Tuesday, September 4, 2012
သောက်ရေခပ် ရေကာတာ စီမံကိန်းကြောင့်စံပြရွာအဖြစ် ပြန် အခြေချရမည်ကို ဒေသခံများ မလိုလား
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ သောက်ရေခပ်ချောင်း အား ဖြတ်၍ တည်ဆောက်နေသော သောက်ရေ ခပ် ရေကာတာ စီမံကိန်းကြောင့်စံပြရွာအဖြစ် ပြန်အခြေ ချရမည်ကို ထိုဒေသရှိ ထုံးဘိုရွာသူရွာများက မလိုလား ကြောင်း သိရသည်။
၃၀ ရက်နေ့က မြန်မာပြည် သားနဲ့ ဒီနေ့ဧရာ ၀တီ
၃၀ ရက်နေ့က မြန်မာပြည်သားသတင်း
 http://www.myanmarpyitharblog.blogspot.com/2012/08/nld_30.html
Thursday, August 30, 2012
ပါတီတွင် တရာမျှ တမှုမရှိ၍ တွံတေးမြို့နယ် NLD ပါတီ ၀င်များ(၄.၉.၂၀၁၂)ရက် တွင် ဆန္ဒပြမည်
သြဂုတ်လ ၂၅ ရက် ၁၂၃၀ ချိန်မှ ဇော်မင်းထွန်း (တွံတေး မြို့နယ် NLD တွဲဖက် အတွင်းရေးမှူးဟောင်း)၊ ကိုကိုကြီး (NLD ပါတီဝင်) နှင့်အတူ တွံတေးမြို့နယ် ရဲဘက် အတွင်းရေးမှူး ရုံးသို့ လာရောက်၍ စက် ၄ ရက်နေ့ ၁၃၀၀ မှ ၁၄၀၀ ချိန်ထိ ကျွန်းတော ရပ်ကွက် ကန်သာယာ(၁၀)လမ်း အမှတ် (၅၂၇) ရှိ ဇော်မင်းထွန်း၏ နေအိမ်ရှေ့တွင်
NLD ပါတီဝင် (၁၀)ဦးခန့် နှင့်အတူ ငြိမ်းချမ်းစွာ စုဝေး ဆန္ဒ ဖော်ထုတ်ပွဲ ပြုလုပ်ရန် အတွက် ခွင့်ပြုမိန့် လျှောက် ထားလာခဲ့ပြီး ရည်ရွယ်ချက်မှာ NLD ဗဟို ညီလာခံ ကျင်းပရေး ကော်မရှင်မှ ဖွဲ့စည်းပေးသည့် တွံတေးမြို့နယ် ညီလာခံ ကျင်းပရေး ကော်မရှင်အား တရားမျှတမှု မရှိ၍ NLD ပါတီတွင် တရား မျှတမှု ရှိစေရန်ဖြစ်ကြောင်းနှင့် လျှောက်ထား စာတွင် ပြုလုပ်မည့် နေ့၌ ဆန္ဒဖော်ထုတ်ရာသို့ လာရောက်သည့် ပါတီဝင် ၇ ဦးက အလျား ၃ပေ အနံ ၂ ပေ အရွယ်ရှိ ကတ္ထူ အဖြူရောင် ၇ ချပ်ပေါ်တွင် အောက်ပါ စာသားများ ပါရှိသည့် ပိုစတာများ အား ကိုင်ဆောင်ထားမည် ဖြစ်ကြောင်း သိရှိရပါသည်-
(က)      ဒီချုပ် ဗဟိုဥက္ကဋ္ဌ ဒေါ်အောင် ဆန်းဆုကြည် ၏ဦးဆောင်မှုအား အကြွင်းမဲ့ယုံကြည် ထောက်ခံ ပါသည်။
(ခ)        ဒီချုပ် ဗဟို၏ လုပ်ဆောင် ညွှန်ကြားချက်များ တရား မျှတမှုမရှိ၍ ကန့်ကွက်ခြင်း။
(ဂ)        နီးစပ်ရာ ဦးစားပေးမှု လက်သင့်ရာ ခေါ်ပြီး နေရာပေးမှု ဗဟို ဦးစီးစနစ် ပုံစံဖြင့် လုပ်ဆောင် နေမှုများ ရပ်တန့်ရန်။
(ဃ)      တစ်ဖွဲ့နှင့် တစ်ဖွဲ့ မပြေလည်မှု များကို ညှိနှိုင်း ဆောင်ရွက် ရမည့်အစား တစ်ဘက်သက် ဘက်လိုက် ဆောင်ရွက် နေမှုများ ရပ်တန့်ရန်။
(င)        သမာ သမတ်ကြသော ပုဂ္ဂိုလ်များမှ ဦးစီး ဦးဆောင်၍ စည်းလုံး ညီညွတ်မှုဖြင့် စည်းလုံး ညီညွတ်စွာ ပါတီ လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ သမာ သမတ်ကြသော နည်းလမ်းဖြင့် အကောင်းဆုံး ဖြစ်အောင်ဆောင်ရွက်ပေးရန်။
