Thursday, September 20, 2012

ချစ်မြတ်နိုးစရာမြို့(City of Charming)ဖြစ်သွားတဲ့ ကွမ်တုံပြည်နယ်ကကွမ်ဂျိုးမြို့

ယခုနှစ် န၀မအကြိမ်မြောက်တရုတ်အာဆီယံကုန်စည်ပြပွဲတွင် ကွမ်တုံပြည် နယ်မှ ကွမ်ဂျိုးမြို့ကို ချစ်မြတ်နိုးစရာမြို့(City of Charming)အဖြစ် သတ်မှတ်ရွေးချယ်လိုက်ကြောင်းသိရသည်။

သမ္မတကြီး ဦးသိန်းစိန် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ရ



ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးကြောင့် တရုတ်တက္ကသိုလ်က ပေးအပ်သော ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို သမ္မတကြီး ဦးသိန်းစိန်၏ တရုတ်ခရီးစဉ်အတွင် လက်ခံရယူခဲ့ကြောင်း Sky Net ရုပ်သံလိုင်းက ယနေ့ ညနေတွင် ထုတ်လွှင့်ခဲ့သည်။
 
From -TheVoiceWeekly

တရုတ်သင်္ဘောသား ၁၃ ဦး သတ်ဖြတ်မှု တရားရုံးတွင် နော်ခမ်း ငြင်းဆို

နယူးဒေလီ (မဇ္ဈိမ) ။      ။ လွန်ခဲ့သောနှစ်က မဲခေါင်မြစ်အတွင်း တရုတ် ကုန်တင်သင်္ဘော နှစ်စင်းအား ပစ်ခတ် တိုက်ခိုက်မှုနှင့် တရုတ်နိုင်ငံသား ၁၃ ဦးအား သတ်ဖြတ်မှုတို့ဖြင့် စွပ်စွဲဖမ်းဆီး၍ ရုံးတင် စစ်ဆေးခံနေရသော မူးယစ်ရာဇာ နော်ခမ်း က ၎င်းအနေဖြင့် ထိုတိုက်ခိုက်မှုအား စီစဉ်ခဲ့ခြင်း မရှိကြောင်း ငြင်းချက် ထွက်ဆိုလိုက်သည်။

ဆက်ကြေးများကြောင့် နယ်စပ်ကုန်သွယ်ရေး ထိခိုက်နေဟု အိန္ဒိယကုန်သည် ပြော

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာ-အိန္ဒိယ နယ်စပ်တွင် အိန္ဒိယခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့များ၏ ဆက်ကြေး
ကောက်ခံမှုများကြောင့် အိန္ဒိယ ကုန်စည်များ ဈေးနှုန်းမြှင့်တက်ကာ နယ်စပ် ကုန်သွယ်ရေး၌ တွင်တွင်ကျယ်ကျယ် ကုန်သွယ်နိုင်ခြင်း မရှိကြောင်း သိရသည်။

ရသေ့တောင် ရခိုင်လူထု စည်းဝေးပွဲ အာဏာပိုင်များမှ ကန့်သတ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် ကျင်းပ ရန်စီစဉ်ထားသည့် ရခိုင်ဒေသ လူထုအစည်း အဝေးကို မြို့နယ်အာဏာပိုင်များကကန့် သတ်မူ များ ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

မြို့နယ် အာဏာပိုင်များက ကန့်သတ်ရာတွင် လူထု စည်းဝေးပွဲအား နှစ်ရက် တိတိ ပြုလုပ်ရန် စီစဉ် ထားခြင်းကို တစ်ရက်တည်းသာခွင့်ပြုပြီး  ဟောပြောမည့် သူများနှင့် တက်ရောက်မည့် အရေ အတွက် ကိုလည်း  ကန့်သတ်ထားသည် ဟု လူထု အစည်းအဝေး ဖြစ်မြောက်ရေး ကော်မီတီဝင် ဦးကိုကိုမောင်က  ပြောသည်။

အမေရိကန် ဒဏ်ခတ်မှု ရုပ်သိမ်းရေး ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက် အမြင်များကွဲပြား

