Wednesday, February 13, 2013

အမေရိကန်သမ္မတဟောင်း ဘုရှ်မိသားစုဝင်များ၏ အီးမေးလ်အကောင့်များအား hack လုပ်ခံရ

အမေရိကန်သမ္မတဟောင်း ဘုရှ်မိသားစုဝင်များ၏ အီးမေးလ် အကောင့် များအား hack လုပ်ခံရကာ ၎င်းတို့အချင်းချင်းကြား ပေးပို့ထားသည့် အချက်အလက်အချို့ အင်တာနက်ပေါ်တွင် ထွက်ပေါ်လာပြီးနောက် ယခုအခါ အဆိုပါဖြစ်ရပ်အား စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီဖြစ်သည်။
သမ္မတဟောင်း ဂျော့ဂ်ျ အိတ်ခ်ျ ဒဗလျူ ဘုရှ်နှင့် သားဖြစ်သူ သမ္မတဟောင်း ဂျော့ဂ်ျ ဒဗလျူ ဘုရှ်တို့ အပါအဝင် မိသားစုဝင် ၆ ဦး၏ အီးမေးလ်အကောင့်များ hack လုပ်ခံရခြင်းဖြစ်ကြောင်း CNN တွင် ဖော်ပြသည်။

ဘုရှ်မိသားစုဝင်များ၏ အီးမေးလ်အကောင့်များ hack လုပ်ခံရသည့် ဖြစ်ရပ်ကြောင့် အင်တာနက် privacy ပိုင်းဆိုင်ရာ လုံခြုံရေးအပေါ် မေးခွန်းထုတ်မှုများလည်း ပိုမိုမြင့်တက်လာကြောင်း သိရှိရသည်။

From : planet.com.mm

No comments:

Post a Comment