(စ)        ယခင်မှ အခုထိ အနစ်နာခံ ကိုယ်ကျိုးစွန့်၍ ရဲရဲဝံ့ဝံ့ ဆောင်ရွက်ခဲ့သော စည်းဟောင်း များကို ဥပေက္ခာ ပြုပြီး မဆောင်ရွက် သင့်ပါ၊ မြို့နယ်/ ခရိုင်/ တိုင်းများတွင် ပါတီနှင့် ပြည်သူအတွက် အမှန်တကယ် အကျိုးပြု သူများ၊ အရည်အချင်း ရှိသူများ ဖြစ်ပေါ်စေရန်။
(ဆ)      NLD ပါတီဝင် လျှောက်လွှာ တင်ခြင်းကို မြို့နယ် ကော်မရှင်မှ လက်မခံခြင်းနှင့် ပါတီဝင် စာရင်းအား ပျောက်ဆုံးခြင်းကို ဖြေရှင်းရန်။
ဇော်မင်းထွန်း၏ လျှောက်ထားမှု နှင့်ပက်သက်၍ မြို့နယ် ရဲတပ်ဖွဲ့မှူးက မြို့နယ် အထွေထွေ အုပ်ချုပ် ရေးမှူး နှင့်ညှိနှိုင်း၍ စိစစ်လျက် ရှိကြောင်း သိရှိရပါသည်။
 ဒီနေ့ ဧရာဝတီသတင်း
တွံတေး NLD များ ဗဟိုရုံးချုပ်ကို ဆန္ဒပြ
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးသို့ ပေးပို့ထားသည့် ပါတီဝင် လျှောက်လွှာများ ပျောက်ပျက်မှုကို တာဝန်ယူမှု မရှိခြင်း၊ တွံတေးမြို့နယ် ညီလာခံပေါ်ပေါက်ရေး ကော်မရှင်ခန့်အပ်မှုအပေါ် မကျနပ်ခြင်းကြောင့် တွံ့တေးမြို့နယ် NLD အဖွဲ့ဝင်များက ယနေ့ ဆန္ဒပြကြကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ရှိ NLD ရုံးချုပ်သို့ ပေးပို့ထားသော ပါတီဝင် လျှောက်လွှာ ၆၀၀ ကျော် ပျောက်ပျက်ခဲ့ကြောင်း၊ တွံတေးမြို့နယ် ညီလာခံပေါ်ပေါက်ရေး ကော်မရှင် အဖွဲ့ဝင် ၁၅ ဦး ခန့်အပ်ရာတွင် ဒေသခံပါတီဝင်များ၏ သဘောထားကို တောင်းခံခြင်း မရှိခဲ့ကြောင်း၊ ထို့ကြောင့် ယနေ့ နေ့လည် ၁ နာရီမှ စတင်၍ တွံတေးမြို့ပေါ်၌ NLD အဖွဲ့ဝင်များ ဆန္ဒပြကြကြောင်း သိရသည်။
“ဖောင်တွေသွားပို့ရင် လက်ခံရရှိကြောင်း လက်မှတ်ထိုးပေးပါလို့ ပြောရင် မထိုးပေးနိင်ဘူး၊ တင်ချင်တင် မတင်ချင်နေလို့ ပြောတယ်၊ ဖောင်တွေပျောက်တာကလည်း များပြီ။ ဧရာဝတီတတိုင်းလုံး ပျောက်နေတာပဲ။ ဒါတွေကို သည်းမခံနိုင်တော့လို့ ဆန္ဒပြရတာပါ” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ တွံတေးမြို့နယ် NLD ပါတီဝင် ဦးဇော်မင်းထွန်းက ပြောသည်။
လူအင်အား ၁၀၀ ဖြင့် ဆန္ဒပြလိုကြောင်းစာအား သြဂုတ်လ ၁၅ ရက်နေ့တွင် အာဏာပိုင်များထံ တင်ခဲ့ကြောင်း၊ တွံတေးမြို့နယ်၌ ကျေးရွာအုပ်စုပေါင်း ၇၃ အုပ်စုအတွင်း ရွာပေါင်း၂၁၉ ရွာတွင် NLD အဖွဲ့ဝင်ပေါင်း ၅၀၀၀ ကျော်ရှိကြောင်း၊ လူအင်အား ၁၀၀ ဖြင့်သာ ပြုလုပ်မည်ဟု စာတင်ထားခြင်းကြောင့် ယင်း ကျေးရွာတခုချင်းစီမှ အဖွဲ့အား ကိုယ်စားပြုပြီး အများဆုံး လူ ၂ ဦးသာ လာရန် ညွှန်ကြားထားကြောင်း သိရသည်။
