Friday, December 14, 2012

မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ


မိန်းကလေးများ အလေးမထားမိသည့် ကျန်းမာရေး ထိခိုက်စေနိုင်သော အချက်များ

မိန်းကလေးတွေဟာ အလှအပနောက်ကို လိုက်ရင်း ကျန်းမာရေး ထိခိုက် စေနိုင်တာတွေကို အလေးမထား မိတာမျိုး ဖြစ်တတ်ကြ ပါတယ်။

(၁) စိတ်ညစ်တိုင်း အစာစားလေ့ရှိခြင်း

ယောကျာ်းလေးအများစုက ပျော် ရွှင်တဲ့အခါမျိုးမှာ အစာပိုစား တတ်ကြပြီး မိန်းကလေးတွေကတော့ စိတ်ညစ်တဲ့အခါမှာ အချိုနဲ့ ကယ်လိုရီများတဲ့ အစားအစာတွေကို ပိုစားလေ့ရှိပါတယ်။ စိတ်ညစ်လို့ စားတဲ့အစားအစာတွေ က သင့်ခါးအနေအထားကို ပြောင်းလဲ စေပြီး သင့်ကို ဝလာစေပါတယ်။ စိတ် ညစ်တာကို အစာစားပြီး ဖြေဖျောက်ဖို့ ကြိုးစားတာထက် လေ့ကျင့်ခန်း လုပ်တာ၊ ယောဂကျင့်တာ၊ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး နေတာ တွေနဲ့ အစားထိုး လုပ်ဆောင်ကြည့်ပါ။

(၂) ဝသည်ဟု ထင်မြင်နေခြင်း

မိန်းကလေးတွေက ခန္ဓာကိုယ်ကို ဝတယ်လို့ သူများပြောမှာကို ကြောက်ရွံ့ တတ်ကြပြီး ဝိတ်ချနေတယ်လို့လည်း တွင်တွင် ပြောတတ်ကြ ပါတယ်။ လေ့လာ မှုအရ မိန်းကလေးတွေရဲ့ ၉၀ ရာခိုင်နှုန်း လောက်က သူတို့ရဲ့ ခန္ဓာကိုယ်ပုံပန်း သဏ္ဌာန်ကို ပြုပြင်လိုကြပါတယ်။ ခန္ဓာကိုယ်က အဆီတွေကို ခွဲစိတ် ဖယ်ရှားနိုင်တယ်ဆိုပေမယ့် အစားအ သောက်နဲ့ ကိုယ်အလေးချိန် လျှော့ချတာ က အကောင်းဆုံးနည်းလမ်းပါ။

(၃) မိတ်ကပ်မဖျက်ဘဲ အိပ်စက်ခြင်း

ညအိပ်တဲ့အခါ မိတ်ကပ်မဖျက်ဘဲ အိပ်စက်တာကြောင့် တစ်နေကုန် မျက် နှာပေါ်မှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ် တွေ၊ ကပ်ငြိနေတဲ့ ဖုန်တွေနဲ့ ထွက်လာတဲ့ ချွေးတွေ မျက်နှာမှာရှိတဲ့ ချွေးပေါက်တွေကို ပိတ်စေပါတယ။် မျက်လုံးမှာ ဆိုးထားတဲ့ မျက်တောင်ကော့ဆေးရည်ကို မဖျက်ဘဲ အိပ်တာက မျက်လုံးကို ယားယံတာ၊ ပိုး ဝင်တာတွေကို ဖြစ်စေပါတယ်။ ညအိပ်ရာမဝင်မီ သင့်မျက်နှာမှာ လိမ်းခြယ်ထားတဲ့ မိတ်ကပ်တွေကို သေ ချာစွာ သန့်စင်ပေးဖို့လိုပါတယ်။ မျက်နှာ သန့်စင်ရာမှာ ကြေးချွတ်အားမပြင်းတဲ့ မျက်နှာသစ်ဆေးရည်ကို အသုံးပြုပါ။ မျက်နှာသစ်ပြီးပါက အစိုဓာတ်ထိန်းပေး နိုင်တဲ့ ညလိမ်းခရင်မ်လိမ်းအိပ်ပါ။

(၄) ယောကျာ်းလေးများနှင့် ရင်ပေါင်တန်းကာ သောက်စားခြင်း

ဒီကနေ့ခေတ်မှာ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေနဲ့ ရင်ပေါင် တန်းကာ မူးယစ်သောက်စား တတ်လာပါတယ်။ ဒါဟာ ကောင်းတဲ့ အမူအကျင့်တော့ မဟုတ်ပေမယ့် လက်ခံကျင့်သုံးသူ များလာပါတယ်။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် ခန္ဓာကိုယ်အနည်းငယ် ပိုပြီးသေးသွယ်တာကြောင့် အရက်ရဲ့ပြင်းအားကို လျှော့ချဖို့ ခန္ဓာ ကိုယ်မှာ ရေဓာတ်အသုံးပြုမှု အနည်းငယ် ပိုနည်းပါတယ်။ လူမှုရေးအရ အပေါင်းအသင်းတွေနဲ့ ဆက်ဆံရေးမပျက်ချင်ဘူးဆိုတဲ့ ဆင်ခြေတစ်ခုနဲ့တော့ အရက်ဆက်သောက် မနေသင့်ပါဘူး။ အရက်က ခန္ဓာကိုယ်ကို ဆိုးကျိုးများ စွာဖြစ်စေတယ်ဆိုတာ သင်သိပြီးသားဖြစ်ပါလိမ့်မယ်။ သင့်အနေနဲ့ လုံးဝမသောက်သုံးလို့ မဖြစ်တဲ့အခြေအနေမျိုးမှာ အရက်နဲ့ အချိုရည်ကို တစ်လှည့် စီသောက်ပြီး အရက်သောက်သုံးမယ့် ပမာဏကို လျှော့ချပါ။

(၅) ဘရာစီယာအရွယ်အစား မှားယွင်းစွာ ဝတ်ဆင်နေမိခြင်း

မိန်းကလေးတွေရဲ့ ၇၀ ရာခိုင်နှုန်း လောက်က ဘရာစီယာအရွယ်အစားကို မှားယွင်းစွာ ဝတ်ဆင်ထားတတ်ကြပါတယ်။ ကိုယ့်ခန္ဓာကိုယ်နဲ့ မကိုက်ညီတဲ့ ဘရာစီယာကို ဝတ်ဆင်တာက သင်ရဲ့ ဝတ်စားဆင်ယင်မှုကို ကြည့်ရဆိုးစေရုံ သာမက နောက်ကျော၊ လည်ပင်းနဲ့ ရင် သားနာကျင်မှုတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် အသက်ရှူကျပ်တာ၊ ကိုယ်ခန္ဓာ အနေအထားပုံစံမကျတာ၊ အရေပြား ယားယံတာ၊ သွေးလှည့်ပတ်မှုမကောင်းတာနဲ့ ဝမ်းဗိုက်မအီမသာ ဖြစ်တာတွေ အထိ ဖြစ်စေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်နဲ့ ရင်သားအရွယ် အစားကို သေချာစွာ သိအောင်လေ့လာပါ။ ဘရာစီယာ ဝယ်ယူတဲ့အခါ ရင်သားကို အထောက်အပံ့ ကောင်းကောင်းပေး နိုင်ပြီး သင့်ရင်သားအရွယ်အစားနဲ့ ကိုက် ညီတာကို ရွေးချယ်ဝယ်ယူပါ။

(၆) အတိတ်ကဖြစ်ရပ်များကို မမေ့ပျောက်နိုင်ခြင်း

စိတ်ဖိစီးမှုက သင့်စိတ်ရော၊ ခန္ဓာကိုယ်ပါ ကျန်းမာမှုအတွက် အဟန့်အတား ဖြစ်စေပါတယ်။ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် စိတ်ဖိစီးမှုနဲ့ ဆက်စပ်နေတဲ့ စိတ်ဓာတ်ကျတာနဲ့ စိုးရိမ် စိတ်များတာတွေကို နှစ်ဆပိုမို ခံစားတတ် ကြပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက် အတိတ်က အကြောင်းအရာတွေကို မမေ့ပျောက် နိုင်ဘဲ တမ်းတပူဆွေးမှုတွေ လွန်ကဲနေတတ် ပါတယ်။ စိတ်ငြိမ်အောင် တရား ထိုင်တာ၊ ယောဂ ကျင့်တာတွေက စိတ်ဖိစီးမှုတွေကို လျော့ ကျအောင် ကူညီပေးနိုင်ပါတယ်။

(၇) လေးလံလွန်းသော ဘေးလွယ်အိတ်

မိန်းကလေးအများစုက သူတို့ အသုံးအဆောင်တွေကို သွားလေရာမှာ အဆင်ပြေပြေ အသုံးပြုနိုင်အောင် အိတ်ထဲထည့်ပြီး ယူဆောင် တတ်ကြပါ တယ်။ အသေးအဖွဲလေးတွေဆိုပေမယ့် အားလုံး စုပေါင်းလိုက်တဲ့အခါ သင့်ပခုံးကို ဝန်ပိစေပြီး ကြာရှည်လာတဲ့အခါ သင့်ကျန်း မာရေးကို ဒုက္ခပေးနိုင် ပါတယ်။ သင့်ဘေးလွယ်အိတ် အရွယ်အစားက သိပ်ကြီးလွန်းနေရင် အနေတော် အရွယ်အိတ်ကို ပြောင်းပါ၊ အိတ်ထဲမှ မလိုအပ်တဲ့ အသုံး အဆောင် တွေကို တစ်ပတ်တစ်ခါ ရှင်းလင်းဖယ်ရှားပေးပါ။

(၈) ဒေါက်မြင့်ဖိနပ်စီးခြင်း

ဒေါက်မြင့်ဖိနပ်စီးတာက ခန္ဓာကိုယ် မှအဆစ်အပေါ် ဖိအားကျရောက်စေပြီး အရိုးအဆစ်ရောင်ရမ်းတာ၊ ခြေမ နာကျင်တာ၊ ခါးနာတာနဲ့ အရွတ်မှာ ဒဏ်ဖြစ်တာတွေဖြစ်စေပါတယ်။ ဒေါက်မြင့်ဖိနပ်ကြောင့်ဖြစ်ရတဲ့ ဒဏ်တွေ သက်သာစေဖို့ နေ့စဉ်စီးတဲ့ ဖိနပ်ရဲ့ ဒေါက်အမြင့်ဟာ တစ်လက်မခွဲ ထက် မပိုသင့်ပါဘူး။ သင်စီးတဲ့ဖိနပ်ဟာ အဆစ်အပေါ် ဒဏ်မပိစေတဲ့ ဖိနပ်မျိုး ဖြစ်ရပါမယ်။

(၉) အိပ်ရေးဝ၀ မအိပ်စက်ခြင်း

ကံမကောင်းစွာဘဲ မိန်းကလေးတွေက ယောကျာ်းလေးတွေထက် အိပ်ရေး ပျက်တာကို ပိုမိုခံစားရတတ်ပါတယ်လို့ မစ်ချီကန်တက္ကသိုလ်မှ လေ့လာမှုအရ သိရပါတယ်။ အိပ်ပျက်များတဲ့ မိန်းကလေးတွေက အစာစားချင်စိတ် ဖြစ်ပေါ် စေပြီး နှလုံးရောဂါ ဖြစ်ပွားနှိုင်ခြေကလည်း မြင့်မားစေပါတယ်။ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ညဘက်အိပ်ခါနီးမှာ ကဖင်းဓာတ်ပါတဲ့ ကော်ဖီ၊ လက်ဖက်ရည်နဲ့ တခြားအချို ရည်တွေ မသောက်ပါနဲ့။ အိပ်ရာဝင်ခါနီး လေ့ကျင့်ခန်း လုပ်တာကိုလည်း ရှောင်ပါ။ အိပ်ခါနီး နွားနို့ပူပူတစ်ခွက် သောက်တာ၊ ကြက်သီးနွေးရေနဲ့ ရေချိုးပေးတာတွေက သင့်ကို နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

(၁၀) သားသမီးများကို ဂရုစိုက်နေရခြင်း

မိန်းကလေးတွေက ကိုယ့်ကိုယ်ကိုယ် ကျန်းမာဖို့အပြင် အိမ်ထောင် ထိန်းသိမ်း ရတဲ့ တာဝန်လည်း ရှိတာကြောင့် အိမ်သားတွေရဲ့ ကျန်းမာရေး ကိုလည်း ဂရုပြုရပါတယ်။ အထူးသဖြင့် သားသမီးတွေ နေမကောင်းတဲ့အခါ၊ ထိခိုက် ဒဏ်ရာရတဲ့အခါ အိမ်ထောင်ရှင်မမှာ တာဝန် အပိုတွေ ပိစေပါတယ်။ သင့်ကလေးငယ်တွေ အအေးမမိအောင် မိုးရေထဲ ထွက်ဆော့တာကို တားမြစ်ပါ။ ကလေးတွေဟာ ပြေးလွှား ဆော့ကစား တတ်ကြတာကြောင့် အိမ်တွင်း၊ အိမ်ပြင်မှာ ချော်လဲနိုင်တာ၊ တိုက်မိခိုက်မိနိုင်တာတွေကို ရှင်းလင်းထားပါ။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

