Saturday, October 6, 2012

အလှူအတန်း ရက်ရောလှသည့် ဥရုဂွေးသမ္မတ

ဥရုဂွေးသမ္မတ ဂျိုးဆယ့် မူဂျီကာအား ကမ္ဘာ့ အဆင်းရဲဆုံး သမ္မတအဖြစ် အများက သတ်မှတ်ကြ သော်လည်း စင်စစ် မူဂျီကာသည် ''ကမ္ဘာတွင် အလှူ အတန်း အရက်ရော ဆုံး သမ္မတတစ်ဦး'' အဖြစ် ကမ္ဘာက အသိအမှတ် ပြုခဲ့ သည်။

လတ်တလောထွက်ပေါ်နေသည့် သတင်းများနှင့်ပတ်သတ်၍စိုးရိမ်စရာမရှိဟု ဗဟိုဘဏ်ဒုညွှန်ချုပ်ပြော

KBZဘဏ်နှင့် ပတ်သက်၍ လတ်တလော ထွက်ပေါ်နေသည့် သတင်းများ အပေါ်ပြည်သူ လူထုအနေဖြင့် စိုးရိမ်စရာမလိုဟုဗဟိုဘဏ်ဒုညွှန်ချုပ် ဦးဝင်းသော် က မီဒီယာများကိုပြောကြားလိုက်သည်။

ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များ၏နောက်ကွယ်တွင် ဗဟိုဘဏ် က ကျောထောက်နောက်ခံ စီမံဆောင်ရွက်ထားမှုများရှိသည့် အတွက်ကြောင့် လတ်တလောထွက်ပေါ်နေသောသတင်းများမှာ သတင်း မှားများသြာ်ဖစ်ကြောင်းကို အထက် ပါပုဂ္ဂိုလ်ကပြောခြင်းဖြစ်သည်။

ဗုဒ္ဓဘာသာဝင်များ အပေါ် အကြမ်းဖက်မှု မြန်မာ အစ္စလာမ်များ ကန့်ကွက်


ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားနှင့် စစ်တကောင်း ဒေသတွင်းရှိ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများနှင့် အပြစ်မဲ့ ဗုဒ္ဓဘာသာဝင်များ အား အစွန်းရောက် အစ္စလာမ် ဘာသာဝင် အချို့က အကြမ်း ဖက်မှု များပြု
လုပ်ေ နခြင်း အပေါ် အစ္စလာမ် အဖွဲ့ အနေဖြင့် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ အစ္စလာမ် သာသနာရေးရာ ကောင် စီ ဌာနချုပ် တွဲဖက် အတွင်းရေးမှူး ဦးဝဏ္ဏရွှေ က ပြောကြားသည်။

ဘုန်းကြီးကျောင်း တိုက်ခိုက်သူများကို အသယ်အပြောင်း လုပ်သည့်ကား ဖမ်းမိ၊ သဲလွန်စကို ရဲက ဖေါ်ထုတ်နေ

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ကော့စ်ဘာဇားခရိုင်  ပန်းဝါခေါ် ရာမူးမြို့တွင် ဗုဒ္ဓဘာသာ
ဘုန်းတော်ကြီး ကျောင်း များ၊ဗုဒ္ဓဆင်း ထုတော်များနှင့်  နေအိမ်များ ကိုအကြမ်း ဖက် မီးရှို့ ဖျက်ဆီးရာတွင် ပါဝင်သူများကို  သယ်ယူ ပို့ဆောင်ပေးခဲ့သည့် ထရပ်ကားတစ်စီးကို စစ်တကောင်းခရိုင်အတွင်း အာဏာပိုင်များက ဖမ်းဆီး လိုက်သည်။