စက်တင်ဘာ ၁၈ ရက်က United States Institute of 
Peace တွင် စကားပြောနေသည့် ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု ဖြေလျှော့ ရုပ်သိမ်းရေး ထောက်ခံကြောင်း ပြောဆိုမှုကို မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းက အမြင်အမျိုးမျိုးဖြင့် တုံ့ပြန်ကြသည်။
“ဒီကိစ္စကို ကျနော်တို့ ပါတီက ကြိုဆိုပါ တယ်။ ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ဒီအပေါ်မှာ ရပ်တည်တယ်ဆိုတော့ ပိုပြီးတော့ အားဖြစ်တာပေါ့။ ကျနော်တို့အားလုံးနဲ့ အတူတူ တိုင်းပြည်အတွက် တကယ်တန်းလက်တွေ့ ထိထိမိမိနဲ့ ပြောပြီလို့ ကျနော် ယူ ဆပါတယ်”ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF) ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေ က ဧရာဝတီ ကို ပြောသည်။

၈၈ မျိုးဆက် အထင်ကရများ နိုင်ငံကူးလက်မှတ် ထုတ်ယူ



(ဓာတ်ပုံများ -ဂျေပိုင်/ဧရာဝတီ)

၈၈မျိုးဆက်ခေါင်းဆောင်များ ဒီကနေ့ နိုင်ငံကူးလက်မှတ် သွားရောက် ထုတ်ယူကြပါတယ်။

နိုင်ငံကူးလက်မှတ်ရရှိဖို့ လုပ်ဖော်ကိုင်ဖက် အားလုံး လျှောက်ထားကြတာ ဖြစ်ပါတယ်။

ဆိပ်ကမ်းမြို့နယ်ရှိ နီလာစက္ကူစက်ရုံဆန္ဒပြမှု အလုပ်သမားဘက်မှ အနိုင်ရ

ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၅၉ ဦးရွှေဘင်လမ်းနီလာစတားစက္ကူစက်ရုံရှိ လုပ်သားလေးဦးမှာ စက်တင်ဘာ ၁၉ ရက် နေ့မှ စ၍ အချက် ခုနှစ်ချက် ပါတောင်း ဆိုချက်များဖြင့် ဆန္ဒထုတ်ဖော်ပြသခဲ့ရာ စက်တင်ဘာ ၂၀ ရက် ညနေပိုင်းတွင် အလုပ်ရှင်ဖက်မှ တောင်းဆိုချက်အားလုံးကို လိုက်လျှောပေး ခဲ့ကြောင်းသိရသည်။တောင်းဆိုချက်များမှ ၇ ချက်ရရှိသော်လည်း

ဦးသိန်းစိန်နှင့် ဦးရွှေမန်းကို ပိတ်ဆို့ထားသူများ စာရင်းမှ အမေရိကန် ပယ်ဖျက်

ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လျက်ရှိသော လက်ရှိမြန်မာအစိုးရ ခေါင်းဆောင်နှစ်ဦးဖြစ်သော သမ္မတဦးသိန်းစိန်နှင့်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှစ်ဦးအပေါ် အမေရိကန်အစိုးရကချမှတ် ထားသော အရေးယူပိတ်ဆို့မှုများကို ဖယ်ရှားပေးလိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို Wall Street ဂျာနယ်တွင် ဖော်ပြထားသည်။

အခွင့်အရေးနှင့်ထိန်းချုပ်မှုပါဝင်သည့် လိင်လုပ်သားဆိုင်ရာ ဥပဒေပြင်ဆင်ပြဋ္ဌာန်းရန်လို

မြန်မာလိင်လုပ်သားများအတွက် အခွင့်အရေးနှင့် ထိန်းချုပ်မှုများပါဝင်သည့် လိင်လုပ်သားဆိုင်ရာဥပဒေ များအား ပြင်ဆင်ပြဋ္ဌာန်းရန်လိုအပ်လျက်ရှိကြောင်း လိင်လုပ်သားများအရေးဆောင်ရွက်ပေးနေသူများထံက သိရှိရသည်။

မန်း ပြည်ကြီးတံခွန် ကျူးကျော်သူများအတွက် ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ ညှိနှိုင်းမူပြုလုပ်နေ

မန္တလေးပြည်ကြီးတံခွန်မြို့နယ် ကံကြီးကုန်းဇီးအုပ်ကျေးရွာ ကျူးကျော်နေရာသို့ ဆရာတော်ဝီရသူ၊ ၈၈မျိုးဆက်ကျောင်းသား အဖွဲ့တို့လာရောက် ခဲ့ပြီးတာဝန်ရှိသူများနှင့်အဆိုပါနေရာမှနေထိုင်သူများအတွက်ညှိနှိုင်းမူပြု လုပ်နေကြောင်းသိရသည်။

