Friday, February 15, 2013

ကွန်ပြူတာ နှင့် ဖုန်း က လူကို အိပ်မပျော်စေ

Photo: ကွန်ပြူတာ နှင့် ဖုန်း က လူကို အိပ်မပျော်စေ
Friday, February 15, 2013

ကွန်ပြူတာ၊ ဖုန်းတို့က လူကို တကယ်အိပ်မပျော်စေပါဘူး။ အဓိက အကြောင်းအရင်းက ဒီလို ဖြစ်ပါတယ်။

စမတ်ဖုန်းနဲ့ Laptop,PC ကွန်ပြူတာတို့မှ ထွက်ရှိတဲ့ အပြာရောင် အလင်းတန်း က ဦးနှောက်ကို ပိုလို လှုပ်ရှားတက်ကြွစေပါတယ်။ တီဗီမှ ထွက်တဲ့ အလင်းလည်းအတူတူပဲ ဖြစ်ပါတယ်။ ယင်း အီလက်ထရောနစ် ပစ္စည်း မျက်နှာပြင်မှ ထွက်တဲ့ အလင်းများဟာ ဦးနှောက်ရဲ့  လုပ်ရှားမှုကို ပိုမို မြန်ဆန်စေတဲ့အတွက် လူက ပင်ပန်းလို့ အိပ်ချင်တာတောင် မအိပ်ချင် ဘူးလို့ ထင်နေရတတ်ပါတယ်။

ဒါကြောင့် ကွန်ပြူတာ သုံးနေရင်း၊ ဂိမ်းဆော့နေရင်း ညသန်းခေါင်ကျော် သွားတာ သတိမထားမိ တာမျိုး၊ စမတ်ဖုန်းနဲ့ အင်တာနက် သုံးနေရင်း၊ ဂိမ်းဆော့နေရင်း အိပ်ယာပေါ်မှာ အိပ်မပျော်နိုင် တာမျိုးတို့ ဖြစ်လေ့ဖြစ်ထ ရှိကြပါတယ်။ ဆိုးကျိုးအနေနဲ့ကတော့ အိပ်ရေးမဝ တော့ ပဲ ခေါင်းမူး၊ ခေါင်း ကိုက်ဖြစ်စေပါတယ်။ ဒါကြောင့် ကွန်ပြူတာ၊ စမတ်ဖုန်း တို့ကို ညအချိန် အသုံးပြုသူများ အနေနဲ့ ကျန်းမာရေး မထိခိုက်စေရန် သတိထားလို့ တိုက်တွန်းထားကြောင်း သိရပါတယ်။
--
Ref: medic-facts
International news for myanmar
-
http://www.innewsmyanmar.com/2013/02/blog-post_1367.html


--
International news for myanmar ကွန်ပြူတာ၊ ဖုန်းတို့က လူကို တကယ်အိပ်မပျော်စေပါဘူး။ အဓိက အကြောင်းအရင်းက ဒီလို ဖြစ်ပါတယ်။

ဂျပန် Mitsubishi ကားကုမ္ပဏီ မြန်မာ FMI ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ တို့တွင် ဝန်ဆောင်မှုစင်တာများ ဖွင့်လှစ်ရန်စီစဉ်

Photo: ဂျပန် Mitsubishi ကားကုမ္ပဏီ မြန်မာ FMI ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ တို့တွင် ဝန်ဆောင်မှုစင်တာများ ဖွင့်လှစ်ရန်စီစဉ်
Friday, February 15, 2013

ဂျပန်ကားကုမ္ပဏီ တစ်ခုဖြစ်သော Mitsubishi ကားကုမ္ပဏီသည်
မြန်မာစီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်သော First Myanmar Investment Company Ltd(FMI) ၏ ညီနောင်ကုမ္ပဏီဖြစ်ပြီး စင်ကာပူနိုင်ငံတွင် မှတ်ပုံတင်ထားသည့် Yoma Strategic Holdings Ltd (YSH) တို့နှင့် အကျိုးတူ ပူးပေါင်းပြီး ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့တို့တွင် ဝန်ဆောင်မှု စင်တာများ (after sales service) ဖွင့်လှစ်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း Mitsubishi Corporation က ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ဝန်ဆောင်မှု စင်တာကို ရန်ကုန်မြို့တွင် စတင်ဖွင့်လှစ် သွားမည်ဖြစ်ပြီး မန္တလေးမြို့နှင့် နေပြည်တော်မြို့တွင် ဆက်လက်
ဖွင့်လှစ်ရန် စီစဉ်ထားကြောင်းနှင့် ဂျပန်ပညာရှင်များ အပါအဝင် 
နည်းပညာ ကျွမ်းကျင်သူများနှင့် ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံ၏ မော်တော်ကား ဈေးကွက်တွင် Mitsubishi တစ်ပတ်ရစ် ကားများသည် ဈေးကွက် ရရှိပြီး ဖြစ်သော်လည်း ယခုမှ ဝန်ဆောင်မှုစင်တာ ဖွင့်လှစ်ရန် စီစဉ်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံသည် အာရှနှင့် အာဆီယံ
ဒေသအတွင်း အလားအလာ အကောင်းဆုံး ဈေးကွက်
တစ်ခု ဖြစ်လာပြီး Mitsubishi သည် မြန်မာပြည် ဈေးကွက်တွင်
ဈေးကွက်ဝေစု ပိုမိုရရှိစေရန် အားထုတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Mitsubishi Motor Corporation သည် Mitsubishi Corporation အုပ်စုဝင် လုပ်ငန်းတစ်ခုဖြစ်ပြီး ၁၉၇ဝ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့ကာ လက်ရှိအချိန်တွင် ပိုင်ဆိုင်မှုတန်ဖိုးယန်း ၆၅၇ ဘီလျံ ရှိသည်။
မော်တော်ယာဉ်၊ စက်ပစ္စည်း အစိတ်အပိုင်းများ၊ စက်မှုလုပ်ငန်းသုံး
မော်တော်ယာဉ်များ၊ စိုက်ပျိုးရေး လုပ်ငန်းသုံး မော်တော်ယာဉ်များနှင့် စက်ပစ္စည်း အစိတ်အပိုင်းများ အဓိကထုတ်လုပ်နေပြီး ယခင်နှစ်က ယန်း ၁၈ဝ၇ ဘီလျံဖိုး ရောင်းချခဲ့သည်။

Mitsubishi နှင့် အကျိုးတူ ပူးပေါင်းခဲ့သည့် FMI နှင့် YOMA တို့သည် SPA အုပ်စုဝင် ကုမ္ပဏီများ ဖြစ်ပြီး Mr.Serge Pun (ဦးသိမ်းဝေ) က ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည်။ FMI သည် မြန်မာနိုင်ငံ၏ ထိပ်တန်း အများပိုင် လုပ်ငန်းဖြစ်ပြီး အစုရှယ်ယာ ပိုင်ရှင်ပေါင်း ၄၇ဝဝ ဝန်းကျင် ရှိပါသည်။ ထိုလုပ်ငန်းကို ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ဘဏ်လုပ်ငန်း၊ အိမ်ခြံမြေ၊ မော်တော်ယာဉ် ဖြန့်ချိရေး လုပ်ငန်းများ အပါအဝင် လုပ်ငန်းနယ်ပယ် ခုနစ်ခု လုပ်ကိုင်လျက်ရှိသည်။

Yoma Strategic Holdings Ltd ကို ၂ဝဝ၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စီးပွားရေး လှုပ်ရှားမှု အနေနှင့် မြန်မာနှင့် တရုတ် နိုင်ငံတို့တွင် အိမ်ခြံမြေ၊ လယ်ယာစိုက်ပျိုးရေး၊ မော်တော်ယာဉ်
ဖြန့်ချိရောင်းဝယ်ရေး လုပ်ငန်းများကို အဓိက လုပ်ကိုင်သည်။

SPA အုပ်စုသည် အခြားဂျပန် ကားကုမ္ပဏီများဖြစ်သည့် Nissan နှင့် 
Suzuki တို့၏ ဝန်ဆောင်မှု စင်တာများကိုလည်း လုပ်ကိုင်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် Toyota, Nissan, Honda, Suzuki, Mercedes ကားကုမ္ပဏီများ၏ ဝန်ဆောင်မှုစင်တာများ ဖွင့်လှစ်ပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် အသုံးပြုမှု များသော Mitsubishi ကားများမှာ Pajero, Canter, Challenger, Galant, Lancer, Eclipse, Delica, Colt တို့ဖြစ်သည်။

Eleven Media Group ဂျပန်ကားကုမ္ပဏီ တစ်ခုဖြစ်သော Mitsubishi ကားကုမ္ပဏီ သည် မြန်မာစီးပွားရေး လုပ်ငန်းတစ်ခု ဖြစ်သော First Myanmar Investment Company Ltd(FMI) ၏ ညီနောင်ကုမ္ပဏီဖြစ်ပြီး

BB အက္ခရာနှင့် တက္ကစီ အစီးရေ ၁၈၀၀ ထုတ်ပေးပြီး ဟုဆို

Photo: BB အက္ခရာနှင့် တက္ကစီ အစီးရေ ၁၈၀၀ ထုတ်ပေးပြီး ဟုဆို
Friday, February 15, 2013

ရာသက်ပန် အဌားယာဉ်အဖြစ်သာ ပြေးဆွဲခွင့်ရမည့် အင်္ဂလိပ်အက္ခရာ ယာဉ် BB ကားများအား နံပါတ်ထုတ်ပေးမှုမှာ ယနေ့အထိ အစီးရေ ၁၈၀၀ ကျော် ရှိသွားပြီ ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ရာသက်ပန်အဌားယာဉ်များအား BB အက္ခရာမတိုင်မီ AA အက္ခရာဖြင့် နံပါတ်များချထားပေးခဲ့ပြီး နံပါတ်များအား 1001 မှ 9999 အထိ ချ ထားပေးခဲ့ကြောင်း၊ BB အက္ခရာဖြင့် 9999 အထိ ကားအစီးရေ ရောက် ရှိပါက CC အက္ခရာဖြင့် ဆက်လက်ချထားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရာသက်ပန်အဌားယာဉ်များအား အဌားယာဉ်မည့်သည့်အက္ခရာမဆို ယာဉ်ပိုင်ရှင်၏ ဆန္ဒအရအပ်နှံပြီး တင်သွင်းနိုင်ကြောင်း၊ ယင်းအပြင် ကုမ္ပဏီများမှ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရခွင့်ပြုချက်ဖြင့် Free permitသဘောဖြင့် တင်သွင်းခွင့်လည်း ပြုထားကြောင်း ကညနမှ သိရသည်။

WMT
Popular Myanmar News Journal ရာသက်ပန် အဌားယာဉ်အဖြစ်သာ ပြေးဆွဲခွင့်ရမည့် အင်္ဂလိပ်အက္ခရာ ယာဉ် BB ကားများအား နံပါတ်ထုတ်ပေးမှုမှာ ယနေ့အထိ အစီးရေ ၁၈၀၀ ကျော် ရှိသွားပြီ ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ဂျပန် ကာကွယ်ရေး တပ်ဖွဲ့ဝင် များသည် မရိန်း တပ်ဖွဲ့ဝင် များနှင့် စစ်ရေး လေ့ကျင့်မှု တစ်ရပ် ပြုလုပ်ရန် Osprey ပို့ဆောင်ရေး လေယာဉ် ပေါ်မှ လိုက်ပါ

Photo: ဂျပန် ကာကွယ်ရေး တပ်ဖွဲ့ဝင် များသည် မရိန်း တပ်ဖွဲ့ဝင် များနှင့် စစ်ရေး လေ့ကျင့်မှု တစ်ရပ် ပြုလုပ်ရန် Osprey ပို့ဆောင်ရေး
လေယာဉ် ပေါ်မှ လိုက်ပါ
Friday, February 15, 2013

ဂျပန် ကာကွယ်ရေး တပ်ဖွဲ့ဝင် များသည် မရိန်း တပ်ဖွဲ့ဝင် များနှင့် စစ်ရေး လေ့ကျင့်မှု တစ်ရပ် ပြုလုပ်ရန် Osprey ပို့ဆောင်ရေး လေယာဉ်
ပေါ်မှ လိုက်ပါ ခဲ့ပါသည်။

ကမ်းတက် စစ်ဆင်ရေး လေ့ကျင့်ခန်း၌ ကယ်လီဖိုးနီးယားရှိ မရိန်း စစ်သည် ၅ဝဝ နှင့် ပူးပေါင်းရန် ဂျပန် ကာကွယ်ရေး တပ်ဖွဲ့က စစ်သည် ၂၈ဝ ခန့်အား စေလွှတ် ခဲ့ပါသည်။ 

ဂျပန် ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အနေဖြင့် Osprey လေယာဉ်အား ပထမဆုံး အကြိမ် အသုံး ပြုခြင်း ဖြစ်ပါသည်။  ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန အနေဖြင့် Osprey လေယာဉ် များအား ဂျပန် စစ်ဘက်တွင် အသုံးပြု ရေးနှင့် ပတ်သက်၍ လေ့လာ စူးစမ်းမှုများ ပြုလုပ်လျက် ရှိပါသည်။ 

၂ဝ၁၂ ခုနှစ် အတွင်း အိုကီနာဝါ၌ Osprey လေယာဉ် ၁၂ စီးအား အမေရိကန် မရိန်း တပ်ဖွဲ့က ဖြန့်ကြက် ခဲ့ပါသည်။

http://bit.ly/VVgmuV

မြ၀တီ ဂျပန် ကာကွယ်ရေး တပ်ဖွဲ့ဝင် များသည် မရိန်း တပ်ဖွဲ့ဝင် များနှင့် စစ်ရေး လေ့ကျင့်မှု တစ်ရပ် ပြုလုပ်ရန် Osprey ပို့ဆောင်ရေး လေယာဉ်
ပေါ်မှ လိုက်ပါ ခဲ့ပါသည်။

လက်ပံတောင်းတောင် အား အနုပညာဖြင့် ဖွဲ့ဆိုမည်

Photo: လက်ပံတောင်းတောင်အား အနုပညာဖြင့်ဖွဲ့ဆိုမည်
Friday, February 15, 2013

စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသော လက်ပံတောင်း
တောင်၏ ပုံရိပ်များကို ပန်းချီဆရာများနှင့် ဓာတ်ပုံဆရာများ
က အနုပညာဖြင့်ဖွဲ့ဆို ပြသခြင်းကို ယခုလ ၁၉ရက်မှ ၂၁
ရက်နေ့ထိ ရန်ကုန်တက္ကသိုလ်ရှိ ယုဒသန်ခန်းမတွင် ပြုလုပ်
မည်ဖြစ်ကြောင်း သိရသည်။

