Monday, February 11, 2013

လွှတ်တော် ဥက္ကဋ္ဌ၏ ကချင်ခရီးစဉ်တွင် ငြိမ်းချမ်းရေး ကိစ္စအဓိကဖြေရှင်းရန် ဒေသခံများမှ တောင်းဆို


ရန်ကုန် (မဇ္ဈိမ) ။       ။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ဖေဖော်ဝါရီ ၉ ရက်နေ့  ကချင် ခရီးစဉ် တွင်ဒေသခံ ပြည်သူများက ငြိမ်းချမ်းရေးကိစ္စ အမြန်ဆုံးဖြေရှင်းပေးရန် တောင်းဆိုခဲ့သည်ဟု ဒေသခံ များက ပြောသည်။

မနက် ၆ နာရီထ စာကျက်တဲ့ ၇တန်းကျောင်းသူ ၇နာရီမှာ ဆွဲကြိုးချသေတာတွေ့ရ




ကယားပြည်နယ်၊ လွိုင်ကော် မြို့၊ မိုင်းလုံးရပ်ကွက်တွင် သတ္တမ တန်းကျောင်းသူတစ်ဦးကြိုးဆွဲချ ကာသေ ဆုံးသောဖြစ်ရပ်တစ်ခု ဖေဖော်ဝါရီ ၆ ရက် နံနက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အီရန်ပိတ်ပင်ထားတဲ့ ရုပ်ရှင် ဗွီအိုအေ က လွှင့်ထုတ်ပြသ

အီရန်ပိတ်ပင်ထားတဲ့ ရုပ်ရှင် ဗွီအိုအေ က လွှင့်ထုတ်ပြသ 

ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၁၃

အီရန်အစိုးရတားမြစ်ထားတဲ့ ရုပ်ရှင် ၁ ကားကို ဗွီအိုအေ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသ ခဲ့ပါတယ်။ နိုင်ငံတကာရုပ်ရှင်ဆုရ Rhino Season ဆိုတဲ့ ရုပ်ရှင်ကို အီရန်နိုင်ငံအတွက် ဂြိုလ်တုကနေထုတ်လွှင့်တဲ့ ဗွီအိုအေ ရုပ်မြင်သံကြားကနေ သောကြာနေ့တုန်းက ပြသခဲ့သလို့ အွန်လိုင်းပေါ်ကနေ ကြည့်လို့ရအောင်လည်း တင်ခဲ့ပါတယ်။

အီရန်အစိုးရက ပိတ်ပင်ထားတဲ့ ရုပ်ရှင်ကို အီရန်ပြည်သူတွေ ကြည့်နိုင်အောင် ဗွီအိုအေက ထုတ်လွှင့်ပြသဖို့ အရေးကြီးတယ်လို့ ဒါရိုက်တာ Bahman Ghobadi ကပြောပါတယ်။ ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးကာလမှာ အကျဉ်းချခံခဲ့ရတဲ့ ကာ့ နွယ်ဖွား အီရန်ကဗျာဆရာ ဆလဲလ် (Sahel) ရဲ့အကြောင်းကို အခြေခံပြီး Rhino Season ရုပ်ရှင်ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ နှစ်ရှည်ထောင်ကျ ခဲ့တဲ့ ဆဟဲလ်က သူ့ရဲ့ ဇနီးနဲ့ သားသမီးတွေကို လိုက်ရှာတဲ့အကြောင်း ဖြစ်ပါတယ်။

ထောင်ထဲမှာ သေဆုံးသွားပြီလို့ မိသားစုက ထင်နေကြတဲ့ ကဗျာဆရာတယောက်ရဲ့ ကဗျာဖန်တီးမှုလို့ သူ့ရုပ်ရှင်ကို တင်စားတဲ့ ဒါရိုက်တာ ဂိုဘာဒီက ရုပ်ရှင်ပြသခွင့် ဗွီအိုအေကို လှူခဲ့တာဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ် အီရန်နိုင်ငံကနေ ထွက်ပြေး တိမ်းရှောင်ခဲ့တဲ့ ဂိုဘာဒီရဲ့ ပထမဆုံး အီရန်နိုင်ငံအပြင်ဘက်မှာ ရိုက်ကူးတဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ နိုင်ငံတကာ ရုပ်ရှင်ဆု ၂ ခုကိုလည်း ရရှိထားပါတယ်။ 

