Friday, August 3, 2012

မှော်ဘီမှာ ငွေမလျှံဘဲ ရေလျှံနေတယ်

 
 
ရန်ကုန်မြို့နဲ့ အနီး ပတ်ဝန်းကျင်မှာ သုံးပတ်ကြာ မိုးကြီးခဲ့တာကြောင့် ဖူးကြီး ရေလှောင်ကန် ရေမထိန်း နိုင်တော့တဲ့အတွက် ပြီးခဲ့တဲ့လ ၃၁ ရက်နေ့က ကြိုတင် သတိပေးတာ မလုပ်ဘဲ ရေထိန်းတံခါးတွေ ကို ဖောက်ချခဲ့ပါတယ်။

အဲဒီနောက် မှော်ဘီမြို့က ရပ်ကွက်တွေမှာ အင်္ဂါနေ့က စပြီး ရေလွှမ်းမိုးမှု
ဖြစ်ပွား ခဲ့ပါတယ်။ ရေလွှမ်းမိုးခံရတဲ့ ရပ်ကွက်တွေကတော့ မှော်ဘီမြို့ အမှတ် ၃၊ အမှတ် ၄ နဲ့ ၅ ရပ်ကွက်တွေ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အဲဒီ ရေလွှမ်းခံရတဲ့ ရပ်ကွက်တွေမှာ ၅ ပေကျော်အထိ ရေလွမ်းခဲ့ပြီး၊ တချို့ နေရာတွေမှာ အခုအချိန်အထိ ၂ ပေဝန်းကျင် အထိ ရေလွှမ်းမိုးနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက အရေးပေါ် ကူညီ
ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်တာ မရှိတဲ့အတွက် လူငယ်
သွေးလှူရှင် အဖွဲ့တွေက ရပ်ကွက်တွေမှာ လိုက်လံ အလှူခံပြီး
သောက်သုံးရေနဲ့ အစားအသောက်တွေ လိုက်လံ ဝေငှနေတယ်လို့ သိရပါတယ်။

ဒီမိုကရေစီတည်ဆောက်ရေးကို ထိပါးနှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေ (မောင်ဝံသ၊ ပြောချင်လွန်းလို့)

 




ပညာရှိချင်း ခေါင်းတိုက်မိတယ်ဆိုတဲ့ စကား ကြားဖူးကြမယ်ထင်ပါတယ်။ ဆောင်းပါးရှင်တစ်ယောက်အနေနဲ

့ ကျွန်တော့်မှာ အဲသလို အတွေ့အကြုံ မကြာခဏ ကြုံရတတ်ပါတယ်။ အခြားသူတစ်ယောက်ရေးတဲ့ အကြောင်းအရာနဲ့ ကျွန်တော့်ဘာသာ သင့်မယ်ထင်လို့ ရွေးချယ်ပြီး ရေးလိုက်တဲ့ အကြောင်းအရာ တစ်ချိန်တည်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်နေတာကို ဆိုလိုတာပါ။ အဲဒါကို ပညာရှိချင်း တွေးပုံချင်းတူတယ် great men think alike လို့ ဂုဏ်ယူပြီး ပြောလေ့ရှိတယ်။



ဝင်းထွဋ်ဇော်နဲ့ ကျွန်တော်

ပြီးခဲ့တဲ့ အပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ပင်တိုင် ဆောင်းပါး ရှင်တစ်ယောက် ဖြစ်တဲ့ ဆရာ ၀င်းထွဋ်ဇော်က ``ဒီမိုကရေစီ စီးပွားရေးမှာ ခရိုနီတွေ လိုသေးသလား´´ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးတယ်။ သည်အကြောင်း အရာကို သူရေးထားမှန်းမသိဘဲ ကျွန်တော်ကလည်း ``ခရိုနီများရဲ့ ရှေ့ခရီး´´ဆိုပြီး ဆောင်းပါးရေးလိုက်တယ်။

