Friday, February 22, 2013

ဂျိုးဖြူ ပိုက်လုံး ၏ လုံခြုံရေး ဧရိယာ အတွင်း ကျရောက်နေသော ထောက်ကြန့် ပိုက်လုံးတန်း ပျံကျဈေးကို ဖေဖော်ဝါရီ ၂၄ ရက် နောက်ဆုံး ထားပြောင်းရွှေ့ ရမည်ဟု သက်ဆိုင်ရာ မှ ထပ်မံထုတ်ပြန်

Photo: ဂျိုးဖြူပိုက်လုံး၏ လုံခြုံရေး ဧရိယာအတွင်း ကျရောက်နေသော
ထောက်ကြန့် ပိုက်လုံးတန်း ပျံကျဈေးကို ဖေဖော်ဝါရီ ၂၄ ရက်
နောက်ဆုံးထားပြောင်းရွှေ့ရမည်ဟု သက်ဆိုင်ရာမှ ထပ်မံထုတ်ပြန်
Friday, 22 February 2013

ဂျိုးဖြူပိုက်လုံး၏ လုံခြုံရေး ဧရိယာအတွင်း ကျရောက်နေသော
ထောက်ကြန့်ပိုက်လုံးတန်း ပျံကျဈေးကို ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ 
၂ နာရီ နောက်ဆုံးထား၍ သိရီရတနာဈေးသစ်သို့ ပြောင်းရွှေ့ရမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာန လက်ထောက် ဌာနမှူး ဦးအောင်ဒင်ဦးက ဖေဖော်ဝါရီ ၂၂ ရက်က ပြောကြားသည်။

ထောက်ကြန့်မြို့ ရတနာဈေး အနီး (အရပ်အခေါ်) ပိုက်လုံးတန်း ပျံကျဈေးသည် ရန်ကုန်မြို့တော်သို့ ရေပေးဝေနေသော ဂျိုးဖြူပိုက်လုံး၏ လုံခြုံရေး ဧရိယာ ပေ ၄၀ အတွင်းကျ ရောက်နေပြီး ပိုက်လုံးပေါက်ကွဲမည် ကိုစိုးရိမ်ရ၍ ယခုလို ပြောင်းရွှေ့ရန် ညွှန်ကြားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

လက်ထောက်ဌာနမှူး ဦးအောင်ဒင်ဦးကပင် “ပထမတော့ ဖေဖော်ဝါရီ ၂၁ ရက်ညနေ ၆ နာရီ နောက်ဆုံးထား ပြောင်းခိုင်းခဲ့တယ်၊ ဒါပေမယ့် သူတို့က အဲဒီနေ့ညတွင်းချင်း သက်ဆိုင်ရာကို ၂၈ ရက် နောက်ဆုံးထားပေးဖို့ စာတင်တယ်။ အခု ကျွန်တော်တို့က ၂၄ ရက် မွန်းလွဲ ၂ နာရီ သတ်မှတ်ပေးခဲ့တယ်။ တကယ်လို့ ဂျိုးဖြူပိုက်လုံး ပေါက်ကွဲခဲ့မယ် ဆိုရင်
ပေ ၆၀ လောက် လွင့်စင်ပေါက်ကွဲပြီး လူတွေ အထိအခိုက် ရှိလာမယ်” ဟု ပြောသည်။

ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၇ နာရီခန့်က ပိုက်လုံးတန်း ပျံကျဈေး အခြေအနေကို ဈေးသည်တစ်ဦးက “မနက်မိုးလင်းကတည်းက စည်ပင်သာယာ ကားသုံးစီးနဲ့ အင်အား ၅၀ ကျော်လောက်
ဈေးရှေ့ ရောက်နေတယ်။ အခုထိတော့ ဘာမှမဖြစ် သေးပါဘူး။
အေးအေးဆေးဆေး ရောင်းရပါတယ်။ အခု ဒီဈေးလေးမှာ အပေါက်နှစ်ပေါက် ရှိပေမယ့် စည်ပင်က နောက်ပေါက်ကို ပိတ်ထားတယ်။ ၀ယ်သူတွေက ကွေ့ဝိုက်ပြီး အရှေ့ပေါက်က လာရတော့ သိပ်ပြီး အရောင်းအ၀ယ် မတွင်ကျယ်ဘူး” ဟု ရှင်းပြသည်။

ဖေဖော်ဝါရီ ၂၂ ရက်နံနက် ၇ နာရီခန့်က စည်ပင်သာယာ တာဝန်ရှိသူများ ယခုလို ရောက်ရှိနေခြင်းသည် ပျံကျဈေးကို ယခုလ ၂၁ ရက် တွင်
ပြောင်းရွှေ့ခိုင်းထား၍ သန့်ရှင်းရေး ပြုလုပ်ရန် လာရောက်ခြင်းသာ
ဖြစ်ကြောင်း လက်ထောက် ဌာနမှူး အောင်ဒင်ဦးက ဆက်လက် ရှင်းပြသည်။

ပျံကျဈေးသူ ဈေးသားများကိုယ်စား ဦးထင်ကျော်ကမူ “တကယ်လို့ ပိုက်လုံးဘေးကနေ ဖယ်ပေးရမယ်ဆိုလည်း လုံခြုံရေး ဧရိယာ ပေ ၄၀ ကို နောက်ဆုတ်ပြီး ဈေးနေရာက ဖယ်ပေးမယ်။ ပြီးရင် ကျောက်တိုင်စိုက်ပြီး အဲဒီနေရာကနေ ကိုယ်ထူကိုယ်ထ ခြံစည်းရိုးခတ်ပြီး ဆက်လက် ရောင်းချခွင့် ရမယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

လက်ရှိတွင် ထောက်ကြန့် ပိုက်လုံးတန်း ပျံကျဈေးမှ ဈေးသည်အချို့ အဆိုပါ ဈေးသစ်တွင် နေရာယူ ရောင်းချနေပြီလည်း ဖြစ်သည်။

ဈေးနေရာသစ်ဖြစ်သော သီရိရတနာဈေး (ခေါ်) ကျောက်တိုင်ဈေးမှာ ဧရိယာ ၃ ဒသမ ၅ ဧက ကျယ် ၀န်းပြီး သားငါး၊ ဟင်းသီးဟင်းရွက်နှင့် ပန်းတို့ အဓိကရောင်းချပြီး အဆိုပါဈေးသစ်သည် ထောက်ကြန့် 
မြို့ရှောင်လမ်းနှင့် ရန်ကုန်-ပဲခူး လမ်းမကြီး၏ထောင့်တွင် တည်ရှိသည်။

ဓာတ်ပုံ - ထောက်ကြန့်မြို့ပိုက်လုံးတန်းပျံကျဈေးနားရှိ ဂျိုးဖြူပိုက်လုံးကို
ဖေဖော်ဝါရီ ၂၂ ရက်ကတွေ့ရစဉ်

Eleven Media Groupဂျိုးဖြူပိုက်လုံး၏လုံခြုံရေးဧရိယာအတွင်း ကျရောက်နေသော ထောက် ကြန့် ပိုက်လုံးတန်း ပျံကျဈေးကို ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီ နောက်ဆုံးထား၍ သိရီရတနာဈေးသစ်သို့ ပြောင်းရွှေ့ရမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ဈေးများဌာန လက်ထောက်ဌာနမှူး ဦးအောင်ဒင်ဦးက ဖေဖော်ဝါရီ ၂၂ ရက် က ပြောကြားသည်။

မော်လမြိုင်စက်မှုဇုန် ကားထုတ်လုပ်ရေးမရှိတော့၍ ခြောက်ကပ်နေ

Photo: မော်လမြိုင်စက်မှုဇုန် ကားထုတ်လုပ်ရေးမရှိတော့၍ ခြောက်ကပ်နေ
Friday, February 22, 2013

မော်လမြိုင်စက်မှုဇုန်တွင် သံရည်ကျိုလုပ်ငန်းသာရှိပြီး မော်တော်ကား
ထုတ်လုပ်ရေးလုပ်ငန်း မရှိတော့သောကြောင့် ခြောက်ကပ်နေကြောင်း ၎င်းစက်မှုဇုန်ကြီးကြပ်ရေးကော်မတီ ဒုဥက္ကဋ္ဌဦးစိန်မြင့်က ပြောသည်။

အမှတ် (၁) စက်မှုဝန်ကြီး ဌာနမှ တာဝန်ရှိသူများ လာရောက် စဉ်က မော်လမြိုင်စက်မှုဇုန် ကြီး ကြပ်ရေးကော်မတီဒုဥက္ကဋ္ဌ ဦးစိန် မြင့်က မော်လမြိုင် စက်မှုဇုန်တွင် သံ/သံရည်ကျိုလုပ်ငန်း၊ 
တွင်ခုံလုပ် ငန်း၊ ကားဝပ်ရှော့လုပ်ငန်း အမှုန့် ကြိတ်လုပ်ငန်းများ
သာရှိပြီး မော် တော်ယာဉ်ထုတ်လုပ်ရေးလုပ်ငန်း မှာလည်းမရှိတော့၍ စက်မှုဇုန်သည် စည်ကားမှုမရှိဘဲ ခြောက်ကပ်လျက် ရှိကြောင်း
တင်ပြထားကြောင်း သိရ သည်။ေ

မော်လမြိုင် စက်မှုဇုန်ကို ၂ဝဝ၁ ခုနှစ်ကတည်းက စတင် တည်ထောင်
ခဲ့သော်လည်း ယနေ့ အထိ ဖွံ့ဖြိုးတိုးတက်မှု မရှိသေး ကြောင်း မြို့နေ ပြည်သူတစ်ဦးက ဆိုသည်။မော်လမြိုင်စက်မှုဇုန်ကို မွန် ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာ၊ မော်လ မြိုင်-ဘားအံ အဝေးပြေးလမ်းမ ကြီးဘေး (အတ္ထရံတံတားအနီး) မြေဧက ၁၇၁ ဧကပေါ်တွင် (၁ဝဝx၁ဝဝ) ပေအကွက်ပေါင်း ၃၇ဝ ကွက်ဖော်ထုတ်ကြောင်း သိရသည်။

အဆိုပါ မြေကွက်များတွင် အကြီးစားလုပ်ငန်း ၁၃ ခု၊ အလတ် စားလုပ်ငန်း ၇ဝ ခုနှင့် အငယ်စား လုပ်ငန်း ၃၃ ခု၊ စုစုပေါင်း လုပ်ငန်း ၁၁၆ ခုသာ
စာရင်းရှိကြောင်း သိရ သည်။

စက်မှုဇုန်ကမြေတွေကို ဝယ် ယူထားပြီး ဒီကနေ့အထိ စက်မှုလုပ် ငန်းတွေမလုပ်တဲ့ မြေကွက်တွေကို ပြန်လည်သိမ်းယူပြီး အမှန်တကယ် လုပ်မယ့်သူတွေကို ပြန်လည်ရောင်း ချပေးသင့်တယ်။ အနည်းဆုံးတော့ လူကုန်ကူးမှုတွေ ပပျောက်သွားနိုင် တယ်” ဟု မြို့ခံလူငယ်တစ်ဦးက သုံးသပ်သည်။ 

စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရန် နည်းပညာ၊ ခေတ်ပညာတတ် လူငယ်များနှင့် ရင်းနှီးမြှုပ်နှံငွေများ လိုအပ်ပါကြောင်း၊ စက်မှုဇုန် ရှိလုပ် ငန်းလုပ်ကိုင်
နိုင်သောမြေများ ဝယ်ယူရာတွင် စက်မှုဇုန်မြေများအား မြေဝယ်ရောင်း
သူများကြောင့် စက် ရုံ တည်ထောင်လိုသူများ သည် မတည် ရင်းနှီးငွေ၏ သုံးပုံတစ်ပုံမှာ မြေကွက်ဝယ်ယူရာတွင် ကုန်ကျ မည်ဖြစ်ပါသောကြောင့် လုပ်ငန်း လုပ်ကိုင်လိုသူများအတွက် များစွာ အခက်အခဲရှိကြောင်း ဦးစိန်မြင့်က ထပ်လောင်း ပြောသည်။

ထူးထူး (မော်လမြိုင်)
Popular Myanmar News Journalမော်လမြိုင်စက်မှုဇုန်တွင် သံရည်ကျိုလုပ်ငန်းသာရှိပြီး မော်တော်ကား
ထုတ်လုပ်ရေးလုပ်ငန်း မရှိတော့သောကြောင့် ခြောက်ကပ်နေကြောင်း ၎င်းစက်မှုဇုန်ကြီးကြပ်ရေးကော်မတီ ဒုဥက္ကဋ္ဌဦးစိန်မြင့်က ပြောသည်။

ထိုင်းနှင့် မလေးသို့ သွားရောက် လုပ်ကိုင်မည့် အလုပ်သမား တစ်ရာကျော် တရားဝင် လက်မှတ်ရေး ထိုးပွဲ ကျင်းပမည်

