Monday, February 18, 2013

တန်ချိန်၂၂၀ရှိသည့်မီးစက်တစ်စုံရွာမဓါတ်အားပေးစက်ရုံသို့ပြောင်းရွှေ့

Photo: တန်ချိန်၂၂၀ရှိသည့်မီးစက်တစ်စုံရွာမဓါတ်အားပေးစက်ရုံသို့ပြောင်းရွှေ့
Monday, February 18, 2013 

ထိုင်းနိုင်ငံအစိုးရမှလှူဒါန်းသော 120 MW ရှိသည့် မီးစက်တစ်စုံသည်
ဖေဖော်ဝါရီလ ၉ရက်နေ့၌ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်ဆိပ်ကမ်းသို့
ရောက်ရှိကာ ယခုလ ၁၇ရက်နေ့ ညပိုင်း ၁၀နာရီခွဲခန့်တွင် အေးရှားဝေါလ်
ဆိပ်ကမ်း ထီးတန်းဆိပ်ခံတံတားမှ ရွာမဓါတ်အားပေးစက်ရုံသို့ ပို့ဆောင်ကြောင်း အင်ကြင်းဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်မှ အမှုဆောင်
ဒါရိုက်တာ ဦးစိုးမင်းအောင်၏ပြောကြားချက်အရ သိရသည်။ 

အဆိုပါ မီးစက်တစ်စုံတွင် ပစ္စည်းခုရေ စုစုပေါင်း ၅၈၉ခုရှိပြီး အလေးချိန်အနေဖြင့် တန်ချိန် ၅၀၀ကျော်အား ဗိုလ်အောင်ကျော်ဆိပ်ခံ
တံတား၌ ဖေဖော်ဝါရီလ ၁၁ရက်နေ့မှ ၁၆ရက်နေ့အထိ သယ်ချခဲ့ကြောင်း သိရကာ တန်ချိန်အများဆုံးဖြစ်သည့် ၇၀၊ ၁၂၀၊ ၂၁၈နှင့် ၂၂၀တန်တို့အား
ဖေဖော်ဝါရီ ၁၇ရက်နေ့တွင် အေးရှားဝေါလ်ဆိပ်ကမ်းတွင် ပစ္စည်း ၄ခုသယ်ချခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။ 

ထို့နောက် အဆိုပါ လေးလံပစ္စည်း ၄ခုအား အေးရှားဝေါလ်ဆိပ်ကမ်းမှ ရွာမဓါတ်အားပေးစက်ရုံသို့ ဖေဖော်ဝါရီလ ၁၇ရက်မှစတင်၍ ၂၀ရက်နေ့
အထိ သယ်ယူပို့ဆောင်ကာ နှစ်စုံတပ်ဆင်ပြီးပါက ပြည်သူများအတွက် လျှပ်စစ်မီးအပြည့်အဝအသုံးပြုရန် တိုးမြှင့်ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း MEC မှ ဒုတိယဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။ 

TMA
The Myanma Age ထိုင်းနိုင်ငံအစိုးရမှလှူဒါန်းသော 120 MW ရှိသည့် မီးစက်တစ်စုံသည်
ဖေဖော်ဝါရီလ ၉ရက်နေ့၌ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်ဆိပ်ကမ်း သို့ ရောက်ရှိကာ ယခုလ ၁၇ရက်နေ့ ညပိုင်း ၁၀နာရီခွဲခန့် တွင် အေးရှားဝေါလ် ဆိပ်ကမ်း ထီးတန်းဆိပ်ခံတံတားမှ ရွာမဓါတ် အားပေး စက်ရုံသို့ ပို့ဆောင်ကြောင်း အင်ကြင်းဖွံ့ဖြိုးရေး ကုမ္ပဏီ လီမိတက်မှ အမှုဆောင် ဒါရိုက်တာ ဦးစိုးမင်းအောင် ၏ပြောကြားချက် အရ သိရသည်။

Vatican တနင်္ဂနွေ ဝတ်ပြုပွဲ လူအများအပြား လာရောက်

Photo: Vatican တနင်္ဂနွေဝတ်ပြုပွဲ လူအများအပြားလာရောက်
Monday, February 18, 2013 

ဗာတီကန် (Vatican) မှာ တနင်္ဂနွေနေ့တိုင်း ပုပ်ရဟန်းမင်းကြီး ဦးဆောင်တဲ့ ဝတ်ပြုဆုတောင်းပွဲကို လာရောက်ကြတဲ့ ပရိသတ်တွေဟာ St. Peter’s ရင်ပြင်မှာ ပြည့်နှက်နေခဲ့ပါတယ်။ ဖေဖော်ဝါရီ လ၂၈ ရက်နေ့ကျရင် တာဝန်ကနေ အနားယူတော့မယ်လို့ ပုပ်ရဟန်းမင်းကြီး ကြေညာခဲ့ပြီး ၆ ရက် အကြာမှာ ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲကို လာရောက်ကြသူတွေဟာ အရင်နဲ့ မတူအောင်ကို များပြားခဲ့ပါတယ်။
 
ပြည့်နှက်နေတဲ့ ဝတ်ပြုသူတွေကို သူ့အတွက်ရော၊ သူ့နေရာကို ဆက်ခံမယ့် ပုပ်ရဟန်းမင်းကြီး အတွက်ကိုပါ ဆက်ပြီး ဆုတောင်းပေးကြဖို့ ပုပ်ရဟန်းမင်းကြီး Benedict က ပန်ကြားခဲ့ပါတယ်။
 
ပုပ်ရဟန်းမင်းကြီးအသစ်ကို ရွေးရွယ်ပွဲကို အရင် စီစဉ်ထားတာထက်စောပြီး ကျင်းပဖို့ စဉ်းစားနေတယ်လို့ ဗာတီကန် က စနေနေ့က ပြောကြားခဲ့ပါတယ်။ လက်ရှိဗာတီကန်ရဲ့ သတ်မှတ်ချက်အရ Cardinal ဘုန်းတော်ကြီးတွေက ပုပ်ရဟန်းမင်းကြီးအသစ်ကို မတ်လ ၁၅ ရက်နေ့ မတိုင်ခင်ရွေးချယ်လို့ မရပါဘူး။ ဒါဟာ ပုပ်ရဟန်းမင်းကြီး Benedict တာဝန်က အနားယူပြီး ၁၅ ရက်ကြာမှ ဖြစ်ပါတယ်။ ဒါပေမဲ့ Cardinal ဘုန်းတော်ကြီးတွေအနေနဲ့ ပုပ်ရဟန်းမင်းကြီး ဘယ်နေ့ အနားယူမယ်ဆိုတဲ့ရက် အတိအကျကို သိထားပြီးဖြစ်လို့စီစဉ်ထားတာထက်စောပြီး Rome ကိုလာနိုင်အောင်
စီစဉ်လို့ရတယ်လို့ ဗာတီကန် ပြောခွင့်ရသူက ပြောပါတယ်။
 