မြန်မာကလေးများကို လီဗာပူးလ်ကစားသမားဟောင်း ဂျွန်ဘမ်းစ်ချီးကျူး

 
Jhonpan
သတင်းစာရှင်းလင်းပွဲတွင်တွေ့ရသော Digicel 
၏အာရှပစိဖိတ်ဆိုင်ရာ အကြီးအကဲ မစ္စ စလိုဝေး၊
 မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်နှင့် 
လီဗာပူးလ်ကစားသမားဟောင်း ဂျွန်ဘမ်းစ်




ရန်ကုန် (မဇ္ဈိမ) ။        ။ Digicel ဆက်သွယ်ရေးကုမ္ပဏီ၏ ကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ပြီး ကလေး ငယ်များကို ဘောလုံးပညာ ပို့ချပေးနေသော လီဗာပူးလ် ကစားသမားဟောင်း ဂျွန်ဘမ်းစ်က မြန်မာ ကလေးငယ်များ၏
ဘောလုံး စွမ်းရည်ကို ချီးကျူးသွားခဲ့ပြီး ကမ္ဘာ့မည်သည့်နေရာ၌ရှိသော ကလေးများနှင့်မဆို အရည်အသွေး အတူတူပင်
ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။

ဖလမ်းနှင့် ဟားခါးကြား ဘေးမဲ့တောအဖြစ် သတ်မှတ်မည်


ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းနှင့်ဟားခါးမြို့ကြားရှိ လိုင်ဗားရေလှောင် တမံနှင့်ဆက်စပ်နေသော ဇိန်မူတောင်အပါအဝင် သစ်တောဧရိယာ ၁ဝ၁၆၇ ဧကအား ဘေး မဲ့တောအဖြစ်သတ်မှတ်ရန်အတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ သိရသည်။

အခွင့်ကြုံက ဆက်လုပ်ဦးမည်ဟုဆိုသည့် ပါဖောမန့်အနုပညာတင်ဆက်သူ

မန္တလေးချမ်းအေးသာစံမြို့နယ် အမှတ်(၈)ရဲစခန်းမှ ခေတ္တခေါ် ယူမေးမြန်းခြင်းခံရသော ပါဖောမင့် အနုပညာတင်ဆက်သူ စူးမြင့်သိန်းအား တစ်နာရီခွဲခန့်ခေါ်ယူေ မးမြန်းခဲ့ပြီးနောက် ပြန်လည်လွှတ်ပေး လိုက်ပြီဖြစ်သည်။

ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိနီလာစတား စက္ကူစက်ရုံတွင်အလုပ်သမားဆန္ဒပြမှု ဖြစ်ပါ်


ရန်ကုန်၊ ဒဂုံဆိပ်ကမ်းစက်မှုဇုန်ရှိနီလာစတား စက္ကူစက်ရုံတွင်အလုပ်သမားဆန္ဒပြမှု ဖြစ် ပေါ်နေကြောင်း သိရသည်။ အဆိုပါဆန္ဒပြမှုသည် စက်တင်ဘာ ၂၀ရက်၊ နံနက် ၆နာရီခန့်က စတင်ဖြစ် ပေါ်ခဲ့ပြီး ဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ အလုပ်သမားဝန်ကြီးဌာနက အဆိုပါအလုပ်သမားများအပါအ၀င်နှင့် အလုပ်ရှင်နှင့် တွေ့ဆုံညှိနှိုင်းပေးလျက်ရှိ ကြောင်း အလုပ်သမားအရေးဆောင် ရွက်နေသူ တစ်ဦးထံမှ သိရသည်။

နိုင်ငံရေးသမား ၁၇ ယောက် ချင်းမိုင်မှာ သင်တန်းတက်

မြန်မာပြည်က နိုင်ငံရေးသမားအများအပြား ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ် မှာ ဒေသန္တရ အုပ်ချုပ်ရေးဆိုင်ရာသင်တန်း တက်နေကြပါတယ်။

နိုင်ငံရေးပါတီခေါင်းဆောင်များ၊ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်များ စုစုပေါင်း ၁၇ ဦး ဖြစ်ပါတယ်။

ချင်းမိုင်တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာန၊ ဗဟု ဖွံ့ဖြိုးရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်တဲ့ ဒီသင်တန်းက  တနင်္လာနေ့ကတည်းက အစပြုတာပါ။

ချန်ပီယံ ချယ်ဆီး သရေကျပြီး မန်ယူနဲ့ ဘာကာတို့ အဖွင့်လှသွားတဲ့ ချန်ပီယံလိဂ်ပွဲစဉ်များ