---------------------------------
Post From : Aye Chan Mon


မိန်းကလေးတွေဟာ အလှအပနောက်ကို လိုက်ရင်း ကျန်းမာရေး ထိခိုက် စေနိုင်တာတွေကို အလေးမထား မိတာမျိုး ဖြစ်တတ်ကြ ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားမည့်နေရာတွင် အသေးစားပေါက်ကွဲမူတစ်ခုဖြစ်ပွား။ အဖွဲ့ ချုပ်အမျိုးသမီးအဖွဲ့ ဝင်သုံးဦး ဒဏ်ရာရ

·
မြိတ်ခရိုင်ကျွန်းစုမြို့ နယ်ကန်မော်ရွာရှိ၊ ဒေါ်အောင်ဆန်းစုကြည်မိန့် ခွန်းပြောကြားမည့် စင်အားသန့် ရှင်းရေးပြုလုပ်နေစဉ် ပေါက်ကွဲမူအသေးစားတစ်ခု ယနေ့ သုံးနာရီအချိန်တွင် ဖြစ်ပွားခဲ့သည်။
သန့် ရှင်းရေးပြုလုပ်နေသူများမှကန်မော်ကျေး၇ွာအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အဖွဲ့ ဝင်သုံးဦးဒဏ်ရာအနည်းငယ်ရရှိခဲ့သည်။ တစ်ဦးမှာ အသက်ကြီးပိုင်းအမျိုးသမီးဖြစ်ပြီး ပေါင်တွင် အနည်းငယ်ဒဏ်ရာရရှိခဲ့သည်။ ကျန်နှစ်ဦးမှာလူငယ်များဖြစ်ကြပြီးမျက်နှာတွင်ဒဏ်ရာများရရှိခဲ့သည်ဟု မြိတ်မြို့ နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဝင်တစ်ဦးက သတင်းပို့ ခဲ့သည်။ပေါက်ကွဲမူဖြစ်ပွားခဲ့သည့်နေရာတွင် တစ်ထောင်ခန့် တွင်းတစ်ခုဖြစ်ပေါ်ခဲ့ပြီး၊ သတ္တူများ ခဲစများ တွေ့ ရှိခဲ့ရသည်ဟု အဆိုပါအဖွဲ့ ဝင်ကပြောဆိုသည်။
ကန်မော်ပြည်သူ့ ဆေးရုံမှသူနာပြုဆရာမတစ်ဦးက ပေါက်ကွဲမူကြောင့်ရရှိခဲ့သည့် ဒဏ်ရာဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့ပြီး။ ကန်မော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဘာဘူးကလည်း ပေါက်ကွဲမူဖြစ်ပွားခဲ့သည်မှာ မှန်ကန်ကြောင်းအတည်ပြုပြောကြားခဲ့သည်။  ယခုအချိန်ထိ တာဝန်ရှိသူများ အခင်းဖြစ်ပွာရာသို့ သွားရောက်စစ်ဆေးခြင်းမရှိသေးပါ။ရေလမ်းခရီးဖြင့်သွားရခြင်းဖြစ်သဖြင့် နှောင့်နှေးနေတာဖြစ်နိုင်ကြောင်းမြိတ်မြို့ နယ်အဖွဲ့ ချုပ်လူငယ်တစ်ဦးကမှတ်ချက်ပေးခဲ့သည်။တာဝန်ရှိသူများသည်။ ပြည်သူ့ ဆေးရုံသို့ ရောက်ရှိနေ နိုင်ကြောင်းလည်း ၄င်းက ဗဟိုကော်မရှင်ရုံးအဖွဲ့ သို့ တယ်လီဖုန်းဖြင့်ပြောကြားခဲ့သည်။


by Nld Central

လက်ပံတောင်းတောင် အရေးတွင် သံဃာတော်များ ဆန္ဒပြမှု NLD ပါတီ လက်မခံ

လက်ပံတောင်းတောင်အရေးတွင် သံဃာတော်များ ဆန္ဒပြမှု NLD ပါတီ လက်မခံ
ရန်ကုန်၊ ဒီဇင်ဘာလ ၁၄ ရက်။

လက်ပံတောင်းတောင်အရေးတွင် သံဃာတော်များနှင် အခြားကွန်ယက် အဖွဲ့အစည်းများမှ ဆန္ဒ ဖော်ထုတ်ခြင်း အား NLD ပါတီမှ လက်မခံကြောင်း ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ရက်နေ့ကNLDအဖွဲ့ချုပ်ရုံးတွင်  
ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

NLD ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးပွဲတွင် လက်ပံတောင်းတောင် အရေးနှင့် ပတ်သတ်ပြီး တစ်နိုင်ငံလုံးတွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်လျှက် ရှိကြောင်း၊ NLD ပါတီအနေဖြင့် ပါတီဝင်များအား ဆန္ဒဖော်ထုတ်ပွဲများတွင် ၀င်ရောက်ပါဝင်ခြင်းမရှိစေရန် ညွှန်ကြားထားကြောင်း သိရှိရပါသည်။ NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တစ်ဦးအဖြစ်ဆောင်ရွက်နေခြင်း ဖြစ်ပြီး NLD အဖွဲ့ချုပ်ကိုယ်စားဆောင် ရွက်နေခြင်း မဟုတ်သောကြောင့် NLD ပါတီဝင်များမှ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းစဉ်အား သွေဖီနိုင်သည့် လုပ်ငန်းများကို  ပြုမူဆောင် ရွက်ခြင်းမပြုရန်နှင့် ယခုဆန္ဒ ဖော်ထုတ်ပွဲတွင် ပါဝင်သော NLD ပါတီဝင်များကိုလည်း ပါတီစည်းကမ်းများအတိုင်း ထိရောက်စွာ အရေးယူ သွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော စုံစမ်းရေးကော်မရှင်မှ လက်ပံတောင်းတောင် အရေးအား စုံစမ်းနေစဉ် ကာလအတွင်း NLD ပါတီဝင်များအနေဖြင့်မည်သည့် လှုပ်ရှားမှု တွင်မှ ပါဝင်ပတ်သတ်ခြင်းမပြုရန်နှင့် သံဃာတော်များ၏ တောင်းဆိုချက်များသည် NLD ပါတီနှင့် လုံးဝ သက်ဆိုင်ခြင်းမရှိကြောင်း ပြောကြားခဲ့ပါသည်။ 

၎င်းနောက် သံဃာတော်များနှင့် အခြားကွန်ယက်များက ဆန္ဒ
 ဖော်ထုတ်နေခြင်း သည် နိုင်ငံတော်မှ ပြဌာန်းထားသော စီတန်းလှည့်လည်ခွင့် ဥပဒေအား အလွဲသုံးစား လုပ်နေကြောင်း NLD ပါတီက ယူဆကြောင်းပြောကြားခဲ့ပါသည်။
စုံစမ်းရေးကော်မရှင်မှ ရလဒ်များထွက်ပေါ်လာသည့်အခါ တာဝန်ရှိ သူများအား ထိရောက်သော အရေးယူမှုများ ဆောင်ရွက်မည်ဖြစ်သဖြင့် NLD ပါတီဝင်များမှ ဆန္ဒပြမှုတွင် ပါဝင်ပတ်သတ်ခြင်း မပြုရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားကြောင်းသိရပါသည်။ အဆိုပါ ဆန္ဒပြမှုများနှင့် ပတ်သတ်ပြီး NLD ပါတီ၏ သဘောထားအား မကြာမီထုတ်ပြန်သွားမှာဖြစ်ကြောင်း
 ပြောကြားဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။


လက်ပံတောင်းတောင်အရေးတွင် သံဃာတော်များနှင် အခြားကွန်ယက် အဖွဲ့အစည်းများမှဆန္ဒ ဖော်ထုတ်ခြင်း အား NLD ပါတီမှ လက်မခံကြောင်း ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ရက်နေ့ကNLDအဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေး နှစ်ဖက်အရာရှိအဆင့် ဆွေးနွေးပွဲကို မောင်တောမြို့တွင် ပြုလုပ်






မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်လုံခြုံရေး နှစ်ဖက်အရာရှိအဆင့် ဆွေးနွေးပွဲကို မောင်တောမြို့တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူများကို သက်ဆိုင်ရာ ရဲစခန်းများမှ အမှုဖွင့်




ဒီဇင်ဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ပြုလုပ်ခဲ့သော ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူများ အနက် မန္တလေး၊ မြင်းခြံမြို့နှင့် မုံရွာမြို့များရှိ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူများကို သက်ဆိုင်ရာ ရဲစခန်းများမှ အမှုဖွင့်ထားကြောင်း သိရသည်။ အဆိုပါ အမှုဖွင့် အရေးယူခံထားရသူများမှာ မန္တလေးရှိ ဗကသများ အဖွဲ့ချုပ်မှ ၃ ဦးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးလှုပ်ရှားသူတစ်ဦး၊ မြင်းခြံမှ ၅ ဦးနှင့် မုံရွာမှ ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။

သီပေါမြို့နယ်အတွင်း ပြောက်ကျားယူနီဖောင်းဝတ်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်

၁၂-၁၂-၂၀၁၂ ရက်နေ့ ၂၂၀၀ အချိန် ရှမ်းပြည်နယ် သီပေါမြို့နယ် ရွာသစ်ကျေးရွာအုပ်စု နားမုံကျေးရွာသို့ ကျွဲခေါင်းဘက်တံဆိပ်ကပ် ပြောက်ကျားယူနီဖောင်းဝတ်(အဖွဲ့၊ခေါင်းဆောင်စိစစ်ဆဲ) အင်အား (၃၅)ယောက်ခန့်သည် လက်နက်အတို/အရှည် မျိုးစုံကိုင်ဆောင်ရောက်ရှိလာပြီး ကျေးရွာအနီး သင်္ချိုင်းထဲသို့ ရောက်ရှိနေသော မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသည်ဟု သံသယရှိသူ လူ(၄)ဦးအား ဖမ်းဆီးပြီး နမ့်ဆန်မြို့နယ် ကွမ်ဟောက်ကျေးရွာဘက်သို့ ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

အကောင်း ဆုံးဗေဒင် လက်ဆောင်

မွေးနေ့ ရက်များက ပြောသော လူတယောက်ရဲ့ အမူအကျင့်များ..............