Easter ပွဲတော်သီတင်းပတ်မစခင်မှာ ပုပ်ရဟန်းမင်းကြီးအသစ်ကို တာဝန်ပေးအပ်နိုင်ဖို့ လိုအပ်တယ်လို့ ရိုမန်ကက်သလစ် အသင်းတော် တာဝန်ရှိသူတွေက ပြောပါတယ်။ 

ဗွီအိုအေ ဗာတီကန် (Vatican) မှာ တနင်္ဂနွေနေ့တိုင်း ပုပ်ရဟန်းမင်းကြီး ဦးဆောင်တဲ့ ဝတ်ပြုဆုတောင်းပွဲကို လာရောက်ကြတဲ့ ပရိသတ်တွေဟာ St. Peter’s ရင်ပြင်မှာ ပြည့်နှက်နေခဲ့ပါတယ်။ ဖေဖော်ဝါရီ လ၂၈ ရက်နေ့ကျရင် တာဝန်ကနေ အနားယူတော့မယ်လို့ ပုပ်ရဟန်း မင်းကြီး ကြေညာခဲ့ပြီး ၆ ရက် အကြာမှာ ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲ ကို လာရောက်ကြသူတွေဟာ အရင်နဲ့ မတူအောင်ကို များပြားခဲ့ပါတယ်။

ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ မတ်လကုန်တွင် ထွက်ရှိမည်

Photo: ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာ မတ်လကုန်တွင် ထွက်ရှိမည်
Monday, February 18, 2013 
   
ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် မတ်လကုန်တွင် ထွက်ရှိမည်ဖြစ်ကြောင်း၊ ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ၈၈ မျိုးဆက် ငြိမ်းချမ်းနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း
ခေါင်းဆောင် ဦးကိုကိုကြီးက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြောကြားသည်။

“အခုလောလောဆယ် ကြားဖြတ်အစီရင်ခံစာ တင်ပြီးသွားပြီ။ အပြီးသတ် အစီအရင်ခံစာကိုတော့ မတ်လနောက်ဆုံးပတ်လောက်မှာ ထွက်ရှိနိုင်အောင် ကြိုးပမ်းနေပါတယ်” ဟု ဦးကိုကိုကြီးက ပြောကြားသည်။

ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က အဖွဲ့ဝင် ၂၇ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

စတင်ဖွဲ့စည်းစဉ်က ကော်မရှင်၏ အစီရင်ခံစာကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၆ ရက် နောက်ဆုံးထား၍ နိုင်ငံတော်သမတထံသို့ အပြီးသတ် တင်သွင်း
ရမည်ဖြစ်သော်လည်း နိုဝင်ဘာလ နောက်ဆုံးပတ်တွင် သမ္မတထံ ကြားဖြတ်အစီရင်ခံစာ တင်သွင်းနိုင်ခဲ့ပြီး အပြီးသတ် အစီအရင်ခံစာ တင်ရမည့်ရက်ကို ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့ထိ တိုးမြှင့်
တောင်းဆိုခဲ့သည်။

အဆိုပါ အစီရင်ခံစာတွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေနိုင်သော ပဋိပက္ခဖြစ်ပွားရသည့် အကြောင်း အရင်းများ၊ ပဋိပက္ခဖြစ်ပွားမှုကြောင့်
သေဆုံးဒဏ်ရာရမှုများ၊ ပျက်စီးဆုံးရှုံးမှုများနှင့် အခြားထိခိုက်မှုများ၊ တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်မှု များ၊ ကယ်ဆယ်ရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး
ဆောင်ရွက်ပေးနိုင်မှု၊ ပဋိပက္ခ ချုပ်ငြိမ်းရေးအတွက် ရေတိုရေရှည်
ဆောင်ရွက်သင့်သည့် အချက်များ၊ ကွဲပြားသောဘာသာအယူဝါဒရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မည့် နည်းလမ်းများ၊ တရားဥပဒေ စိုးမိုးရေး အကြံပြုချက်များ၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက် မှုဆိုင်ရာအကြံပြုချက်များကို သုံးသပ်ချက်နှင့်တကွ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Eleven Media Groupရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ၂၀၁၃ ခုနှစ် မတ်လကုန်တွင် ထွက်ရှိမည်ဖြစ်ကြောင်း၊ ရခိုင် စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တစ်ဦး ဖြစ်သူ ၈၈ မျိုးဆက် ငြိမ်းချမ်းနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် ဦးကိုကိုကြီးက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြောကြားသည်။

ကနေဒါကိုယ်စားလှယ်အဖွဲ့ တိုင်းရင်းသားတွေနဲ့ တွေ့မည်

Photo: ကနေဒါကိုယ်စားလှယ်အဖွဲ့ တိုင်းရင်းသားတွေနဲ့ တွေ့မည် 
Monday, February 18, 2013 

ကနေဒါနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ဟာ မြန်မာနိုင်ငံမှာ
ရောက်နေပြီး တနင်္လာနေ့မှာ တိုင်းရင်းသားလူမျိုးစုပါတီတွေနဲ့ တွေ့ဆုံဖို့
ရှိပါတယ်။ ပြည်ပအစိုးရတွေနဲ့ လွှတ်တော်တွေက တာဝန်ရှိသူတွေ
မြန်မာနိုင်ငံဆီ လာရောက်တဲ့အခါ လူမျိုးစုပါတီတွေ၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ လာကြတာဟာ မြန်မာနိုင်ငံ ရဲ့ ပြုပြင် ပြောင်းလဲရေးမှာ လူမျိုးစုတွေရဲ့အခန်းကဏ္ဍကို ပိုပြီး အသိအမှတ်ပြုလာတဲ့ပုံ ရှိတယ်လို့ လူမျိုးစုပါတီတခုရဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ကနေဒါနိုင်ငံခြားရေးဝန်ကြီးရဲ့ ပါလီမန်အတွင်းဝန် ဒီးပါ့က် အော့ဘ်ရိုင်း (Deepak Obhrai) ဦးဆောင်တဲ့ ကနေဒါနိုင်ငံရေး ပါတီစုံက လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ မြန်မာနိုင်ငံဆီ လာရောက်မယ့်
အကြောင်းကို နိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘာ့ဒ် (John Baird) က ဖေဖော်ဝါရီလ ၁၅ ရက်နေ့စွဲနဲ့ ထုတ်ပြန် ကြေညာခဲ့တာပါ။

