Monday, September 24, 2012

ဂုဏ်ပြုညစာစားပွဲတစ်ရပ်ကျင်းပ

စက်တင်ဘာ(၂၄)နေ့တွင်ကျင်းပပြုလုပ်သော ပြန်ကြားရေးဝန်ကြီးဌာနနှင့် ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)၊ ဆွီဒင်အသံလွှင့်မီဒီယာ ဖွံ့ဖြိုးရေးရုံးတို့ ဦးစီး၍ ပြည်သူ့အသံလွှင့်လုပ်ငန်းဝန်ဆောင်မှုဆွေးနွေးပွဲသို့တက်ရောက်ခဲ့ သူများအား ထိုနေ့ ညနေ(၆)နာရီက အင်းလျားကန်ဟိုတယ်တွင်ပင် ဂုဏ်ပြုညစာစားပွဲတစ်ရပ်ကျင်းပ၍ တည်ခင်းဧည့်ခံခဲ့သည်။
 
 
From-  Popular Myanmar News Journal 

ပါတီဝင်အချို့ မညီညွတ်ခြင်း အပေါ်လမ်းညွှန်မှု ပေးခြင်းသည် မှားယွင်းသည့် လမ်းစဉ် မဟုတ်ဟု ဦးဋ္ဌေးဦး ဆို


ပြည်ခိုင်ဖြိုးပါတီတွင်း ပါတီ ဝင်အချို့အချင်းချင်း မညီညွတ်ဖြစ် နေခြင်းအပေါ် ဗဟိုအလုပ်အမှု ဆောင် အဖွဲ့ဝင် ဆုံးဖြတ်ချက်ဖြင့် လမ်းညွှန်မှုသွားရောက် ပြုပေးခဲ့ ခြင်းသာဖြစ်ကြောင်း ပြည်ခိုင်ဖြိုး ပါတီအထွေထွေ အတွင်းရေးမှူး ဦးဋ္ဌေးဦးက ပြောသည်။

သတ်မှတ် ၂၁ ရက်အတွင်း နိုင်ငံကူးလက်မှတ် ထုတ်ယူခွင့်မရသူများ အသနားခံစာတင်ပြ၍ ထုတ်ယူနိုင်ဟု ဆို"

သတ်မှတ် ၂၁ ရက်အတွင်း နိုင်ငံကူးလက်မှတ် ထုတ်ယူခွင့်မရရှိသူများအနေဖြင့် နိုင်ငံတော် သမ္မတရုံးနှင့် လူဝင်မှုကြီးကြပ်ရေနှင့် ပြည်သူ့အင်အားဦးစီးဌာနသို့ အသနားခံစာတင်ပြတောင်းခံနိုင်ကြောင်း နိုင်ငံကူး လက်မှတ် စိစစ်ထုတ်ဝေပေးရေးဌာန တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ တတိယပတ်အတွင်းကပြောသည်။

အိမ်မြေဖယ်ရှားပေးရမယ့် ပုသိမ်ကြီးဒေသခံတွေ အသနားခံ

မန္တလေး၊ ပုသိမ်ကြီးမြို့နယ် ကျူးကျော် ရပ်ကွက်မှာ နေထိုင်သူတွေ နေရာကနေ ချက်ချင်းဖယ်ရှားဖို့ မြို့တော်ဝန်က ပြောဆိုခဲ့အပြီး အသနားခံ ဆန္ဒပြခဲ့ကြသူများ။


မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်တွင်းမှာရှိတဲ့ အစိုးရပိုင် မြေနေရာတွေမှာ ကျူးကျော် ၀င်ရောက် နေထိုင်သူတွေကို ဖယ်ရှားပေးဖို့ မနေ့က မန္တလေး မြို့တော်ဝန် ကိုယ်တိုင် ပြောဆိုခဲ့ပြီးနောက် ၁၀၀ နီးပါး ကျူးကျော်နေထိုင်သူတွေကနေ မြို့တော်ဝန်ကားကို ပိတ်ဆို့ပြီး ဆန္ဒပြခဲ့ကြပါတယ်။ ကျူးကျော်နေထိုင်သူတွေ

သန်လျင် နည်းပညာ တက္ကသိုလ်၌ ရေနံ မေဂျာတတိယနှစ် ဘာသာရပ် စာမေးပွဲမေးခွန်းမှားယွင်း ဝေငှမှု ဖြစ်ပေါ်

