Tuesday, October 2, 2012

ရန်ကုန်မြို့လည်ခေါင်တွင် ဘီအမ်လိုင်းကား ဘရိတ်ပေါက်၍ ယဉ်တိုက်မှုဖြစ်

ရန်ကုန်မြို့လည်ခေါင် TRADER ဟိုတယ်ရှေ့တွင် မြောက်ဥက္ကလာမှ လာသောဘီအမ်လိုင်းကား ဘရိတ်ပေါက်၍ လမ်းလည်ကျွန်း ကိုကျော် တက်ပြီး တဖက်ယဉ်ကြောမှမောင်းလာသည့်ဟွန်ဒါကားကို ၀င်တိုက် မှုအောက်တိုဘာ ၂ရက် ညနေ ၅ နာရီ ၄၅ ခန့် ကဖြစ်ပွားခဲ့ရာ အသက်၄၀ခန့် အရွယ်ရှိ အမျိုးသမီးတစ်ဦး ထိခိုက်ဒါဏ်ရာ ရခဲ့ကြောင်း သိရသည်။ စိုင်း/ပြည့်
 
From- Popular Myanmar News Journal

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပျက်စီးသွားတဲ့ ဗုဒ္ဓဘာသာကျောင်းများ အတွက် ထိုင်းနိုင်ငံတွင် ရဟန်းတော်များ ဆန္ဒပြ

ဒီနေ့ ထိုင်းနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့မှာအကြမ်းဖက် သမားေ တွကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပျက်စီးသွားတဲ့ ဗုဒ္ဓဘာသာကျောင်းများ အတွက် ဆန္ဒပြပွဲတစ်ခုကို ဘင်္ဂလားရဟန်းတော်များစုက ဆင်နွဲခဲကြ ပါတယ်။ 

ရှမ်းပြည်နယ်လွှတ်တော်ထဲက ကိုယ်စားလှယ်တဦးနဲ့ အင်တာဗျူး

စိုင်းမောင်ကြီးက ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ (SNDP)က ဖြစ်ပါတယ်။
တောင်ကြီးတက္ကသိုလ်ကနေ သမိုင်းဘာသာရပ်အထူးပြု သင်ကြားခဲ့ သူပါ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ ကနေ ရွေးကောက်ခံရပြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာသူပါ။ ထိုင်းနိုင်ငံ မှာ လေ့လာေ ရးရောက်နေတဲ့ စိုင်းမောင်ကြီးနဲ့ ဒီမနက် တွေ့ဆုံ မေးမြန်းခဲ့ တာတွေကို ဖော်ပြလိုက်ပါတယ်။ သူနဲ့ အဆက်အသွယ် ထပ်ရရင် ဧရာဝတီဘလော့အတွက် ထပ်ပြီးတော့ အင်တာဗျူးချင်ပါသေးတယ်။

မသန်စွမ်းသူတွေအတွက် ဥပဒေထွက်တော့မယ်

ဒီဥပဒေဟာ မသန်စွမ်းသူ တွေရဲ့ အခွင့်အရေးကို အကာအကွယ်ပေးမယ့် ဥပဒေဖြစ်ပြီး ဥပဒေမူကြမ်း အဆင့်ကို ရောက်နေပြီလို့ သိရပါတယ်။ မြန်မာနိုင်ငံ လူဦးရေရဲ့ ၁၃သိန်းဟာ မသန်စွမ်းသူဦးရေဖြစ် ကြောင်း မသန်စွမ်းမှု ဆိုင်ရာ သုသေတန စာတန်းများ   လေ့လာပြုစုသူ တဦးဖြစ်တဲ့ ဆလိုင်းဘာတီဗွေး မှ ပြောကြားခဲ့ပါတယ်။ 

