Friday, March 8, 2013

ရွန်နေးကို မန်ယူ ရောင်းထုတ်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လာ

ရွန်နေးကို မန်ယူ ရောင်းထုတ်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လာ

 မန်ချက်စတာ ယူနိုက်တက် အသင်းသည် အဓိက တိုက်စစ်မှူး ဝိန်းရွန်နေးကို ရောင်းထုတ်သွားဖွယ် ရှိနေကြောင်း သတင်းများ ပျံ့နှံ့လာသည်။
ဗြိတိန်သတင်းဌာန အချို့က မန်ယူသည် အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင်အတွက် ပေါင်စတာလင် (၃၅)သန်းတန် ကမ်းလှမ်းမှုမျိုး ရှိလာပါက ရောင်းချသွားဖွယ် ရှိနေကြောင်း ဖော်ပြလာကြသည်။ ESPN သတင်းဌာနက ရွန်နေး၏ အိုးလ်ထရက်ဖို့ဒ် နေ့ရက်များသည် တစ်စထက်တစ်စ ဆုံးခန်းတိုင်ရန် နီးစပ်လာကြောင်း ခန့်မှန်းခဲ့ပြီး ရီးယဲလ်မက်ဒရစ် အသင်းကို ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ရွန်နေးကို အရန်ခုံတွင်သာ ထားရှိခဲ့သည်။
အိုးလ်ထရက်ဖို့ဒ်နှင့် နီးစပ်သူများက ရွန်နေး၏ အပြောင်းအရွှေ့ ခန့်မှန်းချက်များနှင့် ပတ်သက်ပြီး ယင်းဖြစ်စဉ်များသည် ရှုပ်ထွေးစွာ ဆက်စပ်နေကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ခရစ္စတီယာနို ရော်နယ်ဒို မန်ချက်စတာ ယူနိုက်တက် အသင်းသို့ ပြန်ရောက်လာနိုင်ကြောင်း ခန့်မှန်းချက်များလည်း အားကောင်းနေဆဲ ဖြစ်သည်။ မန်ယူအသင်းသည် ရာသီကုန်တွင် ဂျာမန်ချန်ပီယံ ဘိုရူးစီးယား ဒေါ့မွန်အသင်း၏ တိုက်စစ်မှူး ရောဘတ် လီဝင်ဒေါစကီးကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။
ပြီးခဲ့သည့် သီတင်းပတ်က ပြင်သစ်ထိပ်တန်း ကလပ်အသင်း PSGသည် ရွန်နေးကို ဝယ်ယူရန် ကြိုးပမ်းမည်ဟု သတင်းအချို့ ထွက်ပေါ်လာသေးသည်။ ယခုကိစ္စနှင့် ပတ်သက်၍ မန်ယူအသင်းကမူ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးကြောင်းလည်း သိရှိရသည်။
Source:ESPN
MyanmarDailyNews

ဇင်ယော်
https://www.facebook.com/ZinYawNews
မန်ချက်စတာယူနိုက်တက်အသင်းသည် အဓိကတိုက်စစ်မှူး ဝိန်းရွန်နေး ကို ရောင်းထုတ်သွားဖွယ် ရှိနေကြောင်း သတင်းများ ပျံ့နှံ့လာသည်။
ဗြိတိန်သတင်းဌာန အချို့က မန်ယူသည် အသက်(၂၇)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် အတွက် ပေါင်စတာလင် (၃၅)သန်းတန် ကမ်းလှမ်းမှုမျိုး ရှိလာပါ က ရောင်းချ သွားဖွယ်ရှိနေကြောင်း ဖော်ပြလာကြသည်။ ESPN သတင်းဌာနက ရွန်နေး၏ အိုးလ်ထရက်ဖို့ဒ်နေ့ရက်များသည် တစ်စထက်တစ်စ ဆုံးခန်းတိုင်ရန် နီးစပ် လာကြောင်း ခန့်မှန်းခဲ့ပြီး ရီးယဲလ်မက်ဒရစ် အသင်းကို ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန်က ရွန်နေးကို အရန်ခုံတွင်သာ ထားရှိခဲ့ သည်။
အိုးလ်ထရက်ဖို့ဒ်နှင့်နီးစပ်သူများက ရွန်နေး၏အပြောင်းအရွှေ့ ခန့်မှန်းချက်များနှင့် ပတ်သက်ပြီး ယင်းဖြစ်စဉ် များသည် ရှုပ်ထွေးစွာ ဆက်စပ်နေကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ခရစ္စတီယာနို ရော်နယ်ဒို မန်ချက်စတာယူနိုက်တက် အသင်းသို့ ပြန်ရောက်လာနိုင်ကြောင်း ခန့်မှန်းချက်များလည်း အားကောင်းနေ ဆဲ ဖြစ်သည်။ မန်ယူအသင်းသည် ရာသီကုန်တွင် ဂျာမန်ချန်ပီယံ ဘိုရူးစီးယား ဒေါ့မွန်အသင်း၏ တိုက်စစ်မှူး ရောဘတ် လီဝင်ဒေါစကီးကို ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သတင်းများလည်း ထွက်ပေါ်နေ သည်။
ပြီးခဲ့သည့် သီတင်းပတ်က ပြင်သစ်ထိပ်တန်း ကလပ်အသင်း PSGသည် ရွန်နေးကို ဝယ်ယူရန် ကြိုးပမ်း မည်ဟု သတင်းအချို့ ထွက်ပေါ်လာသေးသည်။ ယခုကိစ္စနှင့် ပတ်သက်၍ မန်ယူအသင်းကမူ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးကြောင်းလည်း သိရှိရသည်။
Source:ESPN
MyanmarDailyNews


No comments:

Post a Comment