Photo: ထိုင်းနှင့်မလေးသို့သွားရောက်လုပ်ကိုင်မည့် အလုပ်သမား
တစ်ရာကျော် တရားဝင် လက်မှတ်ရေးထိုးပွဲ
ကျင်းပမည်
Friday, February 22, 2013

ရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ MICT part Main Building အဆောက်အဦး၌ ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းပြပွဲအား ဖေဖော်ဝါရီ ၂၃ရက်နေ့တွင် ကျင်းပ
ပြုလုပ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံနှင့်မလေးသို့ သွားရောက်မည့်
လူဦးရေ တစ်ရာကျော် လက်မှတ်ထိုးစာချုပ် ချုပ်ဆိုမှုကို
လည်း တရားဝင် ပြုလုပ်မည်ဖြစ်ကြောင်း ပြည်ပ အလုပ်
အကိုင် ရှာဖွေရေး ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက
ပြောကြားသည်။

ထိုအခမ်းအနား ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်မှာ တဖက်နိုင်ငံသို့
သွားရောက် အလုပ်လုပ်ကိုင်မည့် သူများအနေဖြင့် စိတ်ချလက်ချ တရားဝင်သွားရောက် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

"ပထမကတော့ ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်းရှာဖွေရေး
ခေါင်းစဉ်နဲ့ လုပ်မလို့။ ဒါပေမယ့်အလုပ်သမားဝန်ကြီးက ပြည်ပ
အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေလည်းရှိတော့ ခေါင်းစဉ်ကို
ပြည်တွင်းပြည်ပဆိုပြီး ပေးလိုက်ပါဆိုတာနဲ့ လုပ်လိုက်တာပါ "ဟု ၎င်းက ပြောကြားသည်။

ယင်းအခမ်းအနားသို့ အလုပ်သမား ဝန်ကြီးဌာန ဝန်ကြီးအပါအဝင် ဌာနဆိုင်ရာ အသီးသီးမှ ဝန်ကြီးအချို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ရတနာ လုပ်ငန်းတစ်ခု မှ 
အလုပ်သမား တစ်ဦး

TMA
The Myanma Ageရန်ကုန်တိုင်း လှိုင်မြို့နယ်ရှိ MICT part Main Building အဆောက် အဦး၌ ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းပြပွဲ အား ဖေဖော်ဝါရီ ၂၃ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် မလေးသို့ သွားရောက်မည့် လူဦးရေ တစ်ရာကျော် လက်မှတ်ထိုးစာချုပ် ချုပ်ဆိုမှုကိုလည်း တရားဝင် ပြုလုပ် မည်ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

SSA မြောက်ပိုင်း အဖွဲ့ အပစ်အခတ် ရပ်စဲရေး စည်းကမ်းချက် များကို မလိုက်နာ သဖြင့် မြန်မာ စစ်တပ်နှင့် တိုက်ပွဲဖြစ် စဉ်များ မကြာခဏ ဖြစ်ပွားနေကြောင်း မြန်မာ့ တပ်မတော်မှ အရာရှိကြီး တစ်ဦးပြောကြား

Photo: SSA မြောက်ပိုင်းအဖွဲ့ အပစ်အခတ်ရပ်စဲရေးစည်းကမ်းချက်များကို မလိုက်နာသဖြင့် မြန်မာစစ်တပ်နှင့် တိုက်ပွဲဖြစ်စဉ်များ မကြာခဏ
ဖြစ်ပွားနေကြောင်း မြန်မာ့တပ်မတော်မှ အရာရှိကြီးတစ်ဦးပြောကြား
Friday, 22 February 2013

ဝမ်ဟိုင်းဌာနချုပ်တွင် တွေ့ရသော SSA မြောက်ပိုင်းအဖွဲ့ဝမ်ဟိုင်းတွင်
အခြေပြုထားသော SSA မြောက်ပိုင်းအဖွဲ့အနေဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးစဉ် နှစ်ဦးသဘောတူထားသော စည်းကမ်းများအား လိုက်နာမှုမရှိသောကြောင့် အစိုးရစစ်တပ်နှင့် ထိတွေ့ပစ်ခတ်မှုများ ယခုရက်ပိုင်းအတွင်း မကြာခဏဖြစ်ပွားနေကြောင်း ကာကွယ်ရေးဝန်ကြီး
ဌာနမှ အရာရှိကြီးတစ်ဦးမှ ပြောကြားခဲ့ပါသည်။

“ SSA မြောက်ပိုင်းအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးကထဲက တပ်တွေရှိရမဲ့ နေရာတွေကို သတ်မှတ် ပေးထားပြီးဖြစ်ပါတယ်။ သူတို့အဖွဲ့တွေက သတ်မှတ်ပေးထားတဲ့နေရာမှာတင်မနေဘဲ နယ်မြေ
ကျူးကျော်ပြီး စခန်းဆောက်တာတွေ လုပ်လာတယ်။ အဲဒီလိုကျူးကျော်ပြီး စခန်းတွေဆောက်လာတာကို တပ်က ဖယ်ပေးဖို့ တရားဝင်ပြောကြားတဲ့
အချိန်မှာလုံးဝ ဖယ်မပေးဘူး၊ အဲ့ဒါအပြင် နယ်မြေရှင်းလင်းရေးတာဝန်
ထမ်းဆောင်နေတဲ့ မြန်မာစစ်တပ် စစ်ကြောင်းတွေကို မိုင်းထောင် တိုက်တာတွေ၊ ခြုံခိုတိုက်ခိုက်တာတွေလုပ်ဖို့ ကြိုးစားလာတယ်။ ဒါ့ကြောင့် ပစ်ခတ်မှုတွေအပြန် အလှန်ဖြစ်နေတာပါ။ ကချင်ပြီးလို့ ရှမ်းဘက်မှာ ထိုးစစ်ဆင်တယ်ဆိုတာ မဟုတ်ပါ ဘူး။ တပ်မတော်အနေနဲ့ ထိုးစစ်ဆင်ပြီး တိုက်နေတာ မရှိပါဘူး ” ဟု ပြောဆိုသွားသည်။

တန့်ယန်းမြို့နယ်ရှိ မုံဟင်ကျေးရွာနေ ပြည်သူတစ်ဦးမှ SSA မြောက်ပိုင်း
အဖွဲ့အနေဖြင့် ၂၀၁၂ ခုနှစ် အကုန်ပိုင်း မှစပြီး တန့်ယန်းမြို့နယ်နှင့် မိုင်းကောင်မြို့အကြား လွယ်လန်းတောင်ကြောတစ်လျောက် စခန်းများ လာရောက် ဆောက်နေကြောင်း ၄င်းစခန်းများမှာ ယခင်ကမရှိကြောင်း ယခုနှစ်ဦးပိုင်းမှသာ လာရောက် စခန်း တည်ဆောက်နေကြခြင်းဖြစ်ကြောင်း၊ ၄င်းကဲ့သို့ ကျူးကျော်စခန်းဆောက်လုပ်ခြင်း မပြုရန် မြန်မာစစ်တပ်မှ တားဖြစ်သော်လည်း ဆက်လက် ဆောက်လုပ်နေသဖြင့် တိုက်ပွဲများ
ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း Telephone မှ တစ်ဆင့် ပြောကြားသွားသည်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့သည် အစိုးရနှင့် အပစ်အခတ်ရပ်
စဲရေး သဘောတူညီချက်ရယူထား သော်လည်း လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ တရားမ၀င်သစ်/သတ္တုလုပ်ငန်းများ ဆောင်ရွက်
ခြင်း၊လက်နက်ခဲယမ်းများ ဖြည့်တင်းဝယ်ယူခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။ လူသစ်စုဆောင်းခြင်း များပြုလုပ်လျက်ရှိရာ ၂၀၁၂ ခုနှစ်
အောက်တိုဘာလ(၂၆)ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ တာပန်းကုန်းကျေးရွာ အနီးမှ လူသစ်စုဆောင်းခြင်းခံရသူ (၄၈)ဦးအား အစိုးရစစ်ကြောင်းနှင့်
ပြည်သူ့စစ်အဖွဲ့များမှ တွေ့ရှိခဲ့ပြီး မိဘများထံသို့ ပြန်လည်အပ်နှံပေးနိုင်
ခဲ့သည်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှ ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင်
လည်း နမ္မတူမြို့၊ ငွေရတနာမန်း ကားဂိတ်(၃)ဂိတ်အား ဆက်ကြေးကောက်ခံ
သွားခဲ့ပြီး ငွေမပေး ပါက ခရီးသည်တင်ယာဉ်များအား ပစ်ခတ်မည် ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲမဖြစ်မီ(၁)ပတ်အလို၌ လားရှိုးတိုင်းမှူးမှ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) လားရှိုးတာဝန်ခံ စိုင်းအောင်လတ် အား ခေါ်ယူပြီး လွယ်လန်း ဒေသတစ်လျှောက်တွင် စစ်စခန်းတိုးချဲ့တည်ဆောက်မှုများ ရှိနေ ကြောင်းနှင့် မိမိတို့စစ်ကြောင်းများ နယ်မြေ ရှင်းလင်းရာတွင် တိုက်ပွဲများဖြစ်ပွားလာနိုင်သဖြင့် လွယ်လန်း တောင်မှတပ်များဖယ်ပေးရန်
ပြောဆိုအသိပေးခဲ့ကြောင်း သိရသည်။

ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)အဖွဲ့အား အစိုးရမှ တရားဝင်သတ်မှတ်ပေး
ခဲ့သည့်နယ်မြေမှာ ၀မ်ဟိုင်းတွင်သာဖြစ်သော်လည်း နမ့်ပုတ်၊ နမ့်ဆမ်၊ မန်တုံ၊ မုံးဟင်၊ မုံးဟ ဒေသများသို့ နယ်မြေကျူးကျော် ၀င်ရောက်လာခဲ့ကြပြီး ယခုလွယ်လန်းတောင်ကြောတစ်လျှောက်တွင် အင်အား(၁၀၀)ကျော်ခန့်နှင့် လူနေတဲများ၊ ပစ်ကျင်း များ တူးဖော် ဆောက်လုပ်နေပြီး အခြေချစစ်စခန်း
များပြုလုပ်ရန် လုပ်ဆောင်နေကြောင်း သိရသည်။

အစိုးရမှ သက်ဆိုင်ရာဆက်ဆံရေးရုံးများသို့ တရားဝင်အကြောင်းကြား အသိပေးထားသော်လည်း ရှမ်းပြည် တပ်မတော်(မြောက်ပိုင်း)အဖွဲ့မှ လိုက်နာခြင်းမရှိသည့်အပြင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်
များကို ဖောက်ဖျက်ကျူးလွန်ပြီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော အစိုးရစစ်ကြောင်းများအား စောင့်ကြိုတိုက်ခိုက် နေသည့်အတွက် ယခုကဲ့သို့ လွယ်လန်းတောင်ဒေသတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ကြောင်း တန့်ယန်းမြို့ ဒေသခံများထံမှ သိရှိရသည်။

အမေ့အိမ်ဝမ်ဟိုင်းဌာနချုပ်တွင် တွေ့ရသော SSA မြောက်ပိုင်းအဖွဲ့ဝမ်ဟိုင်းတွင်
အခြေပြုထားသော SSA မြောက်ပိုင်းအဖွဲ့အနေဖြင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးစဉ် နှစ်ဦးသဘောတူထားသော စည်းကမ်း များအား လိုက်နာမှုမရှိသောကြောင့် အစိုးရစစ်တပ်နှင့် ထိတွေ့ ပစ်ခတ်မှုများ ယခုရက်ပိုင်းအတွင်း မကြာခဏဖြစ်ပွားနေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိကြီးတစ်ဦးမှ ပြောကြားခဲ့ပါသည်။

Google က Apple ကို စိန်ခေါ်မည့် နည်းပညာမြင့် လက်တော့ ထုတ်လုပ်

Photo: Google က Apple ကို စိန်ခေါ်မည့် နည်းပညာမြင့် လက်တော့ ထုတ်လုပ်
Friday, February 22, 2013

ထိတွေ့မျက်နှာပြင်စွမ်းရည်၊ အဆင့်မြင့် ချစ်ဆက်၊ အလွန်အမင်း
တောက်ပသော မျက်နှာပြင်တို့ ပါဝင်သည့် Chromebook လက်တော့သစ် ကို Google က ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ထုတ်ဖော် ပြသခဲ့သည်။

သင်ပုန်းကွန်ပျူတာနှင့် လက်တော့ ကွန်ပျူတာ နည်းပညာနှစ်ခုကို
ပေါင်းစပ်ထားသည့် လက်တော့သစ်ကို ဗြိတိန်နှင့် အမေရိကန်တွင်
ဒေါ်လာ ၁၂၉၉ ဖြင့် စတင် ရောင်းချသွားမည်ဖြစ်ကြောင်း Google က ပြောကြားခဲ့သည်။ 