ယင်းအနုပညာပြပွဲသည် လက်ပံတောင်းတောင်ဒေသခံတို့၏ လူမှုရေး၊ကျန်းမားရေးလိုအပ်ချက်များအတွက် ရန်ပုံငွေရှာဖွေ
ရေးပွဲဖြစ်ပြီး ပန်းချီ၊ ဓာတ်ပုံများအပြင် ကဗျာရွတ်ခြင်းနှင့် ဗွီဒီယိုမှတ်တမ်းတင်ဆက်မှု အစီစဉ်များလည်း ပါဝင်ကြောင်း
သိရသည်။

၎င်းရန်ပုံငွေပွဲတွင်ချင်းတွင်းရေကြည်(မုံရွာ)ပန်းချီဆရာများနှင့်
မြန်မာနိုင်ငံပန်းချီဆရာများ သမဂ္ဂ၊ ရန်ကုန် ပန်းချီဆရာများ၊ လက်ပံတောင်းတောင် ကာကွယ်ရေးကော်မတီ၊ လက်ပံတောင်း
တောင်ဒေသခံများ ပူးပေါင်းပါဝင်၍ နွယ်နီယဉ်ကျေးမှုရပ်ဝန်းမှ စုစည်းတင်ဆက်ကြောင်း သိရသည်။

ပန်းချီဆရာများမှာ ဆရာ ညိုသိန်း၊ အောင်မောင်း၊ ရဲမြင့်၊
မောင်မောင်စန်း၊ သိန်းထွန်းအေး၊ တင်ဇော်၊ စံဝင်းဖေ၊ ဖေခင်ဦး၊
အောင်ဆွေ၊ အောင်ဗလ၊ မင်းမင်းမျိုး၊ စန်းမင်း၊ ဘိုစော၊
မျိုးမြင့်လေး၊ oင်းမြင့်၊ မြင့်စိုး၊ ညိုဝင်းမောင်း၊ သိန်းသိန်း၊ သူရိန်၊
ဝလုံး၊ စန်းဇော်ထွေး၊ ဖေခင်ကြီး၊ ကေတူးကေ၊ လှိုင်လေးစသည့် ပန်းချီဆရာများ ပါဝင်ကြောင်း သိရသည်။

ပိုင်လေး
The Myanma Age စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသော လက်ပံတောင်းတောင်၏ ပုံရိပ် များကို ပန်းချီဆရာများနှင့် ဓာတ်ပုံဆရာများက အနုပညာဖြင့် ဖွဲ့ဆို ပြသခြင်းကို ယခုလ ၁၉ရက်မှ ၂၁ ရက်နေ့ထိ ရန်ကုန်တက္ကသိုလ်ရှိ ယုဒသန်ခန်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

တယ်ရိုဆက်ဆနာကို မြန်မာအသင်းတွေ ဆက်တိုက်ရှုံး

Photo: တယ်ရိုဆက်ဆနာကို မြန်မာအသင်းတွေ ဆက်တိုက်ရှုံး
Friday, February 15, 2013

ထိုင်းပရီးမီးယားလိတ်ရဲ့ ထိပ်သီး ကလပ် တယ်ရိုဆက်ဆနာ အသင်းနဲ့ မြန်မာနေရှင်နယ်လိတ်ရဲ့ ထိပ်သီးကလပ်တွေ ရန်ကုန်မြို့မှာ ခြေစမ်းပွဲတွေကစားခဲ့ရာ မြန်မာကလပ်အသင်းတွေ ဆက်တိုက်ရှုံးနိမ့်နေတာတွေ့ရပါတယ်။

တယ်ရိုဆက်ဆနာအသင်းဟာ ဒီလ ၁၂ ရက်နေ့က ရတနာပုံအသင်းနဲ့ ကစားခဲ့ရာမှာ ၂-၃ ဂိုးနဲ့ အနိုင်ရရှိခဲ့သလို ယမန်နေ့ ညနေက ကစားခဲ့သည့် ဧရာဝတီ အသင်းနဲ့ပွဲစဉ်မှာလည်း ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

မြန်မာနေရှင်နယ်လိတ်ရဲ့ ထိပ်သီးကလပ်သုံးသင်းနဲ့ ကစားဖို့ သဘော
တူညီချက်ရထားတဲ့ တယ်ရိုဆက်ဆနာ အသင်းဟာ မနက်ဖြန် 
၁၆ ရက်နေ့မှာ မြန်မာနေရှင်နယ်လိတ်ရဲ့ လက်ရှိချန်ပီယံ ရက်ကုန်ယူနိုက်တက် အသင်းနဲ့ ထပ်မံခြေစမ်းဦးမှာဖြစ်ပြီး ပွဲစဉ်ရလာဒ်ကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

လက်ရှိတယ်ရိုဆက်ဆနာ အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ဧရာဝတီနဲ့ ရတနာပုံအသင်းတွေမှာတော့ နှစ်သင်းလုံးရဲ့ အားထားရတဲ့ ကစားသမားတွေအချို့ဟာ မြန်မာ့လက်ရွေးစင်အသင်းအတွက် ပို့ဆောင်ထားရတဲ့ အချိန်ဖြစ်နေတဲ့အတွက်လည်း အားနည်းချက်
တွေရှိနေပါတယ်။

ရန်ကုန်မြို့က သုဝဏ္ဏ အားကစားကွင်းကြီးမှာ တယ်ရို ဆက်ဆနာနဲ့ မနက်ဖြန် မနက်ဖြန် ညနေ ၄ နာရီမှာ ယှဉ်ပြိုင် ကစားမယ့် ရန်ကုန်
ယူနိုက်တက်အသင်းမှာလည်း အားထားရတဲ့ ကစားသမား ၇ ဦး ဟာ လက်ရွေးစင်အသင်းကို ပို့ဆောင်ထားရတဲ့ အတွက် လူစုံမှာမဟုတ်ပါဘူး။

ဒါပေမယ့် ထိုင်းကလပ်အသင်းကို အကောင်းဆုံး ဧည့်ခံ ကစားသွားနိုင်
မယ်လို့ ယုံကြည်ကြောင်း ရန်ကုန်ယူနိုက်တက် အသင်း အုပ်ချုပ်သူ ဦးအောင်မြင့်မြတ် က အသင်း ဝဘ်ဆိုက်   မှာပြောဆိုထားတာကို တွေ့ရ ပါတယ်။

“အခု တယ်ရို ဆာဆနာ နဲ့ပွဲမှာ လက်ရွေးစင် တွေမပါလည်း ကျန်တဲ့ ကစားသမား တွေက အကောင်းဆုံး ကစား နိုင်မယ် လို့ ယုံကြည် ပါတယ်” လို့ ဦးအောင်မြင့်မြတ် က ပြောထားပါတယ်။

ကျော်ခ 
ဧရာဝတီ ထိုင်းပရီးမီးယားလိတ်ရဲ့ ထိပ်သီးကလပ် တယ်ရိုဆက်ဆနာ အသင်း နဲ့ မြန်မာနေရှင်နယ်လိတ်ရဲ့ ထိပ်သီးကလပ်တွေ ရန်ကုန်မြို့ မှာ ခြေစမ်းပွဲတွေကစားခဲ့ရာ မြန်မာကလပ်အသင်းတွေ ဆက်တိုက် ရှုံးနိမ့်နေ တာတွေ့ရပါတယ်။

ကျောင်းပြင်ပ မူလတန်းပညာ သင်ကြားမှုကို ၂ဝ၁၃-၁၄ ပညာသင်နှစ်တွင် မြို့ နယ် ၇ဝ ကျော်၌ ဆောင်ရွက်မည်

Photo: ကျောင်းပြင်ပ မူလတန်းပညာ သင်ကြားမှုကို ၂ဝ၁၃-၁၄ ပညာသင်နှစ်တွင် မြို့ နယ် ၇ဝ ကျော်၌ ဆောင်ရွက်မည်
Friday, February 15, 2013

မြန်မာနိုင်ငံ၌ လူတိုင်းအကျုံးဝင် ပညာရေး အစီအစဉ်ဖြင့် အကြောင်း အမျိုးမျိုးကြောင့် ပညာသင်ယူရန် အခက်အခဲရှိနေသော ကလေးများ
အတွက် ကျောင်းပြင်ပ မူလတန်းပညာ သင်ကြားရေး အစီအစဉ်ကို ၂ဝ၁၃-၁၄ ပညာသင်နှစ်၌ မြို့နယ် (၇ဝ) ကျော်တွင် ဆောင်ရွက်သွားမည်
ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ အစီအစဉ်ကို ပညာရေး ဝန်ကြီးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်း၍ ၂ဝဝ၈-ဝ၉ ပညာသင်နှစ်မှ စတင်ဆောင်ရွက်
ခဲ့ခြင်းဖြစ်ပြီး ၂ဝ၁၃-၁၄ ပညာသင်နှစ်တွင် ကျောင်းပြင်ပ ပညာရေး မြို့နယ်များအဖြစ် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၏ ပံ့ပိုးမှုဖြင့် မြို့နယ် (၂၅) မြို့ နယ်၊ အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် မြို့နယ် (၃၉) မြို့နယ်နှင့် သီးသန့်အစီအစဉ်ဖြင့် ဆောင်ရွက်မည့် မြို့နယ်များ ပါဝင်ရေတွက်ပါက စုစုပေါင်းမြို့နယ် (၇၃) မြို့နယ်တို့တွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

၂ဝ၁၃-၁၄ ပညာသင်နှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့်
ကျောင်းပြင်ပ မူလတန်း ပညာရေး လုပ်ငန်း အကြိုညှိနှိုင်း ဆွေးနွေးပွဲ အခမ်းအနားကို ယခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့၊ နံနက် (၉) နာရီအချိန်က ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ မြန်မာနိုင်ငံ လူတိုင်းအတွက် ပညာရေး နိုင်ငံအဆင့် ညှိနှိုင်းရေးမှူး ဦးတင်ညို၊ အမှတ်(၁)၊ အခြေခံပညာ ဦးစီးဌာနနှင့် အမှတ်(၃)၊ အခြေခံပညာ ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျောင်းပြင်ပ မူလတန်းပညာရေး ဗဟိုလုပ်ငန်း ကော်မတီနှင့် နည်းပညာအဖွဲ့တို့မှ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ပြည်နယ်နှင့် မြို့နယ် အသီးသီးတို့မှ ကျောင်းပြင်ပ မူလတန်း ပညာရေးလုပ်ငန်း ဆောင်ရွက်နေသူများ တက်ရောက် ဆွေးနွေးခဲ့သည်။

''ကျောင်းပြင်ပ မူလတန်းပညာရေးရဲ့ လုပ်ငန်းသဘော သဘာဝနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို သိရှိစေဖို့အတွက် မြို့နယ်အဟောင်းနဲ့ မြို့နယ်အသစ်တွေကို ဖိတ်ကြားညှိနှိုင်း ဆွေးနွေးခဲ့ပါတယ်။ အကြောင်းအမျိုးမျိုးနဲ့ ပညာသင်ယူဖို့ အခက်အခဲ ရှိနေတဲ့ ကလေးတွေအတွက် ပညာသင်ယူခွင့် ရရှိအောင် ဒီအစီအစဉ်ကနေ ဆောင်ရွက်သွားမှာပါ'' ဟု မြန်မာနိုင်ငံ လူတိုင်းအတွက် ပညာရေး နိုင်ငံအဆင့် ညှိနှိုင်းရေးမှူး ဦးတင်ညိုက လုပ်ငန်းအကြို
ညှိနှိုင်း ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

ကျောင်းပြင်ပ မူလတန်းပညာရေး အခြေစိုက် စခန်းတွေကိုလည်း လာမယ့်ဇွန်လ (၁၅) ရက်နေ့လောက်မှာ ဖွင့်လှစ်သွားဖို့ စီစဉ်ထားပြီး သင်တန်းသား ကလေးများစာရင်း ကောက်ယူရေး၊ အခြေစိုက်စခန်းများ သတ်မှတ်ရေး၊ မြို့နယ်ကြီးကြပ်ရေးမှူးနှင့် ဆရာ၊ ဆရာမများ ရွေးချယ်ရေး လုပ်ငန်းများကိုလည်း အဆိုပါ ဆွေးနွေးပွဲ၌ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

Eleven Media Groupမြန်မာနိုင်ငံ၌ လူတိုင်းအကျုံးဝင် ပညာရေး အစီအစဉ်ဖြင့် အကြောင်း အမျိုးမျိုးကြောင့် ပညာသင်ယူရန် အခက်အခဲရှိနေသော ကလေးများ အတွက် ကျောင်းပြင်ပ မူလတန်းပညာ သင်ကြားရေး အစီအစဉ်ကို ၂ဝ၁၃-၁၄ ပညာသင်နှစ်၌ မြို့နယ် (၇ဝ) ကျော်တွင် ဆောင်ရွက် သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုအား တုံ့ပြန်သည့် အနေဖြင့် တောင်ကိုရီးယား နိုင်ငံ သည် ကြီးမားသော စစ်ရေး လေ့ကျင့်မှု တစ်ခုအား ပြုလုပ်

Photo: မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုအား တုံ့ပြန်သည့် အနေဖြင့် တောင်ကိုရီးယား နိုင်ငံ သည် ကြီးမားသော စစ်ရေး လေ့ကျင့်မှု တစ်ခုအား ပြုလုပ်
Friday, February 15, 2013

မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုအား တုံ့ပြန်သည့် အနေဖြင့် တောင်ကိုရီးယား နိုင်ငံ သည် ကြီးမားသော စစ်ရေး လေ့ကျင့်မှု တစ်ခုအား ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြုလုပ် ခဲ့ပါသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မြောက်ကိုရီးယား၏ အဏုမြူ စမ်းသပ်
ဖောက်ခွဲမှု ပြုလုပ်ပြီး နောက်ပိုင်း တောင်ကိုရီးယားနှင့် အမေရိကန် တပ်ဖွဲ့ဝင် များသည် စောင့်ကြည့် လေ့လာမှု များ တိုးမြှင့် လုပ်ဆောင်ခြင်း
နှင့် စမ်းသပ် ဖောက်ခွဲမှုမှ လေနမူနာ များကို စုဆောင်းရန် ပစ္စည်း ကိရိယာများ ကြိုတင် ပြင်ဆင်ခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

တောင်ကိုရီး ယား နိုင်ငံ၏ စစ်ရေး ပြင်ဆင် နေသည့် သတင်းများ ရရှိပြီး နောက်ပိုင်း မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် နောက်ထပ် စမ်းသပ် ဖောက်ခွဲမှု တစ်ခုအား ဖေဖော်ဝါရီလ ၁၅ ရက်နေ့ တွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိ ရပါသည်။

ရေတပ် အနေဖြင့် ဖျက်သင်္ဘောများ၊ ရေငုပ် သင်္ဘောများ၊ ကင်းလှည့် သင်္ဘောများ၊ မြန်နှုန်းမြင့် လှေများ အစရှိသည့် စစ်သင်္ဘော ၁ဝ စီးခန့် ပါဝင်သည့် ရေတပ် သင်္ဘောစု ၂ စု ကိုလည်း ကိုရီးယား ကျွန်းဆွယ်၏ အရှေ့နှင့် အနောက်ဘက် နေရာများတွင် တပ်ဖြန့် ထားလျက် ရှိပါသည်။

http://bit.ly/15hdzxy

မြ၀တီမြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ် ဖောက်ခွဲမှုအား တုံ့ပြန် သည့်အနေဖြင့် တောင်ကိုရီးယားနိုင်ငံသည် ကြီးမားသော စစ်ရေး လေ့ ကျင့် မှု တစ်ခု အား ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြုလုပ် ခဲ့ပါသည်။

