ပြီး အီဂျစ်နိုင်ငံအတွက် ဘဏ္ဍာရေး အထောက်အပံတွေပေးဖို့ ကတိပြုခဲ့ပါတယ်။ ဒေသတွင်း အမေရိကန်ရဲ့ အဓိက မဟာမိတ်နိုင်ငံဖြစ်တဲ့ အီဂျစ်နိုင်ငံအတွက် အရေးကြီးတဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လုပ်ဖို့အတွက် ဒေါ်လာ သန်း ၄၅၀ ပေးမယ့် အစီအစီအစဉ်ထဲက ဒေါ်လာသန်း ၁၉၀ ကို အမေရိကန်က ချက်ချင်းပေးမှာဖြစ်တယ်လို့ အီဂျစ်ကို
နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပထမဆုံးရောက်ရှိခဲ့တဲ့ ဝန်ကြီး ကယ်ရီက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အီဂျစ်နိုင်ငံက စွန့်ဦးတီထွင်သူတွေနဲ့ လူငယ်တွေကို အားပေးကူညီဖို့ အမေရိကန်အစိုးရ က နောက်ထပ် သန်း ၆၀ ထောက်ပံ့မယ်လို့လည်း သူက ကတိပေးခဲ့ပါတယ်။ ဘဘောထားကွဲမှုတွေ ကြီးကြီးမားမားရှိနေတဲ့ အီဂျစ်နိုင်ငံ တည်ငြိမ်ရေးအတွက် နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို လုပ်ပါမယ်လို့ သမ္မတမော်စီက အာမခံခဲ့ပါတယ်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ဒေါ်လာ ၄.၈ ဘီလျံ အကူအညီပေးရေးအတွက် လနဲ့ချီ သဘောတူမှု မရနိုင်သေးတာကို အပြီးသတ် သဘောတူညီမှုရရှိအောင်လုပ်ပါမယ်လို့လည်း အီဂျစ်သမ္မတ မော်စီက ကတိပြုခဲ့ပါတယ်။

တနင်္ဂနွေနေ့ ညနေပိုင်းတုန်းကတော့ ကိုင်ရိုမြို့လယ်က Tahrir ရင်ပြင်မှာ ပြုပြင်ပြောင်းလဲရေး တောင်းဆို ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေကြား အထိကရုန်းတွေ ဖြစ်ပွားခဲ့ပါတယ်။ မတည်ငြိမ်သေးတဲ့ Port Said မြို့မှာလည်း အလားတူ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေ ပဋိပက္ခဖြစ်ခဲ့ကြပါတယ်။

VOA

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) ဟာ ဆော်ဒီ အာရေဗျနိုင်ငံ Riyadh မြို့တော်မှာ ရောက်ရှိနေပါတယ်။ တနင်္ဂနွေနေ့ အစောပိုင်းကတော့ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တော်မှာ အီဂျစ်သမ္မတတွေ့ ဆုံခဲ့ပြီး အီဂျစ်နိုင်ငံအတွက် ဘဏ္ဍာရေး အထောက်အပံတွေပေးဖို့

ဂျော်ဒန်နိုင်ငံ ဆန္ဒပြအလုပ်သမား ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်း

ဂျော်ဒန်နိုင်ငံ ဆန္ဒပြအလုပ်သမား ကိုယ်စားလှယ်တွေနဲ့ တာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်း

မတ် ၄ ရက်၊ ၂၀၁၃

ဂျော်ဒန်နိုင်ငံ၊ အာမန်မြို့တော်အနီး CMJ အထည်ချုပ်စက်ရုံက မနေ့က ဆန္ဒပြမှုမှာ အကြမ်းဖက်ခံရပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ မြန်မာအမျိုးသမီး (၄) ဦး ကိစ္စနဲ့ ပတ်သက်ပြီး ဂျော်ဒန်နိုင်ငံသူ ရှေ့နေနဲ့ စက်ရုံ တာဝန်ရှိသူတွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ ဒီကနေ့ မတ် ၃ ရက်နေ့မှာ ဆွေးနွေးညှိနှိုင်းနေကြောင်း သိရပါတယ်။

CMJ စက်ရုံက မြန်မာ အလုပ်သမားတွေရဲ့ ဒီကနေ့ အခြေအနေတွေကို ဆန္ဒပြ အလုပ်သမားတစ်ဦးဖြစ်တဲ့ ကိုခင်ဇော်ထွန်းက RFA ကို အခုလို ပြောပြပါတယ်။

" အခုကျွန်တော်တို့ဆီမှာ မြန်မာနိုင်ငံကနေ လာရောက်ဖြေရှင်းပေးကြတယ်၊ ဒဏ်ရာရတဲ့သူ ၄ ဦးရဲ့ ဆေးစာကို ယူပြီး ရဲစခန်းမှာအမှုဖွင့်ပြီး တရားပြန်စွဲတဲ့သဘောမျိုးလုပ်ပြီး နစ်နာကြေးတောင်းခံပေးသွားမယ်လို့ ပြောသွားခဲ့ပါတယ်၊ ကျန်တဲ့သူတွေကိုတော့ သူ့နည်း သူ့ဟန်နဲ့ အပြင်မထွက်ပဲနေကြတယ်၊ တခြားကုမ္ပဏီ ဝန်ထမ်းတွေဆီက အလှူငွေတွေကောက်ခံပြီး ထောက်ပံ့ကူညီဖို့ လုပ်နေတယ်"

ဂျော်ဒန်နိုင်ငံက CMJ အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား တစ်ထောင့် သုံးရာကျော်ဟာ စက်ရုံက ကျွေးတဲ့ အစားအသောက်ညံ့ဖျင်းမှု၊ အုပ်ချုပ်ရေးအရာရှိတွေရဲ့ ဆက်ဆံရေးညံ့ဖျင်းမှု၊ လစာငွေနည်းပါးမှု စတာတွေနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ သီတင်း နှစ်ပတ်ကျော်ကတည်းက အလုပ်မဆင်းပဲ ဆန္ဒပြ တောင်းဆိုနေခဲ့ကြပါတယ်။

မနေ့ကတော့ အလုပ်သမား ကြီးကြပ်ရေးမှူးတွေနဲ့  ဂျော်ဒန်နိုင်ငံသားတချို့က ဆန္ဒပြသူတွေကို အကြမ်းဖက် တိုက်ခိုက်တဲ့အတွက် မြန်မာ အမျိုးသမီး ၄ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။

အဲဒီစက်ရုံမှာ လုပ်ကိုင်နေသူတွေဟာ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ဖြစ်ပြီး အမျိုးသားဦးရေ ၁၀၀ ကျော် နဲ့ အမျိုးသမီးငယ် ၁၈၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

RFA

ဂျော်ဒန်နိုင်ငံ၊ အာမန်မြို့တော်အနီး CMJ အထည်ချုပ်စက်ရုံက မနေ့က ဆန္ဒပြမှုမှာ အကြမ်းဖက်ခံရပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့ မြန်မာအမျိုးသမီး (၄) ဦး ကိစ္စနဲ့ ပတ်သက်ပြီး ဂျော်ဒန်နိုင်ငံသူ ရှေ့နေနဲ့ စက်ရုံ တာဝန်ရှိ သူတွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ ဒီကနေ့ မတ် ၃ ရက်နေ့ မှာ ဆွေးနွေးညှိနှိုင်းနေကြောင်း သိရပါတယ်။