(VOA)
အီရန်အစိုးရတားမြစ်ထားတဲ့ ရုပ်ရှင် ၁ ကားကို ဗွီအိုအေ ရုပ်မြင် သံကြားကနေ ထုတ်လွှင့်ပြသ ခဲ့ပါတယ်။ နိုင်ငံတကာရုပ်ရှင်ဆုရ Rhino Season ဆိုတဲ့ ရုပ်ရှင်ကို အီရန်နိုင်ငံအတွက် ဂြိုလ်တုကနေ ထုတ်လွှင့်တဲ့ ဗွီအိုအေ ရုပ်မြင်သံကြားကနေ သောကြာနေ့တုန်း က ပြသခဲ့သလို့ အွန်လိုင်းပေါ်ကနေ ကြည့်လို့ရအောင်လည်း တင်ခဲ့ပါတယ်။

“နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်မည်”



မန်းတိုင်းဒေသကြီးအတွင်း နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် အမေရိကန် ကုမ္မဏီတစ်ခုဖြစ်သည့် ACO Investment Group၊ Great Chance Co Ltd နှင့် ပြီးခဲ့သည့်သောကြာနေ့က မန်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် MoU ထိုးခဲ့ပြီးဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

ဂျပန်နာမည်ကျော် Nissan ကုမ္ပဏီ ဝန်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်းစင်တာ ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ပြီး ယာဉ်တပ်ဆင်မှုစက်ရုံ တည်ထောင်ရန် စီစဉ်နေ

ဂျပန်နာမည်ကျော် Nissan ကုမ္ပဏီ ဝန်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်းစင်တာ ရန်ကုန်မြို့၌ ဖွင့်လှစ်ခဲ့ပြီး ယာဉ်တပ်ဆင်မှုစက်ရုံ တည်ထောင်ရန် စီစဉ်နေ  
Sunday, 10 February 2013 

ကမ္ဘာ့ ဆဋ္ဌမမြောက် အကြီးဆုံး ကားကုမ္ပဏီဖြစ်သော ဂျပန်နာမည်ကျော် Nissan ကားကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၀န်ဆောင်မှုနှင့် ယာဉ်အပိုပစ္စည်း စင်တာကို ဖေဖော်ဝါရီလဆန်းပိုင်းက ဖွင့်လှစ်ခဲ့ပြီးယာဉ်တပ်ဆင်မှု စက်ရုံ
တည်ထောင်ရန် စီစဉ်နေကြောင်း E Garage  Auto Service and Spare Part (Myanmar) မှ သတင်းရရှိသည်။

အဆိုပါ ၀န်ဆောင်မှုစင်တာကို အမှတ် ၄၄၃ ပြည်လမ်း ကမာရွတ်မြို့နယ် ရန်ကုန်မြို့တွင်  ဖွင့်လှစ်ထားပြီး Business Opening အခမ်းအနားကို
ဖေဖော်ဝါရီလ ၂ ရက်နေ့က ပြုလုပ်ခဲ့သည်။

''အခု Business Opening ပွဲပဲ လုပ်သေးတာပါ။ ၀န်ဆောင်မှုတွေကိုတော့ စပေးနေပါပြီ။ Nissan အပြင် တခြားမြန်မာပြည်မှာ လူသုံးများတဲ့ ကားကိုလည်း ၀န်ဆောင်မှုပေးသွားမှာပါ။ အဆင့်မြင့်ကားတွေကို  ကြိုးမဲ့ကွန်ပျူတာစနစ် နည်းပညာသုံးပြီး ပြုပြင်ပေးနေပါတယ်'' ဟု E Garage  Auto Service and Spare Part (Myanmar) မှ Country Manager ဦးအောင်မိုးသန်းက ပြောကြားပါသည်။

