Sunday, February 17, 2013

စစ်ပွဲကို ဆန့်ကျင်သည့် ဗီယက်နမ် စစ်ပြန်ကြီး သို့မဟုတ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ

Photo: စစ်ပွဲကို ဆန့်ကျင်သည့် ဗီယက်နမ် စစ်ပြန်ကြီး သို့မဟုတ် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ
Sunday, February 17, 2013 

မကြာမီ ရာထူးမှ နုတ်ထွက်တော့မည့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်၏ နေရာတွင် ဒီမိုကရက် လွှတ်တော် အမတ် တစ်ဦး ဖြစ်သည့် ဂျွန်ကယ်ရီကို အစားထိုး ခန့်အပ်ရန် အထက် လွှတ်တော်က ဇန်နဝါရီ ၂၉ ရက်တွင် တရားဝင် အတည်ပြု ခဲ့သည်။

ကယ်ရီအား နိုင်ငံခြားရေး ဝန်ကြီး အဖြစ် အတည်ပြု နိုင်ရေး အတွက် မဲခွဲ ဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၉၄ မဲ၊ ကန့်ကွက်မဲ ၃ မဲ ရရှိခြင်းကို ကြည့်ခြင်းအားဖြင့် လွှတ်တော် အမတ် အများစုသည် ကယ်ရီကို
သောင်းသောင်းဖြဖြ ထောက် ခံ ခဲ့ကြသည်ကို တွေ့ရသည်။

အသက် ၆၉ နှစ် အရွယ်ရှိ ဗီယက်နမ် စစ်ပြန်ကြီး တစ်ဦးဖြစ်သူ ကယ်ရီသည် အထက် လွှတ်တော် အမတ် တစ်ဦး အဖြစ် ၂၈ နှစ်ကြာ တာဝန် ထမ်းဆောင်ခဲ့ပြီး ဒီမိုကရက်နှင့် ရီပတ်ဘလီကန် အမတ် အားလုံးနှင့် သင့်တင့်စွာ ပေါင်းသင်း ဆက်ဆံနိုင်သူ ဖြစ်သည်။ ၎င်းသည် အမေရိကန် နိုင်ငံခြားရေး မူဝါဒနှင့် စပ်လျဉ်း၍ ''အင်အားသုံး ဖြေရှင်းခြင်း'' တစ်မျိုးတည်း ကိုသာ လက်ကိုင် ထားတတ်သူ မဟုတ်သလို အီရန်၊ တရုတ်နှင့် အရှေ့ အလယ်ပိုင်း နိုင်ငံများ ဆိုင်ရာ ကိစ္စရပ်များ တွင်လည်း ရှေးယခင်က ချမှတ် ထားခဲ့သည့် လမ်းစဉ် ဟောင်း များမှ သွေဖည်၍ ''ဆက်ဆံရေး လမ်းသစ်'' ကို ချမှတ် လုပ်ဆောင်ရန် တောင်းဆို ထားသည်ကို တွေ့ရပါသည်။ ကယ်ရီသည် ဆီးရီးယား သမ္မတ ဘာရှာအယ်လ် အာဆတ်နှင့် ယခင်က တွေ့ဆုံဆွေးနွေး ဖူးသည့် အပြင် အမေရိကန်- ပါကစ္စတန် တို့အကြား ဖြစ်ပွားခဲ့သည့် တင်းမာမှု များကို ဖြေလျှော့စေရန် ကြိုးပမ်း ရာတွင်လည်း ပါဝင် ခဲ့သည်။

လက်ရှိ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည်
ဖေဖော်ဝါရီ ၁ ရက်တွင် ရာထူးမှ အနား ယူမည်ဟု ယူဆရ သောကြောင့် ယခု သီတင်းပတ် အတွင်း၌ ကယ်ရီသည် နိုင်ငံခြားရေး ဝန်ကြီးသစ် အဖြစ် ကျမ်းသစ္စာ ကျိန်ဆို၍ တာဝန်များကို လွှဲပြောင်း ရယူဖွယ် ရှိသည်။ အမေရိကန် အစိုးရသည် အာဖဂန် စစ်ပွဲမှ တဖြည်းဖြည်း ရှောင်ထွက်၍ အာရပ် နိုင်ငံများတွင် မငြိမ်မသက် ဖြစ်နေစဉ် အတွင်း အရှေ့ အလယ်ပိုင်း နိုင်ငံ များနှင့် ဆက်ဆံရေး တိုးမြှင့်ရန် ကြိုးပမ်းရာ၌ စစ်ပွဲကို ဆန့်ကျင်သူ တစ်ဦးဖြစ်သည့် ကယ်ရီသည် အရေးပါသည့် ကဏ္ဍမှ ပါဝင်မည့် အလားအလာ ရှိသည်ကို တွေ့ရပါသည်။