ပြည်သူ့ခေတ်ဂျာနယ်မှာ ကျွန်တော်က အတိုင်ပင်ခံတာဝန်ကိုပဲ ယူထားပါတယ်။ ဆောင်းပါးတွေကို အယ်ဒီတာအဖွဲ့ကပဲ ရွေးတာ ပယ်တာ လုပ်ပါတယ်။ ကျွန်တော့်ဆီတိုက်ရိုက်ရောက
်လာတဲ့ ဆောင်းပါးတွေကိုတောင် ကျွန်တော်က အယ်ဒီတာအဖွဲ့ထံကိုပဲ မှတ်ချက်ရေးပြီး ပို့ပေးပါတယ်။

ပုံနှိပ်ဖော်ပြမယ့် စာမူတွေကို စာပေစိစစ်ရေးတင်တော့မှ တင်ထားတဲ့ စာမူတွေကို မိတ္တူဆွဲပြီး ကျွန်တော့်ဆီ တစ်စုံပေးပါတယ်။ အဲဒီအခါ ရုံးကို တင်ထားတဲ့ စာမူတွေကို ဖတ်ရင်း ဆရာဝင်းထွဋ်ဇော်ရဲ့ ဆောင်းပါးကို တွေ့ရ တာပါ။ တော်ပါသေးရဲ့၊ ကျွန်တော်တို့ နှစ်ယောက်ဟာ အကြောင်းအရာ ချင်းတူပေမယ့် ချဉ်းကပ်ပုံချင်းမတူဘဲ ကိုယ့်ရှုထောင့်နဲ့ ကိုယ်ရေးမိပေလို့။ သို့ပေမယ့် ခရိုနီပြဿနာအပေါ် ထားရှိတဲ့ သဘောထားချင်းက မကွဲလွဲဘူး။ ကွဲလွဲရင်လည်း ကျွန်တော့်သူငယ်ချင်းက စိတ်ကြီးကြီးနဲ့ဆိုတော့ ကျွန်တော့်ကို ပြစ်တင်ရှုတ်ချလို့ ဆုံးမှာ မဟုတ်ဘူး။ ၀င်းထွဋ်ဇော်နဲ့ ကျွန်တော်က ရန်ကုန်တက္ကသိုလ်မှာ ဘာသာတွဲအတူတူ၊ တစ်တန်းတည်းသား၊ ကျောင်းသား လှုပ်ရှားမှုတွေမှာ ဘက်တစ်ဘက်တည်းရပ်ခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ သူက ပထမ ပြည်သူ့ခေတ်အယ်ဒီတာအဖွဲ့မှာ
 ပါခဲ့သေးတယ်။ နောက်တော့ လွတ်လပ်တဲ့ ဆောင်းပါးရှင်အဖြစ်ပဲ ရေးပေးနေပါတယ်။



အပတ်စဉ်ပါနေအောင်

စာပေစိစစ်ရေးကို ကျွန်တော်တို့ ဂျာနယ်အနေနဲ့ ဗုဒ္ဓဟူးနေ့ တစ်ကြိမ်၊ သောကြာနေ့တစ်ကြိမ်၊ နှစ်ကြိမ် စာမူများ တင်ရပါတယ်။ ကျွန်တော်က ဗုဒ္ဓဟူးနေ့တင်တဲ့အထဲ ပါအောင် ရေးလေ့ရှိတယ်။ ဒါမှ အဲဒီစာမူကို စာပေစိစစ်ရေးက ပယ်လိုက်တယ်ဆိုရင် သောကြာနေ့အမီ နောက်တစ်ပုဒ်ထပ်ရေးပြီး တင်နိုင်မှာ ဖြစ်တယ်။ အဲသလို ၀ီရိယ ကောင်းကောင်းနဲ့ ရေးခဲ့ပေလို့သာ ကျွန်တော့်ဆောင်းပါးတွေ အပတ်စဉ်လို ပါနေတာ ဖြစ်ပါတယ်။