ဒီနေ့ ဖူးစာက သူငယ်ချင်းတွေကို  ၂၀၀၅ ခုနှစ် နိုဝင်ဘာလက ဖူးစုံ ဆယ်ကျော်သက် မဂ္ဂဇင်းထဲက ဆောင်းပါးရှင် ၀င်းကိုကို ရေးသားထားတဲ့ မွေးနေ့ အလိုက် တိရိစ္ဆာန်အကောင်လေး များနဲ့ တင်စားထားတဲ့လူတယောက်ရဲ့ အမှုအကျင့်တွေ ဘယ်လိုရှိတယ်ဆိုတာ ကိုယ့်မွေးနေ့ရက်လေးနဲ့တွက်ကြည့်ရတဲ့  ဗေဒင် လေးကို ပြန်လည်ကူးယူတင်ပြပေးလိုက်ပါတယ်..ရှင်  ကျွန်မ တွက်ကြည့်တော့ အားလုံးနီးပါး မှန်နေတယ်လေ။ သူငယ်ချင်းတို့လည်း ဗေဒင် ၀ါသနာ ပါသည်ဖြစ်စေ ၀ါသနာ မပါလည်း အပျော်သဘောလေးတော့ တွက်ကြည့်လိုက်နော်........ ။

(၁)ဇန်န၀ါရီ

၀၁ - ၀၉ ခွေး

၁၀ - ၂၄ ကြွက်

၂၅ - ၃၁ ခြင်္သေ့

(၂)ဖေဖော်ဝါရီ

၀၁ - ၀၅ ကြောင်

၀၆ - ၁၄ ချိုးငှက်

၁၅ - ၂၁ လိပ်

၂၂ - ၂၈ ကျားသစ်နက်

(၃)မတ်

၀၁ - ၁၂ မျောက်

၁၃ - ၁၅ ခြင်္သေ့

၁၆ - ၂၃ ကြွက်

၂၄ - ၃၁ ကြောင်

(၄)ဧပြီ

၀၁ - ၀၃ ခွေး

၎ - ၁၄ ကျားသစ်နက်

၁၅ - ၂၆ ကြွက်

၂၇ - ၃၀ လိပ်

(၅)မေ

၀၁ - ၁၃ မျောက်

၁၄ - ၂၁ ချိုးငှက်

၂၂ - ၃၁ ခြင်္သေ့

(၆)ဇွန်

၀၁ - ၀၃ ကြွက်

၎ - ၁၄ လိပ်

၁၅ - ၂၀ ခွေး

၂၁ - ၂၄ မျောက်

၂၅ - ၃၀ ကြောင်

(၇)ဇူလိုင်

၀၁ - ၀၉ ကြွက်

၁၀ - ၁၅ ခွေး

၁၆ - ၂၆ ချိုးငှက်

၂၇ - ၃၁ ကြောင်

(၈)သြဂုတ်

၀၁ - ၁၅ မျောက်

၁၆ - ၂၅ ကြွက်

၂၆ - ၃၁ လိပ်

(၉)စက်တင်ဘာ

၀၁ - ၁၄ ချိုးငှက်

၁၅ - ၂၇ ကြောင်

၂၈ - ၃၀ ခွေး

(၁၀)အောက်တိုဘာ

၀၁ - ၁၅ မျောက်

၁၆ - ၂၇ လိပ်

၂၈ - ၃၁ ကျားသစ်နက်

(၁၁)နိုဝင်ဘာ

၀၁ - ၁၆ ခြင်္သေ့

၁၇ - ၃၀ ကြောင်

(၁၂)ဒီဇင်ဘာ

၀၁ - ၁၆ ခွေး

၁၇ - ၂၅ မျောက်

၂၆ - ၃၁ ချိုးငှက်

(၁)ခွေး မွေးနေ့

၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီး သဘောကောင်းသူဖြစ်သည်။ သင်၏ သစ္စာရှိမှုကို လုံးဝ သံသယ ဖြစ်စရာ မလိုပေ။ အလုပ်နှင့်ပတ်သက်ပြီး ရိုးသား ဖြောင့်မတ်ကာ အလုပ်ကို လေးစားသူ ဖြစ်ပြီး ပင်ကိုစိတ်ရင်း အားဖြင့် လည်း ရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့်ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊ နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် မိတ်တွေအပေါင်းအသင်းများ အလယ်တွင် အားလုံး၏ ချစ်ခင်မှုကိုရယူနိုင်စွမ်း ရှိပြီး ၀တ်စားဆင်ယင်မှုနှင့် ပတ်သက်၍ လည်း လိုက်ဖက်သည့်အ၀တ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်းကို မက်မောတတ်သူ ဖြစ်သဖြင့်ခေတ်ပေါ် အ၀တ် အစား မ၀ယ်နိုင်သည့် အခါများတွင် စိတ်ဓါတ်ကျလေ့ ရှိသည်။ ဘ၀ကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်း အသင်းများ အလယ်တွင်ထင်ပေါ် ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသော အပေါင်း အသင်းများနှင့်သာ ပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။

(၂)ကြွတ် မွေးနေ့

၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများအားနောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များသင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်းရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီးလူစုံသည့် ပွဲလမ်း သဘင်များတွင်လည်း သင်ရှိနေစေရန် လိုလား ကြသည်။ သို့သော်သင်သည် စိတ်ဆတ်သူ ဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက စကားလုံးကို ရွေးချယ် ပြောမှသာ ဖြစ်သည်။ စကား အမှားမခံ။ တစ်စုံတယောက်ကစကားမှား ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။

(၃)ခြင်္သေ့ မွေးနေ့

၃။ အကယ်၍ သင့်မွေးနေ့သည် ခြသေ့င်္င့်္ ဖြစ်ပါက သင်သည် ခြင်္သေ့၏ သဘောထားနှင့်ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလား နှစ်သက်သူ ဖြစ်သည်။ ရန်ကိုရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ မျိုးကိုပါ လက်မခံတတ်သူ ဖြစ်သည်။ အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူ ဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည်နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇ ရှိသူ ဖြစ်သည်။လုပ်ငန်းခွင်တွင် အပေါင်း အသင်းများအား အလုပ် တွင်ကျယ်စေရန် နည်းပရိယာယ်ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်းသွင်း နိုင် သူလည်း ဖြစ်သည်။ သူတပါး၏ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီဆိုလျှင် ကိုယ်က သူ ဂရုစိုက်တာထက် အဆပေါင်း များစွာ တုံ့ပြန်မှု ပေးသည်။ စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများက မြှောက်ပင့်ခိုင်းစေတတ်သည်ကို အထူး သတိပြုပါ။

(၄)ကြောင် မွေးနေ့

၎။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ်ကောင်းသူ ဖြစ်သည်။ တခါတရံတွင် လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။ဖြတ်ထိုးဥာဏ် ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ် သက်သက် နေရသည်များကို ပိုပြီးလိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကိုလေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျားလိုက်တတ် သည်။ ပုံမှန်အနေအထားဖြင့် သင်သည်အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင် တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူ လည်းဖြစ်သည်။ ခေတ်မီ အ၀တ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများ က သင့်အားခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့်ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့် စကားပြောဆိုရန် ၀န်လေးတတ်သည်။အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။

(၅)လိပ် မွေးနေ့

၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ် ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူတစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ ကြင်နာမှုများကိုသင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို မြတ်နိုးသူ ဖြစ်သည်။ တစုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန်ဝန်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။ထို့ကြောင့် ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။ လူတစ်ဦးတစ်ယောက် အကြောင်းကိုမှနောက်ကွယ် မှာ အတင်းမပြောတတ်။ မည်သူ့ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှုမရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။

(၆)ချိုးဌက် မွေးနေ့

၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာနေထိုင်လေ့ ရှိပြီး ဘ၀မှာ ကံကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင်အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ ရှိပြီး ပတ်ဝန်းကျင်၏ဂယက်ရိုက်မှုနှင့်ကင်းကွာ နေတတ်သည်။ ရောက်လေရာတိုင်းမှာ ကိုယ့်ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင် ကိုယ်က ခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့် အားပေးတတ်သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို မလို လား။ ဤသို့ ဆက်ဆံတတ်သူ များနှင့်ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျ လုပ်ကိုင်ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦးဖြစ်သည်။

(၇)ကျားသစ်နက် မွေးနေ့

၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦးဖြစ်သည်။ ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေကာမူ အလွယ်တကူဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်းအသင်း များနှင့်အတင်းပြောရ သည်ကို ၀ါသနာ ပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင်ကြိုးစားတတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ ဖြစ်နိုင်စွမ်းမရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေ အချို့နဲ့ ဆက်ဆံရေးပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများ ကို ကူညီတတ်သူဖြစ်သည်။

(၈)မျောက် မွေးနေ့

၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက် လိုသူ ဖြစ်သည်။ ရိုးသားသောနှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှုကို ခံယူလိုသူ လည်းဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီးကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိ အစွန်း ရှိလာပြီ ဆိုလျှင် လူတိုင်းကိုလိုက်ပြီး ဖြေရှင်းတတ် သူ ဖြစ်သည်။ ထို့ကြောင့် မည်သည့်အလုပ် ကိုမဆိုစမလုပ်ခင် ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမ အာရုံ ၏ နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကိုတန်ဖိုးထားတတ်သူ များလည်းဖြစ်တတ်သည်။

အကောင်းအဆိုးတွေနဲ့ တွဲနေတတ်တဲ့ သူငယ်ချင်းတို့ရဲ့ မွေးနေ့ ဗေဒင်လေးမှာ အကောင်းလေးတွေဆိုယင်တော့ ၀မ်းသာမိမှာပေါ့
 အဆိုးအညံ့လေးတွေ ဆိုယင်လည်း ကိုယ့်ရဲ့ အကျင့် စိတ်ဓါတ် ခံယူချက်လေးတွေကိုပြုပြင်ပြီး  မိမိဘ၀ရဲ့ အောင်မြင်မှုကို ကိုယ်တိုင်ပဲ့ကိုင်ကြရအောင်နော်။

ဆောင်းပါးရှင် ကိုဝင်းကိုကို  ကျေးဇူးပါရှင်

သူငယ်ချင်းများ အားလုံး ဘ၀မှာ ကံကောင်းခြင်းနဲ့ အောင်မြင်မှုတွေကို ပိုင်ဆိုင်နိုင်ပါစေရှင်။

၁၁.၁၂.၂၀၁၂                                                                              

khaingwarmoe
မွေးနေ့ ရက်များက ပြောသော လူတယောက်ရဲ့ အမူအကျင့်များ..............

(၁)ဇန်န၀ါရီ

၀၁ - ၀၉ ခွေး

၁၀ - ၂၄ ကြွက်

၂၅ - ၃၁ ခြင်္သေ့

၆.၃ လက်မ display ပါဝင်သည့် Galaxy Note 3 ကို Samsung ထုတ်လုပ်နေ

၆.၃ လက်မ display ပါဝင်သည့် Galaxy Note 3 ကို Samsung ထုတ်လုပ်နေ

ကိုရီးယားအီလက်ထရွန်နစ်ကုမ္ပဏီကြီးဖြစ်သည့် Samsung သည် အရွယ်အစားကြီးမားသည့် ၆.၃ လက်မ display ပါဝင်သော Galaxy Note 3 ကို ထုတ်လုပ်လျက်ရှိကြောင်း Korea Times မှ ဖော်ပြခဲ့သည်။

Samsung ကုမ္ပဏီသည် phablet ဟုခေါ်သော စမတ်ဖုန်းနှင့် tablet အကြားရှိ ထုတ်ကုန်အမျိုးအစား အချို့ကို ထုတ်လုပ်ထားပြီး ကုမ္ပဏီ၏ ပထမဦးဆုံး phablet မှာ screen အရွယ်အစား ၅.၃ လက်မပါဝင်သည့် Galaxy Note ဖြစ်သည်။ ထို့နောက်တွင် screen အရွယ်အစား ၅.၅ လက်မရှိသည့် Galaxy Note 2 ကို ဖြန့်ချိခဲ့သည်။

အဆိုပါ Galaxy Note သည် ကမ္ဘာတစ်ဝန်းတွင် အောင်မြင်မှုရရှိခဲ့ပြီး ရောင်းချမှုနှုန်းမှာလည်း ထူးခြားစွာ မြင့်တက်ခဲ့သည်။ ထို့အပြင် ပြီးခဲ့သည့်နှစ်လအတွင်း Galaxy Note 2 ရောင်းချမှုပမာဏမှာ ၅ သန်း ခန့်ရှိခဲ့သည်။

၎င်းအပြင် Samsung ကုမ္ပဏီသည် လာမည့်နှစ် ဖေဖော်ဝါရီလတွင် ကျင်းပမည့် Mobile World Congress တွင် Galaxy S4 ကို ပွဲထုတ်မိတ်ဆက်ပြသဖွယ်ရှိကြောင်းလည်း Korea Times မှ ထပ်လောင်း ဖော်ပြခဲ့သည်။

Ref: CNET

ပူးတွဲဖော်ပြပါပုံမှာ Galaxy Note 2 ပုံ ဖြစ်သည်။

ကိုရီးယားအီလက်ထရွန်နစ်ကုမ္ပဏီကြီးဖြစ်သည့် Samsung သည် အရွယ်အစားကြီးမားသည့် ၆.၃ လက်မ display ပါဝင်သော Galaxy Note 3 ကို ထုတ်လုပ်လျက်ရှိကြောင်း Korea Times မှ ဖော်ပြခဲ့သည်။

တရုတ်ပြည်မတွင် ချမ်းသာသူတို့က လူငှား၍ ပြစ်ဒဏ်ကျခံစေနိုင်


တရုတ်ပြည်မတွင် ချမ်းသာသူတို့က လူငှား၍ ပြစ်ဒဏ်ကျခံစေနိုင်
Friday, December 14, 2012

ယနေ့တိုင် တရုတ်ပြည်မှာ ထွန်းကားနေတဲ့ ယဉ်ကျေးမှု တစ်ခု ဖြစ်ပါတယ်။ တကယ်ပဲ ချမ်းသာသူတို့ လူစားထိုး ပြစ်ဒဏ်ကျခံစေတဲ့ စနစ် ဖြစ်ပါတယ်။ ၎င်းကို Ding zui လို့ ခေါ်ပါတယ်။