မန်ယူ၏ ထိုးဖောက်မှုကို ဂလက်တာစရေး
 ဂိုးသမားက ကာကွယ်နေစဉ်
ယခုတပတ် ချန်ပီယံလိဂ် ဒုတိယညမှာတော့ အင်္ဂလန်ကလပ် မန်ယူ၊ ချယ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်တွေပါဝင်လာခဲ့ပြီး မနှစ်က ချန်ပီယံဖြစ်ဖို့ ကပ်လွဲခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ ပွဲစဉ်တွေ ဟာလည်း အကြိတ်အနယ်ရှိခဲ့ပါတယ်။

မြန်မာလူငယ်များကြား စိတ်ကြွဆေးသုံးစွဲမှုမြင့်တက်


မြန်မာလူငယ်များအတွင်း စိတ်ကြွဆေးသုံးစွဲ မှု မြင့်မားလာနေ ပါ သည်။ခံစားနေရသည့် စိတ်ဖိစီးမှုများ ပြေပျောက်ရန်၊ လိင်ပိုင်းဆိုင် ရာ စွမ်းဆောင်ချက် မြင့်တက်စေရန်၊ အလုပ် လုပ်နိုင်သည့် စွမ်းရည်များ ပိုမိုမြင့်မားစေရန်၊  နိုက်ကလပ်များတွင် ပိုမိုပျော်ပါးနိုင်ရန်၊ သူငယ်ချင်းများ အညွှန်းကောင်းသည့် အတွက် စမ်းသပ်ရန် စသည့် အကြောင်းအမျိုးမျိုးဖြင့် လူငယ်ထုအတွင်း စိတ်ကြွဆေးအမျိုးမျိုး သုံးစွဲမှုမြင့်တက်နေခြင်းဖြစ်သည်။

စုံစမ်းရေးကောက်မရှင် ပေါက်တောခရီးစဉ်၌ ဖြစ်ရပ်မှန်တင်ပြမှုအပေါ် ပိတ်ပင်တားဆီးမှုတချို့ရှိ

ဇော်ဇော်(ရွှေမြန်မာမီဒီယာမှဂရု)
၂၀၁၂-ခုဇွန်လက ဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းနှစ်ဘက် တိုက်ခိုက်မှု အဖြေမှန်ကို သိရှိနိုင်အောင် ဦးသိန်းစိန်အစိုးရက ဖွဲ့စည်းပေးလိုက်သော စုံစမ်းရေးကော်မရှင်မှာ ရခိုင်ပြည်နယ် ပေါက်တော ခရီးစဉ်အတွင်း ပေါက်တောမြို့
 ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတက်ထွန်းအောင်နှင့် တွေ့ဆုံမေးမြန်းစဉ် ၄င်း၏အဖြစ် မှန် အသေးစိတ်ကိုတင်ပြရာ၌ ကော်မရှင်ဘက်မှ တားဆီးပိတ်ပင်မှု တချို့ရှိခဲ့ကြောင်းရွှေမြန်မာမီဒီယာမှ သတင်းရရှိသည်။ 

မယ်တော်ဆေး ခန်း ထိုင်းတွင် ဆက်ရှိဦးမည်

ပြီးခဲ့သည့် သြဂုတ်လ အတွင်းက ဒေါက်တာ 
စင်သီယာမောင် (ဝဲဘက်အစွန်) နှင့် မန္တလေး
 ဆေးရုံကြီးမှ ဒေါက်တာ ဝေဝေသာနှင့် တွေ့ဆုံစဉ်
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ အခြေစိုက်တဲ့ မယ်တော်ဆေးခန်းက ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ကျန်းမာရေး ၀န်ဆောင်ပေး မှုတွေ ဆက်လက်ကူညီပေးဖို့ လိုအပ်နေသေး တာကြောင့် မြန်မာပြည်တွင်းထဲ ပြန်ဝင်ဦးမှာ မဟုတ်သေးဘူး လို့ ပြောဆိုလိုက်ပါတယ်။

ကြံ့ခိုင်ရေးပါတီ ညီလာခံ ခေါ်ယူမည်

နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီရုံးချုပ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ၏ ပထမဆုံး အကြိမ် ပါတီညီလာခံကို အောက်တိုဘာလ ၁၁ ရက်တွင် နေပြည်တော်ရှိ ဗဟိုဌာနချုပ်ရုံး၌ ကျင်းပမည်ဟု သိရသည်။

