Sunday, September 23, 2012

နှစ်ပေါင်း ၂၀ ကျော် အိမ်ထဲမှာ သံကြိုးခတ်ခြင်း ခံထားရသူ



 မိခင်တဦးအနေနဲ့ ကိုယ့်ရင်က လွယ်မွေးထားတဲ့ သားဖြစ်သူကို အိမ်ထဲမှာဘဲ နှစ်ပေါင်း ၂၁ နှစ်ကျော် သံကြိုးနဲ့ ခတ်ထားတယ်ဆိုရင် သာမန်အားဖြင့် မယုံနိုင်စရာပါ။ 
ဒါပေမယ့် တရုတ်ပြည်အရှေ့ပိုင်း ကျန်စုပြည်နယ်၊ နန်ကျင်းမှာ တကယ်ြ ဖစ်နေပါတယ်။ 

နန်းဆု အနှစ်သက်ဆုံး အလှအပ ပြုပြင်ထိန်းသိမ်းမှု



ရုပ်ရည် ရူပကာ အဆင်းတင့်တယ် လှပမှု၊ ဖက်ရှင် လှပမှု တွေဟာ သရုပ်ဆောင်၊ မော်ဒယ် အနုညာရှင်တွေအတွက် အရေးပါတဲ့ အခြေခံ အချက်တွေလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် CNN မှာ ဘာတွေ ပြောခဲ့သလဲ

• CNN ။ ။ ဒေါ်စုကို အရမ်းကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတွေ မှာ တွေ့နေရတယ်နော် ။ အခုဘဲ အမေရိကန် လွှတ်တော်က ပေးတဲ့ Congressional Gold Medal ဆုကို လက်ခံခဲ့ပြီးပြီ ။ နိုဘယ်ဆုလည်း ယူပြီးသွားပြီ ။ ဒေါ်စုကို သူရဲကောင်းတစ်ယောက်လို ကြိုဆိုမှုတွေ တွေ့ရ တယ် ။ လူတွေက အကြာကြီး မတ်တပ်ရပ် လက်ခုပ်တွေ တီးကြရင် ဒေါ်စုပုံ ကို ကြည့်ရတာ သိသိသာသာ မနေတတ် ဖြစ်နေသ လိုဘဲ ။ အဲဒါမျိုးလုပ်ကြတာ ဒေါ်စုအတွက် တမျိုးကြီးများ ဖြစ်နေလို့လား ။

စင်္ကာပူနိုင်ငံက သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေး

              သာယာသောနံနက်ခင်းမို့ခါ တိုင်းလျှောက်နေကျ အနီးရှိ သဘာ ဝ တောအုပ်နှင့် အချိုးတကျ လူပြုပြင်ထားတဲ့ အပန်းဖြေသစ်တော ဥယျာဉ်ဘက် လမ်းလျှောက်ထွက်ခဲ့ပါတယ်။ ငှက်ကလေးများ တေးသီ ဧရိယာ - Birds Singing Area ဘက် ဖြည်းဖြည်းလျှောက် လာပြီး ကျောက်ထိုင်ခုံတန်းတစ်ခုပေါ် ထိုင်ရင်း ငှက်ကလေးများတေး သီသံကို စိတ်အေးချမ်းစွာ နားဆင်မိပါတယ်။

ခရစ်ယာန်မိန်းကလေးအား လိမ်လည်၍ အမှုဆင်သောမွတ်စလင်ဗလီဆရာအား ဖမ်းဆီး တရားစွဲဆို


ပါကစ္စတန်နိုင်ငံတွင်လောလောလတလတ်ဖြစ်ပွားခဲ့သောကိစ္စတခုဖြစ်သည့် အသက် (၁၁)နှစ်အရွယ် ခရစ်ယာန်ဘာသာဝင်မိန်းကလေးငယ်တဦးမှ ကိုရန်ကျမ်းစာရွက်များအားမီးမွှေးရာတွင်သုံးသည်ဆိုကာ တရားစွဲဆို ထားသော အမှုနှင့်ပတ်သက်၍ အဆိုပါခရစ်ယာန်မိန်းကလေးအား လိမ်လည်လုပ်ကြံပြီးအမှုဆင်ခဲ့သည်ဟုသတင်းထွက်လာသော မွတ်စလင်