သန်လျင် နည်းပညာ တက္ကသိုလ်၌ ရေနံမေဂျာ တတိ ယနှစ်မှ ဘာသာရပ်စာမေး ပွဲတစ်ခု မေးခွန်းမှားယွင်းဝေငှမှု အပေါ် ဖြေဆိုသူ ကျောင်းသားတို့ နစ်နာမှု မရှိစေရန် စီစဉ်ပေးသွား မည်ဟု သိပ္ပံနှင့် နည်းပညာဝန်ကြီး ဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဦးဌေးဦးပြောဆိုချက် ဧရာဝတီတိုင်းလွှတ်တော် ကန့်ကွက်

ကြံ့ခိုင်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးဌေးဦးက  ဒီလ ၉ ရက်နေ့က ဧရာဝတီတိုင်း ညောင်တုန်းမြို့မှာ ကြံ့ခိုင်ရေးပါတီက လွှတ်တော် အမတ်တွေကို ခေါ်ယူတွေ့ဆုံပြီး ဧရာဝတီတိုင်း လွှတ်တော်အမတ်တွေ နဲ့ ဥက္ကဋ္ဌဟာ တော်လွန်း၊ တတ်လွန်းလို့မဟုတ်ဘဲ ပါတီက တာဝန်ပေးလို့ လုပ်ဆောင်နေသူများဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

မုံရွာ ကြေးနီစီမံကိန်းကြောင့် အဖမ်းခံရသော ၀က်မှေးရွာသူ သုံးဦး အမှုကွင်းလုံးကျွတ် လွတ်ပြီ


လက်ပံတန်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် စက်တင်ဘာ ၁၀ ရက်နေ့တွင် မုံရွာဆုတောင်းပြည့်ဘုရားတွင် ၀တ်ပြုဆုတောင်းနေစဉ်အဖမ်းခံခဲ့ရသော ၀က်မှေးရွာသူ ၃ဦး ၏အမှုကို ယနေ့တွင် ကွင်းလုံးကျွတ်လွတ်ပေးလိုက်ပြီဖြစ်ကြောင်း အဖမ်းခံရသူမအေးနက် ကပြောသည်။

အဖမ်းခံရသော ၀က်မှေးရွာသူ မသွဲ့သွဲ့ဝင်း၊မအေးနက်နှင့် မဖြုဖြုဝင်းတို့သည် မုံရွာအကျဉ်းထောင်တွင်း ၅ ရက်ကြာထိမ်းသိမ်းခံခဲံ့ရပြီး အာမခံဖြင့် လွှတ်ပေးထားရာမှ့ ယနေ့မှ့သာ ကွင်းလုံးကျွတ်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိ့ရသည်။
 
From-  Popular Myanmar News Journal

မန်း မြို့တော်ဝန်ကို အယုံအကြည် မရှိကြောင်း သမ္မတထံစာပို့ရန် ပြည်သူလူထုဆန္ဒလက်မှတ်ရယူမည်

မန်းမြို့တော်ဝန်အား အယုံအကြည်မရှိကြောင်းကို နိင်ငံတော်သမ္မတ ထံစာတင်ရန် ပြည်သူလူထု ဆန္ဒမဲလက်မှတ်များရယူသွားမည်ဟု ဦးဆောင်ပြုလုပ်မည့်သူတဦးဖြစ်သူ ABSDF ကျောင်းသားရဲဘော်ဟောင်း ကိုညီညီကျော် ကပြောသည်။

သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုသို့ခရီးထွက်ပြီ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌ ကျင်းပမည့် (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ တက်ရောက်ရန် ယနေ့ နံနက် (၉) နာရီတွင် နေပြည်တော်မှ အထူး လေယာဉ်ဖြင့် ထွက်ခွာသွားသည်။





From- Popular Myanmar News Journal

ရခိုင်ဒေသအနီး ဘင်္ဂလားဒေ့ရှ်မြို့မှာ ပုဒ်မ ၁၄၄ ထုတ်ပြန်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတိုင်း ရန်ဂါမတီမြို့တွင် ဌာနေ ဆပ်ကမာလူမျိုးများနှင့် နယ်မြေသစ်တွင် အခြေချလာသူ ဘင်္ဂလား လူမျိုးများ အကြား အဓိဂရုဏ်းများဖြစ်ပွါးနေသောကြောင့် ဒီလ ၂၂ ရက်နေ့ နံက် ၁၁ နာရီခန့်တွင် ပုဒ်မ ၁၄၄ ကို ပထမဆုံး အကြိမ် ထုတ်ပြန်လိုက်ရသည်။