ရန်ကုန်မြို့နားက ကိုရီးယားရွာများ


ရန်ကုန်မြို့ မြောက်ကိုရီးယား စားတော်ဆက်ရဲ့ ဖျော်ဖြေရေး 
ကိုရီးယားတို့ရဲ့ ကန်နမ်စတိုင်လ်က ကမ္ဘာကိုထိုးဖောက်လိုက် တဲ့အတွက် ဒီနေ့ခေတ်ဟာ ဂလိုဘယ်လိုက်ဇေးရှင်းခေတ် မဟုတ်တော့ဘဲ ကိုရီးယားလိုက်ဇေးရှင်းခေတ်ဖြစ်နေပြီလား။

မြန်မာပြည်မှာလည်း ကိုရီးယား ရုပ်သံဇာတ်လမ်း၊ ကိုရီးယား မုန်ညှင်းချဉ် စသဖြင့် ခေတ်စားလာအပြီး အခုနောက်ဆုံးတွေ့ လာရတာကတော့ ကိုရီးယားကျေးရွာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးရှိ မီကာဆာဟိုတယ်တွင် အမေရိကန်နိုင်ငံသားတစ်ဦး အခန်းအတွင်း သေဆုံးမှုဖြစ်ပွား

ရန်ကုန်တိုင်းဒေသကြီးရှိ မီကာဆာဟို တယ်တွင် အမေရိကန်နိုင်ငံ သားတစ်ဦး  အခန်းအတွင်း သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အမေရိကန်မှ ဒေါ်အောင်ဆန်းစုကြည်နေ့အဖြစ် သတ်မှတ်

လတိုင်း၊လတိုင်း၏စက်တင်ဘာလ၂၅ ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည်ေ န့ အဖြစ်အမေရိကန်နိုင်ငံ၊အင်ဒီယား နားပြည်နယ်၊ Fort Wayne မြို့တော်ဝန် Tom Henryကသတ်မှတ်ခဲ့ကြောင်းသိရသည်။
“ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ကိုရောက်နေတုန်း ဖို့ဝေးမြို့မှာ မိန့်ခွန်းပြော ခဲ့ပြီးတော့ စက်တင်ဘာ၂၅ရက်နေ့ကို ဒေါ်အောင်ဆန်း စုကြည်နေ့ သတ် မှတ်ဖို့မြို့တော်ဝန်က ပြောကြားခဲ့တာဖြစ်တယ် လို့ ကြေညာချက်မှာ  ဖော်ပြထားပါတယ်။

ဘုန်းတော်ကြီးကျောင်း မီးရှို့တိုက်ခိုက်မူ လူပေါင်း ၁၆၀ ကျော် ဖမ်းဆီး၊ ၆၀၀ ကျော်တရားစွဲ

ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက်  တိုက်ခိုက်သူတွေကို ဘင်္ဂလာရဲ အဖွဲ့က  လိုက်လံ ဖမ်းဆီးနေ တဲ့ နေရာမှာ အခု အခါ လူပေါင်း ၁၆၆ ဦးကို ဖမ်းဆီး ထားပြီ ဖြစ်တယ်လို့ ပြည်ထဲရေး  ၀န်ကြီး မစ္စတာ အလောင်ဂျီက ပြောပါတယ်။

ဖမ်းဆီးတဲ့ အထဲမှာ ၉၃ ဦးက ကော့စ်ဘဇားခရိုင်က ဖြစ်ပြီး ၇၃ ဦးက စစ်တကောင်း က ဖြစ်ပါတယ်။

ဟောင်ကောင်တွင် သင်္ဘောနစ်မြုပ်၊ အနည်းဆုံး ၃၆ ဦး သေဆုံး

ဟောင်ကောင်မှာ လူပေါင်း ၁၂၀ ကျော် လိုက်ပါလာတဲ့ ခရီးသည်တင် ကူးတို့ သင်္ဘာ တစ်စီးဟာ တခြားကူးတို့ သင်္ဘောတစ်စီးနဲ့  မနေ့ ညက တိုက်မိ နစ်မြုပ်သွားတာကြောင့်အနည်းဆုံး သေဆုံးသူ ၃၆  ဦးထိရှိနေပြီဖြစ်ပါတယ်။ ဟောင်ကောင်အနောက်တောင်ပိုင်းက ကမ္ဘာလှည့် ခရီး သည်တွေ အသွားများ တဲ့ လမ်းမာကျွန်းအနီးမှာ မေတ်ာတဆ တိုက်မိမှုဖြစ်ပွားခဲ့ တာဖြစ် ပါတယ်။

