Sunday, August 5, 2012

ဟုတ်မဟုတ်တော့မသိပါ

KIA မှ ရွာသား (၃) ဦးအား ဒညင်းသီးခိုးသည်ဟုဆိုကာ ဖမ်းဆီး

မိုကောင်းမြို့နယ် ခေါက်ဆန်ကျေးရွာအနီး ဒညင်းသီးဆွတ်ခူးနေသော ရွာသား (၃) ဦးကို ဒညင်းသီး ခိုးသည်ဟု ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူရွာသား (၃)ဦး ထိုးဖူး ကျေးရွနေ ဦးကျော်ဝေ ၊ ဦအောင်စိုးဝင်း နဲ့ ရွှေအင်းကျေးရွာနေ ဦးသက်ဖူး တို့ဖြစ်ပါတယ်။

ဦးကျော်ဝေနှင့် ဦးအောင်စိုးဝင်း တို့မှာ (၂) ဦးပေါင်း၍ ငွေ (၂၀၀၀၀၀) ကျပ်နှင့် ဦးသက်ဖူးမှ ငွေ (၁၅၀၀၀၀) ကျပ်တို့ကို ပေးဆောင်ခဲ့တဲ့အတွက် ပြည်လည်စေလွှတ်ပေးခဲ့ပြီး သြဂုတ်လ (၁) ရက်နေ့က ၄င်းတို့နေအိမ် အသီးသီးသို့ ပြန်လည် ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒုသမ္မတအဖြစ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်း အရွေးခံရသတင်း ထွက်ပေါ်



လစ်လပ်နေတဲ့ ဒုတိယ သမ္မတ နေရာအတွက် တပ်မတော် (ရေ) ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို ရွေးချယ်လိုက်ပြီလို့ နေပြည်တော် အသိုင်းအဝန်းနဲ့ ရန်ကုန်မီဒီယာလောကမှာ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဦးတင်အောင်မြင့်ဦး ဒုတိယ သမ္မတ (၁) နေရာကနေ နှုတ်ထွက်သွားပြီး နောက်ပိုင်း သူ့နေရာကို အစားထိုးဖို့ ရန်ကုန် တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေကို တပ်မတော် ကိုယ်စားလှယ်တွေ အဆိုပြုခဲ့ တယ်ဆိုတဲ့ သတင်းတွေ စောစောပိုင်းက ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အချက်အလက်တွေနဲ့ မကိုက်ညီတဲ့ အတွက် ဦးမြင့်ဆွေ အနေနဲ့ ဒုတိယ သမ္မတ ဖြစ်လာ နိုင်ဖွယ်ရာ မရှိဘူးဆိုတဲ့ သတင်းတွေထပ်မံ ကြားသိခဲ့ရ ပါတယ်။
အဲဒီနောက်ပိုင်းမှာ တပ်မတော် ကိုယ်စားလှယ် အစုအဖွဲ့က ဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းကို အခုလို အဆို တင်သွင်းလာကြတာ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။ အခုထွက်ပေါ်လာတဲ့ သတင်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အာဏာပိုင်တွေက တစုံတရာ တရားဝင် ထုတ်ဖေါ် ပြောဆိုခြင်း မရှိသေးပါဘူး။

ပြောတာလဲမင်းပါဘဲ

 


၈၈ မျိုးဆက် ကျောင်းသားများနှင့် ကျောက်ဖြူ လူထု တွေ့ဆုံပွဲတွင် လူထု ချစ်ခင် ယုံကြည်မူက အာဏာထက် ပိုတန်ဖိုးရှိကြောင်း ကိုကိုကြီးမှ ပြောကြား