ရခိုင်ဒေသ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးရေး လမ်းပြမြေပုံ လို

ရခိုင်ပြည်နယ် ရေရှည်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုး
တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေး
 ပြောကြား နေသော ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း
ရခိုင်ပြည်နယ် ရေရှည်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်တွင်း ပြည်ပမှ အတွေ့အကြုံများနှင့်ပေါင်းစပ်၍ လမ်းပြ မြေပုံတခု ရေးဆွဲနိုင်ရန် ကြိုးပမ်းသွားမည်ဟု သိရသည်။
သဘာဝ အရင်းအမြစ် ပေါကြွယ်ဝသော်လည်း ဖွံ့ဖြိုးမှုနောက် ကျနေသည့် ရခိုင်ပြည်နယ်တွင် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးရေးလုပ် ငန်းစဉ်များ ပေါ်ထွန်းလာရေးအ တွက် နိုင်ငံတကာအတွေ့အကြုံ များနှင့်ပေါင်းစပ်၍ လမ်းပြမြေပုံ ရေးဆွဲနိုင်ရန် ဒု သမ္မတ ဒေါက် တာ စိုင်မောက်ခမ်း က ပြောကြားခြင်း ဖြစ်ကြောင်း ယမန်နေ့ထုတ် အစိုးရ သတင်းစာများက ဖော်ပြထားသည်။

ပါတီထောင်ရန် ၈၈ အဖွဲ့ စဉ်းစားနေ

၂၀၁၂ ဇန်နဝါရီလက ၈၈ မျိုးဆက်ကျောင်းသားများ
 သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့အနေဖြင့် အနာဂတ် အခင်းအကျင်းတွင် နိုင်ငံရေး ပါတီတရပ် ထူထောင်ရန် အလေးအနက် စဉ်းစားနေကြောင်း သိရသည်။
“လွတ်ပြီးခါစ သတင်းစာရှင်းလင်းပွဲတွေက စပြီး တောက်ေ လျှာက် ပြောပြီး သား ပါ။ တရားဝင် ဆုံးဖြတ်ပြီးတဲ့ အခါကျရင် အားလုံး သိရမှာပါ။ အခု အချိန်အထိကတော့ ကျနော်တို့ လေးလေးနက်နက် စဉ်းစားနေတုန်းပါ” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ဦးကိုကိုကြီး က ဧရာဝတီသို့ ပြောသည်။

အင်္ဂလန် ဘောလုံး နည်းပြဟောင်း အဲရစ်ဆင် မြန်မာပြည် ရောက်

အပြည်ပြည်ဆိုင်ရာ မင်္ဂလာဒုံလေဆိပ်သို့
 ရောက်ရှိလာသော အင်္ဂလန်လက်ရွေးစင်အသင်း
 နည်းပြဟောင်း မစ္စတာ အဲရစ်ဆင်ကို 
ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း (YUFC) မှ
 လာရောက်ကြိုဆိုသူများနှင့် တွေ့ရစဉ်
မြန်မာဘောလုံးလောက ဖွံဖြိုးရေးနှင့် လက်ရွေးစင် ဘောလုံးအသင်း တိုးတက်ရေးအတွက် အကြံဉာဏ်ကောင်းများပေးရန်  အင်္ဂလန်လက်ရွေးစင်အသင်း နည်းပြဟောင်း ဆွီဒင်လူမျိုး ဆဗန်ဂိုရန် အဲရစ်ဆင်သည် ယနေ့ နေ့လည် ၂ နာရီခန့်က ရန်ကုန်မြို့ သို့ ရောက်ရှိလာသည်။
အဲရစ်ဆင်သည်  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ ဖိတ်ကြားချက်နှင့် ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း (YUFC) ၏ အစီအ စဉ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် တရက် တာ နေထိုင် မည်ဟု ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်း တာဝန်ခံ ကိုဇွဲက ဆိုသည်။

တရုတ်နိုင်ငံတွင် စိတ်ရောဂါသည်များကို အတင်းအဓမ္မစေခိုင်းသည့် စက်ရုံတစ်ရုံကို တရားစွဲ


တရုတ်နိုင်ငံ အတွင်း၌ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်း သူများကို မတရား ခိုင်းစေသော အင်္ဂတေ စက်ရုံ တစ်ရုံကို အာဏာပိုင် များက  တရားစွဲဆို ခဲ့ကြောင်း သိရသည်။