တွံတေးမြို့နယ် ကျွန်းတောရပ်ကွက် ကန်သာယာ ၁၀ လမ်းတွင် ပြုလုပ်သော ဆန္ဒပြပွဲသို့ ဆန္ဒပြသူ ၁၀၀ နှင့် လိုက်ပါအားပေးသူ ၁၅၀ ခန့် လာရောက်ကြောင်း သိရှိရသည်။
NLD ရုံးချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “ကျနော်ကတော့ ဘာမှမသိဘူး။ ဘာမှလဲ မကြားဘူး” ဟု ဆိုသည်။
တွံတေးမြို့နယ် ညီလာခံ ပေါ်ပေါက်ရေး ကော်မရှင်ကို သြဂုတ်လ ၁၇ ရက်နေ့တွင် NLD ဗဟိုမှ ဖွဲ့ပေးခဲ့ခြင်းဖြစ်ကြောင်း၊ တချို့သော ရပ်ကွက်များတွင် လမ်းတလမ်းထဲ၌ NLD ပါတီရုံး နှစ်ခု ရှိနေကြောင်း သိရသည်။
NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးတင်ဦးကမူ “သူတို့မကြိုက်ရင် ဗြောင်လာပြောပေါ့။ ဟိုတခါကလည်း ပုသိမ်မှာ ဆူခဲ့ပြီးပြီ။ ဒါကို ထပ်လုပ်ကြပြန်ပြီ။ အရင်ကသူတို့ အဲလို မဟုတ်ကြဘူး။ သူတို့အချင်းချင်း ညှိကြပါလား” ဟု ပြောသည်။
အမေရိကန်တွင် RND က မြန်မာမှာ Rohynga မရှိဟုပြော
ရခိုင်တွင် ရှိနေသော ဘင်္ဂလီများမှာ ရိုဟင်ဂျာဖြစ်ကြောင်းကို အမေရိကန်ပြည်ထောင်စု ဆွေးနွေးပွဲတစ်ခုတွင် ဘင်္ဂလီ တစ်ဦးဖြစ်သူ (Wali Ullah)က တင်ပြဆွေးနွေးချက်ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါ တီမှ ပြန်ကြားရေးနှင့် ဆက်သွယ်ရေးမှူးဖြစ်သူ ကိုမောင်ဝင်းစိုးက ကန့်ကွက်ထောက်ပြခဲ့ကြောင်း သတင်းရ ရှိသည်။
ပြည်ထောင်စု ၀န်ကြီးများအဖြစ် တာဝန်ပေးအပ်ရန် ထွက်ရှိလာသော (၁၀)ဦးအမည်စာရင်း
(၁) ဦးအေးမြင့်ကြူ ( လက်ရှို- အား.ကာ ဒုဝန်ကြီး )
(၂)ဗိုလ်ချုပ်ဇေယျာအောင် ( မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး )
(၃) ဒေါက်တာမြင့်အောင် ( ပြည်ထောင်စု ရာထူးဝန် အဖွဲ့ )
(၄) ဦးကျော်လွင် ( လက်ရှိ - ဆောက်လုပ်ရေးဒု ဒုဝန်ကြီး )
(၅) ဦးဝင်းရှိန် ( လက်ရှိ - လယ် / ဆည် ဒုဝန်ကြီး )
(၆) ဒေါက်တာ ကံဇော် ( လက်ရှိ - စီမံ စီးပွား ဒုဝန်ကြီး )
(၇) ဦးမောင်မြင့် ( လက်ရှိ - ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး )
(၈) ဒေါက်တာကိုကိုဦး ( လက်ရှိ - သိပ္ပံ နည်းပညာ ဒုဝန်ကြီး )
(၉) ဦးဌေးအောင် ( လက်ရှိ - ဟိုတယ် ခရီး ဒုဝန်ကြီး )
(၁၀) ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ( လက်ရှိ - ကျန်းမာရေး ဒုဝန်ကြီး )တို့ဖြစ်ကြောင်းနိုင်ငံတော်သမ္မ
တရုံးမှပေးပို့သော အမည် စာရင်းများအရသိရသည်။
လွှတ်တော်နှင့် ခုံရုံး သံသယာ
နေပြည်တော်၊ စက်တင်ဘာ ၎