ကြံခိုင်ရေးပါတီ ဥက္ကဌသစ် ရွေးချယ်မည်

လာမည့် အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကျင်းပ မည့် ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံဖြိုး ရေး ပါတီ ပြည်လုံးကျွတ် ညီလာခံ တွင် ပါတီ ဥက္ကဌသစ်ကို ပြန်လည် ရွေးချယ်သွားမည် ဖြစ်ကြောင်း အဆိုပါတီ၏ အထွေထွေ အတွင်းရေးမှုး ဦးဌေးဦးက The Voice Weekly သို့ ပြော ကြားသည်။

ဒလ၊ တွံတေး၊ သန်လျင်မြောက်ခြမ်း အနာဂတ် ရန်ကုန်မြို့တော် စီမံကိန်း


လူဦးရေ ခြောက်သန်း နီးပါးခန့် မှီတင်း နေထိုင်လျက် ရှိပြီး ၃၀၆ စတုရန်းမိုင်ကျော် ကျယ်ဝန်းသော ရန်ကုန်မြို့တော်သည် မကြာမီ အချိန် ကာလအတွင်း စတုရန်းမိုင်ပေါင်း ၁၀၀ ကျော် နေရာ သတ်မှတ်၍ ထပ်မံ တိုးချဲ့သွားရန် ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စက်တင်ဘာလ ၁၉ ရက်နေ့က တရားဝင် ထုတ်ဖော် ပြောဆို လိုက်သည်။

ပုဂံညောင်ဦးမြို့ မနူဟာဘုရား အရုပ်သွင်းပွဲတွင် ဗိုလ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် အရုပ်များ ပြသခဲ့

ပုဂံညောင်ဦးမြို့ မနူဟာဘုရား အရုပ်သွင်းပွဲကိုစက်တင်ဘာ၂၉ရက်ညပိုင်းကကျင်းပရာ ဗိုလ်ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် အရုပ်များ ပြသ ခဲ့ ကြောင်းသိရသည်။
"အရင်နှစ်တွေနဲ့မတူဘူး။တွေ့နေကြ အရုပ်တွေမဟုတ်ဘူးဆိုတော့ လူတွေပိုစိတ်ဝင်စား တာပေါ့"ဟုဒေသခံလိုင်စင်ရဧည့်လမ်းညွှန် တဦး ကပြောသည်။

ဗြိတိန်အရောင်းရဆုံးသီချင်းအဖြစ် PSY ၏ Gangnam Style ရပ်တည်

 တောင်ကိုရီးယား Rapအဆိုတော် PSY၏ Gangnam Style သီချင်းသည် ဗြိတိန်၏ အရောင်း ရဆုံး သီချင်းများ စာရင်းတွင် နံပါတ်(၁) ချိတ်ခဲ့ကြောင်း သိရသည်။

 မြင်းစီးသည့် ပုံစံ ကဟန်ကြောင့် နာမည်ကြီးခဲ့သော သီချင်းဗီဒီယိုသည် ကမ္ဘာအနှံ့တွင် အောင်မြင်မှု ခမ်းနားကြီးကျယ်စွာ ရရှိနေသလို ယခုအခါ  ဗြိတိန် ဈေးကွက်ကိုပါ ထိုးဖောက်လာခြင်း ဖြစ်သည်။

အာဆီယံမှာ မြန်မာတွေ ဘီယာသောက်တာ အနည်းဆုံး

အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ ဘီယာသောက်တဲ့ နေရာမှာ ဗီယက်နမ်နိုင်ငံက ထိပ်ဆုံးပါဘဲတဲ့။ ၂၀၀၁ ခုနှစ်က ဘီယာလီတာပေါင်း ၂.၆ ဘီလျံတောင် ရှိခဲ့ပါတာကြောင့် အရှေ့တောင်အာရှနိုင်ငံတွေထဲ ဘီယာ သောက်မှု အမြင့်ဆုံး ရောက်ခဲ့တာပါ။ 