ဒါဟာ မြန်မာနဲ့ကနေဒါ နှစ်နိုင်ငံ လွှတ်တော်တွေအကြား အပြန်အလှန်
ဖလှယ်ရေးဆိုင်ရာ အစီအစဉ်တခုရဲ့ ပထမခရီးဖြစ်တယ် လို့လည်း ဆိုပါတယ်။ ကနေဒါလွှတ်တော်ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံဖို့ရှိတဲ့
အစီအစဉ်ကို ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေး RNDP ပါတီရဲ့ အတွင်းရေးမှူး ဦးဦးလှစောက ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကနေဒါက ရောက်နေတဲ့ လွှတ်တော်အဖွဲ့ဟာ ကျနော်တို့ RNDP အပါအ၀င်ပေါ့လေ၊ တိုင်းရင်းသားဒီမိုကရေစီပါတီတွေနဲ့ မနက်ဖြန် ၃ နာရီကနေ ၅ နာရီ ပါ့က်ရွိုင်ရယ် ဟိုတယ်မှာ တွေ့ဖို့ဆိုပြီး ကျနော်တို့ကို ချိန်းထားပါတယ်။ အဲဒီကနေ သူတို့က သွားပြီးတော့ နေပြည်တော်ရောက်လို့ ရှိရင် နေပြည်တော်မှာရှိတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်က အမတ်တွေနဲ့လည်း တွေ့ဖို့အစီအစဉ် ရှိပါတယ်။ နောက်ပြီးတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့လည်း တွေ့မှာပေါ့လေ။”

ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘာ့ဒ်ဟာ ပြီးခဲ့တဲ့နှစ် မတ်လက
မြန်မာနိုင်ငံဆီ လာရောက်ခဲ့ချိန် အတွင်း အခု အစီအစဉ်ကို အဆိုပြုခဲ့တာ
ဖြစ်ပါတယ်။ လွှတ်တော်လုပ်ငန်းနဲ့ ပတ်သက်ပြီး ကောင်းမွန်တဲ့ အလေ့အကျင့်တွေအပေါ် သူတို့ရဲ့အတွေ့အကြုံတွေ နဲ့ အမြင်တွေကို
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေသူတွေနဲ့ မျှဝေနိုင်ဖို့ ဒီလိုအစီအစဉ်မျိုးကို အဆိုပြုခဲ့တာဖြစ် တယ်လို့ ဂျွန် ဘာ့ဒ်ကပြောပါတယ်။

နိုင်ငံတကာကနေ မြန်မာနိုင်ငံဆီ လာရောက်ကြတဲ့ ကိုယ်စားလှယ်
အဖွဲ့တွေက တိုင်းရင်းသားပါတီတွေနဲ့ သီးခြား တွေ့လာကြ တယ်ဆိုတာဟာ ဒီပါတီတွေရဲ့ အခန်းကဏ္ဍကို ပိုပြီး အလေးထားလာကြပုံရတာကြောင့်
ဖြစ်ဖွယ်ရှိတယ်လို့ ဦးဦးလှစောက သုံးသပ်ပါတယ်။

“ကျနော် ထင်တာကတော့ မြန်မာပြည်ရဲ့နိုင်ငံရေးမှာ တိုင်းရင်းသား
ပါတီတွေရဲ့ အခန်းကဏ္ဍ၊ တိုင်းရင်းသားပြဿနာ ဆိုတာလည်း မြန်မာပြည် ဒီမိုကရေစီ အကူးအပြောင်းကာလရဲ့ အင်မတန်အရေးကြီးတဲ့ အစိတ်အပိုင်းကြီးတရပ်လို့ ယူဆပုံ ရပါတယ်။ အရင်တုန်းကဆိုရင် တိုင်းရင်းသားပါတီတွေကို တွေ့စရာမလိုဘူးဆိုတဲ့ သဘောထားမျိုး ရှိတာပေါ့။ ခုတော့ အဲဒီလိုတော့ မဟုတ်ဘူးခင်ဗျ။ နိုင်ငံတကာက လာတဲ့အဖွဲ့အစည်း အတော်များများ၊ NGO ပဲဖြစ်ဖြစ်၊ အီးယူကပဲ ဖြစ်ဖြစ်၊ တခြား ပါတီတွေကပဲ ဖြစ်ဖြစ် တိုင်းရင်းသားပါတီတွေနဲ့ တွေ့ပြီး သဘောထားပေါ့။ ပြည်တွင်း ငြိမ်းချမ်းရေးသဘောထား၊ လက်နက်ကိုင် အပစ်အခတ် ရပ်စဲရေးနဲ့ပတ်သက်တဲ့ သဘောထား၊ ဒီမိုကရေစီ
ပြုပြင် ပြောင်းလဲရေး သဘောထားတွေကို သူတို့ မေးမြန်းတာတွေ၊
ဆွေးနွေးတာတွေတော့ ရှိပါတယ်။”

ကနေဒါ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေနဲ့ မြန်မာ့နိုင်ငံရေးပါတီ
အသီးသီးက လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ၀န်ထမ်းတွေ၊ အစိုးရတာဝန်ရှိသူတွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမယ်လို့ ကနေဒါနိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံမှာ မကြာသေးခင်ကဖြစ်လာခဲ့တဲ့ အပြောင်းအလဲတွေဟာ
မြန်ဆန်ပြီး အားတက်ဖွယ်ကောင်းတဲ့အကြောင်း၊ ကနေဒါနိုင်ငံရဲ့
အတွေ့အကြုံအရ ဘယ်ကိစ္စတွေဟာ အလုပ်ဖြစ်ပြီး ဘယ်လိုကိစ္စတွေက အလုပ်မဖြစ်ဘူးဆိုတာကို မျှဝေတာဟာ မြန်မာလူထု ကာလရှည်ကြာ
တောင့်တလာခဲ့ကြတဲ့ စစ်မှန်တဲ့ကိုယ်စားပြုမှုနဲ့ ဒီမိုကရေစီနည်းကျ အစိုးရ ပေါ်ထွန်းရေး လုပ်ငန်းစဉ် လျင်မြန်စေ ဖို့အတွက် အကူအညီ
ဖြစ်စေလိမ့်မယ်လို့ ကနေဒါလွှတ်တော်ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် Obhrai ကပြောပါတယ်။

အခု ကနေဒါလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ပြီးတဲ့နောက်
မြန်မာလွှတ်တော် ကိုယ်စားလှယ် တဖွဲ့ဟာလည်း ဒီနှစ် နှောင်းပိုင်းမှာ အပြန်အလှန် ခရီးစဉ်တစ်ခုအနေနဲ့ သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ကနေဒါနိုင်ငံရေးပါတီစုံက အဖွဲ့ဝင် ၁၄ ဦးပါ ကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်ဟာ ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ၂၂ ရက်နေ့အထိ ကြာမြင့်မှာ
ဖြစ်ပါတယ်။