ကရင်နှင့် ချင်း အမတ်နှစ်ဦး ရာထူးဝန်အဖြစ် သမ္မတဦးသိန်းစိန် ခန့်အပ်

ဈေးမီးလောင်မှုများ မကြာခဏ ဖြစ်နေသည့်အတွက် နိုင်ငံတစ်ဝန်းလုံးရှိ စည်ပင်ပိုင် ဈေးများတွင် သီးသန့် မီးသတ်တပ်ဖွဲ့ဝင်များ ထားရှိမည်

တောင်အာဖရိကရွှေရောင်စုံတွဲ၏ ကြေကွဲဖွယ် Valentine’s Day ဖြစ်ရပ်

Photo: တောင်အာဖရိကရွှေရောင်စုံတွဲ၏ ကြေကွဲဖွယ် Valentine’s Day ဖြစ်ရပ်
Friday, February 15, 2013

နာမည်ကျော် မသန်စွမ်း အားကစား အကျော်အမော် တစ်ဦးဖြစ်သော
အော်စကာ ပစ္စတိုးရီးရပ်စ်သည် ယခုအခါ ချစ်သူ အမျိုးသမီးအား သတ်ဖြတ်မှုအတွက် တရားစွဲဆိုခြင်း ခံခဲ့ရပြီ ဖြစ်သည်။ 

Blade Runnerဟု နာမည်ကြီးပြီး ခြေနှစ်ချောင်းလုံး မရှိသော်လည်း သတ္တုခြေထောက်များဖြင့် လျင်မြန်စွာ ပြေးလွှားနိုင်သည့် အားကစားသမားသည် ၎င်း၏ ချစ်သူဟောင်းဖြစ်သည့် FHM
မော်ဒယ်လ်ဟောင်း ရီဗာ စတင်းကမ့်ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

Valentine's Dayက ဖြစ်ရပ်အတွင်း ဂျိုဟန်နက်စဘက်မြို့
မြောက်ပိုင်းရှိ အော်စကာ၏ စံအိမ်တွင် ရီဗာမှာ သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်သည်။ 

အိမ်နီးချင်းများက အော်သံများနှင့်အတူ သေနတ်သံလေးချက် ကြားလိုက်ရကြောင်း နောက်ပိုင်းတွင် ရဲများထံ ထွက်ဆိုခဲ့သည်။
အသက်(၃၀)အရွယ် ရီဗာသည် ခေါင်းနှင့် လက်တို့တွင် သေနတ်
ကျည်ဆန်များ ထိမှန်ကာ သေဆုံးခဲ့သည်။

Planet Myanmar Network နာမည်ကျော် မသန်စွမ်း အားကစား အကျော်အမော် တစ်ဦးဖြစ်သော
အော်စကာ ပစ္စတိုးရီးရပ်စ်သည် ယခုအခါ ချစ်သူ အမျိုးသမီးအား သတ်ဖြတ်မှုအတွက် တရားစွဲဆိုခြင်း ခံခဲ့ရပြီ ဖြစ်သည်။

နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်း အတွက် မြောက်ကိုရီးယား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု အသစ်များကို ပြုလုပ်ရန် ဆွေးနွေး

Photo: နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်း အတွက် မြောက်ကိုရီးယား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု အသစ်များကို
ပြုလုပ်ရန် ဆွေးနွေး
Friday, February 15, 2013

နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် နျူကလီးယား စမ်းသပ်မှု ပြုလုပ်ခဲ့ခြင်း အတွက် မြောက်ကိုရီးယား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု အသစ်များကို
ပြုလုပ်ရန် ဆွေးနွေးလျက် ရှိသောကြောင့် မြောက်ကိုရီးယား မီဒီယာများ အနေဖြင့် ခိုင်မာသော စီးပွားရေးကို ဖန်တီး နိုင်ရေး အတွက် တိုက်တွန်း
လျက် ရှိကြောင်း လေ့လာသူ များက ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်
ပြောကြား ခဲ့ပါသည်။

မြောက်ကိုရီးယား နိုင်ငံတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နျူကလီးယား
ဖောက်ခွဲမှု ပြုလုပ်ပြီးနောက် စီးပွားရေး တိုးတက်မှု အပေါ် အလေးထား မှုများ တိုးပွား လာခဲ့ကြောင်း မြောက်ကိုရီးယားမှ ထွက်ပေါ်လာသော သတင်း များကို စောင့်ကြည့်လျက် ရှိသည့် ဒေသတွင်း လေ့လာသူ များက ပြောကြား ခဲ့ပါသည်။ မြောက်ကိုရီးယား နိုင်ငံ အတွင်းရှိ သတင်း အများစုသည် အောင်မြင်သော နျူကလီးယား စမ်းသပ်မှုနှင့် ၎င်းနျူကလီးယား စမ်းသပ်မှု မှ နိုင်ငံ၏ နျူကလီးယား အဟန့်အတား ဆိုင်ရာ စွမ်းဆောင်ရည် ကို မြှင့်တင် သွားရေး တို့အား အလေးပေး ဖော်ပြလျက် ရှိသော်လည်း စီးပွားရေးကို အလေးပေးသော ဆောင်းပါးများလည်း စတင် ထွက်ပေါ် လာခဲ့ ကြောင်း လေ့လာသူ များ က ပြောကြား ခဲ့ပါသည်။

မြောက်ကိုရီးယား အာဏာရ ပါတီ အဖွဲ့ အစည်း တစ်ခု ဖြစ်သည့် Rodong Sinmun နှင့် နိုင်ငံ၏ တရားဝင် သတင်း ဌာန တစ်ခုဖြစ်သည့် KCNA သတင်းဌာနတို့ အနေဖြင့် နျူကလီးယား စမ်းသပ်မှုမှ နိုင်ငံ၏ စီးပွားရေးသို့ ချိတ်ဆက်လျက် ရှိသော ဆောင်းပါးများကို စတင် ဖော်ပြ ခဲ့ကြောင်း သိရှိ ရပါသည်။

http://bit.ly/12nYvPc
မြ၀တီ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် နျကလီးယား စမ်းသပ် မှု ပြုလုပ်ခဲ့ခြင်း အတွက် မြောက်ကိုရီးယား နိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု အသစ်များကို ပြုလုပ်ရန် ဆွေးနွေးလျက် ရှိသောကြောင့် မြောက်ကိုရီးယား မီဒီယာများ အနေဖြင့် ခိုင်မာသော စီးပွားရေးကို ဖန်တီး နိုင်ရေးအတွက် တိုက်တွန်းလျက် ရှိကြောင်း လေ့လာသူ များက ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြောကြား ခဲ့ပါသည်။

ပုဇွန်တောင်မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးရှိ ယာဉ်မှုစစ်ဌာနကို ဖျက်သိမ်းပြီး မြို့နယ်အလိုက် ယာဉ်မှုစစ်ဌာနများ ဖွဲ့စည်းသွားမည်

Photo: ပုဇွန်တောင်မြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးရှိ ယာဉ်မှုစစ်ဌာနကို ဖျက်သိမ်းပြီး မြို့နယ်အလိုက် ယာဉ်မှုစစ်ဌာနများ ဖွဲ့စည်းသွားမည်
Friday, February 15, 2013

ယာဉ်တိုက်မှုဖြစ်စဉ်များကို စစ်ဆေးအရေးယူသည့် ပုဇွန်တောင်မြို့နယ်
၅၁ လမ်းရှိ ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးရှိ ယာဉ်မှုစစ်ဌာနကို ဖျက်သိမ်းပြီး မြို့နယ်များအလိုက် သက်ဆိုင်ရာ ယာဉ်မှုစစ်ဌာနများ ဖွဲ့စည်း
ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

ယင်းသို့ ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူးရုံးရှိ ယာဉ်မှုစစ်ဌာနကို ဖျက်သိမ်းရခြင်းမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဖွဲ့စည်းပုံ တိုးမြှင့်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်နှင့်ဆက်စပ် ယာဉ်တိုက်မှုဖြစ်စဉ်များကို ယခင်က ၅၁ လမ်း၊ ယာဉ်မှုစစ်ဌာနတွင်သာ ဆောင်ရွက်ခဲ့ကြပြီး ယခုအခါတွင် မြို့နယ်များအလိုက် တိုးချဲ့ဖွဲ့စည်းထားသည့် ယာဉ်ထိန်း
တပ်ဖွဲ့ စုမှူးရုံးများတွင်သာ ဆောင်ရွက်ရတော့မည်ဖြစ်သည်။

ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် ယာဉ်မှုစစ်ဌာနများ ထားရှိရခြင်းအပေါ် ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုတိယ တိုင်းတပ်ဖွဲ့ခွဲမှူးက ''အခု ယာဉ်နဲ့ ဆက်စပ်ယာဉ်တိုက်မှုတွေ ဖြစ်ပွားခဲ့ရင် သက်ဆိုင်ရာမြို့နယ်တွေမှာပဲ အမှုဖွင့်ရမယ်။ တရားစွဲဆိုမှုတွေ၊ ရုံးထိုင် စစ်ဆေးမှုတွေ ပြုလုပ်ရပါမယ်။ ယာဉ်ထိန်းတပ်ဖွဲ့အနေနဲ့ မြို့နယ်တွေမှာ ဒုရဲမှူးအဆင့်ရှိတဲ့ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးတွေ ဦးဆောင်တဲ့ ဌာနတွေ ဖွဲ့စည်းထားပါတယ်။ လတ်တလောမှာ နေရာအခက်အခဲ ရှိတဲ့အတွက် သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးတွေရဲ့ အကူအညီနဲ့ မြို့နယ်
ရဲစခန်းတွေမှာပဲ ယာဉ်ထိန်းဌာနတွေ ထားရှိထားပါတယ်'' ဟု ပြောသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အကျယ်အဝန်းနှင့် လူဦးရေပေါ် မူတည်၍ မြို့နယ် ရဲတပ်ဖွဲ့စခန်းများတွင် ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုရဲမှူးတစ်ဦးနှင့် တပ်ဖွဲ့ဝင် ၁ဝ ဦးမှ ၃ဝ ဦးအထိ ဖွဲ့စည်းထားရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်ထိန်းရဲတပ်ဖွဲ့အင်အားကို ဦးရေ
၁၄ဝဝ ထိ တိုးချဲ့သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီကုန်တွင် ၁၁၄ ဦးကို ထပ်မံတိုးချဲ့သွားမည်ဟုရဲမှူးသာဌေးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီ၌ ယာဉ်တိုက်မှု ၁၂၁ မှုဖြစ်ပွားခဲ့ပြီး သေဆုံးသူ ကျား ၁၇ ဦး၊ မ ခြောက် ဦး၊ ဒဏ်ရာရရှိသူ ကျား ၁၃၂ ဦး နှင့် မ ၇၂ ဦး ရှိခဲ့သည်။

Eleven Media Groupယာဉ်တိုက်မှုဖြစ်စဉ်များကို စစ်ဆေးအရေးယူသည့် ပုဇွန်တောင်မြို့နယ်
၅၁ လမ်းရှိ ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူးရုံးရှိ ယာဉ်မှုစစ်ဌာနကို ဖျက်သိမ်းပြီး မြို့နယ်များအလိုက် သက်ဆိုင်ရာ ယာဉ်မှုစစ်ဌာနများ ဖွဲ့စည်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

ခေါက်ပြီးသိမ်းမည့် တစ်ယောက်စီး ဆိုင်ကယ်

Photo: ခေါက်ပြီးသိမ်းမည့် တစ်ယောက်စီး ဆိုင်ကယ်
Friday, February 15, 2013

တကယ်ခေါက်ပြီး သွားလေရရာ သယ်သွားလို့ ရပါတယ်။ တူရကီက Antro အမည်ရ ကုမ္မဏီက ထုတ်တာ ဖြစ်ပြီး ဒီအတွက် ကြိုးစားလာတာ လေးနှစ် မက တော့ပါဘူး။ ၂၀၁၄ ခုနှစ်ကျတော့ တကယ်ထွက်ရှိတော့မယ်လို့ ဆိုပါတယ်။

ဘက်ထရီနဲ့မောင်းမယ့် မော်တာကို သုံးထားပါတယ်။ တစ်နာရီ ၂၈ မိုင် ပျှမ်းမျှတော့ ပြေးပါတယ်။ အားတစ်ခါသွင်းထားပြီးရင် မိုင် ၃၀ ဝန်းကျင်
လောက်ထိ မောင်းနိုင်တယ်လို့ ဆိုပါတယ်။ ပြီးရင် နောက်တစ်ခါ အားသွင်းရမှာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်က ကားကြပ်တဲ့ မြို့ ကြီးပြကြီးတွေမှာ အလွယ်တကူ သွားလာလို့ ရအောင် ထုတ်ထားပေးတဲ့ ဆိုင်ကယ် ဖြစ်ပါတယ်။ လျှပ်စစ် စက်ဘီး တစ်စီးလိုပါပဲ။ MOVEO စကူတာလို့ အမည်ပေးထားပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂သောင်းခွဲမှ ၃သောင်းခွဲ ကြား အတွင်း ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techblog
Aung Kham (TSJ team)
--
http://blog.techspace.com.mm/2013/02/blog-post_15.html

--
TechSpace Journalတကယ်ခေါက်ပြီး သွားလေရရာ သယ်သွားလို့ ရပါတယ်။ တူရကီက Antro အမည်ရ ကုမ္မဏီက ထုတ်တာ ဖြစ်ပြီး ဒီအတွက် ကြိုးစား လာတာ လေးနှစ်မက တော့ပါဘူး။ ၂၀၁၄ ခုနှစ်ကျတော့ တကယ်ထွက်ရှိတော့မယ်လို့ ဆိုပါတယ်။

ကွေးကွေးကောက်ကောက် Laptop Pandora

Photo: ကွေးကွေးကောက်ကောက် Laptop Pandora
Friday, February 15, 2013

Pandora Flexible Laptop PC concept လို့ ခေါ်ပါတယ်။ ဒီဇိုင်နာ ကတော့ Jeabyun Yeon ဖြစ်ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်းပဲ ကွေးကောက်လို့ရအောင် အသုံးပြုမယ့် Matel က ဖိုက်ဘာ+ LED ဖြစ်ရပါမယ်။ ဖိုက်ဘာအပျော့ ပိုလီမာ ဆီလီကွန် တည်ဆောက်မှုနဲ့ ကြည်လင်ပျက်သားတဲ့ အမြင့်ကိုပေးမယ့် LED မျက်နှာပြင်ပေါင်းစပ်မှုဆိုတာ ပြီးခဲ့တဲ့ ၂၀၁၃ CES မှာ ကတည်းက ဝင်ရောက် ပြသခဲ့ကြပြီး ဖြစ်ပါတယ်။ အဲ့တုန်းက စမတ်ဖုန်း အနေနဲ့ ဖြစ်လာဖို့ ပြသခြင်း ဖြစ်ပါတယ်။