CPI ကုမ္ပဏီကို ကချင်ဒေသခံများ တရားစွဲမည်

မြစ်ဆုံဆည်စီမံကိန်း လုပ်ငန်းခွင်တခု မြင်ကွင်း
ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဆောက်လုပ်ခွင့်ရရှိထားသော တရုတ်နိုင်ငံမှ China Power Investment (CPI) ကုမ္ပဏီကို သဘာဝ ပတ်ဝန်းကျင်နှင့် အမွေအနှစ်များကို ဖျက်ဆီးမှုဖြင့် ကချင်ပြည်သူများက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ၏ ဥက္ကဋ္ဌလည်းဖြစ်၊ ကချင်ငြိမ်းချမ်းရေးအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်သူ ဒေါ်ဘောက်ဂျာက ဧရာဝတီသို့ ပြောသည်။

သဘာဝဓာတ်ငွေ့ စီမံကိန်း ၂ ခုမှ ဒေါ်လာ ၁၆ ဘီလီယံကျော် မြတ်

မုတ္တမကွေ့ရှိ ရဲတံခွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ 
တူးဖော်ရေး လုပ်ငန်း
ရတနာနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းကြီးနှစ်ခုမှ ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ၆ နှစ်တာကာလအတွင်း အမြတ်ဝင်ငွေ အမေရိကန် ဒေါ်လာ ၁၆.၆ ဘီလီယံကျော် ရရှိခဲ့ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။
အဆိုပါစီမံကိန်း နှစ်ခုမှ ၂၀၀၆-၀၇ ဘဏ္ဍာရေးနှစ်တွင် အမြတ်ဝင်ငွေ ဒေါ်လာ ၂.၁ ဘီလီယံကျော်၊ ၂၀၀၇-၀၈ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ၂.၄ ဘီလီယံကျော်၊ ၂၀၀၈-၀၉ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၂.၈ ဘီလီယံကျော်၊ ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ၂.၆ ဘီလီယံကျော်၊ ၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ၂.၉ ဘီလီယံကျော်၊ ၂၀၁၁-၁၂ ဘဏ္ဍာရေးနှစ်တွင် ဒေါ်လာ ၃.၆ ဘီလီယံကျော် နှစ်စဉ် အမြတ်ဝင်ငွေရရှိထားကြောင်း သိရှိရသည်။

ပူတာအိုမှာ သီတဂူဆရာတော် ဆန်လှူ

သီတဂူဆရာတော် အရှင်ဉာဏိဿရက 
ဆန်ပြတ်လပ်မှု ရင်ဆိုင်နေရသော
 ကချင်ပြည်နယ်၊ ပူတာအို ခရိုင်သို့ 
ဆန်တတင်းခွဲဝင် အိတ်ပေါင်း ၁၀၀ 
သွားရောက် လှူဒါန်းမည်
သီတဂူဆရာတော် အရှင်ဉာဏိဿရက ဆန်ပြတ်လပ်မှု ရင်ဆိုင်နေရသော ကချင်ပြည်နယ်၊ ပူတာအို ခရိုင်သို့ ဆန်တတင်းခွဲဝင် အိတ်ပေါင်း ၁၀၀ သွားရောက် လှူဒါန်းမည် ဖြစ်ကြောင်း သတင်းရရှိသည်။
“မနေ့က ညနေ သုံးနာရီခွဲ မန္တလေးရထားနဲ့ ဆန်အိတ် ၁၀၀ မြစ်ကြီးနားကို ပို့လိုက်ပါပြီ။ ဆရာတော်ကြီးကတော့ အောက်တိုဘာ ၁၂ လောက် မှာ မြစ်ကြီးနားကို ရောက်မယ်” ဟု သီတဂူ ဆရာတော် ၏ မြစ်ကြီးနားခရီးစဉ်ကို စီစဉ်သူ စစ်ကိုင်းမှ ဆရာတော် ဦးကောဝိဒက မိန့်သည်။