ရခိုင်ပြည်နယ်ရှိ မွတ်စလင် အမျိုးသမီး များကို ခေတ်ပညာ သင်ပေးရန် သဘောတူ


နေပြည်တော်တွင်နှစ်ရက်ကြာ ကျင်းပနေ သည့် ရခိုင်ဒေသ ရခိုင်ပြည်နယ်ရေရှည် တည်တံ့ ခိုင်မြဲသော ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တွင် တက်ရောက်နေသည့် ရခိုင် လူမှုအဖွဲ့ အစည်း များ၊ မွတ်စလင်ဘာသာ ရေး အဖွဲ့အစည်းများ၊ စုံစမ်း စစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များက ရခိုင်ပြည်နယ်ရှိ မွတ်စလင် အမျိုးသမီးများ ကိုမြန်မာ့လူမှု အဖွဲ့အစည်းအတွင်း လိုက်လျော ညီထွေနေ ထိုင်နိုင်ရေး အတွက်ခေတ်ပညာများ သင်ကြားပေး ရန်လိုကြောင်း  အဆိုတစ်ခုကိုသာ သဘောတူညီ မှုရရှိခဲ့ကြောင်း သတင်းရရှိသည်။

ပါကစ္စတန်ဝန်ကြီးက စော်ကားတဲ့ ရုပ်ရှင်ရိုက်သူကို သတ်ဖို့ ဆုငွေထုတ်

မွတ်စလင်နိုင်ငံတွေ မှာ ဆန္ဒပြမှုတွေ  ဖြစ်ခဲ့တဲ့ တမန်တော် မိုဟာမက် ကို 
သရော်တဲ့ ဗီဒီယိုကို ရိုက်ကူးခဲ့သူကို  သတ်ဖြတ် နိုင်တဲ့သူကို ဒေါ်လာ 
တသိန်း ဆုပေးမယ်လို့  ပါကစ္စတန် အစိုးရ ဝန်ကြီးတဦး က ပြောလိုက်ပါတယ်။

ဂွမ်တာနာမို အကျဉ်းသား ၅၅ ယောက်နံမည် အမေရိကန်ထုတ်ပြန်

ကျုးဘားနိုင်ငံ၊ ဂွာတာနာမို စစ်အကျဉ်းထောင်။
 
ကျုးဘားနိုင်ငံ ဂွာတာနာမို စစ်အကျဉ်းထောင်မှာ ထိန်းသိမ်း ခံထားရ သူတွေထဲက မကြာခင်ပြန်လွှတ်ပေးမယ့် အကျဉ်းသား ၅၅ ဦးရဲ့ အမည် စာရင်းတွေကို အမေရိကန် အစိုးရက ထုတ်ပြန်လိုက်ပါတယ်။ ဒီစာရင်းထဲမှာ အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ကတည်းကစလို့ ၁၁ နှစ်လောက် ကြာ ထိန်းသိမ်းခံထားရတဲ့ အကြမ်းဖက်သမားအဖြစ် မသင်္ကာသူ အကျဉ်းသား စုစုပေါင်း ၁၆၇ ယောက်ထဲက ၃ ပုံ၊ ၁ ပုံ ရဲ့ နံမည်တွေ ပါဝင်ပါတယ်။

မိုင်းခွဲခြင်း၊ စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းကြောင့် ဒေသံများ၏ စီးပွါးရေးကိုထိခိုက်ခံလာရ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ရေနက်ဆိပ်ကမ်းတည်ဆောက်ရေး၊ ရေအောက်ပိုက်လိုင်း မြုပ်နှံ့ရေးအတွက် ကျောက်ဆောင်များကို မိုင်းခွဲခြင်း၊ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများကို မြစ်ကြောင်းတစ်လျှောက်တွင် စည်းကမ်းမဲ့စွန့်ပစ်ခြင်းေ ကြာင့် ရေလုပ်ငန်းလုပ်ကိုင်နေသော ဒေသခံများမှာ ငါးရှာဖွေရာတွင် အခက်အခဲကြုံနေရကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံ မဟာချိုင်မြို့ တွင် သမိုင်းပါေ မာက္ခ ဒေါက်တာ အေးချမ်း၏ ရခိုင်သမိုင်းဆိုင်ရာ ဟောပြောပွဲနှင့် ရခိုင်မျိုးချစ် အဆိုတော် ၀င်းကိုခိုင်အား ဂုဏ်ပြုပွဲကျင်းပ

