Friday, August 31, 2012

သေဆုံးပြီးသူများ မြန်မာပြည်သွားနိုင်ပြီ


Black List ထဲကနေပယ်ဖျက်လိုက်တဲ့
 နိုင်ငံခြားသားအမည် တထောင်ကျော်ကို
 သမ္မတရုံးက ဒီကနေ့ ထုတ်ပြန်လိုက်ရာမှာ
 သေဆုံးသူတချို့ရဲ့ နာမည်တွေကို
တွေ့ရပါတယ်။


ကွယ်လွန်သွားပြီးဖြစ်တဲ့
- ဖိလစ်ပိုင်သမ္မတဟောင်း ကိုရာဇန်အကွီနို၊
- သတင်းစာဆရာ ကြေးမုံ ဦးသောင်း၊
- ပါမောက္ခဒေါက်တာအေးကျော်၊
- အမေရိကန် လွှတ်တော်အမတ်ဟောင်း Sonny Bono တို့ရဲ့ အမည်တွေ ပါဝင်နေပါတယ်။

ဦးဝီရသူ ဦးဆောင်မယ့် ဆန္ဒပြခွင့် အာဏာပိုင်တွေဘက်က ရက်ရွှေ့ခိုင်းဖို့ ပြော

 

 

 မန္တလေးမြို့မှာ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော် ဦးဝီရသူ ဦးဆောင်မယ့် 
ရခိုင်အရေးသမ္မတဦးစိန်ရဲ့ရပ်တည်ချက်အပေါ်ထောက်ခံတဲ့ဆန္ဒပြပွဲတွေကို  
အာဏာပိုင်တွေဘက်က မူလကခွင့်ပြုထားတဲ့ ရက်မှာ ဆန္ဒပြခွင့်မပေးတာကြောင့်ရက်ရွှေ့ဆိုင်းလိုက
ရတယ်လို့ ဆရာတော် ဦးဝီရသူက RFA ကို ဒီကနေ့ မိန့်ကြားပါတယ်။