ဂျွန်ကယ်ရီအား အမေရိကန် ပြည်ထောင်စု ကော်လိုရာဒို ပြည်နယ် အော်ရိုရာ
မြို့တွင် ၁၉၄၃ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်တွင် မွေးဖွားခဲ့သည်။ ယေးလ် တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံ အထူးပြု ဘာသာရပ်ဖြင့် ဘွဲ့ ရရှိခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် အမေရိကန် ရေတပ်၏ အရန် တပ်ဖွဲ့သို့ ဝင်ရောက် ခဲ့သည်။ ဗီယက်နမ် စစ်ပွဲ အတွင်း၌ ပါဝင် တိုက်ခိုက်ခဲ့ပြီး Silver Star၊ Bronze Star နှင့် Purple Heart ဆု တံဆိပ်များ ချီးမြှင့် ခံခဲ့ရသည်။ ၎င်းသည် အမေရိကန် ပြည်ထောင်စု၏ သတ္တမမြောက် ဝါအရင့်ဆုံး လွှတ်တော်အမတ် တစ်ဦးဖြစ်ပြီး အထက် လွှတ်တော်၏ နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ သမ္မတ အိုဘားမားက ၎င်းအား နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ဒီဇင်ဘာ ၂၁ ရက်တွင် အဆို 
တင်သွင်း ခဲ့သည်။ ။


http://bit.ly/Vulbvc

မြ၀တီမကြာမီ ရာထူးမှ နုတ်ထွက်တော့မည့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်၏နေရာတွင် ဒီမိုကရက်လွှတ်တော်အမတ်တစ်ဦး ဖြစ်သည့် ဂျွန်ကယ်ရီကို အစားထိုးခန့်အပ်ရန် အထက်လွှတ်တော်က ဇန်နဝါရီ ၂၉ ရက် တွင် တရားဝင် အတည်ပြု ခဲ့သည်။

ကမ္ဘာ တစ်ပတ် ခရီး နှင်ခဲ့သော ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော

Photo: ကမ္ဘာ တစ်ပတ် ခရီး နှင်ခဲ့သော ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော
Sunday, February 17, 2013 

နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော MS Turanor Planet Solar ဟာ မိုနာကိုမြို့ ဟာကျူလီ ဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး ကမ္ဘာ တစ်ပတ် ခရီးစဉ်ကို အဆုံးသတ် ခဲ့ပါတယ်။ ဒီခရီး စဉ်ဟာ နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော တစ်စီး အတွက် ပထမဆုံး ကမ္ဘာ တစ်ပတ် ခရီးစဉ် အဖြစ်လည်း

သတ်မှတ် ခံခဲ့ရ ပါတယ်။ ဒီသင်္ဘောမှာ စတုန်းရန်း မီတာ ၅၀၀ ခန့်ရှိတဲ့
နေရောင်ခြည် စွမ်းအင် ပြားတွေ တပ်ဆင်ပြီး တည်ဆောက်မှု ကုန်ကျ
စရိတ် ဒေါ်လာ ၁၆ သန်း ရှိခဲ့တယ်။

ဒီသင်္ဘောကို အလွန် ပေါ့ပါးတဲ့ ကာဘွန်ဖိုက်ဘာ ကိုယ်ထည်နဲ့ တည်ဆောက်
ထားပြီး ဒီဇိုင်းကိုလည်း ရေခွဲအား အကောင်းဆုံး ဖြစ်အောင် ဖန်တီး ထားပါ တယ်။ မြင်းကောင်ရေ ၂၆ ကောင်အား ရှိတဲ့ လျှပ်စစ် မော်တာ ၄ လုံး တပ်ဆင်ထားပြီး တစ်နာရီကို ရေမိုင် ၁၄ မိုင်နှုန်း မောင်းနှင် နိုင်ပါတယ်။ အရှည် ၁၁၅ ပေ ရှိပြီး အရှည်ဆုံး နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော စာရင်းဝင်လည်း ဖြစ်ပါတယ်။ 

ယခု ကမ္ဘာတစ်ပတ် ခရီးစဉ် အတွက် အချိန် ၅၈၅ ရက်ကြာ ခရီးနှင်ခဲ့ ရတယ်လို့ ဆိုပါတယ်။ MS Turanor PlanetSolar သင်္ဘောကို သုတေသန လုပ်ငန်း တွေမှာ အသုံးပြုမှာ ဖြစ်သလို ဈေးကောင်းပေး ၀ယ်ယူ မယ့်သူ
ပေါ်လာရင်လည်း ပြန်လည် ရောင်းချ နိုင်တယ်လို့ ဆိုပါတယ်။

Ref : Techspacejournal

http://bit.ly/WBnMQN

မြ၀တီ
နေရောင်ခြည် စွမ်းအင်သုံး သင်္ဘော MS Turanor Planet Solar ဟာ မိုနာကိုမြို့ ဟာကျူလီ ဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး ကမ္ဘာတစ်ပတ် ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ နေရောင်ခြည် စွမ်းအင်သုံး သင်္ဘောတစ်စီးအတွက် ပထမဆုံးကမ္ဘာတစ်ပတ် ခရီးစဉ် အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ ဒီသင်္ဘောမှာ စတုန်းရန်း မီတာ ၅၀၀ ခန့်ရှိတဲ့ နေရောင်ခြည် စွမ်းအင်ပြားတွေ တပ်ဆင်ပြီး တည်ဆောက် မှု ကုန်ကျစရိတ် ဒေါ်လာ ၁၆ သန်း ရှိခဲ့တယ်။

တောင်ကိုရီးယားက မြောက်ကိုရီးယားခေါင်းဆောင်၏ ရုံးခန်းအထိ အတိအကျ ပစ်လွှတ်နိုင်သော ခရုဇ်ဒုံးကျည်ကို ပြသ

