Sunday, October 7, 2012

မျက်စေ့အောက် မျက်စေ့မှောက်နေမှု


        ငွေကြေးများစွာ အကုန်အကျခံပြီး တည်ဆောက်ထားတဲ့ မော်လမြိုင်၊ သံလွင်တံတားကြီး၊ ဓာတ်ပုံ- Asean talk.com

ရိုဟင်ဂျာအရေး ဆောင်ရွက်မပေးနိုင်ကြောင်း ဦးသိန်းညွှန့် ပြော

ရခိုင်ပြည်နယ်မှာ မွေးဖွားကြီးပြင်းသော  မည်သူ့ကိုမဆို နိုင်ငံသားအဖြစ် လက်ခံ  အသိမှတ်ပြုသော်လည်း ‘ရိုဟင်ဂျာ’ ဟူသည် မြန်မာနိုင်ငံ သမိုင်းကော်မရှင်က အသိမှတ်ပြုထားသော လူမျိုးများထဲတွင်မပါဝင်၍ ရိုဟင်ဂျာ အရေးကို ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီ ပါတီသစ် NNDP ခေါင်းဆောင် ဦးသိန်းညွှန့် က ပြောဆို လိုက်သည်။

အစည်းအဝေးအကြောင်းပြတဲ့ ဆရာဝန်ကြောင့် ကိုယ်ဝန်ဆောင်မိခင် နှင့် ကလေး အသက်ဆုံးရှူံး

မြို့နယ်အုပ်ချုပ်ရေးအစည်းအဝေးကို အကြောင်းပြသည့် ဆရာဝန် တဦးကြောင့် အသက် ၁၈ နှစ်အရွယ် ကိုယ်ဝန်ဆောင်မိ ခင် နှင့် လွယ်ထား တဲ့ ကလေးငယ်တို့ စက်တင်ဘာ ၂၇ ရက်နေ့က အသက်ဆုံးရှူံးသွား သည်ဟု သိရသည်။

KIA ကချင်ပြည်နယ် အနှံ အပြား မိုင်းထောင် နေ

 အောက်တိုဘာလ(၄) ရက်တွင် ကချင်ပြည်နယ်၊ မြို့လှမြို့နယ်ခွဲ၊ အုတ်ချီရွာမှ  ရွာသား (၃) ယောက်ဟာ ကျွဲပျောက်၍ သွားရောက်ရှာဖွေစဉ် မြို့လှမြို့နယ်ခွဲရဲ့ အရှေ့ဘက် (၇) မိုင်လောက်ဝေးတဲ့နေရာမှာ ရှိတဲ့ ကိုင်းကြိုး လွင်တောင်ယာစုနဲ့ နန့်မလင်းတော ကြား အမတ်ကြီးကုန်းရွာကို သွားတဲ့လမ်းပေါ်မှာ KIA ထောင်ထားတဲ့မိုင်းကို နင်းမိပြီး မိုင်းပေါက်ကွာလို့ တစ်ယောက်သေ ဆုံးသွားတယ်လို့သိရပါတယ်။

ရန်ုကုန်မြို့ရှိ ကမ္ဘောဇ ဘဏ်များ၌ တစ်ရက်အတွင်း ကျပ်သန်းကိုးထောင် ခန့် ထုတ်ယူ

ယခု ရက်ပိုင်း အတွင်း ထွက်ပေါ်နေသော ကောလဟာလ သတင်း များကြောင့် ရန်ကုန်မြို့တွင်းရှိ ကမ္ဘောဇဘဏ်များ၌ တစ်ရက်အတွင်း ကျပ်သန်း ကိုးထောင်ခန့် (ရှစ်ဘီလီယံ၊ ကိုးဘီလီယံ) နီးပါး ငွေလာရောက်
ထုတ်ယူမှုများဖြစ်ပေါ်ခဲ့ကြောင်း ကမ္ဘောဇဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးသန်းလွင် မှ မြန်မာနိုင်ငံ ဘဏ်များ အသင်း၌ ပြုလုပ်သော ဘဏ်လုပ်ငန်း ဆိုင်ရာ ရှင်းလင်းပွဲ အခမ်း အနား၌ ပြောကြား ခဲ့သည်။

ဘုန်းကြီးကျောင်း တိုက်ခိုက်ခံရမှု ကော့စ်ဘဇားတွင် လူပေါင်းထောင်ချီ ဆန္ဒပြ

ဘုန်းကြီးကျောင်းများ တိုက်ခိုက်ခံရမှု အပေါ် ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့တွင် ယနေ့ (အောက် တိုဘာ ၇ရက်) နံနက်တွင် ဗုဒ္ဓဘာသာ၊ ဟိန္ဒူနှင့် ခရစ်ယာန် ဘာသာဝင် တို့ စုပေါင်းပြီး ဆန္ဒပြခဲ့ကြသည်။

၂လအတွင်း မြို့နယ်ရဲတပ်ဖွဲ့စခန်း (၃၃)ခုမှ ဖမ်းဆီးရရှိသည့် ခိုးကူးခွေ ခုနှစ်သောင်းကျော် ဖျက်ဆီး

