Thursday, November 1, 2012

"ဧရာဝတီသတင်းဌာနကို သမ္မတရုံးက ဆော်လိုက်ပြီ "

မိမိရပ်တည်ချက် မည်သို့ဖြစ်သည်ကို  မိမိဘာသာ သိလျှင် ပြီးပါသည်။
=(၁) ဧရာဝတီ အယ်ဒီတာမင်းကြီး များ ဘူးသီးတောင်၊ မောင်တောဒေသ
သို့ သွားရောက်၍ မိသားစု အစုံအလင်ဖြင့် (၂)ပါတ် နေ ကြည့်စေလိုပါသည်။  (အစွန်အဖျား ကျေးရွာများ မဟုတ်သေးပါ။)

"ရွှေကျေးရွာတွင် လူတစ်ယောက် အသတ်ခံရ

.၁၀.၂၀၁၂ ရက် နေ့လည် ၂း ၀၀  နာရီပတ်ဝန်ကျင်လောက်တွင် ရခိုင် ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ပေါက်ကုန်းေ ဘာင်တိုက်နယ်၊ ရွေကျေးရွာတွင် ဦးထွန်းကြည်ဆိုသူကို အမည်မသိသော လူတစုက သတ်ဖြတ်သွားကြောင်း သိရှိရပါတယ်။

သံတွဲမြို့  "ဂျာမေ့ဗလီ "မှ လက်နက်များ သိမ်းဆည်းရမိ

၃၁.၁၀.၂၀၁၂ နေ့ နေ့လည် ၁ နာရီခွဲခန့်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူးဦးဆောင်သော တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရပ်မိရပ်ဘများပါဝင်သော ပူးပေါင်းအဖွဲ့သည် ရခိုင်ပြည်နယ်သံတွဲမြို့ အမှတ် ၃ ရပ်ကွက်ရှိ ဂျာမေ့ဗလီနှင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း နှစ်ကျောင်းသို့ ရှောင်တခင်  ၀င်ရောက် စစ်ဆေးခဲ့သည်။

သြစတြေးလျရောက် လူမှုရေးလုပ်ငန်း ဆောင်ရွက်သူ ကရင်အမျိုးသမီးတစ်ဦးကို ၀န်ကြီးချုပ်မှ ဆုချီးမြှင့်

သြစတြေးလျားရောက် လူမှုရေးလုပ်ငန်း ဆောင်ရွက်သူ ကရင်အမျိုးသမီးတစ်ဦးကို ၀န်ကြီးချုပ်မှ ဆုချီးမြှင့်။
နိုဝင်ဘာလ ၁ရက်၊ ၂၀၁၂ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)

သြစတြေးလျနိုင်ငံ ဗစ်တိုရီးယားပြည်နယ်တွင် ရောက်ရှိအခြေချနေသော ကရင်အမျိုးသမီးတဦးဖြစ်သည့် နော်စေးထူးအဲ့မိုးရိုကို လူမှုရေးလုပ်ငန်း ဆောင်ရွက်မှုကြောင့် သြစတြေးလျား ဝန်ကြီးချုပ် Hon. Julia Gillard က (Prime Minister’s Above and Beyond Award) ဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သြစတြေးလျားနိုင်ငံတွင် ရောက်ရှိနေသည့် တိုင်းရင်းသားလူမျိုးများကို အခကြေးငွေမယူဘဲ သြစတြေးလျား လူမှုကွန်ယက်နှင့် ချိတ်ဆက်မိအောင် ကူညီဆောင်ရွက်ပေးသည့်အပြင် သူမ၏ အားလပ်ချိန်အတွင်း၌ လူမှုအသိုင်းဝိုင်းကို ကူညီပေးနေသော ကြောင့် ၀န်ကြီးချုပ်မှ ထိုသို့ ဆုပေးအပ်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလ ၂၅ရက်နေ့က Cathy Brunton မြို့ရှိ Italian Social Club of Werribee ခမ်းမဆောင်တွင် နော်စေးထူးအဲ့မိုး ရိုကို သြစတြေးလျား ဝန်ကြီးချုပ် Hon. Julia Gillard က ကိုယ်တိုင် လာရောက်ဂုဏ်ပြုကာ ယင်းဆုကို ဆုချီးမြှင့်ခဲ့ခြင်းလည်း ဖြစ်သည်။