ယခုတော့ လပ်တော့ ဆိုတော့ ဘယ်တော့ ဖြစ်လာမလဲဆိုတာ အာမခံလို့ မရသေးပါဘူး။ အနည်းဆုံး ၁ နှစ်ခွဲလောက်ကတော့ အချိန်ယူပြီး ဖန်တီးရမယ့် Laptop လို့ ဆိုပါတယ်။ သယ်သွားလို့လည်းလွယ်မယ်၊ အကြမ်းလည်းခံမယ်။ ကွေးကောက်ပြီးတော့လည်း သုံးလို့ရမယ်။ ပေါ့မယ်။ ပါးမယ် ဆိုတော့ လူမကြိုက်မှာ စိတ်မပူရပါဘူး။

လက်ရှိမှာတော့ Concept သာ ရှိသေးပေမယ့် Pandora ဟာ မကြာမီ နှစ်များ အတွင်း ဖြစ်လာမယ့် laptop PC ဖြစ်ကြောင်း သိရပါတယ်။
--
Ref: techgblog
Aung Kham (TSJ team)

--
TechSpace JournalPandora Flexible Laptop PC concept လို့ ခေါ်ပါတယ်။ ဒီဇိုင်နာ ကတော့ Jeabyun Yeon ဖြစ်ပါတယ်။

အလုံသင်္ဘောကျင်း ၀န်ထမ်းအိမ်ရာ (ဧရာဝတီရပ်ကွက်) ကို သာကေတမြို့နယ် သစ်ဆိပ်ကွေ့သို့ ရွှေ့ပြောင်းခိုင်းခြင်းနှင့် စပ်လျဉ်း၍

Photo: အလုံသင်္ဘောကျင်း ၀န်ထမ်းအိမ်ရာ (ဧရာဝတီရပ်ကွက်) ကို သာကေတမြို့နယ် သစ်ဆိပ်ကွေ့သို့ ရွှေ့ပြောင်းခိုင်းခြင်းနှင့် စပ်လျဉ်း၍၀န်ထမ်းမိသားစုများ၏ကန့်ကွက်မှုကို ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန ဦးဆောင်ညွှန်ကြားရေးမှူးက လာရောက်
ညှိနှိုင်းခဲ့ရာ ပြေလည်မှုရရှိသွားပြီဟု သတင်းရရှိသည်။

ဝန်ထမ်းမိသားစုများက ကျောင်းစာမေးပွဲများ ပြီးစီးမှသာ ရွှေ့ပြောင်းရန်
ရေ၊ မီး၊ အဆောက်အဦးများ အဆင်ပြေအောင် ဆောင်ရွက်ပေးရန်စသော အချက် ငါးချက်ကို တောင်းဆိုခဲ့ပြီး တာဝန်ရှိသူများကို လိုက်လျော
ပေးခဲ့ကြောင်း သိရသည်။

"ကျေနပ်ပါတယ်။ ကျောင်းသားရှိသူတွေက စာမေးပွဲပြီးမှပြောင်းရမယ်။ ပြီးတော့ ပြောင်းရွှေ့ကြေး တစ်သိန်းခွဲ၊ ဆန်တစ်အိတ်၊ ဆီ နှစ်ပုံး စာတာတွေ
ထောက်ပံ့ပေးမယ်။ အားလုံး အဆင်ပြေအောင် လုပ်ပေးမယ်လို့ ကတိပေးသွားပါတယ်" ဟု အဆိုပါအိမ်ရာမှ ဒေါ်တင်တင်အေးက ပြောသည်။

"ပြေလည်သွားပါပြီ။ သူတို့တောင်းဆိုတာ ငါးချက် ရှိတယ်။ အားလုံးကို အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်။ ဒါ့အပြင် နေရာသစ်မှာ အခိုက်အတန့်

အဆင်မပြေမှုတွေ ရှိနိုင်တာကြောင့် လိုအပ်တဲ့ ပံ့ပိုးမှုတွေ ပြုလုပ်
ပေးသွားမှာပါ" ဟု ဦးဆောင်ညွှန်ကြားရေးမှူးက ဆိုသည်။

အဆိုပါ ၀န်ထမ်းအိမ်ရာတွင် အခန်းပေါင်း ၁၃၂ ခန်းရှိပြီး သင်္ဘောကျင်း
ဝန်ထမ်းအိမ်ရာ မိသားစုများ နေထိုင်ကြကြောင်း သတင်းရရှိသည်။

ဓာတ်ပုံ- ကျော်ဇင်သန်း
7Day News Journalအလုံသင်္ဘောကျင်း ၀န်ထမ်းအိမ်ရာ (ဧရာဝတီရပ်ကွက်) ကို သာကေတမြို့နယ် သစ်ဆိပ်ကွေ့သို့ ရွှေ့ပြောင်းခိုင်းခြင်းနှင့် စပ်လျဉ်း၍၀န်ထမ်းမိသားစုများ၏ကန့်ကွက်မှုကို ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန ဦးဆောင်ညွှန်ကြားရေးမှူးက လာရောက် ညှိနှိုင်းခဲ့ရာ ပြေလည်မှုရရှိသွားပြီဟု သတင်းရရှိသည်။

ကမ္ဘာမြေနှင့်အနီးဆုံးနေရာမှ ဥက္ကာခဲတစ်ခု ဖြတ်သန်းသွားမည်

Photo: ကမ္ဘာမြေနှင့်အနီးဆုံးနေရာမှ ဥက္ကာခဲတစ်ခု ဖြတ်သန်းသွားမည်
Friday, February 15, 2013

မှတ်တမ်းများအရ ကမ္ဘာမြေနှင့် အနီးဆုံး နေရာမှ ဥက္ကာခဲတစ်ခု ယနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) ညတွင် ဖြတ်သန်းသွားမည်ဟု နက္ခတ်ဗေဒ ပညာရှင်များက ပြောကြားခဲ့သည်။ အိုလံပစ် ရေကူးကန် တစ်ခု၏ အရွယ်မျှရှိသော အဆိုပါ ဥက္ကာခဲသည် ကမ္ဘာမြေမှ မိုင်ပေါင်း (၁၇၂၀၀)မျှ အကွာမှ ဖြတ်သန်းသွားမည် ဖြစ်သည်။

အဆိုပါ အရွယ်အစားမျှ ရှိသည့် ဥက္ကာခဲ တစ်ခုအတွက် ကမ္ဘာနှင့် အနီးဆုံးထိ ကပ်၍ ဖြတ်သန်းမှုဟု သုတေသီများက ပြောကြားခဲ့သည်။ ယခုကိစ္စကြောင့် ကမ္ဘာမြေကို တစ်စုံတစ်ရာ ထိခိုက် အန္တရာယ် ရှိနိုင်မည် မဟုတ်ဟုလည်း သိရသည်။

Planet Myanmar Network မှတ်တမ်းများအရ ကမ္ဘာမြေနှင့် အနီးဆုံး နေရာမှ ဥက္ကာခဲတစ်ခု ယနေ့ (ဖေဖေါ်ဝါရီ ၁၅ ရက်) ညတွင် ဖြတ်သန်းသွားမည်ဟု နက္ခတ်ဗေဒ ပညာရှင်များက ပြောကြားခဲ့သည်။ အိုလံပစ် ရေကူးကန် တစ်ခု၏ အရွယ်မျှရှိသော အဆိုပါ ဥက္ကာခဲသည် ကမ္ဘာမြေမှ မိုင်ပေါင်း (၁၇၂၀၀)မျှ အကွာမှ ဖြတ်သန်းသွားမည် ဖြစ်သည်။

အဆိုပါ အရွယ်အစားမျှ ရှိသည့် ဥက္ကာခဲ တစ်ခုအတွက် ကမ္ဘာနှင့် အနီးဆုံးထိ ကပ်၍ ဖြတ်သန်းမှုဟု သုတေသီများက ပြောကြားခဲ့သည်။ ယခုကိစ္စကြောင့် ကမ္ဘာမြေကို တစ်စုံတစ်ရာ ထိခိုက် အန္တရာယ် ရှိနိုင်မည် မဟုတ်ဟုလည်း သိရသည်။

From : Planet Myanmar Network

ရုရှားနိုင်ငံကလည်း မြန်မာ့ဆက်သွယ်ရေး နည်းပညာ နယ်ပယ်ကို ဝင်ရောက်ရန် ပြင်ဆင်

Photo: ရုရှားနိုင်ငံကလည်း မြန်မာ့ဆက်သွယ်ရေး နည်းပညာ နယ်ပယ်ကို ဝင်ရောက်ရန် ပြင်ဆင်
Friday, February 15, 2013
    
ရုရှားနိုင်ငံ၏ ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် Vimpelcom Ltd က မြန်မာဈေးကွက်အတွင်းသို့ ဝင်ရောက်ရန် ဖြစ်နိုင်ခြေကို သုံးသပ်မှုများ
ပြုလုပ်နေသည်ဟု ရုရှားနိုင်ငံ သတင်းဌာန Russia Briefing မှ
ဖော်ပြခဲ့သည်။

၎င်းတို့က မြန်မာ့ဆက်သွယ်ရေးမှ အများပိုင် ကုမ္ပဏီအဖြစ်
ပြောင်းလဲချိန်တွင် ရှယ်ယာအချို့ကို ဝယ်ယူကာ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး နည်းပညာ နယ်ပယ်ကို ဝင်ရောက်ရန် စီစဉ်နေခြင်း
ဖြစ်သည်ဟု သိရသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို နိုင်ငံတော် ဘတ်ဂျက်မှီခို အသုံးပြုခြင်း မရှိတော့သည့် ကော်ပိုရေးရှင်း အဖွဲ့အစည်းအဖြစ် ၂ဝ၁၃ ခုနှစ်မှ
ပြောင်းလဲဆောင်ရွက်ပြီး ဆက်သွယ်ရေး ကော်ပိုရေးရှင်း၏ ကိုယ်ပိုင်ရန်ပုံငွေများ၊ နိုင်ငံတကာ အဖွဲ့အစည်းများထံမှ ချေးငွေနှင့် အထောက်အပံ့များ၊ နည်းပညာများ ရယူလျက် လုပ်ငန်းဆောင်ရွက်မည်ဟု လွှတ်တော်သို့ တင်သွင်းထားသည့် ဆက်သွယ်ရေး ကဏ္ဍ ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ရည်မှန်းချက်များတွင် ပါရှိသည်။

မြန်မာနိုင်ငံတွင် လူဦးရေသန်း ၆ဝ ခန့်ရှိနေပြီး မိုဘိုင်း တယ်လီဖုန်း သုံးစွဲနိုင်သူ ဦးရေမှာ ၅ သန်းခန့်သာ ရှိနေသေးကြောင်း MPT မှ ရရှိသော အချက်အလက်များအရ သိရသည်။ မြန်မာနိုင်ငံအတွင်း မိုဘိုင်းတယ်လီဖုန်း သိပ်သည်းဆမှာ အလွန်နည်းပါး နေသေးပြီး ဈေးကွက်အနေအထား အလွန်ကောင်းမွန်မှုကြောင့် ပြည်ပဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားမှုများ
မြင့်တက်လာနေကြောင်း သိရသည်။

Vimpelcom ကုမ္ပဏီသည် အာရှပစိဖိတ် ဒေသအတွင်း ကမ္ဘောဒီးယား၊ လာအို အပါအဝင် အခြား နိုင်ငံအချို့တွင် ဝန်ဆောင်မှုများ ပေးလျှက်ရှိပြီး ယခု မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် စိတ်ဝင်စားနေခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဥပဒေကြမ်းကို လွှတ်တော်မှ အတည်ပြုပြီးစီးပါက ဆက်သွယ်ရေး ကဏ္ဍအတွက်
ပြည်ပရင်းနှီး မြှုပ်နှံမှုများကို လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group ရုရှားနိုင်ငံ၏ ဆက်သွယ်ရေး နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် Vimpelcom Ltd က မြန်မာဈေးကွက်အတွင်းသို့ ဝင်ရောက် ရန် ဖြစ်နိုင်ခြေကို သုံးသပ်မှုများ ပြုလုပ်နေသည်ဟု ရုရှားနိုင်ငံ သတင်း ဌာန Russia Briefing မှ ဖော်ပြခဲ့သည်။

ပြင်သစ် မြင်းသား တွေ မှာ မြင်း အကိုက်အခံ ပျောက်ဆေး တွေ့ရှိ

Photo: ပြင်သစ် မြင်းသား တွေ မှာ မြင်း အကိုက်အခံ ပျောက်ဆေး တွေ့ရှိ 
Friday, February 15, 2013

မြင်းတွေကို ကျွေးတဲ့ အကိုက်အခဲပျောက်ဆေး ဟာ မြင်းသားတွေက
တဆင့် ပြင်သစ်ကစားသုံးသူတွေ ဆီ ရောက်ကောင်းရောက်သွားနိုင်တယ်
လို့ ဗြိတိန်တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောကြား ခဲ့ပါတယ်၊ သတ်ဖြတ်ထားတဲ့ မြင်း ၂၀၆ ကောင်ကို စစ်ဆေးခဲ့ရာ မှာ မြင်း ၈ ကောင်
ဆီမှာ Bute လို့ လူသိများတဲ့ အကိုက်အခဲပျောက်ဆေးတွေ ကိုတွေ့ရှိ
ခဲ့တယ်လို့  ဗြိတိန်နိုင်ငံက အစားအသောက် စံချိန် စံနှုန်းဆိုင်ရာ
အေဂျင်စီက ပြောပါတယ်။

အဲဒီမြင်း ၈ကောင်ထဲက ၆ ကောင်ကို အင်္ဂလိပ်သားသတ်ရုံတခု ကနေ ခုတ်ထစ် ထုတ်ပိုးပြီး ပြင်သစ် ကို ပို့ခဲ့တဲ့ အတွက် အစားအသောက်တွေ ထဲကို ရောက်ကောင်း ရောက်သွားနိုင်တယ် လို့ပြော ပါတယ်။ အေဂျင်စီ အနေနဲ့ ပြင်သစ် တာဝန်ရှိသူတွေနဲ့ ပေါင်းပြီး ဒီအသားတွေ ဘယ်ရောက်
သွားလဲ ဆိုတာ ခြေရာခံဖို့ ကြိုးစားနေတယ် လို့လည်း ပြောပါတယ်။
မြင်းသားတွေထဲမှာ တွေ့ရတဲ့ ဆေးပမာဏ ဟာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ခြေ သိပ်ကိုနည်းတယ်လို့ ဗြိတိန်ရဲ့ ဆေးဘက်ဆိုင်ရာ အကြီးအကဲက ကြာသပတေးနေ့က ပြောပါတယ်။