အခြေခံဥပဒေ ခုံရုံးက ပြည်သူ့လွှတ်တော် စုံစမ်းရေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ဝင်များကို ထပ်မံ ကန့်ကွတ်ခဲ့ခြင်းအား လက်ခံစဉ်းစားပေတော့မည် မဟုတ်ကြောင်းနှင့် စုံစမ်း စစ်ဆေးရေး အဖွဲ့အား ပြင်ဆင် ဖွဲ့စည်းတော့မည် မဟုတ်ကြောင်း တရားစီရင်ရေးနှင့် ဥပဒေ ရေးရာ ကော်မတီ ဥက္ကဋ္ဌ တစ်ဦးဖြစ်သူ သူရ ဦးအောင်ကိုက ပြောကြားသည်။
ကြာဖြတ်သတင်းတို
ပြည်ထောင်စုအစိုးရ ဝန်ကြီးဌာန အရေအတွက် ပြင်ဆင် ဖြည့်စွက်ခြင်းနှင့် ပြည်ထောင်စု ဝန်ကြီးဦးရေကို တိုး/လျော့ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ် ရယူရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များမှ ဆွေးနွေးရာတွင် လွှတ်တော်ကိုယ်စားလှယ်အချို့မှ ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း မဲခွဲဆုံးဖြတ်ရာတွင် အနိုင်ရရှိခဲ့သဖြင့် နိုင်ငံတော်သမ္မတ ပေးပို့ခဲ့သော သဝဏ်လွှာမှာ အတည်ဖြစ်ခဲ့သည်။ ဝန်ကြီးဌာန အရေအတွက် ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၀၉ မဲ၊ ကန့်ကွက်မဲ ၄၉ မဲ၊ ကြားနေမဲ ၄၀ ဖြင့် အနိုင်ရရှိခဲ့သည်။ ပြည်ထောင်စုဝန်ကြီးဦးရေကို တိုး/လျော့ခြင်းနှင့် စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ၅၁၁ မဲ၊ ကန့်ကွက်မဲ ၄၁ မဲ၊ ကြားနေမဲ ၄၅ မဲ ဖြင့် အနိုင်ရရှိခဲ့သည်။
ဟင်္သာတမြို့ တွင် စုံတွဲ တတွဲ အသတ် ခံရ
ဧရာဝတီတိုင်း ဟင်္သာတမြို့ တက္ကသိုလ် အနီးမှာအမျိုးသား၊ အမျိုးသမီး စုံတွဲ  သေဆုံးမှုနဲ့  ပတ်သက်ပြီးတရားခံလို့ 
သံသယရှိသူကို ဒီနေ့ မနက် အရုဏ်မတက်ခင်မှာဖမ်းမိထားပြီလို့ မြို့ နယ်ရဲကအတည်ပြု ပြောဆိုပါတယ်
သေဆုံးသူတွေမှာ ဒဏ်ရာတွေ တွေ့ရတယ်လို့ ရဲက ပြောပေမယ့် အေသးစိတ် ထုတ်ဖော်ပြောဆိုဖို့တော့ ငြင်းဆန်ပါတယ်။
မိခင်လောင်းတို့သိစေဖို့
Michael Clancy သည် USA Today Newspaper အတွက် "- "မွေးရာပါကျောရိုးအမြှေးကျွံခြင်း" ကိုခွဲစိတ်ပြုပြင်ပုံအဆင့်ဆင့်ကို မှတ်တမ်းတင်ရန် ခွဲစိတ်ခန်းထဲသို့ ရောက်ရှိနေသည်။ ခွဲစိတ်မှု ကို သားအိမ်အ တွင်း မှာသာပြုလုပ်မည်ဖြစ်၏။ ကိုယ်ဝန်မှာ 21 ပတ်သာရှိသေးသည်။ အခန့်မသင့်လျှင်ကလေးသေသွား
နိုင်ငံပိုင်သတင်းစာများတွင် ပြည်သူ့ ဗဟိုပြု သတင်းများ ဦးစားပေး ဖော်ပြမည်
နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံ သတင်းစာတွင် ပြည်သူများကို အသိပညာ၊ ဗဟုသု တ၊ ဖျော်ဖြေမှုနှင့် ရသစုံလင်စွာ ပေးစွမ်းနိုင်ရန် ပြည်သူ့ ဗဟိုပြု သတင်းများကို ဦးစားပေး ဖော်ပြ သွား မည် ဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံ သတင်းစာတွင် ရေးသား ထားသည်။
KIA နှင့် စစ်တပ်အကြား တိုက်ပွဲများ ကြောင့် ကချင်ပြည်နယ်တွင် ရိက္ခာပြတ်လတ်နေကြောင်း ယနေ့ ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆိုတင်