ကွန်မြူနစ် စနစ် ထွန်းကားတဲ့ တရုတ်ပြည်မှာ ယင်း အစားထိုး ထောင်ကျစေ၊ အပြစ်ဒဏ်ကျခံစေတဲ့ ဖြစ်ရပ်ပေါင်းများစွာ ရှိပါတယ်။ ၂၀၁၂ ခုနှစ် မှာတောင် နိုင်ငံခြားသားကို သတ်လိုက်တဲ့ အမျိုးသမီး နိုင်ငံရေးသမား Gu Kailai ဟာ သူ့အစား အခြား လူကို ပြစ်ဒဏ်ကျခံစေထားတယ်ဆိုတာ တစ်မ္ဘာလုံးက သိနေပါတယ်။ ယင်း ယဉ်ကျေးမှု ပျောက်ကွယ်အောင် ကမ္ဘာ့ နိုင်ငံခေါင်းဆောင်များ၊ မီဒီယာများက တိုက်ခိုက်ပေမယ့် ယနေ့ချိန်ထိ ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။

ငွေချမ်းသာသူတို့က ရုပ်ဆင်တူယိုးမှား အခြား လူတစ်ယောက် ဆင်းရဲသား ကို ငှားပါတယ်။ မတူလည်း ခွဲစိတ်ဆရာန်များ နဲ့ ပြန်လည် ပြုပြင် ပေး ပါတယ်။ ပြီးတော့ ထောင်ဒဏ် ၁၀ နှစ်ဆိုလည်း ၁၀ နှစ် အနှစ် ၃၀ ဆိုလည်း ၃၀ ငွေကြး အလုံအလောက် ပေးပြီး လူစားထိုးပါတယ်။ အချို့  ဆို သေဒဏ် ကျခံပေးတဲ့ အထိတောင် စတေး ကြပါတယ်။

ဒါကြောင့် ခေတ်မှီ စက်ကိရိယာများနဲ့ တကယ့် တရားခံ ဟုတ်မဟုတ် စစ်ဆေးတဲ့ နည်းပညာများ အသုံးပြုဖို့ နိုင်ငံတကာက ဖိအားပေးပါတယ်။ လုပ်လည်း လုပ်နေပါတယ်။ သို့ပေမယ့် Ding zui လို့ခေါ်တဲ့ လူစား ထိုး ပြစ်ဒဏ် ကျခံစေတဲ့ စနစ်ဟာ ကွန်မြူနစ်စနစ် ရှိနေသမျှ ဆက်လက် တည်ရှိနေအုံးမယ်လို့ နိုင်ငံတကာက သုံးသပ်ထားကြောင်း သိရပါတယ်။
---
Ref: wiki
International news for myanmar

ယနေ့တိုင် တရုတ်ပြည်မှာ ထွန်းကားနေတဲ့ ယဉ်ကျေးမှု တစ်ခု ဖြစ်ပါတယ်။ တကယ်ပဲ ချမ်းသာသူတို့ လူစားထိုး ပြစ်ဒဏ်ကျခံစေတဲ့ စနစ် ဖြစ်ပါတယ်။ ၎င်းကို Ding zui လို့ ခေါ်ပါတယ်။

အစိုးရ ပူးပေါင်းတပ်များ KIA ကို ယနေ့ နံနက် ထိုးစစ်ဆင်






ကချင်ပြည်နယ် လဂျားယန်ဒေသအတွင်းရှိ ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စခန်းများကို ယနေ့နံနက်တွင်အစိုးရ ပူးပေါင်း တပ်ရင်းများက ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် KIA က အမြင့်ဆုံး တပ်လှန့်ထားကြောင်း သိရသည်။

ဆောင်းဥတုတွင် အချဉ်အရသာ များများစားသင့်


ဆောင်းဥတုတွင် အချဉ်အရသာ များများစားသင့် 
http://www.myawady.net.mm/health/preventing/item/1811-2012-12-14-10-26-55
ဆောင်းရာသီတွင် နှင်းကျပြီး ပြင်ပ လောက ဓာတ်တွင် အအေးပတ် ဖွဲ့သော ကာလ ဖြစ်သည်။

ပြင်ပတွင် အေးသော အခါလူတို့၏ ခန္ဓာကိုယ် မွေးညှင်းပေါက် များမှချွေး မထွက်တော့ သဖြင့် ကိုယ်တွင်း အောင်းသော အပူဓာတ်မှာ အခြား ရာသီဥတု များထက် ပိုလွန်း နေပေသည်။ ထို့ကြောင့် အလွန်အေးသော နံနက်ခင်းနှင့် ညဥ့်နက်ပိုင်း တို့တွင် ပါးစပ်ဟ လိုက်သောအခါ အခိုးများ ထွက်နေသည်ကို ပင်မြင်နိုင် ပေသည်။

ဆောင်းတွင် အေးသဖြင့် လူအများမှာ ရေနွေကြမ်းကို ပိုမို သောက်လေ့ ရှိကြသည်။ နံနက် အိပ်ရာ ထချိန်မှ စပြီး တစ်နေကုန် ရေနွေး ကြမ်းကိုသာ တစ်အိုးပြီး တစ်အိုး သောက်လေ့ ရှိကြသည်။ ထိုသို့ ရေနွေကြမ်း (အဖန်ရည်) သောက်သူ များမှာ ဝမ်းချုပ်ပြီး နောက်ဆက်တွဲ လိပ်ခေါင်း ရောဂါ ရတတ်ပေသည်။ လက်ဖက်ခြောက် အဖန်ရည်၏ သတ္တိလူကို ပိန်စေသည်။ အဆီကို ကျစေသည်။ သို့သော် အသောက်များလျှင် ဝမ်းချုပ် တတ်သည်။ လက်ဖက်ခြောက် များတွင် ဆိုးဆေးများ ပါလျှင် အစာအိမ်နှင့် အူလမ်းကြောင်းကို အဆိပ်အတောက် ဖြစ်စေနိုင် သည်ကိုသတိပြု သင့်သည်။

ဆောင်းဥတုတွင် အပြင်အေး၊ အတွင်းပူ ဖြစ်သဖြင့် အပူအစပ်နှင့် ဝမ်းချုပ်စေသော မာသော အစာ ကောက်ညှင်း၊ ဆန်စေးများ ကိုလည်း ရှောင်ကြဉ် သင့်သည်။ ရေအေးကို များများ သောက်သင့်သည်။ ညအိပ်ရာ ဝင်ချိန်တွင် ရေတစ်ဖန်ခွက် နံနက်အိပ်ရာ ထချိန်တွင် ရေတစ်ဖန်ခွက် မှန်မှန် သောက်သင့်သည်။ ဝမ်းချုပ်သော ဓာတ်အခံရှိလျှင် ထိုထက်ပို၍ ရေနှစ်ဖန်ခွက် (လီတာ) သို့မဟုတ် သောက်ရေသန့် ဘူးသေး တစ်ဘူး စာသောက်ခြင်းဖြင့် ဝမ်းမှန်ပြီး ကျန်းမာရေး ကောင်းစေ


ဆောင်းရာသီတွင် နှင်းကျပြီး ပြင်ပ လောက ဓာတ်တွင် အအေးပတ် ဖွဲ့သော ကာလ ဖြစ်သည်။

ပြင်ပတွင် အေးသော အခါလူတို့၏ ခန္ဓာကိုယ် မွေးညှင်းပေါက် များမှချွေး မထွက်တော့ သဖြင့် ကိုယ်တွင်း အောင်းသော အပူဓာတ်မှာ အခြား ရာသီဥတု များထက် ပိုလွန်း နေပေသည်။ ထို့ကြောင့် အလွန်အေးသော နံနက်ခင်းနှင့် ညဥ့်နက်ပိုင်း တို့တွင် ပါးစပ်ဟ လိုက်သောအခါ အခိုးများ ထွက်နေသည်ကို ပင်မြင်နိုင် ပေသည်။

လုပ်ခ ထိုင်းဘတ် ၃၀၀ ရရှိရေး မြန်မာ အလုပ်သမားများ တောင်းဆိုရန် လှုံ့ဆော်



ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် ထိုင်းနယ်စပ် မဲဆောက်မြို့ကို ဖြတ်ကျော်မည့် မွန်ပြည်နယ်မှ ရွှေ့ပြောင်း အလုပ်သမားများ (ဓာတ်ပုံ – Steve Tickner / ဧရာဝတီ)

ထိုင်းနိုင်ငံတွင် တရားဝင်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်၍ ထိုင်းအလုပ်သမားများ နည်းတူ တနေ့ လုပ်အားခ ဘတ်ငွေ ၃၀၀ (ကျပ် ၇၈၀၀ ကျော်) ရရှိစေရေးအတွက် တောင်းဆိုမှုများ ပြုလုပ်ရန် အလုပ်သမားအရေး ဆောင်ရွက်နေသူများက တိုက်တွန်းထားသည်။

အစိုးရ အတည်ပြုချက် ရလျှင် Visa ကတ် မြန်မာ နိုင်ငံသားများ ပြည်ပတွင် အသုံး ပြုနိုင်မည်



နိုင်ငံတကာ အီလက် ထရောနစ် ငွေပေးချေခြင်း တစ်ရပ် ဖြစ်သော Visa ကတ် စနစ်ကို မြန်မာ နိုင်ငံသားများ ပြည်ပ တွင် အသုံး ပြုနိုင်ရန် မြန်မာ အစိုးရ၏ အတည် ပြုချက် ရရှိရန်သာ လိုအပ် ကြောင်း Visa မှ ထုတ်ကုန်များ ဖော်ထုတ်ရေး အကြီးကဲ Niki Manby က The Voice Weekly သို့ ပြောကြားသည်။

လက်မထပ်ရ သေးသည့် လူပေါင်း ၃၆ဝဝဝ ကျော် ပါဝင်မည့် တောင် ကိုရီးယား နိုင်ငံမှ ကြင်ဖော် ရွေးချယ် ပွဲကြီး

လက်မထပ်ရ သေးသည့် လူပေါင်း ၃၆ဝဝဝ ကျော် ပါဝင်မည့် တောင် ကိုရီးယား နိုင်ငံမှ ကြင်ဖော် ရွေးချယ် ပွဲကြီး

တောင်ကိုရီးယား နိုင်ငံတွင် လက်မထပ်ရ သေးသည့် ချစ်ဒုက္ခ ရောက်နေ သူများမှာ ထောင်ချီလျက် ရှိပြီး ၎င်းတို့ သည် ကြင်ဖက်လောင်းများ ရှာဖွေရန် အတွက် လာမည့် ခရစ္စ မတ် နှစ်သစ်ကူး ပွဲတော် မတိုင်မီ ဒီဇင်ဘာ ၂၄ ရက်တွင် တွေ့ဆုံကြရန် ပြီးခဲ့သော လကတည်းက ဖေ့စ်ဘွတ်ပေါ်တွင် အချိန်းအချက်များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ချိန်းဆို တွေ့ဆုံပွဲကြီးကို ဆိုးလ်မြို့လယ်ကောင်ရှိ ပန်းခြံတစ်ခု အတွင်း တစုတဝေးတည်း ပြုလုပ်သွားမည် ဖြစ်သည်။ ထိုသို့ ပြုလုပ်ရန်ကို ဟာသ ဥာဏ်ရှိသော လူငယ် နှစ် ဦးက စိတ်ကူးရခဲ့ပြီး လူမှုရေး ဆိုင်ရာ ဝက်ဘ်ဆိုက်ပေါ်တွင် တင်၍ အဆိုပြုခဲ့ခြင်း ဖြစ်သည်။

ကြင်ဖက်လောင်း ရှာဖွေရေး အတွက် ရည်ရွယ် ပြုလုပ်သော ချိန်းဆိုတွေ့ဆုံ ပွဲကြီးတွင် လူပေါင်း ၃၆ဝဝဝ ကျော် ပါဝင်ကြမည် ဖြစ်သည်။ မိမိတို့သည် တစ်ကိုယ်တော် အထီး ကျန် လျက် ရှိသူများအား ကူညီသည့် အနေဖြင့် ခရစ္စမတ် ပွဲတော် အကြိုနေ့တွင် ကြင်ဖက်လောင်း များနှင့် ဆုံတွေ့ခွင့် ပေးရန် စိတ်ကူးရခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းပွဲကြီးအား စီစဉ်သူ  လူငယ်နှစ်ဦး အနက် တစ်ဦးဖြစ်သော အသက် ၂၉ နှစ်အရွယ် ဂျန်က ပြောကြားထားသည်။ 