အဆိုပါ စက်ရုံ၌ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူ များကို နံနက်  ၆ နာရီမှ စတင်၍
အန္တရာယ် ရှိသော စက်များဖြင့် အလုပ် ခိုင်းစေလျက် ရှိကြောင်း၊ ၎င်းတို့အား အခြား အစားအစာ မပါသော ခေါက်ဆွဲများ ကိုသာ ကျွေးမွေး လျက်ရှိကြောင်း
သိရသည်။

ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာလတွင် အိန္ဒိယနိုင်ငံသို့ သွားရောက်မည်



အမေရိကန် ပြည်ထောင်စုတွင် ယခုရောက် ရှိနေသည့် ဒေါ်အောင်ဆန်း စုကြည်သည်  နေရူး အမှတ်တရပွဲ၌ ဟောပြောပို့ချချက်  ချီးမြှင့်ပေးရန် အိန္ဒိယနိုင်ငံ၏ ဖိတ်ကြားမှုကို  လက်ခံ လိုက်ကြောင်း သတင်းရှိသည်။


ရက်စွဲ အတိအကျကို မကြေညာရ သေးသော်လည်း နေရူး အမှတ်တရ အခမ်းအနားအား နိုဝင်ဘာလ တတိယပတ်တွင် ကျင်းပသွားဖွယ်ရှိသည်။

မြန်မာ စားဖိုမှူး အသင်းက ကန်ဒေါ်လာ တစ်သိန်းကျော် တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများ စစ်တွေသို့ သွားရောက် လှူဒါန်း


မြန်မာနိုင်ငံ စားဖိုမှူးများအသင်းက ရခိုင်ဒေသ အတွက် အမေရိကန် ဒေါ်လာ တစ်သိန်းကျော်  (ကျပ်သိန်း ၈၅၀ကျော်) တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများကို စစ်တွေမြို့သို့ သွားရောက် လှူဒါန်းခဲ့ သည်ဟု သတင်း ရရှိသည်။

အချစ်ရေး အဆင်မပြေသောအခါ အမျိုးသား များသည် အမျိုးသမီး များထက် ပိုမိုထိခိုက် ခံစားရ



အချစ်ရေး၌ စိတ်မချမ်းသာဘဲ ရှုံးနိမ့်ရသော  အခါ အမျိုးသား များသည် အမျိုးသမီး  များထက်  ပိုမို နာကျင် ခံစားရလေ့ရှိသည် ဟု လေ့လာမှု တစ်ရပ်အရ သိရကြောင်း ကျန်းမာရေးနှင့် လူမှုရေး ဂျာနယ်တွင် ဖော်ပြထားသည်။

ဆွီဒင် ဓါတ်ပုံဆရာ ရိုက်ကူးသော သားအိမ်တွင်း၌ သန္ဓေသားလောင်း ကြီးထွားလာပုံ


Lennart Nilsson သည် ဆွီဒင် နိုင်ငံသားဓါတ်ပုံဆရာနှင့် သိပ္ပံပညာရှင်
 ဖြစ်သည်။

 သူ၏ ရိုက်ကူးခဲ့သော ဓါတ်ပုံများတွင် တစ်ချိန်က ဓါတ်ပုံ ရိုက်ကူး၍ မရနိုင်ဟု ယူဆထားသော လူ၏ သန္ဓေသားေ လာင်း နှင့် အခြား ဆေးပညာဆိုင်ရာ ဓါတ်ပုံများများအပြင် သူ၏ အနုစိတ် ဓါတ်ပုံပညာမှာ အထူးထင်ရှားသည်။

ဧရာဝတီမြစ်တွင် ကသာမြို့၌ စိုးရိမ်ရေ မှတ်ရောက် ရှိနိုင်ကြောင်း ထုတ်ပြန်(အရေးပေါ်သတိပေးချက်)


ဧရာဝတီမြစ်တွင် ကသာမြို့၌ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိပါသည်။
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းတာချက်အရ ဧရာဝတီမြစ်ရေသည် ကသာမြို့တွင် အဆိုပါမြို့၏ စိုးရိမ်ရေမှတ်အောက် ၄၅ စင်တီမီတာ(တစ်ပေခွဲခန့်)တွင် ရောက်ရှိေ နကြောင်း၊ လာမည့် ၄၈ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော ၁၀၄၀ စင်တီမီတာသို့ ရောက်ရှိနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ရသေ့တောင် လူထုစည်းဝေးပွဲသို့ တက်ရောက်မည့်သူများ သောင်းသောင်းဖြဖြသွားရောက်


ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ ကျင်း ပမည့် လူထုစည်းအဝေးပွဲသို့ တက်ရောက် မည့်သူများ ဒေသအသီးသီးမှ သောင်း သောင်းဖြဖြ သွားရောက်နေကြကြောင်း သိရသည်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ကျေးဇူးတင်ကြောင်း အိတ်ဖွင့်ပေးစာ

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို
ကျေးဇူးတင်ကြောင်း အိတ်ဖွင့်ပေးစာကို  ရေးသားလိုက်ရခြင်းဟာ ဘယ်လိုမှမတွေ့ ဆုံနိုင်လိုက်တဲ့ အခြေအနေမျိုးမို့  ရေးသား ရခြင်းဖြစ်ပြီး အထူးဘဲရင်ထဲလှိုက် လှဲ ခံစားရမိတာကြောင့် ရေးသားလိုက်ရခြင်းဖြစ် ပါတယ် ။

မူးယစ်ဆေးဝါးနှင့် ဖောက်ခွဲရေးပစ္စည်းများ သိမ်းဆည်းရမိ


၂၀၁၂ စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်  ၆ နာရီ ချိန်ခန့်တွင် မိုးကုတ်မြို့နယ်၊ ဘီးတောင်ရပ်ကွက်၊ အိမ်အမှတ်(ဆ/၁၂၄)နေ  အောင်မြင့်(ခ) မောင်မြင့်(ဘ) ဦးအိုက်ဖူး (၄၂) နှစ်၊ ရှမ်း/ဗုဒ္ဓ နေအိမ်၌ မူးယစ်ဆေးဝါး ရောင်းဝယ်နေကြောင်း သတင်းရရှိသဖြင့် မန္တလေးမြောက်ပိုင်း မူးယစ်အထူးအဖွဲ့နှင့် မိုးကုတ်ရဲစခန်းမှ နယ်ထိန်း တပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့မှ ၀င်ရောက်ရှာဖွေရာ နေအိမ်အောက်ထပ် ၎င်းနေသည့် အိမ်ခန်းရှေ့ ထင်းပုံအောက်မှ အောက်ပါပစ္စည်းများတွေ့ ရှိသိမ်းဆည်းရမိခဲ့သည် -

အစွယ်ဖြတ်ခံရသည့် ဆင်(၂)ကောင်အတွက် တရားခံမမိသေး


 ပုသိမိခရိုင်၊ ငပုတောမြို့နယ်တွင် (၂)လ အတွင်း အစွယ်ဖြတ်ခံ ရပြီး သေဆုံးနေသော  ဆင်နှစ်ကောင်တွေ့ရှိခဲ့ သော်လည်း သက်ဆိုင် ရာအဖွဲ့အစည်းများမှ တရားခံကို မဖမ်းဆီးနိုင် သေးကြောင်း ငပုတောမြို့ခံများထံက သိရှိ ရသည်။

စစ်ကိုင်းတိုင်း အနီး အိန္ဒိယ နယ်စပ်တွင် ဖမ်းဆီးခံ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၂၂ ဦး ထောင်ချမှတ်ခံရ

မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းနှင့် ကပ်ရပ်တည်ရှိသော အိန္ဒိယဘက်ခြမ်း အင်ဖါးမြို့တွင် များမကြာမှီက ဖမ်းဆီးထားသော ဘင်္ဂလားဒေ့ခ်ျနိုင်ငံသား ၂၂ ဦးကို ထောင်(၂) နှစ် နှင့် ရူပီငွေ ၁၀၀၀၀ စီ ပြစ်ဒဏ် ချမှတ်လိုက်သည် ဟု အိန္ဒိယ ထုတ် The Hindu ဖေါ်ပြသည်။

ကျောက်တော် ထွက်ပြေးတရားခံများ ပြန်လည် ဖမ်းဆီးရ၊ ရဲမှူးနှင့် စခန်းမှူး အရေးမယူရန် တည်ငြိမ် အေးချမ်းမူ ကော်မီတီက စာရေးမေတ္တာရပ်ခံ