သြဂတ်စ် (၄) ရက်နေ့ ရန်ကုန် မပြန်မီ ကျောက်ဖြူမြို့တွင် ပြုလုပ်သော ၈၈ မျိုးဆက် ကျောင်းသားများနှင့် ရခိုင်လူထုတို့ တွေ့ဆုံပွဲ၌ ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးမှ လူထု ချစ်ခင် ယုံကြည် လေးစားမူမှာ အာဏာထက် တန်းဖိုးရှိကြောင်း ပြောဆိုသွားခဲ့သည်။ သြဂတ်စ် ၄ ရက်နေ့ နံနက် ၇ နာရီခွဲချိန်မှ စတင်ပြီး ၁၁ နာရီ ခွဲထိ ကျောက်ဖြူမြို့ ပရဟိတ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သော ၎င်း ဆွေးနွေးပွဲသို့ ကျောက်ဖြူမြို့မှ နိုင်ငံရေး သမားများ အပါအ၀င် လူပေါင်း ၂၀၀ နီးပါးခန့် တက်ရောက်ခဲ့သည်။
ကိုကိုကြီးမှ နောက်ဆုံး အပိတ် မိန်းခွန်း ပြောကြားရာတွင် တက်ရောက်လာသူများအား လူထု ယုံကြည်မူ တည်ဆောက် ရန် လိုအပ်ကြောင်း ယခုကဲ့သို့ ပြောဆိုသည်။ “ လူထု ယုံကြည်မူ ရအောင်သာ ကျွန်တော်တို့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေး ဦးဆောင်တဲ့ သူတွေက ဒီ တက်ကြွတဲ့ လူငယ်တွေက အစ လူထု ယုံကြည်မူ ရအောင် ကြိုးစားပါ။ အဲဒါ အာဏာထက် ပိုပြီး တန်ဖိုးရှိတယ်။ ပိုပြီးတော့ ထက်မြက်ပါတယ်” ဟု ပြောသည်။ လူထု ချစ်ခင် ယုံကြည်မူ ရရှိအောင် လုပ်ဆောင်ရန် လိုအပ်ချက်များကို သူက ယခုလို ထောက်ပြ ပြောဆိုသည်ဟု ဆိုသည်။
“ အဓိကတော့ ဒီထက် ပိုပြီး အလုပ် လုပ်ကြဖို့။ လူထုရဲ့ ယုံကြည် ကိုးစားမူရအောင် ဆောင်ရွက်နိုင်ဖို့။ ဒါ အခုနက ကျနော်တို့ မြို့တိုင်း မြို့တိုင်းမှာ တက်ကြွ လူပ်ရှားတဲ့ သူတွေ အားလုံကိုလည်း ထပ်ပြီး တိုက်တွန်းပါရစေ။ အကြံပြု ပါရစေ။ ကျွန်တော်တို့မှာ ဘာအာဏာမှ မရှိပေမယ့် လို့ ရောက်တဲ့ နေရာတိုင်းမှာ ကျနော်တို့ ကိုယ်အိမ်ကို ပြန်ရောက် သလို မျိုး သောင်းသောင်းဖြဖြ သိုက်သိုက်ဝန်းဝန်း ကြိုဆိုကြတာကို မြင်ပီးတော့ တစ်ခါ တစ်ခါ ဆိုရင် ကျနော်ကိုယ်တိုင် မျက်ရည်လည်တယ်။ ပီတိ ဖြစ်တယ်။ အဲဒါ အာဏာထက် ပိုပြီး တန်ခိုးရှိပါတယ်။ အဲသလို အခြေအနေမျိုးကို လူတိုင်း လုပ်နိုင်ပါတယ်။ ကျွန်တော်တို့တွင် မဟုတ်ဘူး။ လူတိုင်း လုပ်နိုင်ပါတယ်။ ကျောက်ဖြူမှာ ကျောက်ဖြူလူငယ်တွေ၊ ရမ်းဗြဲမှာ ရမ်းးဗြဲက လူငယ် ခေါင်းဆောင်တွေ အဲသလို အခြေအနေမျိုးကို ကိုယ်ဟာကို လုပ်ယူလို့ရပါတယ်။ အဲဒါ အာဏာဆိုတာထက် တန်ဖိုးရှိပါတယ်။ လူထု ချစ်ခင်မူ လေးစားမူ ယုံကြည်မူကို အားလုံး တည်ဆောက်လို့ ရပါတယ်” ဟု ဆိုသည်။
၎င်းပြင် ကိုကိုကြီးမှ ရခိုင်ပြည်နယ်တွင် ရခိုင်အမျိုးသားများ အကြားတွင် ညီညွတ်ရေး ရရှိရန် လိုအပ်ကြောင်း၊ ပြည်ထောင်စု မြန်မာနိုင်ငံတွင်လည်း တိုင်းရင်းသားများ ကြားထဲတွင် ညီညွှတ်ရေး လိုကြောင်း၊ သို့မှသာ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကို ပူးပေါင်း ကျော်လွှားနိုင်သည့် အခြေအနေ တစ်ခု ဖြစ်လာနိုင်မည် ဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။ နောက်ပိုင်းတွင် ဦးကိုကိုကြီးမှ နိုင်ငံသားများ သက်ဆိုင်သော ကိစ္စကို ယခုလို ရှင်းလင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
“ ဖွဲ့စည်း အခြေခံ ဥပဒေအရ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတာ အခု ဖွဲ့စည်းပုံ အခြေခံ အခု ဥပဒေနဲ့ ပြောတာ မဟုတ်ဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ တိုင်းရဲ့ စံနုန်း တွေအရ နိုင်ငံသား အားလုံးဟာ တန်းတူ အခွင့်အရေး နိုင်ငံတော် ရဲ့ အကာအကွယ်ကို တန်းတူ ရယူပိုင်ခွင့်ရှိပါတယ်။ အဲဒါဟာ ဥပဒေအရ လက်ခံ ရမယ့် ကိစ္စ တစ်ခု ဖြစ်ပါတယ်။ အဲဒီ တော့ နိုင်ငံသားရယ်လို့ ဖြစ်လာပြီဆိုရင် နိုင်ငံသား အဖြစ် မှန်မှန်ကန်ကန် ရခဲ့တားလား။ မသမာနည်းတွေနဲ့ ရခဲ့တာ လား။ ဒါက တပိုင်းပါ။ သို့သော် အစဉ်အလာနိုငံသား အဖြစ် ရရှိထား ပုဂ္ဂိုလ် အားလုံးဟာ ဥပဒေအရ တန်းတူ ညီတူ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ နိုင်ငံသားတွေကြားထဲမှာ ခွဲခြားပြီးတော့ ဥပဒေ ပြဌာန်းတာ၊ ဆက်ဆံ တာမျိုးဟာ တည်ဆဲ ဥပဒေ အရ ရော၊ နိုင်ငံတကာလူအခွင့်အရေး စံချိန် စံညွှန်းအရ ရော အလေးအနက် ထားရမယ့် ကိစ္စ ဖြစ်တယ်” လို့ ပြောဆိုသွား သည်။ နယ်စပ် လုံခြုံရေးနှင့် ပတ်သက်ပြီးလည်း မြန်မာ နယ်စပ် အခြေအနေများကို အန္ဒိယ၊ အမေရိကန်တို့နှင့် နိုင်းယှဉ် ပြောကြားသွားသည်ဟု သိရသည်။ ၎င်းပြင် ဆရာတော် ဦးဥတ္တမကိုလည်း ဦးကိုကိုကြီးမှ ဂုဏ်ပြု ပြောကြား သွားကြောင်း သိရသည်။
၈၈ မျိုးဆက် ကျောင်းသားများနှင့် ကျောက်ဖြူ လုထု တွေ့ဆုံပွဲသို့ ဆရာတော်များ၊ နိုင်ငံရေး သမားများ၊ ကျောင်းသား လူငယ်များ တက်ရောက်ခဲ့ကြပြီး မောင်တော ဆရာတော်၊ ကျောက်ဖြူမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးတင်ဖေ၊ လူငယ် ခေါင်းဆောင် ကိုဗလတို့မှလည်း ပါဝင် တက်ရောက် ဆွေးနွေး ခဲ့ကြသည်ဟု ဆိုသည်။
ဦးကိုကိုကြီး ဦးဆောင်သော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များသည် ရမ်းဗြဲ၊ မသီတာထွေး မိသားစု ရှိရာ ကျောက်နီမော် (သပြေချောင်း)၊ ကျောက်ဖြူမြို့နယ် မဒေးကျွန်းသို့ သွားရောက်ခဲ့ကြသည်။
သြဂတ်စ် ၄ ရက်နေ့ နေ့လည်ပိုင်းတွင် ဦးကိုကိုကြီးနှင့် အဖွဲ့သည် ကျောက်ဖြူမှ ရန်ကုန်သို့အဲယား မန္တလေးဖြင့် ပြန်လည် ထွက်ခွာသွားသည်ဟု သိရသည်။