Brute လို့သိကြတဲ့ အကိုက်အခဲပျောက်ဆေးဟာ မြင်းတွေကို ကျွေးတာ
ဖြစ်ပေမဲ့ Arthritis အဆစ်ရောင်ရောဂါသည်တွေကိုလဲ တခါတရံမှာ
ပေးတယ်လို့ သူကပြောပါတယ်၊ လူတွေဆီမှာ စိုးရိမ်ရလောက်တဲ့
ဘေးထွက်ဆိုကျိုးရှိသူ အင်မတန်ရှားတယ်လို့လဲ ဗြိတိန် ဆေးဘက်ဆိုင်ရာ အကြီးအကဲက ပြောပါတယ်။  ပြင်သစ်နိုင်ငံက Spanghero အသားတွေကို
ပြင်ဆင်၊ ထုတ်ပိုးတဲ့ကုမ္ပဏီဟာ မြင်းသားတွေလို့ သိရက်နဲ့ အမဲသားဆိုပြီး
ရောင်းချခဲ့တယ်ဆိုတာ စုံစမ်းသိရတယ်လို့ ပြင်သစ်အစိုးရ တာဝန်ရှိသူတွေက
ပြောပါတယ်။ 

ဗွီအိုအေ မြင်းတွေကို ကျွေးတဲ့ အကိုက်အခဲပျောက်ဆေး ဟာ မြင်းသားတွေက တဆင့် ပြင်သစ်ကစားသုံးသူတွေဆီ ရောက်ကောင်းရောက်သွား နိုင်တယ် လို့ ဗြိတိန်တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ ပြောကြား ခဲ့ပါတယ်၊ သတ်ဖြတ်ထားတဲ့ မြင်း ၂၀၆ ကောင်ကို စစ်ဆေးခဲ့ရာ မှာ မြင်း ၈ ကောင်ဆီမှာ Bute လို့ လူသိများတဲ့ အကိုက်အခဲပျောက်ဆေးတွေ ကိုတွေ့ရှိခဲ့တယ်လို့ ဗြိတိန်နိုင်ငံက အစားအသောက် စံချိန် စံနှုန်းဆိုင်ရာ အေဂျင်စီက ပြောပါတယ်။

ပြည်ရွှေဘို အများပိုင်ကုမ္ပဏီ ကျပ်သိန်းပေါင်း ၁၀,၀၀၀ ဖြင့် မတည်

Photo: ပြည်ရွှေဘို အများပိုင်ကုမ္ပဏီ ကျပ်သိန်းပေါင်း ၁၀,၀၀၀ ဖြင့် မတည်
Friday, February 15, 2013

ပြည်ရွှေဘို ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အများပိုင်လီမိတက်က ရင်းနှီးမြှုပ်နှံမှုအဖြစ် ကျပ်သိန်းပေါင်း ၁၀,၀၀၀ ဖြင့် စတင်မတည် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း အစုရှင်ယာဝင်များထံမှ သိရသည်။

“ပြည်ရွှေဘို ဘက်စုံဖွံ့ဖြိုးမှု အများပိုင်ကုမ္ပဏီကို ကျပ်သိန်းပေါင်း တသောင်းနဲ့ ၂၀၁၃ ခုနှစ်၊ မတ်လဆန်းမှာ စတင်လုပ်ကိုင်ပါမယ်” ဟု အေအုပ်စု အစုရှယ်ယာတွင် ပါဝင်သည့် ဒါရိုက်တာ ဦးမြင့်အောင် က ပြောသည်။

ယင်းကုမ္ပဏီအနေဖြင့် ဘက်စုံဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးထွက်ကုန် ပစ္စည်းများအားပြုပြင်ထုတ်လုပ်ခြင်း၊ စည်သွပ်ခြင်း၊ အသားအေးခဲခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်း တို့ကို စက်ရုံတည်ထောင်၍ GAHP နှင့် GMP စနစ်များဖြင့် ဆောင်ရွက်ခြင်း၊ မွေးမြူရေး အစားအစာနှင့်
ဆေးဝါးထုတ်လုပ်ခြင်း လုပ်ငန်းတို့ကို အဆင့်မီစွာ ထုတ်လုပ်ခြင်းတို့ကို လုပ်ကိုင်သွားမည်ဟု ဆိုသည်။

“မွေးမြူရေးလုပ်ငန်းတွေကို ရွှေဘို အနီးမှာရှိတဲ့ စားကျက်မြေ ဧက ၂၀၀ ပေါ်မှာ လုပ်ကိုင်မှာ ဖြစ်ပါတယ်။ အသားအေးခဲခြင်း၊ စည်သွပ်
လုပ်ငန်း၊ နို့နဲ့ပတ်သက်တဲ့ ကုန်ချော ထုတ်လုပ်မှုတွေအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် ၅၇ ဧက ကျယ်တဲ့ ဖွဲနုဆီစက်
မြေနေရာမှာ လုပ်ကိုင်မှာပါ” ဟု ဒါရိုက်တာ အဖွဲ့ဝင်တဦးက ပြောသည်။

ယင်းကုမ္မဏီအနေဖြင့် ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေး ထုတ်လုပ်
တင်သွင်းရောင်းဝယ်ခြင်း၊ လူသုံး ကုန်ပစ္စည်းများ ထုတ် လုပ်တင်သွင်း
ရောင်းဝယ်ခြင်းလုပ်ငန်းများကိုလည်း လုပ်ကိုင်မည်ဖြစ်သည်။

“အများပိုင်ကုမ္ပဏီအနေနဲ့ လုပ်ကိုင်မယ့် လုပ်ငန်းတွေထဲမှာ လုပ်ငန်းသစ်တွေ
ပါဝင်သလို မွေးမြူရေး လုပ်ငန်းလိုဟာတွေ၊ တိရိစ္ဆာန်အစာ ထုတ်လုပ်တဲ့ လုပ်ငန်းတွေဆို လုပ်ကိုင် လည်ပတ်နေတဲ့ လုပ်ငန်းသမားတွေက လာရောက်ပူးပေါင်းလုပ်ကိုင်ကြတာ ဖြစ်ပါတယ်” ဟု ဦးမြင့်အောင် က ဆက်လက်ပြောဆိုသွားသည်။

ခင်မျိုးသွယ် 
Mizzima - News in Burmese ပြည်ရွှေဘို ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အများပိုင်လီမိတက်က ရင်းနှီးမြှုပ်နှံမှုအဖြစ် ကျပ်သိန်းပေါင်း ၁၀,၀၀၀ ဖြင့် စတင်မတည် ရင်းနှီးမြှုပ်နှံ မည်ဖြစ်ကြောင်း အစုရှင်ယာဝင်များထံမှ သိရသည်။

သမ္မတ အိုဘားမားက ဂျပန်နိုင်ငံအား အကာအကွယ် ပေးသွားမည်ဟု ပြောကြား

Photo: သမ္မတ အိုဘားမားက ဂျပန်နိုင်ငံအား အကာအကွယ်
ပေးသွားမည်ဟု ပြောကြား
Friday, February 15, 2013

မြောက်ကိုရီးယား အစိုးရက တတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ် ခဲ့ပြီးနောက် အမေရိကန် သမ္မတ ဘားရက် အိုဘားမားသည် ၎င်း၏ မဟာမိတ် နိုင်ငံများ အား နျူကလီးယား တိုက်ခိုက်ခြင်းများ ပြုလုပ် ခဲ့ပါက ကာကွယ်မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဂျပန်ဝန် ကြီးချုပ် ရှင်ဇိုး အာဘေးနှင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖုန်းဖြင့် ဆွေးနွေးစဉ် ပြောကြား ခဲ့ကြောင်း အိမ်ဖြူတော်၏ အစီရင် ခံစာ အရ သိရသည်။

မြောက်ကိုရီးယား၏ တတိယ အကြိမ် နျူကလီးယား စမ်းသပ်ခြင်းသည် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာ ရောက်ကြောင်း
နိုင်ငံတကာက ဖေဖော်ဝါရီ ၁၂ ရက် တွင် ပြစ်တင် ဝေဖန်ခဲ့ကြောင်း သိရသည်။

ယခု ပြုလုပ်ခဲ့သည့် မြောက်ကိုရီးယား၏ မြေအောက် နျူကလီးယား စမ်းသပ်ခြင်းသည် ၂ဝဝ၆ ခုနှစ်နှင့် ၂ဝဝ၉ ခုနှစ်က စမ်းသပ်ခဲ့ခြင်း 
များထက် ပိုမို အားကောင်းကြောင်း အမေရိကန်နှင့် တောင်ကိုရီးယား
လေ့လာ စောင့်ကြည့်သူ များက ပြောကြားခဲ့သည်။

မြောက်ကိုရီးယား အစိုးရ၏ နျူကလီးယားနှင့် ဒုံးပျံ ထုတ်လုပ်မည့် အစီ အစဉ်ကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီနှင့် အတူ တားဆီး ပိတ်ဆို့မှု များကို အတူ တကွ ပူးပေါင်းရန်နှင့် လုံခြုံရေး ကောင်စီနှင့် အရေးပါသော လုပ်ဆောင်မှုများ နီးကပ်စွာ လုပ်ဆောင် သွားရန် နှစ်နိုင်ငံ
ခေါင်းဆောင်များက သဘော တူခဲ့ကြကြောင်း အိမ်ဖြူတော်က
ပြောကြားခဲ့သည်။

ဂျပန် နိုင်ငံသည် မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်ခြင်း များနှင့် ပတ်သက်၍ ကုလသမဂ္ဂက တားမြစ် ပိတ်ပင်မှုများ ပြုလုပ်မည့် ဆုံးဖြတ်ချက် အသစ်ကို ထပ်မံ ချမှတ်နိုင်ရေး နှစ်နိုင်ငံ အတူ တကွ လုပ်ဆောင် သွားရန် သဘောတူ ခဲ့ကြောင်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက သီးခြား
ပြောကြားခဲ့သည်။ 

အာဘေးသည် ယခုလ နှောင်းပိုင်းတွင် အမေရိကန် နိုင်ငံ ဝါရှင်တန် မြို့၌ အိုဘားမားနှင့် တွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။
မြောက်ကိုရီးယား အစိုးရ အပေါ် တားဆီး ပိတ်ပင်မှုများ ထပ်မံ ချမှတ်ရေး ကြိုးပမ်းမှုကို တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ် ကလည်း သဘော တူခဲ့ကြောင်း ဖုန်းဖြင့် ပြောကြား ခဲ့သည်။

http://bit.ly/WLYgtV

မြ၀တီမြောက်ကိုရီးယား အစိုးရက တတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ် ခဲ့ပြီးနောက် အမေရိကန် သမ္မတဘားရက်အိုဘားမားသည် ၎င်း၏ မဟာမိတ် နိုင်ငံများအား နျူကလီးယား တိုက်ခိုက်ခြင်း များပြုလုပ်ခဲ့ပါက ကာကွယ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဂျပန်ဝန် ကြီးချုပ် ရှင်ဇိုး အာဘေးနှင့် ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖုန်းဖြင့် ဆွေးနွေး စဉ် ပြောကြား ခဲ့ကြောင်း အိမ်ဖြူတော်၏ အစီရင် ခံစာ အရ သိရသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း

Photo: ဖေဖော်ဝါရီလ ၁၅ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း
Friday, February 15, 2013

ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၈၅၉ ကျပ် သတ်မှတ်ကြောင်း သိရသည်။

ထို့အပြင် Cross Exchange Rate အရ
တစ်ယူရို - ၁၁၄၇.၁ ကျပ်၊
စင်္ကာပူ တစ်ဒေါ်လာ - ၆၉၇.၇၃ ကျပ်၊
စတာလင်ပေါင် တစ်ပေါင် - ၁၃၃၁.၅ ကျပ်၊
ဂျပန်ယန်း တစ်ရာ - ၉၂၃.၈၅ ကျပ်၊
သြစတြေးလျဒေါ်လာ တစ်ဒေါ်လာ - ၈၈၈.၅၄ ကျပ်၊
တရုတ်ယွမ် တစ်ယွမ် - ၁၃၇.၈၃ ကျပ်၊
အိနိ္ဒယရူပီး တစ်ရူပီး - ၁၅.၉၆၇ ကျပ်၊
ကိုရီးယားဝမ် တစ်ရာ - ၇၉.၅၀၀ ကျပ်၊
မလေးရှား ရင်းဂစ် တစ်ရင်းဂစ် - ၂၇၇.၁၀ ကျပ်
ထိုင်းဘတ် တစ်ဘတ် - ၂၈.၇၈၇ ကျပ် သတ်မှတ်သည်။

Mrtv-4 ယနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၈၅၉ ကျပ် သတ်မှတ်ကြောင်း သိရသည်။

အရေးယူ ပိတ်ဆို့မှု များနှင့် စေ့စပ် ညှိနှိုင်းမှု များသည် အီရန် နိုင်ငံ၏ နျူကလီးယား အစီအစဉ် များအား မရပ်တန့် နိုင်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဟောင်းပြော

Photo: အရေးယူ ပိတ်ဆို့မှု များနှင့် စေ့စပ် ညှိနှိုင်းမှု များသည် အီရန် နိုင်ငံ၏
နျူကလီးယား အစီအစဉ် များအား မရပ်တန့် နိုင်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဟောင်းပြော
Friday, February 15, 2013

အရေးယူ ပိတ်ဆို့မှု များနှင့် စေ့စပ် ညှိနှိုင်းမှု များသည် အီရန် နိုင်ငံ၏
နျူကလီးယား အစီအစဉ် များအား မရပ်တန့် နိုင်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း အဗစ်ဒါ လီဗာမန်က ပြောကြားခဲ့ ပါသည်။

မြောက်ကိုရီးယား နိုင်ငံ၏ နျူကလီးယား စမ်းသပ်မှုသည် နျူကလီးယား အစီအစဉ် အပေါ် ထိန်းချုပ်ရန် သံတမန်ရေး နည်းလမ်းမှာ အောင်မြင်မှု မရှိကြောင်းကို သိသာ ထင်ရှားစွာ သက်သေ ပြလိုက်ခြင်း ဖြစ်ကြောင်း လီဗာမန်က ထပ်လောင်း ပြောကြားခဲ့ ပါသည်။ နျူကလီးယား အစီအစဉ်များ ရပ်တန့်ရေး အတွက် အီရန် နိုင်ငံသည် မြောက်ကိုရီးယား နိုင်ငံ ကဲ့သို့ပင် အနောက် အုပ်စု၏ အရေးယူ ပိတ်ဆို့မှုနှင့် စေ့စပ်ညှိနှိုင်း မှုများ ပြုလုပ်သော
နိုင်ငံ ဖြစ်ပါသည်။

http://bit.ly/XcA2FE

မြ၀တီ အရေးယူ ပိတ်ဆို့မှု များနှင့် စေ့စပ် ညှိနှိုင်းမှု များသည် အီရန် နိုင်ငံ၏
နျူကလီးယား အစီအစဉ်များအား မရပ်တန့် နိုင်ကြောင်း အီရန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း အဗစ်ဒါ လီဗာမန်က ပြောကြားခဲ့ ပါသည်။

