Friday, November 30, 2012

ဒေါ်အောင် ဆန်းစုကြည် လာမယ့်နှစ် ဆန်းမှာ တောင် ကိုရီယား သွားမယ်


ဒေါ်အောင်ဆန်းစုကြည် လာမယ့်နှစ်ဆန်းမှာ တောင်ကိုရီယား သွားမယ်
Friday, November 30, 2012  


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ
တောင်ကိုရီယားနိုင်ငံကို လာမယ့်နှစ် ဇန်န၀ါရီ လ ၃၀ ရက်နေ့မှာ
သွားဖို့ ရှိပါတယ်။ 

၂၀၀၄ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ကို လူ့အခွင့်အရေး ကြိုးပမ်း
ဆောင်ရွက်မှုတွေကြောင့်  နေအိမ် အကျယ်ချုပ်ကျခံ နေရစဉ် ဂွမ်ဂျူး လူ့အခွင့်အရေး ( Gwangju Prize) ဆု ချီးမြှင့်ခဲ့တဲ့ ဂွမ်ဂျူးမြို့ကိုလည်း သွားမှာ ဖြစ်ပါတယ်။

တောင်ကိုရီယားနိုင်ငံ ဂွမ်ဂျူးမြို့အခြေစိုက် The May 18 Memorial Foundation က ပြောတာကတော့ ပြုံချန် အိုလံပစ်ပွဲသို့ လာရောက်ရန်
ဒေါ်အောင်ဆန်စုကြည်အား ဖိတ်ကြားမှာဖြစ်ပြီး အဆိုပါ အားကစားပွဲ တက်ရောက်ပြီးနောက် ဂွမ်ဂျူးမြို့သို့ ၂ ရက်တာ အလည်အပတ် ဖိတ်ကြားမှာဖြစ်တယ်လို့ ကိုရီယား ချိုဆမ် မီဒီယာ သတင်းတခု မှာ ဖော်ပြထားပါတယ်။ 

ဂွမ်ဂျူးမြို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ အဆိုပါ ဂွမ်ဂျူး ဖောင်ဒေးရှင်းက တည်ခင်း ဧည့်ခံမယ့် ညစာစားပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းတခု
ပေးဖို့အစီအစဉ်လည်း ရှိကြောင်း အဆိုပါ သတင်း မှာ ဖော်ပြထားပါတယ်။ 

ဒီအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ the May 18 National Cemetery မှာ ဂါရ၀ ပြုပြီးနောက် ချွန်နမ် အမျိုးသား တက္ကသိုလ် (Chonnam National University) မှာလည်း စကားပြောမှာ ဖြစ်တယ်လို့ အဆို ပါ ဖောင်ဒေးရှင်းက ဆိုပါတယ်။ 

၁၉၈၀ ခုနှစ် မေ ၁၈ က တောင်ကိုရီယား နိုင်ငံ ဂွမ်ဂျူးမြို့ရဲ့ လူထု လှုပ်ရှားမှု တခုမှာ ထိုစဉ်က အစိုးရက အကြမ်းဖက် ဖြိုခွဲ မှု ကြောင့် လူပေါင်း လူပေါင်း ၃၂၅ ဦး ထိခိုက်ဒါဏ်ရာ ရခဲ့ပါတယ်။ 

ဒါကြောင့် မေလ ၂၇ ရက်နေ့မှာ လူထုက မကျေနပ်လို့ စုရုံးပြီး ဆန္ဒပြရာမှာ အစိုးရက မောင်းပြန် ရိုင်ဖယ်တွေနဲ့ ပစ်ခတ်နှိမ်နင်း မှုကြောင့်
တောင်ကိုရီယား ၁၅၄ ဦး အသက်ဆုံးရှုံး ခဲ့တဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု ဟာ တောင်ကိုရီယား နိုင်ငံမှာ ထင်ရှားတဲ့ သမိုင်းဖြစ်စဉ်တခုလည်း
ဖြစ်ပါတယ်။ 

ထိုစဉ်က ထိခိုက်ကျဆုံးခဲ့ရသူတွေအတွက် the May 18 National Cemetery ကို နောက်ပိုင်း လုပ်ဆောင် ထားပြီး နှစ်စဉ် ကမ္ဘာတ၀န်းက လူ့အခွင့်အရေး လှုပ်ရှားသူများကိုလည်း ဂွမ်ဂျူး ဖောင်ဒေးရှင်း က နှစ်စဉ် ဆု ပေးလေ့ ရှိပါတယ်။ 

အိမ့်သံစဉ် 
ဧရာဝတီ


မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာတောင်ကိုရီယားနိုင်ငံကို လာမယ့်နှစ် ဇန်န၀ါရီ လ ၃၀ ရက်နေ့မှာသွားဖို့ ရှိပါတယ်။ 

သီရိလင်္ကာ နိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တု လွှတ်တင်

Photo:

