Wednesday, August 29, 2012

ဒီနေ့ည ၈ နာရီသတင်း ကြည့်ပါ

နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာ အမှတ်(၂၇/၂၀၁၂) အား 

ယနေ့ ည (၈)နာရီတိတိတွင် နိုင်ငံတော်သမ္မတရုံး ၀က်ဘ်ဆိုက်တွင် ထုတ်ပြန်သွား မည် ဖြစ်ပါသည်။

အလားတူ ည(၈)နာရီ ရုပ်/သံ သတင်းတွင်လည်း ထုတ်လွှင့်သွားမည် ဖြစ်ပါကြောင်း။

အသစ်ခန့်အပ်မည့် ၀န်ကြီးများတွင် အရပ်သား ကျွမ်းကျင် ပညာရှင်များ ပါဝင်ရန်ရှိဟုဆို



သမ္မတ ဦးသိန်းစိန် စတင်ဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့တွင်းပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဟာ (၂)လ လောက် အချိန်ကြာမြင့်ဖို့ရှိပြီး၊ ပြုပြင်ပြောင်းလဲရေး မလုပ်ချင်တဲ့ ၀န်ကြီးတွေကို ဆက်လက် အနားပေးသွားဖို့ ရှိသလို၊ အသစ်ခန့်အပ်မယ့် ၀န်ကြီးတွေထဲမှာလည်း အရပ်သား ကျွမ်းကျင်ပညာရှင်တွေ ပါဝင်လာဖို့ရှိတယ်လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။

လွှတ်တော်များက ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းအတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော် လျှောက်ထား

လွှတ်တော်များက ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းအတွက် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော် လျှောက်ထား ကြောင်းသိရှိရသည်။

ရှေ့နေဦး စောကျော်ေ ကျာ်မင်း ထောင်ဒဏ် ၆ လကျ


မကြာခင်က ထိုင်း-မြန်မာနယ်စပ်ကနေ ပြည်တွင်းပြန်လည် ရောက်ရှိပြီး အလုပ်သမား အခွင့်အရေးအတွက် ကူညီဆောင်ရွက်ပေးနေသူ ရှေ့နေ ကိုစောကျော်ကျော်မင်းကို ဒီကနေ့ အင်းစိန် မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

ပြည်သူ့လွှတ်တော်တွင် စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့စည်း



ဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးရဲ့ ဆောင်ရွက်ချက်တွေကို စစ်ဆေးကြားနာဖို့ အတွက် ဒီကနေ့ ပြည်သူ့ လွှတ်တော်မှာ စုံစမ်းစစ်ဆေးရေး ကော်မတီ တစ်ရပ် ဖွဲ့စည်းလိုက်ပါတယ်။

KNU နှင့် အစိုးရ အပစ်အခတ် ရပ်စဲရေး တတိယအကြိမ် ဆွေးနွေးမည်



August 29, 2012


အစိုးရနှင့် တတိယ အကြိမ် အပစ်အခတ် ရပ်စဲရေး ဆက်လက် တွေ့ဆုံဆွေးနွေးမည့် ရက်ကို ယမန်နေ့က ပြန်လည် သတ်မှတ် လိုက်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ထုတ်ပြန်ထားသည်။
ကရင်ပြည်နယ် ဘားအံမြို့တွင် သြဂုတ်၂၇ ရက်နေ့မှစတင်၍ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးရန် ညှိနှိုင်းဆုံးဖြတ်ထားခြင်းကို ရွှေ့ဆိုင်းခဲ့ပြီးနောက် လာမည့် စက်တင်ဘာလ ၃ ရက်မှ ၄ ရက်နေ့ တို့ကို ပြန်လည် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။

လွှတ်ပြီး တော် နေလို့လား ?