ရွှေတိဂုံ စေတီတော်၌ ပြည်တွင်း ဘဏ်လေးဘဏ်မှ ငွေလဲ ကောင်တာများ ဖွင့်လှစ်သွားမည်

Photo: ရွှေတိဂုံ စေတီတော်၌ ပြည်တွင်း ဘဏ်လေးဘဏ်မှ ငွေလဲ ကောင်တာများ ဖွင့်လှစ်သွားမည်
Friday, February 15, 2013

နိုင်ငံခြားသားများ အများဆုံး လာရောက်သည့် ရွှေတိဂုံ စေတီတော်၌
ငွေလဲကောင်တာ (Money Exchange) များ ဖွင့်လှစ်ရန် စီစဉ်လျက် ရှိကြောင်း သတင်းရသည်။

ငွေလဲကောင်တာ ဖွင့်လှစ်နိုင်ရန် အတွက် ကမ္ဘောဇဘဏ်၊ သမဝါယမ ဘဏ်နှင့် ဧရာဝတီ ဘဏ်တို့မှ ဖွင့်လှစ်ရန် လျှောက်လွှာ တင်ထားကြောင်း၊ ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိပါက ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ယင်း
ဘဏ်များအား ငွေလဲကောင်တာ တစ်နှစ် စမ်းသပ်သည့် အနေဖြင့် ဖွင့်လှစ်ခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။

ရွှေတိဂုံ စေတီတော်တွင် ငွေလဲကောင်တာ အနေဖြင့် ဘဏ်လေးဘဏ် ဖွင့်ခွင့်ပေးမည် ဖြစ်သော်လည်း လက်ရှိတွင် အထက်ပါ ဘဏ်သုံးဘဏ်
သာ လျှောက်ထားသေးကြောင်း၊ ယင်း

ဘဏ်များကို နိုင်ငံခြားသားများ ဝင်ကြေး ကောက်ခံသည့် နေရာ အနီး ပတ်ဝန်းကျင်တွင် ဖွင့်လှစ်ခွင့် ပေးမည်ဖြစ်ကြောင်း သိရသည်။

http://bit.ly/UliKcI

မြ၀တီ နိုင်ငံခြားသားများ အများဆုံး လာရောက်သည့် ရွှေတိဂုံ စေတီတော်၌
ငွေလဲကောင်တာ (Money Exchange) များ ဖွင့်လှစ်ရန် စီစဉ်လျက် ရှိကြောင်း သတင်းရသည်။

Cobra Gold စစ်ရေး လေ့ကျင့်မှုကို အသွင်သစ် တစ်မျိုးဖြင့် လုပ်ဆောင်လျက် ရှိ

Photo: Cobra Gold စစ်ရေး လေ့ကျင့်မှုကို အသွင်သစ် တစ်မျိုးဖြင့် လုပ်ဆောင်လျက် ရှိ
Friday, February 15, 2013

အမေရိကန် စစ်တပ်၏ အကြီးဆုံး စစ်ရေး လေ့ကျင့်မှု တစ်ရပ် ဖြစ်သော Cobra Gold အမည်ရှိ အမေရိကန်-ထိုင်း နှစ်နိုင်ငံ ပူးတွဲ စစ်ရေး
လေ့ကျင့်မှုကို ထိုင်းနိုင်ငံတွင် လုပ်ဆောင်ဆဲ ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။

လွန်ခဲ့သော နှစ်ပေါင်း ၃ဝ ကျော်က အမေရိကန်- ထိုင်း နှစ်နိုင်ငံ စစ်ရေး လေ့ကျင့်မှု တစ်ရပ် အဖြစ် စတင် ခဲ့သော Cobra Gold စစ်ရေး လေ့ကျင့်မှုသည် အာရှ- ပစိဖိတ် ဒေသ တွင် အကြီးမားဆုံးနှင့် အချိန် အကြာ မြင့်ဆုံး စစ်ရေး လေ့ကျင့်မှု တစ်ရပ် ဖြစ်သည်ဟု သိရသည်။

Cobra Gold စစ်ရေး လေ့ကျင့်မှုကို ၁၉၈၂ ခုနှစ်က စတင် လုပ်ဆောင်ခဲ့ပြီး အဆိုပါ စစ်ရေး လေ့ကျင့်မှုကို အမေရိကန် နိုင်ငံ၏ အဓိက မဟာမိတ် နိုင်ငံ တစ်နိုင်ငံ ဖြစ်သော ထိုင်းနိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပ ခဲ့သည်ဟု သိရသည်။

စစ်အေး တိုက်ပွဲ ပြီးနောက် ဆယ်စုနှစ် နှစ်ခုအတွင်း နိုင်ငံ တည်ငြိမ်ရေး ထိန်းသိမ်းရန်နှင့် စစ်ရေး ဆိုင်ရာ ပူး ပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဖော်ထုတ်ခဲ့သော ယုံကြည်မှု တည်ဆောက်သည့် စီမံကိန်း တစ်ရပ်အဖြစ် အဆိုပါ စစ်ရေး လေ့ကျင့်မှုကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

Cobra Gold စစ်ရေး လေ့ကျင့်မှုကို လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ် အတွင်းက အသွင် သဏ္ဌာန်သစ် တစ်မျိုးဖြင့် လုပ်ဆောင်ခဲ့ပြီး ယခုနှစ် စစ်ရေး
လေ့ကျင့်မှုတွင် ဂျပန်၊ တောင်ကို ရီးယား၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် စင်ကာပူ နိုင်ငံတို့မှ တပ်ဖွဲ့ဝင်များ ကလည်း ပူးတွဲ လေ့ကျင့် သွားမည်
ဖြစ်ကြောင်း သိရသည်။

ယခုနှစ် Cobra Gold စစ်ရေး လေ့ကျင့်မှုတွင် မြန်မာ နိုင်ငံက ပထမဆုံး အကြိမ် လေ့လာသည့် နိုင်ငံ အဖြစ် ပါဝင်သွားမည် ဖြစ်ပြီး အဆိုပါ စစ်ရေး လေ့ကျင့်မှုကို လေ့ လာ စောင့်ကြည့်သူ အဖြစ် မြန်မာ နိုင်ငံမှ တာဝန်ရှိသူ နှစ်ဦးကို ဖိတ်ခေါ် ထားကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်ခြင်းသည် ထွန်းသစ်စ နိုင်ငံသစ်များ အနေနှင့် ထိုစစ်ရေး လေ့ ကျင့်မှုကို စိတ်ပါ ဝင်စားမှု ဖြစ်စေ၍ အမေရိကန် နိုင်ငံ၏ စိတ်အား ထက်သန် မှုကို ဖော်ညွှန်းသည့် လက္ခဏာ ဖြစ်ကြောင်း သိရသည်။

http://bit.ly/WsOUS9
မြ၀တီ အမေရိကန် စစ်တပ်၏ အကြီးဆုံး စစ်ရေး လေ့ကျင့်မှု တစ်ရပ် ဖြစ်သော Cobra Gold အမည်ရှိ အမေရိကန်-ထိုင်း နှစ်နိုင်ငံ ပူးတွဲ စစ်ရေး
လေ့ကျင့်မှုကို ထိုင်းနိုင်ငံတွင် လုပ်ဆောင်ဆဲ ဖြစ်ကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။

နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ကလေးမြို့  သို့ရောက်ရှိ

Photo: နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ကလေးမြို့ 
သို့ရောက်ရှိ
Friday, February 15, 2013

စစ်ကိုင်းဒေသကြီး ကလေးမြို့သို့ယနေ့နံနက်၁၀နာရီခန့်တွင် နိုင်ငံတော်
သမ္မတကြီးဦးသိန်းစိန် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ရောက်ရှိလာကြောင်းသိရသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး ချင်းရေးရာ ၀န်ကြီး ဦးနိုထန်ကပ် လည်းလိုက်ပါခဲ့ကြောင်းသိရသည်။ နိုင်ငံတော်
သမ္မတဦးဆောင်သော အဖွဲ့ဝင်များသည် ကလေး တက္ကသိုလ် ၉မိုင်နှင့် ကလေးခရိုင်ပြည်သူဆေးရုံကြီးသို့ သွားရောက် မည်ဖြစ်ပြီး ကလေးခရိုင် ဒကစ ၀န်း အတွင်း ရှိအောင်ဇေယျခန်းမ တွင် ဌာနဆိုင်ရာ ၀န်ကြီး များနှင့်တွေဆုံမည် ဖြစ်ကြောင်း သိရသည်။

ဝင်းသူစိုး(ကလေး)
Yangon Media Groupစစ်ကိုင်းဒေသကြီး ကလေးမြို့သို့ယနေ့နံနက်၁၀နာရီခန့်တွင် နိုင်ငံတော်
သမ္မတကြီးဦးသိန်းစိန် နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ရောက်ရှိလာကြောင်းသိရသည်။

ငြိမ်းချမ်းရေး တေးသံ ပြည့်အားမာန် ဂီတ ဖျော်ဖြေပွဲ ကျင်းပမည်

Photo: ငြိမ်းချမ်းရေး တေးသံ ပြည့်အားမာန် ဂီတ ဖျော်ဖြေပွဲ ကျင်းပမည်
Friday, February 15, 2013

ကချင် ပြည်နယ်နှင့် ရခိုင်ပြည်နယ် အတွင်းရှိ ဒေသခံ ပြည်သူများ အတွက် တိုင်းရင်းသား ပေါင်းစုံ ဂီတ ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂၂ ရက်တွင် MCC ခန်းမ၌ ကျင်းပမည် ဖြစ်သည်။

အဆိုပါ ဂီတ ဖျော်ဖြေပွဲကို ''ငြိမ်းချမ်းရေး တေးသံ ပြည့်အားမာန်'' ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပမည် ဖြစ်ပြီး တိုင်းရင်းသားတေးသံရှင်များ
ဖြစ်သော ဇော်ပိုင်၊ နေတိုး၊ စိုင်းအောင် ထီးခမ်း၊ ဟက်ကက်၊ ထူးအယ်လင်း၊ သျှီ၊ ချစ်သုဝေ၊ နီနီခင်ဇော်၊ ရတနာမိုင်နှင့် တိုင်းရင်းသား အနုပညာရှင် များက အဆို၊ အက အလှများဖြင့် တင်ဆက် ပြသွားမည် ဖြစ်သည်။

ဝင်ကြေး လက်မှတ်များကို ငွေကျပ် ၈ဝဝဝ၊ ငွေကျပ် ၁ဝဝဝဝ သတ်မှတ်ထားပြီး မန်းသီရိ တေးသံသွင်း၊ မင်းလမ်းပင်လယ် စားသောက်ဆိုင်၊ ဒဂုံစင်တာ၊ ရူဘီမတ်၊ စိန်ဂေဟာ၊ စီးတီးမတ် 
များနှင့် ခင်ပြုံးရီ (ကျောက်မြောင်း) တို့၌ ဝယ်ယူ ရရှိနိုင်သည်။

မြ၀တီ ကချင် ပြည်နယ်နှင့် ရခိုင်ပြည်နယ် အတွင်းရှိ ဒေသခံ ပြည်သူများ အတွက် တိုင်းရင်းသား ပေါင်းစုံ ဂီတ ဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂၂ ရက်တွင် MCC ခန်းမ၌ ကျင်းပမည် ဖြစ်သည်။

ထိုင်းစုံတွဲ ကမ္ဘာ့အကြာဆုံး အနမ်း စံချိန်တင်

Photo: ထိုင်းစုံတွဲ ကမ္ဘာ့အကြာဆုံး အနမ်း စံချိန်တင်
Friday, February 15, 2013

Valentine's Day ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံမှာ
ကျင်းပတဲ့ စုံတွဲများ အကြာဆုံးအနမ်းပြိုင်ပွဲမှာ ဘန်ကောက်ကစုံတွဲက 
၅၈ နာရီ ၃၅ မိနစ် ၅၈ စက္ကန့်နဲ့ ကမ္ဘာ့မှတ်တမ်းဝင် ဖြစ်သွားကြောင်း သိရပါတယ်။ 

ဘန်ကောက်မြို့မှ Ekkachai နဲ့ Laksana Tiranarat စုံတွဲက ကြာသပတေးနေ့မှာ အကြာဆုံးအနမ်း စံချိန်တင်ခဲ့ပြီး Guinness World Records အဖွဲ့အစည်းကနေ အသိအမှတ်ပြုဖို့ စောင့်စားနေဆဲဖြစ်ပါတယ်။ ပြိုင်ပွဲကို အင်္ဂါနေ့မှစတင်ခဲ့ပြီး အတွဲ ၉ တွဲ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ 

ပြိုင်ပွဲဝင်တဲ့စုံတွဲတွေက နှုတ်ခမ်းချင်းနမ်းကာ အဆက်မပြတ် ထိနေရပြီး၊ မထိုင်ရ၊ မအိပ်ရဘဲ အိမ်သာသုံးရင်တောင် အတူသွားရပြီး နှုတ်ခမ်းတွေ
မခွာရပါဘူး ဆိုတဲ့ စည်းကမ်းချက်တွေ ပါဝင်ကြောင်း သိရပါတယ်။ 

(Ref; Fox News, Feb 14, 2013, thai couple sets new record for longest kiss)

Myanmar1Valentine's Day ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ စုံတွဲများ အကြာဆုံးအနမ်းပြိုင်ပွဲမှာ ဘန်ကောက်ကစုံတွဲက ၅၈ နာရီ ၃၅ မိနစ် ၅၈ စက္ကန့်နဲ့ ကမ္ဘာ့မှတ်တမ်းဝင် ဖြစ်သွားကြောင်း သိရပါတယ်။

၆၂ ရက်ကြာကျင်းပမည့် မန်းရွှေစက်တော် ဘုရားပွဲတော် စတင်ဖွင့်လှစ်

Photo: ၆၂ ရက်ကြာကျင်းပမည့် မန်းရွှေစက်တော် ဘုရားပွဲတော် စတင်ဖွင့်လှစ်
Friday, February 15, 2013

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း နှစ်စဉ် တပို့တွဲလဆန်း ငါးရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပလေ့ရှိသော မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်အတွက် ပွဲတော်ရက်မှာ ၆၂ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ဖွင့်ပွဲရက်တွင် မြန်မာနိုင်ငံအနှံ့အပြားမှ ဘုရားဖူးများ လာရောက်မှုမှာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။ ပွဲတော်မှာ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် ဘုရားဖူးများ ပိုမိုစည်ကားလေ့ရှိပြီး တပေါင်းလပြည့်နေ့တွင် စေတုတ္တရာ၊ ငဖဲ၊ ပဒါန်းမြို့နယ်များအတွင်း
ကျေးရွာများမှ ပေါင်းမိုးလှည်းများဖြင့် ဘုရားဖူးလာရောက်သူများလည်း
ရှေးအစဉ်အလာမပျက် လာရောက်လေ့ရှိကြောင်း သိရသည်။

