Saturday, March 2, 2013

တောင်သူ လယ် သမားနေ့ ပြောင်းလဲ သတ်မှတ်နိုင်ရေး တောင်းဆိုမည်

Photo: တောင်သူလယ်သမားနေ့ ပြောင်းလဲသတ်မှတ်နိုင်ရေး တောင်းဆိုမည်
saturday, March 2, 2013

မြန်မာနိုင်ငံ၏ တောင်သူလယ်သမားနေ့ကို ပြောင်းလဲသတ်မှတ်နိုင်ရေးအတွက် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား အဖွဲ့ချုပ်က တောင်းဆိုသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယခုကဲ့သို့ တောင်သူလယ်သမားနေ့အား ပြောင်းလဲသတ်မှတ်ရန် တောင်းဆိုရခြင်းမှာ လက်ရှိသတ်မှတ်ထားသည့် တောင်သူလယ်သမားနေ့ မတ်လ ၂ ရက်နေ့သည် စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်း မြန်မာနိုင်ငံအား အာဏာသိမ်း သည့်နေ့ဖြစ်သည့်အတွက် ယင်းမတ်လ ၂ ရက်နေ့အစား ဆရာစံဦးဆောင်သော တပ်ဖွဲ့ဝင်များ အင်္ဂလိပ်အား တိုက်ခိုက် အောင်နိုင်သည့်နေ့ကို ပြောင်းလဲသတ်မှတ်ပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။
“တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအဖွဲ့ချုပ်က ဦးဆောင်ပြီးတော့ တောင်သူလယ်သမားနေ့ ပြောင်းလဲသတ် မှတ်ပေးဖို့အတွက် တောင်းဆို သွားမှာပါ။ တက်ကျွမ်းတဲ့ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ တောင်သူလယ်သမား ဥပဒေပါ အချက်တွေထဲက ပြင်သင့်တာကိုပြင်နိုင်အောင်၊ ဖျက် သင့်တာကို ဖျက်နိုင်အောင် တောင်သူတွေရဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိနိုင်အောင် တောင်းဆိုသွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။
နိုင်ငံလူဦးရေ ရာခိုင်နှုန်း ၇၀ ကျော်ဖြစ်သော တောင်သူလယ်သမာများ၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရန် စက်တင်ဘာလ ၈ ရက်နေ့တွင် နိုင်ငံလုံးဆိုင်ရာ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ဇန်နဝါရီလ ၁ ရက်နေ့ကို တောင်သူလယ်သမားနေ့ပာု သတ်မှတ်ခဲ့ပြီး ၁၉၆၂ ခုတွင် တော်လှန်ရေး ကောင်စီလက်ထက်၌ တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲများကို ကျင်းပပြုလုပ်၍ မတ်လ ၂ ရက် နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း သိရသည်။

မြန်မာ့သားကောင်း မြန်မာနိုင်ငံ၏ တောင်သူလယ်သမားနေ့ကို ပြောင်းလဲသတ်မှတ်နိုင်ရေး အတွက် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားအဖွဲ့ချုပ် က တောင်းဆိုသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။

တရုတ် နယ်စပ် က ကိုယ်ထူ ကိုယ်ထ အမျိုး သမီးများ

Photo: တရုတ်နယ်စပ်က ကိုယ်ထူကိုယ်ထ အမျိုးသမီးများ

Saturday, March 2, 2013


တရုတ်-မြန်မာနယ်စပ် ဒေသတခုတွင် အမျိုးသားတို့က ဆေးစွဲနေကြသဖြင့် အမျိုးသမီးတို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေကြသည်။

နေရာမှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းရှိ မုန်းပေါ်ဒေသဖြစ်သည်။ 

အမျိုးသားတို့က မူးယစ်ဆေးမျိုးစုံကို စွဲလန်းသည့် အဆင့်ရောက်သွားပြီးနောက် ခိုးဝှက်မူ တနေ့တခြား များပြားလာခြင်းကို မခံနိုင်သည့် မိခင်များ စုပေါင်းကာ မုံးပေါ်ဇုံ ပြည်သူလူထု မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေးအသင်းကို လွန်ခဲ့သည့် ၇ လက ဖွဲ့စည်းခဲ့သည်။

“အင်တိုက်အားတိုက် လုပ်လာတာ .... ခုဆိုရင် တော်တော်လျော့ပါးသွားပါပြီ။ ၆၀ ရာခိုင်နှုန်း အောင်မြင်တယ်လို့ ပြောလို့ရပါတယ်” ဟု အဖွဲ့အတွင်းရေးမှူး ဒေါ်အက်စတာက ပြောသည်။

ပေါ်ပေါက်လာသည့် အမေများ၊ အစ်မများအဖွဲ့သည် အုပ်စုလိုက် ရွာစဉ်လှည့်ပြီး ဆေးသုံးစွဲသူများ၊ ရောင်းချသူများကို ရှာဖွေကာ မူးယစ်ဆေး သိမ်းယူခြင်း၊ ပညာပေးခြင်းများကို ပြုလုပ်လျက်ရှိသည်။

ပထမအဆင့် ပညာပေးခြင်း၊ ဒုတိယအဆင့် သတိပေးခြင်း စသည့် နည်းများ အသုံးပြုကာ ဆောင်ရွက်နေကြပြီး တတိယအဆင့်မှာ အာဏာပိုင်တို့၏ ဖမ်းဆီး အရေးယူခြင်း ဖြစ်သည်။