အမျိုးသား လွှတ်တော်နှင့် ပြည်သူ့ လွှတ်တော် နှစ်ရပ်ပေါင်းဖြင့် ဖွဲ့စည်းထားသောပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် များမှာ ပြည်သူလူ ထုကတိုက်ရိုက် ရွေးချယ် တင်မြှောက် ထားသူများ ဖြစ်ပါသည်။အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်နှင့် ပြည်ထောင်စု လွှတ်တော်

မြန်မာ့လေကြောင်း လိုင်းတွေလဲ လန်းတော့မည်



အဲပုဂံတွင်တာဝန်ထမ်းဆောင်နေကြပြီဖြစ်သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး အမျိုးသမီးလေယာဉ်မှုးများ(Ph
oto- Air Bagan)

အရှေ့တောင် အာရှ ဘော်လီဘော ချန်ပီယံဖ လား မြန်မာပြန်ရ



သြဂုတ်လ ၂၉ ရက် ၂၀၁၂ ခုနှစ်



မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသော ၁၇ ကြိမ်မြောက် အရှေ့တောင်အာရှ လူငယ် ဘော်လီဘော ပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် မြန်မာလူငယ် (က) အသင်းက ထိုင်းအသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ယူကာ ချန်ပီယံဆုဖလားကို ၁၆ နှစ်အတွင်း ပထမဆုံး ပြန်လည်ရယူနိုင်ခဲ့သည်။ 

Evolution of swimsuit


ပြောင်းလဲလာသော အနောက်တိုင်းမှ ရေကူးဝတ်စုံ ယဉ်ကျေးမှု






မြစ်ဝ ကျွန်းေ ပ်ါရေကြောင်း များအား အောက် တိုဘာ(၁) ရက်တွင် ပုံမှန်ြေ ပးဆွဲမည်


ခေါက်ရေလျှော့ချပြေးဆွဲနေသော ခရီးစဉ်လိုင်းများနှင့် ယာယီရပ်ဆိုင်း ထားသော ခရီးစဉ်လိုင်းများအား အောက်တိုဘာ(၁)ရက်နေ့မှ ပုံမှန်အတိုင်းပြန်လည်ပြေး ဆွဲ ပေးမည်ဖြစ်ေ ကြာင်း ပြည်တွင်းေ ရကြောင်း (မြစ်ဝကျွန်းပေါ်ဌာနခွဲ)က သိရသည်။

သူတို့မြင်သော အစိုးရအဖွဲ့ အပြောင်းအလဲ ဦးကိုကိုလှိုင် (သမ္မတရုံးနိုင်ငံရေး အကြံပေး)

ဝန်ကြီးအပြောင်းအလဲတွေနဲ့ ပတ်သက်လို့ ရှင်းချက်ပေါ့။ တစ်ချက်က ဘာမြင်လဲဆိုတော့ အသိပညာ ရှင်
တွေ အတတ်ပညာရှင်တွေကို ဒုတိယဝန်ကြီးတွေအဖြစ်နဲ့ ထည့်ထားတယ်။

အစိုးရ ပြုပြင်ပြောင်းလဲမှုကို အကောင်းလက္ခဏာအဖြစ် ရှုမြင်

သမ္မတ ဦးသိန်းစိန် အနေဖြင့် သက်တမ်း ၂ နှစ်ခန့်ရှိပြီဖြစ်သော အစိုးရအဖွဲ့အား ပြုပြင်ပြောင်း လဲမှုများ ပြုလုပ်လိုက်ခြင်းသည်  အကောင်းဘက်သို့ ဦးတည်နေသည့် လက္ခဏာများဟု လေ့လာသူများက ရှုမြင်ကြသည်။
ယခုနှစ် မေလ ၁၁ ရက်နေ့ကကျင်းပသော
 နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး 
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် 
သမ္မတ ဦးသိန်းစိန်က ရှေးရိုးစွဲ၊ ခေတ်နောက်ပြန်
ဆွဲသည့် အမြင်ရှိသူများကို ချန်ထားခဲ့မည်
ဟု ပြောဆိုခဲ့သည် (ဓာတ်ပုံ – သမ္မတရုံး)
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက “သမ္မတရုံး ၀န်ကြီး ၄ ဦး ထပ်တိုးတာကိုက ပြုပြင်ပြောင်းလဲရေးကို အားစိုက် လုပ်ဖို့ဆိုတာ သိသာပါတယ်၊ အကောင်းဘက်ကို ဦးတည် တယ်၊ ပြုပြင်ပြောင်းလဲရေးကို အကောင် အထည်ဖော်နေ တယ်ဆို တာ ကတော့ မြင်နေ ရတယ်၊ စောင့်ကြည့် ရမယ်” ဟု ဆိုသည်။