ဗွီအိုအေ ကနေဒါနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တဖွဲ့ဟာ မြန်မာနိုင်ငံမှာ
ရောက်နေပြီး တနင်္လာနေ့မှာ တိုင်းရင်းသားလူမျိုးစုပါတီတွေနဲ့ တွေ့ဆုံဖို့
ရှိပါတယ်။ ပြည်ပအစိုးရတွေနဲ့ လွှတ်တော်တွေက တာဝန်ရှိသူတွေ မြန် မာနိုင်ငံဆီ လာရောက်တဲ့အခါ လူမျိုးစုပါတီတွေ၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ လာကြတာဟာ မြန်မာနိုင်ငံ ရဲ့ ပြုပြင် ပြောင်းလဲရေးမှာ လူမျိုးစုတွေရဲ့အခန်းကဏ္ဍကို ပိုပြီး အသိ အမှတ်ပြု လာတဲ့ပုံ ရှိတယ်လို့ လူမျိုးစုပါတီတခုရဲ့ တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ငွေလဲနှုန်း မပြိုင်ဆိုင် ဘဲ ဈေးကွက် ဖွင့်ထားဖို့ G-20 ဆုံးဖြတ်

Photo: ငွေလဲနှုန်း မပြိုင်ဆိုင်ဘဲ ဈေးကွက်ဖွင့်ထားဖို့ G-20 ဆုံးဖြတ်
Monday, February 18, 2013 

ကမ္ဘာ့စက်မှုထိပ်သီး နိုင်ငံ ၂၀ ဖြစ်တဲ့ G-20 အဖွဲ့ရဲ့ ငွေလဲလှယ်နှုန်းတွေကို ယှဉ်ပြိုင်ဖို့အတွက် အဓိကရည်ရွယ် ဆောင်ရွက်တာမျိုး မလုပ်ဖို့ အဖွဲ့ရဲ့
ဘဏ္ဏာရေး ခေါင်းဆောင်တွေက ဆုံးဖြတ်လိုက်ကြ ပါတယ်။

ငွေကြေးဈေးကွက်ကို ဆက်ပြီး ဖွင့်ထားဖို့နဲ့ အပြိုင်အဆိုင် ငွေတန်ဖိုး
လျော့ချတာမျိုးတွေ မလုပ်ဖို့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပတဲ့ G-20 အဖွဲ့ဝင် နိုင်ငံတွေရဲ့ အစည်းအဝေးက စနေနေ့ကထုတ်ပြန်တဲ့ ပူးတွဲ
ကျေညာချက်မှာ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF ဦးဆောင်
ညွှန်ကြားရေးမှူး Christine Lagarde က ထပ်ပြီးဖော်ပြလိုက်တာဖြစ်ပါတယ်။
 
တချို့နိုင်ငံတွေဟာ စီးပွားရေး အကျိုးအမြတ်အတွက် ငွေကြေးတန်ဖိုး
လျော့ချဖို့ ကြိုးစားမယ်ဆိုရင် သူတို့ရဲ့နဂိုကတည်းက ကျဆင်းနေတဲ့ စီးပွားရေး နာလန်ထူဖို့အရေးမှာ လမ်းလွဲသွားနိုင်တယ် လို့ နိုင်ငံရေး
ခေါင်းဆောင်တချို့နဲ့ ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်ပူပန်တွေ ရှိနေကြပါတယ်။

နိုင်ငံရဲ့ စီးပွားရေး တိုးတက်ပြီး တခြားနိုင်ငံတွေထက် အသာစီးရအောင် တွန်းအားပေးနိုင်ဖို့ အတွက် ငွေတန်ဖိုး လျော့ချခဲ့တဲ့ ဂျပန်နိုင်ငံ မှာလည်း နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ 
 
မကြာသေးခင်က ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမဏီနိုင်ငံတွေကလည်း ထိပ်သီးစီးပွားရေး ကုမ္ပဏီကြီးတွေ အခွန်အနည်းဆုံး ပေးဆောင်ဖို့ ကြိုးပမ်းနေတာတွေကို တားမြစ်ပြီး ထိုက်သင့်တဲ့ အခွန်ထမ်းဆောင်မှု ရှိဖို့ တွန်းအားပေးတဲ့ လုပ်ငန်းစဉ်သစ်ကို စတင်ခဲ့ပါတယ်။ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်နိုင်ငံကြီးတွေမှာ အခွန်နည်း နိုင်သမျှနည်းအောင်ပေးဖို့ ကြိုးပမ်းမှုကို ဆန်းစစ်ခဲ့တဲ့ စီးပွားရေးကော်ပိုရေးရှင်းကြီးတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲ့ OECD ရဲ့ လေ့လာမှုတွေပေါ် အခြေခံပြီး အဲဒီအစီအစဉ်သစ်ကို စတင် ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဓာတ်ပုံ - နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF ဦးဆောင်ညွှန်ကြားရေးမှူး Christine Lagarde

ဗွီအိုအေကမ္ဘာ့စက်မှုထိပ်သီး နိုင်ငံ ၂၀ ဖြစ်တဲ့ G-20 အဖွဲ့ရဲ့ ငွေလဲလှယ်နှုန်းတွေ ကို ယှဉ်ပြိုင်ဖို့အတွက် အဓိကရည်ရွယ် ဆောင်ရွက်တာမျိုး မလုပ်ဖို့ အဖွဲ့ရဲ့ ဘဏ္ဏာရေး ခေါင်းဆောင်တွေက ဆုံးဖြတ်လိုက်ကြ ပါတယ်။

မနက်စာက ဘာကြောင့် တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာဖြစ်နေ သလဲ?