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ထွက်ပြေးသွားသော လူသတ် တရား ခံ (၂) ဦးကို ပြန်လည် ဖမ်းမိခဲ့ပြီးနောက် ကျောက်တော်မြို့နယ် တည်ငြိမ်အေး ချမ်းမူ ဖေါ်ဆောင်ရေး  မြို့မိ မြို့ဖများမှ  ယာယီ ပြောင်းရွှေ့ ခံထား ရသော ကျောက်တော်မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် စခန်းမှူးတို့အား ပြန်လည် တာဝန်ချထားပေးပါရန် အတွက် အထက်သို့ စာရေး မေတ္တာရပ်ခံလိုက်သည်ဟု သိရသည်။
အဆိုပါ စာအား ကော်မီတီဝင် ၁၉ ဦးက လက်မှတ် ထိုး ရေးသား ကာ ပေးပို့လိုက်ခြင်း ဖြစ်ပြီး  စာပါ အကြောင်းအရာမှာ အောက်ပါ အတိုင်း ဖြစ်သည်။

ဒီကနေ့ လတ်တလောမှာ ပြောစရာ ကိုးချက် (၂၄ ၊ စက်တင်ဘာ၊ ၂၀၁၂)

(၁) တိုင်းရင်းသားရခိုင် နှင့် ဘင်္ဂါလီခိုးဝင်သူ များကို တန်းတူ သဘောထား၍ ခေါ်  ယူဆွေးနွေးခြင်း၊ ကြားဝင်ညှိနှိုင်းပေးခြင်း မှန်သမျှသည် အခြေခံ အနှစ်သာရအားဖြင့်  မှားယွင်းသည်။ အဘယ်ကြောင့်ဆိုသော် ရခိုင်လူမျိုးများမှာ ပြည်သူများဖြစ်ကြပြီး ဘင်္ဂါလီခိုးဝင် သူများမှာ နိုင်ငံခြားသားများ ဖြစ်ပြီးသကာလ တန်းတူရပိုင်ခွင့်ရှိသူများ မဟုတ်ကြချေ။

အယူသီးမှု နှင့် မေတ္တာတရား (အရှင်လတ်လတ်မြှုပ်နှံသင်္ဂြိုလ်ခြင်း)


ကျနော်တို့ ခေတ်သစ် ကမ္ဘာမှာ လူမှုကွန်ယက်နှင့် တကမ္ဘာ လုံး အတိုင်းအတာ လူသားအချင်းချင်း ချိတ်ဆက်စကားပြောနေချိန်မှာ အိန္ဒိယ နိုင်ငံ တနေရာ မှာတော့ ကလေးလေးတွေကို အရှင်လတ် လတ်မြှုပ်နှံ သင်္ဂြိုလ်တဲ့ ဓလေ့ရှိနေပါသေးကြောင်း သတင်းတစ်ပုဒ် ဖတ်လိုက်ရချိန် စိတ်ထဲမှာ မသက်မသာ ခံစားလိုက်ရပါတယ်။

တော်လှန်ရေး ရဲဘော်ဟောင်း စာရေးဆရာ ဝမ်းအိုဝမ်း ကျော်ဝင်းမောင် ကွယ်လွန်


တ်ာလှန်ရေး ရဲဘော်ဟောင်း စာရေး ဆရာ ဝမ်းအိုဝမ်း ကျော်ဝင်းမောင်
ကွယ်လွန်ကြောင်း သတင်းရ ရှိပါသည်။ ဝမ်းအိုဝမ်း ကျော်ဝင်းမောင်သည် သာကေ တမြို့နယ်ရှိ နေ အိမ်၌ ၂၀၁၂ ခုနှစ်စက်တင်ဘာလ ၂၃ ရက်နေ့ ညပိုင်းတွင် ကွယ်လွန် ခဲ့ခြင်းဖြစ်ကြောင်း ၄င်း၏ မိသားစု ဝင်များထံမှ သိရှိရသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ရန်အတွက် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အမေရိကန်နိုင်ငံသို့ သွားရောက်မည်

အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာလ ၂၄ ရက်မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ခရီးထွက် ခွာမည်ဖြစ်ေ ကြာင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဋ္ဌေး (မှူးဇော်)၏ facebook စာမျက်နှာ တွင် ဖော်ပြ ထားချက်အရ သိရှိရပါသည်။

တရုတ်နိုင်ငံမှ နာမည်ကောင်းသည့် ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရေး တွန်းအားပေး ဆောင်ရွက်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တရုတ် 
ဒုတိယ သမ္မတ တို့တွေ့ဆုံ ဆွေးနွေး
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယ သမ္မတ မစ္စတာ ရှီကျင့်ဖျင် တို့သည် စက်တင်ဘာ ၂၁ ရက် ညနေ ၄ နာရီ ၂၅ မိနစ်က နန်နင်းမြို့ရှိ လိယွမ် ဧည့်ဂေဟာ International Conference Centre(ICC) ၌ တွေ့ဆုံ ဆွေးနွေး ကြသည်။