ကေအိုင်အို အဖွဲ့နှင့် တပ်မတော် အကြား လက်နက်ကိုင်ပဋိပက္ခများကြောင့် ဆန်စပါး များပြတ်လပ်ပြီး အတိဒုက္ခများရောက်ရှိနေသောကြောင့် ကူညီစောင့်ရှောက်ပေးရန် အရေးကြီးအဆိုကို ကချင်ပြည်နယ် မှ လွှတ်တော်ကိုယ်စားလှယ် ဦးယောဒီဒွေ့က ပြည်သူ့လွှတ်တော်သို့ စက်တင်ဘာလ ၃ ရက်နေ့တွင် အရေးကြီးအဆို အဖြစ် တင်သွင်းလိုက်ကြောင်းသိသည်။
တိုးချဲ့သမ္မတရုံး ၀န်ကြီးဌာနများ ပြည်တွင်း ငြိမ်းချမ်းေ ရးနှင့် ဖွံ့ဖြိုးေ ရး ဦးတည်
တိုးချဲ့ဖွဲ့စည်းလိုက်သော သမ္မတရုံး ဝန်ကြီးဌာနများသည် ပြည်တွင်းငြိမ်းချမ်းရေး ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ငွေကြေး လုပ်ငန်းများ ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး တို့ကို ဦးတည်ကြောင်း သမ္မတရုံး ဝန်ကြီး ဌာနများ ပြင်ဆင်ဖွဲ့စည်းခြင်း ဆိုင်ရာ ရှင်းလင်းချက်တွင် ဖော်ပြထားသည်။
ဲJICA နှင့်ပူပေါင်း၍ ရန်ကုန်မြို့တော် ဖွဲ့ဖြိုးရေး စီမံကိန်း ရေးဆွဲမည်
‘မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းအား’ JICA နှင့် ပူးပေါင်း၍ ၂၀၁၃ နှစ်ကုန်တွင် အပြီးရေးဆွဲသွားမည် ၊ ကနဦးတွင် ရန်ကုန်မြို့တော်၏ ရေပေးဝေရေး၊ ရေဆိုးနှင့် မိလ္လာစနစ်များတွင် ပူးပေါင်းပြုလုပ်ရန် သဘောတူ လက်မှတ်ရေးထိုးမဟာရန်ကုန်မြို့ပြဖွံ့ဖြိုး ရေး မဟာဗျူဟာစီမံကိန်းအား JICA (Japan International Cooperation Agency)နှင့် ပူးပေါင်း၍ လာမည့် ၂၀၁၃ ခုနှစ်အကုန်တွင် အပြီးရေးဆွဲသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြစီမံကိန်း ရေးဆွဲရေး ဌာန၏ ထုတ်ပြန်ချက်အရ သိရှိရ သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှု ဥပဒေ လူနည်းစုအတွက် မဟုတ်
မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ စက်တင်ဘာ လထဲတွင် ထွက်ရှိလာမှာဖြစ်ပြီး လက်ဝါးကြီးအုပ် လူနည်းစု စီးပွားရေးလုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို အကာကွယ်ပေးမည့် ဥပဒေ မဟုတ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုဦးစီးဌာနဒါရိုက်တာ ဦးကျော်ဇောမောင်က ပြောသည်။
ပါကစ္စတန်ဗုံးေ ပါက် ကွဲမှု အမေရိ ကန် သံရုံးဝန် ထမ်းနှစ် ဦး ဒဏ်ရာရ
4 Sep 2012
ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့မှာ တနင်္လာနေ့က တိုက်ခိုက်မှုတခုအတွင်း အမေရိကန်သံအရာရှိနှစ်ဦးနဲ့ ပါကစ္စတန်နိုင်ငံသား သံရုံး ၀န်ထမ်းနှစ်ဦးတို့ ဒဏ်ရာရသွားတယ်လို့ ပါကစ္စတန်နိုင်ငံဆိုင်ရာ