Photo: မနက်စာက ဘာကြောင့် တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာဖြစ်နေ သလဲ?
Monday, February 18, 2013 

နေ့တစ်နေ့ရဲ့ အစမှာ စားရတဲ့ မနက်စာက တစ်နေ့တာလုံး အတွက် အရေးကြီး ဆုံး အစာ ဖြစ်တာကြောင့် မနက်စာကို မဖြစ်မနေ စားသင့်ကြောင်း မကြာခဏ ကြားဖူး ကြမှာပါ။

ဒါပေမဲ့ အပြိုင်အဆိုင် များတဲ့ မျက်မှောက် ခေတ်ကြီးမှာ နောက်ကောက်ကျ မကျန်ခဲ့ဖို့ အတွက် အများစုက အလုပ် လောဘကြီး နေတတ် ကြပါတယ်။

မနက်မနက် အလုပ်ချိန် မှီအောင်၊ ကျောင်းချိန်မှီအောင် လုံးပန်း နေရတာနဲ့ မနက်စာ စားဖို့ အချိန် မပေးနိုင်ဘူး ဖြစ်နေပါတယ်။ ထမင်းစားပွဲမှာ ထိုင်ခုံနဲ့ အကျအန ထိုင်ပြီး အေးဆေး စားဖို့ နေနေသာသာ ကော်ဖီ တစ်ခွက် ကိုတောင် အပြင်ထွက် ခါနီးမှ အမြန်မျိုချ နေရတဲ့ အလုပ်များသူ တွေမှ အများကြီးပဲ။ တကယ်ဆို မနက်စာက ကျန်းမာရေး အတွက် အရေးကြီးဆုံး အစာပါ။

ဒီစကား အပ်ကြောင်း ထပ်အောင် ကြားနေရပေမယ့် ဒါအမှန်တရားပါ။ တစ်ညတာလုံးမှာ ဘာမှမစားဘဲ အိပ်နေတာကြောင့် ဟာနေတဲ့ အစာအိမ် အတွက် အိပ်ရာနိုးချိန်မှာစားတဲ့ မနက်စာက အရေးကြီးပါတယ်။ မနက်စာဆိုတဲ့ အင်္ဂလိပ်စာလုံး Break fastရဲ့ အဓိပ္ပာယ် ကလည်း 
ဥပုသ် (fast)ကို ဖြတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

မနက်တိုင်း မနက်စာ ပုံမှန် စားနေသူ တွေဟာ မစားသူတွေထက် ပိုပြီး ကျန်းမာ နေကြောင်းကို လေ့လာချက် မြောက်မြားစွာ အရ တွေ့ရှိ ရပါတယ်။ မနက်စာကနေ ရရှိတဲ့ အကျိုးထူး တွေကတော့ အားအင်တွေ ပြည့်ဝ
နေခြင်းနဲ့ တစ်နေ့တာလုံး အာရုံစူးစိုက်မှု ကောင်းနေခြင်းတို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းသူ၊ ကျောင်းသားတွေ စာသင်ကြားရာမှာ ပိုစိတ်ဝင် စားပြီး စာတွေ ပိုမှတ်မိလွယ် စေပါတယ်။

ဒါ့အပြင် ရောဂါဘယ တွေမှလည်း ကာကွယ် ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် ထိန်းသူတွေ အနေနဲ့လည်း မနက်စာ စားသင့်ပါတယ်။ တချို့က ဝိတ်လျှော့ချင်လို့ မနက်စာကို လျှော့စားတတ်ကြပါတယ်။ ဒါပေမဲ့ မနက်စာကို လျှော့စားခြင်းက မပိန်စေတဲ့အပြင် ပိုလို့တောင် ဝလာစေ
နိုင်ပါတယ်။ လေ့လာချက်တွေအရ မနက်စာ မစားသူတွေက အဝလွန်ခြင်း ဖြစ်နိုင်ခြေ ပိုများတာ တွေ့ရပါတယ်။

ဒါဟာ ဘာကြောင့်လဲ ဆိုတော့ မနက်စာကို မစားဘဲ နေလိုက်ခြင်းဟာ
နောက်ပိုင်းစားတဲ့ နေ့လယ်စာတွေ၊ ညစာတွေကို အဝအပြဲ စားလိုစိတ် ဖြစ်ပေါ် စေလို့ပါ။ ဒါ့အပြင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ 
Fast Food တွေ ကိုလည်း ပိုစား မိတတ်ပါတယ်။ ဒါကြောင့် မနက်စာမစားသူတွေဟာ စားသူတွေထက် စာရင် ဆီးချိုရောဂါ၊ နှလုံးသွေးကြော ကျဉ်း ရောဂါ ဖြစ်နိုင်ခြေ များပါတယ်။

မနက်စာမှာ စားလေ့ရှိတဲ့ ကောက်နှံတွေပါတဲ့ ပေါင်မုန့်တွေ၊ Cereal တွေကလည်း ကျန်းမာရေး အတွက် ကောင်းစေပါတယ်။ Antioxidant သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါရှိတာကြောင့် အဲဒီမနက်စာတွေကို ပုံမှန်စားပေးခြင်းဖြင့် အသက်ရှည် ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် အရေးကြီးတဲ့ မနက်စာကို မနက်တိုင်း အချိန်ပေးပြီး စားပေး သင့်ပါတယ်။

http://bit.ly/VYoWsS

မြ၀တီ နေ့တစ်နေ့ရဲ့ အစမှာ စားရတဲ့ မနက်စာက တစ်နေ့တာလုံး အတွက် အရေးကြီးဆုံးအစာ ဖြစ်တာကြောင့် မနက်စာကို မဖြစ်မနေ စား သင့်ကြောင်း မကြာခဏ ကြားဖူး ကြမှာပါ။

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး လမ်းလျှောက်ဆန္ဒဖော်ထုတ်မည်

Photo: ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး လမ်းလျှောက်ဆန္ဒဖော်ထုတ်မည်
Sunday, February 17, 2013 

ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းတွင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး ကော်မတီမှ ရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေးအတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လမ်းလျှောက်
ဆန္ဒပြမည် ဖြစ်ကြောင်း မပြောင်းရွှေ့ရေး ကော်မတီ ဥက္ကဋ္ဌ ဦးမင်းကိုမြင့်က ယင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကန့်ကွက်စာကို သက်ဆိုင်ရာ အဆင့်ဆင့်သို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ရန်ကုန်မြို့တော်ဝန်မှ ယာဉ်ရောင်းဝယ်ရေးစခန်းကို မပြောင်းရွှေ့ပါကြောင်း ယာဉ်ရောင်းဝယ်ရေးစခန်းကို မူလလုပ်ငန်းများ ရှိတဲ့နေရာတွင် အဆင့်မြှင့်တင်ပြီး ဆောင်ရွက်သွားဖြစ်ကြောင်း၊ စီမံကိန်းလုပ်သည့် အချိန်တွင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းထဲရှိ ကားနှင့်ဈေးဆိုင်များကို ဘေးတွင်ရွှေ့ထားရမည်ဖြစ်ပြီး စီမံကိန်းပြီးသွားပါက နေရာများကို တန်ရာတန်ကြေးနှင့် ပြန်ပေးမည်ဟု ကတိပေးစကား ပြောထားကြောင်း ၄င်းက ဆက်လက်ပြောပါသည်။