စပါးစိုက် ဧက တစ်သန်းအတွက် ယူရီးယားဓာတ်မြေသြဇာ သင့်တင့်ဈေးဖြင့်ရောင်းပေးမည်


မြန်မာနိုင်ငံတောင်သူလယ်သမား အသင်းက မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်နှင့် ပူးပေါင်း၍ လာမည့်နှစ်တွင် စပါးစိုက်ဧက တစ်သန်းအတွက် ယူရီးယား ဓာတ်မြေသြဇာတန်ချိန် ၅၀၀၀၀ အားသင့်တင့်ေ သာ ဈေးနှုန်းဖြင့်ရောင်း ချပေးမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ရေမြောင်းထဲသို့ လှဲကျပြီး သေဆုံးမှုဖြစ်ပွား

အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး အိမ်ရှေ့ရှိ ရေခြောက်လက်မ သာရှိသော  ရေမြောင်းထဲသို့ လှဲကျပြီး သေဆုံး မှုဖြစ်ပွားခဲ့သည်။

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (၃၀)ရပ်ကွက်၊ ဘုမ္မာ (၇) လမ်းတွင် အသက် ခြောက်နှစ်အရွယ် မောင်အောင်ခန့်ပိုင်မှာ ၄င်းတို့ အိမ်ရှေ့ရှိ ရေမြောင်းအကျယ် ၂ ပေခွဲဝန်းကျင်ရှိပြီး ရေအနက် ၆ လက်မသာရှိသော  ရေမြောင်းအတွင်း ပက်လက်လှန် အနေအထားဖြင့် လှဲကျ၍ သေဆုံးနေ သည်ကို စက်တင်ဘာ ၃၀ ရက်၊ မွန်းလွှဲ ၃ နာရီခန့်က  တွေ့ရှိရသည်။

အလုပ်သမား ခုနှစ်ဆယ်ကို မကျေနပ်သဖြင့် အလုပ်သမား သုံးရာကျော် ဆန္ဒဖော်ထုတ်

ဒဂုံဆိပ်ကမ်းမြို့နယ် ကနောင်မင်းသားကြီး လမ်းပေါ်ရှိ အာရှနဂါး(MMM) အထည်ချုပ် စက်ရုံရှိ အလုပ်သမား သမား အယောက် ခုနှစ်ဆယ်ခန့် ကိုမကျေနပ်သဖြင့် အလုပ်သမား သုံးရာကျော်က၎င်းတို့၏ စက်ရုံရှေ့တွင် ဆန္ဒ ထုတ်ဖော် ခဲ့ကြောင်း မျက်မြင်များနှင့် ဆန္ဒပြစက်ရုံ အလုပ်သမား များက  ပြောကြားသည်။

နိုင်ငံခြားသား ခရီးသည်တွေကို ရခိုင် သွားခွင့်ပြုပြီ

ရခိုင်ပြည်နယ်က အခင်းဖြစ်ပွားပြီးနောက် ၃လလောက် ပိတ်ထားရာက နိုင်ငံခြားသား  ခရီးသည်တွေကို အခုအခါ ပြန် သွားလည် ခွင့်ပြုပြီလို့ သိရပါတယ်။
နိုင်ငံခြားသား ခရီးသည်တွေကို အရင်ကလို လွတ်လွတ်လပ်လပ် သွား လာခွင့်ပြု တာ မဟုတ်သေးဘဲ ကြိုတင်ခွင့်ပြုချက်နဲ့ မှ သွားလို့ရ တာ ဖြစ်ပါတယ်။

မြန်မာ-တရုတ် “ရွှေ” သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း စီမံကိန်း အပေါ် မြန်မာပြည်သူလူထု၏ သဘောထား ထုတ်ပြန်ချက်

