Thursday, December 13, 2012

လမ်းလျှောက်ခါစကလေးငယ်၊ ဆရာနှစ်ယောက်အပါအ၀င် ၆ ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ထိုင်းနိုင်ငံတောင်ပိုင်းတွင် လူ ၆ ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး၊  ၅ ဦးမှာ ပြင်းထန်သည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ပစ်သတ်ခံရသည့် ၆ ဦးတွင် လမ်းလျှောက်ခါစ ကလေးတစ်ဦးနှင့် ကျောင်းဆရာနှစ်ဦး ပါဝင် ကြောင်းသတင်းရရှိသည်။

နေပြည်တော် ကားပြ ပွဲတွင် ကုန်ပစ္စည်း ၏ ၃၀ ရာခိုင် နှုန်းကို ပေးချေ ရုံဖြင့် လက်ဝယ် ပိုင်ဆိုင် နိုင်မည်

နေပြည်တော် ကုန်စည် ပြပွဲနှင့် ကားပြပွဲတွင် ခင်းကျင်း ပြသ ထားသော မော်တော်ကား များ ကို တွေ့ရစဉ်။  နေပြည်တော် ကုန်စည် ပြပွဲနှင့် ကားပြပွဲဖွင့်ပွဲ အခမ်း အနားကို ယနေ့ မွန်းတည့် ၁၂ နာရီတွင် အဆိုပါ ပြပွဲ ကျင်းပမည့် ဥပ္ပါတသန္တိ စေတီတော် ဘုရားပွဲတော်  ကျင်းပ သည့်ကွင်း အဝင် မုခ်ဦး၌ ကျင်းပသည်။

ကသာမြို့မှ မိန်းမပျိုတစ်ဦး အကြောင်းမဲ့ ပျောက်ဆုံးလျှက်ရှိ

Photo: ကသာမြို့မှ မိန်းမပျိုတစ်ဦး အကြောင်းမဲ့ ပျောက်ဆုံးလျှက်ရှိ
Thursday, December 13, 2012

ဒီဓါတ်ပုံရှင်အား တွေ့ရင် အကြောင်းကြားပေးကြပါ

ကသာမြို့ အမှတ်(၉)ရပ်ကွက်နေ မမေသက်ဇွန်သည် ၁၂၊၁၁၊၁၂ရက်နေ့ မနက်က အကြောင်းမဲ့ ပျောက်ဆုံးသွားခဲ့ပါသည်၊ထိုမိန်းကလေးမှာ 
အသက်၂၄နှစ်ရှိပြီဖြစ်ပြီး စက်ချုပ်မှုအလုပ်လုပ်ကိုင်သူဖြစ်ကြောင်း
၎င်း၏မိခင်ဖြစ်သူဒေါ်ခင်နန်းမြင့်မှ ကျွန်တော့်ထံ ဆက်သွယ်ပြောဆို
ခဲ့ပါသည်၊၊

“ကျွန်မသမီးလေးက ကျွန်မနဲ့ အတူနေလို့ ရည်းစားမရှိတာ ကျွန်မသိပါတယ်၊တကယ်လို့ ရည်းစားနောက်လိုက်သွားရင်လည်း 
အခုဆို (၁)လရှိနေပါပြီ၊သတင်းတစ်ခုခုတော့ ကြားရမှာပေါ့၊အခုလို
ရုတ်တရက် ဘာသတင်းမှ မကြားရဘဲ စုန်းစုန်းမြုတ် ပျောက်သွားတော့ ပိုစိတ်ပူနေရပါတယ်၊သမီးလေးပျောက်သွားတဲ့နေ့က စက်ချုပ်
ပစ္စည်းတွေလည်းပါသွားတယ်၊သူ့ဆိုင်ကယ်ကိုလည်း ပေါင်သွားတယ်၊
သူဆိုင့်ကယ်သွားပေါင်တဲ့ မိတ်ဆွေကပြောတာတော့ မေသက်ဇွန်
ဆိုင်ကယ်လာပေါင်တဲ့ အချိန်မှာ ကသာမြို့ခံမဟုတ်တဲ့ မျက်နှာစိမ်း
တစ်ယောက်ပါလာတယ်တဲ့၊နောက်ပြီး ဗန်းမော်သွားတဲ့ ကားလမ်း၊
ငါးအိုးရွာမှာလည်း မေသက်ဇွန်ကို အဲဒီမိန်းကလေးနဲ့ပဲ တွေ့တဲ့သူ
ရှိတယ်တဲ့၊ဒီတော့ ကျွန်မတို့အနေနဲ့ လူကုန်ကူးခံလိုက်ရပြီလားလို့
တွေးမိပါတယ်”