ခြောက်တိုင်းကြောက်လျှင် မြန်မာပြည်ကုလားပြည်ဖြစ်တာကြာပြီ

ရခိုင်ပဋိပက္ခ သီးခြားလွတ်လပ်စွာ စုံစမ်းရေး ကင်တားနားတောင်းဆို

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး သီးခြားလွတ်လပ်တဲ့ အဖွဲ့ကနေ စုံစမ်းစစ်ဆေး ပေးနိုင်ရေး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ်အိုဟေးကင်တားနား (Tomas Ojea Qintana) က တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေ အရပ်ရပ်ကို အကဲခတ် ဆန်းစစ်ဖို့အတွက် မြန်မာနိုင်ငံကို တပတ်ကြာခရီး ရောက်ရှိနေချိန်မှာ မစ္စတာ ကင်တားနားက အခုလို ပန်ကြားလိုက်တာပါ။ ဒီအကြောင်းကို ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေး ဆူပူမှုတွေ တည်ငြိမ်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့တွေက အဆမတန် အင်အားသုံးခဲ့တာတွေ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စိုးရိမ်တဲ့အကြောင်း မစ္စတာ ကင်တားနားက သူ့ရဲ့ ၆ ရက်ကြာ ခရီးစဉ် အဆုံးသတ်တဲ့နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးတာတွေ ချက်ချင်း မလုပ်နိုင်ဘူးဆိုရင် အမှန်အတိုင်း မဟုတ်ဘဲ တဘက်နဲ့တဘက် ချဲ့ကား စွပ်စွဲပြောဆိုတာတွေ ရှိနေတာကြောင့် ပြန်လည် သင့်မြတ်ရေးအတွက် အလားအလာ မကောင်းဘဲ ယုံကြည်မှု ကင်းမဲ့နိုင်သလို တင်းမာမှုတွေလည်း တိုးလာနိုင်တယ်လို့ မစ္စတာ ကင်တားနားက ပြောသွားပါတယ်။

“လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲချက်တွေကို သီးခြား လွတ်လပ်ပြီး ယုံကြည်စိတ်ချရတဲ့ အဖွဲ့ ဖွဲ့ပြီး အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ တခြား အဖွဲ့အစည်းတွေက တောင်းဆိုနေသလိုပဲ ကျနော်ကလည်း တောင်းဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော့်အနေနဲ့ အထောက်အကူ ပေးနိုင်ပါတယ်။”

မစ္စတာ ကင်တားနား ဟာ ဒီခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ်အရေးတင်မကဘဲ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးကိုလည်း တိုက်တွန်းခဲ့သလို မြန်မာနိုင်ငံ အနေနဲ့ ပြုပြင် ပြောင်းလဲရေးတွေ ရှေ့ရှုတဲ့နေရာမှာ လူ့အခွင့်အရေး တိုးတက်ဖို့က အခရာကျတဲ့အကြောင်းကိုလည်း ပြောသွားပါတယ်။

“မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး စိန်ခေါ်နေတဲ့ ပြဿနာတွေ ဆက်ပြီး ရှိနေသေးပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ဖို့ လိုတယ် ဆိုတာကို ရခိုင်ပြည်နယ်က ပြဿနာတွေက သရုပ်ဖော် ပြသလိုက်တာပဲ ဖြစ်ပါတယ်။”

မစ္စတာ ကင်တားနားက ရခိုင်ပြည်နယ်တွင်း ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ၊ ရေနဲ့ မိလ္လာ တကိုယ်ရေ သန့်ရှင်းရေး စတာတွေအပေါ်မှာလည်း စိုးရိမ်တဲ့အကြောင်း အခုလို ပြောဆိုသွားပါတယ်။

“အကြမ်းဖက်မှုတွေကြောင့် အိုးအိမ် ဆုံးရှုံးရသူတွေနဲ့ အခြေအနေမဲ့ရသူတွေရဲ့ ဒုက္ခတွေကို ကျနော် ကိုယ်တိုင် တွေ့ခဲ့ရပါတယ်။ ဒုက္ခရောက်နေကြရတဲ့ နှစ်ဘက်စလုံးက လူထုကို စာနာကြောင်း အလေးအနက် ပြောကြားလိုပါတယ်။”

မြန်မာ့အိမ်နီးချင်း နိုင်ငံတွေ အနေနဲ့ ဒုက္ခသည်တွေကို လစ်လျူရှုမထားဖို့လည်း အခုလို ပန်ကြားပါတယ်။

“နိုင်ငံတကာ ဥပဒေအရ မိမိရဲ့ နိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ ကိုယ့်ရဲ့ ပိုင်နက်ထဲမှာရှိတဲ့သူ အားလုံးရဲ့ အခွင့်အရေးကို အကာအကွယ်ပေးဖို့ ၀တ္တရား ရှိတယ်ဆိုတာကို မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေတင်မကဘဲ ဒေသတွင်း နိုင်ငံတွေကပါ အသိအမှတ်ပြု လိုက်နာကြဖို့ ကျနော် တိုက်တွန်းပါတယ်။”

မစ္စတာ ကင်တားနားဟာ ဒီခရီးစဉ်အတွင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် အစိုးရ၀န်ကြီးအဖွဲ့ရဲ့ ရခိုင်ပြည်နယ်အရေး သတင်းစာရှင်းလင်းပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေကိုလည်း တွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေးနဲ့ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေ အရပ်ရပ်ကို ဆွေးနွေးခဲ့ပါသေးတယ်။