မိုးသီးဇွန် နိုင်အောင် အောင်နိုင် တို့ သတ်ဖြတ် ခဲ့သောေ ကျာင်းသား ကျောင်း သူ စာရင်း
4 Sep 2012
၁။ ရင်း(၆)တွင်သေဆုံး
1.ရန်ရှင်း(မြင်းခြံ)
2.ပေါသွပ် (ခေါ်) အောင်မြင့်ထွန်း (ကသာ)
၂။ စစ်ကြောရေး (ဗဟို) သေဆုံး
3.ပြည့်စိုးနိုင် (ရန်ကုန်)
4.ခင်မောင်စိုး (အင်းတော်)
5.ဇော်ဝင်းချစ် (ဗန်းမော်)
6.ဝင်းသိန်း (ဝန်းသို)
7.ကျော်ကျော်ဦး (ကသာ)
8.ကျော်ဌေး (မန္တလေး)
9.ရာကွပ် (မင်းမင်း ထမင်းဆိုင်၊ရင်ကျန်း)
မိုးမိုးမြင့်အောင် Black List မှာဘာကြောင့် ပါနေရပါသလဲ
ကချင်မှာ အစိုးရတပ် အင်အားတိုး တိုက်ပွဲကြီးမှာကို စိုးရိမ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းသို့ မြန်မာအစိုးရတပ်ဖွဲ့အင်အား နေ့စဉ် တိုးမြင့်ချလာ သဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမလိုလို ဖြစ်နေမှုမှသည် တိုက်ပွဲကြီးများ ပြန်လည် ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်လာနေကြသည်။
အစိုးရတပ်နှင့် KIA ဒိန်ဂါဘွမ် တိုက်ပွဲတွင် အစိုးရဗိုလ်ကြီး ၂ ဦးကျ
4 Sep 2012(KNG)
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ မြန်မာအစိုးရတပ်ဖွဲ့ ခမရ (၃၀၁) တပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အရပ်သားတပ်ဖွဲ့ (MHH) များ စက်တင်ဘာ ၁ ရက်နေ့တွင် လိုင်ဖောန် (Lai Hpawng) မှ ၆ မိုင်အကွာရှိ ဒိန်ဂါဘွမ် (Dingga Bum) တွင် ၃ နာရီခန့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ဗိုလ်ကြီးများ ထိခိုက်သေဆုံးသွားခဲ့ကြောင်း KIA အရာရှိတစ်ဦးပြောသည်။
မြန်မာပြည်မှာ မကြာမီ ကနေဒါ သံရုံး ဖွင့်မည်
Tuesday, September 04, 2012 
မြန်မာနိုင်ငံမှာ များမကြာမီကာလအတွင်း ကနေဒါ သံရုံးစိုက်ဖို့ အစီအစဉ်ရှိတဲ့ အကြောင်း မြန်မာနိုင်ငံ ကို ရောက် ရှိနေတဲ့ ကနေဒါနိုင်ငံ ကုန်သွယ်ရေး ၀န်ကြီးက ထပ်လောင်းပြောဆိုပါတယ်။
လာခြင်းကောင်းသော ဗန်ပါစီရဲ့ ဟက်ထရစ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃)
ယခုတပတ် စနေနဲ့ တနင်္ဂနွေနေ့ များမှာတော့ အသင်းကြီးတွေဖြစ်တဲ့ မန်စီးတီး၊ အာဆင်နယ်နဲ့ မန်ယူအသင်းတို နိုင်ပွဲရှာတွေ့ခဲ့ပြီး လစ်ဗာပူးနဲ့ စပါးအသင်း ကတော့ ပွဲစဉ် (၃) အထိ နိုင်ပွဲရှာဖွေနေဆဲ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းကတော့ UEFA စူပါ ဖလား သောကြာနေ့က ကန်ထားတာကြောင့် ဒီတပတ်မှာ အနားရ ထားပါတယ်။
စုံစမ်းစစ်ဆေးရေး အဖွဲ့ဥက္ကပြောင်းသော်လည်း ခုံရုံးကဆက်လက်ကန့်ကွက်