တစ်ခါတလေ အလုပ်တွေ များနေလို့ ဗုဒ္ဓဟူးနေ့ ရုံးတင်ချိန်အမီ ဆောင်းပါး မပေးနိုင်ရင် သောကြာနေ့အမီရေးပြီး ပေးရပါတယ်။ အဲဒီလို အပတ်ဆို ကျွန်တော့်မှာ ရင်တထိတ်ထိတ်နဲ့ စောင့်ရပါတယ်။ သောကြာနေ့ တင်တဲ့စာမူ အပယ်ခံရပြီဆိုရင် အဲဒီအပတ် မောင်ဝံသ ဆောင်းပါး မပါ တော့ဘူးပေါ့။



ဒီမိုကရေစီရဲ့ အန္တရာယ်

ဒီတစ်ပတ်လည်း ကျွန်တော် ဗုဒ္ဓဟူးနေ့အမီ ဆောင်းပါး မရေးနိုင်ခဲ့ဘူး။ သောကြာနေ့ရုံးတင်ဖို့အမီ ရေးဖို့ပဲ ပြင်ဆင်နေပါတယ်။ ကျွန်တော်ပြင်ဆင်နေတာက ဥပဒေပြုတာဝန်ရှိသူတွေ စဉ်းစားနိုင်အောင် အရေးကြီးတဲ့အကြောင်းအရာတစ်ခ
ုကို တင်ပြဖို့ပါပဲ။ အဲဒီအခိုက်မှာ ဗုဒ္ဓဟူးနေ့ စာပေစိစစ်ရေးကို တင်ထားတဲ့ ပြည်သူ့ခေတ်စာမူ ပထမအသုတ် မိတ္တူတွေ ကျွန်တော့်ဆီ ရောက်လာပါတယ်။ ဖတ်ကြည့်လိုက်တော့ ဆရာဗသုန်ရဲ့ ``ဒီမိုကရေစီရဲ့ အန္တရာယ် အစပြုမလာစေဖို့´´ဆောင်းပါးဟာ ကျွန်တော် ယခုအပတ်ရေးမယ့် အကြောင်းအရာနဲ့ တိုက်ဆိုင်နေတာ တွေ့ရပြန်တယ်။ သူက ဒိမိုကရေစီရဲ့ အန္တရာယ်တွေကို ထောက်ပြထားတယ်။ ကျွန်တော်ကလည်း ခုတစ်လော ဒီမိုကရေစီဆန့်ကျင်ရေးသမားတွေ သိသိသာသာ ပိုပြီး အာကျယ်လာကြသလားလို့ စိုးရိမ်ပူပန်စိတ်နဲ့ ``ဒီမိုကရေစီတည်ဆောက်ရေးကို ထိပါးနှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ´´ဆိုတာကို ပြဌာန်းစေလိုကြောင်း ရေးမလို့ ပြင်ဆင်နေတာပါ။



ပုဒ်မ ၁၀(က)နဲ့ (ခ)

ကျွန်တော် ဖြစ်စေလိုတဲ့ ဥပဒေအမည်နာမကို ကြည့်ပြီး စာဖတ်သူ မိတ်ဆွေများ ကြားဖူးသလိုလို ဘာလိုလို ဇဝေဇ၀ါ ဖြစ်သွားကြမယ်ထင်ပါတယ်။ ကြားဖူးကြမှာပေါ့ခင်ဗျာ။ နာမည်ကျော် ပုဒ်မ ၁၀ (က)နဲ့ ပုဒ်မ ၁၀(ခ)။ နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးလိုသူများ
၏ ဘေးအန္တရာယ်မှ ကာကွယ် သည့် ဥပဒေ ဆိုတာလေဗျာ။

ကျွန်တော် နိုင်ငံရေးလုပ်ခဲ့တုန်းက သုံးခါ ထောင်ထဲ ရောက်ခဲ့ရာမှာ နှစ်ခါက ပုဒ်မ ၁၀(က)နဲ့ ထည့်ထားခံရတာ ဖြစ်ပါတယ်။ တစ်ကြိမ်ကတော့ ပုဒ်မ ၅(ည)နဲ့ ထောင်ချခံရတာ ဖြစ်ပါတယ်။ ပုဒ်မ ၅(ည)က ၁၉၅၁ အရေးပေါ်စီမံချက် အက်ဥပဒေတဲ့။ ငြိမ်ဝပ်ပိပြားရေး ပုဒ်မလို့လည်း ခေါ်ပါတယ်။ ဆူပူအောင်လှုံ့ဆော်လို့ဆိုပြ
ီး ဖမ်းဆီးထောင်ချတာဖြစ်ပါတယ်။အမှုကတော့ ဂန္ဒီခန်းမ ကြေညာစာတမ်းရေးသားရာမှာ ပါဝင်ခဲ့မှု။