ဒေါ်ခင်နန်းမြင့်ပြောခဲ့သည့် ဖြစ်စဉ်မျိုးမှာ ၂၀၁၀ခုနှစ်ကလည်း အင်းတော်မြို့တွင် ဖြစ်ဖူးခဲ့ပါသည်၊မြို့ခံမိန်းကလေးများကို ဆေးတိုက်ပြီး လူကြီးများ မသိအောင် အ၀တ်အစားယူစေ၍ တရုတ်နိုင်ငံသို့
ခေါ်ဆောင် ရောင်းချခဲ့သည့် ဖြစ်စဉ်များဖြစ်ပါသည်။

ထိုဖြစ်စဉ်အား ကျွန်တော်မှ ဖေါ်ထုတ်ရေးသားခဲ့ရာ လူကုန်ကူးခဲ့သည့် တရားခံ များအားလုံး ထောင်(၁၀)နှစ်ကျခံလိုက်ရပြီးဖြစ်ပါသည်။
ယခုပျောက်ဆုံးသွားသည့်ဖြစ်စဉ်မှာ ယခင်အင်းတော်မြို့တွင် ဖြစ်ပွားခဲ့သော
ခြေရာလက်ရာအတိုင်းဖြစ်နေပါသောကြောင့် မိခင်ဖြစ်သူ၏ စိုးရိမ်မှုမှာ အပြစ်ဆိုစရာမရှိပါ။ 

ထိုပျောက်ဆုံးသွားသောမိန်းကလေးနှင့် ပါတ်သက်၍တွေ့ရှိသူများ၊
တွေ့မြင်သူများရှိပါက ကျွန်တော့်ထံ အွန်လိုင်းမှတဆင့်(သို့မဟုတ်)
ဖုန်း၀၉၆၄၆၈၄၅၅ သို့ ဆက်သွယ်ကူညီပေးနိုင်ရန် ရေးသားလိုက်ရပါသည်၊

(ဟာဂျူလီ-ကသာ) Facebook
ဒီဓါတ်ပုံရှင်အား တွေ့ရင် အကြောင်းကြားပေးကြပါ
ကသာမြို့ အမှတ်(၉)ရပ်ကွက်နေ မမေသက်ဇွန်သည် ၁၂၊၁၁၊၁၂ ရက်နေ့ မနက်က အကြောင်း မဲ့ ပျောက်ဆုံး သွားခဲ့ပါသည်၊ ထိုမိန်းက
လေးမှာအသက်၂၄နှစ်ရှိပြီဖြစ်ပြီး စက်ချုပ်မှု အလုပ်လုပ်ကိုင် သူ ဖြစ်ကြောင်း၎င်း၏မိခင်ဖြစ်သူဒေါ်ခင်နန်းမြင့်မှ ကျွန်တော့်ထံ ဆက်သွယ်ပြောဆိုခဲ့ပါသည်၊၊

စစ်တောင်းတံတားများ ကျဉ်းမြောင်းမှုကြောင့် ခရီးသည်များ အချိန်နှောင့်နှဲမှုကြုံနေရဆဲ