စက်တင်ဘာ(၃)ရက်နေ့က ပြည်သူ့လွှတ်တော်မှအမိန့်အမှတ် (၂/၁၂ ) ဖြင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးကိစ္စ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ဦးနန္ဒ ကျော်စွာ အစား အမ်းမဲဆန္ဒနယ်မှ ဦးသိန်းဆွေ ကိုအစား ထိုးပြောင်းလဲလိုက်သော်လည်း ယင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များကို ကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကထပ်မံကန့်ကွက်ကြောင်း စက်တင်ဘာ(၄)ရက်နေ့ ထုတ် နိုင်ငံပိုင်သတင်းစာများ တွင်ဖော်ပြပါရှိသည်။
လေကြောင်းရန် ကာ ကွယ်ရေး စစ်ရေးလေ့ ကျင့်မှု အီရန်ပြု လုပ်မည်
အီရန် နိုင်ငံသည် နိုင်ငံ၏ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို စမ်းသပ် သည့် အနေဖြင့် စစ်ရေးလေ့ကျင့်မှု တစ်ရပ်ကို ယခုလ နှောင်းပိုင်းတွင် စတင်ပြုလုပ် သွားမည်ဖြစ်ကြောင်း အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့မှ အကြီးအကဲ တစ်ဦးက စက်တင်ဘာ ၂ ရက်တွင် ပြောကြားခဲ့ ကြောင်း သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့် မှုတွင် အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့နှင့် ကြည်းတပ်မှ လေကြောင်းရန် ကာကွယ်ရေး စနစ်အားလုံးကို အသုံးပြု သွားမည်ဖြစ်ပြီး စက်တင်ဘာ ၂၁ ရက်မှ အောက်တို ဘာ ၂၁ ရက်အထိ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။ ထို့အပြင် အီရန်၏ တိုက်လေယာဉ်များနှင့် ဗုံးကြဲ လေ ယာဉ်များ ကိုပါ လေ့ကျင့်ခန်းတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။
လေ့ကျင့်မှုများ အတွက် အီရန် အနောက်မြောက် နယ်စပ်တွင် ရေဒါ၊ ဒုံးကျည်နှင့် အီလက်ထရွန်နစ် တပ်ဖွဲ့များ ချထားပြီး နိုင်ငံအတွင်းရှိ နေရာပေါင်း ၃ဝဝ ကျော် တွင် လက်နက်လပစ္စည်းများ တပ်ဆင်ထားကြောင်း သိရသည်။
အီရန်နိုင်ငံသည် နျူကလီးယား အဆောက်အအုံများ တည်ရှိရာနေ ရာများကို အဓိကထား ကာကွယ်သွား မည်ဖြစ်ပြီး အဆောက် အအုံများ၏ ပတ်ဝန်း ကျင်တွင် တပ်ဖွဲ့များချထားကြောင်း အဆိုပါ အကြီးအကဲက ပြောကြား ခဲ့သည်။ အီရန်နိုင်ငံသည် ၎င်းတို့၏ စစ်ရေးလေ့ကျင့်မှုများကို တစ်နှစ်လျှင်နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ကျင်းပခဲ့ကြောင်း သိရသည်။
လယ်ယာမြေပေါ် ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့ လယ်သမား ဓားပြမှုနဲ့ စွဲဆိုထား
ရခိုင်ပြည်နယ် ပေါက်တောမြို့ရဲ့တောင်ဘက်၈ မိုင်အကွာ ဆင်ပိုက်ကျေးရွာက လယ်သမား၁၄ ဦးဟာ သိမ်းယူခံ ထားရတဲ့ သူတို့ရဲ့ လယ်ယာမြေတွေပေါ်မှာ ပြန် လည်လုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့အတွက် စီးပွားရေးလုပ် ငန်းရှင် ၅ ဦးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၉၅ဓားပြမှုနဲ့ စွဲဆိုထားပြီး အာဏာပိုင်တွေက လိုက်လံ ဖမ်း ဆီးနေကြောင်း RFA က စုံစမ်းသိရပါတယ်။