''ဒီလက်တော့အတွက် MacBook Air ကို လူတွေ စွန့်လွှတ် ကြပါလိမ့်မယ်''ဟု Google ၏ Chrome ဌာနခွဲ ဒုဥက္ကဋ္ဌ ဆန်ဒါပီချိုင်းက ပြောကြားခဲ့သည်။ ၁၂ ဒသမ ၈၅ လက်မ ထိတွေ့
မျက်နှာပြင်  Gorilla Glass နှင့် တစ်လက်မပတ်လည်လျင် 239 Pixel  ပြသနိုင်သော ရုပ်မြင်စွမ်းရည်က Apple ၏ လက်တော့များ ရုပ်မြင်စွမ်းရည်ကိုပင် သာလွန်ခဲ့သည်။

Chromebook Pixel လက်တော့ကို Google Play စတိုးတွင် မှာယူနိုင်မည်ဖြစ်ပြီး ဧပြီလတွင် စတင် တင်ပို့မည်ဖြစ်သည်။ Pixel  လက်တော့ကို ပုံစံနှစ်မျိုးဖြင့် ထုတ်လုပ်ထားပြီး နှစ်မျိုးစလုံးတွင် 
Intel Core i5  ပရိုဆက်ဆာ ပါဝင်သည်။ 

ပထမ တစ်မျိုးသည် Wi-Fi သီးသန့်ဖြစ်ပြီး 4G ကွန်ရက် ချိတ်ဆက်နိုင်သော လက်တော့ကို ၁၄၄၉ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်သည်။ 

ဘက်ထရီသက်တမ်း ၅ နာရီခံသော Pixel လက်တော့များသည် ပြိုင်ဘက် Mac Book များ၊ Windows 8 လက်တော့များနှင့် ဈေးနှုန်း နှိုင်းယှဉ်နိုင်ပြီး မျက်နှာပြင် အရည်အသွေးမှာ လက်ရှိလက်တော့ အားလုံးထက် သာလွန်ကြောင်း ပီချိုင်းက ပြောကြားခဲ့သည်။ 

Google သည် Chromebook လက်တော့များကို ၂၀၁၀ ပြည့်နှစ်
နှစ်လည်တွင် စတင် မိတ်ဆက်ခဲ့ပြီး မိုက်ခရိုဆော့၏ Windows လက်တော့များကို စိန်ခေါ်ခဲ့သည်။ Google သည် မိုက်ခရိုဆော့၏ တွင်ကျယ်စွာ အသုံးပြုနေသော Office ဆော့ဖ်ဝဲများနှင့် အဆင်ပြေစွာ လုပ်ဆောင်နိုင်သော Quickoffice ဆော့ဖ်ဝဲကိုလည်း သုံးလအတွင်း ထုတ်ပြန်ရန် စီစဉ်ထားသည်။

Ref: AFP, CNN
Eleven Media Group
ထိတွေ့မျက်နှာပြင်စွမ်းရည်၊ အဆင့်မြင့် ချစ်ဆက်၊ အလွန် အမင်းတောက်ပသော မျက်နှာပြင်တို့ ပါဝင်သည့် Chromebook လက်တော့သစ် ကို Google က ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ထုတ်ဖော် ပြသခဲ့သည်။ သင်ပုန်းကွန်ပျူတာနှင့် လက်တော့ကွန်ပျူတာ နည်းပညာနှစ်ခုကို ပေါင်းစပ်ထားသည့်လက်တော့သစ်ကို ဗြိတိန်နှင့် အမေရိကန် တွင် ဒေါ်လာ ၁၂၉၉ ဖြင့် စတင်ရောင်းချသွား မည်ဖြ စ်ကြောင်း Google က ပြောကြားခဲ့သည်။

မြန်မာ ငါးဖမ်း သင်္ဘော အများစု စနစ်ကျမှု အားနည်းခြင်းနှင့် ပြည်ပမှ တရားမ၀င် ငါးဖမ်း သင်္ဘောများ၏ မိုင်းခွဲ ဖမ်းဆီးမှုများကြောင့် မြန်မာ့ ပင်လယ်ပြင် ဂေဟစနစ် ထိခိုက်နေ

Photo: မြန်မာငါးဖမ်းသင်္ဘော အများစု စနစ်ကျမှု အားနည်းခြင်းနှင့် ပြည်ပမှ တရားမ၀င် ငါးဖမ်းသင်္ဘောများ၏ မိုင်းခွဲဖမ်းဆီးမှုများကြောင့်
မြန်မာ့ပင်လယ်ပြင် ဂေဟစနစ် ထိခိုက်နေ
Friday, February 22, 2013
    
မြန်မာ့ပင်လယ်ပြင်တွင် မြန်မာငါးဖမ်းသင်္ဘော အများစု ငါးဖမ်းစနစ်ကျမှု အားနည်းနေခြင်းနှင့် ပြည်ပမှ တရားမ၀င် ငါးဖမ်းသင်္ဘောများ၏ မိုင်းခွဲငါးဖမ်းဆီးမှုများကြောင့် မြန်မာ့ပင်လယ်ပြင် ဂေဟစနစ် အများဆုံး ထိခိုက်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောသည်။

မြန်မာငါးဖမ်းသင်္ဘော အများစု၏ စည်းစနစ်တကျ လုပ်ဆောင်မှု အားနည်းနေသည့်အပြင် ရာသီဥတု ပြောင်းလဲမှု၊ စက်မှုလက်မှု လုပ်ငန်းများ စသည့်အကြောင်းများကြောင့် ပင်လယ်ပြင် ဂေဟစနစ်ကို အများဆုံး ထိခိုက်နစ်နာနေကြောင်း သိရသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက "မြန်မာ့ပင်လယ်ပြင်မှာ ပြည်ပက တရားမ၀င် ငါးဖမ်းသင်္ဘောတွေဟာ ဒိုင်းနမိုက် အသုံးပြုပြီး မိုင်းခွဲငါးဖမ်းနေကြတာတွေကြောင့် ပင်လယ်ပြင်ဂေဟစနစ်ကို ထိခိုက်မှု ရှိလာပါတယ်။ တချို့က ကျွန်းကြိုကျွန်းကြားတွေမှာ ၀င်ဖမ်းကြတဲ့အတွက် သန္တာကျောက်တန်းတွေ ပျက်စီးတယ်။ တချို့ငါးဖမ်းနည်းတွေက သန္တာကျောက်တန်းတွေနဲ့ ပင်လယ်ပြင်ရဲ့ ကြမ်းပြင်မှာရှိတဲ့ မြက်ခင်းတွေကို ထိခိုက်မှုတွေ ရှိတယ်။ အဲဒီအထဲ ပြည်ပက တရားမ၀င် ငါးဖမ်းသင်္ဘောတွေကြောင့်လည်း ပါတယ်။ ပင်လယ်ပြင် ထိန်းသိမ်းရေး ကိစ္စတွေ လုပ်ဆောင်ဖို့ လိုနေပါပြီ" ဟု ပြောသည်။

ထို့ပြင် မြန်မာ့ပင်လယ်ပြင် ကြမ်းပြင်၌ ဒရွတ်ဆွဲပြီး ဖမ်းသော ငါးဖမ်းနည်းသည် ပင်လယ်ကြမ်းပြင်နှင့် မြက်ခင်းများကို ထိခိုက်မှုရှိကြောင်း၊ ယင်းနည်းဖြင့် ငါးဖမ်းပိုက် တစ်ခါဆွဲလျှင် လေးနာရီခန့် ကြာကြောင်း၊ ၀ိုင်းချုပ်ဖမ်းသော ငါးဖမ်းနည်းသည်လည်း ပင်လယ်ပြင်ရှိ သန္တာကျောက်တန်းများနှင့် ထိခိုက်ပါက ပင်လယ်ပြင် ဂေဟစနစ် ထိခိုက်ပျက်စီးစေနိုင်ကြောင်း ၎င်းက ပြောသည်။

၎င်းကပင် "မြန်မာ့ပင်လယ်ပြင်မှာရှိတဲ့ သန္တာကျောက်တန်းတွေ၊ ပင်လယ်ကြမ်းပြင် မြက်ခင်းတွေကို ထိန်းသိမ်းဖို့နဲ့ တရားမ၀င် ငါးဖမ်းလှေတွေကို ထိန်းသိမ်းဖို့ဆိုရင် မြန်မာ့တပ်မတော် (ရေ) နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ နောက် ပင်လယ်ပြင်ထိန်းသိမ်းရေး ကိစ္စတွေကို ကော်မတီတွေ၊ အသင်းတွေဖွဲ့ပြီး စောင့်ကြည့်လုပ်ဆောင် သွားသင့်ပါတယ်" ဟု သုံးသပ်သည်။

ပြည်ပမှ တရားမ၀င် ငါးဖမ်းသင်္ဘောများသည် ဒိုင်းနမိုက် အသုံးပြု မိုင်းခွဲဖမ်းဆီးနေကြပြီး အဆိုပါသင်္ဘောများသည် ညအချိန်တွင်သာ အများဆုံး ၀င်ရောက်လေ့ရှိကြောင်း သိရသည်။

Eleven Media Groupမြန်မာ့ပင်လယ်ပြင်တွင် မြန်မာငါးဖမ်းသင်္ဘော အများစု ငါးဖမ်းစနစ်ကျ မှု အားနည်းနေခြင်းနှင့် ပြည်ပမှ တရားမ၀င် ငါးဖမ်းသင်္ဘောများ၏ မိုင်းခွဲ ငါးဖမ်းဆီးမှုများကြောင့် မြန်မာ့ပင်လယ်ပြင် ဂေဟစနစ် အများ ဆုံး ထိခိုက်နေကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ အမှုဆောင် ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောသည်။

ဝက်ဝံရုပ်များပစ်ချသောလေယာဉ်ကြောင့် ဘီလာရုစ်နယ်စပ် အစောင့်ထောင်ကျ

Photo: ၀က်ဝံရုပ်များပစ်ချသောလေယာဉ်ကြောင့် ဘီလာရုစ်နယ်စပ်
အစောင့်ထောင်ကျ
Friday, February 22, 2013

ဘီလာရုစ်နိုင်ငံသို့ဝင်ရောက်၍ ဒီမိုကရေစီရေးလှုံ့ဆော်သောစာတမ်းများ ချိတ်ထားသည့် ၀က်ဝံရုပ်ရာပေါင်းများစွာကို ကြဲချခဲ့သည့် လေယာဉ်
တစ်စီးကို တားမြစ်ရန်ပျက်ကွက်ခဲ့သည့်အတွက် နယ်စပ်အစောင့်တာဝန်ရှိ သူတစ်ဦးကို ဘီလာရုစ်တရားရုံးတစ်ခုက ထောင်ဒဏ်နှစ်နှစ် ပြစ်ဒဏ်ချ မှတ်လိုက်သည်။ အဆိုပါအစောင့်တပ်ဖွဲ့မှတာဝန်ရှိသူကို အဆင့်မြင့်
လုံခြုံရေးဆိုင်ရာ မွမ်းမံစခန်းတစ်ခု၌ ၎င်း၏ထောင်ဒဏ်ပြစ်ဒဏ်ကို ကျခံစေမည်ဖြစ်ကြောင်း တရားရုံးချုပ်ကဆိုသည်။ ပြစ်ဒဏ်ချမှတ်
ခံရသောတာဝန်ရှိသူ၏ အမည်နှင့် ရာထူးအဆင့်ကို ထုတ်ပြန်ကြေညာခြင်း
မရှိပေ။

ပြီးခဲ့သည့်ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့သော ဆွီဒင်ကြော်ငြာကုမ္ပဏီ
တစ်ခုက ပြုလုပ်သည့်လေယာဉ်ပေါ်မှဝက်ဝံရုပ်များကြဲချမှုနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်ကြီးနှစ်ဦးကို ဘီလာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှင်ကိုက ရာထူးမှထုတ်ပယ်ခဲ့သည်။ 

ဆွီဒင်နိုင်ငံသားနှစ်ဦးကို တင်ဆောင် လာသော အပေါ့စား လေယာဉ်သည် အိမ်နီးချင်း လစ်သူယေးနီးယားနိုင်ငံမှ ဘီလာရုစ် လေပိုင်နက်အတွင်း ၀င်ရောက်၍ အိုင်ဗ်ယန်နက်စ်မြို့အလယ်ပိုင်းတွင် ခပ်နိမ့်နိမ့် ပျံသန်းကာ
ရာနှင့်ချီသော ၀က်ဝံရုပ်များကို ကြဲချခဲ့သည်။ ထို့နောက် ဘီလာရုစ် စစ်တပ်၏နှောင့်ယှက်ဟန့်တားမှု တစ်စုံတစ်ရာမခံရဘဲ လစ်သူယေးနီးယား
နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။