မူဆယ်တွင် စစ်တပ်မှ အရာရှိဟန်ဆောင်ပြီး သေနတ် အတုဖြင့် ငွေတောင်းသူအား ဖမ်းမိ

ရှမ်းပြည်နယ်မြောက်ပိုင်း၊  မူဆယ်မြို့၊  ကောင်းနောင်ရပ်ကွက် တွင်နေထိုင်
 သူ ဒေါ်နန်းစောရင် ၏ နေအိမ် သို့ သေ နတ် အတုဖြင့် စစ်တပ်မှအရာရှိ ဟန်ဆောင်ကာ ကားနှင့်ငွေလိမ်လည်တောင်းသူအား ဖမ်းမိခဲ့ကြောင်း သိရပါတယ်။

ဘဏ်ငွေထုတ်ပြန်လာသူအား ဆိုင်ကယ်ဖြင့်လိုက်လံလုယက်

မကွေး၊အောက်တိုဘာ ၆ `ကမ္ဘောဇ ဘဏ်မှငွေထုတ်ပြီး ပြန်လာသူမိန်း ကလေးထံမှ ငွေထုပ်အား ဆိုင်ကယ် စီးယောကျားတစ်ဦးမှအောက်တိုဘာ
၎ ရက် နေ့လည် ၁၁ နာရီကျော်ခန့်က လိုက်လံလု ယူ ထွက်ပြေး ခဲ့ကြောင်း
သိရသည်။

ဘင်္ဂလာဒေခ်ျ့မှ ရခိုင် မိသားစုများ မြန်မာဘက်သို့ ပြောင်းရွေ့

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဘင်ဒရာဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆိုး ရီမြို့နယ်မှ ရခိုင်မိသားစု ၄ စု သည်  ယခု ရက်ပိုင်းအတွင်း မြန်မာဘက် သို့ ပြောင်းရွေ့သွားကြောင်းသတင်း ရရှိသည်။ဘင်္ဂလာဒေခ်ျ့ တွင် တည်ရှိသောဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း ပြောင်းရွေ့သွားသူများမှာ အခင်း  ဖြစ်ပွားရာ ရာမူး (ပန်းဝါ) အရှေ့ဘက်တွင် တည်ရှိသော မရှက်ချောင်း ခေါ် ချောနာဆရီ ဒေသ ကျောင်းနားရွာမှ ဖြစ်ကြောင်း  ကျေးရွာသားတဦးကနိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

ဖိလစ်ပိုင်က ကမ္ဘာ့အကြီးဆုံး မိကျောင်းကြီး

 “လိုလောင်” လို့ ဒေသခံတွေက အမည်ပေး ထားတဲ့ ဧရာမ မိကျောင်းကြီး ဟာ ဂုဏ်ယူဖွယ် ရာ၊ ကြောက်ရွံ့ဖွယ်ရာ၊ ခရီးသွား လုပ်ငန်း  ဝင်ငွေတိုး ဖွယ်ရာ၊ စိတ်ဝင်စားဖွယ်ရာ စတဲ့ အခြင်းအရာများကို ဖိလစ်ပိုင်နို င်ငံ တောင်ပိုင်းမြို့ငယ်လေးထံကို ယူဆောင်လာခဲ့ပါတယ်။ အခုတော့ အဲဒီ မိကျောင်းကြီးဟာ ကမ္ဘာ့မှတ်တမ်း ဝင်သွားခဲ့ပါပြီ။

ပိတ်ဆို့ မှု ဖယ်ရှား ဥပဒေကြမ်း အိုဘားမား လက်မှတ်ထိုး

မြန်မာနိုင်ငံ အပေါ် အမေရိကန်က ဘဏ္ဍာရေး ပိတ်ဆို့ အရေးယူ ထား တာတွေကိုဖယ်ရှားပေးနိုင်မယ့် ဥပဒေ ကြမ်းကို ပြီးခဲ့တဲ့ လတုန်းက ကွန်ဂရက်လွှတ်တော်မှာ အတည်ပြုမှု ရခဲ့ပြီးတဲ့နောက် ဒီဥပဒေကြမ်းကို သမ္မတ အိုဘားမား က မနေ့ က သောကြာနေ့ တုန်းက လက်မှတ် ထိုး ပေးလိုက်ပါပြီ။

