Tuesday, January 22, 2013

KIA သောင်းကျန်းသူအဖွဲ့ လွယ်ဂျယ်မြို့ အား တိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင်


Photo: KIA သောင်းကျန်းသူအဖွဲ့ လွယ်ဂျယ်မြို့ အား တိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင်
Tuesday, January 22, 2013

KIA အဖွဲ့  အနေဖြင့် အစိုးရမှ ငြိမ်းချမ်းရေး ဆွေးနွေးရန် အကြောင်းကြားထားသော်လည်း လက်မခံဘဲ UNFC နှင့် ဆွေးနွေးရန်သာ အကြောင်းပြန်ခဲ့သည်။ ယခုအခါ KIAအဖွဲ့ မှ မိုင်ဂျာယန် မြို့ နှင့် ကပ်လျက် ရှိသော လွယ်ဂျယ်မြို့ အား တိုက်ခိုက်သိမ်းပိုက်ရန် တပ်များ စုစည်းရွေ့ ပြောင်းနေကြောင်း လွယ်ဂျယ်မြို့ အား သိမ်းပိုက်ရန်အတွက် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ကိုယ်တိုင် တိုက်ပွဲအား ကွပ်ကဲရန် မိုင်ဂျာယန်မြို့ သို့ ရောက်ရှိနေကြောင်းသိရှိရသည်။
“ KIA အဖွဲ့ တွေ အများကြီး မိုင်ဂျာယန်မှာ ရောက်နေတယ်။ လွယ်ဂျယ်မြို့ ကို တိုက်ခိုက်သိမ်းပိုက် မယ်လို့ ကြားတယ် လက်နက်ကြီးတွေလည်း အများကြီး ပါတယ် အခုချိန်မှာ လွယ်ဂျယ်မှာက တပ် အင်အားနည်းနေတယ် ။ ဒါကြောင့် သူတို့က အလွယ်တကူ တိုက်နိုင်မယ်လို့ ထင်နေတယ် ”  ဟု မိုင်ဂျာယန်မြို့ ရှိ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးမှ ပြောကြားခဲ့သည်။
လွယ်ဂျယ်မြို့ သည် တရုတ်-မြန်မာ နယ်စပ်အနီးတွင်  တည်ရှိပြီး မိုင်ဂျာယန်မြို့ ၏တောင်ဘက် ငါးမိုင်ခန့်အကွာအဝေးတွင် ရှိသည်။ လွယ်ဂျယ်မြို့ သည် မြန်မာစစ်တပ် တပ်ရင်း တစ်ရင်းသာ အခြေစိုက်ထားသော မြို့ တစ်မြို့ ဖြစ်သည်။ KIA နှင့် မြန်မာ အစိုးရ ငြိမ်းချမ်းရေး ပျက်ပြားကာစ အချိန်တွင်  KIA အဖွဲ့ မှ လွယ်ဂျယ်မြို့ သို့ ၀င်ရောက်၍ အစိုးရ ၀န်ထမ်းများအား ဖမ်းဆီး သွားခဲ့ဘူးသည်။
၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ ၁၂:၃၀ နာရီမှ ၁၆:၃၀ နာရီ အချိန်ထိ လွယ်ဂျယ် မြို့နယ်၊ ဂျာမိုင်ကျေးရွာ အနီး တပ်မတော် စစ်ကြောင်းအား KIA မှ ခေါင်းဆောင် စိစစ်ဆဲ အင်အား ၂၀၀ ခန့်မှ လာရောက် တိုက်ခိုက်သည့် အတွက် မြန်မာစစ်တပ်မှ ပြန်လည် ချေမှုန်း တိုက်ခိုက်ခဲ့ ကြောင်း 
အဆိုပါ တိုက်ပွဲ ဖြစ်စဉ်၌ အရာရှိ ၂ ဦး၊ အခြားအဆင့် စစ်သည် ၄ ဦး နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့ရပြီး စစ်သည်တချို့ ဒဏ်ရာ ရရှိကြောင်း မြ၀တီသတင်းတွင်ဖေါ်ပြထားသည်။ KIA အဖွဲ့  အနေဖြင့် အစိုးရမှ ငြိမ်းချမ်းရေး ဆွေးနွေးရန် အကြောင်းကြားထားသော်လည်း လက်မခံဘဲ UNFC နှင့် ဆွေးနွေးရန် သာ အကြောင်းပြန်ခဲ့သည်။ ယခုအခါ KIAအဖွဲ့ မှ မိုင်ဂျာယန် မြို့ နှင့် ကပ်လျက် ရှိသော လွယ်ဂျယ်မြို့ အား တိုက်ခိုက်သိမ်းပိုက်ရန် တပ်များ စုစည်းရွေ့ ပြောင်းနေကြောင်း လွယ်ဂျယ်မြို့ အား သိမ်းပိုက်ရန်အတွက် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ကိုယ်တိုင် တိုက်ပွဲအား ကွပ်ကဲရန် မိုင်ဂျာယန်မြို့ သို့ ရောက်ရှိနေကြောင်းသိရှိရသည်။