များမကြာမီမှာပင် ဆိုဗီယက် ပြည်ထောင်စု၏ ပြည်နယ်ဟောင်း
တစ်ခုဖြစ်ခဲ့သော ဘီလာရုစ်နိုင်ငံ၏ မြေပြင်ပေါ်သို့ လေယာဉ်ပေါ်မှ ကြဲချသောဝက်ဝံရုပ်များနှင့် ပတ်သက်သည့်ဗီဒီယိုဖိုင်များအင် တာနက်မှထွက်ပေါ်လာသည်။ သို့သော် ဘီလာရုစ်အစိုးရက ယင်းအဖြစ်အပျက်ကိုသီတင်း ပတ်သုံးပတ်ကြာမှသာ သတိပြုမိခဲ့သည်။

အဆိုပါဖြစ်ရပ်က ဘီလာရုစ်နိုင်ငံနှင့် ဆွီဒင်နိုင်ငံအကြားသံတမန် ဆက်ဆံမှုကိုထိခိုက်ရန် အစပျိုးခဲ့သည်။ ဘီလာရုစ်အစိုးရက ဆွီဒင်သံတမန်များကို နိုင်ငံမှနှင်ထုတ်ခဲ့ပြီး ဆွီဒင် နိုင်ငံမှ၎င်းသံရုံး ၀န်ထမ်းများကိုလည်း ပြန်လည်ရုပ်သိမ်းခေါ်ယူခဲ့သည်။

ကြော်ငြာကုမ္ပဏီစတူဒီယိုတိုတယ်လ်က ယင်းဖြစ်ရပ်မှာဆန္ဒဖော်ထုတ်မှု
ကြွေးကြော်သံများချိတ်ဆွဲ ထားသောဝက်ဝံရုပ်များ သယ်ဆောင်သွားသော ဒီမိုကရေစီရေးလှုပ်ရှားသည့် ဘီလာရုစ်တက်ကြွလှုပ်ရှားသူများက လှုံ့ဆော်လှုပ်ရှားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။                       

Ref: CNN
Myanmartandawsint Newspaperဘီလာရုစ်နိုင်ငံသို့ဝင်ရောက်၍ ဒီမိုကရေစီရေးလှုံ့ဆော်သော စာတမ်း များ ချိတ်ထားသည့် ၀က်ဝံရုပ်ရာပေါင်းများစွာကို ကြဲချခဲ့သည့် လေ ယာဉ်တစ်စီးကို တားမြစ်ရန်ပျက်ကွက်ခဲ့သည့်အတွက် နယ်စပ် အစောင့်တာဝန်ရှိ သူတစ်ဦးကို ဘီလာရုစ်တရားရုံးတစ်ခုက ထောင် ဒဏ်နှစ်နှစ် ပြစ်ဒဏ်ချ မှတ်လိုက်သည်။ အဆိုပါအစောင့်တပ်ဖွဲ့မှ တာ ၀န်ရှိသူကို အဆင့်မြင့်လုံခြုံရေးဆိုင်ရာ မွမ်းမံစခန်းတစ်ခု၌ ၎င်း ၏ထောင်ဒဏ်ပြစ်ဒဏ်ကို ကျခံစေမည်ဖြစ်ကြောင်း တရားရုံးချုပ်က ဆိုသည်။ ပြစ်ဒဏ်ချမှတ်ခံရသောတာဝန်ရှိသူ၏ အမည်နှင့် ရာထူး အ ဆင့် ကို ထုတ်ပြန်ကြေညာခြင်း မရှိပေ။

သွေးလိုအပ်သောလူနာများ လူမျိုးဘာသာမရွေး ၂၄နာရီ အကူအညီတောင်းခံနိုင်

Photo: သွေးလိုအပ်သောလူနာများ လူမျိုးဘာသာမရွေး ၂၄နာရီ အကူအညီတောင်းခံနိုင်
Friday, February 22, 2013

သွေးလိုအပ်သောလူနာများ လူမျိုးဘာသာမရွေး ၂၄နာရီ အကူအညီ
တောင်းခံနိုင်ကြောင်း NLD-BG သွေးကူညီပေးရေးအဖွဲ့တာဝန်ခံ ဦးစောနိုင်က ဖေဖော်ဝါရီ၁၉ ရက်တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။

သွေးလိုအပ်တဲ့လူနာများကို ငွေကြေးတစ်စုံတစ်ရာမယူဘဲ၊ ကူညီ
ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သွေးလှူဒါန်းသော လူငယ်များ၏ ကျန်းမာရေးအခြေအနေများကို သွားရောက်လှူဒါန်းပေးသော
ဆေးရုံများတွင် ဆေးရုံဝန်ထမ်းများဖြင့် တိုင်ပင်၍ ကျန်းမာရေး
စောင့်ရှောက်မှု ပေးလျက်ရှိကြောင်း၊ တစ်နေ့လျှင် ပုံမှန် ၆ပုလင်းမှ ၈ ပုလင်းထိ လိုအပ်သော လူအများထံ အခမဲ့ကူညီပေးလျက်ရှိကြောင်း ၎င်းက ပြောသည်။

““ကျွန်တော်တို့က လက်ရှိလူဦးရေ ၂၇၅ ယောက်နဲ့ဖွဲ့စည်းထားပါတယ်။ လိုအပ်တဲ့ လူနာတွေ ပိုပြီးပံ့ပိုးနိုင်ဖို့ သွေးလှူဒါန်းမယ့်လူငယ်တွေကို နီးစပ်ရာဖိတ်ခေါ်ထားတယ်။ အဲဒီလိုဖိတ်ခေါ်ရင်းနဲ့ တဖြည်းဖြည်းလူငယ်တွေ များလာခဲ့တယ်။ NLD-BG သွေးကူညီပေးရေးအဖွဲ့ကို စဖွဲ့ခဲ့တာ ၃၀-၉-၂၀၁၂ရက်ကနေ ယနေ့ထိ သွေးပုလင်းပေါင်း ၂၄၆ ပုလင်း
လှူဒါန်းပြီးပြီ။ အဓိကလှူဖြစ်နေတာက ရန်ကုန်အမျိုးသမီးဆေးရုံကြီးနဲ့ ကလေးဆေးရုံးကြီးပါ။ တခြားလိုအပ်တဲ့ပုဂ္ဂလိကဆေးရုံဆေးခန်း များကို လှူဒါန်းလျက်ရှိသည်ဟု ၎င်းကဆက်လက်ပြောသည်။

သွေးလိုအပ်သော လူအများနှင့် သွေးလှူဒါန်းပေးမည့်လူငယ်များ NLD-BG သွေးအကူအညီပေး ရေးအဖွဲ့ ဦးစောနိုင်(တာဝန်ခံ) ၀၉-၅၀၇၉၇၄၅၊ ဦးကျော်ကျော်အောင် ၀၉-၄၂၀၁၄၆၃၉၈ တို့သို့ ဆက်သွယ်နိုင်ကြောင်း ဦးကျော်ကျော်အောင်က ပြောသည်။

ထို့ပြင် NLD-BG ဗိုလ်တထောင်သွေးကူညီပေးရေးအဖွဲ့မှ ဦးစီး၍ ၂၂-၂-၂၀၁၃ သောကြာနေ့၊ ည ၆နာရီတွင် ဆရာဇာဂနာ (ခ) ကိုသူရ၊ ဆရာမောင်သာချို၊ ဆရာချစ်ဦးညိုတို့ဖြင့် ၄၆လမ်းအထက်၊ ၁၀ရပ်ကွက် ဗိုလ်တထောင်မြို့နယ်တွင် စာပေဟောပြောပွဲ ကျင်းပမည်ဖြစ်သည်။

NLD-BG သွေးကူညီပေးရေးအဖွဲ့ကို ၃၀-၉-၂၀၁၂ရက်တွင် 
NLD  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစု ကြည်၏ လမ်းညွှန်ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဦးစောနိုင်ကပြောကြားခဲ့သည်။

Myanmartandawsint သွေးလိုအပ်သောလူနာများ လူမျိုးဘာသာမရွေး ၂၄နာရီ အကူအညီ တောင်းခံနိုင်ကြောင်း NLD-BG သွေးကူညီပေးရေးအဖွဲ့ တာဝန်ခံ ဦးစောနိုင်က ဖေဖော်ဝါရီ၁၉ ရက်တွင် မြန်မာသံတော်ဆင့် သို့ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အဖွဲ့ဝင်များပြည်သူ့လွှတ်တော် သို့ လာရောက်လေ့လာ

Photo: အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် အဖွဲ့ဝင်များပြည်သူ့လွှတ်တော်
သို့ လာရောက်လေ့လာ
Friday, February 22, 2013

ဖေဖော်ဝါရီ ၂၂ ရက် ပြည်သူ့ လွှတ်တော်သို့ လာရောက်လေ့ လာကြသည့် အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ

Yangon Media Groupဖေဖော်ဝါရီ ၂၂ ရက် ပြည်သူ့ လွှတ်တော်သို့ လာရောက်လေ့လာကြ သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင်များ

 
 
 
 
 
 
Yangon Media Group

၁၆ ရာစုက အီတလီ ကြွေထည် ပစ္စည်း တစ်ခုအား စတာလင်ပေါင် ၅၆၇ဝဝဝ ဖြင့် လေလံတင် ရောင်းချ

Photo: ၁၆ ရာစုက အီတလီ ကြွေထည်ပစ္စည်း တစ်ခုအား စတာလင်ပေါင် ၅၆၇ဝဝဝ ဖြင့် လေလံတင် ရောင်းချ
Friday, February 22, 2013

လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၄ဝ ခန့်က ဟု ယူဆရသော အီတလီ ကြွေထည် ပစ္စည်း တစ်ခုကို စတာလင်ပေါင် ၅၆၇ဝဝဝ ဖြင့် လေလံတင် ရောင်းချ
ခဲ့ကြောင်း သိရသည်။ ၎င်း ကြွေထည်၏ ပိုင်ရှင်မှာ အမျိုးသမီး တစ်ဦး ဖြစ်ပြီး သူမက ထိုကြွေထည်၏ တန်ဖိုးကို မသိဘဲ သူမ၏ ကျေးလက် နေအိမ်ရှိ
မီးဖိုခန်း တံခါးတွင် ချိတ်ဆွဲ ထားခဲ့ခြင်း ဖြစ်သည်။

သူမ၏ နေအိမ်သို့ ရှေးဟောင်းပစ္စည်း ကျွမ်းကျင် သူ ပညာရှင် ရစ်ချက် ဘဂိုမယ်လ် လာရောက် လည်ပတ်သော အခါ ယင်းကြွေထည် ပစ္စည်းသည် တန်ဖိုး ရှိသည်ကို ခန့်မှန်း နိုင်ခဲ့ပြီး နံရံမှ ဂရုတစိုက် ခွာယူခဲ့သည်။ 

ထို့နောက် စမ်းသပ် စစ်ဆေး ကြည့်ရာ ၁၅၄ဝ ပြည့်နှစ် ခန့်က အီတလီ လက်ရာ ကြွေထည်ပစ္စည်း ဖြစ်ကြောင်း မှတ်ချက် ပြုနိုင် ခဲ့သည်။ ယင်းကြွေထည်တွင် ဘုရင် Herod က စိန့်ဂျွန်အား ကွပ်မျက်ခြင်း အခမ်းအနားကို ပုံဖော် ရေးဆွဲထားပြီး The Feast of Herod ဟု အမည် ပေးထားသည်။ 

၎င်း ကြွေထည်အား လေ လံတင် ရောင်းချသော အခါ (စတာလင်ပေါင်၅၆၇ဝဝဝ) အံ့သြဖွယ်ရာ ဈေးနှုန်းဖြင့်
ရောင်းချ နိုင်ခဲ့သည်။

စက်ဝိုင်းပုံ အဆိုပါ ကြွေထည်သည် ၁၆ လက်မ အရွယ်အစား ရှိပြီး ဂျာမန် ပန်းချီဆရာ တစ်ဦးဖြစ်သူ Sebald Behamက ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ ယင်းကြွေထည် ပစ္စည်းအား Oxfo-rd တက္ကသိုလ်ရှိ Ashmolean ပြတိုက်သို့ ယူဆောင်ခဲ့ပြီး လေလံတင်ပွဲ ကျင်းပသော အခါ လန်ဒန်မြို့ မှ ကျောက်မျက် ရတနာ ကုမ္ပဏီ တစ်ခုဖြစ်သည် phillips ကုမ္ပဏီက အနိုင် ရရှိသွား သည်။

http://bit.ly/ZvRw5Y
မြ၀တီ လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၄ဝ ခန့်က ဟု ယူဆရသော အီတလီ ကြွေ ထည်ပစ္စည်းတစ်ခုကို စတာလင်ပေါင် ၅၆၇ဝဝဝ ဖြင့်လေလံတင်ရောင်း ချခဲ့ကြောင်းသိရသည်။ ၎င်းကြွေထည်၏ ပိုင်ရှင်မှာ အမျိုးသမီး တစ်ဦး ဖြစ်ပြီး သူမက ထိုကြွေထည်၏ တန်ဖိုးကိုမသိဘဲ သူမ၏ ကျေး လက်နေ အိမ်ရှိမီးဖိုခန်းတံခါးတွင် ချိတ်ဆွဲ ထားခဲ့ခြင်း ဖြစ်သည်။

