Friday, November 2, 2012

ရှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့ တွင် အိမ်ခြေ ၅၀ ကျော် မီးလောင်

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ဆန်မြို့ပေါ်မှာ ဒီနေ့ မနက် ၁၀ နာရီကေန မွန်းလွဲ  ၁ နာရီထိ မီးလောင်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၅၀ ကျော် မီးထဲပါသွားခဲ့ပါတယ်။

၂၅နှစ်အတွင်းပထမဆုံးအဖြစ်ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ချေးငွေနှင့် အထောက်အပံ့ငွေဒေါ်လာ ၂၄၅သန်းပေးရန် စီစဉ်

ကမ္ဘာ့ဘဏ်က ၂၅ နှစ်အတွင်း ပထမဆုံးအဖြစ် မြန်မာနိုင်ငံကို ချေးငွေနှင့် အထောက်အပံ့ငွေ အမေရိကန်ဒေါ်လာ၂၄၅ သန်း ထုတ်ပေးသွားရန် စီစဉ်ထား သည်ဟု နိုင်ငံတကာသတင်း ဌာနများတွင် ဖော်ပြချက်အရ သိရသည်။

မြန်မာ- ဘင်္ဂလာနယ်စပ် ပင်လယ်ပြင်နှစ်ဘက်နိုင်ငံ ရေတပ်သင်္ဘောများတိုးချ

ရခိုင်တွင် ပေါ်ပေါက်နေသော ဆူပူ အကြမ်းဖက်မူများကြောင့် မြန်မာ- ဘင်္ဂလာနယ် စပ်  ပင်လယ်ပြင်တွင်  နှစ်ဘက် နိုင်ငံ၏ ရေတပ် သင်္ဘော
များကိုတိုးချကာ လုံခြုံရေးမြှင့်တင်ထားကြောင်း သတင်းရရှိသည်။ ယခုတိုးချထားမူမှာ ၂၀၀၈ ခုနှစ်ကဲ့သို့ တစ် ဘက်နှင့်တစ်ဘက် ရန်စောင် တိုက်ခိုက်ရန် အတွက် မဟုတ်ဘဲ မြန်မာနို်င်ငံမှနေပြီး ဘင်္ဂလားဒေခ်ျ့ဘက်သို့ ထွက်ပြေးသူများကို တားဆီးရန် အတွက် ဖြစ် သည်ဟု သိရသည်။

နန်းခင်ဇေယျာကပရဟိတလုပ်ပြီး ပြည်သူများကို ပြန်ပေး ဆပ်မည်

Miss International 2012 ပြိုင်ပွဲတွင် Miss Internet, People Choice Award နှင့် Ambassador of Beauty ဆုများ ရရှိခဲ့သော Miss Myanmar
 နန်းခင်ဇေယျာက ၎င်းအားမဲပေးခဲ့သော မြန်မာပြည်သူများအတွက် ပရဟိတလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။

အမေရိကန် သံအမတ်ကြီးနှင့် အဖွဲ့ ရမ်းဗြဲရောက်စဉ်မှာ ရခိုင်လူမျိုး တစ်ဦး သတ်ဖြတ်ခံရ

အမေရိကန် သံအမတ်ကြီး ဒဲရစ်မက်ချယ် ( Derek Miitcheel) အဖွဲ့  ရမ်းဗြဲမြို့ကို လာရောက်လည်ပတ်ကြည့်ရှု့သည့် နေ့တွင်ပင် အဆိုပါ  မြို့နယ်တွင် ရခိုင်အမျိုးသား တစ်ဦး လည်ပင်းဓါးနှင့်လှီး သတ်ဖြတ် ခံခဲ့ရသည်ဟု သတင်း ရရှိသည်။

ပျားဖွတ်ရန် ပျားအုံလိုက်ရှာရင်း သစ်ပင်တွင် ကြိုးဆွဲချ သေဆုံးနေသော လူသေအလောင်း တစ်လောင်းကိုမြင်တွေ့