''ပွဲတော်က မြန်မာနိုင်ငံမှာ ရက်ရှည်ကျင်းပတဲ့ ပွဲတော်တစ်ခုဖြစ်တော့ တဲကျောင်း၊ ဆိုင်ခန်းနှင့် အခြားလုပ်ငန်း လုပ်ကိုင်မှုတွေအတွက်
လေလံချထားပေးမှုနဲ့ ပတ်သက်လို့ နှစ်စဉ်ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ အခုနှစ်က ၀ါထပ်တဲ့ နှစ်ဖြစ်ခဲ့တဲ့အတွက် ပွဲတော်ရက်က ပုံမှန်နှစ်တွေထက် နည်းလို့   ဈေးသည်အချို့က အရှုံးပေါ်မှာ စိုးရိမ်နေကြပါတယ်။ ပွဲတော်ရဲ့ အထင်ကရနေရာ အားလုံးနီးပါးကို ကန်ထရိုက် ချပေးထားတာဆိုတော့ ဘုရားဖူးတွေအတွက်လည်း ကုန်ကျစရိတ် ပိုစေတာတွေ ရှိပါတယ်''ဟု 
ရွှေစက်တော်ပွဲတော်တွင်   နှစ်စဉ်လာရောက်လေ့ရှိသော ဈေးသည်တစ်ဦးကပြောကြားခဲ့သည်။

ရွှေစက်တော် ပွဲတော်ဝန်းအတွင်း အထက်စက်တော်ရာသို့ တက်ရောက်ရာ ကားလမ်းမှ အောက်စက်တော်ရာ အနီးသို့ ချိတ်ဆက်မည့်မန်းချောင်းတံတား 
တည်ဆောက်ရန် စီစဉ်လျက်ရှိပြီး အဆိုပါစီမံကိန်းနှင့် ပတ်သက်၍လည်း
ဒေသခံများမှ ဝေဖန်မှုများ ရှိခဲ့ကြောင်း သိရသည်။

''အမှန်တကယ် ဒေသဖွံ့ဖြိုးဖို့ဆိုရင် ပဒါန်း၊ ငဖဲ လမ်းဘက်က မန်းချောင်းကို ကူးတဲ့နေရာမှာ တံတားကို ဆောက်သင့်ပါတယ်။ အခုတံတား
ဆောက်မယ့်နေရာက ပွဲတော်ဝန်း အလယ်တည့်တည့် ဖြစ်နေတဲ့အတွက် ပွဲတော်ဝန်းအလှကိုလည်း ပျက်စေပါတယ်။ မိုးတွင်းမှာ အောက်စက်တော်ရာ
ဘက် ကူးနိုင်အောင်ဆိုပေမယ့် ဒေသခံတွေအတွက် အမှန်တစ်ကယ် အသုံးဝင်တာက လှေတင်တံတားနေရာမှာ တည်ဆောက်မှ အသုံးဝင်မှာပါ''ဟု စကုမြို့မှ ဦးနေမျိုးကျော်က ပြောကြားခဲ့သည်။
 
ယခုနှစ်တွင် ပဒါန်း-ရွှေစက်တော်လမ်းဆုံအနီး GSM တာဝါတိုင် တည်ဆောက်ပြီးခဲ့သောကြောင့် ရွှေစက်တော်ပွဲတော်ဝန်းအတွင်း GSM တယ်လီဖုန်းများ ပြောဆိုနိုင်ပြီဖြစ်ကြောင်း အဆိုပါလမ်းဆုံမှ ပုသိမ်-မုံရွာကားလမ်းသို့ ဆက်သွယ်သည့် သုံးမိုင်လမ်းကို ပြုပြင်ပြီးစီးခဲ့သော်လည်း ထိုလမ်းအတွက် လမ်းအသုံးပြုခ ကောက်ခံမှုမှာ များလွန်းသည်ဟု ဝေဖန်မှု
များရှိခဲ့ကြောင်း ပွဲတော်အ၀င် လှေတင်တံတား ဖြတ်သန်းခကို ယခုနှစ်တွင် ရွှေစက်တော်ပွဲတော် ဂေါပကအဖွဲ့မှ တိုက်ရိုက်
ကောက်ခံမည်ဖြစ်သော်လည်း ပွဲတော်ဝန်းအတွင်းသို့ ဆိုင်ကယ်
ဝင်ရောက်ခမှာ ယခင်နှစ်က တစ်စီးလျင် ကျပ် ၁၅၀၀ အထိ
ကောက်ခံခဲ့သောကြောင့် ဝေဖန်မှုများရှိခဲ့ကြောင်း သိရပါသည်။

ဓာတ်ပုံ - မန်းရွှေစက်တော် (minbuthar.wordpress.com)
Eleven Media Group
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်အတွင်း နှစ်စဉ် တပို့တွဲလဆန်း ငါးရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ကျင်းပလေ့ရှိသော မန်းရွှေစက်တော် ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်အတွက် ပွဲတော်ရက်မှာ ၆၂ ရက် ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မက္ကဆီကို နိုင်ငံ ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီး သေဆုံးပြီးနောက် နှစ်ပေါင်း ၁၅၃ နှစ်ကြာမှ မြှုပ်နှံခဲ့

Photo: မက္ကဆီကို နိုင်ငံ ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီး သေဆုံးပြီးနောက်
နှစ်ပေါင်း ၁၅၃ နှစ်ကြာမှ မြှုပ်နှံခဲ့
Friday, February 15, 2013

မက္ကဆီကို နိုင်ငံမှ ဂျူလီယာ ပတ်စထရာနာ အမည်ရှိ ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီး၏ ရုပ်အလောင်းကို သူမ သေဆုံးပြီး နှစ်ပေါင်း ၁၅၃ နှစ် အကြာတွင် မြှုပ်နှံ နိုင် ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

သူမသည် မျိုးရိုးဗီဇ အရ သူမ၏ မျက်နှာပြင်၌ အမွေး အမှင်များ
ပေါများသောကြောင့် သူမ၏ ခင်ပွန်း ဖြစ်သူ နော်ဝေ နိုင်ငံသား သီအိုဒို ရီလန့်က သူမကို bear woman ဟု ခေါ်ဝေါ်ခဲ့သည်။ 

သူမသည် အသက် ၂၆ နှစ် အရွယ်တွင် သူမကဲ့သို့ အမွေးအမှင်
ပေါများသော သားတစ်ဦးကို မွေးဖွားခဲ့ပြီး ခြောက်နှစ် အကြာတွင်
သေဆုံးခဲ့သည်။ ထို့အတူ သူမ၏ သားဖြစ်သူ မှာလည်း သေဆုံး ခဲ့သည်ဟု သိရသည်။ 

သူမ သေဆုံးပြီး နောက် သူမ၏ ရုပ်အလောင်းကို ခင်ပွန်း ဖြစ်သူက မပုပ် မသိုးအောင် ဆေးရည် စိမ်ခဲ့ပြီး ဥရောပ တစ်ဝန်းသို့ ဆယ်စုနှစ်ကြာ လှည့်လည် ပြသခဲ့သည်။ ထို့နောက် သူမ၏ ရုပ်အလောင်းကို နော်ဝေ နိုင်ငံရှိ ကုန်လှောင်ရုံ တစ်ခုထဲတွင် သိမ်းဆည်း ထားရာ ၁၉၇၆ ခုနှစ်တွင် ၎င်း ကုန်လှောင်ရုံ ထဲမှ ခိုးယူ ခံခဲ့ရကြောင်း နောင် နှစ်ပေါင်း များစွာ အကြာတွင် အပျက် အစီးများ ထားရှိရာ ဂိုဒေါင် တစ်ခု ထဲတွင် ပြန်လည် တွေ့ရှိ ခဲ့သည် ဟုသိရသည်။

ထို့နောက် သူမ၏ ရုပ် အလောင်းကို အော့စလို တက္ကသိုလ်သို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး ထို တက္ကသိုလ်တွင် သူမ၏ ရုပ် အလောင်းကို ဆယ်စုနှစ်ပေါင်း များစွာ သိမ်ဆည်း ထားပြီးနောက် မက္ကဆီကို နိုင်ငံမှ အခွင့်အရေး လှုပ်ရှားသူ တစ်ဦး၏ တောင်းဆိုချက် အရ သူမ၏ မူလ နိုင်ငံသို့ ပြန်လည် ပေးပို့ခဲ့ခြင်း ဖြစ်သည်။ မက္ကဆီကို နိုင်ငံတွင် သူမ၏ ရုပ် အလောင်းကို ဖေဖော်ဝါရီ ၁၃ ရက်က မြှုပ်နှံ ခဲ့သည်ဟု သိရသည်။

http://bit.ly/12HG1Vl

မြ၀တီမက္ကဆီကို နိုင်ငံမှ ဂျူလီယာ ပတ်စထရာနာ အမည်ရှိ ကမ္ဘာ့ ရုပ်အဆိုးဆုံး အမျိုးသမီး၏ ရုပ်အလောင်းကို သူမ သေဆုံးပြီး နှစ်ပေါင်း ၁၅၃ နှစ် အကြာတွင် မြှုပ်နှံ နိုင် ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ဆင်းဂါးဘီယာ မြန်မာတွင် စက်ရုံတစ်ခု တည်ထောင်သွားမည်

Photo: ဆင်းဂါးဘီယာ မြန်မာတွင် စက်ရုံတစ်ခု
တည်ထောင်သွားမည်
Friday, February 15, 2013

ဆင်းဂါးဘီယာ ထုတ်လုပ်သည့် ဆင်းဂါးကော်ပို
ရေးရှင်းသည် ကားလ်စဘာ့ဂ် ဘီယာကုမ္ပဏီနှင့်
ဈေးကွက်မဟာမိတ်အဖြစ် ပူးပေါင်းပြီးနောက်
မြန်မာတွင် ဘီယာချက် စက်ရုံတစ်ခုတည်ထောင် သွားရန် ပြင်ဆင်နေကြောင်း သိရသည်။

ဆင်းဂါး၏ အာရှဒေသဆိုင်ရာ ဈေးကွက်တာဝန်ခံ
ဒါရိုက်တာ ပီတီ ဘီရွန် ဘက်ကဒီက ဆင်းဂါးသည်
ထိုင်းတွင် ကားလ်စ်ဘာ့ဂ်ဘီယာကို နံပတ်တစ်ဖြစ်
အောင် ဈေးကွက်မြှင့်တင်သွားမည်ဖြစ်ပြီး ၎င်း၏ကိုယ်ပိုင်
အမှတ်တံဆိပ် ဆင်းဂါးကိုလည်း ငါးနှစ်အတွင်း အာရှ၏
ထိပ်တန်း အမှတ်တံဆိပ်သုံးခု၌ ပါဝင်အောင် ကြိုးစား
သွားမည်ဟု ဆိုသည်။

၎င်းက “ဒီနှစ်အတွင်း ထိုင်းနဲ့ အိမ်နီးချင်း အာဆီယံ
ဈေးကွက်တွေမှာ ကားလ်စ်ဘာ့ဂ်ဘီယာကို အရောင်း
မြှင့်တင်သွားဖို့ ကျွန်တော်တို့ ဘတ် သန်း ၂၀၀သုံး
သွားမှာ ဖြစ်ပါတယ်။ ပထမနှစ်အတွင်းမှာပဲ ကားလ်စ်
ဘာဂ်ဘီယာပမာဏ လီတာ ငါးသန်းရောင်းချရဖို့ မျှော်မှန်း ထားပြီး နောက် နှစ်တွေမှာတော့ တစ်နှစ်ကို ရောင်းအား
၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိတိုးဖို့ မှန်းထားပါတယ် ”ဟု ပြောကြားသည်။

ကားလ်စ်ဘာ့ဂ်ကုမ္ပဏီသည် အာဆီယံဒေသအတွင်း
စက်ရုံရှစ်ရုံရှိထားပြီး ဗီယက်နမ်တွင် လေးခု၊လာအိုတွင်
နှစ်ခု၊ မလေးရှားနှင့် ကမ္ဘောဒီး ယားတွင် တစ်ခုစီ တည်
ဆောက်ထားသည်။ယင်းစက်ရု့များမှ ထုတ်လုပ်နိုင်စွမ်းမှာ
တစ်နှစ် ဘီယာလီတာ ၁ ဒဿမ ၂၅ ဘီလီယံဖြစ်သည်။

ထိုင်းတွင်ရောင်းချမည့် ကားလ်စ်ဘာ့ဂ်ဘီယာများကို
မြန်မာနှင့်လာအိုရှိ ကုမ္ပဏီပိုင်စက်ရုံများမှ တင်သွင်း
ရောင်းချသွားမည်ဟု သိရသည်။ ခန့် မှန်းချက်များအရ
အာရှတွင် ဘီယာသောက်သုံးမှုနှုန်းများမှာ ၂၀၁၁ မှ
၂၀၁၆ အတွင်း နှစ်စဉ် ငါးရာခိုင်နှုန်းတိုးတက်မည်ဟု
သိရသည်။

Ref: THE NATION
The Myanma Age ဆင်းဂါးဘီယာ ထုတ်လုပ်သည့် ဆင်းဂါးကော်ပို ရေးရှင်းသည် ကားလ် စဘာ့ဂ် ဘီယာကုမ္ပဏီနှင့် ဈေးကွက်မဟာမိတ်အဖြစ် ပူးပေါင်းပြီးနောက်
မြန်မာတွင် ဘီယာချက်စက်ရုံတစ်ခု တည်ထောင်သွားရန် ပြင် ဆင်နေကြောင်း သိရသည်။

လုံခြုံရေးဝန်ထမ်း ၂ ဦးကို ကြိုးတုတ် ထိုးကြိတ်နှိပ်စက်ပြီး ပစ္စည်းများ ခိုးယူသွားသူ လူတစ်စုအား ဖမ်းဆီးမိ

Photo: လုံခြုံရေးဝန်ထမ်း ၂ ဦးကို ကြိုးတုတ် ထိုးကြိတ်နှိပ်စက်ပြီး ပစ္စည်းများ ခိုးယူသွားသူ လူတစ်စုအား ဖမ်းဆီးမိ
Friday, February 15, 2013