ဂျန်သည် အဆိုပါ ချိန်းဆို ပွဲကြီးတွင် ၎င်း ကိုယ်တိုင်လည်း ပါဝင်ဆင်နွှဲ မည် ဖြစ်သည်။ အဆိုပါ ကြင်ဖက်လောင်း ရှာဖွေရေး တွေ့ဆုံပွဲကြီးသည် လွန်စွာ ရိုးရှင်းသော်လည်း ရင်ခုန် စိတ်လှုပ်ရှားဖွယ် ကောင်းပြီး စိတ်ဝင်စားဖွယ် အစီအစဉ် တစ်ရပ် ဖြစ်သည်ဟုလည်း ၎င်း က ပြောကြား ထားကြောင်း သိရသည်။

http://www.myawady.net.mm/allnews/global/item/1793-2012-12-14-09-50-03တောင်ကိုရီးယား နိုင်ငံတွင် လက်မထပ်ရ သေးသည့် ချစ်ဒုက္ခ ရောက်နေ သူများမှာ ထောင်ချီလျက် ရှိပြီး ၎င်းတို့ သည် ကြင်ဖက်လောင်းများ ရှာဖွေရန် အတွက်

မြေငလျင်သတင်း မြေငလျင်သတင်း (မြန်မာစံတော်ချိန်၀၉း၀၀ နာရီအချိန် ထုတ်ပြန်ချက်)

၂၀၁၂ခုနှစ်၊ဒီဇင်ဘာလ(၁၄)ရက်နေ့ မြန်မာစံတော်ချိန်(၀၈)နာရီ(၄၇)မိနစ် (၃၂)စက္ကန့်အချိန်တွင် မန္တလေးမြေ ငလျင်စခန်းမှမြောက်ဘက် မိုင် (၆၀)ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း(သပိတ်ကျင်းမြို့၏ အရှေ့တောင်ဘက် (၇)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အား အနည်းငယ်ရှိသောမြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာ ရရှိပါသည်။

လေပြင်း တိုက်ခတ်မှု များကြောင့် ယူကရိန်း နိုင်ငံ မြောက်ပိုင်းရှိ ကျေးရွာ ၂ဝဝ ခန့်တွင် လျှပ်စစ်မီးများ ပြတ်တောက်နေကြောင်း

လေပြင်း တိုက်ခတ်မှု များကြောင့် ယူကရိန်း နိုင်ငံ မြောက်ပိုင်းရှိ ကျေးရွာ ၂ဝဝ ခန့်တွင် လျှပ်စစ်မီးများ ပြတ်တောက်နေကြောင်း

14.12.2012

 နှင်းများ သည်းထန်စွာ ကျဆင်းမှုနှင့် လေပြင်း တိုက်ခတ်မှု များကြောင့် ယူကရိန်း နိုင်ငံ မြောက်ပိုင်းဒေသ တစ်ခုလုံးတွင် လျှပ်စစ်မီးများ ပြတ်တောက်လျက် ရှိပြီး လမ်းများ ပိတ်ဆို့နေကြောင်း ယူကရိန်း အာဏာပိုင် များက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။

လေပြင်း တိုက်ခတ်မှု များကြောင့် ယူကရိန်း နိုင်ငံ မြောက်ပိုင်းရှိ ကျေးရွာ ၂ဝဝ ခန့်တွင် လျှပ်စစ်မီးများ ပြတ်တောက်နေကြောင်း ယူကရိန်း အရေးပေါ်ကယ် ဆယ်ရေး ဝန်ကြီး ဌာနက ပြောကြားခဲ့ ပါသည်။ ယူကရိန်း နိုင်ငံ Kiev နှင့် Chernigov ဒေသ မြောက်ပိုင်းရှိ အဝေးပြေး လမ်းမပေါ်တွင် မော်တော်ကား ရာပေါင်း များစွာလည်း ပိတ်ဆို့လျက် ရှိပါသည်။ သို့သော် Boryspil အပြည်ပြည် ဆိုင်ရာ လေဆိပ်နှင့် Kiev လေဆိပ်တို့သည် ဒီဇင်ဘာလ ၁၁ ရက်နေ့ နေ့လယ်ပိုင်း၌ ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ် နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရှိရ ပါသည်။

မြ၀တီနှင်းများ သည်းထန်စွာ ကျဆင်းမှုနှင့် လေပြင်း တိုက်ခတ်မှု များကြောင့် ယူကရိန်း နိုင်ငံ မြောက်ပိုင်းဒေသ တစ်ခုလုံးတွင် လျှပ်စစ်မီး များ ပြတ်တောက် လျက် ရှိပြီး လမ်းများ ပိတ်ဆို့နေကြောင်း ယူကရိန်း အာဏာပိုင် များက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြောကြားခဲ့ ပါသည်။

ဒီဇင်ဘာ ၁၄ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း

ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေ လဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၈၅၄ ကျပ် သတ်မှတ်ကြောင်း သိရသည်။

Facebook မှတစ်ဆင့်ဆိုက်ဘာတိုက်ခိုက်သူ ၁ဝ ဦးအား အက်ဖ်ဘီအိုင် အဖွဲ့ဖမ်းဆီး

Facebook မှတစ်ဆင့်ဆိုက်ဘာတိုက်ခိုက်သူ ၁ဝ ဦးအား အက်ဖ်ဘီအိုင် အဖွဲ့ဖမ်းဆီး
Friday, December 14, 2012

Facebook ဝက်ဘ်ဆိုက် အသုံးပြုသူများ၏ အကောင့်များ ကိုဝင်ရောက်၍ ဘဏ်စာရင်းအချက် အလက်များ၊ credit card နံပါတ် များကို ခိုးယူခဲ့သော အဖွဲ့တစ်ဖွဲ့အား facebook လုံခြုံရေးအဖွဲ့၏ အကူအညီဖြင့် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို (အက်ဖ်ဘီအိုင်) က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

Facebook ဝက်ဘ်ဆိုက်ကို ဖောက်ထွင်းခဲ့သူ ဟက်ကာ ၁ဝ ဦးမှာပီရူး၊
ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင် ငံခုနစ် နိုင်ငံမှဖြစ် သည်ဟု သိရသည်။ အဆိုပါအဖွဲ့သည် ကွန်ပျူ တာ သုံးစွဲသူများထံမှ စတာလင်ပေါင် ၅၂၅ သန်းကျော် ခိုး ယူခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းဟက်ကာအဖွဲ့၏ လက်ချက်ကြောင့် ကွန်ပျူတာ ၁၁ သန်းခန့် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ပြီး သမိုင်းတွင် အကြီးမားဆုံးသော ဆိုက်ဘာတိုက် ခိုက်မှုတစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟက်ကာအဖွဲ့သည် ငွေကြေးဆိုင်ရာ အချက်အလက် များနှင့် ကိုယ်ရေး ကိုယ်တာများကို ခိုးယူသိရှိ နိုင်ရန် ကြိုတင်ကြံ စည် ထားပြီး "Yahos" software ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြ၀တီFacebook ဝက်ဘ်ဆိုက် အသုံးပြုသူများ၏ အကောင့်များ ကို ဝင်ရောက်၍ ဘဏ်စာရင်းအချက် အလက်များ၊ credit card နံပါတ် များကို ခိုးယူခဲ့သော

ခိုးယူခံရသော အသက်(၁၂)နှစ်အရွယ် မိန်းကလေးတစ်ဦးအား ရဲတပ်ဖွဲ့မှ ကယ်တင်

ခိုးယူခံရသော အသက်(၁၂)နှစ်အရွယ် မိန်းကလေးတစ်ဦးအား ရဲတပ်ဖွဲ့မှ ကယ်တင်

14.12.2012

စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူများနှင့် မြန်မာ
နိုင်ငံ ရဲတပ်ဖွဲ့ဝင်များပူးပေါင်းပါ ၀င်သောအဖွဲ့တစ်ဖွဲ့သည် ယခုလ ၁၃ရက်နေ့ 
မနက် ၁၀ နာရီအချိန်ခန့်ကမသင်္ကာဖွယ်ရာ ခိုးယူခြင်း ခံရသောအသက်(၁၂)
နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား ကယ်တင်ခဲ့ပြီးမိဘများထံ ပြန်လည် 
အပ်နှံပေး ခဲ့ကြောင်းသိ ရှိရသည်။

ယခုလ ၁၂ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က မုံရွာခရိုင် ချောင်းဦးမြို့နယ် တောင်းကျောင်းကြီးကျေးရွာ အရှေ့ ပိုင်းနေ (ဘ) ဦးဘဇုန်၏သမီး မခင်စိုးထက် အသက်(၁၂)နှစ်၊ ဆဌမတန်းကျောင်းသူတစ်ဦး သည် နေအိမ် မှ ဂုံးကျော်ဈေးတန်းသို့ ခေါက်ဆွဲသုပ်ဝယ်ယူရန်သွားရောက်စဉ် အမည်မသိ လိုက်ထရပ် ကားတစ် စီး မောင်နင်းလာ သူတစ်ဦးက ဘုရားဖူးသွားမည် လိုက်ခဲ့ဟု ပြောဆိုသွေးဆောင်၍ ၎င်း ကလေးမလေး အား ကားပေါ်တင်ဆောင် ကာ မုံရွာမြို့ဘက်သို့ ဦးတည်မောင်းနှင်ထွက်လာခဲ့ကြောင်း သက်ဆိုင်ရာ၏ စစ်ဆေးပေါ်ပေါက်ချက်များအရ သိရှိ ရသည်။
အဆိုပါ မိန်းကလေးငယ်အား သွေးဆောင်ခိုးယူလာသူများသည် ကားပေါ်တွင် အသင့်ယူဆောင်လာသော အသက်(၁၄)နှစ်အရွယ်မိန်းကလေးဝတ် ဂျင်းဘောင်းဘီတို၊ အင်္ကျီ၊ ဒေါက်ဘိနပ်၊ လက်ကိုင် ပိုက်ဆံအိတ် တစ်လုံး နှင့်အတူ ငွေကျပ်နှစ်ထောင်ပေးကာ ငုံးဥပြုတ် ငါးလုံးအားကျွေးခဲ့ကြောင်း၊ ၎င်း ငုံးဥပြုတ်များ အား စားသောက်ပြီးနောက် အဆိုပါ ကလေးမလေးသည် ကားနောက်ခန်းတွင် တစ်ဦးတည်း အိပ်ပျော်၍ လိုက်ပါ သွား ခဲ့ရသည်ဟု သိရှိရသည်။
“ ကလေးမလေးဆီးကို ၀တ်ဖို့ပေးတဲ့ အ၀တ်အထည်တွေကိုကြည့်ရင်၊ အချက်(၂)ချက်တွေ့မြင်နိုင်ပါတယ်။ ပထမအချက်ကတော့ မိန်းကလေးဝတ်တွေဖြစ်တာကြောင့် သူတို့ပစ်မှတ်ထားပြီး ခိုးယူမဲ့သူက မိန်းကလေးတွေ ဖြစ်ပါတယ်။ နောက် ဒုတိယ အချက်ကတော့ အ၀တ်စားတွေရဲ့ ပုံစံဆိုဒ်ကိုကြည့်ရင် အသက် (၁၂/၁၂/၁၄)နှစ်အ ရွယ်တွေကို သူတို့ရွေးချယ်မယ်ဆိုတာ ထင်ရှားနေပါတယ်” ဟု အမှတ်(၁) ရဲစခန်းမှုး ရဲအုပ် ဦးကျော်ကျော်ညွှန့်က ဖြစ်စဉ်နှင့်ပတ်သက်၍ ရဲပညာတစ်ရပ်အရ ဝေဖန်သုံးသပ်ကာ ပြောဆို သည်။
ယင်း မောင်းနင်းလာသောကားသည် မုံရွာမြို့ ချင်းတွင်းသလ္လာ ဈေးသစ်ကြီးအနီးတွင် ကားအားရပ်တန့် လျက်ေ စပြီး မိန်းကလေးငယ်အား အိပ်ယာမှနှိုးကာ ၎င်း နေရာမှ ဘယ်မှမသွားရန်နှင့် မကြာခင်ပြန် လည်လာ ရောက်ခေါ်ဆောင်ပေးမည်ဟု ဆိုကာ ကားမှမောင်းထွက်သွားခဲ့ကြောင်း၊ ကြောက်စိတ်များ ၀င်လာသူ မိန်းကလေး ငယ်သည် နီးစပ်ရာ ဆိုက္ကားတစ်စီးအားငှားရမ်း ကားလေးကွင်းသို့ ပို့ဆောင်ခိုင်းခဲ့ေ ကြာင်း၊ ကားေ လးကွင်းတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များက အုပ်ထိန်းသူ လိုက်ပါခြင်း မရှိသော မိန်းကလေးငယ်တစ်ဦး ဖြစ်နေသည့အတွက် မေးမြန်းစစ်ဆေးရာ အဆိုပါ မိန်းကလေးငယ်မှ ဖြစ်စဉ်နှ င့် ပတ်သက်၍ ယင်းကဲသို့ ပြောဆို ထွက်ရှိခဲ့ကြောင်း သိရှိရသည်။
“ ကားသမားတွေက အဲ့ဒီကလေးမလေးကိုယ်မေးတယ် ..။ သမီးက ဘယ်ကိုလိုက်မှာလည်း..။ ဘယ်သူတွေ ပါသေးသလဲ လို့မေးကျပါတယ်။ ဘာမှရေရေရာရာအဖြေမပေးနိုင်ပါဘူး။ ကြောင်အမ်းအမ်း ဖြစ်နေရ တာ ကို က အကြောင်းအရာတစ်ခုကို ဖွင့်ပြောပြနေသလိုမျိုးဖြစ်နေပါတယ်” ဟု မုံရွာ အဝေးပြေး ကားဂိတ် တွင် တာဝန်ကျရဲတပ်သား ကိုမင်းမင်းစိုး က ယင်းကဲသို့ပြောပြသည်။
ကားကွင်းတွင် ခရီးသွားပြည်သူလူထု စိတ်နှလုံးအေးချမ်းသာယာစွာ ခရီးသွားလာနိုင်ရေးအတွက် တာဝန် ထမ်းဆောင် လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များသည် တိုင်းဒေသကြီး အမျိုးသမီးရေးရာ ဥက္ကဌ ဒေါ်သန်းသန်းနု ထံ တင်ပြ အကြောင်းကြားခဲ့ပြီးနောက် မုံရွာ အမှတ်(၁) ရဲစခန်းမှုး ရဲအုပ် ကျော်ကျော်ညွှန့်၏ အနီး ကပ်ကူ ညီပေးမှုဖြင့် မိန်းကလေးငယ်အား မိဘများထံ ကောင်းမွန်စွာပြန် လည်အပ်နှံပေး ခဲ့ကြောင်း သိရှိရသည်။ 
ဆက်လက်ပြီး ရဲတပ်ဖွဲ့အနေဖြင့် ယင်းကိစ္စရပ်အပေါ် ဆက်လက်အရေးယူဆောင်ရွက်ရန် အခြေအနေ အားမေးမြန်းရာတွင်“ရဲလုပ်ငန်းသဘောအရကတော့ ချောင်းဦးမြို့နယ်ထဲမှာစတင်ဖြစ်ပွားခဲ့တဲ့ ကိစ္စဖြစ်တာကြောင့် အမှုရေးဖွင့် ခြင်းနဲ့ ဆက်လက်စုံစမ်းခြင်းဆိုတာ ချောင်းဦးမြို့နယ် နဲ့ပဲသက်ဆိုင်ပါတယ်။ တာဝန်ရှိတာကတော့ အားလုံး မှာ တာဝန်ရှိပါတယ်။ လုပ်ငန်းသဘောအရ နယ်မြေကန့်သတ်ထားတာပါ”ဟု တာဝန်ကျ ရဲအရာရှိတစ်ဦးက တုန့်ပြန် ပြောဆိုသည်။အသက်အရွယ် နုငယ်သော သားသမီးများအပေါ် အုပ်ထိန်းသူမိဘများက သိရှိနားလည်ဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိသော သုတအဖြာဖြာအား တိုင်းဒေသကြီး အမျိုးသမီးရေးရာ ဥက္ကဌ နှင့် ရဲစခန်းမှုးတို့က ၎င်းအခမ်းအနားတွင် ပညာပေး ဟောပြောခဲ့ကြောင်း သိရှိရသည်။
oppositeyes

စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိ သူ များနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များပူးပေါင်းပါ ၀င်သောအဖွဲ့တစ်ဖွဲ့သည်

"12"ခြောက်လုံး ပိုင်ရှင်ထွက်ပေါ်လာ

"12"ခြောက်လုံး ပိုင်ရှင်ထွက်ပေါ်လာ

      12-12-12 ရက် 12နာရီ 12 မိနစ်တွင် အသက်(12)နှစ် ပြည့်သည့်
အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်မြို့မှ ကီအမ်မိုရီယာ သည် "12" ခြောက်လုံးပိုင်ရှင်
ဖြစ်လာခဲ့ကြောင်း သိရသည် ။ ၄င်း၏ မွေးစာရင်းများကို သက်ဆိုင်ရာမှ စစ်
ဆေးပြီး နောက်ယင်းကဲ့သို့ အတည်ပြုခဲ့ခြင်းဖြစ်သည်။ 12-12-12 ရက်
ထပ်မံဖြစ်ပေါ်ရန် 2112ခုနှစ်အထိစောင့်ဆိုင်းရမည်ဖြစ်သောကြောင့် ဒီဇင်
ဘာလ ၏ထူးခြားသောနေ့ရက်တွင် ယင်းကဲ့သို့ "12" ခြောက်လုံးပိုင်ရှင်ပေါ်
ထွက်လာသဖြင့် ဂုဏ်ယူကြောင်း ဘာမင်ဂမ် တာဝန်ရှိသူများက ဆိုသည်။

(ကြေးမုံ)
၁၄ ဒီဇင်ဘာ ၂၀၁၂

============

TSJ Tech Team

============ 12-12-12 ရက် 12နာရီ 12 မိနစ်တွင် အသက်(12)နှစ် ပြည့်သည့် အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်မြို့မှ ကီအမ်မိုရီယာသည် "12"  ခြောက်လုံး ပိုင်ရှင်ဖြစ်လာခဲ့ကြောင်း

တန်ဖိုးနည်3းG မိုဘိုင်းဖုန်းများမကြာမီရောင်းချပေးတော့မည်

တန်ဖိုးနည်3းG မိုဘိုင်းဖုန်းများမကြာမီရောင်းချပေးတော့မည်

ရန်ကုန်   ဒီဇင်ဘာ ၁၃
သတင်း-စိန်လွင်အောင်
ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာမှ

           တန်ဖိုးနည်းမိုဘိုင်းဖုန်းများ လာမည့် ၂၀၁၃ နှစ်ဦးပိုင်းတွင် ရန်ကုန်
တိုင်းဒေသကြီးအတွင်းတွင် အရောင်းဌာနကြီး ၁၈ ခုဖွင့်ကာစတင်ရောင်းချ
တော့မည်ဖြစ်ကြောင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူ တစ်ဦးထံ
မှသိရသည်။

           အဆိုပါသတင်းနှင့်ပတ်သက်ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ရန်
ကုန်တိုင်းဒေသကြီးရုံးမှ တာဝန်ရှိသူတစ်ဦးအားမေးမြန်းခဲ့ရာ "ဟုတ်ပါတယ်
၊ပြည်သူတွေမျှော်လင့်ထားသလို တန်ဖိုးနည်းဖုန်းတွေကို မကြာမီ လာမည့် နှစ်ဦးပိုင်းမှာ နိုင်ငံတော်ကထပ်မံစတင်ရောင်းချဖို့ စီစဉ်ဆောင်
ရွက်နေပြီ ဖြစ်ပါတယ်။ တန်ဖိုးကတော့ အတိအကျပြောလို့မရသေးပါဘူး။
ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေနဲ့ရှုထောင့် ပေါင်းစုံက အ
သေးစိတ်တွက်ချက်ပြီးမှသာ ရောင်းချပေးမယ့်ဈေးနှုန်းကို အတည်တကျ 
ဖော်ပြပေးလို့ရမှာဖြစ်ပါတယ်။  တန်ဖိုးနည်းဖုန်း အနေနဲ့ အခု အသစ်ထပ်မံ
ရောင်းချပေးမယ့် ဖုန်းကတော့ 3G System UMTS လို့ခေါ်တဲ့ ဖုန်းအမျိုးအ
အစား ဖြစ်ပါတယ်"။ 

        "UMTS ဆိုတဲ့အဓိပါယ်ကတော့(Universal Mobile Telephone System)ဖြစ်ပါတယ်။ ယနေ့နိုင်ငံတကာမှာ အဓိက အသုံးပြုနေတာက 3G 
 စနစ်ကိုပဲ တွင်တွင်ကျယ်ကျယ်အသုံးပြုနေတာ ဖြစ်ပါတယ်။ ဒါကြောင့် 
ကျွန်တော်တို့ နိုင်ငံအနေ နဲ့လည်း နိုင်ငံတကာမှာတွင်တွင်ကျယ်ကျယ်
အသုံးပြုနေတဲ့ ဒီ GSM စနစ်ကိုပဲတစ်ဆင့်ပြီး တစ်ဆင့် တိုးချဲ့ တပ်ဆင် အသုံးပြုသွားမှာ ဖြစ်ပါတယ်"  ဟုရှင်းပြသည်။

       ယခု အသစ်ထပ်မံရောင်းချပေးမည့် 3G / UMTS သည် ယနေ့နိုင်ငံ
တကာတွင် အများဆုံးတွင်ကျယ်စွာအသုံးပြုနေသော မိုဘိုင်းဖုန်းစနစ် ဖြစ်
ကြောင်း သိရသည်။ 3G အမျိုးအစားဖြစ်သည့်အလျောက် ဟန်းဆက်အမျိုး
အစားမြင့်လျှင် မြင့်သလို အကျိုးရှိစွာ ပိုမိုအသုံးပြုနိုင်သည်။

       အဆိုပါတန်ဖိုးနည်းဖုန်းထွက်ရှိလာလျှင် ပြည်သူများအား ရောင်းချ
ပေးမည့်အခြေအနေ နှင့်ပတ်သက်ပြီး "ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းအနေနဲ့ ကတော့ သက်ဆိုင်ရာဈေးနှုန်းသတ်မှတ် ပြီ ဆိုရင် ဒီ ရန်ကုန် တိုင်းဒေသကြီးအတွင်းမှာ မိုဘိုင်းအရောင်းဌာန၁၈ ခု ထားရှိပြီး
ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အဲဒိဌာနတွေကတော့-

 (၁)လမ်း ၄၀အော်တို အင်ဂျင်နီယာချုပ်ရုံး

 (၂)အမှတ် (၁၂၅)၊ပန်းဆိုးတန်းလမ်း၊ပန်းဆိုးတန်းကြေးနန်းရုံး(Customer
Care Service Center)

 (၃)မိုဘိုင်းအင်ဂျင်နီယာချုပ်ရုံး၊ ရွှေဂုံတိုင်၊ဗဟန်း။

 (၄)မိုဘိုင်းဌာနရုံး(အလုံ)။

 (၅)အမှတ်(၃၉ )၊ ဗိုလ်အောင်ကျော်လမ်း၊တိုင်းမန်နေဂျာရုံး။

 (၆)အင်းစိန်စာတိုက်။

 (၇)တက်ကသိုလ်စာတို်က်(ကမာရွတ်)။

 (၈)ဗိုလ်တထောင်စာတိုက်။

 (၉ )ဒဂုံမြို့သစ်(မြောက်ပိုင်း)။

 (၁၀)ရန်ကင်းစာတိုက်။

 (၁၁)ကြေးနန်းဆက်သွယ်ရေးနှင့်စာတိုက်သင်တန်းကျောင်း(ပုဇွန်တောင်)။

 (၁၂)သန်လျင်အိတ်ချိန်း။

 (၁၃)သုံးခွအိတ်ချိန်း။

 (၁၄)တွံတေးအိတ်ချိန်း။

 (၁၅)ထန်းတပင်အိတ်ချိန်း။

 (၁၆)မှော်ဘီအိတ်ချိန်း။

 (၁၇)တိုက်ကြီးအိတ်ချိန်း။

 (၁၈)လှည်းကူးအိတ်ချိန်း။

တို့ကို ပြည်သူတွေနီးစပ်ရာမှ အဆင်ပြေလွယ်ကူစွာ ၀ယ်ယူအသုံးပြုနိုင်
အောင်စီစဉ်ပေးထားပါတယ်" ဟုပြောကြားသည်။

       အဆိုပါ တန်ဖိုးနည်3းG (System)/ UMTS ဖုန်းများကို ပြည်သူလူထု
၏ လိုအပ်ချက်အတိုင်း ရောင်းချပေးသွားမှာဖြစ်ပြီး ဖုန်းအရေအတွက် (Numbering System)မှာလည်း လောလောဆယ်အနေဖြင့် ထပ်တိုးလာ 
နိုင်မှု မရှိကြောင်း သိရသည်။ ထို့အပြင် အဆိုပါ တန်ဖိုးနည်းဖုန်းများကို
နေပြည်တော်နှင့် မန်းတလေးတိုင်းဒေသကြီးတို့တွင်လည်း တပြိုင်နက်
ရောင်းချပေးသွားမည် ဖြစ်ပါသည်။
               
                                                                (မြန်မာ့အလင်း)