မစ္စတာ ကင်တားနားဟာ သောကြာနေ့က နေပြည်တော်ကို သွားရောက်ပြီး အစိုးရ ၀န်ကြီးတွေ၊ လွှတ်တော် ရေးရာ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး မနေ့က စနေနေ့ကတော့ ရန်ကုန်က မထွက်ခွာခင်မှာ နိုင်ငံတကာ လေဆိပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။ မစ္စတာ ကင်တားနား အနေနဲ့ ဒီခရီးစဉ်အတွင်း မြန်မာ့လူ့အခွင့်အရေး အခြေအနေ အရပ်ရပ်အပေါ် အကဲခတ် စမ်းစစ်ချက်တွေနဲ့ ပတ်သက်ပြီး ရှေ့လမှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တင်သွင်းဖို့ ရှိပါတယ်။


 ဒေါ်ခင်စိုးဝင်း (ဗွီအိုအေ)

အီဂျစ် နိုင်ငံရှိ မြန်မာ သံရုံး မှ လွင့်ထူထားသော မြန်မာနိုင်ငံတော်အလံကို အစ္စလာမ်အစွမ်းရောက်များမှ တတ်ရောက်ဖြုတ်ယူပြီး မီးရှို့









FEC ကို တစ်နှစ်အတွင်းရုတ်သိမ်းမည်


FEC ကို တစ်နှစ်အတွင်း (သို့မဟုတ်) ယခုနှစ်အတွင်း ရုတ်သိမ်းနိုင်သောအခြေအနေရှိ သည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ၁-၈-၂၀၁၂ရက်နေ့တွင် ကျင်းပသော ဘဏ္ဍာအခွန်ဝန်ကြီးနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် တရားဝင်ပြောကြားခဲ့ပါတယ်။

FEC အသုံးဟာ လက်ရှိအနေဖြင့် အစိုးရဘီလ်တချို့ပေးဆောင်ရခြင်းနှင့် MFTB, MICB ဘဏ်များတွင် နိုင်ငံခြားအဖွဲ့အစည်းများမှ လွှဲပို့ငွေကို ပြန်ထုတ်ပေးခြင်းမျိုးတွင်သာအသုံးပြုပါတော့တယ်။ ဒီအတွက် FEC ရုတ်သိမ်းခြင်းဟာ ဈေးကွက်အပေါ် သက်ရောက်မှု အင်မတန်နည်းပါးတယ်လို့ သုံးသပ်မိပါတယ်။

မကြာမီမှာ Foreign Exchange Law အသစ်လည်း ထုတ်ပြန်တော့မယ်လို့ ၄င်းနေ့က ဘဏ္ဍာအခွန်မှ တရားဝင်ကြေငြာပါတယ်။ ၄င်းဥပဒေအသစ်ကို လွှတ်တော်သို့တင်ပြခဲ့ပြီး လွှတ်တော်မှ အတည်ပြုချက်ရပြီလို့လည်း သိရပါတယ်။

၎င်းဥပဒေအသစ်ကြောင့် FEC ကို ရုတ်သိမ်းမည်ဆိုလျှင် အခက်အခဲမရှိ ရုတ်သိမ်းနိုင်မည်ဖြစ်သလို၊ ပြည်တွင်းဈေးကွက်အတွက်လည်း သက်ရောက်မှုအနည်းဆုံးဖြင့် ရုတ်သိမ်းနိုင်မည်ဟု မျှော်လင့်ပါတယ်။

FEC လက်ဝယ်ကိုင်ထားသူများအနေဖြင့် အမေရိကန်ဒေါ်လာနှင့် တန်ဖိုးညီသော ပြန်လည်ပေးလျော်မှုကို ရရှိကြမှာဖြစ်ပါတယ်။

AGD Bank Facebook Page မှ

 Yangon Media Group

KIA နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ နိုင်ငံရေးတွေ့ ဆုံဆွေး နွေးမှုစတင်လုပ်ဆောင် သွား မည် ဟု ဦးအောင်မင်း ပြောကြား


KIA နှင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဒုတိယ အဆင့်ဖြစ်သည့် နိုင်ငံရေး ဆွေးနွေးရေးလမ်း စဉ်ဖြင့် မကြာမီ ဆွေးနွေး သွားမည်ဖြစ်ကြောင်းပြည်ထောင် စု အဆင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့အတွင်း ရေးမှူး ဦးအောင်မင်း က ရန်ကုန်တိုင်းမ်ဂျာနယ် ၏မေး မြန်းမှု တွင်ဖြေကြားခဲ့သည်။

“political dialoge ကအခုလည်းတက်နေတာပဲ။ ကျန်တဲ့အဖွဲ့တွေနဲ့ လည်း ဆွေးနွေး နေတာပဲ။ သူတို့အဖွဲ့က seat fire မလုပ်ပဲဆွေးနွေးမယ် ဆိုလည်း ဆွေးနွေးလို့ရတာပဲ။ political dialoge ဆိုလည်း ကျွန်တော်တို့သဘော တူပါတယ်'' ဟု ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဖော်ဆောင် မှုအဖွဲ့အတွင်းရေး မှူး ဦးအောင်မင်း ကဆိုသည်။

ထိုသို့ပြောကြားခြင်း မှာ ဩဂုတ်(၁)ရက်နေ့တွင် စက်မှု ဝန် ကြီးဌာနတွင်ပြုလုပ်သည့် မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှု ကော်မရှင်အစည်းအဝေး အပြီးတွင် မီဒီယာများ ကငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ နှင့် ပက်သက်၍ မေးမြန်းကြရာတွင် အထက်ပါအတိုင်းဖြေကြားခဲ့ခြင်း ဖြစ်သည်။