လွတ်မြောက် အကျဉ်းသားများ၌ နိုင်ငံခြားသား ၄၀၀ ခန့်ပါဝင်

စစ်တွေ အကျဉ်းထောင်
အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွှတ်သည့် နိုင်ငံတ၀န်းမှ အကျဉ်းသား ၅၁၄ ဦးအနက် ၄၀၀ ၀န်းကျင်သည် နိုင်ငံခြား သားများ ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၂၀၁ ဦး ပါဝင်ကြောင်း သိရသည်။

အရင်လို မဟုတ်ပါဘူး


 
ယမန်နေ့က ကွန်ဂရက်လွှတ်တော် ရွှေတံဆိပ်ဆု 
လက်ခံယူနေသည့် ဒေါ်အောင်ဆန်းစုကြည်၊
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အခုဆို အမေရိကန် ပြည်ထောင်စု ကို ရောက်နေပါတယ်။ ဒါဟာ နှစ်ပေါင်း ၂၄ နှစ်ကျော်မှာ တတိယမြောက် နိုင်ငံခြား ခရီးစဉ် ထွက်ခြင်း လည်းဖြစ်ပါတယ်။ 

RCSS/SSA တပ်သား ၂ဝ ဦးအား UWSA ပြန်လွှတ်ပေး


RCSS_UWSA_-1ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်မှဖမ်းဆီးထားသော သျှမ်းပြည်တပ်မတော်၏ တပ်သား ၂၀ ကို ယခုအပတ် တနင်္လာနေ့က ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သျှမ်းပြည်တပ်မတော်သတင်းရပ်ကွက်ကဆိုပါသည်။

ကျုးကျော်နေအိမ်များဟု သတ်မှတ်ထားသည့် ခြံဝန်းနေ အိမ်များအား မန္တလေးမြို့တော်စည်ပင်မှ စတင်ဖယ်ရှားရှင်းလင်း

မန္တလေး မြို့တော် စည်ပင် သာယာရေးကော် မတီမှ ကျုးကျော်နေအိမ် များဟုသတ်မှတ် ထားသည့် ပြည်ကြီးတံခွန်မြို့နယ် ဇီးအုပ်ရပ် ကွက်ရှိ ခြံဝန်းနေအိမ်များအားစက်တင်ဘာလ၂၀ရက်နေ့ နံနက်ပိုင်းက မန္တလေးမြို့တော် စည်ပင်မှ စတင် ဖယ်ရှားရှင်းလင်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

မောင်တောမြို့ပေါ်မှ ဒုက္ခသည်များကို နေရပ်ပြန်ပို့

ရခိုင်ပြည်နယ် မောင်တောမြို့တွင်  ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းမှုအတွင်း  နေအိမ်များ မီးရှို့ခံရသည့် အ တွက်  မောင်တောမြို့ပေါ်တွင် လာရောက်ခို လှုံနေကြသည့် ဒုက္ခသည်များကို မကြာသေးမီက နေ ရပ်ကို ပြန်ပို့ လိုက်ပြီဖြစ်ကြောင်း ဆရာတော်မဏိသာရ ပြောကြားသည်။


“ ဦးဇင်း ကျောင်းကတော့ အိမ်ထောင်စု ၈၂ စု၊ အထက်တန်းကျောင်းမှာ ခိုလှုံနေတဲ့ အိမ်ထောင်စု တွေပါဆိုရင် အားလုံး ၁၀၉ စုပေါ့။ အကုန်လုံး  ပြောင်းရွေ့သွားကြပါပြီ။

ရာနှင့်ချီသည့် လူမျိုးစု ခေါင်းဆောင်များကို ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ခေါ်ယူ တွေ့ဆုံ


ဘင်္ဂလားဒေ့ခ်ျနိုင်ငံ စစ်တကောင်းတောင်တန်းဒေသရှိ ရာနှင့်ချီသည့်လူမျိုး စုခေါင်းဆောင်များကို ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာမှ စက်တင်္ဘာလ ၁၈ ရက်နေ့က ဒက္ကားမြို့တော်တွင် ခေါ်ယူ တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ စစ်တကောင်း တောင်တန်းဒေသရှိ  ရခိုင် အခေါ် ဖလံထောင် (ခါခရာဆိုးရီ)၊ သက်ထောင် (ရင်္ဂါမာတီ) နှင့် ဗိုလ်မင်းထောင် (ဘင်ဒရာဘင်) ခရိုင် သုံးခုမှ တိုင်းရင်းသား လူမျိုး ခေါင်းဆောင် ၄၀၀  ကျော်တက်ရောက်ခဲ့သည်။

အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံ ခဲ့မှုအပေါ် မယ်တော်ဆေးခန်းမှ ရှင်းလင်းချက်ထုတ်ပြန်

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အခြေစိုက် မယ်တော်ဆေးခန်း-MTC သည် မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ် စားနှင့် တွေ့ဆုံခဲ့ကြပြီးနောက် ၎င်းတို့ဆေးခန်း ကို မြန်မာပြည်တွင်း သို့ ပြန်လည်နေရာချရေး၊ မချရေး သတင်း အမျိုးမျိုးထွက်ပေါ်လာသည့်အပေါ် ယမန်နေ့က ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။

စစ်ပွဲတွေ ရပ်ပစ်



 ပန်းချီဆရာ ဆူးမြင့်သိန်းရဲ့ မန္တလေးမြို့မှာ စစ်ပွဲတွေ ရပ်ပြီး ငြိမ်းချမ်းရေးအတွက် တကိုယ်တော် ဆန္ဒဖော် ထုတ်နေတဲ့ ဓာတ်ပုံများဖြစ်ပါတယ်။

ဖားကန့်စစ်ဗျူဟာမှူးနှင့် KIA တပ်ရင်းမှူးတို့ကို ၈၈ မျိုးဆက်တွေ့ဆုံ


၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၇ ရက်က ၈၈ မျိုးဆက်
 ခေါင်းဆောင်များနှင့် ကချင်ပြည်နယ် ဖားကန့်ဒေသခံ
 ပြည်သူများတွေ့ဆုံစဉ်။
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းတွင်း ဒေသကို ငြိမ်းချမ်းရေး ခရီးစဉ်အဖြစ် ဒီလ ၁၆ ရက်နေ့က ၁၈ ရက်နေ့အထိ ရောက်ရှိခဲ့တဲ့ ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းေ ဆာင်တွေဟာ ဖားကန့်ဒေသ စစ်ဗျူဟာမှူးနဲ့ KIA တပ်ရင်းမှူးတို့ကို သီးခြားစီ နှုတ်ဆက်တွေ့ဆုံခဲ့ပြီး လတ်တလော ဖြစ်ပေါ်နေတဲ့ ဖားကန့်ဒေသ အခြေအနေတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အမိမြေ ငြိမ်းချမ်းရေးအဖွဲ့ လက်ပံတောင်းတောင် ဒေသခံများနှင့်တွေ့ဆုံ

အမိမြေ ငြိမ်းချမ်းရေးမစ်ရှင် ခရီးစဉ်အဖြစ် အင်အား ၄၀ ကျော်ပါဝင်တဲ့ ကိုမိုးသီးဇွန်တို့ အဖွဲ့ဟာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လယ်ယာမြေ သိမ်းယူခံရပြီး ဖယ်ရှားခံထား ရတဲ့ ကျေးရွာ (၅) ရွာကို ဒီကနေ့ သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

GRAND ROYAL အရက်ချက်စက်ရုံ အလုပ်သမားတောင်းဆိုချက် ပြေလည်မှုရ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန် (၂)၊ ကနောင်မင်းသားကြီးလမ်းမှာရှိတဲ့ GRAND ROYAL အရက်ချက်စက်ရုံက ထုတ်လုပ်ရေးဝန်ထမ်းတွေ မနေ့က ဆန္ဒပြခဲ့ကြတာကို သက်ဆိုင်ရာ အလုပ်သမားဦးစီးဌာန တာဝန်ရှိသူတွေက ညှိနှိုင်းပေးခဲ့တာကြောင့် မနေ့ ည (၈) နာရီမှာ ပြေလည်မှု ရခဲ့တယ်လို့ သိရပါတယ်။

ခွင့်ပြုမိန့် မရသော်လည်း ငြိမ်းချမ်းရေး လှုပ်ရှားမှုများ ဆက်လက် လုပ်ဆောင် မည်

စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ တွင် ပြုလုပ်မည့် မြန်မာ နိုင်ငံ ထာဝရ ငြိမ်းချမ်းရေး ရရှိရန်နှင့် ကချင် ဒေသတွင် ဖြစ်ပွား လျက်ရှိသော စစ်ပွဲများ ရပ်ဆိုင်းရေး တို့အတွက် စီတန်း လှည့်လည် ဆန္ဒ ထုတ်ဖော်ရန် ရန်ကုန်မြို့တွင်း ၈မြို့နယ်ရှိ ရဲစခန်းများတွင် လျောက်ထားခဲ့ရာ ခွင့်ပြုမိန့် မရရှိသော်လည်း စီတန်း လမ်းလျောက်ခြင်း လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း အဆိုပါ စီတန်း လမ်းလျှောက်ပွဲ အတွက် ဆောင် ရွက် နေသူများတွင် ပါဝင်သော ဒေါ်ဇွန်စီက ပြောကြားသည်။