---------------------

TSJ Tech Team

---------------------
တန်ဖိုးနည်းမိုဘိုင်းဖုန်းများ လာမည့် ၂၀၁၃ နှစ်ဦးပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် အရောင်းဌာနကြီး ၁၈ ခုဖွင့်ကာစတင်ရောင်းချ   တော့မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တာဝန်ရှိသူ တစ်ဦးထံ မှသိရသည်။

အက်စစ်ကြောင့် ကျန်းမာရေးထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ် (၄)ဦး ကျန်းမာရေးစစ်ဆေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေး အဖွဲ့ သတင်း ထုတ်ပြန်ချက် (၁၂/၂ဝ၁၂)၂ဝ၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက် ၁၃၇၄ ခု၊ နတ်တော်လဆန်း ၁ ရက်အက်စစ်ကြောင့် ကျန်းမာရေး ထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ် (၄) ဦးအား ကျန်းမာရေး စစ်ဆေးမှု သတင်း ထုတ်ပြန်ခြင်း

အရှေ့တရုတ် ပင်လယ် အရေး ဂျပန်နဲ့ တရုတ် အငြင်းပွား

အရှေ့တရုတ် ပင်လယ် အရေး ဂျပန်နဲ့ တရုတ် အငြင်းပွား 
( ဗွီအိုအေ သတင်းဌာနမှ ကူးယူဖေါ်ပြပါသည် )


ကြာသပတေးနေ့က အရှေ့တရုတ်ပင်လယ်ထဲက အငြင်းပွားနေတဲ့ ကျွန်းတွေအနီးမှာရှိတဲ့ လေပိုင်နက်ထဲကို တရုတ်လေယာဉ်တစင်း ၀င် ရောက်လာတဲ့အတွက် ဂျပန်ဘက်ကလည်း F-15 ဂျက်တိုက်လေယာဉ် ၈ စင်း ပျံဝဲခဲ့ရာက ၂ နိုင်ငံကြား သံတမန်ရေးရာ အချေအတင် ပြသနာတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အငြင်းပွားနေတဲ့ ဒီကျွန်းတွေအနီးမှာ တရုတ်သမုဒ္ဒရာရေကြောင်းအဖွဲ့ လေယာဉ်တစင်းကို တွေ့ခဲ့ရတာကြောင့် အခုလို ဂျက်တိုက်လေယာဉ် တွေကို ချက်ချင်း စေလွှတ်ခဲ့ရတာဖြစ်တဲ့အကြောင်း - ဂျပန်နိုင်ငံရဲ့ အစိုးရ၀န်ကြီးအဖွဲ့ ၀န်ကြီး - အိုစာမူ ဖူဂျီ မူးရ (Osamu Fujimura) က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

F-15 ဂျက်တိုက်လေယာဉ်တွေအပြင် E-2 C Hawk Eye အမည်ရှိ ထောက်လှမ်းရေးလေယာဉ်လဲ ပါသွားသလို - ဂျပန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်လဲ တရုတ်အစိုးရကို ဒီကိစ္စနဲ့ပတ်သက်ပြီး တရားဝင်ကန့်ကွက်မှုတွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဂျပန်ဝန်ကြီးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ်က - ဗွီအိုအေကို ပြောပြခဲ့ပါတယ်။ ဒါ့အပြင် တိုကျိုမှာရှိတဲ့ တရုတ်သံအမတ်ကြီးကိုလည်း ဆင့်ခေါ်ပြီး ကန့်ကွက်ကြောင်း ပြောဆိုခဲ့တာပါ။ အခုလိုမျိုး ဂျပန်ဘက်က သူတို့ ပိုင်အဖြစ် မှတ်ယူထားတဲ့ လေပိုင်နက်ထဲကို တရုတ်လေယာဉ်တစင်း ကျူးကျော်ဝင်ရောက် လာတာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဂျပန်အစိုးရ က ပြောခဲ့ပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်ကတော့ - ဒါဟာ ပုံမှန်အတိုင်း ပျံသန်းမှုသာဖြစ်တယ်ဆိုပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟောင်းလီ (Hong Lei) က တုန့်ပြန်ခဲ့ပါတယ်။

http://burmese.voanews.com/content/china-japan/1564090.htmlကြာသပတေးနေ့က အရှေ့တရုတ်ပင်လယ်ထဲက အငြင်းပွားနေတဲ့ ကျွန်းတွေအနီးမှာရှိတဲ့ လေပိုင်နက်ထဲကို တရုတ်လေယာဉ်တစင်း ၀င် ရောက် လာတဲ့အတွက် ဂျပန်ဘက်ကလည်း F-15 ဂျက်တိုက်လေ ယာဉ် ၈ စင်း ပျံဝဲခဲ့ရာက ၂ နိုင်ငံကြား သံတမန်ရေးရာ အချေ အတင် ပြသနာတွေ ပေါ်ပေါက်ခဲ့ပါတယ်။

စင်ကာပူကမ်းလွန်ရှိ ဗီယက်နမ်သင်္ဘောပေါ်တွင် မြန်မာမှ ထွက်ပြေးလာဟုဆိုသူ လူ ၄၀ ကို စင်ကာပူဝင်ခွင့်မပေး

ပြီးခဲ့သည့် အပတ်က မြန်မာနိုင်ငံ ပင်လယ်ပြင်အနီးမှ ကယ်တင် ခဲ့ရသော သင်္ဘောပျက်မှ အသက်ရှိကျန်ရစ်သူ လူ ၄၀ ခန့်သည် စင်ကာပူကမ်းလွန်ပင်လယ်ပြင်အနီး၌ ဗီယက်နမ်ကုန်တင် သင်္ဘော တစ်စီးပေါ်တွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

Gangnam Style အကကို အပြင်းအထန် ကခုန်ရင်း ဗြိတိန်သားတစ်ဦး သေဆုံး

နာမည်ကျော် Gangnam Styleအကကို ခရစ္စမတ် ပါတီတွင် အပြင်း အထန် ကခုန်ရင်း ဗြိတိန်၌ လူတစ်ဦး နှလုံးရောဂါဖောက် ကာ သေဆုံးသွားကြောင်း သိရှိရသည်။

ထိုင်း-မြန်မာ နယ်စပ်တွင် တလလျှင် ကလေး ၂ဝ ခန့် ရောင်းဝယ်ခံရနေဆဲ

 HREIB မှ ဒါရိုက်တာ ကိုအောင်မျိုးမင်း က ဗုဒ္ဓဟူးနေ့က ကျင်းပသော ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု ပပျောက်ရေး အခမ်းအနားတွင် ပြောကြားလိုက် သည်။

နိုင်ငံတကာ ကလေးကူးသန်းရောင်းဝယ်မှု ဆန့်ကျင်တားဆီးရေးနေ့မှာ ဒီဇင်ဘာလ ၁၂ ရက်နေ့ဖြစ်ပြီး မြန်မာနိုင်ငံ တွင် အထိမ်းအမှတ် အခမ်းအနားကို ယခုနှစ်တွင်မှ ပထမဆုံး အကြိမ်အဖြစ် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။

ct1

“အခုနောက်ပိုင်း အစိုးရနဲ့ NGO တွေရဲ့ အသိပညာပေး လုပ်ဆောင်မှုတွေကြောင့် ကလေး ကူးသန်းရောင်းဝယ်မှုက လျော့လာပေမယ့်လည်း ပညာပေး ချိတ်ဆက်မှု အားနည်းပြီး စားဝတ်နေရေး နိမ့်ကျလို့၊ ရွှေ့ပြောင်းရင်းနဲ့ လူကုန်ကူး ခံရတဲ့ အဖြစ်တွေကတော့ ရှိနေသေးတာပဲ” ဟု ကိုအောင်မျိုးမင်း က ဆိုသည်။

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် Excel Tower Hotel တွင် ပြုလုပ်ခဲ့သော အခမ်းအနားတွင် ဒု-ရဲမှူး ဒေါ်အေးမြင့် က ၂ဝ၁၂ ခုနှစ်အတွင်း လူကုန်ကူးမှုများအထဲမှ ၁၆ နှစ်အောက် ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု ၂၂ မှု ပါဝင်ခဲ့ပြီး ကလေး ၃၂ ဦးတွင် လက်ထပ်ထိမ်းမြားခံရသူ ၁၃ ဦး၊ အဓမ္မ စေခိုင်းမှုခံရသူ ၉ ဦး၊ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရသူ ၈ ဦးနှင့် အဓမ္မ တောင်းရမ်းစေခိုင်းခြင်း ခံရသူ ၁ ဦး ပါဝင်ခဲ့သည်ဟု ပြောဆိုသွားသည်။

ct
ဒု-ရဲမှူး ဒေါ်အေးမြင့်
လူကုန်ကူးမှု ဖြစ်စဉ်များတွင် ၇ဝ ရာခိုင်နှုံးသည် တရုတ်နိုင်ငံသို့ အဓမ္မ ရောင်းစားခံရပြီး ၂ဝ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံရှိ ငါးဖမ်းသင်္ဘောများသို့ ရောင်းစားခံရကာ ၁ဝ ရာခိုင်နှုန်းသည် ပြည်တွင်းတွင် ပြည့်တန်ဆာနှင့် လုပ်အား ခေါင်းပုံဖြတ် ရန် အဓမ္မ တောင်းရမ်းစေခိုင်းမှုများ အတွက် ကူးသန်းရောင်းဝယ်ခံရကြောင်း ဒေါ်အေးမြင့် က ဆက်လက်ရှင်းပြ သည်။


ကလေးကူးသန်းရောင်းဝယ်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်လိုက်သည့် ရာဇဝတ်မှု တားဆီးရေး သဘောတူ စာချုပ်ကို အီတလီနိုင်ငံ၊ ပါလာမိုမြို့တွင် ၂ဝဝဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၂ ရက်နေ့က ချုပ်ဆိုနိုင်ခဲ့၍ ထိုနေ့အား ကလေးသူငယ် ကူးသန်းရောင်းဝယ်မှု ဆန့်ကျင်တားဆီးရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံကမူ ထိုစာချုပ်ကို ၂ဝဝ၃ ခုနှစ်တွင် အတည်ပြု လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံသည် ၂ဝဝ၄ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံများနှင့်တန်းတူ ကုလသမဂ္ဂ၏ နိုင်ငံဖြတ်ကျော် မှုခင်းများအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်နှင့် ပါဝင် လတ်မှတ်ရေးထိုးခဲ့ပြီး နောက်ဆက်တွဲ လူကုန်ကူးမှု တိုက်ဖျက်ရေးနှင့် လူမှောင်ခို သွားလာမှု တိုက်ဖျက်ရေး စာချုပ်များတွင် လက်မှတ် ရေးထိုးခဲ့သည်။

၂ဝဝ၅ ခုနှစ်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေကို မြန်မာနိုင်ငံတွင် ပြဋ္ဌာန်းခဲ့ပြီး လူကုန်ကူးမှု တားဆီး
နှိမ်နှင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ၂ဝ၁၂ ခုနှစ်တွင် ရပ်ကွက်ကျေးရွာ အဆင့်အထိ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး အဖွဲ့များ၊ အထူးစောင့်ကြည့် အဖွဲ့များ ထားရှိခဲ့ပြီး မဲခေါင်မြစ်ဝှမ် ဒေသ ၆ နိုင်ငံနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာလ အထိ တနိုင်ငံလုံးတွင် လူကုန်ကူးမှုပေါင်း ၈၈၅ မှုကိုဖော်ထုတ် အရေးယူနိုင်ခဲ့ပြီးလူကုန်ကူးခံရသူ ၁,၉၃၈ ဦးကို ကယ်တင်နိုင်ခဲ့ကာ တရားခံ ၂,၄၅၃ ဦးကို အရေးယူနိုင်ခဲ့သည်။

From : ရန်ကုန် (မဇ္ဈိမ) ။

အမျိုးသားဥယျာဉ်ကြီးများတွင်လည်း သစ်ခိုးထုတ်မှုများ ရှိနေ

အမျိုးသားဥယျာဉ်ကြီးများတွင်လည်း သစ်ခိုးထုတ်မှုများ ရှိနေ

12 Dec 2012

မြန်မာနိုင်ငံရှိ အမျိုးသားဥယျာဉ်ကြီးများတွင် သစ်ခိုးထုတ်မှုများ ရှိနေကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးစည်သူလွင်က ပြောကြား လိုက်သည်။ မြန်မာနိုင်ငံရှိ အာဆီယံ အမွေအနှစ် ဥယျာဉ်များအဖြစ် သတ်မှတ်ထားသည့် အမျိုးသားဥယျာဉ်များမှာ- ခါကာဘိုရာဇီ အမျိုးသား ဥယျာဉ်၊ အင်းတော်ကြီးတောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၊ အင်းလေးကန် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၊ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်နှင့် နတ်မတောင်အမျိုးသား ဥယျာဉ်တို့ ဖြစ်ကာ လက်ရှိတွင် အဆိုပါအမျိုးသား ဥယျာဉ်များတွင် သစ်ခိုးထုတ်မှုများ ဖြစ်ပေါ်လျက်ရှိသည်။