KIA အဖွဲ့ကအစိုးရ နှင့်ငြိမ်းချမ်းရေးဆွေးနွေးရေးလမ်း စဉ်တွင်ပထမအဆင့်ဖြစ်သောအ ပစ်အခတ်ရပ်စဲရေး သဘောတူညီ မှုကို မစတင်မီဒုတိယ အဆင့်ဖြစ် သောနိုင်ငံရေး ဆွေးနွေးမှုကိုပြုလုပ် လိုသည်ဟု တောင်းဆိုသဖြင့် ပြည် ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော် ဆောင်မှုအဖွဲ့က နေရာညှို နှိုင်းမှုပြီး စီးပါကမကြာမီနိုင်ငံရေးဆွေးနွေးမှု ကိုစတင်ဆောင်ရွက်သွားမည် ဖြစ် ကြောင်းသိရသည်။

''ကေအိုင်အေနဲ့စကား ပြောထားတယ်။သူတို့ကို မူဆယ် မှာလာဆွေးနွေးပါလို့ပြောထားတယ်။ သူတို့က မူဆယ် မဟုတ်ဘူးရွှေလီ လို့ပြောတယ်။အခုသွားမှာ ဝန်ကြီးတွေ၊ ဗိုလ်ချုပ်ကြီး စိုးဝင်း တို့ပါတော့ သူများနိုင်ငံမှာ ဆွေးနွေးတာမကောင်းဘူးလေ။ မူဆယ်ဘက်မှာ လာဖို့ တော့ပြောထား တယ်။ ဒီတစ်ခါတော့ တပ်တွေနေရာချမှာ တပ်တွေနေ ရာချပြီးရင်ငြိမ်းချမ်းပြီပေါ့။သူတို့ ဘက်က နေရာရပြီးရင် နေရာအတည်ပြုပြီး တာနဲ့သွားကြမယ်''ဟု ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှု အဖွဲ့အတွင်း ရေးမှူး ဦးအောင်မင်း ကဆိုသည်။

စစ်အားစစ်ဘက်၊တပ် ဘက်အပါအဝင် KIO အဖွဲ့ ဘက်ကလည်း လိုချင်မည်မဟုတ်သကဲ့သို့ ကမ္ဘာက လည်းကြိုက်မည် မဟုတ်ကြောင်း၊ခေတ်ကလည်း လက်မခံ တော့သည့်အတွက်ငြိမ်းငြိမ်းချမ်း ချမ်းနှင့်ပူးပေါင်းဆောင်ရွက်ရန်သာ ရှိကြောင်း၊ခေတ်က လက်မခံတော့ သောစစ်အား ဆက်လက် ဆုပ်ကိုင် ထားသူသည် မိုက်မဲသူဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည်ဒီမိုကရေစီစနစ် ကိုကျင့်သုံး နေပြီဖြစ် ကြောင်း ဦးအောင်မင်း ကပြော ကြားသည်။
စည်းလုံးညီညွှတ်ရေး နှင့် ဒီမိုကရေစီပါတီ(ကချင်ပြည်နယ်) မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ''အပစ်အခတ်ရပ်ဆဲပြီး နိုင်ငံရေးဆွေးနွေးတာက ပြည်သူ တွေ အတွက်ပို ကောင်း ပါတယ်။အခုလို နိုင်ငံရေး ကိုအရင်ဆွေးနွေး မယ်ဆိုလည်းကောင်းပါတယ်။ဘာဟာပဲ စစ စဖို့က အရေးကြီး ပါတယ်။ အပစ်အခတ်ရပ်စဲရေး ကတော့တပ်မတော်က လုပ်ရမယ့်အပိုင်းပါ။ အစိုးရ နဲ့လွှတ်တော်က နိုင်ငံရေးဆွေးနွေးရေး ကိုဆောင်ရွက်ရမှာဖြစ်တာကြောင့် အပစ်အခတ်တွေရပ်စဲ သွားရင် တော့ ပိုကောင်းတာပေါ့'' ဟုဆိုသည်။

တိုင်းရင်းသားလက် နက်ကိုင်များ နှင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ပထမအဆင့် အနေဖြင့် အပစ်အခတ်ရပ်စဲရေး၊ ဒုတိယအနေဖြင့် နိုင်ငံရေးဆွေးနွေးရေး နှင့်တတိယဆင့်အနေဖြင့် အားလုံး ပါဝင်သောညီလာခံ ကျင်းပရေးတို့ကို အဆင့်ဆင့်ဆောင် ရွက်သွားမည်ဖြစ်ကာတိုင်းရင်းသား လက်နက်ကိုင်ဖွဲ့ (၁၀) ဖွဲ့နှင့်အပစ်အခတ်ရပ်စဲရေး ကိုသဘော တူညီခဲ့ပြီး နိုင်ငံရေးဆွေး နွေးမှုကိုသွား နေပြီဖြစ် ကြောင်း၊KIAအဖွဲ့နှင့်အပစ်အခတ်ရပ်စဲရေး ကို ခေတ္တချန်ထားပြီး နိုင်ငံရေး တွေ့ဆုံမှုကို ဦးဆုံး ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ဝေမာသိမ့် - Yangon Media Group

ကြည်ညိုဖွယ်ရာ ကျိုက်ထီးရိုးစေတီတော်

ဖူးမျော်ကြသူတိုင်း စိတ်နှလုံးချမ်းမြေ့စေမည့် ကျိုက်ထီးရိုးစေတီတော်မြတ်၏ ညနေချမ်းအချိန်ရိုက်ကူးထားသော ပုံတော်အား မျှဝေပါသည်။

ဒါတွေက ပြည်သူကြည်ဖြူဖို့လား

နေပြည်တော် ပျဉ်းမနားမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်များရှိ ကျေးရွာများ၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေဝင်ရောက်မှု တပ်မတော်မှ ပါဝင်ကူညီကယ်ဆယ်ပေးလျက်ရှိကြောင်းသိရှိရသည်