ဖားကန့်သို့ ချီတက်လာသော မြန်မာစစ်အင်အား ၂၀၀ ကျော် နမ့်ယာမှာ ရောက်နေ

ဖားကန့် ကျောက်စိမ်းမှော် ကေအိုင်အေ ရှေ့တန်းစစ်စခန်းတခု။ ဓါတ်ပုံ- ကချင်သတင်းဌာန
 ဖားကန့် ကျောက်စိမ်းမှော် ကေအိုင်အေ ရှေ့ တန်းစစ်စခန်းတခု။
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း မှော်သို့ တပ်အင် အားတိုးချဲ့နေသော မြန်မာ အစိုးရသည် ဖားကန့်သွား လမ်း နမ့်ယာ (Nam Ya) ကျေးရွာတွင် အစိုးရတပ် အင်အား၂၀၀ ကျော် ထပ်မံဖြည့်ထားကြောင်း KIA အရာရှိ တစ်ဦးက KNG ကချင် သတင်းဌာန သို့ပြောသည်။
နှစ်ဖက်တိုက်ပွဲများ ရပ်နေချိန် အစိုးရတပ် အင်အားများ မြစ်ကြီးနား-မိုးကောင်း၊  မိုးကောင်း-ကားမိုင်းလမ်းဖက်မှ ဖားကန့်ဖက်သို့ တိုးချဲ့လာ ကာ အောက်တိုဘာလ ၄ ရက် ကြာသပတေးနေ့တွင် နမ့်ယာ (Nam Ya) ကျေးရွာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်းသိရသည်။

အစွန်းရောက် မူဆလင် တရားဟောဆရာ အမေရိကန် လွှဲမည်

အကြမ်းဖက်သမားအဖြစ်စွပ်စွဲခံထားရတဲ့ Abu Hamza အပေါ်စွဲဆိုထားတဲ့ စွဲချက်တွေ အတွက် အမှုရင်ဆိုင်ဖို့ သူ့ကို ဗြိတိန်နိုင်ငံ ကနေ အမေရိကန်ကို လွှဲပြောင်းပေးတော့မှာဖြစ်ပါတယ်၊ Abu Hamza ရဲ့ နောက်ဆုံး အယူခံကို  ဗြိတိန် ဗဟိုတရားရုံးက သောကြာနေ့မှာ ပယ်ချလိုက်ပြီး Abu Hamza နဲ့အတူ နောက်ထပ် အကြမ်းဖက်သမားအဖြစ် သံသယရှိသူ ၄ ယောက်ဟာ
 အမေရိကန်ပြည်ထောင်စုမှာ အမှုရင်ဆိုင်ဖို့ သွားနိုင်လောက်တဲ့ ကျန်းမာရေး အခြေအနေရှိပါတယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဝါးတစ်ရာ စက်မှုဇုန် သစ်အချောထည်စက်ရုံ အလုပ်သမားတွေ ဆန္ဒပြ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ဝါးတစ်ရာ စက်မှုဇုန်မှာရှိတဲ့ တော်ဝင် မိသားစု ကုမ္ပဏီပိုင်  သစ်အချောထည် စက်ရုံက အလုပ်သမား ၂ ရာလောက်ဟာ သတ်မှတ်ထားတဲ့ ရက်အတွင်း စာချုပ် ချုပ်ဆိုပေးဖို့ သဘောတူထားတာကို အလုပ်ရှင်ဘက်က အကောင်အထည် မဖော်ပေးတဲ့ အတွက် စက်ရုံဝင်းအတွင်းမှာ ဒီကနေ့မနက်ပိုင်းက ဆန္ဒပြခဲ့ပါတယ်။