ပုဒ်မ ၁၀ (က)ကတော့ ကာကွယ်ရေးပုဒ်မလို့ ခေါ်ပါတယ်။ ဘာအမှုမှ မကျူးလွန်သေးပေမယ့် ဒီလူကို အပြင်လောကမှာ ထားရင် နိုင်ငံတော်အား ထိပါးနှောက်ယှက်ဖျက်ဆီးမညိ
့ အန္တရာယ်ရှိတယ်၊ ဒါကြောင့် ထောင်ထဲထည့်ထားရမယ်ဆိုပြီး ဖမ်းထည့်ထားတဲ့ပုဒ်မပါ။ အဲဒီဘက်မှာ အင်မတန်မှ ဥာဏ်ကြီးလှပါသော ဦးနေ၀င်းက ၁၉၇၄ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ဥပဒေပါ။

ထောင်ထဲ ထည့်မထားသင့်တဲ့ အဆင့်အတန်းရှိပုဂ္ဂိုလ်မျိုး
ကိုတော့ ပုဒ်မ ၁၀ (ခ)နဲ့ အိမ်အကျယ်ချုပ်ပေါ့ခင်ဗျာ။



စိတ်နာရတဲ့ အတွေ့အကြုံ

ပုဒ်မ ၁၀ (က)နဲ့ အကျဉ်းခံခဲ့ရတဲ့ အတွေ့အကြုံကို ကျွန်တော်က အတော် စိတ်နာတယ်။ ၅(ည)နဲ့ ထောင်ချတုန်းက မိသားစု ထောင်ဝင်စာလာပြီး မိသားစုနဲ့ ၂ပတ် တစ်ကြိမ်တွေ့၊ စကားစမြည်ပြောနိုင်တယ်။ ၁၀(က)နဲ့ ကျတော့ ထောင်ဝင်စာမရှိဘူး။ မိသားစုက စားစရာနဲ့ ဆေးဝါးစသည်ကို ထောင်ဗူးဝမှာ လာပေးသွားရတယ်။ သားသမီးလေးယောက်အနက် သား နှစ်ယောက်က ကျွန်တော်အဖမ်းခံရတုန်းက ၁၂နှစ်-၁၃နှစ်သားတွေ၊ လေးနှစ်ကျော်ကြာပြီး ကမ္ဘာ့ကြက်ခြေနီ (ICRC) ကိုယ်စားလှယ်အဖွဲ့ ထောင်ထဲဝင်ကြည့်ခွင့်ရတော့မ
ှ ကျွန်တော့်အိမ်က မိသားစု ဓာတ်ပုံကို ယူလာပြလို့ ကြည့်လိုက်ရတယ်။ သားတွေက အရပ်ကြီးတွေမိုးထိုးနေပြီ။ အမေ့ထက်မြင့်သွားကြပြီ။ ကျွန်တော် ဆေးရုံတက်ရချိန်မှာ မိသားစုနဲ့ တွေ့ခွင့်ပေးတော့ သားတွေက ကျွန်တော့်ထက်တောင် မြင့်သွားပြီ။ နောက်ဆုံးအခေါက် ငါးနှစ်ကျော် နေခဲ့ရပြီးမှ ပြန်လွှတ်တယ်။