စစ်တောင်းတံတားသစ်နှင့် တံတားဟောင်း သွားရာ လမ်းဆုံတွင်  လမ်းများကျဉ်းမြောင်းမှုကြောင့်  မော်တော်ယာဉ်နှင့် ခရီးသည်များ အချိန်နှောင့်နှဲမှု ကြုံနေရဆဲဖြစ် သည်ဟု သိရသည်။

အမေရိကန်အခြေစိုက် Alvogen ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီ Silver Shine International တို့ပူးပေါင်း၍ ပြည်တွင်း၌ အဆင့်မြင့် နိုင်ငံခြားဆေးဝါးများ စတင်ထုတ်လုပ်ရန် ပြင်ဆင်

Photo: အမေရိကန်အခြေစိုက် Alvogen ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီ Silver Shine International တို့ပူးပေါင်း၍ ပြည်တွင်း၌ အဆင့်မြင့် နိုင်ငံခြားဆေးဝါးများ စတင်ထုတ်လုပ်ရန် ပြင်ဆင် 
Thursday, 13 December 2012 

အမေရိကန်အခြေစိုက် Alvogen ကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ Silver Shine International (SSI) ကုမ္ပဏီတို့ ပူးပေါင်း၍ ပြည်တွင်း၌ အဆင့်မြင့်
နိုင်ငံခြားဆေးဝါးများ စတင်ထုတ်လုပ်ရန် ပြင်ဆင်လျက်ရှိကြောင်း 
Silver Shine International (SSI)  ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာဦးဖေလှိုင်၏ ပြောကြားချက်အရ သိရသည်။

ပြည်တွင်း၌ အဆင့်မြင့် နိုင်ငံခြားဆေးဝါးများ စတင်ထုတ်လုပ်နိုင်ရန်
အတွက် ဆေးဝါးထုတ်လုပ်ခြင်းဆိုင်ရာ နည်းပညာများကို Alvogen ကုမ္ပဏီနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကိုလည်း ယင်းကုမ္ပဏီမှပင် မှာယူ တင်သွင်း
သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန် အခြေစိုက် Alvogen ကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ Silver Shine International  ကုမ္ပဏီတို့ လုပ်ငန်းများ ပူးပေါင်း လုပ်ဆောင်ရန်အတွက် ဒီဇင်ဘာလ ၁၁ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်၌ နားလည်မှု
စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိ၌ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်သို့ လုပ်ငန်းလုပ်ကိုင်ခွင့် လျောက်ထားပြီး
ဖြစ်ကြောင်းနှင့် လုပ်ငန်းများအား ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်လုပ်ကိုင်နိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

''ပြည်တွင်းက နိုင်ငံခြားဆေးဝါး ထုတ်လုပ်တဲ့ ကုမ္ပဏီနဲ့ ပြည်ပကုမ္ပဏီတွေ အခုလိုပူးပေါင်းတာ မြန်မာနိုင်ငံအနေနဲ့ ဒါကပထမဦးဆုံးအကြိမ်ပါ။ အရင်က ဆေးဝါးထုတ်လုပ်မယ်ဆိုရင် ပြည်တွင်းကုမ္ပဏီတွေကိုပဲ လုပ်ကိုင်ခွင့်ပေးခဲ့ပြီး အခုအစိုးရသစ်လက်ထက်မှာမှ ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်ကိုင်ခွင့်ရတာပါ။ လက်ရှိပြည်တွင်းက နိုင်ငံခြားဆေးဝါး ထုတ်လုပ်နေတဲ့သူတွေကလည်း အိမ်သုံးဆေးဝါးတွေကိုပဲ ထုတ်လုပ်နိုင်ပြီး အဆင့်မြင့်ဆေးဝါးတွေကိုကျတော့ ပြည်ပနိုင်ငံတွေကပဲ တင်သွင်း
နေရတယ်။ ဒါကြောင့် ပြည်တွင်းမှာလည်း အဆင့်မြင့်ဆေးဝါးတွေ ထုတ်လုပ်နိုင်အောင် ပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်း ဖြစ်တာပါ။ ပူးပေါင်းတဲ့နေရာမှာ သူတို့ဆီက ပညာရှင်တွေ ဒီကိုလာပြီး ဆေးဝါး
ထုတ်လုပ်မှုနဲ့ ပတ်သက်တဲ့ နည်းပညာတွေကို သင်တန်းပေးတာအပြင် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်း တင်သွင်းမှာယူတာ တွေကိုပါ လုပ်ဆောင်
သွားမှာဖြစ်ပါတယ်'' ဟု Silver Shine International မှ မန်နေးဂျင်း
ဒါရိုက်တာ ဦးဖေလှိုင်က ဆိုသည်။