ဇူလိုင် ၂၈ ရက် နေ့လယ်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေပြည်တော် ပျဉ်းမနားမြို့နယ် ကူးတို့ ဆိပ်အုပ်စုရှိ ကြို့ပင်တန်းကျေးရွာ၊ သာယာစုကျေးရွာနှင့် အင်းသာကျေးရွာ တို့တွင် ရေအနက် သုံးပေခန့် ဝင်ရောက် မှုများ ဖြစ်ပေါ်ခဲ့သည်။

မြန်မာပြည်ကို ကုလားဇတ်သွင်းနေကြသူများ

၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့် ဥပဒေအား ပြန်လည်သုံးသပ်ရန် ကွင်တားနား တိုက်တွန်း''

မြန်မာနိုင်ငံအနေဖြင့် ရိုဟင်ဂျာများ၏ နိုင်ငံသားဖြစ်ခွင့်အား ငြင်းပယ်ခြင်းအပါအ၀င် ခွဲခြားဆက်ဆံမှုများရှိနေသော ၁၉၈၂ ခုနှစ်
နိုင်ငံသားဖြစ်ခွင့် ဥပဒေအား ပြန်လည်သုံးသပ်ရန် ကုလ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကွင်တားနားက တိုက်တွန်းပြောဆိုလိုက်သည်။
၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့သွားရောက်ပြီး ဒေသခံရခိုင်တိုင်းရင်းသားများနှင့်ဘင်္ဂါလီလူမျိုးများကို သွားရောက်တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့ပြီး၊
ယနေ့ညနေ ၆ နာရီခွဲတွင် မင်္ဂလာဒုံလေဆိပ်တွင် ပြည်တွင်းပြည်ပသတင်းမီဒီယာများအား ရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကုလ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာကွင်တားနားသည် မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်နှင့်အစိုးရအဖွဲ့၊ ဒေါ်အောင်ဆန်းစုကြည်၊
၈၈ မျိုးဆက်ကျောင်းသားများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့သလို၊ အင်းစိန်အကျဉ်းထောင်နှင့် ကချင်ဒေသသို့လည်း သွားရောက်ခဲ့သည်။

ဓါတ်ပုံတွေက စကားပြောတယ်


ရှေးခတ်မြန်မာ အမျိုးသမီးများ ၀န်စားဆင်ယင်ပုံ

လွတ်လပ်ရေးရပြီးခါစ ၀တ်စားဆင်ယင်ပုံ(အနောက်ဂျာမဏီ လူတွေကို စာင်နေတဲ့ပုံပါ
မင်းသမီး ရွှေစင်

တစ်သိန်းဖုန်း စောင့်မျှော်နေသူ များပြား


- ဆက်သွယ်ရေးဝန်ကြီး ဖုန်းဈေးတွေ ချမပေးရင် ၂၀၁၅ မှာ မဲမရဘဲ ဖြစ်သွားမယ်နော် :)   -

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှ ထပ်မံချထားပေးမည့် တန်ဖိုးနည်းဖုန်းများကို ကျပ်တစ်သိန်းဖြင့် ချထားပေးမည် ဖြစ်သည်ဟု ပြင်ပတွင် သတင်းများ ထွက်ပေါ်နေပြီး ယင်းဖုန်းများ ဝယ်ယူနိုင်ရန် စောင့်မျှော်နေသူ များပြားသည်ဟု ဈေးကွက်အတွင်းရှိ
မိုဘိုင်းအရောင်းဆိုင်များက ပြောသည်။ လက်ရှိဈေးကွက်အတွင်းတွင် ကျပ်နှစ်သိန်းဖြင့် မိုဘိုင်းဖုန်းများကို ချထားပေးပြီး ယင်းဖုန်းများကို ဝယ်ယူသူ ဈေးကွက်အတွင်း အနည်းငယ် ကျဆင်းသွားပြီး တစ်သိန်းတန်ဖုန်း စောင့်မျှော်နေသူ များပြားနေကြောင်း သိရသည်။
“အခုအချိန်မှာတော့ Customer တွေက တစ်သိန်းတန် ဖုန်းဆိုပြီး နာမည်ကြီးနေတဲ့ တန်ဖိုး နည်းဖုန်းကို စောင့်မျှော်နေသူများ ပါတယ်။ နှစ်သိန်းဖုန်း ဝယ်နိုင်တဲ့ အင်အားနည်းသွားတယ် ထင်ပါ တယ်။ ဘယ်တော့လောက် ထွက်မလဲဆိုပြီး လာမေးနေတာတွေလည်း ရှိပါတယ်။ အဲဒါကြောင့် နှစ်သိန်းဖုန်းရောင်းအား ပါးသွားပါတယ်” ဟု ပြောသည်။
အများပြည်သူများ ကြားတွင် ကျပ်တစ်သိန်းဖြင့် မိုဘိုင်းဖုန်းများ ထွက်ရှိမည်ဆိုသော သ တင်းထွက်ပေါ်နေပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အနေဖြင့် လက်ရှိအချိန်တွင်မူ ဈေးနှုန်းလျှော့ချရန် မရှိသေးကြောင်း ထွက်ရှိမည့်အချိန်ကို တရားဝင် ကြေညာသွားမည်ဖြစ် သည်ဟု သိရသည်။ သို့သော်လည်း ပြည်သူများကြားတွင် တစ်သိန်းတန်ဖုန်း ထွက်ရှိမည်ဆိုသော သတင်း ကြောင့် စောင့်ဆိုင်းနေသူ ပိုများသည်ဟု စုံစမ်းသိရှိရသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင် အစရှိသူများ တွေ့ဆုံ



သမ္မတ ဦးသိန်းစိန် ၊ ဓာတ်ပုံ- နိုင်ငံတော် သမ္မတရုံး အင်တာနက်စာမျက်နှာ
ယနေ့ နေ့လယ်ပိုင်းက သမ္မတ ဦးသိန်းစိန်သည် ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင် အစရှိသည့် နိုင်ငံရေး ပါတီခေါင်းဆောင်များနှင့် နေပြည်တော်တွင် တွေ့ဆုံကြပါတယ်။