အခမ်းအနားကို နေ့လည် (၁၂) နာရီတိတိတွင် ဖွင့်လှစ်ပြီး မဟာချိုင်မြို့၊ ဝပ်ထစ်ကျောင်းထိုင် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ ရခိုင်ရိုးရာယဉ်ကျေးမှုအဖွဲ့(မဟာချိုင်)မှ စည်တော်နှင့် ဗုဒ္ဓပူဇနိယအက တို့ဖြင့် အခမ်းအနားကို ဖွင့်လှိုက်ခဲ့သည်ဟု သိရှိရပါသည်။

ခိုးဝင်သည့် ဘင်္ဂလားဒေရှ် များအား အိန္ဒိယတွင် ထောင်ဒဏ်နှင့်ငွေဒဏ်ချမှတ်


အာင်ပန် ၊ ၊အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက် ရှိပြည်နယ်တခုဖြစ်သော (မြန်မာပြည်စစ်ကို င်းတိုင်းနှင့်ကပ်လျက်) မဏိပူရပြည်နယ် အတွင်း သို့ ခိုးဝင်လာသောဘင်္ဂလားဒေ့ရှ်နိုင်ငံသား (၂၂)ဦးအား အင်ဖာမြို့အရှေ့ပိုင်း တရားရုံးမှ တရားသူကြီး JudicialMagistrateက ထောင်ဒါဏ်(၂)နှ စ်နှင့် ငွေဒါဏ်ရူပီးငွေတသောင်းပေးဆောင်ရန် ပြီးခဲ့သည်ကြာသ ပတေးနေ့က ပြစ်ဒါဏ်ချမှတ်ခဲ့သည်။

ရိုဟင်ဂျာတိုင်းရင်းသား ဟုတ်မဟုတ်ကို တရားဥပဒေအရ လွှတ်တော်က ဆုံးဖြတ်မည်


နိုင်ငံတော်က ရိုဟင်ဂျာတိုင်းရင်းသားဆိုသည်မှာ မရှိကြောင်း တရား ၀င်ပြောကြားထားသောကြောင့် ရိုဟင်ဂျာဟုခေါ်ဝေါ် သုံးနှုန်းရန်ဆွေးနွေး ချက်ကို ငြင်းဆန်ကြောင်း ရခိုင်တိုင်းရင်းသားတိုးတက်ရေးပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်အေးနုစိန်က ယနေ့ကျင်းပသည့် 
ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး  အလုပ်ရုံဆွေးနွေးပွဲဒုတိယနေ့ ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြောင်းသိရသည်။

သင်္ဘောသား ၁၃ ဦး သတ်ဖြတ်မှု နော်ခမ်းတို့ ၀န်ခံပြီ

မဲခေါင်မြစ်အတွင်း တရုတ်သင်္ဘောသားများ သေဆုံးမှုအတွက် သံသယဖြစ်ခံရသူ ရွှေတြိဂံဒေသ ဂိုဏ်းခေါင်းဆောင် နော်ခမ်း နှင့် တခြား ၅ ယောက်များက ၎င်းတို့တွင် အပြစ်ရှိကြောင်း သောကြာနေ့က တရုတ်နိုင်ငံ တရားရုံးတွင် ထွက်ဆိုလျှောက်လဲလိုက်ကြသည်ဟု တရုတ်သတင်းဌာနတို့က ရေးသားကြသည်။

၆၅ နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပနေသည့်
 NLD အဖွဲ့ဝင်များ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ညီလာခံခေါ် ယူရေး ပြင်ဆင်လျက်ရှိရာ အောက်ခြေအဆင့်ဆင့်တွင် အငြင်းပွားမှု များ ဖြစ်ပွားနေပြီး ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း မရှိဘဲ တင်းမာနေသူများကို ချန်ခဲ့တော့မည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်နှင့်တိုင်း အများစုတွင် NLD ညီလာခံ ခေါ်ယူနိုင်ရေးအတွက် ရပ်/ကျေး၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းအဆင့်ဆင့် လူရွေးချယ်မှု ပြုလုပ်ရာ၌ လူသစ်များ အချင်းချင်း၊ လူဟောင်းများအချင်းချင်း၊ လူသစ်နှင့် လူဟောင်း အကြား၊ လူကြီးနှင့် လူငယ်များအကြား အငြင်းပွားမှုများ ဖြစ်ပွားနေသည်။