မြန်မာ-တရုတ် “ရွှေ”သဘာဝဓာတ်ငွေ့နှင့်
 ရေနံပိုက်လိုင်းစီမံကိန်းအပေါ်
 မြန်မာပြည်သူလူထု၏ သဘောထား
ထုတ်ပြန်ချက်





                                               ရက်စွဲ။၁အောက်တိုဘာ ၂၀၁၂ 
               
 မြန်မာနိုင်ငံအနောက်ဖက်ကမ်းရိုးတန်း ရခိုင်ပြည်နယ်ကျောက်ဖြူမြို့မှ တရုတ်နိုင်ငံ ယူနန်ပြည်နယ် သိုသွယ်တန်းမည့်  ရွှေသဘာဓာတ်ငွေ့ နှင့်ရေနံပိုက်လိုင်းစီမံကိန်း သည်မြန်မာနိုင်ငံ၏မြို့နယ်(၂၁)မြို့နယ် ကိုဖြတ်သန်းသွားပါသည်။ ထိုစီမံကိန်းတွင်

ခဝဲခြံတွင် နေ့အချိန် စိန်နှင့် ရွှေထည် သိန်းသုံးထောင်ကျော် ဖေါက်ထွင်း ခံရ (သတင်းအပြည့်အစုံ)

ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့ နယ် အမှတ်(၂) ရပ်ကွက်၊ ဒေးဗစ်ရွှေနု လမ်း( ခဝဲခြံ မှတ်တိုင်အနီး)ရှိ အိမ်အမှတ်(၅-ခ)တွင် စက်တင် ဘာလ ၂၈ ရက်နေ့က အိမ်ဖောက်ထွင်း မှု ဖြစ်ပွားခဲ့ရာ စိန်၊ ရွှေ လက်ဝတ်ရတနာ ကျပ်သိန်း ၃၀၀၀ ကျော်ဖိုး ခိုးယူခံခဲ့ရကြောင်း အိမ်ရှင်နှင့် ဆွေမျိုး တော်စပ်သည့် အသက် ၃၅အရွယ်ရှိ အမျိုးသမီး တစဦးက The Voice Weekly သို့ပြောကြားသည်။

ကမ္ဘာမူစလင်အဖွဲ့ချုပ် (OIC) ရခိုင်ပြည်နယ်တွင် အခြေစိုက်ရန်ကြိုးပမ်း မှုအား ဆန္ဒပြကန့်ကွက်သွားမည်

ကမ္ဘာမူစလင်အဖွဲ့ချုပ် (OIC) သည် ရခိုင်ပြည် နယ်တွင်း အခြေစိုက်၍ ရခိုင်လူမျိုးတို့နှင့်ဘင်္ဂါ လီလူမျိုးတို့အတူယှဉ်တွဲ နေထိုင်နိုင်ရန် နှင့် ဘာသာရေးလုပ်ငန်းများလုပ်ဆောင်မည့်အစီ အစဉ်အား အစိုးရအဖွဲ့မှခွင့်ပြု မည်ဟု ကြားသိရသောကြောင့် ရခိုင်လူမျိုးများ အနေဖြင့် ဆန္ဒပြကန့်ကွက် သွား မည်ဖြစ်ကြောင်းကိုစစ်တွေမြို့ရှိ ၀ံလက်ဖောင်ဒေးရှင်း မှ အမှုဆောင် ဦးသိန်းဝင်း ကပြောသည်။

တားမြစ်ဆေးသုံးစွဲမှု အားကစားလောကမှပြည်သူကြားပံျ့နှံ့

တားမြစ်ဆေးသုံးစွဲမှုဆန့်ကျင် ရေးညီလာခံသို့ တက်ရောက်လာသူ ကိုယ်စားလှယ်များ၏ အဆိုအရ စွမ်း ဆောင်ရည်မြှင့်တင်ပေးသော တား မြစ်ဆေးများသုံးစွဲမှုသည် အားကစား လောကတွင်သာမ က ပြည်သူ့ ကျန်း မာရေးနယ်ပယ်သို့ပါပံျ့နှံ့လာကြောင်း သိရသည်။