ကျန်းမာရေး အထောက် အကူပြု ထိုင်ခုံ တစ်မျိုး သိပံ္ပပညာ ရှင်များ တီထွင်

Photo: ကျန်းမာရေး အထောက် အကူပြု ထိုင်ခုံ တစ်မျိုး သိပံ္ပပညာ ရှင်များ 
တီထွင်
Friday, February 22, 2013

ဂျာမန် သိပံ္ပပညာရှင် များသည် ကျန်းမာရေး ဆိုင်ရာ အားကစား လှုပ်ရှားမှု များကို လုပ်ဆောင်သည့် အခါ အထောက်အကူပြု လှုပ်ရှားမှုများ လုပ်ဆောင် ပေးနိုင်သော ကိရိယာ တပ်ဆင် ထားသည့် ကျန်းမာရေး အထောက် အကူပြု ထိုင်ခုံ တစ်မျိုးကို တီထွင်ခဲ့သည်။

ယင်းထိုင်ခုံတွင် တပ်ဆင် ထားသည့် ခလုတ် တစ်ခုကို တွန်းခြင်းဖြင့် ထိုင်ခုံ အသုံးပြုသူ များသည် နည်းလမ်းမှန် ကိုယ်လက် လှုပ်ရှား အားကစား လုပ်နည်းများ လုပ်ဆောင်နိုင် မည် ဖြစ်ကြောင်း "Science Daily" သတင်းစာတွင် သုတေသီ များက ပြောကြား ထားသည်။

အဆိုပါ ထိုင်ခုံကို အသက်အရွယ် ကြီးသူများ အိုမင်း လာသည့်အခါ နေ့စဉ် လှုပ်ရှားမှု များနှင့် ကျန်းမာရေး အတွက် ကိုယ်လက် လှုပ်ရှားမှု များကို အလွယ်တကူ လုပ်ဆောင် နိုင်စေ ရန် ရည်ရွယ်၍ အထူး ထုတ်လုပ် ထားခြင်း ဖြစ်သည်။

၎င်းကို ဟန်နိုဗာမြို့ Mar 5-9 ရှိ CeBIT ကုန်သွယ်ရေး ဌာန၌ အားကစား နည်းပေါင်းစုံ IIS ဆိုင်ရာ Fraunhofer တက္ကသိုလ်က တင်ဆက် ပြသ ခဲ့သည်။

"GEWOS" ဟု အမည် ပေးထားသည့် ယင်းထိုင်ခုံသည် ကျန်းမာရေးနှင့် ညီညွတ်သော ကာယ လှုပ်ရှားမှု များနှင့် ထိုင်ပုံ ထိုင်နည်း မှန်ကန်မှု ရှိစေရန်ကို လုပ်ဆောင် ပေးနိုင်သည်ဟု IIS ရှိ Image Processing နှင့် Medical Technology ဌာနမှ Sven Feilner က ပြောကြား ခဲ့သည်။

http://bit.ly/Xt5teW
မြ၀တီ ဂျာမန်သိပံ္ပပညာရှင်များသည် ကျန်းမာရေးဆိုင်ရာ အားကစား လှုပ်ရှား မှုများကို လုပ်ဆောင်သည့်အခါ အထောက်အကူပြု လှုပ်ရှားမှုများ လုပ်ဆောင်ပေးနိုင်သောကိရိယာ တပ်ဆင်ထားသည့် ကျန်းမာရေး အထောက် အကူပြု ထိုင်ခုံတစ်မျိုးကို တီထွင်ခဲ့သည်။

ပထမအကြိမ် မြန်မာ့ ကျန်းမာရေး ဆိုင်ရာ ပြပွဲ 2013 ကျင်းပ

Photo: ပထမအကြိမ် မြန်မာ့ကျန်းမာရေးဆိုင်ရာ ပြပွဲ 2013 ကျင်းပ
Friday, February 22, 2013

ပထမအကြိမ် မြန်မာကျန်းမာရေးဆိုင်ရာပြပွဲ 2013 ကို ယနေ့ နံနက် ၉ နာရီက တပ်မတော်ခန်းမ၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ဖွင့်ပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန
ပြည်ထောင်စု ၀န်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ရန်ကုန်တိုင်း လွှတ်တော်ဥက္ကဌ၊ ရန်ကုန်မြို့တော်ဝန်နှင့် ၀န်ကြီးများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ပြပွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှ ၂၄ ရက်ထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပမည်ဖြစ်သည်။ ထိုပြပွဲတွင် ပြခန်းပေါင်း ၁၃၀ ပါဝင်ပြသမည်ဖြစ်ပြီး ဟောပြောပွဲများကိုလည်း ပြပွဲ ၃ ရက်တွင် ထည့်သွင်း
ပြုလုပ်သွားမည် ဖြစ်သည်။

မြတ်စုငြိမ်း
Popular Myanmar News Journalပထမအကြိမ် မြန်မာကျန်းမာရေးဆိုင်ရာပြပွဲ 2013 ကို ယနေ့ နံနက် ၉ နာရီက တပ်မတော်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ထိုင်းနိုင်ငံရှိ Cobra Gold စစ်ရေး လေ့ကျင့်မှုတွင် သုံးဦး ဒဏ်ရာ ရရှိ

Photo: ထိုင်းနိုင်ငံရှိ Cobra Gold စစ်ရေး လေ့ကျင့်မှုတွင် သုံးဦး ဒဏ်ရာ ရရှိ
Friday, February 22, 2013

ထိုင်းနိုင်ငံ တောင်ပိုင်း၌ Cobra Gold စစ်ရေး လေ့ကျင့်မှု ပြုလုပ်နေစဉ် အတွင်း ဖေဖော်ဝါရီ ၂ဝ ရက်က အမေရိကန် မရိမ်းတပ်ဖွဲ့မှ ရဟတ်ယာဉ် တစ်စင်း မြေပြင်သို့ ကြမ်းတမ်းစွာ ဆင်းသက်ခဲ့ရာ ရဟတ်ယာဉ်ပေါ် လိုက်ပါလာသူ အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဗန်ကောက်မြို့ရှိ အမေရိကန် သံရုံးက ထုတ်ပြန်ခဲ့သည်။

စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်မည့် အမေရိကန် တပ်ဖွဲ့ဝင် များကို သယ်ဆောင် လာသော CH-46 Sea Knight ရဟတ်ယာဉ် မတော်တဆ မှုတွင် သေကျေပျက်စီး ဆုံးရှုံးမှု မရှိ ခဲ့ကြောင်း သံရုံးမှ ပြောရေးဆိုခွင့် ရှိသူ ဝေါလ်တာဘရောင်ဖို ဟပ်လာက ပြောကြားခဲ့သည်။

မြေပြင် စစ်ရေး လေ့ကျင့်မှုတွင် အမေရိကန် ပြည်ထောင်စု၊ ထိုင်းနိုင်ငံနှင့် အခြား နိုင်ငံများမှ တပ်ဖွဲ့ဝင် များစွာ ပါဝင်ပြီး ယင်း စစ်ရေး လေ့ကျင့်မှုသည် အာရှ- ပစိဖိတ် ဒေသတွင် အမေရိကန်၏ အကြီးဆုံး ဘက်စုံ စစ်ရေး
လေ့ကျင့်မှု ဖြစ်သည်။

ဒဏ်ရာ ရရှိသူ များအနက် နှစ်ဦးသည် ဒဏ်ရာ ပြင်းထန်သဖြင့် အရေးပေါ် ခွဲစိတ် ကုသရန် လိုအပ်ပြီး တစ်ဦးမှာ ဒဏ်ရာ ပြင်းထန်မှု မရှိကြောင်း သတင်း ဌာန တစ်ခုက ဖော်ပြခဲ့ သည်။

နှစ်စဉ် ပြုလုပ်သည့် Cobra Gold စစ်ရေး လေ့ကျင့်မှုသည် ထိုင်းနိုင်ငံနှင့် အမေရိကန် တို့၏ စစ်ဘက်ဆိုင် ရာ ပူးပေါင်း ဆောင်ရွက်မှု၏ အဓိက အခန်းကဏ္ဍ တစ်ခုဖြစ်ကြောင်း သိရသည်။

http://bit.ly/XPKF0j

မြ၀တီထိုင်းနိုင်ငံ တောင်ပိုင်း၌ Cobra Gold စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေစဉ် အတွင်း ဖေဖော်ဝါရီ ၂ဝ ရက်က အမေရိကန် မရိမ်းတပ်ဖွဲ့မှ ရဟတ် ယာဉ်တစ်စင်း မြေပြင်သို့ကြမ်းတမ်းစွာ ဆင်းသက်ခဲ့ရာ ရဟတ် ယာဉ်ပေါ် လိုက်ပါလာသူ အချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗန်ကောက် မြို့ရှိ အမေရိကန် သံရုံးက ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဂျပန်သို့ လာရောက်ရန်စီစဉ်

Photo: ဒေါ်အောင်ဆန်းစုကြည် ဂျပန်သို့ လာရောက်ရန်စီစဉ်
Friday, February 22, 2013

ဂျပန်နိုင်ငံအစိုးရအနေဖြင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်ကို လာမည့် ဧပြီလအတွင်း ဂျပန်နိုင်ငံသို့ အလည်အပတ် ခရီး
လာရောက်ရန် စီစဉ်နေကြောင်း ဂျပန်အစိုးရအရာ ရှိတစ်ဦးက
ပြောကြားခဲ့သည်ဟု ဂျပန်သတင်းဌာနများက ဖော်ပြခဲ့ကြသည်။

ယင်းခရီးစဉ် အကောင်အထည်ပေါ်ခဲ့ပါက ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်ဒေါ်အောင် ဆန်းစုကြည်တို့ တွေ့ဆုံနိုင်ရန် မျှော်လင့်
နေကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဧပြီလ ၁၂ ရက်နှင့် ၂၁ ရက်ကြား (ထိုရက်များတွင် မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော်ကို ရပ်နားထား)
တွင် လာရောက်ဖွယ်ရှိကြောင်းလည်း ယင်းအရာရှိက ပြောခဲ့ သည်ဟု Japan Times သတင်းဌာန က ဖော်ပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်
ဖြစ်ခဲ့ပါက ၁၉၈၆ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဂျပန်နိုင်ငံသို့ ပြန်လည်သွားရောက် ခြင်းလည်း ဖြစ်လာမည်ဖြစ်သည်။

Myanmartandawsint ဂျပန်နိုင်ငံအစိုးရအနေဖြင့် မြန်မာ့ဒီမို ကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်း စုကြည်ကို လာမည့် ဧပြီလအတွင်း ဂျပန်နိုင်ငံသို့ အလည်အပတ် ခရီး လာရောက်ရန် စီစဉ်နေကြောင်း ဂျပန်အစိုးရအရာ ရှိတစ်ဦး က ပြောကြား ခဲ့သည်ဟု ဂျပန်သတင်းဌာနများက ဖော်ပြခဲ့ကြသည်။
Photo: ဇေကမ္ဘာ မြန်မာ အိုးပင်း ၂ဝ၁၃ ဂေါက်သီးရိုက် ပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
Friday, February 22, 2013

မြန်မာနိုင်ငံ ဂေါက်သီး အဖွဲ့ချုပ် မြန်မာ ပီဂျီအေနှင့် Asian Tour တို့ ပူးပေါင်း၍ ဇေကမ္ဘာ ကုမ္ပဏီ လီမိတက်မှ အဓိကပံ့ပိုး ကူညီမှုဖြင့် ကျင်းပသည့် ၂ဝ၁၃ ဇေကမ္ဘာ မြန်မာအိုးပင်း ဂေါက်သီးရိုက် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် မင်္ဂလာဒုံ မြို့နယ်ရှိ ရွိုင်ရယ် မင်္ဂလာဒုံ ဂေါက်ကလပ်၌ ကျင်းပသည်။

