Wednesday, March 13, 2013

မက်ဆီ၏ ဂိုး များဖြင့် ဂိုးပြတ် အနိုင်ယူ ခဲ့သည့် ဘာကာ # ဘာစီလိုနာ ၄ – ၀ အေစီ မီလန်

Photo: မက်ဆီ၏ ဂိုး များဖြင့် ဂိုးပြတ် အနိုင်ယူ ခဲ့သည့် ဘာကာ # 
ဘာစီလိုနာ ၄ – ၀ အေစီ မီလန်
Wednesday, March 13, 2013 

ဘာစီလိုနာ အသင်းသည် နောက်တစ်ဆင့် တက်ရောက်ရန် အတွက် လိုအပ်သည့် ဂိုးပြတ် အနိုင်ကို မိမိ၏ အိမ်ကွင်းတွင် ရယူ ပြနိုင် ခဲ့ပြီ ဖြစ်သည်။ ဘာစီလိုနာ အသင်း၏ အဓိက ကစားသမားများဖြစ်သည့် ဇာဗီ၊ အင်နီယေစတာ နှင့် မက်ဆီ တို့၏ ခြေစွမ်းပြမှု များနှင့် အတူ မိမိ၏ အိမ်ကွင်းတွင် အေစီမီလန် အသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိ ခဲ့ခြင်း ဖြစ်သည်။

ဘာစီလိုနာ အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၅မိနစ် မှာပင် မက်ဆီ မှ စတင် သွင်းယူ ခဲ့ခြင်းဖြစ်သည်။ တိုက်စစ်မှုး မက်ဆီမှပင် ပွဲချိန် ၃၉မိနစ်တွင် ဒုတိယ ဂိုး ထပ်မံ သွင်းယူ သွားခဲ့သဖြင့် ပထမပိုင်းတွင် ဘာစီလိုနာ အသင်းမှ ၂ဂိုး ဂိုး မရှိဖြင့် ဦးဆောင် ထားနိုင် ခဲ့သည်။ ယနေ့ပွဲတွင် ဘာစီလိုနာ အသင်းမှာ ၄င်းတို့၏ ပုံမှန် တိုက်စစ်ဆင်ပုံ အတိုင်း ဘောလုံးကို ကိုင် ကစားကာ ကစားကွက် အသင်းစီးဖြင့် မီလန် အသင်းကို တောက်လျှောက် ထိုးဖောက် တိုက်စစ်ဆင် ကစားနေ ခဲ့သည်။

ဘာစီလိုနာ အသင်း၏ ဇာဗီ+အင်နီယေစတာ+မက်ဆီ တို့၏ ကစားကွက် ပုံဖေါ်မှု ကို မီလန် အလယ်တန်းမှ လုံးဝ ယှဉ်ကစားနိုင်ခြင်း မရှိ သည်ကိုလည်း တွေ့ ရသည်။ ထို့ကြောင့် မီလန် အသင်းမှာ တစ်ပွဲလုံး ခံစစ်ကို အဓိကထား ကစားနေ ခဲ့ပြီး တန်ပြန် တိုက်စစ် ဖြင့်သာ ပြန်လည်ထိုးဖောက်နေခဲ့သည်။ သို့သော် မီလန် ၏ ဒုတိယ အကျော့ အဝေးကွင်း တန်ပြန် တိုက်စစ်မှာ ပထမ အကျော့ အိမ်ကွင်းလောက် မကောင်း ခဲ့ပဲ လူပေး မှား နေသည်မှာ များနေ ခဲ့သည်။ မီလန်၏ တိုက်စစ်ကို အဓိက တာဝန်ယူရသည့် တောင်ပံ ကစားသမား များဖြစ်သည့် ဘိုတန် နှင့် အာရှာဝီ တို့မှာ ယနေ့ပွဲတွင် ခြေစွမ်း မပြနိုင်သည် ကိုလည်းတွေ့ ရသည်။

ဘာစီလိုနာ အသင်း၏ တိုက်စစ်မှုး ဗီလာမှ တတိယ အနိုင်ဂိုးကို ပွဲချိန် ၅၅မိနစ်တွင် သွင်းယူ ခဲ့ပြန်သည်။ အနိုင် အတွက် လိုအပ်သည့် ၃ ဂိုး သွင်းယူ ပြီးချိန်တွင်လည်း ဘာစီလိုနာ အသင်းမှာ တိုက်စစ်ကိုလျှော့ ချခြင်း မရှိပဲ ဆက်လက် ဖိ ကစားနေ ခဲ့သည်။ ထို့ကြောင့် နာကျင် အချိန်ပို အတွင်း တွင် နောက်ခံ ဘယ်အစွန်လူ အယ်လ်ဘာ မှ ပွဲသိမ်းဂိုး သွင်းယူ သွားခဲ့ခြင်း ဖြစ်သည်။ ယခုပွဲ အနိုင်ကြောင့် ပထမ အကျော့ မီလန် ကွင်းတွင် ၂ဂိုး ပြတ် ရှုံးနိမ့် ခဲ့သော်လည်း ဘာစီလိုနာ အသင်းမှာ မိမိ၏ အိမ်ကွင်းတွင် ၄ဂိုး ပြတ် အနိုင် ယူပြခဲ့သည့် အတွက် ၂ကျော့ပေါင်း ရလဒ် ၄ဂိုး – ၂ ဂိုး ဖြင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် သို့တက်ရောက် သွားခဲ့ ပြီ ဖြစ်ပါသည်။