၂၀၁၂ ခုနှစ် သြဂုတ်လ (၂၅)ရက် မှ အောက်တိုဘာ (၃)ရက် အတွင်း ရန်ကုန်တိုင်းဒေသကြီးမြို့နယ် ရဲတပ်ဖွဲ့ စခန်း (၃၃)ခုမှ ဖမ်းဆီးသိမ်း ဆည်း ရရှိသော ဆင်ဆာမဲ့နိုင်ငံခြားခွေ (ညစ်ညမ်း ၊သီချင်း ၊ဇာတ်လမ်း တွဲ) VCD , DVD အချပ် များ နှင့် မြန်မာ ခိုးကူးခွေ (ကာရာအိုကေ ၊ ဇာတ်လမ်း ၊ လက်ဝှေ့ ၊ တရား) စသည့် VCD ,DVD စုစုပေါင်း (၇၇၉၃၅) ချပ် ကို ပြန်ကြားရေး ၀န်ကြီးဌာန ၊မြန်မာ့ရုပ်ရှင် လုပ်ငန်း ဗီဒီယို ဆင်ဆာ

မန္တလေးမြို့လျှပ်စစ် ပုဂ္ဂလိက လွှဲမည်

မန္တလေးမြို့တော် စည်ပင်သာယာ နယ်နမိတ် အတွင်းက မြို့နယ်တွေ အားလုံးကို လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေး လုပ်ငန်း၊ ဓါတ်အားခ ကောက်ခံေ ရး လုပ်ငန်းတွေကို အများပိုင် ကုမ္ပဏီ တစ်ခုကို လွှဲပြောင်းဆောင်ရွက်ဖို့ စီစဉ်နေပြီး စမ်းသပ် ဆောင်ရွက်မှုတွေ စတင်နေပြီလို့ မန္တလေး တိုင်း ဒေ သကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က ပြောပါတယ်။
အဲသည့် ကုမ္ပဏီကမှ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရာမှာ လိုအပ်တဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ တည်ဆောက်မှုအပိုင်းတွေကို ဆောင်ရွက်ရမှာဖြစ်ပြီး ဓါတ်အားပုံမှန်ဖြစ်ဖို့ လုပ်ဆောင် ရမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

အမ်းမြို့ တရားရုံး ဆုံးဖြတ်ချက် မျှတမူ မရှိ၍ ပြည်နယ် ၀န်ကြီးချုပ်ထံ စာရေး အသနားခံ

ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ ရော်ဘာ စိုက်ခင်း  ပိုင်ရှင်အမျိုးသမီး တစ်ဦး သည်  သူမပိုင် ရော်ဘာ စိုက်ခင်း မီးလောင်ကျွမ်း ခံရမူနှင့် ပတ်သက်ပြီး   မြို့နယ် တရားရုံး၏ဆုံးဖြတ်ချက် အပေါ် ကျေနပ်မူ မရှိ သဖြင့် ရခိုင်ပြည် နယ် ၀န်ကြီးချုပ် စာရေးပြီး ပြန်လည် ဖြေရှင်းပေးရန် မေတ္တာရပ်ခံ တောင်း ဆို လိုက်သည်။

နေ့ လည်ကျောင်းဆင်း ထမင်းစားနားချိန်တွင် ချောင်းဦးရွာမူလတန်းကျောင်း မီးလောင်ခံရ

အောက်တိုဘာ ၂ရက်နေ့ က နေ့ လည် ပိုင်းထမင်းစားကျောင်းဆင်း ချိန်တွင် စစ်ကိုင်းမြို့ နယ်၊ မယ်ဇလီ ချောင်း အုပ်စု၊  ချောင်းဦးကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှာ နေ့ ၁၂နာရီ ၂ဝ အချိန်က မီးလောင်ခံ ရကြောင်း  သိရသည်။

ကဒုံကနိ ရဲစခန်းတွင် အချုပ်ခံရသူများ လွတ်မြောက်ရန် လူစုလူဝေးဖြင့် ဆန္ဒပြ

ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့ နယ် ကဒုံကနိ ရဲစခန်းတွင်ရေလုပ် ငန်းရှင် မိသားစုအား ဝိုင်းဝန်း ရိုက်နှက် ခဲ့သောကြောင့် ဖမ်းဆီးထားသည့် ရွာသား ၂၅ ဦးကို ပြန်လည် လွှတ်ပေးရန် ဖမ်းဆီးခံရသော မိသားစုဝင်များ က  ရဲစခန်းရှေ့တွင် တောင်းဆိုလျက် ရှိကြောင်းကဒုံကနိ ဒေသခံများက
 ပြောကြားသည်။

ပုပ်ရဟန်းမင်းကြီးရဲ့ ဘဏ္ဍာစိုးဟောင်း ထောင်ကျ

ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာဝင်တွေရဲ့ သာသနာပိုင် ပုပ်ရဟန်း မင်းကြီး ဘယ်နဲဒစ်(တ်) (Pope Benedict) ရဲ့ ဘဏ္ဍာထိန်းဖြစ်ခဲ့သူကို၊
ပုပ်ရဟန်းမင်း ကြီးရဲ့ ကိုယ်ရေးကိုယ်တာ စာရွက်စာတမ်းတွေ ခိုးယူပြီး စာနယ်ဇင်း သမား တစ်ဦးဆီကို ပေးပို့ခဲ့မှုဟာ ပြစ်မှုထင်ရှားတယ်လို့၊ ဗာတီကန် (Vatican) က တရားရုံးတစ်ရုံးကနေ စနေနေ့က ဆုံးဖြတ်လိုက် ပါတယ်။