ယာဉ်ထိန်းအင်အား ၂၀၀ ကျော်ဖြင့် မြို့နယ် ၄ မြို့နယ်တွင် စည်းကမ်းမဲ့ယာဉ်များ စစ်ဆေးအရေးယူမှု ယနေ့စတင်

Photo: ယာဉ်ထိန်းအင်အား ၂၀၀ ကျော်ဖြင့် မြို့နယ် ၄ မြို့နယ်တွင် စည်းကမ်းမဲ့ယာဉ်များ စစ်ဆေးအရေးယူမှု ယနေ့စတင်
Tuesday, January 22, 2013

ယာဉ်စည်းကမ်းလိုက်နာမှု မရှိသော ယာဉ်များအား စစ်ဆေးအရေးယူရန် မရမ်းကုန်း၊ ဗဟန်း၊ကမာရွတ်နှင့် စမ်းချောင်းမြို့နယ်ရှိ နေရာ ၇ ခုတွင်
ယာဉ်ထိန်းအင်အား ၂၀၀ ကျော်ဖြင့် ယနေ့စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း
ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ဦးသာဌေးက ပြောသည်။

မရမ်းကုန်းမြို့နယ်အတွင်းရှိ ဘုရင့်နောင်နှင့် ချော်တွင်းကုန်းလမ်းဆုံ၊ ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်နှင့် ဦးထောင်ဘိုအ၀ိုင်း၊ ကမာရွတ်မြို့နယ်ရှိ 
လှည်းတန်း၊ ဟံသာဝတီအ၀ိုင်းနှင့် စမ်းချောင်းမြို့နယ် မြေနီကုန်းတို့တွင်
နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ စစ်ဆေးဆောင်ရွက်နေပြီဖြစ်ကြောင်း ဦးသာဌေးက ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှု ကာကွယ်ရန်အတွက် ထိုကဲ့သို့ စစ်ဆေး
ဆောင်ရွက်ခြင်းကို ပညာပေးကာလအဖြစ်သတ်မှတ်ထားပြီး ပညာပေး
ကာလပြီးပါက ထိထိရောက်ရောက် အရေးယူသွားမည်ဟု ရန်ကုန်မြို့တော်
အများပြည်သူသယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး
ဦးလှအောင်က ပြောသည်။

ယာဉ်ကြောပိတ်ဆို့မှု ပြဿနာကို ဖြေရှင်းရန်အတွက် ရန်ကုန်မြို့တော်
စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ယာဉ်ရပ်နားရန် နေရာများ
ကိုလည်း စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

ရန်ကုန်မြို့အတွင်း အများပြည်သူသယ်ယူပို့ဆောင်ပေးနေသော လုပ်ငန်းများ အဆင်ပြေစေရန်အတွက် ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူ
ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ကို ဇန်န၀ါရီ ၇ ရက်က နိုင်ငံတော်
သမ္မတဦးသိန်းစိန်က ဖွဲ့စည်းပေးခဲ့ပြီးယခုလုပ်ဆောင်ချက်မှာ ထိုအဖွဲ့၏
ပထမဆုံးလုပ်ဆောင်ချက် ဖြစ်သည်။

7Day News Journalယာဉ်စည်းကမ်းလိုက်နာမှု မရှိသော ယာဉ်များအား စစ်ဆေးအရေးယူ ရန် မရမ်းကုန်း၊ ဗဟန်း၊ကမာရွတ်နှင့် စမ်းချောင်းမြို့နယ်ရှိ နေရာ ၇ ခုတွင် ယာဉ်ထိန်းအင်အား ၂၀၀ ကျော်ဖြင့် ယနေ့စတင်ဆောင် ရွက် နေပြီ ရန်ကုန်တိုင်း ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ဦးသာဌေး က ပြောသည်။