မြောက်ဦးမြို့တွင် အိမ်ခြံဈေး နှစ်ဆမြင့်တက်

မြောက်ဦးမြို့ဝင် တနေရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ပြီးခဲ့သည့်လနှင့် ယခုလအတွင်း အိမ်ခြံမြေ ဝယ်ယူသူ များပြားလာမှုကြောင့် ဈေး တက်လာနေသည့် ဟု ဒေသခံများထံမှ သိရသည်။
မြန်မာအစိုးရက မြောက်ဦးမြို့ကို ရှေ့ဟောင်း သမိုင်းဝင်မြို့အဖြစ် သတ်မှတ် လိုက်ပြီး နောက်ပိုင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းရှင်များ က ဈေးပေးဝယ်လာသောကြောင့် အိမ်ခြံမြေဈေးမှာ နှစ်ဆခန့် မြင့်တက် လာနေကြောင်း မြောက်ဦးမြို့ခံ ဦးသူရက ပြောသည်။

"နိုင်ငံတော်သမ္မတဦးသိန်းစိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့၌ ကျင်းပသည့် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ"

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့တွင် ကျင်းပသည့် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ပြီး ယနေ့နံနက် (၁၁) နာရီမိနစ် (၄၀) တွင် နန်နင်းမြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း အထူးလေ ယာဉ်ဖြင့် နေပြည်ေ တာ် သို့ ပြန်လည်ရောက်ရှိကြသည်။

ဂျပန်မှာ တရုတ်ဆန့်ကျင်ရေး ဆန္ဒပြ


အမျိုးသားရေး ဝါဒီ အဖွဲ့ တခု ကနေ ဒီ ဆန္ဒပြပွဲကို စည်းရုံး လုပ်ဆောင် ခဲ့တာ  ဖြစ်ပါတယ်။အရှေ့တရုတ် ပင်လယ်က  ကျွန်းစု အငြင်းပွားမှု ကိစ္စ အရှိန်  မြင့်လာနေချိန်၊ဂျပန် နိုင်ငံ တိုကျို မြို့တော်မှာ လူပေါင်း ရာနဲ့ချီပြီး တရုတ် ဆန့်ကျင်ရေး ကြွေးကြော် ဆန္ဒပြခဲ့ကြ ပါတယ်။

 တောင်ငူမြို့တွင် ရထားလမ်းဖြတ်ကူးသော မှန်လုံယာဉ်နှင့် အမှတ် ၅ အဆန်အမြန်ရထား တိုက်မှုဖြစ်ပွား


တောင်ငူမြို့ စက်တင်ဘာ ၂၂ ရက်နေ့ ည  ၁၀ နာရီအချိန်ခန့်တွင် ရန်ကုန်မှ ညနေ ၃ နာရီတွင် စတင်ထွက်ခွာသောအမှတ် ၅ အဆန် အမြန်ရထားနှင့် လွိုင်ကော်မှ  ရန်ကုန်သို့ ထွက်ခွာလာသော ခရီးသည်တင် မှန်လုံအမြန်ယာဉ်တို့ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

အဓိဂရုဏ်းကြောင့် ဘင်္ဂလာဒေခ်ျ့ စစ်တကောင်း ရမ်ဂါမတီတွင် အရေးပေါ် ပုဒ်မ ၁၄၄ ထုတ်


ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းတောင်တန်းနယ် သက်လူ မျိုးများ နေထိုင်ရာ ရမ်ဂါမတီခရိုင်တွင် သက်ကျောင်းသားများနှင့် ပြောင်းရွှေ့ အခြေချ နေထိုင်သူ ဘင်္ဂလီ လူမျိုးများအကြား အပြန်အလှန် တိုက်ခိုက် မူများ ပေါ်ပေါက်ပြီးနောက် ယခုအခါ  ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပြီဟု The Dailystar သတင်းအရ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဝင်ခွင့် လျှောက်လွှာကြေး အပိုကောက်ခံ


ဘုရားသုံးဆူမြို့အထက ပညာရည်ချွန် ဆုပေးပွဲအခမ်းအနား
ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ရှိ အစိုးရအထက် တန်းကျောင်းတွင် ၂၀၁၃ ခုနှစ်  တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင် ခွင့်လျှောက် လွှာ အပိုငွေများကောက်ခံခဲ့ကြောင်း ကျောင်း သားမိဘများ ထံမှ သိရသည်။

နယူးယောက်မြို့ ရောက်မြန်မာတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ ၁၇  ရက်ကြာ အမေရိကန် ပြည်ထောင်စု  ခရီးစဉ်ရဲ့ ဒုတိယ ခရီးတထောက်  အဖြစ် နယူးယောက်မြို့ကို ရောက်နေစဉ်မှာ စက်တင်ဘာလ ၂၁ ရက်နေ့ကတော့ နယူးယောက်နဲ့ ရပ်ဝေး ရပ်နီးက မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေနဲ့ Queens College မှာ  တွေ့ဆုံခဲ့ပါတယ်။