“၁၆ ရက်နေ့မှာ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းကို သီရိမင်္ဂလာ ဈေးဟောင်းကို ပြောင်းရွှေ့ဖို့ ကြေညာစာ ထုတ်ပြန်လာပါတယ်။ ကျွန်တော်တို့က မြို့တော်ဝန်ရဲ့ ကတိစကား၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှုး ကတိစကားနဲ့ အခုထုတ်ပြန်လာတဲ့ ကြေညာချက်က ကွဲပြားနေပါတယ်။ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းကို သီရိမင်္ဂလာဈေးဟောင်းကို မပြောင်းရွှေ့လိုတဲ့ ဆန္ဒတွေ ရှိပါတယ်။ ကျွန်တော်တို့ တရားဝင်
ဆန္ဒပြဖို့အတွက် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့ကိုလည်း တင်ပြထားပါတယ်။ ၂၀ရက်နေ့မှာ ဆန္ဒထုတ်ဖော်မှု ပြုလုပ်သွားမှာပါ” ဟု မပြောင်းရွှေ့ရေး
ကော်မတီ အတွင်းရေးမှူး ဦးလှဝင်းက ပြောပါသည်။

သီရီမင်္ဂလာဈေးသည် ပုဂ္ဂလိကပိုင် နေရာတစ်ခုဖြစ်ပြီး ကားဝင်ကြေးကျပ် ၁၀၀၀ ကောက်သည့်အတွက် နေ့စဉ်ဝင်ကြေးကျပ် ၂၀၀ ကောက်ခံသော ဟံသာဝတီ ကားရောင်းဝယ်ရေးဝန်းနှင့် ၀င်ကြေးကွာခြားလျက် ရှိပြီး ဆယ်နှစ်ဘီးကားနေရာ စီစဉ်ပေးရန်အတွက် အခက်အခဲရှိနေကြောင်း သိရသည်။

“တင်ဒါမှာ နှစ်ဦးနှစ်ဖက် အကျိုးစီးပွားကို ခွဲဝေယူရန်ဆိုသည်မှာ စည်ပင်သာယာရေး ကော်မတီနဲ့ ကုမ္ပဏီတွေရဲ့ အကျိုးစီးပွား ခွဲဝေယူမှုနှုန်းထား ဖော်ပြပေးရန် တင်ဒါမှာ ပါရှိပါတယ်။
မော်တော်ယာဉ် ရောင်းဝယ်ရေးစခန်းက ပြည်သူလူထုရဲ့ အကျိုးစီးပွား ပါမလာတဲ့ ဒီတင်ဒါ ရောင်းချခြင်းကို ကန့်ကွက်ပါတယ်” ဟု ဆက်လက် ပြောကြားပါသည်။

ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်းတွင် ပင်မစခန်း၊ စခန်း ၁၊ တိုးချဲ့စခန်းဝန်း စသည်ဖြင့် ၀န်းသုံးဝန်းရှိကြောင်း၊ ကားပိုင်ရှင် ၃၀၀၀ ခန့်၊ အကျိုးဆောင် ၃၅၀၀ ခန့်၊ ရေဆေး လုပ်သား ၂၀၀ နှင့် ဈေးဆိုင်ပေါင်း ၂၂၂ ဆိုင်ရှိပြီး လူဦးရေ သုံးသောင်းကျော်တို့ မှီခိုနေရကြောင်း သိရသည်။

Eleven Media Group ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေး စခန်း တွင် ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်း မပြောင်းရွှေ့ရေး ကော် မတီမှ ရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ဟံသာဝတီ ယာဉ်ရောင်း ၀ယ်ရေးစခန်း မပြောင်းရွှေ့ရေးအတွက် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ တွင် လမ်းလျှောက်ဆန္ဒပြမည် ဖြစ်ကြောင်း မပြောင်းရွှေ့ရေး ကော် မတီ ဥက္ကဋ္ဌ ဦးမင်းကိုမြင့်က ယင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ပြည်သူများကို ဒုက္ခပေးနေသော လမ်းဘေးလောင်းကစား အယောင်ပြလိမ်လည်သူများ

Photo: ပြည်သူများကို ဒုက္ခပေးနေသော လမ်းဘေးလောင်းကစား အယောင်ပြလိမ်လည်သူများ
Sunday, February 17, 2013 

ရန်ကုန်မြို့ရှိ လူစည်ကား  ရာနေရာများဖြစ်သောဈေးများ၊ ကားမှတ်တိုင်များအနီး လမ်းဘေး  တွင် လောင်းကစားဝိုင်းများ
ရှိနေသည်မှာ လမ်းသွားလမ်းလာများ နှင့်အများပြည်သူကိုစိတ်အနှောင့် အယှက်ဖြစ်စေမှုနှင့်ငွေကြေး ဆုံးရှုံးမှုများကြုံတွေ့နေရကြောင်း 
သိရသည်။

ယင်းလောင်းကစားဝိုင်းများ သည် တောင်ဒဂုံ၊တောင်ဥက္ကလာ နှင့်
သင်္ဃန်းကျွန်းမြို့နယ်သုံးခုဆုံရာ နေရာများတွင် အများဆုံးဖြစ်ပေါ်
နေကြောင်း အဆိုပါမြို့နယ်နေသူများနှင့်ကြုံတွေ့ခဲ့ရသူအချို့၏
ပြောကြားချက်များအရသိရသည်။  

“ ကျွန်တော့်အစ်မ ရန်ကုန်ခွင့်ပြန်လာပြီး နယ်ပြန်ဖို့အဝေးပြေးဂိတ်   ကိုသွားဖို့ ဒဂုံတောင်တံတားဖြူ  မှတ်တိုင်မှာဖေဖော်ဝါရီ ၆ရက်  က ကားစောင့်နေတာကို မှတ်တိုင်နားမှာရှိတဲ့လောင်းကစားဝိုင်းက    တစ်ယောက်က အဲဒီငွေ၅သောင်း က ဒီအစ်မထိုးတာ၊ ဒီအစ်မကို
လျော်ရမှာလို့ပြောတယ်။ တစ်ယောက်က ဟာ ဒီအစ်မမှာ ငွေ  ၅သောင်းဘယ်ပါမလဲမဖြစ်နိုင်ဘူး ပြောတယ်။ ဒါနဲ့အစ်မက မခံချင် စိတ်နဲ့ပိုက်ဆံပါတယ်ဆိုပြီး ပိုက်ဆံ  အိတ်ဖွင့်ပေးတယ်။တစ်ယောက်က  အလျော်ရတဲ့ပိုက်ဆံကိုယူလိုက်ပြီး ထပ်ထိုးမယ်ဆိုပြီး အစ်မ
ပိုက်ဆံအိတ်ကိုယူသွားတယ်။ အဲမှာ  အစ်မက ဒီလိုအကြောင်းတွေ
သိထားတော့ ဘာလို့ထိုးရမှာလဲ ခုန  ၅သောင်းကလဲ ငါထိုးတာမဟုတ် ဘူး။ငါလောင်းကစားလည်းမလုပ်ဘူး။ ပိုက်ဆံအိတ်ပြန်ပေးဆိုပြီး ပြန်ယူ လာခဲ့လို့ ငွေမဆုံးတာ။မဟုတ်ရင် အလိမ်ခံရမှာ” ဟု နည်းပညာ
တက္ကသိုလ်တစ်ခုမှ ဌာနမှူးတစ်ဦး၏ မောင်ဖြစ်သူကပြောကြားသည်။