Photo: တောင်ကိုရီးယားက မြောက်ကိုရီးယားခေါင်းဆောင်၏ ရုံးခန်းအထိ အတိအကျ ပစ်လွှတ်နိုင်သော ခရုဇ်ဒုံးကျည်ကို ပြသ
Sunday, February 17, 2013 

မြောက်ကိုရီးယား၏ တတိယ အကြိမ်မြောက် မြေအောက်အဏုမြူ ဗုံးစမ်းသပ်ခဲ့ပြီးနောက် မြောက်ကိုရီး ယားခေါင်းဆောင်၏ ရုံးခန်းအထိ ပစ်လွှတ်နိုင်သော ခရုဇ်ဒုံးကျည် တစ်မျိုးကို တောင်ကိုရီးယားနိုင်ငံက
ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ထုတ် ဖော်ပြသခဲ့သည်။

ယင်းဒုံးကျည်သည် မြောက်ကို ရီးယားနိုင်ငံ၏ မည်သည့်နေရာကို မဆို ထိမှန်အောင် ပစ်ခတ်နိုင်သည်ဟု တောင်ကိုရီးယား အရာရှိများက
ပြောကြားခဲ့သော်လည်း ဒုံးကျည်ပစ် လွှတ်နိုင်သည့် အကွာအဝေးကိုမူ အတိအကျ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ဖျက်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများမှ ပစ်မှတ်နမူနာများကို ပစ်ခတ်သည့် ဒုံးကျည်များ၏ ဗီဒီယိုကို တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ဖော်ပြသခဲ့သည်။ ယင်းလက်နက်များသည် ပြီးခဲ့သည့် ဧပြီလတွင် ကြိုတင်ပြသခဲ့သည့် လက်နက်များဖြစ်ပြီး ယခုအခါတွင် လုံးဝအသုံးချနိုင်ပြီ ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“ယနေ့ထုတ်ဖော်ပြသတဲ့ခရုဇ်ဒုံးကျည်ဟာ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ 
ရုံးခန်းပြတင်းပေါက် အထိ အတိအကျ ပစ်လွှတ်နိုင်တဲ့ လက်နက်တစ်မျိုးပါ” ဟု ကာကွယ်ရေး ၀န်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ကင်မင်ဆုတ်ခ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ ဘာရက်အိုဘားမားက မဟာမိတ် ဂျပန်ကို
မြောက်ကိုရီးယား၏ နျူကလီးယား တိုက်ခိုက်မှုများမှကာကွယ်ပေးသွား
မည်ဟုဖေဖော်ဝါရီ ၁၃ ရက် နေ့တွင် ကတိပြုခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။ မြောက်ကိုရီးယားအပေါ် ပိုမိုပြင်းထန်သည့် အရေးယူ
ဆောင်ရွက်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် အိုဘားမားနှင့် အာဘေးတို့က သဘောတူညီမှု ရရှိခဲ့သည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို မြောက်ကိုရီးယား ချိုးဖောက်မှုအား အရေးယူ တုံ့ပြန်ရန် အိုဘားမားနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့သည် ဖုန်းဖြင့် ဆွေးနွေးခဲ့သည်ဟု အိမ်ဖြူတော်၏
ကြေညာချက်တွင် ဖော်ပြခဲ့သည်။ အာဘေးသည် အိုဘားမားနှင့်
တွေ့ဆုံဆွေးနွေးရန်အတွက် ဖေဖော်ဝါရီ နှောင်းပိုင်းတွင် ၀ါရှင်တန်သို့ သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

မြောက်ကိုရီးယား၏ ဖေဖော်ဝါ ရီ ၁၂ ရက်နေ့က ပြုလုပ်ခဲ့သော
မြေအောက်အဏုမြူဗုံး စမ်းသပ်မှုသည် ၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်က စမ်းသပ်ခဲ့မှုများထက် ပိုမိုအင်အား ပြင်းထန်သည်ဟု အမေရိကန်နှင့်
တောင်ကိုရီးယားတို့မှ စောင့်ကြည့်လေ့လာ သူများက ပြောကြားခဲ့သည်။

အိုဘားမားသည် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ပြည်ထောင်စု မိန့်ခွန်းပြောကြားခဲ့ရာ၌ မြောက်ကိုရီးယားအပေါ် ပြင်းထန်သည့် အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။ အာဘေးနှင့် တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်တို့သည်လည်း ဖုန်းနှင့် ဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယားအပေါ် ပြင်းထန်သည့် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ရန်အတွက် သဘောတူညီမှု ရရှိခဲ့သည်ဟု Jiji တွင် ဖော်ပြခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း အီရန်ကို အချက်ပြမှုတစ်ခု အနေဖြင့် မြောက်ကိုရီးယားအပေါ် ပြင်းထန်သော တုံ့ပြန်မှုပြုလုပ်ရန် ကမ္ဘာ့ခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်နှင့် ဒုံးလက်နက် 
အစီအစဉ်သည်အမေရိကန်အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသည်ဟု ကယ်ရီက ပြောကြားခဲ့သည်။

ဓာတ်ပုံ - စစ်သင်္ဘောတစ်စင်းမှခရုဇ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်နေမှုကို
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပေးခဲ့ပုံ ( AFP)