နော်စေးထူးအဲ့က “ကျမ ဒီဆုကို ရမယ်လို့ မမျှော်လင့်ခဲ့ဘူး။ မထင်မှတ်ဘဲ ရသွားတဲ့အတွက်ကြောင့် အရမ်းပျော်လို့မဆုံး ဖြစ်မိ တယ်။ နောက် ဒီဆုကိုရတာ ကရင်တမျိုးသားလုံးရတယ်လို့ ခံစားရတယ်။ အခု ကျမဟာ ကရင်လူမျိုးဖြစ်တယ်ဆိုတာ ဝန်ကြီး ချုပ်သိသွားတော့ အရမ်းကျေနပ်အားရမိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ဆက်လက်၍ သြစတြေးလျားနိုင်ငံတွင် ရောက်ရှိအခြေချနေသည့် ကရင်လူငယ်များသည် သူမနည်းတူပင် လူမှုရေးလုပ်ငန်း တွင် တတ်စွမ်းသမျှ ကြိုးပမ်းလုပ်ဆောင်ကြပြီး ကရင်လူမျိုးများ၏ ဂုဏ်ကို မြှင့်တင်ကြရန် တိုက်တွန်းလိုကြောင်း သူမက ပြော ဆိုသည်။

Prime Minister’s Above and Beyond Award ဆုသည် သြစတြေးလျနိုင်ငံရှိ လူမှုရေးလုပ်ငန်းအရေးကို စိတ်ရောကိုယ်ပါ စွမ်း စွမ်းတမံ ကူညီလုပ်ကိုင်ဆောင်ရွက်ပေးနေသူများကို တနှစ်တစ်ကြိမ် နှစ်စဉ် ရွေးချယ် ဂုဏ်ပြု ပေးအပ်လျှက်ရှိသည်။

နော်စေးထူးအဲ့မိုးရိုသည် ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ဌာနချုပ်ဟောင်း မာနယ်ပလောကျပြီးနောက်ပိုင်း ၁၉၉၉ခုနှစ် တွင် သြစတြေးလျားနိုင်ငံသို့ သွားရောက်အခြေချနေထိုင်ခဲ့ပြီး ခင်ပွန်းသည် စောထူးစောနှင့် သားတစ်ဦး၊ သမီးတစ်ဦး ရှိသည်။

သူမသည် လက်ရှိ သြစတြေးလျား လူမှုကွန်ယက်တွင် အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ကာ ၎င်းကွန်ယက်၏ လုပ်ငန်းများကို ဆက် လက် လုပ်ကိုင်လျှက်ရှိသည်ဟု သိရသည်။

သြစတြေးလျနိုင်ငံ ဗစ်တိုရီးယားပြည်နယ်တွင် ရောက်ရှိအခြေချနေသော ကရင်အမျိုးသမီးတဦးဖြစ်သည့် နော်စေးထူးအဲ့မိုးရိုကို လူမှုရေးလုပ်ငန်း   ဆောင်ရွက်မှုကြောင့် သြစတြေးလျား ဝန်ကြီးချုပ် Hon. Julia Gillard က (Prime Minister’s Above and Beyond Award) ဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရန်ကုန်-မန္တလေး အမြန်ရထားပေါ် ဒုစရိုက်သမားများပျော်နေ