မြစ်ဝကျွန်းပေါ်ရေကြောင်းများအား အောက်တိုဘာ(၁)ရက်တွင် ပုံမှန်ပြေးဆွဲမည်

ခေါက်ရေလျှော့ချပြေးဆွဲနေသော ခရီးစဉ်လိုင်းများနှင့် ယာယီရပ်ဆိုင်း ထားသော ခရီးစဉ်လိုင်းများအား အောက်တိုဘာ(၁)ရက်နေ့မှ ပုံမှန်အတိုင်းပြန်လည်ပြေး ဆွဲ ပေးမည်ဖြစ်ေ ကြာင်း ပြည်တွင်းေ ရကြောင်း (မြစ်ဝကျွန်းပေါ်ဌာနခွဲ)က သိရသည်။

ခလောက်ဆံ အကောက်ကြံတဲ့ KIA ရဲ့ တစ်ပွဲထိုး လုပ်ရပ်

၂၀၁၁ ခုနှစ် ဇွန်လ () ရက်နေ့မှ စတင်ကာ ကချင်ပြည်နယ် အတွင်း မြန်မာအစိုးရ စစ်တပ် တွေနဲ့  ကေအိုင်အေ အဖွဲ့တို့ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ နိုင်ငံတော် အစိုးရအနေဖြင့်  ငြိမ်းချမ်းရေး ကမ်း လှမ်းမှုတွေပြုလုပ်ပြီး KIO ညှိနှိုင်းရေး အဖွဲ့ရဲ့ တောင်းဆိုချက်တွေကို အတက်နိုင်ဆုံး လိုက်လျောပေး

ဒုက္ခသည်များအတွက် အကူအညီ စစ်သင်္ဘောဖြင့် ပို့မည်


အစားအစာများ သယ်ယူလာမည့် KD Sri Indera Sakti
မလေးရှားနိုင်ငံ အန်ဂျီအို  တစ်ခုမှ မြန်မာ မွတ်ဆလင် ဒုက္ခသည်များ အတွက် အကူအညီများကို ဘင်္ဂလာဒေခ်ျ့သို့ စစ်သင်္ဘော တစ်စီးဖြင့် ပို့ဆောင်ပေးမည်ဟု ဆိုသည်။

စစ်ရှောင် သွေးချင်းများ ပြည်တော်ပြန်ခရီး ယခုလအတွင်း အပြီးဆောင်ရွက်ရန် တရုတ်အာဏာပိုင်များ ပြောကြား

ကချင်တိုင်းရင်းသားကလေးငယ်များကို တွေ့ရစဉ်
မြန်မာ-တရုတ်နယ်စပ်မြို့ငယ်ဖြစ်သည့် နောင်တောင်း အနီးတစ် ၀ိုက် ရှိ တောတောင်များတွင် ယာယီ စစ်ရှောင် ကချင်ဒုက္ခသည်များနှင့် လားရင်း (လွယ်ဂျယ်တစ်ဖက်ကမ်း)ရှိ စစ်ရှောင်ဒုက္ခသည်များအား လုံး ယခုလအတွင်း အပြီးသတ်ရွှေ့ပြောင်းပေးရန်နှင့် ယခုလအတွင်း တရုတ်ပြည်အတွင်းရှိ ကချင် စစ်ရှောင်ဒုက္ခသည် အားလုံး ရွှေ့ ပြော င်းနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်မှုများပြုလုပ်ရန် တရုတ်အာဏာ ပိုင်များက ကချင်တပ်ဖွဲ့ (ကေအိုင်အို)သို့ လာရောက် ပြောကြား
ခဲ့ကြောင်း၊ အဆိုပါ ဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာခဲ့ သည့် ကချင်ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

FEC ရုပ်သိမ်းလျှင် ကိုင်ဆောင်သူများ မနစ်နာစေရေး ပေါက်ဈေးနှင့် လဲပေးမည့် အပြင် လုံလောက်သော အချိန်ပေးမည်



မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြားခံ ငွေကြေးအဖြစ် အသုံးပြုနိုင်ရန် FEC ကို ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က စတင်ထုတ်ဝေ အသုံးပြုခဲ့သည်။ ရည်ရွယ်ချက်မှာ နိုင်ငံတော် အတွက် နိုင်ငံခြား သုံးငွေများ ရရှိစေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်သူများ လွယ်လင့်တကူ အသုံး ပြုနိုင်စေရန် ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥကဋ္ဌ သူရဦးရွှေမန်း ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် နှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့မှ အမှုဆာင် ဒါရိုက်တာ Dr. Babatunde Osotimehin ဦးဆောင် သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၈ နာရီခွဲ တွင် နေပြည်တော် ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမ ၌ လက်ခံ တွေ့ ဆုံသည်။

ပြည်သူ့လွှတ်တော်ဥကဋ္ဌ သူရဦးရွှေမန်း ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ လူဦးရေရန်ပုံငွေအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းသည် ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် နှင့် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့မှ အမှုဆာင် ဒါရိုက်တာ Dr. Babatunde Osotimehin ဦးဆောင် သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့နံနက် ၈ နာရီခွဲ တွင် နေပြည်တော် ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမ ၌ လက်ခံ တွေ့ ဆုံသည်။

ပြည်သူ့လွှတ်တော် သို့ အမျိုးသားလွှတ်တော် ဥက္ကဌ သ၀ဏ်လွှာပေးပို့ ပြီး ခုံရုံးအားစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း

ပြည်သူ့လွှတ်တော် ဥက္ကဌ ထံသို့ အမျိုးသားလွှတ်တော် ဥက္ကဌ မှ သ၀ဏ်လွှာပေးပို့ချက်တွင် အမျိုးသား လွှတ်တော်တွင် အခြေခံဥပဒေခုံရုံးအား စွပ်စွဲပြစ်တင်မှုကို ဆုံးဖြတ်ချက်ရယူပြီးသောေ ကြာင့် ပြည်သူ့ လွှတ်တော် မှ ယင်းလုပ်ငန်းတာဝန်အားယခု အချိန်မှ စ၍ ဆက်လက် လုပ်ကိုင်ရန်ြပည် သူ့လွှတ်တော်ဥက္ကဌ က တာဝန်ပေးအပ်လိုက်သည်။ 

ဘယ်အတိုင်းအတာအထိ စွပ်စွဲ ပြစ်တင်ကြမည်လဲ

၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက နိုင်ငံတော် အာဏာအရပ်ရပ်ကို အစိုးရသစ်သို့ လွှဲပြောင်းပေးအပ်ပြီး မိမိတို့ အဖွဲ့ကို ဖျက်သိမ်း လိုက်ကြောင်း ကြေညာခြင်းနှင့်အတူ မြန်မာနိုင်ငံ၌ နှစ်ပေါင်းများစွာ ကျင့်သုံးခဲ့သည့် အာဏာပိုင်စနစ် ချုပ်ငြိမ်း၍ အာဏာပြိုင်စနစ် စတင်ခဲ့သည်။

ပြောင်းလဲခြင်းနှင့်အတူ လိုက်ပါကြရန် သမ္မတ၏ အကြံပေးက တိုက်တွန်း

ရန်ကုန် (မဇ္ဈိမ) ။        ။ လက်ရှိ ပြောင်းလဲနေသည့် အခြေအနေများ နောက်သို့ လိုက်ပါမှသာ ဖွံဖြိုးတိုးတက်မှုအတွက်မောင်းနှင်အား ဖြစ်နိုင်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် က ပြောဆိုလိုက်သည်။

ဆီးရီးယား ဒုက္ခသည် အရေအတွက်တိုး


အိမ်နိးချင်းနိုင်ငံဆီသို့ ခိုလှုံရန် စောင့်နေကြသည့်
 ဆီးရီးယား စစ်ပြေးဒုက္ခသည်များ။
ဆီးရီးယား နိုင်ငံက ပဋိပက္ခတွေကနေ အိမ်နီးချင်း ဂျော်ဒန်နိုင်ငံကို ထွက်ပြေးကြတဲ့ ဒုက္ခသည် အရေအတွက်ဟာ မကြာသေးခင်ရက်တွေ အတွင်း နှစ်ဆတိုးလာတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကပြောပါတယ်။