Ref: AFP
Eleven Media Group မြောက်ကိုရီးယား၏ တတိယ အကြိမ်မြောက် မြေအောက်အဏုမြူ ဗုံးစမ်းသပ်ခဲ့ပြီးနောက် မြောက်ကိုရီး ယားခေါင်းဆောင်၏ ရုံးခန်းအထိ ပစ်လွှတ်နိုင်သော ခရုဇ်ဒုံးကျည် တစ်မျိုးကို တောင်ကိုရီးယားနိုင်ငံ က ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ထုတ် ဖော်ပြသခဲ့သည်။

မြန်မာသဘောင်္ ဖီလစ်ပိုင်တွင် နစ်မြုပ်၊ တစ်ဦးသေ ၁၄ဦး ပျောက်ဆုံး

Photo: မြန်မာသဘောင်္ ဖီလစ်ပိုင်တွင် နစ်မြုပ်၊ တစ်ဦးသေ ၁၄ဦး ပျောက်ဆုံး
Sunday, February 17, 2013

ဖိလစ်ပိုင် နိုင်ငံ ပန်ဂီစီနန် ဒေသ အနီးတွင် ယနေ့ နံနက် ၉ နာရီခန့်၌ မြန်မာ သင်္ဘော တစ်စီး နစ်မြုပ်သဖြင့် သင်္ဘောသား တစ်ဦး သေဆုံးကာ ၁၄ ဦး
ပျောက်ဆုံးလျှက် ရှိကြောင်း ဖိလစ်ပိုင် အခြေစိုက် GMA သတင်းတွင်
ဖော်ပြထားသည်။

အရီတာ ဘော့စိုက် အမည်ရှိ အဆိုပါ သင်္ဘောသည် ဖီလစ်ပိုင် နိုင်ငံ ပန်ဂစီနန် ဒေသရှိ ဘိုလီနောဝ် မြို့ အနီးတွင် စက်အင်ဂျင် ချို့ယွင်း သွားခဲ့ပြီး ပြင်းထန်သော လှိုင်းလုံး များကြောင့် လုံးဝ ပျက်စီးကာ နစ်မြုပ် သွားခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင် ဆိပ်ကမ်း ရဲတပ်ဖွဲ့က ပြောကြားကြောင်း ယင်းမီဒီယာ တွင် ဖော်ပြ ထားသည်။

သင်္ဘော နစ်မြုပ်သည့် သတင်း ရလျှင်ရချင်း ဘိုလီနောဝ် အစိုးရ အဖွဲ့မှာ စက်လှေများ စေလွှတ်၍ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများ စတင်ခဲ့သည်ဟု ဆိပ်ကမ်း ရဲများက ဆိုကြောင်း ယင်းသတင်း ဌာန တွင် ဖော်ပြထားသည်။ လက်ရှိ အခြေအနေတွင် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး၊ ၇ ဦး ဒဏ်ရာ ရကာ ၁၄ဦး ပျောက်ဆုံးလျှက် ရှိကြောင်း ယင်းသတင်း အရ သိရသည်။

The Voice Weekly ဖိလစ်ပိုင်နိုင်ငံ ပန်ဂီစီနန်ဒေသအနီးတွင် ယနေ့နံနက် ၉ နာရီခန့် ၌ မြန်မာသင်္ဘောတစ်စီးနစ်မြုပ်သဖြင့် သင်္ဘောသားတစ်ဦး သေဆုံး ကာ ၁၄ ဦး ပျောက်ဆုံးလျှက် ရှိကြောင်း ဖိလစ်ပိုင်အခြေစိုက် GMA သတင်းတွင် ဖော်ပြထားသည်။

ပင်တဂွန်က ဆိုက်ဘာနှင့် မောင်းသူမဲ့လေယာဉ်တို့နှင့် ပတ်သက်သော သူရဲကောင်းများအတွက် ဂုဏ်ပြုဆုတံဆိပ်သစ်များ ဖန်တီး

Photo: ပင်တဂွန်က ဆိုက်ဘာနှင့် မောင်းသူမဲ့လေယာဉ်တို့နှင့် ပတ်သက်သော သူရဲကောင်းများအတွက် ဂုဏ်ပြုဆုတံဆိပ်သစ်များ ဖန်တီး
Sunday, February 17, 2013 
    
အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်သည် ဆိုက်ဘာတိုက်ခိုက်မှု
ပြုလုပ်သူများနှင့် မောင်းသူမဲ့ လေယာဉ်ဖြင့် တိုက်ခိုက်မှုများကို
ဆောင်ရွက်သူများအတွက် ဂုဏ်ပြုဆုတံဆိပ်သစ် တစ်မျိုးကို ဖန်တီးခဲ့သည်။ ၎င်းတို့သည် အသက်စွန့် ဆောင်ရွက်ရခြင်းမျိုး မရှိသော်လည်း ယင်းကဲ့သို့ သူရဲကောင်းတံဆိပ် ချီးမြှင့်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက Distinguish War-fare Medal ဟု အမည်တပ်ထားသော ယင်းဆုတံဆိပ်သစ်ကို ကြေညာရာတွင် “ရှေ့တန်းမှာ မဟုတ်ပေမယ့် အဆင့်မြင့် နည်းပညာသုံး လက်နက်တွေနဲ့
ခေတ်သစ်စစ်ပွဲကို ဆင်နွှဲရာမှာ အရေးပါတဲ့ နေရာကနေ ပါဝင်သူတွေကို အသိအမှတ်ပြုဖို့ အချိန်ကျပြီ” ဟု ပြောကြားခဲ့သည်။