ရန်ကုန်-မန္တလေး အမြန်ရထားပေါ် ဒုစရိုက်သမားများပျော်နေ -

နိုဝင်ဘာလ ၁ရက် ၂၀၁၂ခုနှစ် ၊ သတင်း - Myanmartandawsint Newspaper

ရန်ကုန်၊ မန္တလေး နေ့ည အစုန်၊ အဆန် အမြန်ရထားများ ပဲခူးဘူတာသို့ ဆိုက်ရောက်သည့်အခါ ရထားပေါ်သို့ ဈေးသည်ဟန်ဆောင်၍ ဈေးဘန်းနှင့် တက်ရောက်လာသည့် ဈေးသည်များ၊ အလစ်သုတ်ခိုးယူမည့် ဒုစရိုက် သမားများသည် နီးစပ်ရာတွဲများပေါ်သို့ လူခွဲတက်ရောက်လာပြီး ရထားထွက်သည့်အခါ ညအမြန် ရထားများ၊ နံနက်စောစောဆိုက် ရောက်လာသည့် ရထားများမှ အိပ်ပျော်နေသည့် ခရီးသည်များ၏ လက်ဆွဲ တန်ဆာပစ္စည်းများကို လည်းကောင်း၊ ခရီးဆောင်အိတ်များကိုလည်းကောင်း၊ အဆင်း၊ အတက်တံခါးနား နီးသည့် ပစ္စည်းများကိုလည်းကောင်း၊ ရရာကိုဆွဲယူကာ ပဲခူးဘူတာ (ရန်ကုန်ဘက်အထွက်) ရထားခုံး ကျော်တံတားကြီးအရောက်တွင် ခရီးသည်များ ခုန်ဆင်းလိုက်မလာနိုင်သည့် အခွင့်အရေးကိုယူကာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြသည်။

 

ဈေးရောင်းသူများမှာလည်း ဈေးဘန်းများဖြင့် ဈေးရောင်းခြင်းကို ဟန်ပြ၍ ပြန်အမ်းငွေများ မအမ်းဘဲ ထွက်ပြေးခြင်း၊ ပစ္စည်းများကိုလည်း လစ်လျှင်လစ်သလို လုယက်၊ ခိုးယူထွက်ပြေးခြင်းစသည်တို့ကြောင့် ခရီးသည်များမှာ ပဲခူးဘူတာရောက်လျှင် အမြဲသတိထားနေကြရပါသည်။

 

ထို့ကြောင့် ရန်ကုန်-မန္တလေး အမြန်ရထားများပေါ်သို့ နေ့စဉ်တက်ရောက်ပြီး ခရီးသည်များ၏ ပစ္စည်းများ၊ ငွေများ၊ ခရီးဆောင်အိတ်များကို ခိုးယူ၊ လုယက်ပြီး မီးရထားခုံးကျော်တံတားကြီးပေါ်မှ တစ်ဆင့် ထွက်ပြေးလွတ်မြောက်နေသော ပဲခူးဘူတာမှ ဒုစရိုက်သမားများ၊ ဈေးသည်ဟန်ဆောင်၍ လုယက်မှု ကျူးလွန်နေသူများအား ပဲခူးဘူတာမှ မီးရထားလုံခြုံရေးရဲ တပ်ဖွဲ့ဝင်များမှ ရှင်းလင်းပေးနိုင်ပါ ရန်နှင့် ပဲခူးဘူတာသို့အ၀င်၊ အထွက်နေရာများမှနေ၍ ကင်းပုန်းဝပ်စောင့်ကြပ်ဖမ်းဆီးခြင်းဖြင့် ဒုစရိုက်မှု ကျူးလွန်နေသူများ ဘေးရန်မှ ကာကွယ်တားဆီးပေးနိုင်ပါရန် မီးရထားစီး ခရီးသည်များမှ လိုလားနေကြသည်။ ရန်ကုန်၊ မန္တလေး နေ့ည အစုန်၊ အဆန် အမြန်ရထားများ ပဲခူးဘူတာသို့ ဆိုက်ရောက်သည့်အခါ ရထားပေါ်သို့ ဈေးသည်ဟန်ဆောင်၍ ဈေးဘန်းနှင့် တက်ရောက်လာသည့် ဈေးသည်များ၊ အလစ်သုတ်ခိုးယူမည့် ဒုစရိုက် သမားများသည် နီးစပ်ရာတွဲများပေါ်သို့ လူခွဲတက်ရောက်လာပြီး ရထားထွက်သည့်အခါ ညအမြန် ရထားများ၊ နံနက်စောစောဆိုက် ရောက်လာသည့် ရထားများမှ အိပ်ပျော်နေသည့် ခရီးသည်များ၏ လက်ဆွဲ တန်ဆာပစ္စည်းများကို လည်းကောင်း၊ ခရီးဆောင်အိတ်များကိုလည်းကောင်း၊ အဆင်း၊ အတက်တံခါးနား နီးသည့် ပစ္စည်းများကိုလည်းကောင်း၊ ရရာကိုဆွဲယူကာ ပဲခူးဘူတာ (ရန်ကုန်ဘက်အထွက်) ရထားခုံး ကျော်တံတားကြီးအရောက်တွင် ခရီးသည်များ ခုန်ဆင်းလိုက်မလာနိုင်သည့် အခွင့်အရေးကိုယူကာ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြသည်။

"တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် တိုင်းနှင့် ပြည်နယ် အသီးသီးမှ တရားသူကြီးချုပ် များတွေ့ဆုံ "

ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီးတွင် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ မှ ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည်နှင့် တရားစီရင်ရေးကော်မတီမှ ဥက္ကဌသူရ ဦးအောင်ကို တို့မှ ပြည်နယ်နှင့် တိုင်းမှ တရားသူကြီးချုပ်များနှင့် တွေ့ဆုံနေကြောင်း

ပြည်ထောင်စုလွှတ်တော် ဒုတိယနေ့အစီအစဉ်တွင် ခွင့်ယူသည့်လွှတ်တော်ကိုယ်စားလှယ်မှာ ၁၄၆ ယောက်အထိပင်ရှိနေ

ယနေ့(နိုဝင်ဘာ ၁ ) တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ဒုတိယနေ့အစီအစဉ်တွင် ခွင့်ယူသည့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အရေအတွက်မှာ မကြုံဖူးလောက်အောင်များပြားနေကြောင်း 7Day News သတင်းထောက်က သတင်းပေးပို့သည်။ ခွင့်ယူသူအရေအတွက်မှာ ၁၅၅ ဦးရှိပြီး လွှတ်တော်ပထမနေ့အစီအစဉ်ကတည်းကခွင့်ယူသူမှာ ၉ ဦးရှိပြီး၊ ယနေ့ဒုတိယနေ့အစီအစဉ်တွင် ခွင့်ယူသည့်လွှတ်တော်ကိုယ်စားလှယ်မှာ ၁၄၆ ယောက်အထိပင်ရှိကြောင်း သတင်းရရှိသည်။

တစ်အိမ်ထောင် ကလေးတစ်ယောက်စံနစ် တရုတ်ပြင်သင့်ပြီ

တရုတ်နိုင်ငံက လူကြိုက်နည်းလှတဲ့ တအိမ်ထောင် ကလေးတစ်ေ ယာက်နှုန်း ပေါ်လစီကို ပယ်ဖျက်ပြီး ၂၀၁၅ ခုနှစ်မှာ တအိမ်ထောင် ကလေး ၂ ယောက်နှုန်း မွေးခွင့်ပြုဖို့ တရုတ်နိုင်ငံက သြဇာရှိတဲ့ သုတေသနအဖွဲ့က ပြောကြားလိုက်ပါတယ်။

ဒေတာစင်တာ တည်ဆောက်ရန် စီစဉ်ထားသော်လည်း လျှပ်စစ်မီး အဆင်မပြေသေး

နိုင်ငံတကာအဆင့်မီ Data Center တစ်ခုကို မြန်မာသတင်းအချက် အလက်နှင့် ဆက်သွယ်
ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရှေးရင်းလီမိတက်နှင့် ဂျပန်နိုင်ငံမှ Hitachi လီမိတက်
ပူးပေါင်းပြီး ၂၀၁၃ ခုနှစ်အတွင်း တည်ဆောက်သွားနိုင်မည်ဖြစ်သော်လည်း ၎င်း Data Center
အတွက် လျှပ်စစ်မီးသည် အဓိကလိုအပ်ချက် ဖြစ်နေကြောင်း Myanmar ICT Development