ဖွင့်ပွဲတွင် ရှေးဦးစွာ အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်းက အဖွင့်အမှာ စကားပြော ကြားသည်။ ဆက်လက်၍ ဇေကမ္ဘာ ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေက အမှာစကား ပြောကြားသည်။ ထို့နောက် Asian Tour ဥက္ကဋ္ဌ ဦးကြည်လှဟန်က ပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စု ဝန်ကြီး ဦးတင့်ဆန်း၊ ဇေကမ္ဘာ ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေ၊ လွယ်ဟိန်း ကုမ္ပဏီ လီမိတက် ဥက္ကဋ္ဌ ဒေါက်တာ စိုင်းဆမ်ထွန်းနှင့် Asian Tour ဥက္ကဋ္ဌ ဦးကြည်လှဟန်တို့က ပြိုင်ပွဲကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးကြပြီး အမှတ် (၁) တီခုံတွင် ဂေါက်သီး ရိုက်၍ ဖွင့်လှစ် ပေးသည်

http://www.myawady.net.mm/allnews/local/item/7467-2013-02-21-12-10-49

မြ၀တီ
မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် မြန်မာပီဂျီအေနှင့် Asian Tour တို့ ပူးပေါင်း ၍ ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ အဓိကပံ့ပိုးကူညီမှုဖြင့် ကျင်းပသည့် ၂ဝ၁၃ ဇေကမ္ဘာ မြန်မာအိုးပင်း ဂေါက်သီးရိုက် ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီတွင် မင်္ဂလာဒုံမြို့နယ်ရှိ ရွိုင်ရယ်မင်္ဂလာဒုံ ဂေါက် ကလပ်၌ကျင်းပသည်။ဖွင့်ပွဲတွင် ရှေးဦးစွာအားကစားဝန်ကြီးဌာန ပြည်ေ ထာင်စု ဝန်ကြီး ဦးတင့်ဆန်းက အဖွင့်အမှာစကားပြော ကြားသည်။ ဆက်လက်၍ ဇေကမ္ဘာကုမ္ပဏီလီမိတက်ဥက္ကဋ္ဌ ဒေါက်တာ ခင်ရွှေက အမှာစကား ပြောကြား သည်။ ထို့နောက် Asian Tour ဥက္ကဋ္ဌ ဦးကြည်လှဟန်က ပြိုင်ပွဲနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ရန်ကြီးအောင်မှန်လုံလေအိတ် EXPRESS အမြန်ယာဉ်ကားချောက်ထဲထိုးကျ

မန္တလေးမှ တောင်ကြီးသို့ တက်လာသည့် ခရီးသည်တင် ရန်ကြီးအောင် မှန်လုံလေအိတ် EXPRESS အမြန်ယာဉ်ကားကြီးသည် ဖေဖော်ဝါရီ ၂၁ရက်နေ့ ၊နံနက်၎း၀၀ နာရီအချိန်တွင် ဟဲဟိုးမြို့ အကျော် ၊တောင်လေးလုံးမရောက်မီ တီကောင်တောင်အကွေ့တွင် ကားဘရိတ်ပေါက်ပြီး တီကောင်တောင်အောက် ရှိ ချောက်ကမ်းပါး အတွင်းသို့ ကားတစ်စီးလုံးထိုးကျသွားခဲ့ကြောင်းသိရသည်။

မြန်မာ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ထိုင်းလိုလား

Photo: မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ထိုင်းလိုလား 
Friday, February 22, 2013

ထိုင်းနိုင်ငံ တွင်းမှာ ရှိတဲ့ မြန်မာ ဒုက္ခသည်တွေကို နေရပ်ရင်း ပြန်ပို့ရေး
ဆောင်ရွက်နိုင်ဖို့ အတွက် မြန်မာ ဘက်က  ကော်မတီ ဖွဲ့ထားတဲ့ အကြောင်းနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ  နေရပ် ရင်းပြန်ပို့ဖို့ ကိစ္စကို ထိုင်းနိုင်ငံ ဘက်ကလည်း လိုလားဆောင်ရွက်နေတဲ့ အကြောင်းတွေကို ထိုင်းနိုင်ငံ တက်ခ် ခရိုင်တွင်းက ခရိုင်ဝန်က မဲဆောက်မြို့မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တခုမှာ ပြောဆိုသွားပါတယ်။ ဆိုတော့ ထိုင်းမြန်မာ နယ်စပ်က မြန်မာ ဒုက္ခသည်တွေ၊ နေရပ်ရင်းပြန်ဖို့ နီးနေ ပါပြီလား၊ ဒီလိုပြန်သွားမယ် ဆိုရင်ရော ဒုက္ခသည်တွေ အတွက် လုံခြုံစိတ်ချမှု
ရှိပါ့မလားဆိုတာ ဆက်သွယ်စုံစမ်းထားတဲ့ မအေးမာက အကြောင်းစုံ
ပြောပြပါမယ်။

ထိုင်းနိုင်ငံတွင်းမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်တွေကို နေရပ်ရင်း
ပြန်ဖို့အတွက် လိုလားနေတဲ့ အကြောင်းကို ထိုင်းနိုင်ငံ တက်ခ်ခရိုင်ဝန် မစ္စတာ ဆူရိယ ပရာဆန်ဘန်ဒစ်က သတင်းထောက်တွေနဲ့ တွေဆုံချိန်မှာ အခုလိုပြောသွားတာပါ။

သူပြောသွားတာကတော့ ဒုက္ခသည်တွေ ပြန်လည်နေရာချထားဖို့ ၊ အဲဒီနေရာကို ဒုက္ခသည်ကိုယ်စားလှယ်တွေ အရင်သွားပြီး စစ်ဆေးနိုင်ဖို့ မြန်မာဘက် ကလည်း  ကော်မတီ ဖွဲ့ထားတယ်လို့ ဆိုပါတယ်။ သူတို့ လေ့လာချက်တွေအရတော့  ဒုက္ခသည် ၃၀ ရာခိုင်နှုန်းကတော့ ကိုယ့်မြေ ကိုယ်ပြန်ချင်တယ်။ ၊ အများစုကတော့ တတိယနိုင်ငံ သွားချင်ကြတယ်။ တချို့က ထိုင်းမှာပဲ ဆက်နေချင်တယ်လို့ ဆိုပါတယ်။  ကျနော်တို့ဘက်က ကျပြန်တော့လည်း  နိုင်ငံထဲကို တရားမဝင် ခိုးဝင်တဲ့ပြဿနာ ၊ တရားမဝင်အလုပ်ဝင်လုပ်တာ ၊ စိုကိပျိုးရေးဝင်လုပ်တာ ၊ သစ်ပင်တွေ ခိုးခုတ်ပြီး သစ်တောတွေ ဖျက်ဆီးနေတဲ့ ပြဿနာ
တွေ ဖြေရှင်းချင်တယ် ၊ ဒါကြောင့် သူတို့ကို ၊ ဒီ ၂ နှစ် ၃ နှစ်ထဲမှာ အမြန်ပြန်ပို့ချင်ပါတယ် ဆိုပြီး ပြောသွားတာပါ။

ဒုက္ခသည်တွေပြန်ပို့ရေးနဲ့ပတ်သက်လို့ မြန်မာဘက်က ကော်မတီဖွဲပြီးပြင်ဆင်နေပြီလို့ဆိုပေမဲ့ ကရင်ဒုက္ခသည်ကယ်ဆယ်ရေးကော်မတီ KRC ကတော့ သူတို့နဲ့ ဆက်စပ်ဆောင်ရွက်တဲ့ အဖွဲအစည်းတွေ မရှိသေးတဲ့
အကြောင်း ပြောဆိုသလို ဒုက္ခသည်တွေ ပြန်ပို့ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ KRC ဥက္ကဌ ဦးရော်ဘတ်ထွေးက ဆိုပါတယ်။

“ ကျနော်တို့ ဒုက္ခသည်ကော်မတီအနေနဲ့  လုံးဝမသိသေးဘူးလေ အဲ့ဒီ့ကိစ္စနဲ့ ပတ်သက်တာနော်။ အခုလောလောဆယ် ကျနော်တို့ ဒုက္ခသည်ပြန်ပို့ဖို့က မသင့်တော်သေးဘူးပေါ့။”

အုန်းဖျန်ဒုက္ခသည်စခန်း ကော်မတီဥက္ကဌ စောဝါးထီးကတော့ ဒုက္ခသည်
တွေပြန်ဖို့ အတွက် ငြိမ်းချမ်းရေး အခြေအနေက တည်ငြိမ်မူတွေ မရှိသေးဘူးလို့ ဆိုပါတယ်။

“ ဒုက္ခသည်ပြန်ရေးကတော့ ဘယ်အဖွဲ့အစည်းကမှ ဆက်သွယ်တာ 
မရှိဘူး။ ကျနော်ကတော့ ထိုင်းနိုင်ငံအစိုးရကိုသော်လည်းကောင်း၊ 
UNHCR အနေနဲ့သော်လည်းကောင်း၊  ကျနော်တို့ ဒုက္ခသည်များရဲ့ အမြင်ကို ပြောရမယ်ဆိုရင်တော့ အဆင်သင့်မဖြစ်သေး ဘူးလို့
ပြောချင်တယ်။ ဒီနေ့လက်ရှိ မြန်မာပြည်တွင်း အခြေအနေဟာ
ငြိမ်းချမ်းရေး ဆိုတဲ့ စကားဟာ ပြောတဲ့ သဘောလောက်ပဲရှိသေးတယ်။ အကောင်အထည်ဆိုတာ သက်သေပြလို့မရသေးဘူးလေ။ ငြိမ်းချမ်းရေးဆိုတဲ့စကားဟာ နူတ်ဖျားနဲ့ပဲ ဆွေးနွေးပြောဆိုတယ်ဆိုတော့ ကျန်တဲ့ လုပ်ငန်းဆိုင်ရာ ၊ အခြားအထွေထွေ ကိစ္စတွေဟာ ဘာတစ်ခုမှ
ပြောကြ၊ မဆွေးနွေးကြသေးဘူး။ ကျနော်တို့ ဘယ်လိုနည်းနဲ့မှ လက်ခံလို့မရသေးဘူးလေနော်။”

ထိုင်းနိုင်ငံတွင်းမှာ ဒုက္ခသည် တစ်သိန်းကျော်ရှိနေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်းမှာတော့ အခြေအနေတည်ငြိမ်ရင် နေရပ်ရင်းကိုပြန်လိုတဲ့ ဒုက္ခသည်တွေရှိနေသလို တတိယနိုင်ငံကို ထွက်ခွါလိုတဲ့ ဒုက္ခသည်
အရေအတွက်က ပိုများနေပါတယ်။ ပြီးခဲ့တဲ့လတွေတုန်းကတော့ ဒုက္ခသည်အများစုကို လက်ခံခေါ်ယူပေးမယ့်  အမေရိကန်နို်င်ငံက ဒုက္ခသည်တွေကို ခေါ်ယူတဲ့ အစီအစဉ်ကို ရပ်နားတော့မယ်ဆိုတဲ့ သတင်းကြောင့်လည်း ဒုက္ခသည်တွေအနေနဲ့ စိုးရိမ်မူတွေ
ရှိနေခဲ့တာပါ။

အခုအခါမှာတော့ နေရပ်ရင်းကိုပြန်ရမယ်ဆိုတဲ့သတင်းတွေကြောင့်လည်း အခြေတကျမဖြစ်မှာ စိုးရိမ်မူတွေ စားသောက်ရေး၊ အလုပ်အကိုင်ရှာဖွေရေး ဆိုတာတွေက ပြင်ဆင်မူတွေ မရှိဘဲ ပြန်ဖို့ကတော့ အခက်အခဲတွေ
ရှိနိုင်တယ်လို့ ဒုက္ခသည်တွေဘက် ကတော့ ပြောဆိုကြပါတယ်။ 

ဓာတ်ပုံ - ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခုမြင်ကွင်း။ 
ဗွီအိုအေထိုင်းနိုင်ငံတွင်းမှာ ရှိတဲ့ မြန်မာ ဒုက္ခသည်တွေကို နေရပ်ရင်း ပြန်ပို့ရေး
ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာဘက်က ကော်မတီဖွဲ့ထားတဲ့ အကြောင်း နဲ့ မြန်မာနိုင်ငံ က ဒုက္ခသည်တွေ နေရပ် ရင်းပြန်ပို့ဖို့ ကိစ္စကို ထိုင်းနိုင်ငံ ဘက်ကလည်း လိုလားဆောင်ရွက်နေတဲ့ အကြောင်းတွေကို ထိုင်းနိုင်ငံ တက်ခ် ခရိုင်တွင်းက ခရိုင်ဝန်က မဲဆောက်မြို့မှာပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ တခုမှာ ပြောဆိုသွားပါတယ်။ ဆိုတော့ ထိုင်းမြန်မာ နယ်စပ်က မြန်မာ ဒုက္ခသည်တွေ၊ နေရပ်ရင်းပြန်ဖို့ နီးနေ ပါပြီလား၊ ဒီလိုပြန်သွားမယ် ဆိုရင်ရော ဒုက္ခသည်တွေ အတွက် လုံခြုံစိတ်ချမှုရှိပါ့မလားဆိုတာ ဆက်သွယ်စုံစမ်းထားတဲ့ မအေးမာက အကြောင်းစုံ ပြောပြပါမယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံများသို့ တရားဝင်ခရီးသွားရောက်မည်