“ ကျွန်တော်တို့ တောင်ဥက္ကလာ၊သံသုမာလမ်း၊ CNG ဆိုင် နားမှာ
လည်းအဲလိုလောင်းကစားဝိုင်း  အုပ်စုတွေရှိတယ်။ လမ်းသွားလမ်း  လာတွေကို နည်းအမျိုးမျိုးနဲ့လုပ် ပြီး ပိုက်ဆံယူနေကြတယ်။ ခဏ ခဏတွေ့နေရတယ်။တစ်ခါကဆို ရဲတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့
မိန်းမကို ငွေလိမ်ယူလိုက်တယ်။အဲဒီအစ်မ က ပြဿနာရှာတော့
ပြန်ပေးတယ် ပြီးခဲ့တဲ့တစ်ခေါက်ကဆို ကျွန်တော့် အသိမိန်းကလေး
ကျောင်းသွား ဖို့ ကညနရုံးကားမှတ်တိုင်မှာ ရပ် နေတာကို ထိုးကြထိုးကြဆိုပြီး သူ ဆီက ပိုက်ဆံ ၄သောင်းလောက် ကို အတင်းနှိုက်ပြီးထွက်ပြေးသွားကြတယ် ” ဟု တောင်ဥက္ကလာ 
CNG ဆိုင်အနီးနေထိုင်သူ အမျိုး သားတစ်ဦးကပြောသည်။

ယင်းသို့လောင်ကစားအယောင်ပြကာ လူအများထံမှနည်းအမျိုးမျိုး
ဖြင့် ငွေလိမ်ယူနေသူ အုပ်စုမှာ စံပြဈေး၊မီးရထားခုံးကျော် သံလမ်း
အနီးတွင်လည်း ရှိတတ်ပြီး  ယင်းမြို့နယ် ၃ခုဆုံရာနေရာများ တွင်
အုပ်စုဖွဲ့လှည့်လည်ကျက်စားနေကာ ၎င်းတို့၏ဒလန်များကို အသုံးပြုပြီး ခရီးသွားပြည်သူများကို နည်းအမျိုးမျိုးအသုံးပြု၍  ငွေကြေးများ
ရယူလျက်ရှိသဖြင့် သက်ဆိုင်ရာက ထိရောက်စွာ ဖယ်ရှား ရှင်းလင်း
ပေးရန် ဒေသခံများက လိုလားလျက်ရှိကြကြောင်း သိရသည်။

တူးတူး
The Hot Newsရန်ကုန်မြို့ရှိ လူစည်ကား ရာနေရာများဖြစ်သောဈေးများ၊ ကား မှတ်တိုင်များအနီး လမ်းဘေးတွင် လောင်းကစားဝိုင်းများ ရှိနေသည် မှာ လမ်းသွားလမ်းလာများ နှင့်အများပြည်သူကို စိတ်အနှောင့် အယှက်ဖြစ်စေမှုနှင့်ငွေကြေး ဆုံးရှုံးမှုများကြုံတွေ့နေရကြောင်း သိရ သည်။

Sky Net DTH ၏ ၂ နှစ်ပြည့် အထိမ်း အမှတ် ကံထူးရှင်ရွှေးချယ်ပွဲ ကျင်းပ

Photo: Sky Net DTH ၏ ၂ နှစ်ပြည့် အထိမ်းအမှတ်ကံထူးရှင်ရွှေးချယ်ပွဲ ကျင်းပ
Sunday, February 17, 2013 

Sky Net DTH ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကံထူးရှင် ရွေးချယ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ParkRoyal Hotel တွင် ကျင်းပခဲ့သည်။

ဆုမဲများအဖြစ် ပထမဆု Honda Fit ကား ဒုတိယဆု Ipad 4 (15) လုံး၊ တတိယဆု Iphone 5 (15) နှင့် အခြား ဆုမဲပေါင်း ၈၀ ကို မဲဖောက်
ပေးခဲ့သည်။

ကံထူးရှင်ရွေးချယ်ပွဲတွင် ပထမဆုဖြစ်သည့် Honda Fitကားကို မင်္ဂလာဒုံမှ မအိမွန်သဲက ရရှိခဲ့သည်။

ရန်နိုင်
Popular Myanmar News Journal Sky Net DTH ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကံထူးရှင် ရွေးချယ်ပွဲ ကို ယနေ့နံနက် ၁၀ နာရီက ParkRoyal Hotel တွင် ကျင်းပခဲ့သည်။

အသက် ၉၅နှစ်ကျော်ရှိပြီဖြစ်သူ စာရေးဆရာဒဂုံတာရာသည် ပြီးခဲ့သည့်လမှစတင်၍ ရန်ကုန်တွင် ရောက်ရှိ

Photo: ရန်ကုန်၊ ဖေဖော်ဝါရီ၊ ၁၇။

အသက် ၉၅နှစ်ကျော်ရှိပြီဖြစ်သူ စာရေးဆရာဒဂုံတာရာသည် ပြီးခဲ့သည့်လမှစတင်၍ ရန်ကုန်ရှိ ၎င်း၏တူမနေအိမ်သို့ အလည်ရောက်ရှိကာ ဖေဖော်ဝါရီ ၁၇ရက်နေ့ နံနက်ပိုင်း၌ စာရေးဆရာများနှင့် တွေ့ဆုံပြီး ယင်းနေ့ မွန်းလွဲ ၂နာရီတွင် အောင်ပန်းမြို့နယ်သို့ ပြန်သွားကြောင်း သိရသည်။

The Myanma Ageအသက် ၉၅နှစ်ကျော်ရှိပြီဖြစ်သူ စာရေးဆရာဒဂုံတာရာသည် ပြီးခဲ့သည့် လမှစတင်၍ ရန်ကုန်ရှိ ၎င်း၏တူမနေအိမ်သို့ အလည်ရောက်ရှိ