မိုဘိုင်းအင်တာနက်အသုံးပြုခကို ဒေတာပမာဏဖြင့် ပြောင်းလဲကောက်ခံရန် စီစဉ်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်းအင်တာနက်အသုံးပြုရာတွင် ကောက်ခံသည့်
အင်တာနက်အသုံး ပြုခကို မိနစ်နှင့် ကောက်ခံမည့်အစား ဒေတာပမာဏဖြင့် ကောက်ခံခြင်း
ကို နိုဝင်ဘာလတွင် စတင်ကာပြောင်းလဲ ကောက်ခံနိုင်ရန် စီစဉ်လျက်ရှိကြောင်း မြန်မာ့ဆက်
သွယ်ရေး လုပ်ငန်း မိုဘိုင်းအင်ဂျင်နီယာချုပ် ဦးဌေးဝင်းက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

မိုးဟေကို ရဲ့နေအိမ်ပိုင်ဆိုင်မှု သူ့ချစ်သူရဲ့ ကြေညာချက် ထွက်ပေါ်

အာက်တိုဘာလ (၃၁) ရက်နေ့ထုတ်ကြးမုံသတင်းစာမှာ သံလွင်လမ်း ရှိ မိုးဟေကိုရဲ့ နေအိမ် ပိုင်ဆိုင်မှုနဲ့ ပတ်သတ်ပြီး ကန့်ကွတ်တဲ့ မိုးဟေကိုရဲ့ ချစ်သူ ညီညီထွန်း ရဲ့ ကြေညာချက် ထွက်ပေါ်လာပါ တယ်။

မြိတ်မြို့တွင် အုပ်စုဖွဲ့ပြီး ကားမှန် ရိုက်ခွဲဖျက်ဆီးမှု ဒုတိယအကြိမ် ဖြစ်ပွား

 ၂၀၁၂ ရက်နေ့ အောက်တိုဘာလ ၃၁ ရက်နေ့ အလွန် နိုဝင်ဘာလ (၁)
ရက်နေ့ နံနက် (၀၁း၃၀) အချိန်ခန့်၌  မြိတ်မြို့ ကန်ကြီးရပ်ကွက်နှင့် ရေပုန်း
ရပ်ကွက်ရှိ နေအိမ်များ အရှေ့တွင် ရပ်နားထားသော မော်တော်ကားများ ၏ ရှေ့လေကာမှန်နှင့် နဘေးမှန်များအား အမည်မသိ လူငယ်တစ်စုမှ ရိုက်ခွဲ ဖျက်ဆီးမှု ဖြစ်ပွားခဲ့သည်။

ဗြောက်မဖောက်ရန် တားမြစ်သည့် မန္တလေးမှ ရဲတပ်ကြပ်ကြီးတစ်ဦး ထိုးကြိတ်ခံရ


မန္တလေးမြို့တွင် ဗြောက်မဖောက်ရန် တားမြစ်သည့် ရဲတပ်ကြပ်ကြီးတစ်ဦး ထိုးကြိတ်ခံရသည့်ဖြစ်ရပ်တစ်ခု
သီတင်းကျွတ်လပြည့်ညက ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

တူမီး လုပ်သေနတ် ၁၈၀ ရခိုင်အရေးအခင်းတွင် သိမ်းဆည်းရ

လွန်ခဲ့သော အပတ်က ဖြစ်ပေါ်ခဲ့သော  ရခိုင်ဆူပူမူအတွင်း တူမီး လုပ်သေနတ်  ၁၈၀ ခန့်  သိမ်းဆည်း ရမိသည်ဟု  နိုင်ငံတော် သမ္မတ ညွှန်ကြားရေးမှူးရုံး  ထုတ်ပြန်ချက်အရ သိရသည်။ ဖမ်းဆီး သိမ်းဆည်းရမိသော သေနတ်များမှာ ဒေသလုပ် တူမီး ယမ်းထောင်း အမျိုးအစားများ ဖြစ်သည်ဟု ဆိုသည်။