မြဝတီတစ်ဖက်ကမ်း မဲဆောက်ကုန်သွယ်ရေးဇုန်အတွက် ဘတ် ၅၁ ဘီလီယံသုံးမည်

Photo: မြဝတီတစ်ဖက်ကမ်း မဲဆောက်ကုန်သွယ်ရေးဇုန်အတွက် ဘတ် ၅၁ ဘီလီယံသုံးမည်
Tuesday, January 22, 2013

တပ်ခ် ပြည်နယ်၊ မဲဆောက်ခရိုင် ထိုင်း-မြန်မာ နယ်စပ်၌ အထူးစီးပွားရေးဇုန် တည်ဆောက်ရန်အတွက် ထိုင်းဝန်ကြီးအဖွဲ့ အစည်းအဝေးမှ အတည်ပြု
လိုက်ပြီဖြစ်သည်။

စီမံကိန်းအကောင်အထည်ဖော်ရေးအတွက် ဖွဲ့စည်းမည့် အထူးစီးပွားရေး
ဇုန်မူဝါဒကော်မတီအား ဝန်ကြီးချုပ် မစ်ရက်လတ်ရှီနာဝပ် ကိုယ်တိုင် ဦးဆောင်မည် ဖြစ်သည်။

ထိုင်းနိုင်ငံ အမျိုးသားစီးပွားရေး နှင့် လူမှုရေးဆိုင်ရာဖွံ့ဖြိုးရေးဘုတ် 
( NESDB ) မှ ၂၀၁၅ ခုနှစ် အမှီ အာဆီယံ စီးပွားရေး အသိုက်အဝန်း ထူထောင်ရန်နှင့် ထိုင်းနိုင်ငံ၏ အရှေ့-အနောက် စီးပွားရေးမျက်နှာစာ
တိုးချဲ့ရန် ရည်ရွယ်စီမံကိန်းရေးဆွဲတင်သွင်းသည့်အပေါ်တွင် ယခုကဲ့သို့ ဆုံးဖြတ် လိုက်ခြင်းဖြစ်သည်။

စီမံကိန်းမူကြမ်းကို ဥတ္တရာဒစ်ပြည်နယ်တွင် ၂၁-၁-၂၀၁၃ ရက်နေ့က ကျင်းပသော ဝန်ကြီးအဖွဲ့ နယ်လှည့်အစည်းအဝေးတွင် အတည်ပြု
ပေးခဲ့ခြင်းဖြစ်သည်။

အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ တော့ဆာပွန် ဆေရီရတ်က ခွင့်ပြုလိုက်သော စီမံကိန်းဆိုင်ရာ စည်းမျဉ်းများအရ အထူးစီးပွားရေးဇုန်သည် မဲဆောက်တစ်ခရိုင်လုံး(သို့မဟုတ်) အစိတ်အပိုင်းတစ်ရပ်ထဲလည်း
ဖြစ်နိုင်ကြောင်းပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ်အတွင်း အကောင်အထည်ဖော်မည့် ဒေသဆိုင်ရာ စီးပွားရေးပေါင်းစည်းရေးမူအရ ကိန်းဂဏန်း ဆိုင်ရာအချက်အလက်များနှင့် အကောက်ခွန်ဌာနများအား ဆက်စပ်ပေးမည့် အာဆီယံပြူတင်းစီမံကိန်း ရည်မှန်းချက်များ နှင့် လိုက်လျောညီထွေမှုဖြစ်စေရန် တစ်နေရာထဲ၌ အပြီးအစီး ဝန်ဆောင်မှုပေးမည့် စနစ်ကို ထည့်သွင်း တည်ဆောက်
သွားမည် ဖြစ်ကြောင်းကိုလည်း ၄င်းက ဆက်သည်။

ဝန်ကြီးချုပ်က မဲဆောက် အထူးစီးပွားရေးဇုန် တည်ထောင်ရေးကိစ္စအား ကာလကြာရှည်ကတည်းက ဆွေးနွေးထားခြင်းဖြစ်ကြောင်း ပြောကြား
ခဲ့ပါသည်။

စီမံကိန်းဆိုင်ရာ စည်းမျဉ်းများအား နိုင်ငံတော်ကောင်စီမှ အတည်ပြု
ဆုံးဖြတ်ချက် ချမှတ်မည်ဖြစ်ပါသည်။ အထူး စီးပွားရေးဇုန်အား အစပိုင်းတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံအား ခြားထားသည့် မိုအိမြစ်ကမ်းဘေး မဲဖနှင့် သာဆိုင် လွတ်ရွာများရှိ ၅၆၀၀ ရိုင်( ဧက ၉၀၀ ခန့်) အကျယ်အဝန်းရှိ မြေကွက်တွင် တည်ဆောက်မည် ဖြစ်သည်။