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာ ခရိုင်၊ အရာတော်မြို့နယ်၊ဇရစ် ကျေးရွာ၏ အရှေ့ဘက် နှစ်ဖာ လုံခန့်ရှိ သနပ် ခါးခြံဝင်းတစ်ခုတွင်   ပျားဖွတ်ရန် ပျားအုံလိုက်ရှာသူ တစ်ဦးက သစ်ပင်တွင်ကြိုးချသေ ဆုံးနေသော လူသေအလောင်း တစ်လောင်းအား အောက်တိုဘာ   (၂၇)ရက်၊ညနေ (၅)နာရှိအချိန် ခန့်က  တွေ့ရှိခဲ့ကြောင်း အရာ တော်မြို့ခံတစ်ဦးက ပြောကြားသည်။“

မလေးရှား UNHCR မှ ဘင်္ဂလီများကို အသိအမှတ်ပြုမှတ်ပုံတင် ပြုလုပ်ပေးနေ

 မလေးရှားနိုင်ငံ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)  မှ နိုဝင်ဘာ ၁ ရက် မနေ့မနက် ၈ နာရီမှစ၍ UNHCR မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စ ရပ် များကို မလေးရှားနိုင်ငံ Cheras Stadium အားကစားကွင်းတွင် စတင်ဆောင်ရွက်ပေးနေရာဘင်္ဂလီ ဒုက္ခသည် ၃၀၀၀ ကျော်ခန့်အား အသိအမှတ်ပြု ဆောင်ရွက်ပေးနေကြောင်းသိရှိရပြီး ဆက်လက်ဆောင် ရွက်ပေးမည်ဖြစ်ကြောင်းလည်းသိရှိရသည်။

မြောက်ဦး ဒုက္ခသည် စခန်းများတွင် ကလေးငယ်များ ဝမ်းရောဂါဖြစ်ပွား

ရခိုင်ပြည်နယ် အတွင်း တကျော့ပြန်  ဖြစ်ပွား ခဲ့သော ပဋိပက္ခ များကြောင့်
 နေရပ်စွန့်ခွာ ထွက်ပြေး ခဲ့ရသည့်  မြောက်ဦး မြို့ပေါ်ရှိ မီးဘေးသင့် ရခိုင် ဒုက္ခသည် စခန်းများ၌ အသက် ၁ဝနှစ် အောက် ကလေးငယ် များ ယခု ရက်ပိုင်းကစပြီး ကာလဝမ်းရောဂါ များဖြစ်ပွါးလျက်ရှိကြောင်း ယင်း ဒုက္ခသည် များကို ကူညီ စောင့်ရှောက် နေသည့် ဘုန်းတော်ကြီး များနှင့် လူမှု ကူညီရေး အဖွဲ့အစည်း များ ထံမှ သိရှိရသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ သုံးလောင်းပြိုင်လူသတ်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ဒဂုံဆိပ်ကမ်းမြို့နယ်နှင့်   မှော်ဘီမြို့နယ်တို့တွင် သုံးလောင်းပြိုင် လူသတ်မှု ဖြစ်စဉ်တစ်ခုစီ ဖြစ်ပွား
ခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီးတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြား ခဲ့သည်။

ကျောက်ဖြူ ဘင်္ဂါလီစခန်းတွင် ကျန်းမာရေးဝန်ထမ်းများ လုံခြုံရေး စိတ်မချရ

ကျောက်ဖြူမြို့ ကျောက်တလုံးဘုရားအနီးရှိ ဘင်္ဂါလီ ဒုက္ခသည် စခန်းတွင် သွားရောက် ဆေးဝါးကုသပေးနေကြသော ကျန်းမာရေးဝန်ထမ်းများ အနေဖြင့် မိမိတို့၏လုံခြုံရေးကို စိတ်ချမှုမရှိကြောင်း Coral Arakan အား ပြောကြားသည်။