Alvogen ကုမ္ပဏီသည် နောက်ပိုင်း တွင် Silver Shine နှင့် ပူးပေါင်း၍
ပြည်တွင်း၌ အဆင့်မြင့်နိုင်ငံခြားဆေးဝါး စက်ရုံ ဆောက်လုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း Alvogen သည် အဆင့်မြင့် ဆေးဝါးများ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၂၀ ကျော်၌ 
ရုံးခွဲများ ဖွင့်လှစ်ထားကြောင်း သိရသည်။

Eleven Media Groupအမေရိကန်အခြေစိုက် Alvogen ကုမ္ပဏီနှင့် မြန်မာနိုင်ငံရှိ Silver Shine International (SSI) ကုမ္ပဏီတို့ ပူးပေါင်း၍ ပြည်တွင်း၌ အဆင့်မြင့်နိုင်ငံခြားဆေးဝါးများ စတင်ထုတ်လုပ်ရန် ပြင်ဆင် လျက် ရှိကြောင်း Silver Shine International (SSI) ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာဦးဖေလှိုင်၏ ပြောကြားချက်အရ သိရသည်။

CZ 2012 ဇာတ်ကားနှင့် စပ်လျဉ်း၍ ဂျက်ကီချန်း သတင်းစာ ရှင်းလင်း ပွဲပြုလုပ်

Photo: CZ 2012 ဇာတ်ကားနှင့် စပ်လျဉ်း၍ ဂျက်ကီချန်း သတင်းစာ ရှင်းလင်း ပွဲပြုလုပ် 


ကမ္ဘာကျော် မင်းသားကြီး ဂျက်ကီချန်းသည် ၎င်းပါဝင် သရုပ်ဆောင် ထားသော  “CZ 2012”  အက်ရှင် ဇာတ်ကားနှင့် စပ်လျဉ်း၍ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌   သတင်းစာရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

"CZ 2012" အက်ရှင် ဇာတ်ကားကို ဂျက်ကီချန်း ကိုယ်တိုင် သရုပ်ဆောင်၍ ဒါရိုက်တာ အဖြစ်လည်း  ဆောင်ရွက် ထားခြင်းဖြစ်ကြောင်း ယင်းသတင်းစာ ရှင်းလင်းပွဲအရ သိရသည်။

အဆိုပါ ဇာတ်ကားကို တရုတ်နိုင်ငံတွင် ဒီဇင်ဘာ ၂ဝ ရက်၌  ရုံတင်ပြသသွားမည် ဖြစ်ကြောင်း  အက်ရှင် မင်းသားကြီး ဂျက်ကီချန်းက ၎င်း အခမ်းအနား၌ ပြောကြားခဲ့သည်ဟု သိရသည်။
 ကမ္ဘာကျော် မင်းသားကြီး ဂျက်ကီချန်းသည် ၎င်းပါဝင် သရုပ်ဆောင် ထားသော “CZ 2012” အက်ရှင် ဇာတ်ကားနှင့် စပ်လျဉ်း၍ ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့၌ သတင်းစာရှင်းလင်း ပွဲ တစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရသည်။