ဦးစည်သူလွင်က “ကျွန်တော်တို့ သစ်ခိုးထုတ်မှုတွေက နေရာတိုင်းမှာ ရှိနေတာပါပဲ။ ဒါပေမယ့် အမျိုးသားဥယျာဉ်လို နေရာမျိုးတွေမှာ သစ်ခိုးထုတ်မှုတွေ ကို တွေ့ရတာကတော့ တော်တော်ဆိုးတယ်” ဟု ပြောသည်။ မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုများ ဖြစ်ရခြင်းမှာ တရားမဝင် သစ်ခိုးထုတ်မှုများ၊ အလွန်အကျွံ သစ်ထုတ်ခြင်း၊ ပြန်လည်စိုက်ပျိုးမှု အားနည်းခြင်း၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှုများ ရှိသည့်အနက် ထင်းမီးသွေး လောင်စာအတွက် အသုံးပြုမှုများ သည်လည်း သစ်တောပြုန်းတီးမှုကို များစွာဖြစ်ပေါ်စေကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များက ပြောဆိုထားသည်။ 

အမျိုးသား ဥယျာဉ်ကြီးများတွင် သစ်ခိုးထုတ်မှုများ ရှိနေမှု ပိုမိုများပြားလာခြင်းမှာ ဥပဒေကို လေးစားလိုက်နာမှု မရှိဘဲ လက်တစ်လုံးခြား လုပ်ကိုင်နေကြခြင်းကြောင့် ဖြစ်ကြောင်း သစ်တော ပညာရှင်များက သုံးသပ်ကြသည်။ ယင်းနှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူက “အမျိုးသားဥယျာဉ်လို့ဆိုတာ ဇီဝမျိုးကွဲ ထိန်းသိမ်းတဲ့ နေရာပါ။ အမျိုးသား ဥယျာဉ်လို့ သတ်မှတ်လိုက်တာနဲ့ အဲ့ဒီနေရာမှာရှိတဲ့ သတ္တုတူးတာ၊ တံတားဆောက်တာ ဘာမှလုပ်လို့ မရပါဘူး။ အခု ကျွန်တော်တို့နိုင်ငံ ဖြစ်နေတာတွေက ဘာရှိရှိ ရှိတာအကုန်တူးတယ်။ အမည်ပဲရှိတယ်” ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်ချက်မှာ သစ်တောဖုံးလွှမ်းမှု ဧရိယာ ၄၆ ရာခိုင်နှုန်း ရှိသည်ဆိုသော်လည်း သစ်တောပညာရှင်များ၏ အဆိုအရ မြန်မာနိုင်ငံတွင် သစ်တောဧရိယာ ၂၅ ရာခိုင်နှုန်းသာ ရှိတော့ကြောင်း သိရှိရပါသည်။ 

(ရန်ကုန်တိုင်းမ်)

အေးချမ်းမွန်မှ  Zaw Mintun Zawmintun တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Zaw Mintun Zawmintun
မြန်မာနိုင်ငံရှိ အမျိုးသားဥယျာဉ်ကြီးများတွင် သစ်ခိုးထုတ်မှုများ ရှိနေကြောင်း သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးစည်သူလွင်က ပြောကြား လိုက်သည်။ မြန်မာနိုင်ငံရှိ အာဆီယံ အမွေ

တရုတ်၏ တိုက်ရိုက် အထောက်အပံ့ကို ကေအိုင်အေ ရရှိနေပြီလား..

တရုတ်၏ တိုက်ရိုက် အထောက်အပံ့ကို ကေအိုင်အေ ရရှိနေပြီလား..

Dec 13, 2012

ဦးအောင်မင်းပြောသည့် တရုတ်ကိုလည်းကြောက်ရတယ်ဆိုတဲ့ စကားအတိုင်း ဖြစ်လာပါတော့မယ်။ ကေအိုင်အေသည် ၈၈ မတိုင်ခင်က ဗကပ ဆီမှ အကူအညီများ ရရှိရန် ဗကပဆိုပြီး လုပ်ခဲ့ကာ တရုတ်မှ အကူ အညီများ ယူခဲ့ဖူးသည်။ ၈၈ နောက်ပိုင်း ကာလတွင်လည်း ကေအိုင်အေ၏ အဓိက ၀င်ငွေ စီးဆင်း သည့် နိုင်ငံမှ တရုတ်နိုင်ငံ ဖြစ်သည် ဆိုတာကလည်း ငြင်းစရာမရှိ။


ကေအိုင်အေ စိုးမိုးသည့် နယ်နိမိတ်အတွင်း အံ့သြသင့်ဖွယ် တရုတ်ဖုန်းများ လွယ်ကူစွာ အသုံးပြု၍ ရနေကြောင်း၊ ကေအိုင်အေတို့၏ ဆက်သွယ်ရေး စနစ် အရမ်းမြင့်ကြောင်း ရှေ့တန်းမှ ပြန်လာသည့် အရာရှိတစ်ဦးမှ ပြောဆိုခဲ့သည်။ အစက ကျွန်တော်တို့ ထင်ထားတာ ကေအိုင်အေက တောထဲက သူပုန်လို့ပဲ ထင်ထားတာ၊ အခုမှ ဒီကောင်တွေက FM တွေ၊ အင်တာနက် နည်းပညာတွေနဲ့၊ နောက်ဆုံး တိုက်ပွဲမှာ ထိခိုက် ဆုံးရှုံးမှုတွေ ရှိရင်တောင် ချက်ချင်း ရိုက်ပြီး ဌာနချုပ်ကို ပို့ပေးနိုင်တယ်လို့ ပြောကြ တယ်။ ဒီလို နည်းပညာတွေက တရုတ်ကလွဲပြိး ဘယ်သူမှ ထောက်ပံ့မှာ မဟုတ်ဘူး ဟု ၄င်းက ဆက်ပြောခဲ့သည်။

သူတို့မှာ လက်နက်သစ်တွေလည်း အများကြီးပဲ။ အထူးသဖြင့် တရုတ်က လက်နက်တွေကို ပိုပြီး အသုံးပြု တယ် ထင်တယ်။ ပြီးခဲ့တဲ့ အခေါက် ကျွန်တော်တို့ သိမ်းမိတုန်းက ရတဲ့  ကေအိုင်အေရဲ့ ရိက္ခာခြောက်ေ တွက သေချာထုပ်ပိုးထားတာ၊ ရေးထားတဲ့ စာတွေကလည်း တရုတ်စာတွေနဲ့။ ကျွန်တော့်အထင်တော့ တရုတ် က တိုက်ရိုက်ထောက်ပံ့နေပြီလို့ ထင်တာပဲ ဟု အဆိုပါ အရာရှိနှင့် ပါလာသည့် အဖွဲ့ဝင် တစ်ဦးမှ ပြောခဲ့ သည်။

ကေအိုင်အေအဖွဲ့သည် တစ်ပတ်အတွင်း လူသစ် ၃၀၀ ကျော်ကို ဖမ်းဆီးစုဆောင်းကာ တပ်သားသစ် အဖြစ် သိမ်းသွင်းခဲ့ကြောင်း၊ ယခင်ကျေးရွာများမှသာ စုဆောင်းခဲ့သော်လည်း ယခုအခါ ကားလမ်းများနှင့် လုပ်ငန်း များအထိ တိုးချဲ့စုဆောင်းနေသဖြင့် ကချင်ပြည်နယ်အတွင်း အထိတ်တလန့် ဖြင့် နေထိုင်နေ ရသည်။

ပိုမိုယုတ်မာသော အကြံအစည်ကား ကေအိုင်အေမှ စုစည်းဖွဲ့စည်းထားသည့် ဂေါ်ရခါးတပ်ရင်း ခေါ် ဘင်္ဂလီ တပ်ရင်း အား ဒုက္ခသည်များ  အဖြစ် ၄င်းတို့မှ စောင့်ရှောက်ထားရကြောင်း မှတ်တမ်း ရိုက်ကူး မည်ဖြစ်ပြီး အထောက် အပံ့များ တောင်းခံသွားမည် ဖြစ်ကြောင်း သိရသည်။

(Oppositeye)
ဦးအောင်မင်းပြောသည့် တရုတ်ကိုလည်းကြောက်ရတယ်ဆိုတဲ့ စကား အတိုင်း ဖြစ်လာပါတော့မယ်။ ကေအိုင်အေသည် ၈၈ မတိုင် ခင်က ဗကပ ဆီမှ အကူအညီများ ရရှိရန် ဗကပဆိုပြီး လုပ်ခဲ့ကာ တရုတ်မှ အကူအညီများ ယူခဲ့ဖူးသည်။ ၈၈ နောက်ပိုင်း ကာလတွင် လည်း ကေ အိုင်အေ၏ အဓိက ၀င်ငွေ စီးဆင်း သည့် နိုင်ငံမှ တရုတ်နိုင်ငံ ဖြစ်သည် ဆိုတာကလည်း ငြင်းစရာမရှိ။

ကနေဒါ ကုမ္ပဏီက ကိုယ်ပျောက် ဝတ်ရုံ တီထွင်

ကနေဒါကုမ္ပဏီက ကိုယ်ပျောက်ဝတ်ရုံ တီထွင်<br /><br />
Wednesday, 12 December 2012 </p><br />
<p>ကနေဒါနိုင်ငံရှိ Hyperstealth Biotechnology ကော်ပိုရေးရှင်းမှ ရေဒါဖြင့်<br /><br />
ထောက်လှမ်း၍မရနိုင်သော ကိုယ်ပျောက်ဝတ်ရုံအား တီထွင်လိုက်ကြောင်း သိရသည်။ အဆိုပါဝတ်ရုံသည် ပတ်ဝန်းကျင်ရှိ အလင်းလှိုင်းများကို ညွှတ်ကွေးစေပြီး ဝတ်ဆင်ထားသူအား လုံးဝမြင်နိုင်ခြင်း မရှိပေ။ ဟယ်ရီပေါ်တာဇာတ်လမ်းထဲမှ မှော်ဝတ်ရုံနှင့်တူသော အဆိုပါဝတ်ရုံသည် ဂူဂဲ၏ night-vision ဖြင့်ပင် ထောက်လှမ်းနိုင်စွမ်းမရှိဟု တီထွင်သူများက<br /><br />
ဆိုသည်။</p><br />
<p>ကိုယ်ပျောက်ဝတ်ရုံသည် ပေါ့ပါး၍ ကင်မရာ၊ ဘက်ထရီ၊ အလင်းပေးမှုများ မလိုအပ်ပဲ အသုံးပြုနိုင်သည်ဟု သိရသည်။ ယင်းဝတ်ရုံကို နေ့ဘက်တွင် မမြင်နိုင်သကဲ့သို့ ရေဒါဖြင့်ထောက်လှမ်း၍လည်းမရနိုင်ကြောင်း Hyperstealth Biotechnology ကော်ပိုရေးရှင်းမှ အမှုဆောင်အရာရှိချုပ် မစ္စတာ ကရာမာက CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။ ယင်းဝတ်ရုံ၏ အသုံးဝင်ပုံကိုသာ ကြေညာမည်ဖြစ်ပြီး ဝတ်ရုံ၏ မည်သည့် အသေးစိတ် အချက်အလက်ကိုမျှ ထုတ်ဖော်ပြောကြားသွားမည်မဟုတ်ဟု ကုမ္ပဏီပိုင် website တွင် ရေးသားထားသည်။</p><br />
<p>http://www.dailymail.co.uk/sciencetech/article-2245935/The-camouflage-fabric-make-soldiers-INVISIBLE-Company-claims-Pentagon-backing-miracle-material.html</p><br />
<p>Planet Myanmar Network
ကနေဒါနိုင်ငံရှိ Hyperstealth Biotechnology ကော်ပိုရေးရှင်းမှ   ရေဒါဖြင့်ထောက်လှမ်း ၍မ ရနိုင်သောကိုယ်ပျောက်ဝတ်ရုံအား တီထွင်လိုက်ကြောင်း သိရသည်။ အဆိုပါဝတ်ရုံသည် ပတ်ဝန်းကျင်ရှိ အလင်းလှိုင်းများကို ညွှတ်ကွေးစေပြီး ဝတ်ဆင်ထားသူအား