တကယ်ပြဌာန်းသင့်တဲ့ ဥပဒေ

အခု ဒီမိုကရေစီတည်ဆောက်နေတဲ့ခေတ
်မှာ ပုဒ်မ ၁၀(က) (ခ)တွေ၊ ၅ (က) (ည)စတာတွေ လုံးဝမရှိသင့်တော့ပါဘူး။ တော်လောက်ပါပြီ။ နောင်လည်း တကယ်ဒီမိုကရေစီ ပီပြင်ပြီဆိုရင် နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်ရန်ဆိုပြီး လူတွေကို ဘာပြစ်မှုမှ မကျူးလွန်သေးဘဲ ထောင်ထဲ ဖမ်းထည့်ထားဖို့ဆိုတာ စိတ်နဲ့တောင် မပြစ်မှားသင့်တဲ့ကိစ္စလို့ ပြောချင်ပါတယ်။

ခုချိန်မှာ တကယ်တမ်း ပြဌာန်းသင့်တဲ့ဥပဒေကတော့ စောစောက ပြောခဲ့တဲ့ ``ဒီမိုကရေစီတည်ဆောက်ရေးကို
 ထိပါး နှောက်ယှက်ဖျက်ဆီး လိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေ´´ ဖြစ်ပါတယ်။ ဆရာဗသုန်ဆောင်းပါးထဲ ရေးထားသလို နိုင်ငံရေးပါတီအချင်းချင်း မတော်မတရား ပုတ်ခတ်စော်ကား၊ ရန်စတိုက်ခိုက်တာမျိုးတွေ၊ ဒီမိုကရေစီလှုပ်ရှားမှုတွေကို ပိတ်ပင်တားဆီးတာတွေ၊ ပြည်သူ့အခွင့်အရေး တွေကို ချုပ်ချယ်ကန့်သတ်တာတွေ၊ ရွေးကောက်ပွဲမှာ မဲမသမာမှုကျူးလွန် တာတွေ စတာတွေကို အဲဒီဥပဒေနဲ့ ကာကွယ်တားဆီးဟန့်တားရမှာ ဖြစ်ပါတယ်။



အင်ဒိုနီးရှားက ရခဲ့တဲ့ စိတ်ကူး

အင်ဒိုနီးရှားနိုင်ငံကို မကြာသေးခင်က ကျွန်တော်တို့ သွားရောက်ပြီး စာနယ်ဇင်းကောင်စီလုပ်ငန်းမျ
ား လေ့လာခဲ့စဉ်က တွေ့ခဲ့ရတဲ့ ဥပဒေတစ်ခုကို အကြောင်းပြုပြီး အထက်ပါစိတ်ကူး ကျွန်တော့်ခေါင်းထဲ ၀င်လာခဲ့တာပါ။ အဲဒီဥပဒေကဘာလဲဆိုရင် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိပါးနှောက်ယှက် ဖျက်ဆီးသူ မည်သူမဆို ၂ နှစ်အထိ ထောင်ဒဏ် သို့မဟုတ် ရူပြားငွေ သန်း ၅၀၀ (မြန်မာငွေ သိန်း ၅၀၀ ခန့်) အထိ ဒဏ်ငွေ တပ်ရိုက်ခံရမည်ဆိုတဲ့ အင်ဒိုနီးရှား စာနယ်ဇင်း အက်ဥပဒေ ပုဒ်မ ၁၈ ဖြစ်ပါတယ်။ ဦးတည်တာက တော့ အစိုးရအာဏာပိုင်များထဲက စာနယ်ဇင်းလွတ်လပ်ခွင့်ကို တစ်နည်းနည်း ပိတ်ပင်ဟန့်တားဖို့ ကြိုးစားသူတွေကို အရေးယူဖို့ ဖြစ်တယ်လို့ ကျွန်တော်တို့ကို ရှင်းပြပါတယ်။ ကောင်းလေစွ။