Photo: နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံများသို့ တရားဝင်ခရီးသွားရောက်မည်
Friday, February 22, 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖင်လန်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဆူလီနီနီ စတို၊ သြစတြီးယား
သမ္မတနိုင်ငံ သမ္မတ မစ္စတာဟိန်းဇ် ဖစ်ရှာ၊ အီတလီသမ္မတနိုင်ငံ သမ္မတ  မစ္စတာ ဂျော်ဂျီယို နာပိုလီတာနို၊ နော်ဝေနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ  ဂျန်း(စ်) စတိုလ်တန်ဘတ်ခ်နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ မစ္စတာ ဟိုဆေး မန်နျူရယ် ဘာရိုဆိုတို့၏ ဖိတ်ကြားချက်အရ မကြာမီကာလအတွင်း နော်ဝေ၊ ဖင်လန်၊ သြစတြီးယား၊ ဘယ်လ်ဂျီယံနှင့် အီတလီ နိုင်ငံများသို့ တရားဝင်
ခရီးသွားရောက်မည်ဖြစ်သည်။

http://m.president-office.gov.mm/zg/briefing-room/news/2013/02/22/id-2711
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဖင်လန်သမ္မတနိုင်ငံ သမ္မတ မစ္စတာ ဆူလီနီနီ စတို၊ သြစတြီးယားသမ္မတ နိုင်ငံ သမ္မတ မစ္စတာဟိန်းဇ် ဖစ်ရှာ၊ အီတလီသမ္မတနိုင်ငံ သမ္မတ

ခန္ဓာကိုယ်အတွင်းမူးယစ်ဆေးဝါးသယ်ဆောင်သူ အမျိုးသမီးနှစ်ဦးကိုဖမ်းမိ

Photo: ခန္ဓာကိုယ်အတွင်းမူးယစ်ဆေးဝါးသယ်ဆောင်သူ
အမျိုးသမီးနှစ်ဦးကိုဖမ်းမိ
Thursday, February 21, 2013

လားရှိုးမြို့တွင် ယမန်နေ့ညနေ ၅း၄၅နာရီ အချိန်၌ လားရှိုး
မူးယစ်(အထူး)အဖွဲ့မှ မြို့တွင်း မူးယစ်ဆေးဝါး တားဆီးရေး လုပ်ငန်း ဆောင်ရွက်နေစဉ် ကြိုတင်သတင်း ရရှိမှုအရ
လားရှိုးမြို့မန်ဆူ ကားဝင်းအတွင်းရှိ ကြယ်တံခွန် ကားဂိတ်
တွင်မသင်္ကာသူ အမျိုးသမီးနှစ်ဦးအား စစ်ဆေးကာ
ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

ယင်းအမျိုးသမီး နှစ်ဦးအား ပတ်ဝန်းကျင်ရှိ အသိသက်သေ
များနှင့်အတူ မူးယစ်(အထူး)ရဲစခန်းသို့ ခေါ်၍ မူးယစ်ရဲမေများ
က တရားခံအမျိုးသမီး နှစ်ဦးတို့အား တစ်ဦးစီ ရှာဖွေစစ်ဆေးခဲ့ရာ မရန်ဆိုက်လန့် ၀တ်ဆင်ထားသော ဘော်လီအင်္ကျီ အတွင်းမှ သိုဝှက်သယ်ဆောင်ခဲ့သော အပြာရောင် ပလပ်စတစ် ကပ်ခွာ
အိတ်ဖြင့် ထည့်ထားပြီး ကွန်ဒုံးဖြင့် ထုပ်ထားသော 88 နှင့် 1
စာတမ်း တစ်ဖက်စီပါ ပန်းရောင် စိတ်ကြွ ရှုးသွပ်ဆေးပြား
၁၉၅ပြား ပါဝင်သော အထုတ်ရှစ်ထုပ်၊ စုစုပေါင်းဆေးပြား
၁၅၆၀ပြား၊ တန်ဘိုးငွေ တစ်ပြားလျှင် နှစ်ထောင်နှုန်းဖြင့် ၃၁သိန်း၂သောင်းကျပ် အလေးချိန်၁၄၀.၄ဂရမ်နှင့် မ၀ူရွှင်ရင်း
အား ရှာဖွေစစ်ဆေးရာ ၎င်း၏ အမျိုးသမီးအင်္ဂါအတွင်း၌ သိုဝှက် သယ်ဆောင်လာသော အပြာရောင်ပလပ်စတစ် ကပ်ခွာအိတ်ဖြင့်
ထည့်ပြီး ကွန်ဒုံဖြင့်ထုတ်ထားသော ပန်းရောင် စိတ်ကြွရှုးသွပ်
ဆေးပြား ၁၉၅၀ပြား ၊ကျပ်၃၉သိန်းဖိုး အလေးချိန် ၁၇၅.၅ဂရမ်
တို့ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများ ခန္ဓာကိုယ်တွင်း၌ သိုဝှက် သယ်ဆောင်လာသော ကွတ်ခိုင်မြို့နယ် (၆)ရပ်ကွက်တွင်
နေထိုင်သူ မရန်ဆိုင်လန့်နှင့် မဝူရွှင်ရင်းတို့အား လားရှိုးအမှတ်
(၁) ရဲစခန်းမှ မယ(ပ)၃၁/၂၀၁၃၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားသည်ဟု သိရသည်။

ထွန်းထွန်း
The Myanma Ageလားရှိုးမြို့တွင် ယမန်နေ့ညနေ ၅း၄၅နာရီ အချိန်၌ လားရှိုးမူးယစ် (အထူး) အဖွဲ့မှ မြို့တွင်း မူးယစ်ဆေးဝါး တားဆီးရေး လုပ်ငန်း ဆောင်ရွက်နေစဉ် ကြိုတင်သတင်းရရှိမှုအရ လားရှိုးမြို့မန်ဆူ ကားဝင်းအတွင်းရှိ ကြယ်တံခွန် ကားဂိတ်တွင်မသင်္ကာသူ အမျိုး သမီးနှစ်ဦး အား စစ်ဆေးကာ ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

ကျောင်းကွန်ပျူတာကို Hack လုပ်ပြီး အမှတ်ပြင်ရန် ကြိုးစားသူမိခင် အဖမ်းခံရ

Photo: ကျောင်းကွန်ပျူတာကို Hack လုပ်ပြီး အမှတ်ပြင်ရန်ကြိုးစားသူမိခင် 
အဖမ်းခံရ
Thursday, February 21, 2013

သမီးဖြစ်သူ၏ ရမှတ်အပေါ် စိတ်မကျေနပ်သဖြင့် ကျောင်းရှိကွန်ပျူတာ
အတွင်းသို့ ခိုးဖောက်ဝင်ရောက်ကာ အမှတ်များကို ပြင်ဆင်သည့်အမှုတစ်ခု အမေရိကန်အထက်တန်းကျောင်းတစ်ကျောင်းတွင် ဖြစ်ပွားခဲ့သည်။ 

အသက် ၄၅ နှစ်အရွယ်ရှိ ကက်သရင်း ဗီနက်စ်တိုဆိုသူ ကလေးနှစ်ယောက်မိခင်သည် သမီးဖြစ် သူ၏ ရမှတ် အပေါ်တွင် မကျေနပ်သဖြင့် ထိုသို့ပြုလုပ်ခြင်းဖြစ်သည်ဟုဆိုသည်။ 

ထို့ပြင် ကက်သရင်းသည် သားဖြစ်သူ ရရှိသည့် စာမေးပွဲရမှတ် ၉၈ ရာခိုင်နှုန်းကိုလည်း ၉၉ ရာခိုင်နှုန်းသို့ ပြင်ဆင်ပြောင်းလဲလိုက်ကြောင်း၊ သူမသည် ထိုသို့ အမှတ်များကို ကျောင်းကွန်ပျူတာအတွင်း ခိုးဖောက်
ဝင်ရောက်ကာ ပြင်ဆင်မှုမျိုး အကြိမ် ၁၀၀ ခန့် ပြုလုပ်ခဲ့ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။ 

ကက်သရင်းသည် ယခင်က ကျောင်းတွင် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ဖူးသဖြင့် ကျောင်းအုပ်ချုပ်ရေးပိုင်းက ကိုင်တွယ်ရသည့် Password များကို သိနေကြောင်း၊ ထို့ကြောင့် ကျောင်းမှကွန်ပျူတာကို အိမ်မှတစ်ဆင့် ကွန်ရက်အတွင်းဝင်ရောက်ပြီး ထိုသို့ အဆင့်များ အမှတ်များကို ပြင်ဆင်မှုများ လုပ်ဆောင်နိုင်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 
    
ရွှေမောင်
မောက္ခသမီးဖြစ်သူ၏ ရမှတ်အပေါ် စိတ်မကျေနပ်သဖြင့် ကျောင်းရှိကွန်ပျူတာ
အတွင်းသို့ ခိုးဖောက်ဝင်ရောက်ကာ အမှတ်များကို ပြင်ဆင်သည့် အမှု တစ်ခု အမေရိကန်အထက်တန်းကျောင်း တစ်ကျောင်းတွင် ဖြစ်ပွား ခဲ့သည်။

ဖားကန့် စစ်ဘေးဒုက္ခသည်တွေကို UNHCR နဲ့ ဒိန်းမတ်အဖွဲ့က ပစ္စည်းများ စတင်ဖြန့်ဝေ

Photo: ဖားကန့် စစ်ဘေးဒုက္ခသည်တွေကို UNHCR နဲ့ ဒိန်းမတ်အဖွဲ့က ပစ္စည်းများ စတင်ဖြန့်ဝေ
Friday, February 22, 2013 

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က မစ္စတာ ဒင်စီနဲ့ ဒိန်းမတ်နိုင်ငံက မစ္စတာ မက်ကောနားတို့ ဦးဆောင်တဲ့ အဖွဲ့က ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာက ကယ်ဆယ်ရေး စခန်းတွေမှာ လာရောက်ဖြန့်ဝေတာနဲ့ ပတ်သက်ပြီး ကယ်ဆယ်ရေး လုပ်ငန်း
ဆောင်ရွက်နေတဲ့ ဒေသခံ တစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။

“ကုလသမဂ္ဂ မဟာမင်းကြီးရုံး ကနေပြီးတော့မှ ထောက်ပံ့ရေးပစ္စည်းများ မနေ့က ရောက်လာပါတယ်၊ ၃ နာရီ ၁၉ မိနစ်မှာရောက်လာပြီးတော့ လူဦးရေကတော့ ကလေး၊ လူကြီး ၁၀၀၆ ယောက်ရှိပါတယ်၊ ကျနော်တို့ ဆိုင်းတောင်ကိုရော အားလုံးခြုံပြီးတော့မှ ၁၄၀၆ ယောက်စာ ဆန်အိပ်ပေါင်း ၂၅၇ အိတ်၊ ဆီကတော့ ၈၄ ဖာ၊ နောက် ပဲအိတ်များ၊ ဆားများ၊ အဟာရများ
ကို လှူဒါန်းသွားပါတယ် ခင်ဗျ”

အဲဒီ လှူဒါန်းမှုတွေဟာ ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာက ကယ်ဆယ်ရေး
စခန်းတွေမှာ လာရောက်ခိုလှုံနေကြတဲ့ ဝှေခါ-မှော်သစ်ကုန်း၊ ဂျန်ဂါနဲ့ မှော်ဂဠုန်ကျေးရွာတွေဘက် စစ်ဘေးဒုက္ခသည်တွေရဲ့ လူဦးရေအချိုးအစားနဲ့ဆိုရင် လိုအပ်ချက်ရှိနေဆဲပဲလို့ ဆက်လက် ပြောပါတယ်။

ဖားကန့် ကျောက်စိမ်းတွင်းဒေသက ကယ်ဆယ်ရေးစခန်းတွေမှာ စစ်ဘေး ဒုက္ခသည် ခုနှစ်ထောင် ဝန်းကျင်ရှိတယ်လို့ စုံစမ်း သိရပါတယ်။

RFAကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)က မစ္စတာ ဒင်စီနဲ့ ဒိန်းမတ်နိုင်ငံက မစ္စတာ မက်ကောနားတို့ ဦးဆောင်တဲ့ အဖွဲ့က ဆိပ်မူ(ဆိုင်းတောင်)ကျေးရွာက ကယ်ဆယ်ရေး စခန်းတွေမှာ လာရောက်ဖြန့်ဝေတာနဲ့ ပတ်သက်ပြီး ကယ်ဆယ်ရေး လုပ်ငန်း ဆောင် ရွက်နေတဲ့ ဒေသခံ တစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။

ပွင့်လင်းသောအစိုးရ အဖြစ် သတ်မှတ်ခံရအောင် ဗြိတိန်ကူမည်

Photo: ပွင့်လင်းသောအစိုးရ အဖြစ် သတ်မှတ်ခံရအောင် ဗြိတိန်ကူမည် 
Friday, February 22, 2013