မုန်တိုင်းကြောင့် တောင်ကိုရီးယားမှာ လူ ၈ ဦးသေ

တိုင်ဖွန်းမုန်တိုင်းကြောင့် ကျောက်ဆောင်နဲ့တိုက်မိခဲ့တဲ့ တရုတ်ငါးဖမ်းသဘောင်္ကို တောင်ကိုရီးယား ကမ်းခြေစောင့်တပ်က ကယ်ဖို့ကြိုးစားစဉ်။
 
အင်အားပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်းတခုဟာ မိုးသက်လေပြင်း တိုက်ခတ်မှုတွေနဲ့အတူ တောင်နဲ့မြောက် ကိုရီးယား နိုင်ငံတွေကို ၀င်ရောက်လာရာက အနည်းဆုံး လူ ၈ ဦး သေဆုံးခဲ့ရသလို လူတွေထောင်နဲ့ချီပြီး လျှပ်စစ်မီးတွေ ပြတ်တောက်ကုန်ကြပါတယ်။

သီလ၀ါ အထူးစီးပွားရေးဇုန် ဂျပန်ကုမ္ပဏီနှင့် ပူးတွဲတည်ဆောက်မည်

မြန်မာနိုင်ငံရဲ့ စီးပွားရေး စီမံကိန်းတွေမှာ ပါဝင် ရင်းနှီး မြှုပ်နှံနိုင်ဖို့အတွက် ဧကပေါင်း ခြောက်သောင်းနီးပါး ကျယ်ဝန်းတဲ့ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကို ဂျပန်ကုမ္ပဏီ လုပ်ငန်းစုတစ်ခုနဲ့ ပူးတွဲတည်ဆောက် ဖို့ မြန်မာအစိုးရက သဘောတူ လက်မှတ်ရေးထိုး လိုက်ပါတယ်။

သမ္မတဦးသိန်းစိန်၏ ၀န်ကြီး အပြောင်းအလဲ KNUအကောင်းမြင်

မြန်မာအစိုးရ သမ္မတဦးသိန်းစိန်သည် ယမန်နေ့က ပြည်ထောင်စု ၀န်ကြီး ၉ဦးအား ပြောင်းလဲတာဝန်ပေးခြင်းb အပေါ် အကောင်ြး မင် ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ယနေ့ ပြောကြား လိုက်သည်။

တတိယအကြိမ် အပစ်ခတ်ရပ် ဆိုင်းရေး ဆွေးနွေးမည့်ရက် ပြန်လည် သတ်မှတ်ဟု KNUသတင်းထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာ အစိုးရတို့ နှစ်ဦးနှစ် ဘက် ပြန်လည်ညှိနှိုင်းပြီး တတိယအကြိမ်မြောက် တွေ့ဆုံဆွေးနွေး မည့်ရက်ကို ပြန်လည်သတ်မှတ် အတည်ပြုလိုက်ပြီဖြစ်ကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

မရိုးမဖြောင့်သော ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အရာရှိနှင့် အောက်ခြေဝန်ထမ်း ၈၂ ဦးတို့အား အရေးယူခဲ့ဟု ထုတ်ပြန်

မရိုးမဖြောင့်သောနည်းဖြင့် တာဝန်ထမ်းဆောင်ကာ ၀န်ထမ်းစည်းကမ်း ဖောက်ဖျက်ကျူးလွန်ခဲ့သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှအရာရှိ (ဌာနမှူးအဆင့်မှ ဌာနစုမှူး အဆင့်အတွင်း)နှ င့် အောက်ခြေ၀န်ထမ်း စုစုပေါင်း ၈၂ ဦးတို့အား အရေးယူမှု ပြုလုပ်ခဲ့သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

မြန်မာဝန်ကြီးအပြောင်းအလဲအပေါ် တုံ့ပြန်မှု

မြန်မာအစိုးရအဖွဲ့တွင်း ၀န်ကြီးအပြောင်းအလဲတွေ ဆက်တိုက်လုပ် လာတဲ့အပေါ် အများစုက အကောင်းမြင်ကြပါတယ်။