E Garage  Auto Service and Spare Part (Myanmar) ကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွင့်လှစ်ခဲ့သည်။ အဆိုပါ လုပ်ငန်းကို မလေးရှား
အခြေစိုက် Tan Chong အုပ်စုက အစုရှယ်ယာ ၉၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး မြန်မာစီးပွားရေး လုပ်ငန်းရှင် ဦးခင်မောင်လွင်က
၁၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။   

Tan Chong အုပ်စုသည် အရှေ့တောင်အာရှ ဒေသတွင် Nissan အုပ်စု နှင့် အဓိက ချိတ်ဆက်လုပ်ကိုင်နေသည့် မိတ်ဖက်လုပ်ငန်းတစ်ခုဖြစ်ပြီး မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနိုင်ငံတို့တွင် ၀န်ဆောင်မှုစင်တာများ၊ ရောင်းချမှုစင်တာများ၊ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ရေး စက်ရုံများ တည်ထောင်လုပ်ကိုင်နေသည့် ကုမ္ပဏီအုပ်စု ဖြစ်သည်။   

Nissan ကုမ္ပဏီသည် ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံး ကားကုမ္ပဏီဖြစ်ပြီး
မြန်မာနိုင်ငံတွင်လည်း လူကြိုက်များသည့် အမှတ်တံဆိပ်တစ်ခု ဖြစ်ပါသည်။ Nissan Motor ကုမ္ပဏီကို ၁၉၃၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ဘဏ္ဍာရေး အခက်အခဲများကြောင့် ပြင်သစ်ကားကုမ္ပဏီ တစ်ခုဖြစ်သည့် Renault နှင့် ပူးပေါင်းခဲ့သည်။
    
မြန်မာနိုင်ငံတွင် Toyota ကုမ္ပဏီထုတ် ကားများ လူကြိုက်အများဆုံးဖြစ်ပြီး
မြန်မာနိုင်ငံအတွင်း ထင်ရှားသည့် Nissan ကုမ္ပဏီထုတ် ကားများမှာ Sunny၊ Fairlady Z၊ Skyline၊ Serena၊ Cedric၊ Cefiro၊ Laurel၊ President၊ Bluebird၊ Atlas၊ Primera၊ Avenir၊ Tiida၊ Caravan၊ Civilian၊ Gloria၊ Vanette တို့ဖြစ်သည်။   

မြန်မာနိုင်ငံတွင် SPA မှ ဖွင့်လှစ်ထားသော Nissan ၀န်ဆောင်မှုစင်တာ တစ်ခုရှိပြီး အခြား ကားကုမ္ပဏီများဖြစ်သော Toyota၊ Marcede၊ Suzuki တို့ကလည်း ၀န်ဆောင်မှုစင်တာများ ဖွင့်လှစ်ထားသည်။

စင်ကာပူအခြေစိုက် Cycle & Carriage Automobile Myanmar Company Ltd. နှင့် မြန်မာနိုင်ငံမှ Automobile Century Co., Ltd. (Myanmar) တို့ ပူးပေါင်း၍ ကားဆားဗစ်စင်တာ တည်ထောင်ရန် လုပ်ကိုင်ခွင့် ရရှိထားကြောင်း သိရသည်။

ဓာတ်ပုံ - E Garage Auto Service and Spare Part (Myanmar) မှ ဖွင့်လှစ်ထားသော Nissan Service and Parts Center ၏ လုပ်ငန်းခွင်ကို
တွေ့ရစဉ်

Eleven Media Group
ကမ္ဘာ့ ဆဋ္ဌမမြောက်အကြီးဆုံး ကားကုမ္ပဏီဖြစ်သော ဂျပန် နာမည်ကျော် Nissan ကားကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၀န်ဆောင် မှုနှင့် ယာဉ်အပိုပစ္စည်း စင်တာကို ဖေဖော်ဝါရီလဆန်းပိုင်းက ဖွင့်လှစ် ခဲ့ပြီးယာဉ်တပ်ဆင်မှု စက်ရုံတည်ထောင်ရန် စီစဉ်နေကြောင်း E Garage Auto Service and Spare Part (Myanmar) မှ သတင်း