နိုင်ငံရေးပါတီခေါင်းဆောင်များဖြစ်ကြတဲ့ ဦးခွန်ထွန်းဦး၊ ဦးအေးသာအောင် အစရှိတဲ့ နိုင်ငံရေးပါတီများ က ခေါင်းဆောင်တွေက တဦးချင်းအနေနဲ့ သမ္မတနဲ့ မိတ်ဆက်စကားစပြောပြီး ရင်းရင်းနှီးနှီး နိုင်ငံအကျိုး အတွက် ဆွေးနွေး တင်ပြကြတယ်လို့ သိရပါတယ်။


သမ္မတကလည်း တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို ချက်ချင်းဖြည့်ဆည်းပေးရန် မစွမ်းနိုင်သေးတဲ့ သက်တမ်း တနှစ်ကျော်သာ ရှိသေးတဲ့ အစိုးရဖြစ်ကြောင်း၊ အားလုံး လိုအပ်ချက်တွေ များစွာ ရှိနေတာကို ရှိနေတဲ့ ဓနစွမ်းအားနဲ့ ကြိုးစားလုပ်နေကြောင်း၊ ရေခံ မြေခံ ကောင်း တဲ့ မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေ မှာ မြန်မာဟာ တဦးချင်း အနိမ့်ဆုံး ဖြစ်နေတာကို ကြိုးစားလုပ်နေတာဖြစ်ကြောင်း၊ အားလုံးက အခက်အခဲများ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ ကောင်းစားဖို့ ဆိုတာ အားလုံးက ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်
ကြောင်း၊ ဆွေးနွေးတယ်လို့ နိုင်ငံပိုင် သတင်းရုပ်သံ က ဆိုပါတယ်။

ပြည်တွင်း ငြိမ်းချမ်းရေးရဖို့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေး ပြောဆိုမှုတွေ အဆင်ပြေပြီး အပစ်အခတ် ရပ်စဲရေးတွေ လုပ်နိုင်ခဲ့တာ၊ ကချင် လက်နက်ကိုင်အဖွဲတွေနဲ့ ဆွေးနွေးနေတာ တနှစ်ကျော်ရှိပေမယ့် အခုထိ အဆင်ပြေတဲ့ အခြေအနေကို မရောက်သေးပေ မယ့် အောင်မြင်စွာနဲ့ ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေ ဖြစ်လာ မယ်လို့ ယုံကြည်ကြောင်း၊ အခု လုံးဝ မပြေလည်သေးခင် ကချင်ဒေသမှာ ဒုက္ခရောက်နေသူများ အရေးက အကူအညီတွေ
အရေးတကြီးလိုအပ်နေတာဖြစ်ကြောင်း၊ ဒီလိုအခြေအနေတွေကို အားလုံးကလည်း လက်တွဲ ဆောင် ရွက်ကာဖြေရှင်းသွားကြဖို့ လိုတယ်လို့ သမ္မတက ပွင့်ပွင့်လင်းလင်းပဲ နိုင်ငံရေး ပါတီတွေနဲ့ ဆွေးနွေး ရာမှာ ပြောကြားတာပါ။

ဒီအပြင် စီးပွားရေး ပိတ်ဆို့မှုတွေ ဖယ်ရှားပြီး နိုင်ငံခြား ရင်းနှီးမြှုပ် နှံမှုတွေ အလုံးအရင်းဝင်လာပြီး နိုင်ငံသား တိုင်းကလည်း အားလုံး ၀ိုင်းကြိုးစားကြရင် အောင်မြင်မည်မှာ မလွဲဖြစ်ပါကြောင်း၊ နိုင်ငံတ၀ှမ်းလုံး ငြိမ်းချမ်းရေး ရအောင် အားလုံး သော နိုင်ငံရေးပါတီများနဲ့ အတူ တလှေတည်းစီးဖြစ်တဲ့အတွက် လိုရာခရီးကို ရောက်ဖို့ အားလုံး စည်းလုံး ညီညွတ်စွာ လုပ်ကြရန် တိုက်တွန်းပြီး အခုလို ပါတီများရဲ့ ကိုယ်စားလှယ်တွေက ရင်းနှီးပွင့်လင်းစွာ ပြောဆို ဆွေးနွေး အကြံပြုတဲ့အတွက် ကျေးဇူး တင်ရှိကြောင်း ပြောပါတယ်။

နစက ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်ကြီး ထောင် အနှစ် ၄၀ ချခံရ( ဒါပြီးရင်တော့ လ၀က အလှည့်လား)


မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော မွတ်ဆလင်များ၏ အကြမ်းဖက်တိုက်ခိုက်မူ အပေါ် လက်ပိုက်ကြည့်နေခဲ့သော နယ်စပ်ဒေသ လူဝင်မူ စစ်ဆေးကွပ်ကဲရေး ဌာနချုပ် ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်ကြီးကို ထောင်အနှစ် ၄၀ ချမှတ်လိုက်ကြောင်း ခိုင်လုံသော သတင်းရပ်ကွက် အရ သတင်း ရရှိသည်။

သွေးလန့်တတ်သည်ဆိုသော ယခင် နစကမှူး ဗိုလ်မှူကြီး အောင်ကြီး (ဓါတ်ပုံ- နိရဉ္စရာ)

ယခုအခါ ဗိုလ်မှူးကြီး အောင်ကြီး ကို ထိုသို့ နှစ်ရှည် ထောင်ဒဏ် ချမှတ်လိုက်သဖြင့် ဇနီးဖြစ်သူမှာ အထူး ပူပင်သောက ရောက်နေကြောင်း သိရသည်။