တိုက်ပွဲ၌ အသက်စွန့်ကာ ရဲစွမ်းသတ္တိ ပြသခဲ့သူများအား ဂုဏ်ပြုရန် လိုသကဲ့သို့ တိုက်ပွဲဝင်ရသည့် စစ်ဆင်ရေးများတွင် အနေအထား လုံးဝပြောင်းသွားအောင် ထူးချွန်သည့် လုပ်ဆောင်ချက်များကို
ဆောင်ရွက်ခဲ့ သူများအားလည်း ဂုဏ်ပြုသင့်ကြောင်း ပြောကြားခဲ့သည်။

သူက မောင်းသူမဲ့လေယာဉ်များနှင့် ဆိုက်ဘာလက်နက်များကို ထိန်းချုပ်ဆောင်ရွက်သူတို့သည် ယှဉ်ပြိုင်ရသော စစ်ဆင်ရေးများ
အောင်မြင်ရေး၌ အရေးပါသူများ ဖြစ်သည်ဟု ဆိုသည်။ ယခုဆုတံဆိပ်သည် လွန်ခဲ့သည့် ဆယ်စုနှစ် အတွင်း စက်ရုပ်လက်နက်များ၊ ဒီဂျစ်တယ် တိုက်ပွဲများနှင့်အတူ ပေါ်ထွက်လာခဲ့သည့် စစ်ပွဲခေတ်သစ် တစ်ရပ်ကို
ရောင်ပြန်ဟပ်ပြခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။

Predator နှင့် Reaper မောင်း သူမဲ့လေယာဉ်များကို Hellfire ဒုံးကျည်နှင့် ဗုံးများတပ်ဆင်လျက် အီရတ်နှင့် အာဖဂန်နစ္စတန်ရှိ စစ်သွေးကြွများကို တိုက်ခိုက်ရန် အသုံးပြုခဲ့ပြီး စီအိုင်အေသည် ပါကစ္စတန်၊ ယီမင်နှင့် အခြားဒေသများရှိ အယ်လ်ကေးဒါးဟု မသင်္ကာသူများကို သတ်ဖြတ်ရန်လည်း ယင်းတို့ကို အသုံးပြုခဲ့သည်။ ထို့ပြင် RQ-170 Sentinel နှင့် Global Hawks ရေဒါပျောက် မောင်းသူမဲ့လေယာဉ်များ အပါအ၀င် အခြားစက်ရုပ် လေယာဉ်များကို ရန်သူ့နယ်မြေအတွင်း
ကောင်းကင်မှ စုံစမ်းထောက်လှမ်းရန်အတွက် အသုံးပြုခဲ့သည်။

အမေရိကန် စစ်ဘက်ဆိုင်ရာသည် ဆိုက်ဘာစပေ့စ်ကို စစ်မျက်နှာသစ်အဖြစ် ရှုမြင်ပြီး ဒီဂျစ်တယ်စစ်ပွဲ ဆင်နွှဲရန်အတွက် ဆိုက်ဘာ သူရဲကောင်းများကို
လေ့ကျင့်ပေးနေသည်။ ၂၀၀၉- ၂၀၁၀ ခုနှစ် အတွင်း အီရန်၏ ယူရေနီယမ် စက်ရုံများကို ဖျက်ဆီးရန် ဆိုက်ဘာ တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာ၌ ယင်းသည် အမေရိကန်နှင့် အစ္စရေး သူလျှိုအဖွဲ့အစည်းများက
ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာက
ဖော်ပြခဲ့ဖူးသည်။

ယခုဆုတံဆိပ်ကို ကြေးဝါဆွဲပြားအဖြစ် ပြုလုပ်ထားပြီး အလျား
နှစ်လက်မခန့်ရှိသည်။ အလယ်၌ လင်းယုန်တံဆိပ် ပါဝင်သော ကမ္ဘာလုံးကို လော်ရယ်ပန်းကုံး ပတ်ထားကာ နီ၊ ဖြူ၊ ပြာ အရောင်များ အစင်းကျားထားသည့် ဖဲကြိုးတပ်ထားကြောင်း သိရသည်။

Ref: AFP
Eleven Media Groupအမေရိကန် ပင်တဂွန်စစ်ဌာနချုပ်သည် ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်သူ များနှင့် မောင်းသူမဲ့လေယာဉ်ဖြင့် တိုက်ခိုက်မှုများကို ဆောင်ရွက်သူ များအတွက် ဂုဏ်ပြုဆုတံဆိပ်သစ်တစ်မျိုးကို ဖန်တီးခဲ့သည်။ ၎င်းတို့ သည် အသက်စွန့် ဆောင်ရွက်ရခြင်းမျိုး မရှိသော်လည်း ယင်းကဲ့သို့ သူရဲကောင်းတံဆိပ် ချီးမြှင့်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

လာမည့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ခန့် ဖုန်းသုံးစွဲနိုင်ရန်အတွက် ကြိုးပမ်းသွားမည်

Photo: လာမည့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ခန့် ဖုန်းသုံးစွဲနိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ချင်းပြည်နယ် ဟားခါးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားသွားသည်။

လက်ရှိမြန်မာနိုင်ငံ၏ ဖုန်းသုံးစွဲမှုမှာ ၇ ရာခိုင်နှုန်းသာရှိကြောင်း သမ္မတက ဆက်လက်ပြောကြားသည်။