၁၁.၁.၂၀၁၃ ရက်နေ့   ညသန်းကောင် ၂ နာရီခွဲ အချိန်ခန့်တွင်  ဒဂုံတောင်မြို့နယ်၊ (၁၄၄)ရပ်ကွက်၊ အနော် ရထာလမ်းနှင့် စက်မှုဇုံ
လမ်းထောင့်၊ မ/၃၈၇ ရှိ   ဧရာဝတီပါဝါ ကုမဏီလီမိတက်၊ ကားဂိုဒေါင်သို့ အမျိုးသား ၇ ဦးမှ လိုက်ထရပ်ကားဖြင့် ရောက်ရှိလာပြီး လုံခြုံရေး
ဝန်ထမ်းနှစ်ဦးအား ၂ ဦးအား ၀ိုင်းဝန်းထိုးကြိတ်၊ ကြိုးဖြင့်တုတ်၊ ပါးစပ်နှင့် မျက်လုံးများ အ၀တ်နှင့်စည်း ၊ ဒါးဖြင့်ထောက်ပြီး ဂိုဒေါင်တံခါးရိုက်
ဖွင့်ပြီး ကားအပိုပစ္စည်း စုစုပေါင်းတန်ဖိုး ၁၀၄၀၀၀၀ိ/- အား
ယူဆောင်သွားသဖြင့် အရေးယူပေးပါရန် တရားလို ဧရာပါဝါ ကုမ္မဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်အေးမိမိခိုင် တိုင်တန်းချက်
အရ ဒဂုံတောင် ရဲစခန်း (ပ)၁၁၂/၁၃၊ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ထား ရှိခဲ့ပါသည်။

ထိုသို့ဖြစ်ပွားခဲ့မှုအပေါ် ထပ်မံကျူးလွန်မှုမဖြစ်ပေါ်ရေး၊ တရားခံများဖမ်းဆီး
ရမိရေးအတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးများမှ မှုခင်းများလျော့နည်း
ကျဆင်းရေးနှင့် ဖြစ်ပွားခဲ့သည့်အမှုများမှ တရားခံဖော်ထုတ်ဖမ်းဆီးရမိရေး အထူးစီမံချက်ဖြစ်သည့် “၀ရဇိန်” စီမံချက်ပါ ဖမ်းဆီးရေး အထူးအဖွဲ့များအား လမ်းညွှန်ကြီးကြပ်၍ တာဝန်ပေးအပ်ဖော်ထုတ်စေခဲ့ပါသည်။

ဤဖြစ်စဉ်အပေါ် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ဒုစရိုက်နှိမ်နင်းရေး ဌာနစုမှူး ဒုရဲမှူး အောင်ဝင်း ဦးစီးအဖွဲ့သည် အခင်းဖြစ်ရပ်စစ်ဆေး
တွေ့ရှိချက်များအပေါ် သုံးသပ်ကာ အဖွဲ့ဝင်များခွဲ၍ သတင်းစုံစမ်းခဲ့ရာ ၎င်းကုမ္မဏီဝန်ထမ်းဟောင်းများဖြစ်ခဲ့ဖူးသည့် အောင်ကျော်သိန်းနှင့် ကျော်ကျော်(ခ) ကျော်ကြီး တို့သည် ပြစ်မှုကျူးလွန်နိုင်ကြောင်း သဲလွန်စများ
ရရှိခဲ့ကာ ၁၃-၂-၂၀၁၃ ရက်နေ့တွင် ကျော်ကျော်(ခ)ကျော်ကြီး၊ (၂၀) နှစ်၊
(ဘ) ဦးဝင်းမြင့်ထွန်း၊ ဒဂုံတောင်မြို့နယ်နေသူအား သမိုင်းလမ်းစုံ ကားမှတ်တိုင်တွင် ၇ခ/၇၉၂၅ ပါရမီ (၁၇၄) ယာဉ်လိုင်းပေါ်မှ ဖမ်းဆီးရမိခဲ့ပါသည်။

၎င်းအားစစ်ဆေး၍ ဖော်ထုတ်ချက်အရ အတူပါဝင်ကျူးလွန်သူများ
ဖြစ်သည့် အောင်မော်သိန်း၊ (၃၈)နှစ်၊ (ဘ) ဦးမဲလှိုင်သာယာမြို့နယ်၊ ဆန်းလင်းအောင် (ခ) အညာသား၊ (၂၁) နှစ်၊ (ဘ) ဦးအောင်ကြိုင်၊
တောင်ဥက္ကလာပမြို့နယ်၊ ၀င်းဖြိုး၊ (၂၄) နှစ်၊ ဦးဇော်ဝင်း၊ ဒဂုံတောင်မြို့နယ်၊ မျိုးသန့်၊ (၁၈)နှစ်၊ (ဘ) ဦးခင်မောင်ဇင်၊ ဒဂုံတောင်မြို့နယ်နေသူနှင့် ဖြိုးလှိုင်စိုး (ခ) ဖြိုးလှိုင် (၁၈)နှစ်၊ (ဘ)ဦးသန်းစိုး၊ ဒဂုံတောင်မြို့နယ်
နေသူနှင့်အောင်ထက်ဟိန်း(ခ) ဖိုးထက်၊ (၂၀)နှစ်၊ (ဘ) ဦးစောမြင့်၊ ဒဂုံတောင်မြို့နယ်နေသူတို့အား ဖမ်းဆီးရမိခဲ့ပြီး ၁၄-၂-၂၀၁၃ ရက်နေ့တွင် ထက်အောင်ကျော်(ခ) ကိုထက်၊ (၁၇)နှစ်၊ (ဘ) ဦးအောင်မျိုးဇော်၊ ဒဂုံတောင်နေသူအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း Myanmar News Now မှ သတင်းရရှိသည်။

Myanmar News Now ၁၁.၁.၂၀၁၃ ရက်နေ့ ညသန်းကောင် ၂ နာရီခွဲ အချိန်ခန့်တွင် ဒဂုံတောင်မြို့နယ်၊ (၁၄၄)ရပ်ကွက်၊ အနော် ရထာလမ်းနှင့် စက်မှုဇုံ လမ်းထောင့်၊ မ/၃၈၇ ရှိ ဧရာဝတီပါဝါ ကုမဏီလီမိတက်၊ ကားဂိုဒေါင်သို့ အမျိုးသား ၇ ဦးမှ လိုက်ထရပ်ကားဖြင့် ရောက်ရှိလာပြီး လုံခြုံရေး

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း

Photo: ဧရာဝတီတိုင်းဒေသကြီးဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း
Friday, February 15, 2013


Popular Myanmar News Journal

From : Popular Myanmar News Journal

တပ်မတော်နှင့် KIA တို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ် မရေးထိုးရသေးသော်လည်း နှစ်ဖက်စလုံးမှ တိုက်ခိုက်မှု မပြုလုပ်ရန် ညွှန်ကြားထားပြီး လက်ရှိအချိန်တွင် တိုက်ပွဲများ ရပ်ဆိုင်း

Photo: တပ်မတော်နှင့် KIA တို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ် မရေးထိုးရသေးသော်လည်း နှစ်ဖက်စလုံးမှ တိုက်ခိုက်မှု မပြုလုပ်ရန် ညွှန်ကြားထားပြီး လက်ရှိအချိန်တွင် တိုက်ပွဲများ ရပ်ဆိုင်း
Friday, February 15, 2013
    
မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့အကြား အပစ်အခတ် ရပ်စဲရေး သဘာတူညီမှု လက်မှတ် မရေးထိုးရ
သေးသော်လည်း နှစ်ဖက်စလုံးမှ တိုက်ခိုက်မှု မပြုလုပ်ရန် ညွှန်ကြား
ထားပြီး လက်ရှိအချိန်တွင် တိုက်ပွဲများ ရပ်ဆိုင်းလျက်ရှိသည်။        

တပ်မတော်နှင့် KIA အကြား တိုက်ပွဲအခြေအနေများအား Myanmar Peace Center မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ
မင်းဇော်ဦးအား Eleven Media Group မှ မေးမြန်းရာ ဒေါက်တာ
မင်းဇော်ဦးက "တပ်မတော်နဲ့ KIA အကြား လက်ရှိအချိန်မှာ တိုက်ပွဲတွေလည်း တော်တော်ကြီး ရပ်သွားတယ်။ တိုက်ပွဲအကြီးကြီး
တွေဆိုတာ လုံးဝမရှိတော့ဘူး။ အနည်းငယ်ထိတွေ့တာမျိုးတောင် မကြားရတာ သုံးလေးရက်လောက် ရှိပြီ" ဟု ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညပိုင်းက ပြောကြားခဲ့သည်။

"လက်မှတ် မထိုးရသေးတာဘဲ ရှိတယ်။ နှစ်ဖက်လုံးက စကားလုံး အသွားအလာကို ကြည့်ရင် အပစ်ရပ်လိုက်တော့ဆိုပြီး တစ်ဖက်နဲ့တစ်ဖက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်နေတယ်။ အဲဒီအပေါ်မှာ ၀ိုင်းပြီး အကောင်အထည် ဖော်ကြမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ စာရွက်ပေါ်မှာ အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပြီးတော့ မလိုက်နာဘူးဆိုရင်လည်း အပစ်အခတ် ရပ်စဲမှုက ပျက်မှာပဲ။ နှစ်ဖက်လုံးက အပစ်အခတ် ရပ်စဲချင်တဲ့ ဆန္ဒရှိတယ်။ အားလုံးဝိုင်းပြီး အောက်ခြေမှာ
ဖြစ်အောင် အကောင်အထည်ဖော်ကြမယ် ဆိုရင် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိမှာပါ" ဟု ဒေါက်တာမင်းဇော်ဦးက ဆက်လက်ပြောကြား
ခဲ့သည်။                

ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) သည် အစိုးရတပ်နှင့် တွေ့ဆုံ
ဆွေးနွေးမှု လုပ်နေစဉ်အတွင်း ရှေ့တန်းသို့ ရောက်ရှိနေသည့် ကချင်ပြည် လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အား ပစ်ခတ်တိုက်ခိုက်ခြင်း မပြုလုပ်ရန် ညွှန်ကြားထားကြောင်း ကချင်သတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။            

"အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးရခြင်း မရှိပေမယ့် လွန်ခဲ့တဲ့ နှစ်ပတ်ကျော်လောက်နဲ့စာရင် အလားအလာ အများကြီး
ကောင်းပါတယ်။ တပ်မတော်ဘက်ကလည်း သမ္မတကြီးက မတိုက်ခိုက်ဖို့ ညွှန်ကြားထားတဲ့အတွက် နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်ကို လိုက်နာမယ်လို့ ပြောထားတာရှိတယ်။ လက်ရှိ အခြေအနေမှာ တပ်မတော်ဘက်ရော KIA ဘက်ကပါ နှစ်ဖက်ထိတွေ့မှုတွေ မဖြစ်အောင်
ရှောင်ရှားတဲ့အတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရသေးသော်လည်း ထိတွေ့မှုတွေ မဖြစ်တော့ပါဘူး" ဟု ဒေါက်တာ
မင်းဇော်ဦးက ပြောသည်။         

အစိုးရနှင့် (KIO) တို့အကြား ခိုင်မာသော အပစ်အခတ်ရပ်စဲရေး စနစ်တကျ ဖြစ်ပေါ်လာရေး၊ ပဋိပက္ခ ဖြစ်ပွားနေသည့် နေရာများတွင်
လေ့လာစောင့်ကြည့်ရေး စနစ်ထားရှိရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် ဖေဖော်ဝါရီလ ၄ ရက်က တရုတ်နိုင်ငံ ရွှေလီတွင်
တွေ့ဆုံဆွေးနွေးစဉ် သဘောတူညီမှု ရရှိခဲ့ကြသည်။                

ငြိမ်းချမ်းရေး ဆွေးနွေးမှုများ လျှင်မြန်စွာ လုပ်ဆောင်နိုင်ရေး အစိုးရနှင့် 
(KIO) တို့ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ဆက်သွယ်နိုင်ရေးအတွက် စီစဉ်ထားကြောင်း သိရသည်။                 

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ခေါင်းဆောင်များသို့ ပေးပို့သည့်စာတွင် ဖော်ပြပါရှိသည့်အတိုင်း KIO ဗဟိုကော်မတီမှလည်း စစ်မှန်သော ငြိမ်းချမ်းရေး ရရှိနိုင်ရန်နှင့် တိုင်းရင်းသားအားလုံးအတွက် တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်များကို စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးကာ အဖြေရှာမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်က KIO မှ ပြည်သူလူထုထံသို့ အသိပေး ကြေညာထားသည်။

Eleven Media Groupမြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့အကြား အပစ်အခတ် ရပ်စဲရေး သဘာတူညီမှု လက်မှတ် မရေးထိုးရ သေးသော် လည်း နှစ်ဖက်စလုံးမှ တိုက်ခိုက်မှု မပြုလုပ်ရန် ညွှန်ကြားထားပြီး လက်ရှိအချိန်တွင် တိုက်ပွဲများ ရပ်ဆိုင်းလျက်ရှိသည်။

တိဘက်ဘုန်းကြီး တစ်ပါးသည် မိမိကိုယ်ကို မီးရှို့သတ်သေ

Photo: တိဘက်ဘုန်းကြီး တစ်ပါးသည် မိမိကိုယ်ကို မီးရှို့သတ်သေ
Thursday, February 14, 2013

တရုတ် အစိုးရ၏ အုပ်ချုပ်မှုအား ဆန့်ကျင်သည့် အနေဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ခတ်မန်ဒူ စားသောက်ဆိုင်တွင် တိဘက်ဘုန်းကြီး တစ်ပါးသည် မိမိကိုယ်ကို မီးရှို့သတ်သေ ခဲ့ပါသည်။

ထိုသို့ မီးရှို့ သက်သေ၍ ဆန္ဒပြ ခြင်းသည် ၂ဝဝ၉ ခုနှစ်မှစ၍ ၁ဝဝ ဦး
မြောက် ဖြစ်ပါသည်။ ထိုသို့ မီးရှို့ သတ်သေခြင်း နှင့်ပတ်သက်၍ အိန္ဒိယရှိ တိဘက်ပြည်ပြေး အစိုးရက တရုတ် အစိုးရအပေါ် ပြစ်တင် ဝေဖန်မှု
ပြုလုပ်ခဲ့ပြီး ၎င်းကိစ္စရပ် အပေါ် နိုင်ငံတကာ အစိုးရ အသိုက်အဝန်းမှ အလေးထားရန် တောင်းဆိုမှု ပြုလုပ်ခဲ့ ပါသည်။ 

လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့် မရှိခြင်း၊ သို့မဟုတ် ဆန္ဒပြခွင့် မရှိခြင်းကြောင့် တိဘက်များသည် မိမိကိုယ်ကို မီးရှို့ သတ်သေရန်
ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း တိဘက်ပြည်ပြေး အစိုးရ၏ ဝန်ကြီးချုပ် Lobsang Sangay က ပြောကြားခဲ့ ပါသည်။

http://bit.ly/12kBYTt

မြ၀တီ တရုတ် အစိုးရ၏ အုပ်ချုပ်မှုအား ဆန့်ကျင်သည့် အနေဖြင့် ဖေဖော်ဝါရီ လ ၁၃ ရက်နေ့တွင် ခတ်မန်ဒူ စားသောက်ဆိုင်တွင် တိဘက်ဘုန်းကြီး တစ်ပါးသည် မိမိကိုယ်ကို မီးရှို့သတ်သေ ခဲ့ပါသည်။