၂၀၁၆ ခုနှစ်မှာ OGP Open Government Partnership လို့ခေါ်တဲ့ ပွင့်လင်းအစိုးရများ မဟာမိတ် အဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ မြန်မာနိုင်ငံက အဆိုပြုထားတာကြောင့် ပွင့်လင်းမြင်သာမှုဆိုတဲ့ OGP ရဲ့ အဓိက လိုအပ်ချက်ကို ပြည့်မှီအောင် ကြိုးပမ်းဖို့အတွက် ဗြိတိန်နိုင်ငံက ပံ့ပိုး ကူညီသွားမှာ ဖြစ်တယ်လို့ OGP ရဲ့ လက်ရှိ နာယက ဗြိတိန်နိုင်ငံ ကနေ ပြောကြားလိုက်ပါတယ်။  OGP အဖွဲ့ဝင်ဖြစ်ဖို့ ထိပ်တန်းအစိုးရ အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုကို ကြေညာဖို့ လိုအပ်ပြီး  အဂတိ လိုက်စားမှုဟာ ပွင့်လင်းမြင်သာမှုရဲ့ ရန်သူဖြစ်တယ် လို့လည်း ဗြိတိန်အစိုးရ၀န်ကြီးအဖွဲ့ ဝန်ကြီး Francis Maude က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ အပြည့်အစုံ ကိုတော့ ဒေါ်ခင်စိုးဝင်း က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံကို နှစ်ရက်ကြာ ခရီးရောက်ရှိခဲ့တဲ့ ဗြိတိန်အစိုးရဝန်ကြီးအဖွဲ့ ဝန်ကြီး Francis Maude က လွန်ခဲ့တဲ့ ၁၈လအတွင်း မထင်မှတ်ပဲ
မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်ထွန်းမှုတွေ တွေ့ရ လို့ အားတက်မိပါတယ်တဲ့။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်းလဲရေး ဆိုတဲ့ တောင်ကြီးကို တက်ဖို့ တောင်ရဲ့ခြေရင်းမှာပဲ ရှိနေသေးတာကြောင့် ပန်းတိုင်ရောက်အောင် အတော်လေး ကြိုးစားဖို့လိုသေးတယ်လို့ သုံးသပ်လိုက်ပါတယ်။

မနှစ်က အမေရိကန်သမ္မတ ဘရက်အိုဘားမားရဲ့ မြန်မာပြည်ခရီးစဉ်
အတွင်းမှာ သမ္မတ ဦးသိန်းစိန်က ၂၀၁၆ ခုနှစ်မှာ  OGP ခေါ် ပွင့်လင်းတဲ့ အစိုးရများ မိတ်ဖက်အဖွဲ့ဝင် နိုင်ငံအဖြစ် ပါဝင်နိုင်ဖို့အတွက် သူတာဝန်ခံပါ့မယ်လို့ ပြောကြားခဲ့ဖူးတဲ့ အကြောင်း၊ ဒါကြောင့် OGP အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံ ပါဝင်ဖို့ ကြိုဆိုတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဖွဲ့ဝင်ဖြစ်ဖို့အတွက် လုပ်စရာတွေ အများကြီးရှိသေးတယ်လို့ ဝန်ကြီး Francis Maude က အခုလိုပြောဆို လိုက်ပါတယ်။

“OGP အဖွဲ့ဝင်ဖြစ်ဖို့အတွက် မြန်မာအစိုးရအနေနဲ့ အရေးကြီးတဲ့ အပြောင်းအလဲတွေ လုပ်ဖို့လိုပါတယ်။ ဘတ်ဂျက် ရသုံးမှန်ခြေငွေစာရင်း၊ အကြီးတန်း အစိုးရအရာရှိကြီးတွေ ရဲ့အခြေပစ္စည်းပိုင်ဆိုင်မှုတွေ အပါအ၀င် အားလုံးကို ထင်သာမြင်သာဖြစ်ရပါမယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့်ကတော့ အခု အထိုက်အလျောက် တိုးတက်
လာတာတွေ့ရပါပေမဲ့ သတင်း အချက်အလက်တွေ လက်လှမ်း
မှီအောင်ရယူနိုင်ဖို့ အခွင့်အလမ်းတွေ လိုနေပါသေးတယ်။ ဒါတွေအားလုံး ပွင့်လင်းလာတဲ့ကျမှသာ OGP အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်မှာဖြစ်ပါတယ်။ 
ဒီလို အပြောင်းအလဲတွေ ဖြစ်ထွန်းလာအောင် ကျနော်တို့ ကူညီပါ့မယ်လို့ တာဝန်ရှိသူတွေ ကိုလည်း ပြောကြားခဲ့ပါတယ်။”

ဗြိတိန်ဝန်ကြီး Francis Maude က အစိုးရဝန်ကြီးတွေနဲ့ရော၊
ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါ တွေ့ဆုံ ခဲ့ပြီး လူထုအခြေပြု အဖွဲ့အစည်းတွေကိုလည်း တွေ့ဆုံနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီ့လို တွေ့ဆုံရာ မှာ OGP အဖွဲ့ဝင်ဖြစ်ဖို့ လိုအပ်ချက်တွေကို သူရှင်းပြခဲ့တယ်လို့ အခုလို ဆိုပါတယ်။

“အဖွဲ့ဝင်ဖြစ်ဖို့ အခြေခံ အချက် ၃ ခု လိုပါတယ်။ ပထမအချက်က အနဲဆုံး နည်းဥပဒေနဲ့ အညီ ဘောင်ဝင်ဖို့ လိုပါတယ်။  ဒုတိယအချက်က OGP ရဲ့ အခြေခံမူဖြစ်တဲ့ ပွင့်လင်းမြင်သာမှု ရှိဘို့ပါဘဲ။ တတိယအချက်က ပွင့်လင်းမြင်သာမှု အတွက် ယုံကြည် အားထားလောက်တဲ့ လုပ်ငန်းအစီအစဉ် ချမှတ်ရပါမယ်။ ဒါဟာ မြန်မာ တစ်နိုင်ငံတည်းအတွက် မဟုတ်ပဲ ဘယ်နိုင်ငံမှာမဆို လိုက်နာရမှာဖြစ်ပါတယ်။ ပွင့်လင်းမှုမှာ ဦးဆောင်တယ်လို့ ဆိုရပေမယ့် ကျနော်တို့ဗြိတိန်နိုင်ငံမှာလည်း ပိုပြီးတိုးတက်အောင် ကောင်းသထက်ကောင်းအောင် လိုက်နာကြရပါတယ်။”

OGP အဖွဲ့ကို လွန်ခဲ့တဲ့ နှစ်နှစ်က အဖွဲ့ဝင် ၅၈နိုင်ငံနဲ့ ဖွဲ့စည်း
ထားတာ ဖြစ်ပါတယ်။ OGP ရဲ့ အဓိက ရည်ရွယ်ချက်က Public Accountability လို့ ခေါ်တဲ့ ပြည်သူတွေအပေါ် တာဝန်သိတဲ့ တာဝန်သိမှုဖြစ်ပါတယ်လို့ ပြောရင်း OGP အဖွဲ့ဝင်ဖြစ်ခြင်းအားဖြင့် ရရှိမယ့် အကျိုးခံစားခွင့်တွေနဲ့ပတ်သက်လို့ အခုလို ရှင်းပြသွားပါတယ်။

“OGP အဖွဲ့ဝင်ဖြစ်ခြင်းအားဖြင့် ပွင့်လင်းမှုကို တွန်းအားပေးတဲ့ သဘောဆောင်ပါတယ်။ ပြည်သူ့ ဘဏ္ဍာတွေ ဘယ်လို သုံးတယ်
ဆိုတာကအစ ယုံကြည်ကိုးစားမှု တိုးစေပါတယ်။  နောက်ပြီး အဂတိလိုက်စားမှုဟာ ပွင့်လင်းမြင်သာမှုရဲ့ ရန်သူဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုက အဂတိ လိုက်စားမှုကို ချေမှုန်းပစ်နိုင်ပါတယ်။  ဒါကြောင့် OGP အဖွဲ့ဝင်ဖြစ်ခဲ့ရင် ပွင့်လင်းတဲ့ စနစ်ကို
ဖေါ်ဆောင်နိုင်ကြမှာဖြစ်လို့ ဧရာမ ကွာခြားချက်ကြီးကို တွေ့ကြရမှာပါ။”

မြန်မာပြည် ပြုပြင်ပြောင်းလဲရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်အောင်
ကောင်းမွန်တဲ့ အုပ်ချုပ်မှု၊ တာဝန်သိတဲ့ ရင်းနှီးမြှပ်နှံမှု၊ ပွင့်လင်းမြင်သာမှု တိုးတက်စေရေး၊ လွှတ်တော်ရဲ့ လုပ်ငန်းတွေ ခိုင်မာရေး၊ တိုင်းရင်းသားတွေနဲ့ပြန်လည်ရင်ကြားစေ့ရေး အတွက်
နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဖို့အတွက် OGP အဖွဲ့ဝင်တွေက ဝိုင်းဝန်းပံ့ပိုးသွားမှာဖြစ်တယ်လို့ OGP ရဲ့ နာယကအဖြစ် တာဝန်ယူထားတဲ့ ဗြိတိန်အစိုးရ၀န်ကြီးအဖွဲ့ ၀န်ကြီး Francis Maudeက ကြာသပတေးနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

ဓာတ်ပုံ - ဗြိတိန်အစိုးရ၀န်ကြီးအဖွဲ့ ၀န်ကြီး Francis Maude နဲ့ မြန်မာ့
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ်။ 
(Credit to OGP FB)

ဗွီအိုအေ၂၀၁၆ ခုနှစ်မှာ OGP Open Government Partnership လို့ခေါ်တဲ့ ပွင့်လင်းအစိုးရများ မဟာမိတ်အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ မြန်မာနိုင်ငံက အဆိုပြုထားတာကြောင့် ပွင့်လင်းမြင်သာမှုဆိုတဲ့ OGP ရဲ့ အဓိက လိုအပ်ချက်ကို ပြည့်မှီအောင် ကြိုးပမ်းဖို့အတွက် ဗြိတိန်နိုင်ငံက ပံ့ပိုး ကူညီသွားမှာ ဖြစ်တယ်လို့ OGP ရဲ့ လက်ရှိ နာယက ဗြိတိန်နိုင်ငံ ကနေ ပြောကြားလိုက်ပါတယ်။ OGP အဖွဲ့ဝင်ဖြစ်ဖို့ ထိပ်တန်းအစိုးရ အရာရှိကြီးတွေရဲ့ ပိုင်ဆိုင်မှုကို ကြေညာဖို့ လိုအပ်ပြီး အဂတိ လိုက်စားမှုဟာ ပွင့်လင်းမြင်သာမှုရဲ့ ရန်သူဖြစ်တယ် လို့လည်း ဗြိတိန် အစိုးရ၀န်ကြီးအဖွဲ့ ဝန်ကြီး Francis Maude က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။ အပြည့်အစုံ ကိုတော့ ဒေါ်ခင်စိုးဝင်း က ပြောပြပေးမှာပါ။

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ

Photo: အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံ
Friday, February 22, 2013

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးနဲ့အတူ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell တို့ကို ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် အဆောက်အအုံဝင်း အတွင်းက တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မတီ ရုံးခန်းမှာ လက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။

အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Michael Posner ဟာ မြန်မာနိုင်ငံကို ၃ ရက်ကြာခရီးစဉ်အဖြစ် မနေ့က ရောက်ရှိလာခဲ့တာပါ။

သူ့ရဲ့ခရီးစဉ်အတွင်း အစိုးရအဖွဲ့ ခေါင်းဆောင်တွေ၊ ဘာသာရေး
ခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်းတွေက လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံက လူ့ အခွင့်အရေး အခြေအနေတွေ အထူးသဖြင့် မြန်မာအစိုးရ ထုတ်ပြန်ကြေညာထားတဲ့
နိုင်ငံရေးအကျဉ်းသားကိစ္စ ဆောင်ရွက်နေမှုတွေ ၊ တိုင်းရင်းသားဒေသတွေက ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေက လူ့အခွင့်အရေး အခြေအနေတွေကို အဓိကထား လေ့လာဆွေးနွေးမယ်လို့ သိရပါတယ်။

ဒီအတောအတွင်းမှာဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မနက်ပိုင်းက ကနေဒါနိုင်ငံက ရောက်ရှိနေတဲ့ ပါလီမန်အမတ်များအဖွဲ့နဲ့လည်း တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ ရုံးခန်းမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

RFAအမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီးနဲ့အတူ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell တို့ကို ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော် အဆောက်အအုံဝင်း အတွင်းက တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ် အေးချမ်းရေးကော်မတီ ရုံးခန်းမှာ လက်ခံတွေ့ဆုံခဲ့တာဖြစ်ပါတယ်။