ဓာတ်ပုံ - ဖေဖော်ဝါရီ ၁၆ ညနေ၃နာရီခွဲခန့်က ချင်းပြည်နယ်ဟားခါးမြို့သို့
နိုင်ငံတော်သမ္မတရောက်ရှိစဉ် ဒေသခံများက ရိုးရာဝတ်စုံအပ်နှင်း၍ ကြိုဆို
(သီဟ)

7Day News Journalလာမည့် ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ခန့် ဖုန်းသုံးစွဲနိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ချင်းပြည်နယ် ဟားခါးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ပြောကြားသွားသည်။

ဖားကန့်ဒုက္ခသည်စခန်းအတွက် စားနပ်ရိက္ခာအကူအညီများ သယ်ဆောင်လာသည့် ယူအင်န်ကားခြောက်စီး မြစ်ကြီးနားမှ ဖေဖော်ဝါရီ ၁၇ ရက်တွင် ထွက်မည်

Photo: ဖားကန့်ဒုက္ခသည်စခန်းအတွက် စားနပ်ရိက္ခာအကူအညီများ
သယ်ဆောင်လာသည့် ယူအင်န်ကားခြောက်စီး မြစ်ကြီးနားမှ
ဖေဖော်ဝါရီ ၁၇ ရက်တွင် ထွက်မည်
Saturday, February 16, 2013

ဖားကန့်ဒေသ စစ်ဘေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် အကူအညီများကို ကမ္ဘာ့ကုလမဂ္ဂက ဖေဖော်ဝါရီလ ၁၇ ရက်တွင် ပထမဆုံးအကြိမ်ပေးပို့မည်ဟု ကချင်နှစ်ခြင်းအသင်းတော်
အတွင်းရေးမှူး(နယ်)က ပြောသည်။

“ပစ္စည်းကားခြောက်စီး၊ ယူအင်န်ရုံးကားငါးစီး စုစုပေါင်း ၁၁ စီး
မနက်ဖြန်(ဖေဖော်ဝါရီ ၁၇) ရက် မနက် ၇ နာရီမှာ စထွက်လာမယ်လို့
မြစ်ကြီးနားယူအင်န်ရုံးက အကြောင်းကြားပါတယ် ”ဟုအထက်ပါပုဂ္ဂိုလ်က
ပြောသည်။

ဖားကန့်ဒေသတွင် စစ်ပြေးဒုက္ခသည်စခန်းပေါင်း ၃၆ ခု ရှိပြီး နေအိမ်များတွင် တိမ်းရှောင်နေသူများအပါအ၀င် ဒုက္ခသည်တစ်သောင်းကျော်ရှိကြောင်း ဒုက္ခသည်များကို အကူအညီပေးနေကြသူများထံမှ သိရသည်။ 

ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်းများသို့ အကူအညီများ
ပေးအပ်ရန် အစိုးရက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သို့ မကြာမီရက်ပိုင်းအတွင်း
ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ဖားကန့်ဒေသရှိစစ်ဘေးဒုက္ခသည်များကို ကချင်နှစ်ခြင်းအသင်းတော်၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများအပါအ၀င် ဘာသာရေး၊ လူမှုရေး
အဖွဲ့များက စောင့်ရှောက်ကူညီမှုများ ပေးနေခြင်းဖြစ်ပြီး နိုင်ငံတကာ
အဖွဲ့အစည်းများမှ အကူအညီများကို လိုအပ်နေဆဲဖြစ်သည်။

“ပြည်တွင်း NGO တွေနဲ့ အလှုရှင်တွေရဲ့ကူညီမှုတွေရှိပါတယ်။ ယူအင်န်ရဲ့အကူအညီကတော့ မရသလောက်ပဲ တကယ်ဒုက္ခရောက်
နေတဲ့သူတွေဆီကို ဘာအကူအညီမှ မရောက်သေးဘူး” ဟု အထက်ပါအတွင်းရေးမှူးက ပြောသည်။

“ကျွန်တော်တို့ သန်ဘက်ခါလောက်တော့ အကူအညီတွေပို့ဖို့ လုပ်နေတယ်။ ပို့ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”ဟု ရန်ကုန်ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးခွဲမှ အရာရှိတစ်ဦးက ကချင်ပြည်နယ်သို့ အကူအညီများပေးပို့ရန် စီစဉ်နေမှုကို ရှင်းပြသည်။

ဖားကန့်ဒေသရှိစစ်ဘေး ဒုက္ခသည်များအတွက် အရေးတကြီး လိုအပ်နေသော အကူအညီများမှာ ကျောင်းသားများအတွက်
ထောက်ပံ့ရေးပစ္စည်းများ၊ စားနပ်ရိက္ခာ၊ ရေနှင့်ကျန်းမာရေးစောင့်
ရှောက်မှုများကို ကူညီစောင့်ရှောက်နေသောအသင်းအဖွဲ့များထံမှ သိရှိရသည်။

7Day News Journal ဖားကန့်ဒေသ စစ်ဘေးဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် အကူ အညီများကို ကမ္ဘာ့ကုလမဂ္ဂက ဖေဖော်ဝါရီလ ၁၇ ရက်တွင် ပထမဆုံး အကြိမ်ပေးပို့မည်ဟု ကချင်နှစ်ခြင်းအသင်းတော် အတွင်းရေးမှူး(နယ်) က ပြောသည်။