ဆူဇူကီးဖလား လက်မှတ်များ စက်တင်ဘာ ၂၂ တွင် ကြိုတင် ဝယ်ယူနိုင်မည်ဟုဆို

AFF SUZUKI Cup ၂ဝ၁၂ ခြေစစ်ပွဲများ၏ ပွဲကြည့်လက်မှတ် များကို 2D barcode စနစ်ဖြင့် ပြု လုပ်ထားပြီး စက်တင်ဘာ ၂၂ ရက်န့မှစ၍ ကြိုတင်ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သတင်း အစိုးရ သတင်းစာတွင် ဖော်ပြမည်

ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ကွန်ဂရက် ရွှေတံဆိပ်ဆု လက်ခံယူသည့်သတင်းကို မနက်ဖြန်ထုတ် အစိုးရ သတင်းစာများ တွင် ဖော်ပြမည်ဖြစ်ကြောင်း၊ အချိန်ကွာဟမှုကြောင့် ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြနိုင်ခြင်း မရှိကြောင်း ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသား ထားသည်။ ပြန်ကြားရေး ဝန်ကြီးအသစ် ဦးအောင်ကြည် ဖြစ်လာပြီးနောက် မီဒီယာဥပဒေ ပြန်လည်ရေးဆွဲရေးအတွက် စာနယ်ဇင်းေ ကာင်စီ ပြင်ဆင်ဖွဲ့စည်းခြင်းလည်း ပြုလုပ်ခဲ့သည်။

From- ဧရာဝတီ

သမ္မတနှင့် လွှတ်တော်ဥက္ကဋ္ဌ အမေရိကန်တားမြစ်စာရင်းက ပယ်ဖျက်


မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ ပြည်သူ့လွှတ်တော်  ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့အပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို အမေရိကန်
ဘဏ္ဍာရေးဌာနက မနေ့က ပယ်ဖျက်လိုက် ပါတယ်။
တချိန်က စစ်အစိုးရ အဖွဲ့ဝင်တွေ ဖြစ်ခဲ့တဲ့ ဦးသိန်းစိန်နဲ့ သူရ ဦးရွှေမန်းတို့ကို အထူးတလည် အရေးယူဖို့ သတ်မှတ်ထားတဲ့ နိုင်ငံသားများ စာရင်းကနေ ပယ်ဖျက်လိုက် တယ်လို့ ဆိုပါတယ်။

ကြေးနီစီမံကိန်း ရပ်တန့်ရန် ဆန္ဒပြရုံနှင့် မလုံလောက်ဟု လေ့လာရေးအစု ဆို


monyarwwww
၈၈ ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနှင့် မုံရွာမြို့၊
 မြို့မဂါတ်ကျောင်းတွင် တည်းခိုနေကြသည့် 
ဝက်မှေးရွာသူ/သားများနှင့်အတူ တွေ့ရစဉ်။
နယူးဒေလီ (မဇ္ဈိမ) ။       ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့နယ်၊ လက်ပန်တောင်းေ တာင်၊ ကြေးနီစီမံကိန်းမှာ ဧရာဝတီ မြစ်ဆုံစီမံကိန်းကဲ့သို့ အန္တရာယ်ကြီးပြီး ဦးပိုင် လက်ဝါးကြီးအုပ် လုပ်ကိုင်နေသည့်အတွက် ထိုစီမံကိန်း ရပ်တန့်ရန် ပြည်သူများနှင့်အတူ ကန့်ကွက်မည်ဟု ဦးမိုးသီးဇွန် တို့နှင့်အတူ လယ်မြေသိမ်းခံ ကျေးရွာများသို့ ကွင်းဆင်း လေ့လာနေသူ ကိုရဲလင်း က ပြောသည်။

ဥရောပသမဂ္ဂသို့ မြန်မာ့ကုန်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် အခွန်နှင့်ကန့်သတ်မှု ကင်းလွတ်ခွင့် ပြန်လည်ရရှိ