လက်ရှိ တံတားပေါ်တွင် အသွားအလာ ကြပ်တည်းမှုကိုလျှော့နည်း
သွားစေရန် ဒုတိယမြောက်  ချစ်ကြည်ရေးတံတားတစ်စင်းကိုလည်း တည်ဆောက်သွားမည်ဖြစ်သည်။

စက်မှုဇုန်တစ်ခုလည်း တည်ဆောက်မည်ဖြစ်ပြီး တပ်ခ် ပြည်နယ် အာဏာပိုင်များ၊ ပုဂ္ဂလိကများ၊ ထိုင်းနိုင်ငံ စက်မှုဇုန်အာဏာပိုင် အဖွဲ့များနှင့် အကောက်ခွန်ဌာနတို့ ပူပေါင်း တာဝန်ယူ ဆောင်ရွက်မည်ဖြစ်သည်။

အထူးစီးပွားရေးဇုန်တွင် သယ်ယူပို့ဆောင်ရေး ဆိုင်ရာကဏ္ဍများ၊ တင်ပို့မှုနှင့် ဖြန့်ချီမှု ကဏ္ဍ၊ အခွန်လွတ် ဒေသများ၊ စုစည်းသိုလှောင် ရုံများ၊ တစ်နေရာတည်း ( ပြီးပြည့်စုံမည့် ) ဝန်ဆောင်မှုများ၊ တစ်နေရာတည်း စစ်ဆေး အကောက်ခွန်ဆောင်မှုဆိုင်ရာ ဝန်ဆောင်မှု စခန်းများ ပါဝင်မည်ဖြစ်ပါသည်။

မဲဆောက်ဒေသည် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အချက်အခြာကျသည့်နေရာတွင် တည်ရှိသဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလားအလာအလွန်ကောင်းမွန်ကြောင်း စက်မှုစီးပွားရေးရုံး၏ သုတေသန ပြုချက်အရ တွေ့ရကြောင်း သိသည်။

တပ်ခ်ခရိုင် အုပ်ချုပ်ရေးမှူး ဆူရီယာ ပရာဆတ် ဘန်ဒစ်က ထိုင်းအစိုးရဝန်ကြီးအဖွဲ့အစည်းအဝေးမှ မဲဆောက် ဒေသ ဖွံ့ဖြိုးရေးအတွက်အခြားစီမံကိန်းများကိုလည်း ခွင့်ပြုခဲ့ကြောင်၊  လှိုဏ်ခေါင်းလမ်း ဖောက်လုပ်ရေး၊ မီးရထားလမ်း ဖောက်လုပ်ရေး၊ (၄)လမ်းသွား တပ်ခ်-မဲဆောက်ကားလမ်း ဖောက်လုပ်ရေး၊ လေဆိပ် နှင့်  စက်မှုနယ်မြေများ ပါဝင်ကြောင်း သိရသည်။

လေ့လာစူးစမ်းမှုများအရ အဆိုပါ အထူးစီးပွားရေးဇုန်သည် လုပ်သား
အင်အား အခြေခံသည့် ချည်မျှင် နှင့် အထည်စက်ရုံများ၊ သစ်သီး နှင့် ဟင်းသီးဟင်းရွက် စည်သွတ်ဘူးစက်ရုံများ၊ သစ်သား အချောထည်
နှင့်ပရိဘောဂလုပ်ငန်းများအတွက် အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ်သည်။

လွန်ခဲ့သောနှစ်အထွင်း မဲဆောက်ဒေသ နယ်စပ်ကုန်သွယ်ရေး ပမာဏမှာ ထိုင်းဘတ်သန်းထောင်ပေါင်း ၃၁ ခန့်ရှိကြောင်း နှင့် ထိုင်းနိုင်ငံ
မြောက်ပိုင်းဒေသတွင် အများဆုံးဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ သတင်းများအရသိရသည်။