ကမ္ဘာ့ လူဦးရေ အထူ ထပ်ဆုံး အိမ်ရာ

Photo: ကမ္ဘာ့လူဦးရေ အထူထပ်ဆုံး အိမ်ရာ
Saturday, February 16, 2013

၆ ဧကခွဲ မြေနေရာမှာ လူဦးရေ ၃သောင်း၃ထောင် နေထိုင်တယ်ဆိုတော့ ကမ္ဘာမှာ လူဦးရေ အထူထပ်ဆုံးပါပဲ။ ဟောင်ကောင်မှာ တည်ရှိပါတယ်။

အရင်တုန်းကတော့ ရာဇဝတ်မြို့ တော် ဖြစ်ပြီး ယခုတော့ လေ့လာစရာ နေရာ Kowloon Walled City Park ဖြစ်သွားပါပြီ။ ဒုတိယကမ္ဘာစစ်ကာလ က ဟောင်ကောင်မှာ တရုတ်ပြည်မက ခံတပ်အနေနဲ့ တည်ဆောက်ပြီး
နေရာယူခဲ့တာ ဖြစ်ပါတယ်။ ပတ်လည်မှာ ဗြိတိန်တို့ ပိုင်ပင်မယ့် စစ်အေးခေတ်မှာ တရုတ်ပြည်မက ပိုင်သော နယ်မြေ တစ်ခု အဖြစ် ကျန်ရှိပါတယ်။

သို့ပေမယ့် ယင်းနေရာမှာ အုပ်ချုပ်သူတို့က မူးယစ်ဂိုဏ်းသမား များ ဖြစ်ပါတယ်။ ဘယ်သူမှလည်း မထိန်းချုပ်နိုင်ပါဘူး ဟောင်ကောင်တို့ ကိုယ်ပိုင်အုပ်ချုပ်ရေးရတော့လည်း ယင်း နေရာကို မထိရဲပါဘူး။ လူပေါင်း ၄သောင်းနီးပါးလုံးက မှောင်ခိုလုပ်ငန်းလုပ်တဲ့ မိသားစုတွေဖြစ်ပြီး
ဟောင်ကောင်မှာ နာမည်ကြီးပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်နိုင်ငံ၊ ကိုယ်ပိုင် စစ်တပ်တွေလိုတောင် ထားရှိပါတယ်။ ၁၉၅၀ မှ ၁၉၇၀ ကြားက လူဦးရေ ၅သောင်းလောက်ထိ ရှိခဲ့တယ်လို့ဆိုပါတယ်။ ယခင်တုန်းက တရုတ်ပြည်မက တည်ဆောက်ခဲ့တဲ့ ခံတပ် ဖြစ်ပြီး တစ်နှစ်ပြီး တစ်နှစ် ဖြစ်သလို့ အိမ်တွေဆောက်ရင်းက ယခုလို ထူထပ်သွားတာ
ဖြစ်ပါတယ်။

ဒီအတွက် ဘယ်အင်ဂျင်နီယာမှမပါပဲဆောက်ထားခြင်း ဖြစ်ပြီး နေရာက ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ရှုပ်ထွေးလို့ နေပါတယ်။ ၁၉၈၇ ခုနှစ်နောက်ပိုင်း ကျတော့ ဟောင်ကောင်ရဲများ ဝင်ရောက်စီးနှင်းမှုများ ဆက်တိုက်ပြုလုပ်ပြီး တစ်ခါစစ်ဆင်ရေးသွားတိုင်း ရာဇဝတ်သား အယောက် ၃ထောင်နီးပါး ဖမ်းဆီး ရရှိပါတယ်။ ၁၉၉၄ ကျတော့ အပြီးသတ် ဖယ်ရှားနိုင်ခဲ့ပြီး 
Walled City ကိုဖျက်သိမ်းနိုင်ခဲ့ပါတယ်။ ဒီအတွက် ယင်းနေရာ မှာ
နေထိုင်တဲ့ ပြည်သူများကို လျော်ကြေးပေးတာ အမေရိကန်ဒေါ်လာ 
သန်း ၃၅၀ မက ကုန်ကျတယ်လို့ဆိုပါတယ်။

ယခုတော့ ယင်းနေရာကို လေ့လာစရာနေရာတစ်ခုအဖြစ် ထားရှိပြီး ဆိုင်ခန်းတွေဖွင့်လှစ်ထားပါတယ်။ ဒါကြောင့် Kowloon Walled City ဟာ ကမ္ဘာလူဦးရေအသိပ်သည်းဆုံး၊ အရှုပ်အထွေးဆုံး အိမ်ရာ၊မြို့ ငယ် တစ်ခု အဖြစ် အသတ်မှတ်ခံခဲ့ရပါတယ်။
--
Ref: wiki
ရိုးရာလေး နိုင်ငံတကာ
--

http://www.yoyarlay.com/international-news/asia/34222-kowloon-walled-city-park

--
YoYarLay ၆ ဧကခွဲ မြေနေရာမှာ လူဦးရေ ၃သောင်း၃ထောင် နေထိုင်တယ် ဆိုတော့ ကမ္ဘာမှာ လူဦးရေ အထူထပ်ဆုံးပါပဲ။ ဟောင်ကောင်မှာ တည်ရှိပါတယ်။

အလုပ်သမားရေးရာ ဆွေးနွေးမှုအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်ကျင်းပ