မဲဆောက် မော်လမြိုင် လေယာဉ်ပြေးဆွဲမည်



မဲဆောက် မော်လမြိုင် လေယာဉ် ခရီးစဉ်ဟာ ခရီးသွားနဲ့ စီးပွားရေး လုပ်ငန်း အတွက်  အရေးပါမယ့် ခရီးစဉ် ဖြစ်မဲဆောက် မော်လမြိုင်  ခရီးသည်တင် လေယဉ် တိုက်ရိုက်ပျံသန်း မှုတွေ ရှေ့အပတ် ထဲမှာ စတင်တော့မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် Kentucky ပြည်နယ် ရောက်ရှိ

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
 ဒေါ်အောင်ဆန်ုးကြည်ဟာ ၀ါရှင်တန်ဒီစီမြို့ တော်နဲ့ နယူးယောက်မြို့တွေကို ခရီးလှည့်လည်ခဲ့ပြီးတော့၊ မနေ့က တနင်္ဂနွေနေ့မှာ Kentucky ပြည်နယ်က Louisville မြို့ကို  ရောက်ရှိလာခဲ့ပါတယ်။

ထိပ်တန်းတက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုမည့် ဂျပန် စက်ရုပ်ကျောင်းသား

လွန်လေပြီးသော ဆယ်စုနှစ်များက သိပ္ပံစာရေးဆရာများက စိတ်ကူးယဉ်
 ဇာတ်လမ်းများ ရေးသားခဲ့ဖူးသည်။ သို့သော် သူတို့ စိတ်ကူးယဉ်မှုများမှာ အမှန်တကယ် ဖြစ်လာကြသည်ကို တွေ့နေရသည်။ ယခုလည်း ပညာရေးတွင်  စိတ်လှုပ်ရှားဖွယ်ရာ သတင်းတစ်ပုဒ်ကို ဖတ်ရပြန်ပါသည်။

ငြိမ်းချမ်းရေးဆန္ဒပြပွဲ ဦးဆောင်သူလေးဦး တရားစွဲခံရ


ခွင့်ပြုချက်မယူဘဲ စီတန်းလှည့်လည်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ ကိုမိုးသွေး၊ 
ကိုကျော်ဗိုဗို၊ မဖွေးယုမွန်နဲ့ မခင်စန္ဒာညွန့်တို့ လေးဦး ဟာ မြို့နယ် ရဲစခန်းတွေကို ဒီကနေ့သွားရောက်နေပြီး သူတို့ကို တရားခံအဖြစ် ရဲစခန်းတွေက သုံးနှုန်းနေတဲ့အပေါ် ကန့်ကွက်တယ်လို့ မခင်စန္ဒာညွှန့်က RFA ကို ပြောပါတယ်။

အင်ဒိုနီးရှား ရှေးဟောင်း ဘိုရိုဘိုဒါ ဘုရားကျောင်း ခြိမ်းခြောက်ခံနေရ

အင်ဒိုနီးရှား နိုင်ငံရှိ ဘိုရိုဘူဒါ (Borobodur) ရှေးဟောင်း ဘုရားကျောင်း အဆောက်အဦးကို တိုက်ခိုက်ရန် အကြမ်း ဘက်သမား   များက  ခြိမ်းခြောက်နေသည်ဟု အင်ဒိုနီးရှား ထောက်လှမ်းရေး အဖွဲ့က ထုတ်ဖေါ် ပြောကြားလိုက်သည်။
အင်ဒိုနီးရှားမှ Military Commander Brig. Gen. Adi Widjaja  သောကြာနေ့က ပြောကြားရာတွင် နိုင်ငံခြာသားများ   အများ ဆုံး လာရောက်သည့် အဆိုပါ အဆောက်အဦးကို အဓိက ပစ်မှတ်ထား တိုက်ခိုက်ရန် ကြံရွယ်နေသည်ဟု ပြောသည်။

