Tuesday, December 11, 2012

ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီ Intel မှ ထုတ်ကုန်များ ကို မြန်မာနိုင်ငံ၌ တရားဝင် ဖြန့်ချိမည်

ကမ္ဘာကျော် နည်းပညာကုမ္ပဏီ Intel မှ ထုတ်ကုန်များကို မြန်မာနိုင်ငံ၌ တရားဝင် ဖြန့်ချိမည်


အဆိုပါ Intel သည် ဆီမီးကွန်ဒတ်တာ (Semiconductor) ထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခု အနေဖြင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် တရားဝင် ၀င်ရောက်လာခြင်းဖြစ်ပြီး ၄င်း၏ထုတ်ကုန်များဖြစ်သည့် CPU, Mother board, Solid-state Drive (SSD) စသည့်ပစ္စည်းများအား စတင်ဖြန့်ချိနေပြီဖြစ်ကြောင်း သိရှိရသည်။ ''မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ချီးကျူးအားရမိပါတယ်။ ပြီးတော့ အမျိုးသား ကြီးပွားတိုးတက်ရေးအတွက် ကျွန်တော်တို့ ရောက်လာတာဟာ အချိန်မှန်ပဲလို့ ထင်မြင်ယူဆမိပါတယ်'' ဟု အရှေ့တောင်အာရှ အင်တဲလ် စီးပွားရေး လုပ်ငန်းများ၏ အုပ်ချုပ်မှုဒါရိုက်တာ Mr Uday Marty က ပြောကြားခဲ့သည်။ ၄င်းက ''မြန်မာနိုင်ငံရဲ့ အကျိုးတူ မိတ်ဖက်ဖြစ်ဖို့အတွက် မျှော်လင့်ပါတယ်။ အများနဲ့မတူ ခြားနားတဲ့ဟာကတော့ အင်တဲလ်အနေနဲ့ နည်းပညာပိုင်း ဆိုင်ရာမှာရော၊ ပညာရေးပိုင်း ဆိုင်ရာမှာရော ထောက်ပံ့ပေးသွားမှာပါ'' ဟု ပြောကြားခဲ့သည်။ ထိုသို့ အကူအညီပေးရာတွင် မြန်မာအစိုးရနှင့် ပညာရေးပိုင်းများနှင့် ဒီဂျစ်တယ် သင်ကြားမှုပိုင်းများတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းခွင်များတွင် အမှန်တကယ် အသုံးချနိုင်အောင်အထိ ကူညီသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ Intel မှ စာသင်ခန်းများတွင် နည်းပညာများနှင့် သက်ဆိုင်သည့် သင်ကြားမှုပုံစံ တိုးတက်စေရန် Intel Tech Program အား အသုံးပြု၍ ကမ္ဘာပေါ်ရှိ ဆရာ၊ ဆရာမပေါင်း ၁၀ သန်းကျော်အား လေ့ကျင့်သင်ကြားပေးခဲ့ပြီး ၄င်းဆရာ၊ ဆရာမများထဲမှ ၂ ဒသမ ၆ သန်းကျော်မှာ အာရှပစိဖိတ် ဒေသများမှဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၂၀၁၀ ခုနှစ်တွင် စတင်လုပ်ဆောင်ခဲ့သည့် Intel Easy Steps Program (ကွန်ပျူတာ အတွေ့အကြုံ မရှိသူများအား ဒစ်ဂျစ်တယ်နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ သင်ကြားမှု အစီအစဉ်) ဖြင့်လည်း နိုင်ငံပေါင်း ၂၀ ကျော်ရှိ လူပေါင်းခုနစ်သိန်းကျော်၏ အသက်မွေးဝမ်းကြောင်း ပညာရပ်များအား အဆင့်မြှင့်တင် ပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။ '' မြန်မာနိုင်ငံရဲ့ ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေအတွက် လုပ်ဆောင်သွားမှာတွေက ပထမအဆင့်အနေနဲ့ ဆရာ၊ ဆရာမတွေကို  ဘယ်လိုအသုံးပြုရမလဲ ဆိုတာကို သင်ကြားပေးမယ်။ အခြားနိုင်ငံတွေမှာ ကူညီခဲ့သလိုမျိုးပဲ ကူညီသွားမှာပါ။ လုပ်ငန်းခွင်တွေမှာ တကယ်အသုံးချနိုင်အောင် ကူညီသွားမှာပါ''ဟု  Mr Uday Marty ကပင် ထပ်မံ ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

အဆိုပါ Intel သည် ဆီမီးကွန်ဒတ်တာ (Semiconductor) ထုတ်လုပ်သည့် ကုမ္ပဏီကြီးတစ်ခု အနေဖြင့် မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် တရားဝင် ၀င်ရောက်လာခြင်းဖြစ်ပြီး ၄င်း၏ထုတ်ကုန်များဖြစ်သည့် CPU, Mother board, Solid-state Drive (SSD) စသည့်ပစ္စည်းများအား စတင်ဖြန့်ချိနေပြီဖြစ်ကြောင်း သိရှိရသည်။ ''မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ချီးကျူးအားရမိပါတယ်။ ပြီးတော့ အမျိုးသား

US Sanction ကို အံတု မြန်မာနဲ့ ပတ်သက်ခဲ့တဲ့ ဘဏ် ဒဏ်တပ်ခံရ


အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု (Sanction) ကို အံတုပြီး မြန်မာနဲ့ပတ်သက်ခဲ့တဲ့ ဗြိတိန် Standard Chartered ဘဏ်ဟာ အခုတော့ ဒဏ်တပ် ခံရလိုက်ရပါတယ်တဲ့။




လမ်းလည်း မလျှောက်နိုင် ထိုင်လည်း မထိုင်နိုင် ၀မ်းလျားမှောက်ကြီးနေ နေရတဲ့ “ဦးတိက္ခဥာဏ

လက်ပန်းတောင်းတောင် သပိတ်စခန်းဖြိုခွင်းခံရတုန်းက အရေပြား   လောင်ဒဏ်ရာ အပြင်းထန်ဆုံးရခဲ့တဲ့ ဦးပဉ္စင်း ဦးတိက္ခဥာဏကို ရန်ကုန်မြို့က အရေပြားအထူးကုဆေးရုံမှာ ပြောင်းရွှေ့ကုသပါတယ်။