ညွန့်အောင် ( မြစ်မခ )
Myit Makha Mediagroup တပ်ခ် ပြည်နယ်၊ မဲဆောက်ခရိုင် ထိုင်း-မြန်မာ နယ်စပ်၌ အထူး စီးပွားရေးဇုန် တည်ဆောက်ရန်အတွက် ထိုင်းဝန်ကြီးအဖွဲ့ အစည်း အဝေးမှ အတည်ပြု လိုက်ပြီဖြစ်သည်။

မန္တလေးခရိုင်အတွင်း ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍ ညပိုင်းသေဆုံးသူ ၁၇၄ဦးအထိ ရှိလာ

Photo: မန္တလေးခရိုင်အတွင်း ဆိုင်ကယ်စီးဦးထုပ်မဆောင်း၍ ညပိုင်းသေဆုံးသူ ၁၇၄ဦးအထိ ရှိလာ
Tuesday, January 22, 2013

မန္တလေးခရိုင်အတွင်း၂၀၁၁-၂၀၁၂ခုနှစ်အတွင်းက ညပိုင်းဖြစ်သည့် ည၆နာရီမှ ည၁၂နာရီအတွင်း ယာဉ်တိုက်မှု အများဆုံးဖြစ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ခရိုင်အတွင်း ယာဉ် တိုက်မှုစာရင်းထုတ်ပြန်ချက်များအရ သိရသည်။

ယာဉ်တိုက်မှုများမှာ ညနေ၆နာရီမှ၁၂နာရီအတွင်း ယာဉ်တိုက်မှု
(၁၆၈)ကြိမ်ဖြစ်ပွားခဲ့ပြီး ယမန်နှစ်ကထက် စာလျှင် နှစ်ဆခန့် ပိုမိုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ခုနှစ်တွင် (၁၇၄)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ညပိုင်းအချိန်ဆိုမန္တလေးမှာ ဦးထုပ်မဆောင်းတဲ့သူတွေများတယ်၊ အဲဒါကြောင့် သေဆုံးတာဖြစ်တဲ့အပြင် ညပိုင်းအချိန်ကျတော့လည်း အရက်သေစာသောက်စားမူးယစ်ပြီး မောင်းနှင်တာတွေကြောင့်လည်း
သေဆုံးတာ ဖြစ်ပါတယ်၊ အဲဒီအတွက်တော့ စီမံချက်တွေ ချမှတ်ဆောင်ရွက်ဖို့အစီအစဉ်ရှိပါတယ်”ဟု ယာဉ်ထိန်းရဲတစ်ဦး က ပြောသည်။

ညပိုင်းယာဉ်တိုက်မှုတွင် ဆိုက်ကယ်ဖြင့်တိုက်မှုမှာလည်း တစ်နှစ်ထက်
တစ်နှစ် တိုးမြင့်လာခဲ့ကြောင်း၊ ဆိုက်ကယ်တိုက်မှုအဖြစ် ၂၀၁၁-၂၀၁၂ ခုနှစ်က (၅၁၆)မှု၊ သေဆုံးသူ(၁၇၄)ဦးနှင့် ဒဏ်ရာရသူ(၆၁၈)ဦး အထိ ရှိလာခဲ့သည့်အပြင် ယခင်နှစ်များထက် နှိုင်းစာပါက ဆိုင်ကယ်အစီးရေ သိသာစွာ တိုးတက်လာကြောင်း သိရသည်။

ယာဉ်တိုက်မှုနည်းပါးစေရန်အတွက် မည်ကဲ့သို့စီစဉ်ဆောင်ရွက်လျက်
ရှိသည်နှင့်ပတ်သက်၍ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီ မှတာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ဆိုသည်။

လက်ရှိမန္တလေးခရိုင်အတွင်း ယာဉ်ထိန်း ရဲအင်အား၅၀၆ဦး နှင့် ကြီးကြပ်ဆောင်ရွက်နေကြောင်း အချက်ပြမီပွိုင့်၂၆နေရာ၊ လမ်းဆုံလမ်းခွ (၁၇)နေရာမှ  ကျောင်းယာဉ်ရှင်းလင်း ရေး(၁၁)နေရာ၊ စုစုပေါင်း
(၅၄)နေရာကို ယာဉ်ထိန်းရဲ(၁၁၄)ဦးနှင့် နေ့ညတာဝန်ချထား  
ဆောင်ရွက်လျက်ရှိကြောင်း အဓိက လမ်းပိုင်းနေရာများ၌ အချက်ပြမီးပွိုင့်
ထားရှိရန် သက်ဆိုင်ရာသို့ တင်ပြ တောင်းဆိုထားကြောင်းနှင့် ပညာပေး
ဟောပြောပွဲများကိုလည်း စဉ်ဆက် မပြတ်ပြုလုပ်ပေးနေကြောင်း သိရှိရသည်။