ငြိမ်းချမ်းရေးရယူထားသော နာဂ NSCN(K) အဖွဲ့နှင့် နာဂ NSCN(L/M) အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား
တိုင်းဒေသကြီးအဆင့် ငြိမ်းချမ်းရေးရယူထားသော နာဂ NSCN(K)အဖွဲ့နှင့် နာဂ NSCN(L/M)အဖွဲ့တို့ ချန်လန်းမြို့အနီး ကော့ထုံးကျေးရွာ တွင် သြဂုတ်(၃၀)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။
အဆိုပါတိုက်ပွဲဖြစ်ပွားမှုကြောင့် နာဂ NSCN(K)အဖွဲ့မှ တပ်သားတစ်ဦး သေဆုံးခဲ့ပြီး NSCN(L/M)အဖွဲ့မှ အရာရှိ တစ်ဦးနှင့် အဖွဲ့ဝင်(၃)ဦး ကျဆုံးခဲ့တယ်လို့ ကော့ထုံးကျေးရွာဒေသခံတစ်ဦးမှ ပြောသည်။
တောင်ပိုင်း ဝတပ်လုံခြုံရေးတင်းကျပ် ဒေသခံများအခက်တွေ့
UWSA တောင်ပိုင်း ဝ တပ်ဖွဲ့ အခြေချလှုပ်ရှားသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် အတွင်း၌ ယခင်ကထက် လုံခြုံရေး ချထားကာ လမ်းသွားလမ်းလာဒေသခံများ စစ်ဆေးသည့်အပြင် ဖမ်းဆီးချုပ်နှောင်မှု လည်း ရှိနေသည်ဟု နယ်စပ်ရောက် မိုင်းဟန်ဒေသခံတဦးက ပြောပါသည်။
“နားကောင်းမူး နဲ့ မိုင်းတုံကြားက မိုင်းဟန်ရွာမှာ သုံးနေရာတောင် စောင့်တယ်။ ၂၇ ရက်နေ့တုန်းက နမ့်ဟန်ချောင်း ဆင်းတဲ့ ဒေသခံတဦးကို ဖမ်းသွားသေးတယ်။ အခု လယ်ဆင်းဖို့ သွားလာဖို့ ဆိုလဲ သူတို့ စစ်ဆေးဖမ်းဆီးမှာကို စိုးရိမ် လို့ သိပ်အသွားအလာမလုပ်ရဲဘူး။ မိုင်းဟန်အပြင် နားပါကောဝ်မှာလဲ စောင့်တယ်။” - ဟု နားကောင်းမူးဒေသခံ တဦးက ပြောပါသည်။
တရုတ် မြန်မာ နယ်စပ်မှာ မြန်မာ သဘောင်္ တိမ်းမှောက်
တရုတ် မြန်မာ နယ်စပ် တရုတ် နိုင်ငံအနောက်တောင်ပိုင်း ယူနန် ပြည်နယ် အနီး မဲခေါင်မြစ် ထဲမှာ တနင်္ဂနွေနေ့  နေ့ လယ်ကမြန်မာ သဘောင်္တစ်စီး တိမ်းမှောက် သွားခဲ့ ပြီးတဲ့နောက်
စိုင်းနော်ခမ်းနှင့်အတူအဖွဲ့ဝင် ၃ ဦးအား ရက်ပိုင်းအတွင်း တရုတ်ရုံးတင်စစ်ဆေးမည်
တရုတ် ၁၃ ဦးအသတ်ခံရမှုမှာ သံသယရှိသူ ပြည်သူ့စစ်ခေါင်းဆောင်ဟောင်းအား စိုင်းနော်ခမ်းနှင့်အတူ ရုံးတင် စစ်ဆေး မည်ဖြစ်ကြောင်း တရုတ်သတင်းများက ဖော်ပြထားသည်။
Naw_Kham_from_news.cn
တရုတ်အစိုးရလက်ထဲရောက် စိုင်းနော်ခမ်း(www.news.cn)
“တာလေမြို့နယ်ခွဲ မိုင်းလင်းကျေးရွာအုပ်စု နားဟိုင်းလုံပြည်သူ့စစ်ခေါင်းဆောင်ဟောင်းယီလိုင်ပေါ့။ စိုင်းနော်ခမ်း ကို အမှုစစ်ရင် သူ့ကိုပါ တရုတ်အာဏာပိုင်တွေကခေါ်စစ်မှာ။ သူက မယ်ဆိုင်မှာနေတဲ့ ပူနွတ်နဲ့ပေါင်းတာလေ။