အခြားပွဲ ရလဒ်  -  ရှော်လ်ကေး ၂ – ၃ ဂါလာတာစရေး 
( ဂါလာတာစရေး ကွာတားဖိုင်နယ် တက်ရောက်)

သူစိမ်း
Myanmar Striker
ဘာစီလိုနာအသင်းသည် နောက်တစ်ဆင့် တက်ရောက်ရန် အတွက် လိုအပ်သည့် ဂိုးပြတ်အနိုင်ကို မိမိ၏အိမ်ကွင်းတွင် ရယူပြနိုင်ခဲ့ပြီ ဖြစ် သည်။ ဘာစီလိုနာအသင်း၏ အဓိကကစားသမားများဖြစ်သည့် ဇာဗီ၊ အင်နီယေစတာ နှင့် မက်ဆီ တို့၏ ခြေစွမ်းပြမှုများနှင့်အတူ မိမိ၏ အိမ်ကွင်းတွင် အေစီမီလန်အသင်းအား ၄ ဂိုး ဂိုးမရှိဖြင့် အနိုင် ရရှိ ခဲ့ခြင်း ဖြစ် သည်။

ဘာစီလိုနာအသင်းအတွက်အဖွင့်ဂိုးကို ပွဲချိန် ၅မိနစ်မှာပင် မက်ဆီမှ စတင်သွင်းယူခဲ့ခြင်းဖြစ်သည်။ တိုက် စစ်မှုး မက်ဆီမှပင် ပွဲချိန် ၃၉မိနစ်တွင် ဒုတိယဂိုးထပ်မံသွင်းယူ သွားခဲ့ သဖြင့် ပထမပိုင်းတွင် ဘာစီလိုနာ အသင်းမှ ၂ဂိုး ဂိုး မရှိဖြင့် ဦးဆောင် ထားနိုင်ခဲ့သည်။ ယနေ့ပွဲတွင် ဘာစီလိုနာအသင်းမှာ ၄င်းတို့၏ ပုံမှန် တိုက်စစ်ဆင်ပုံအတိုင်း ဘောလုံးကိုကိုင်ကစားကာကစားကွက် အသင်းစီးဖြင့် မီလန်အသင်း ကို တောက်လျှောက် ထိုးဖောက် တိုက်စစ်ဆင် ကစားနေ ခဲ့သည်။

ဘာစီလိုနာ အသင်း၏ ဇာဗီ+အင်နီယေစတာ+မက်ဆီ တို့၏ ကစားကွက် ပုံဖေါ်မှု ကို မီလန်အလယ်တန်းမှ လုံးဝ ယှဉ်ကစားနိုင်ခြင်းမရှိသည်ကိုလည်း တွေ့ရသည်။ ထို့ကြောင့် မီလန်အသင်းမှာ တစ်ပွဲလုံး ခံစစ်ကို အဓိကထား ကစားနေခဲ့ပြီး တန်ပြန်တိုက်စစ် ဖြင့်သာ ပြန်လည်ထိုးဖောက်နေခဲ့သည်။ သို့သော် မီလန်၏ ဒုတိယအကျော့အဝေးကွင်း တန်ပြန်တိုက်စစ်မှာ ပထမအကျော့အိမ်ကွင်းလောက်မကောင်းခဲ့ပဲ လူပေး မှား နေသည်မှာ များနေခဲ့သည်။ မီလန်၏တိုက်စစ်ကို အဓိကတာဝန်ယူရသည့် တောင်ပံကစားသမား များဖြစ်သည့် ဘိုတန် နှင့် အာရှာဝီ တို့မှာ ယနေ့ပွဲတွင် ခြေစွမ်း မပြနိုင်သည် ကိုလည်းတွေ့ ရသည်။

ဘာစီလိုနာအသင်း၏ တိုက်စစ်မှုးဗီလာမှ တတိယအနိုင်ဂိုးကို ပွဲချိန် ၅၅မိနစ်တွင် သွင်းယူခဲ့ပြန်သည်။ အနိုင် အတွက်လိုအပ်သည့် ၃ ဂိုး သွင်းယူ ပြီးချိန်တွင်လည်း ဘာစီလိုနာအသင်းမှာ တိုက်စစ်ကိုလျှော့ ချခြင်းမရှိပဲ ဆက်လက်ဖိကစားနေခဲ့သည်။ ထို့ကြောင့် နာကျင်အချိန်ပိုအတွင်းတွင် နောက်ခံဘယ်အစွန်လူ အယ်လ်ဘာ မှ ပွဲသိမ်းဂိုးသွင်းယူသွားခဲ့ခြင်း ဖြစ်သည်။ ယခုပွဲအနိုင်ကြောင့် ပထမအကျော့မီလန်ကွင်းတွင် ၂ဂိုး ပြတ် ရှုံးနိမ့် ခဲ့သော်လည်း ဘာစီလိုနာအသင်းမှာ မိမိ၏အိမ်ကွင်းတွင် ၄ဂိုး ပြတ်အနိုင်ယူပြခဲ့သည့်အတွက် ၂ကျော့ပေါင်း ရလဒ် ၄ဂိုး – ၂ ဂိုး ဖြင့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ် သို့တက်ရောက် သွားခဲ့ ပြီ ဖြစ်ပါသည်။
အခြားပွဲ ရလဒ် - ရှော်လ်ကေး ၂ – ၃ ဂါလာတာစရေး
( ဂါလာတာစရေး ကွာတားဖိုင်နယ် တက်ရောက်)
သူစိမ်း
Myanmar Striker

No comments:

Post a Comment