 “ ယာဉ်စီးရေ တိုးတက်လာမှုကြောင့် ယာဉ်တိုက်မှုလျော့ဖို့က မလွယ်လောက်သေးဘူးထင်တယ်” ဟု ယာဉ်စည်းကမ်းမှ တာဝန်ရှိသူ
တစ်ဦးက ၄င်း၏အမြင်ကို သုံးသပ်သည်။

မင်းခန့်-မန္တလေး(မြစ်မခ)
Myit Makha Mediagroupမန္တလေးခရိုင်အတွင်း၂၀၁၁-၂၀၁၂ခုနှစ်အတွင်းက ညပိုင်းဖြစ်သည့် ည ၆ နာရီမှ ည၁၂နာရီအတွင်း ယာဉ်တိုက်မှု အများဆုံးဖြစ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ခရိုင် အတွင်း ယာဉ် တိုက်မှုစာရင်းထုတ်ပြန်ချက်များအရ သိရသည်။

ဆီးဂိမ်းစ် ကြော်ငြာဒီဇိုင်း ပြိုင်ပွဲ ကျပ်သိန်း ၁၀၀ ကျော် ချီးမြှင့်မည်

Photo: ဆီးဂိမ်းစ် ကြော်ငြာဒီဇိုင်း ပြိုင်ပွဲ ကျပ်သိန်း ၁၀၀ ကျော် ချီးမြှင့်မည်
Tuesday, January 22, 2013

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လှုံ့ဆော် ကြော်ငြာ ဒီဇိုင်း ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုကြေးငွေ ကျပ် သိန်း ၁၀၀ ကျော် ချီးမြှင့်သွားမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။

ပထမဆု ကျပ် သိန်း ၃၀၊ ဒုတိယဆု ၂၅ သိန်း၊ တတိယဆု ကျပ်
သိန်း ၂၀၊ စတုတ္ထဆု ကျပ် ၁၅ သိန်း၊ ပဉ္စမဆု ကျပ် ၁၀ သိန်းနှင့်
နှစ်သိမ့်ဆု ရရှိသူ ၃ ဦးအား ကျပ် ၅ သိန်းစီ အသီးသီး ပေးအပ်
ချီးမြှင့်သွားမည် ဖြစ်သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ မကျင်းပမီနှင့် ကျင်းပနေသည့် ကာလအတွင်း
နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများ၌ ပြည်သူ
လူထု လှုံ့ဆော် အသိပေး ဆိုင်းဘုတ်များ၊ ပိုစတာများ၊ မုဒ်ဦးများကို ဆုရရှိသူများ၏ ဒီဇိုင်းများ အသုံးပြုသွားမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာ ဦးစီး ဌာန၊ လူထုအားကစားနှင့် ပညာပေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောကြားသည်။

၂၇ ကြိမ်မြောက် ဆီးဂိမ်စ်၏ ဆောင်ပုဒ်ပါ အဓိပ္ပါယ်ဖြစ်သည့် သန့်ရှင်းစင်ကြယ်ခြင်း၊ တည်တံ့ခိုင်မြဲခြင်း၊ ချစ်ကြည်ရင်းနှီးခြင်း အစရှိသည်တို့ကို ယှဉ်ပြိုင်သည့် ဒီဇိုင်းများတွင် ပေါ်လွင်စေရ
မည်ဟု ပြိုင်ပွဲပါ စည်းကမ်းချက် များတွင် ပါရှိသည်။

ဒီဇိုင်း ပြိုင်ပွဲအတွက် အရွယ်အစား ၃ မျိုးသတ်မှတ်ထားကြောင်း၊ တစ်မျိုးလျှင် ဒီဇိုင်း ၁၀ မျိုးစီ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ လာမည့်
ဖေဖော်ဝါ ရီလ ၁၅ ရက်နေ့ နောက်ဆုံးထား အပ်နှံရမည်ဖြစ်ကြောင်း သိရသည်။

ဟိန်းသူ
The Myanma Ageမြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ လှုံ့ဆော် ကြော်ငြာ ဒီဇိုင်း ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုကြေးငွေ ကျပ် သိန်း ၁၀၀ ကျော် ချီးမြှင့်သွားမည်ဖြစ်ကြောင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။