“ ဟုတ်ပါတယ်။ သူ့မိန်းမ ဒေါ်လတ်လတ်သိန်းက ဗိုလ်မှူးကြီး အောင်ကြီးကို ထောင် နှစ် ၄၀ ချလိုက်တယ်လို့ ပြောတာပါ။ အခု ဒေါ်လတ်လတ်သိန်းက အရမ်းပူပင်သောက ရောက်နေပါတယ်။ သူမယောင်္ကျား မွတ်ဆလင် တွေဆီက ပိုက်ဆံ တစ်ပြားမှ မစားခဲ့ဘူးဆိုပြီး ပြောနေပါတယ်” ဟု ဒေါ်လတ်လတ်သိန်းကို ကိုးကားပြီး အမည် မဖေါ်လိုသူ တစ်ဦးက နိရဉ္စရာကို ပြောသည်။

ယခုအခါ ဗိုလ်မှူးကြီး အောင်ကြီး ဇနီးဖြစ်သူ ဒေါ်လတ်လတ်သိန်းမှာ ရန်ကုန်ကို ရောက်ရှိနေကြောင်း သူက ဆိုသည်။

ဗိုလ်မှူးကြီးအောင်ကြီးအား ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနှင့် အဖွဲ့ ဇူလိုင်လ ၇ ရက်နေ့က မောင်တောမြို့ကို လာရောက် လည်ပတ်ပြီး အပြန်တွင် ရာထူးချကာ စစ်တွေသို့ ခေါ်ယူသွားပြီး၊ စစ်တွေမှ တဆင့် နေပြည်တော်သို့ ခေါ်ယူခဲ့ကြောင်း သိရသည်။

“ အခု သူ့ကို ထောင်ချလိုက်တာက နေပြည်တော်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ သူ့ကို စရဖ အဖွဲ့က တော်တော် ပြင်းပြင်းထန်ထန် စစ်ဆေး မေးမြန်းခဲ့တယ်လို့ ပြောပါတယ်” ဟု သူက ဆိုသည်။

ဒေါ်လတ်လတ်သိန်း အပြောအရ ဗိုလ်မှူးကြီးအောင်ကြီးမှာ သွေးကို လန့်တတ်သူ ဖြစ်သဖြင့် ဆန္ဒပြသူ ဘင်္ဂလီမွတ်ဆလင် များအား ပစ်မိန့် မပေးခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်ဟု ဆိုသည်။

“ သူမရဲ့ယောင်္ကျားက သွေးကို အရမ်းကြောက်တယ်လို့ ပြောပါတယ်။ ဆန္ဒပြသူတွေကို ပစ်မိန့်ပေးရင် သွေးတွေကို မြင်ရမယ်။ လူတွေ သေမယ်။ ဒါကြောင့် ပစ်မိန့်မပေးတာလို့ ပြောပါတယ်။ ပိုက်ဆံတွေ ယူပြီး ပစ်မိန့် မပေးတာ မဟုတ်ဘူးလို့ ဒေါ်လတ်လတ်သိန်းက ပြောပါတယ်” ဟု ဆက်ပြောသည်။

မောင်တောမြို့တွင် ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော ဆူပူ အကြမ်းဖက်မူတွင် ဗိုလ်မှူးကြီး အောင်ကြီး သည် လာဒ်ငွေ အမြောက်အများ ယူပြီး အလိုတူ အလိုပါ ပူးပေါင်းကြံစည်ခဲ့သူ အဖြစ် အများ ပြည်သူများက စွပ်စွဲထားကြသည်။

ဆူပူ အကြမ်းဖက်သူ မွတ်ဆလင် လူအုပ်သည် ရခိုင်အမျိုးသားများနေထိုင်သော အိမ်များကို စတင်တိုက်ခိုက်စဉ် ဗိုလ်မှူကြီး အောင်ကြီးမှာ အခြံအရံများဖြင့် ရောက်ရှိလာရာ ဆန္ဒပြ ဆူပူ အကြမ်းဖက်သူများက လက်ခုပ်လက်ဝါးတီးကာ သြဘာပေးခဲ့ကြသည်ဟု အနီးအနားရှိ မျက်မြင်များက ပြောသည်။

၎င်းနောက် သူ့၏ ရှေ့တွင် ပင် အကြမ်းဖက်သူများသည် ရခိုင်အမျိုးသားများ ပိုင်ဆိုင်သော အိမ်များ၊ ဈေးဆိုင်များကို မီးရှို့ပြီး လူများကို သတ်ဖြတ်မူများ ကျူးလွန်ခဲ့ကြသည်ဟု ဆိုသည်။ သို့သော်လည်း ဗိုလ်မှူးကြီး အောင်ကြီးသည် တစ်စုံတစ်ရာ ဟန့်တာခြင်း မရှိဘဲ အနီးအနားရှိ ဆေးရုံထဲသို့ ဆုတ်သွားကာ အဆိုပါ ဆေးရုံဝင်းထဲမှ နေပြီး ဆူပူ အကြမ်းဖက်သူများ၏ ကျူးလွန်နေမူများကို ရပ်ကြည့်နေခဲ့သည်ဟု ဆိုသည်။

ဗိုလ်မှူးကြီးအောင်ကြီးမှ ပစ်မိန့် မပေးသဖြင့် ဆူပူ အကြမ်းဖက်သူများသည် နစက စခန်းအနီးရှိ ကျေးရွာများကို သာမက မောင်တောမြို့ပေါ်ရှိ ရခိုင်အိမ်များ၊ နစက ကင်းစခန်းမျာ ချထားသော ကျေးရွာများကိုပါ တစ်ရွာပြီး တစ်ရွာ ၀င်ရောက် မီးရှို့သွားခဲ့ဟု ဆိုသည်။ သို့အတွက် အိမ်ခြေပေါင်း ၅၀၀ ကျော် မီးရှို့ခံရကာ လူပေါင်း သောင်းချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ကြရသည်။

ဗိုလ်မှူးကြီးအောင်ကြီးအား  ထောင် အနှစ် (၄၀) ချလိုက်သည်ဟု အပြင်တွင် သတင်းများ ထွက်နေသော်လည်း အစိုးရပိုင်းမှ ယခု အချိန်ထိ တစ်စုံတစ်ရာ တရားဝင် ထုတ်ပြန်သေးခြင်း မရှိသေးပါ။

နိရဉ္စရာ သတင်းဌာန