ဥရောပသမဂ္ဂသို့ မြန်မာ့ကုန်ပစ္စည်းများ တင်ပို့ရောင်းချရာတွင် အခွန်ကင်းလွတ်ခွင့်နှင့် ကန့်သတ်မှုကင်း လွတ်ခွင့်များ ပြန်လည်ရရှိတော့မည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၇ ရက်၊ ပြီးခဲ့သည့် တနင်္လာနေ့က ဥရောပသမဂ္ဂ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

ရခိုင် သိမ်းဆည်းခံ လယ်ယာမြေများကို ပါလီမန် စုံစမ်းရေး ကော်မရှင်က ယနေ့ စတင် စစ်ဆေးပြီ

ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းတာဝန်ပေး လိုက်သော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမှု စုံစမ်း ရေး ကော်မရှင်အဖွဲ့သည် ယနေ့ ပုဏ္ဏားကျွန်း မြို့နယ်မှ စတင်ပြီး လယ်မြေများ သိမ်းဆည်ခံနေရမူများကို
စစ်ဆေးနေပြီဖြစ်သည်ဟု အဖွဲ့ဝင် တစ်ဦးဖြစ်သူ မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက နိရဉ္စရာသို့ ပြောသည်။

ရန်ကုန်နှင့် စစ်တွေတွင် ကမ္ဘာ့အစ္စလာမ်အဖွဲ့ စောင့်ကြည့် လေ့လာမှုများ ထားမည်တဲ့

ရခိုင်ပြည်နယ်အတွင်း လူမှုအုပ်စု အားလုံး အကျိုးအတွက် လူသားချင်း စာနာထောက်ထား သည့် အစီအစဉ်တခု အကောင်အထည်ဖော် ရန် ကမ္ဘာ့ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေး  အဖွဲ့ကြီး OIC နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာတခု လက်မှတ်ရေးထိုးနို င်ခဲ့ကြသည်။

ကွန်ဂရက် ရွှေတံဆိပ်ဆုနှင့် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်  ကွန်ဂရက်လွှတ်တော်၏ အရပ်သားများအတွက် အမြင့်ဆုံး ကွန်ဂရက်ရွှေတံဆိပ်ဆု အခမ်းအနား မြင်ကွင်းနဲ့ မိန့်ခွန်း ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း ကို မြန်မာလို ဖော်ပြပေးလိုက်ပါတယ်။  VOA မြန်မာပိုင်းက ဘာသာပြန် ကို တင်ပြပေးလိုက်ပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် သမ္မတအိုဘားမားနဲ့တွေ့ဆုံ

အမေရိကန် ပြည်ထောင်စုမှာ သီတင်း ၃ ပတ် နီးပါးကြာ ခရီးစဉ်အဖြစ် ရောက် ရှိနေတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့မှာတော့ သမ္မတ ဘရက်ခ် အိုဘားမားနဲ့ တွေ့ဆုံခဲ့ပါတယ်။

အိန္ဒိယနိုင်ငံသားပိုင် စက္ကူကုန်ကြမ်းစက်ရုံ အလုပ်သမား ဆန္ဒပြ


ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန်မှာရှိတဲ့အိန္ဒိယနိုင်ငံသားပိုင် နီလာစတား စက္ကူကုန် ကြမ်းစက်ရုံက အလုပ်သမား (၄၀) ကျော်ဟာ သူတို့ရဲ့ တောင်းဆိုချက်(၇) ချက်ကို အလုပ်ရှင် ဘက်က မလိုက်လျောတဲ့ အတွက် ဒီကနေ့မနက်ပိုင်းက စက်ရုံရှေ့မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

အသက်(၂၀)အရွယ်အမျိုးသမီးတစ်ဦးကို လိမ်လည်၍ အင်တာဗျူးမည်ဟု ဆိုကာအဓမ္မပြုကျင့် မှုဖြစ်ပွါး

စက်တင်ဘာ၊၁၉ ရက်၊ကွာလာလမ်ပူမလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ တော် တွင် မလေးနိုင်ငံသူ တရုတ်အမျိုးသမီးတစ်ဦး အား အလုပ်အင်တာဗျူး မည်ဟု အင်တာနက် အီးမေးလ် မှတဆင့် အကြောင်းကြားကာ ၎င်းအမျိုးသမီးအား ဟိုတယ်တခုသို့ ချိန်းဆို၍ အဓမ္မပြုကျင့်မှုဖြစ်ပွါးခဲ့ပါသည်။