မဲခေါင်ဒေသ(၆)နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး အရာရှိကြီးများ အစည်းအဝေးကို ထိုင်းတွင် ပြုလုပ်မည်ဖြစ်ပြီး တရုတ်၊ထိုင်းနယ်စပ် ဆက်ဆံရေးရုံးများ ဖွင့်ရန် ဆွေးနွေးမည်

Photo: မဲခေါင်ဒေသ(၆)နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး အရာရှိကြီးများ အစည်းအဝေးကို ထိုင်းတွင် ပြုလုပ်မည်ဖြစ်ပြီး တရုတ်၊ထိုင်းနယ်စပ် ဆက်ဆံရေးရုံးများ ဖွင့်ရန် ဆွေးနွေးမည်
Sunday, February 17, 2013

၉ ကြိမ်မြောက် မဲခေါင်ဒေသ (၆) နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး  အစီအစဉ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ထိုင်းနိုင်ငံတွင်
ဖေဖော်ဝါရီလ ၂၁၊ ၂၂ ရက်များတွင် ပြုလုပ်သွားမည်ဖြစ်ပြီး
မြန်မာနိုင်ငံအနေဖြင့် တရုတ်နှင့်ထိုင်းနိုင်ငံတို့နှင့် သီခြားတွေ့ဆုံရန် ရည်ရွယ်ထားပြီး နှစ်နိုင်ငံနယ်စပ် ဆက်ဆံရေးရုံးများ ထပ်မံဖွင့်လှစ်ရန်
ဆွေးနွေးသွားမည်ဖြစ်ကြောင်း အဆိုပါအစည်းအဝေး တက်ရောက်မည့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းနိုင်ထွန်းထံမှ သိရှိရသည်။

မဲခေါင်ဒေသ (၆) နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးအစီအစဉ်(Coordinated Mekong Ministerial Initiative against Trafficking-COMMIT) အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲဦးစီးအရာရှိချုပ်၊ သတင်းတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူးနှင့် UNIAP ၊ လူမှုဝန်ထမ်းဦးစီးဌာန၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့၊
မြန်မာနိုင်ငံအခြေစိုက် World Vision Myanmar ၊ Save the Children ၊ IOM နှင့် UNICEF တို့မှ တာဝန်ရှိသူများ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၂ ခုနှစ်အတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေးတွင် အောင်မြင်စွာ လုပ်ဆောင်ခဲ့မှုများ၊ လုပ်အားအတွက် လူကုန်ကူးမှု ဖြစ်ပွားနေမှုအား တား ဆီးကာကွယ်ရာတွင် တွေ့ကြုံခဲ့ရသည့် သင်ခန်းစာဖော်ထုတ်ချက်များအား တင်ပြခြင်း၊ ပုဂ္ဂလိက အခန်းကဏ္ဍမှ လူကုန်ကူးမှု တားဆီးရေးတွင် ပူးပေါင်းပါဝင်လာမှုများကို နိုင်ငံအလိုက် တင်ပြခြင်း၊ တရားစီရင်ရေးတွင် 
ပူးပေါင်းဆောင်ရွက်မှုများ တင်ပြခြင်းနှင့် ပြန်လည်ပေါင်းစည်းရေးတွင်
တွေ့ရှိချက်များ တင်ပြခြင်းများကို အဆိုပါအစည်းအဝေးတွင် ဆောင်ရွက်
သွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် အဆိုပါအစည်းအဝေးနှင့် ပတ်သက်၍ ရဲမှူးကြီးဝင်းနိုင်ထွန်းက ''အစည်းအဝေးရဲ့ အဓိကရည်ရွယ်ချက်ကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းမှာ ဘယ်လို ပူးပေါင်း ဆောင်ရွက်
ကြမလဲဆိုတာရယ်၊ ပြီးခဲ့တဲ့ အတွေ့အကြုံတွေ ဖလှယ်ဖို့ဖြစ်ပါတယ်။
နှစ်နိုင်ငံ အစည်းအဝေးငယ်တွေလည်း  ပြုလုပ်သွားမှာဖြစ်ပြီး တရုတ်၊ထိုင်းနိုင်ငံတို့နဲ့ သီးခြား တွေ့ဖို့ ရည်ရွယ်ထားပါတယ်။ အချိန်ရရင်တော့ လာအိုနိုင်ငံနဲ့ပါ တွေ့ဆုံသွားမှာ ဖြစ်ပါတယ်''ဟု
ပြောကြားခဲ့သည်။

မြန်မာနှင့် တရုတ်ကိုယ်စား လှယ်အဖွဲ့တို့ တွေ့ဆုံစဉ် ၂၀၁၃ ခုနှစ်တွင် ပူးပေါင်းဆောင်ရွက်ကြရန် သဘောတူထားသည့် လုပ်ငန်းစဉ်များ၊
နှစ်နိုင်ငံ တတိယမြောက် နယ်စပ်ဆက်ဆံရေး ရုံးဖွင့်မည့်ကိစ္စများ၊ ထိုင်းနိုင်ငံနှင့် တွေ့ဆုံစဉ်  နှစ်နိုင်ငံ လူကုန်ကူးမှုများနှင့် ပတ်သက်ပြီး တရားစွဲဆိုရေး လုပ်ငန်းစဉ်များ ထိရောက်မှု ရှိစေရေး၊ မြ၀တီနှင့် မဲဆောက်တွင် တတိယမြောက် နယ်စပ်ဆက်ဆံရေးရုံး ဖွင့်လှစ်မည့်ကိစ္စများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံနှင့် တွေ့ဆုံဖြစ်ပါက လာအိုနိုင်ငံတွင်း ၀င်၍ ကာဆီနို လောင်းကစားလုပ်ငန်းများတွင် တရားမ၀င် သွားရောက်အလုပ်လုပ်နေကြသူများအနေဖြင့် လူကုန်ကူးမှု၊ လုပ်အားခေါင်းပုံဖြတ်မှုများ ကြုံတွေ့နေရကြောင်း သတင်းများ ထွက်ပေါ်နေမှုအပေါ် မည်သို့ကိုင်တွယ် ဆောင်ရွက်သွားမည်ဆိုသည့် အချက်ကိုပါ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

မဲခေါင်မြစ်ဝှမ်းဒေသအတွင်း  လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရန်အတွက် မဲခေါင်ဒေသ ခြောက်နိုင်ငံဖြစ်သည့် မြန်မာ၊တရုတ်၊ထိုင်း၊ လာအို၊
ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံ တို့ဖြင့် (Coordinated Mekong 
Ministerial Initiative against Trafficking-COMMIT) ကို ဖွဲ့စည်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

Eleven Media Group၉ ကြိမ်မြောက် မဲခေါင်ဒေသ (၆) နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး အစီ အစဉ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ထိုင်းနိုင်ငံ