၂၀၁၂ - ၂၀၁၅ အတွင်း မုံးပေါ်ဇုံ တ၀ိုက်တွင် မူးယစ်ဆေးဝါး လုံးဝ ကင်းစင်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေကြောင်း၊ 
သိမ်းဆည်းရမိသည့် မူးယစ်ဆေးများကို ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း မုံးပေါ်ဈေးအနီး လူမြင်ကွင်းတွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကျေးလက်ဒေသ ပညာပေးမှု အစီအစဉ်တွင် ပြဇာတ်၊ သီချင်း သီဆိုကပြသည့် နည်းလမ်းကိုလည်း အသုံးပြုသည်ဟု ဆိုသည်။ 

အောင်မြင်မှုများ ရှိသော်လည်း အားမရသည့်အပိုင်းလည်း ရှိသည်ဟု အမျိုးသမီးများက ပြောသည်။

ယင်းမှာ ယခုနှစ်အတွင်း ဒေသခံ ပြည်သူစစ်တို့ ပူးပေါင်း ဆောင်ရွက်လိုမှု နည်းပါးလာခြင်းဖြစ်သည်ဟု ဆိုသည်။ 

ပြည်သူ့စစ် ဆိုသည်မှာ အာဏာပိုင်တို့ အသိအမှတ်ပြုထားသော ဒေသခံ လက်နက်ကိုင် အဖွဲ့ဖြစ်သည်။

“မနှစ်တုန်းကလောက် တက်တက်ကြွကြွ မရှိကြတော့ဘူး။ သူများအိမ်တွေ ၀င်ရှာရတာ ဆိုတော သူတို့ပါတော့ အဟန့်ကောင်းတယ် ” ဟု 
မူးယစ်ဆေး တိုက်ဖျက်ရေးအသင်းတွင် ပါဝင်သူတဦးက ပြောသည်။



လဖိုင် တရုတ်-မြန်မာနယ်စပ် ဒေသတခုတွင် အမျိုးသားတို့ က ဆေးစွဲနေကြ သဖြင့် အမျိုးသမီးတို့က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ကိုယ်ထူကိုယ် ထ ဆောင်ရွက်နေကြသည်။

ပြည်ပနိုင်ငံများ ပါဝင်သော ဆန်စက်နှင့် လယ်ယာထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာပြပွဲ နေပြည်တော်တွင်ကျင်းပ

Photo: ပြည်ပနိုင်ငံများ ပါဝင်သော ဆန်စက်နှင့် လယ်ယာထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာပြပွဲ နေပြည်တော်တွင်ကျင်းပ
Saturday, March 2, 2013

ပြည်ပနိုင်ငံများ ပါဝင်သော ဆန်စက်နှင့် လယ်ယာထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာပြပွဲကို တောင်သူ လယ်သမားနေ့တွင် နေပြည်တော်ကွန်ဗင်းရှင်းစင်တာ၌ ပြသလျက်ရှိသည်။ 
၂ဝဝ၄ ခုနှစ်က ဆန်စက် အဆင့်မြင့် ပြပွဲပြုလုပ်ခဲ့ပြီးနောက် ရပ်နားခဲ့ရာမှ ယခုနှစ်တွင် ပြန်လည် ပြသခြင်းဖြစ်ပြီး ဂျပန်၊ထိုင်း၊ တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့်
အနောက်နိုင်ငံတို့ကို ပါဝင်ကာ စီးပွား /ကူးသန်း၊ ဆန်စပါး အသင်းချုပ်နှင့် ဆန်စပါးအများပိုင် ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်မှု ဖြင့် 
် ပြုလုပ်ခြင်းဖြစ်သည်။ 

Popular Myanmar News Journal
ပြည်ပနိုင်ငံများ ပါဝင်သော ဆန်စက်နှင့် လယ်ယာထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာပြပွဲကို တောင်သူ လယ်သမားနေ့တွင် နေပြည်တော် ကွန်ဗင်းရှင်းစင်တာ၌ ပြသလျက်ရှိသည်။ ၂ဝဝ၄ ခုနှစ်က ဆန်စက် အဆင့်မြင့် ပြပွဲပြုလုပ်ခဲ့ပြီးနောက် ရပ်နားခဲ့ရာမှ ယခုနှစ်တွင် ပြန် လည် ပြသ ခြင်းဖြစ်ပြီး ဂျပန်၊ ထိုင်း၊ တရုတ်၊ တောင်ကို ရီးယား၊ အိန္ဒိယနှင့် အနောက်နိုင်ငံတို့ကို ပါဝင်ကာ စီးပွား /ကူးသန်း၊ ဆန်စပါး အသင်းချုပ်နှင့် ဆန်စပါးအများပိုင် ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင် မှု ဖြင့်  ပြုလုပ်ခြင်းဖြစ် သည်။

Popular Myanmar News Journal

MLTR အဖွဲ့၏ဖျော်ဖြေပွဲကို ယခု ၃၁ ရက်တွင် ရန်ကုန်မြို့  ပြည်သူ့ရင်ပြင်၌ပြုလုပ်မည်

မိုက်ကယ်လန်းရော့ခ်ဂီတအဖွဲ့ ပရိသတ်များအနေဖြင့် မိမိနှစ်သက်ရာ MLTR အဖွဲ့၏ တေးသီချင်းများကို ကိုယ်တိုင်သီဆို၊ ကခုန်ကာ ဆဲလ်ဖုန်းသို့မဟုတ် ဒစ်ဂျစ်တယ်ကင်မရာဖြင့်ရိုက်ကူးထားသည့် ဗီဒီယိုများဖြင့် အခမဲ့လက်မှတ်အပါအ၀င် အခြားသော ကံစမ်းမဲများကို ကံစမ်းခွင့်ရရှိမည်ဖြစ်ကြောင်းသတင်းရရှိသည်။