မြန်မာပြည်ကို ရောက်နေခဲ့တဲ့ ကမ္ဘာကျော်အဆိုတော် ကလစ်ဖ်ရစ်ချတ်

ကမ္ဘာကျော် အဆိုတော်ကြီး ကလစ်ဖ်ရစ်ချက် တယောက် မြန်မာပြည်ကို တိတ်တဆိတ် ရောက်ရှိနေတာ ၁၀ ရက်ရှိနေပြီဖြစ်ပြီး ဒီကနေ့မှာတော့ အင်္ဂလန်နိုင်ငံကို ပြန်လည် ထွက်ခွာတော့မယ်လို့ သိရပါတယ်။ 

လှေနှစ်မြှုပ်၍ KNU ဗိုလ်မှူးတဦး ပျောက်ဆုံးနေ

ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူ တပ်မဟာ(၇) ထိန်းချုပ် နယ်မြေ သူးမွဲမြစ် (သောင်ရင်းမြစ်) အတွင်း ယမန်နေ့ ညနေ(၅)နာရီခွဲ အချိန် ခန့်က လှေနစ်မြှုပ်မှု တခုဖြစ်ပွားခဲ့ရာ လှေပေါ်ပါလာသူများအနက်  ဗိုလ်မှူးအဆင့်ရှိ KNLA တပ်မှူးတစ်ဦး ပျောက်ဆုံး လျှက်ရှိသည်ဟု သိရသည်။

ဖားကန့် ၌ ငြိမ်းချမ်းပါစေ မီးပုံးလွှတ်တင်ခဲ့သော် လည်းလူ(၂)ဦးသေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့နယ်  ဖြစ်ပွားခဲ့သည့်  တိုက်ပွဲများကြောင့်  နန့်မော်ရွာ ၌ အောက်တိုဘာ လ(၃၀) ရက် နေ့နေ့လည်ပိုင်းက  နန့်မော်ရွာ၌  ခရီးသည် တင်ကား ကားသေနတ်မှန်၍ ခရီးသည် (၂)ဦး သေဆုံး၍ (၃)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖားကန့်ဒေသခံများထံက သိရှိရသည်။

ဆီးရီးယားလေတပ်အကြီးအကဲအား တော်လှန်ရေးတပ်ဖွဲ့က လုပ်ကြံသတ်ဖြတ်

ဆီးရီးယား အစိုးရ ဆန့်ကျင်ရေး တော်လှန်ရေးတပ်ဖွဲ့များသည် လေတပ် စစ်ဦးစီးအား လုပ်ကြံ သတ်ဖြတ်လိုက်ကြောင်း အစိုးရ သတင်းဌာနက ဖော်ပြခဲ့သည်။ ဆီးရီးယား အစိုးရက ဒမတ်စကက်တွင် လုပ်ကြံမှု ဖြစ်ပွားခဲ့ကြောင်း ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာ သွားခြင်း ဖြစ်သည်။ မြို့တော် ဒမတ်စကက်တွင် အစိုးရ ဆန့်ကျင်ရေး

ရခိုင်ပြည်နယ် ကျောက်နီမော်မှာ မူဆလင်ကျေးရွာကို ပြောင်းရွှေ့ပေးဖို့ တောင်းဆို

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှာရှိတဲ့ ကျောက်နီမှော်ကျေးရွာအုပ်စု မှာ နေထိုင်တဲ့ မူဆလင်ဘာသာဝင်တွေကို နေရာပြောင်းရွှေ့ပေးဖို့ ဒေသခံ ရခိုင်လူမျိုး (၆၀၀၀) ကျော်က ကျောက်နီမှော် ရွာပတ်ပတ်လည်မှာ ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ရာမှာ လူတစ်ဦးသေးဆုံးခဲ့ပြီး
ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။

ရခိုင်အရေး နိုင်ငံတကာ ကြားဝင်ဖို့ အာဆီယံ တောင်းဆို


မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ အကြမ်းဖက်မှုတွေဟာ ရိုဟင်ဂျာ မူစလင်တွေကို အစွန်းရောက်တဲ့အခြေအနေဆီ ရောက်သွားစေနိုင် ပြီးတော့ ဒေသ တခုလုံးရဲ့ တည်ငြိမ်မှုကိုပါ ထိခိုက်လာနိုင်တယ်လို့ ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ရဲ့ အကြီးအကဲက ပြောလိုက်ပါ တယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့
အခြေအနေတွေကို ကြားဝင်ဆောင်ရွက်ဖို့ အာဆီယံအတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝမ် (Surin Pitsuwan) က တောင်းဆိုလိုက်ပါတယ်။