လွန်ခဲ့တဲ့ ၂ နှစ်ကျော်က အရိုးတွန်ပြီ




 
ရဲအထွေထွေ ဆေးရုံကြီးက အသက် ၅၇ နှစ်အရွယ် ရဲမှူးဆရာဝန်တဦးကို ထိုင်းနိုင်ငံ ထရန်း ခရိုင်က သူ့နေ အိမ် ခြံဝန်းနဲ့ မလှမ်းမကမ်းမှာ လူရိုးစုတွေ တွေ့ရှိပြီးတဲ့နောက် လူသတ်မှုနဲ့ စွပ်စွဲကာ ရဲက ဖမ်းဆီး လိုက်တဲ့ သတင်းကတော့ တနင်္ဂနွေနေ့က ထိုင်းသတင်းတွေမှာ စဉ်ဆက်မပြတ်ဖော်ပြနေပါတယ်။

ပါကစ္စတန်ဝန်ကြီးက စော်ကားတဲ့ ရုပ်ရှင်ရိုက်သူကို သတ်ဖို့ ဆုငွေထုတ်





မွတ်စလင်နိုင်ငံတွေ မှာ ဆန္ဒပြမှုတွေ ဖြစ်ခဲ့တဲ့ တမန်တော် မိုဟာမက် ကို သရော်တဲ့ ဗီဒီယိုကို ရိုက်ကူးခဲ့သူကို သတ်ဖြတ် နိုင်တဲ့သူကို ဒေါ်လာ တသိန်း ဆုပေးမယ်လို့ပါကစ္စတန် အစိုးရ ဝန်ကြီးတဦးက ပြောလိုက်ပါတယ်၊

မည့်သည့်တပ်ဖွဲ့နှင့်မှ ရန်စ တိုက်ခိုက် လိုသည့် ဆန္ဒမ ရှိဟု RCSS/SSA ပြော



ငြိမ်းချမ်းရေးတည် ဆောက်သည့်ခေတ်ကာလဖြစ်သဖြင့် တမြေတည်းနေတရေတည်းသောက်လာသည့် ညီအကိုမောင်နှမများအပေါ် သျှမ်းပြည်တပ်မတော်မှ ရန်လိုတိုက်ခိုက်ခြင်း ဆန္ဒလုံးဝ မရှိကြောင်း RCSS/SSA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးလောင်ဆိုင်ကပြောသည်။

Alliences             သျှမ်းပြည်တပ်မတော်နှင့် တခြားတိုင်းရင်းသားတပ်ဖွဲ့များ ပူးပေါင်းစစ်ရေးလေ့ကျင့်စဉ်

အကျင့်ပျက်ဝ န်ထ မ်းဆိုးများ ပေ ပျာက်ေ စရန် စစ်ဆင်ရေး တစ်ရပ် လို ဆောင်ရွက် သင့်ပြီ




ဒေါ်အောင်ဆန်းစုကြည် Kentucky ပြည်နယ် ရောက်ရှိ


 
 

DASSK speaking at Queens College, NYC. September 22, 2012.

အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်ုးကြည်ဟာ ၀ါရှင်တန်ဒီစီမြို့တော်နဲ့ နယူးယောက်မြို့တွေကို ခရီးလှည့်လည်ခဲ့ပြီးတော့၊ မနေ့က တနင်္ဂနွေနေ့မှာ Kentucky ပြည်နယ်က Louisville မြို့ကို ရောက်ရှိလာခဲ့ပါတယ်။ မြန်မာ့အရေးကို တက်တက်ကြွကြွ ထောက်ခံအားပေးသူ Kentucky ပြည်နယ်ကိုယ်စားပြု ရီပက်ပလီကန် အထက်လွှတ်တော်အမတ် Micth McConell ရဲ့ ဖိတ်ခေါ်မှုနဲ့ Louisville

ကုလညီလာခံတက်ဖို့ သမ္မတ ဦးသိန်းစိန် အမေရိကန်ကို ထွက်ခွာ



 

မြန်မာသမ္မတ ဦးသိန်းစိန်။ (ဇန်န၀ါရီလ ၁၂ ရက်၊ ၂၀၁၂)။

မြန်မာသမ္မတ ဦးသိန်းစိန် ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့ အမေရိကန် ပြည်ထောင်စုကို ဒီကနေ့ တနင်္လာနေ့မှာ ထွက်ခွာမှာ ဖြစ်တဲ့အကြောင်း သမ္မတရုံးက ပြောပါတယ်။ ဒီသီတင်းပတ်ထဲ ကျင်းပမယ့် နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ပြီး ၂၇ ရက်နေ့မှာ မိန့်ခွန်းစကား ပြောဆိုဖို့လည်း စီစဉ်ထားတာပါ။