သီရိလင်္ကာ နိုင်ငံသည် တရုတ် နိုင်ငံရှိ အာကာသ စခန်းတစ်ခုမှ ၎င်းတို့၏ ပထမဆုံး ဆက်သွယ်ရေး ဂြိုဟ်တုကို နိုဝင်ဘာ ၂၇ ရက်က လွှတ်တင် ခဲ့ကြောင်း ဒေသခံ ကုမ္ပဏီ တစ်ခု၏ ကြေညာချက် အရ သိရသည်။

ကျဆုံး ရခိုင် သူရဲကောင်း ၆၁ ဦးအား ရည်စုး၍ ဆံတော်ရှင် စေတီတော်တွင် ဆုတောင်းပွဲပြုလုပ်




ဇွန်လနှင့် အောက်တိုဘာလ ပဋိပက္ခအတွင်း ကျဆုံးသွားခဲ့သူ ရခိုင်အမျိုးသား ၆၁ ဦးကို ရည်စူးပြီး ဆုတောင်း အမျှပေးဝေပွဲ အခမ်းအနား တစ်ခုကို ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင် စေတီတော်တွင် ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။

နောက်ကြောင်းပြန်မလှည့်စေချင်ပါ

နိုင်ငံတစ်ခု၊ သမိုင်းတစ်ခုဆိုတာကို အားလုံးက လက်ခံမယ်ထင်ပါတယ်။ နိုင်ငံတွေရဲ့ဖြစ်တည်မှု သမိုင်းနဲ့ ဖြတ်သန်းခဲ့ရမှုခရီးလမ်းကြောင်းများဟာ တူသလိုလိုရှိနိုင်ပေမယ့် တစ်ကယ်တမ်းတော့ လုံးဝထပ်တူ ဆိုတာ ဘယ်မှာရှိနိုင်ပါ့မလဲဗျာ။ ကမ္ဘာ့နိုင်ငံများမြေပုံ ကိုလည်းလေ့လာလိုက်ကြပါဦး။ တစ်ချို့နိုင်ငံ မြေပုံက ပြားတယ်။ တစ်ချို့ကျတော့ လုံးတယ်၊ တစ်ချို့ဆိုရင် အရှည်လိုက်၊ တစ်ချို့ကတော့ ဒေါင်လိုက်ပေါ့ဗျာ။ တစ်ချို့ တစ်ချို့တွေကျပြန်တော့ ကျွန်းနိုင်ငံတွေမို့ ဟိုတစ်စု၊ ဒီတစ်စုတွေလည်းရှိရဲ့။ ဒါတွေကို သိနေပါရက်နဲ့ ဝါးလုံးရှည်နဲ့သိမ်းကြုံးရမ်းတဲ့စကားမျိုး “ကျွန်တော်တို့ဆီမှာဆို ဒီလိုရှိတယ်၊ ကျွန်တော်တို့နိုင်ငံမှာဆို ဒီလိုလုပ်တယ်၊ ကျွန်တော်တို့လိုမျိုး ခင်ဗျားတို့လုပ်ကြပါ၊ ကျွန်တော်တို့လိုမျိုး ခင်ဗျားတို့နေကြပါ”လို့ ပြောတယ်ဆိုရင် ဒီစကားဟာ ကိုယ့်ဘက်ကိုယ်ယက်ပြီးပြောတဲ့စကား၊ ကိုယ့်အတွက်ကိုယ်ကြည့်ပြီးပြောတဲ့ စကား၊ ကိုယ်လိုတာ ကိုယ်ဆွဲပြောတဲ့စကားတွေလို့ပဲ သတ်မှတ်ရမှာဖြစ်ပါတယ်။
အမေရိကန်ဆိုတာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀ လောက်ကတည်းက ဒီမိုကရေစီစခဲ့တဲ့နိုင်ငံပါ။ ဒီမိုကရေစီ ခေါက်ရိုးက ကျိုးရုံတင်မကဘူး၊ ကြေတောင်ကြေနေပါပြီ။ မစ္စတာအိုဘားမား မြန်မာပြည်လာသွားတုန်းက ဒီမိုကရေစီနဲ့ တပ်ရဲ့အနေအထားကို ပြောသွားတာကြားလိုက်ရပါတယ်။ ဒါပေမယ့် သူတို့ကျတော့ လုံခြုံရေးကို အကြောင်းပြပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ခဲ့တာ ဘာကြောင့်များပါလဲ…? ဥပမာ ဗီယက်နမ်၊ ကျူးဘား၊ ပနားမား ၊အီရတ်၊ ယူဂိုဆလားဗီးယား၊ အာဖဂန်၊ လစ်ဗျား၊ သမိုင်းမှာ အထင်အရှားပါပဲ။ ကျွန်တော် မရှင်းလို့တစ်ခုမေးချင်ပါတယ်၊ ဒီလိုလုပ်ခဲ့တာတွေဟာ သမ္မတရဲ့သဘောလား၊ လွှတ်တော်ရဲ့သဘောလားခင်ဗျာ…? မစ္စတာအိုဘားမားရဲ့စကားနဲ့ နိုင်ငံရဲ့ ပကတိအခြေအနေ အပေါ်မှာ ပြည်သူတစ်ယောက်ရဲ့အမြင်ကို ဖော်ထုတ်ရေးသားလိုပါတယ်။