တကမ္ဘာလုံးစိတ်ဝင်စားတဲ့ ၂၀၁၂ အမေရိကန်သမ္မတရွေးကောက်ပွဲ

စစ်အေးကာလက ယန်းကီးများဟု နာမည်ပြောင်ပေးခံခဲ့သော လူများနေထိုင်ရာ၊ နယ်မြေသစ်ရှာဖွေသူများနှင့် ရွှေ့ပြောင်းနေထိုင်သူများ မှီတင်းနေထိုင်ရာ၊ ကမ္ဘာပေါ်ရှိ လူအတော်များများ ရောက်ချင်၊ လည်ပတ်ချင်၊ ပညာသင်ချင်၊ နေထိုင်ချင်စရာ နေရာတစ်ခုဖြစ်သည့် အမေရိကသို့ အကြောင်းအားလျော်စွာ ကျွန်တော် ဒုတိယအကြိမ် ရောက်ရပေပြီ။ ပထမအကြိမ်က သတင်းစာပညာဆိုင်ရာ ဖဲလိုးရှစ်သင်တန်းတက်ရန်၊ ပညာသင်ရန် ရောက်ရှိခဲ့ခြင်း။ သည်တစ်ကြိမ်က ပထမအကြိမ်နှင့်မတူ။ ကမ္ဘာတစ်ဝန်းလုံးက စိတ်ဝင်တစား စောင့်ကြည့်သိချင်နေကြသည့် အမေရိကန်

စီမံကိန်းတစ်ခုနှင့်ပတ်သက်၍ NDF ပါတီသို့ရွေးကောက်ပွဲကော်မရှင် သတိပေးစာပို့

လှိုင်သာယာမြို့နယ်အတွင်းတည်ဆောက်မည့် ဆင်းရဲသားမြို့တော်စီမံကိန်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အင်အားစု(NDF)ပါတီသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတိပေးစာ ပေးပို့ခဲ့ကြောင်း သိရသည်။

တရုတ်သို့ပိုရန် ဆမ္မဆယ်၌ နွားကောင်ရေ (၅၀၀)ကျော် ရောက်ရှိ


 တရုတ်ပြည်သို့ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာ မှတဆင့် ယခုလ အောက်တိုဘာ(၂၉)ရက်နေ့မှ စ၍  ပြန်လည်တင်ပို့ရန် အတွက် နွားအကောင်ရေ(၅၀၀)ကျော် ဆမ္မဆယ်ကျေးရွာ၌   ရောက်ရှိနေကြောင်း ဒေသခံများထံက သိရှိရသည်။

တော်ဝင် သစ်အချောထည် လုပ်သားများ အစာအငတ်ခံ ဆန္ဒပြမည့်သတင်း

ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာ မြို့နယ် ဝါးတစ်ရာ စက်မှုဇုန်ရှိ တော် ဝင် မိသားစု သစ် အချောထည် စက်ရုံတွင် အလုပ်သမား ၂ဝဝကျော် က အလုပ် လုပ်ခွင့် ပြန်လည် ရရှိရေး အတွက် ခြောက်ည နှင့် ခုနှစ်ရက် ဆက်တိုက် ဆန္ဒပြ တောင်း ဆို နေသော်လည်း ပြေလည်မှု မရရှိ သေးသဖြင့် နိုဝင်ဘာ လ ၁၇က် နေ့မှ စတင်ကာ အစာအငတ်ခံ ဆန္ဒပြမည် ဖြစ်ကြောင်း အဆိုပါ အလုပ်သမား များနှင့် Action Labour Right မှ ရွှေပြည်သာ တာဝန်ခံ ဦးကျော်မင်းက ပြောကြားသည်။