ကျူးကျော်နေအိမ် အဓမ္မဖျက်သိမ်းမှု တစ်ပတ်ဆိုင်းငံ့


မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အတွင်းကဇီးအုတ်နဲ့ ကံကြီး ကုန်းကျေးရွာတွေမှာ လွန်ခဲ့တဲ့ (၂) ရက်ကစလို့ ကျူးကျော်နေအိမ်တွေ အဓမ္မ ဖျက်သိမ်းမှုကို ဒီကနေ့ တစ်ပတ်ဆိုင်းငံ့ လိုက်တယ်လို့ သိရပါတယ်။

ပျဉ်းမနားမြို့ဦးကျေးရွာနေအိမ်များ ဖျက်သိမ်းခံရ

နေပြည်တော်၊ ပျဉ်းမနားမြို့ဦးကျေးရွာ အရှေ့ပိုင်းမှာရှိတဲ့ အိမ်ကြီးအိမ်ကောင်း ၁၀၀ နီးပါးလောက်ကို မြို့နယ် မြေစာရင်း ဦးစီးဌာနက လယ်ယာမြေပေါ် ကျူးကျော်ဆောက်ထားတဲ့ အိမ်တွေဆိုပြီး ပုဒ်မ ၄၈(က)နဲ့ တရားစွဲ၊ ဖိအားပေး ဖျက်ခိုင်းနေတဲ့ အတွက် အခုရက်ပိုင်း အတွင်း နေ့စဉ်ရက်ဆက် ဆိုသလို နေအိမ်တွေကို ဖျက်ပေးနေရတယ်လို့
 RFA က စုံစမ်းသိရပါတယ်။

အိုးပျဉ်တောင်ကျေးရွာတွင် ဘင်္ဂလီများ၏ ရန်ကို စိုးရိမ်း၍ လုံခြုံရေး ချထား


မင်းပြားမြို့နယ်၊ ပန်းမြောင်းအုပ်စု၊ အိုးပျဉ်တောင်ကျေးရွာတွင် လက်မ ချေကျေးရွာမှဘင်္ဂလီများ၏ရန်ကို  စိုးရိမ်သဖြင့် အမှတ်(၅၄၀)တပ်ရင်း မှ လုံခြုံရေးတပ်သား(၇)ဦးခန့် ချ ထားကြောင်း သတင်း ရရှိသည်။

ကျူးကျော်သူများဝိုင်းဝန်းဆန္ဒပြကြသဖြင် မန်းမြို့တော်ဝန် ပိတ်မိနေခဲ့


မန္တလေးပုသိမ်ကြီးမြို့နယ် မကွေးကျောင်း တိုက်တွင်ကျူးကျော်သူများ အား ယနေ့ နေ့လည်က သွားရောက်တွေ့ဆုံဆွေးနွေး ခဲ့သည့် မန်းမြို့တော်ဝန်ကိုကျူးကျော် တစ်ထောင်ခန့်က ၀န်းရံဆန္ဒပြကြသဖြင့် အဆိုပါကျောင်းတိုက်တွင် ၁နာရီခွဲကြာပိတ်မိနေခဲ့သည်။

မြိတ်တွင် ၈၈ အဖွဲ့ အတုပေါ်


ကျာက်မီးသွေး စက်ရုံနှင့် ပတ်သက်၍  မြိတ်မြို့တွင် ၈၈ မျိုးဆက်ကျောင်းသား များဟုဆိုကာ အဖွဲ့တု တစ်ခုပေါ်ပေါက် နေကြောင်း မြိတ်မြို့အခြေစိုက် ၈၈ မျိုး ဆက်ကျောင်းသားများအဖွဲ့က ယနေ့ သတင်းထုတ်ပြန် လိုက်သည်။

ကျောက်မီးသွေး စက်ရုံဆောက်လုပ်မည့် ကိစ္စနှင့် ပတ်သက်၍ ဒေသခံ များက  စိုးရိမ်နေချိန်တွင် ယင်းအဖွဲ့သည် ကျောက်မီးသွေး စက်ရုံ၏ ကောင်းကျိုးများ ကိုသာ  လူထုကို ပြောဆို စည်းရုံးနေကြောင်း အထက်ပါ အဖွဲ့မှ ၈၈ မျိုးဆက်ကျောင်း သား  ဦးအောင်နိုင်ဦးက ရှင်းပြသည်။