Photo: အလုပ်သမားရေးရာ ဆွေးနွေးမှုအား တစ်နိုင်ငံလုံး
အတိုင်းအတာဖြင့်ကျင်းပ
Saturday, February 16, 2013

အလုပ်သမားရေး ဆောင်ရွက်သူများ ကွန်ယက်အဖွဲ့မှ ဦးဆောင်၍ မြန်မာနိုင်ငံ အလုပ်သမားရေးရာ အလုပ်
ရုံဆွေးနွေးပွဲကို သုခခန်းမ (FFSS နာရေးကူညီမှု
အသင်းရုံး၊ ရန်ကုန်မြို့)တွင် ယနေ့မှစ၍ နှစ်ရက်တိုင်တိုင်
ကျင်းပမည်ဟု တာဝန်ရှိသူများထံ ပြောကြားသည်။

အလုပ်သမားအခွင့် အရေးကို ကာကွယ်ရန်၊ လုပ်ငန်း
ရှင်နှင့် အလုပ်သမားကြားက ပဋိပက္ခများကို တရားမျှတစွာ
ဖြေရှင်းနိုင်ရန်နှင့် အလုပ်သမားရေးရာ အသင်းများ လွတ်လပ်စွာ
ဖွဲ့စည်းခွင့်ရှိရန် စသောအချက်(၃)ချက်ကို အဓိကရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ၈၈မျိုးဆက် ကျောင်းသားများအဖွဲ့မှ မသက်သက်အောင်က ပြောကြားသည်။

“အခက်အခဲတွေကို ဒီလိုဆွေးနွေးပွဲမျိုးမှာ လွတ်လွတ်
လပ်လပ်ပြောဆို ဆွေးနွေးခွင့်ရှိတဲ့အတွက် ကောင်းပါတယ်။
ဒီလိုပွဲမျိုးမရှိရင် စက်ရုံထဲမှာပဲ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး
ဘာမှသိရမှာ မဟုတ်ဘူး။ အခု အလုပ်သမားအဖွဲ့အစည်းတွေ အချင်းချင်း တွေ့ဆုံဆွေးနွေးရတော့ ကိုယ်မသိတာတွေလည်း
သိရပါတယ် ” ဟု လှိုင်သာယာမြို့နယ်၊ ဖိနပ်စက်ရုံ အလုပ်
အမှုဆောင် ဥက္ကဌက ပြောကြားသည်။

တိုင်ရီဖိနပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့၏ ဥက္ကဌ
မမိုးဝေက “ အလုပ်သမားအခွင့်အရေးကို ကာကွယ်
စောင့်ရှောက်ရမယ် ဆိုပေမယ့် လက်ရှိဥပဒမှာ ဖော်ပြထားတဲ့ အလုပ်သမားအခွင့်အရေးဆိုတာ အရမ်းနည်းပါတယ်။
အလုပ်သမားတွေဟာ အဲလိုနည်းပါးတဲ့ ဥပဒေပါ အခွင့်အ
ရေးလေးတွေကိုတောင် ပြည့်ပြည့်၀၀ ခံစားခွင့် မရကြဘူးဆို
တာ သိရတော့ စိတ်မကောင်းဖြစ်ရပါတယ်။ ပြီးတော့ မြို့နယ်
ညှိနှိုင်းရေးမှူးတို့၊ ခုံသမာဓိတို့ဆိုတာတွေကလည်း ဥပဒေ
နှင့်အညီ မရပ်တည်ဘူးဆိုတာတွေကိုသိ ခွင့်ရလိုက်ပါတယ် ” ဟု ဆွေးနွေးပွဲတွင် ၎င်း၏အမြင်ကို သုံးသပ်ပြသည်။

"အစ်မတို့အနေနှင့် အလုပ်သမားရေးရာနှင့်ပတ်သက်ပြီး အားနည်းနေတဲ့ဥပဒေ တွေကို ပြုပြင်နိုင်ပြီး အားကောင်းတဲ့ ဥပဒေတွေ ဖြစ်လာဖို့အထိ ကြိုးစားသွားမှာပါ ” ဟု မသက်သက်အောင်က ပြောကြားသည်။

မြန်မာနိုင်ငံ အလုပ်သမားရေးရာ အလုပ်ရုံဆွေးနွေးပွဲသို့
ရန်ကုန်၊ မန္တလေး၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း
တို့မှအလုပ်ရုံအမျိုးမျိုး၏အလုပ်သမားသမဂ္ဂကိုယ်စားလှယ်များ၊
တောင်သူလယ်သမား ကိုယ်စားလှယ်များ အပါအ၀င် အင်အား
(၁၅၀)ခန့် တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။

ကျော်သူစိုး(ကလေးမြို့)
The Myanma Age အလုပ်သမားရေး ဆောင်ရွက်သူများ ကွန်ယက်အဖွဲ့မှ ဦးဆောင် ၍ မြန်မာနိုင်ငံ အလုပ်သမားရေးရာ အလုပ် ရုံဆွေးနွေးပွဲကို သုခခန်းမ (FFSS နာရေးကူညီမှု အသင်းရုံး၊ ရန်ကုန်မြို့)တွင် ယနေ့မှစ၍ နှစ်ရက် တိုင်တိုင် ကျင်းပမည်ဟု တာဝန်ရှိသူများထံ ပြောကြားသည်။