ပိုကောင်းတဲ့ဥပဒေ

ကျွန်တော်ကတော့ အင်ဒိုနီးရှား ဥပဒေကို ပုံတူကူးမချချင်ပါဘူး။ သူ့ထက်ပိုကောင်းတာကိုပဲ စဉ်းစားကြည့်ပါတယ်။ အဲဒါကတော့ ``ဒီမိုကရေစီတည်ဆောက်ရေးကို
နှောက်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့်ဥပဒေ´´ ကိုသာ ပြဌာန်းနိုင်မယ်ဆိုရင် နိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီများ၊ ဒိမိုကရေစီမြတ်နိုးသော ပြည်သူများကို ဒိမိုကရေစီဆန့်ကျင်ရေးသမား၊ ခေတ်နောက်ပြန်ဆွဲလိုသူများရဲ့ အန္တရာယ်မှ အကာအကွယ်ပေးနိုင်ရုံမက တစ်နွယ်ငင် တစ်စင်ပါဆိုသလို ကျွန်တော်တို့ သတင်းစာဆရာများအတွက်လည်း အကာအကွယ်ပေးပြီးသားဖြစ်လိမ့်မယ်လို့ ယုံကြည်မိကြောင်းပါဗျာ။

(ပြည်သူ့ခေတ်၊ အတွဲ၃၊ အမှတ် ၁၀၅)

မြန်မာစစ်တပ်ကို အိန္ဒိယ ကူဦးမည်









ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဗုဒ္ဓဂယာရှိ မဟာဗောဓိ ကျာင်းသို့ သွားရောက်စဉ် (ဓာတ်ပုံ- Getty Images)

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အိန္ဒိယသို့ ရောက်နေစဉ် အိန္ဒိယအစိုးရက အိမ်နီးချင်းမြန်မာနိုင်ငံကို စစ်ရေးအရ ကူညီမှုများ တိုးမြှင့်ပေးအပ်ရန်ဆုံးဖြတ်လိုက်သည်။
“မဟာဗျူဟာကျသော လှုပ်ရှားမှုတရပ်အဖြစ် မြန်မာစစ်တပ်ကို သင်တန်းများတိုးမြှင့်ပေးရန်နှင့် လက်နက်မဟုတ်သော စစ်သုံးပစ္စည်းများပေးအပ်ရန် အိန္ဒိယက ဆုံးဖြတ်လိုက်သည်” ဟု အိန္ဒိယသတင်းစာ ဟင်ဒူစတန်တိုင်းမ် ရေးသားထားသည်။
မြန်မာစစ်တပ်တွင် အသုံးပြုရန်အတွက် တောတွင်းသုံး မြေထိုး၊ မြေကော်စက်များနှင့် အခြားအသုံးအဆောင်များကိုလည်း ပေးအပ်မည်ဟု ဆိုသည်။
အိန္ဒိယအနေဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသရှိ အိန္ဒိယခွဲထွက်ရေးသူပုန်အဖွဲ့များကို အပြီးတိုင် ခြေမှုန်းလိုနေရာ နယ်စပ်ဒေသလုံခြုံရေးအတွက် နှစ်နိုင်ငံပူးပေါင်းလုပ်ဆောင်ရေးကို တိုးမြှင့်လိုကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
အိန္ဒိယ အရှေ့မြောက်နယ်စပ် အာသံနှင့် မဏီပူရ် ပြည်နယ်များရှိ သူပုန်များ မြန်မာနယ်အတွင်း အခြေစိုက်ကြသည်ဟု အိန္ဒိယဘက်မှ ယုံကြည်နေသည်။
ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ သြဂုတ်လ ၁ ရက်နေ့ ညနေကရောက်ရှိနေရာ ၄င်း၏ တပတ်ကြာခရီးစဉ်အတွင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီး၊ အိန္ဒိယ ကြည်း၊ ရေ၊ လေ တပ်မှ ဦးစီးချုပ်များနှင့် တွေ့ဆုံမည်ဟု သိရသည်။
သူ၏ခရီးစဉ်သည် အစိုးရသစ်လက်ထက် ကာကွယ်ရေးဦးစီးချုပ်၏ ပထမဆုံးသော အိန္ဒိယခရီးစဉ်ဖြစ်သည်။
၎င်းသည် ယမန်နေ့က ဗုဒ္ဓဂယာသို့ သွားရောက်ခဲ့ပြီး ယနေ့တွင် နယူးဒေလီမြို့ရှိ အိန္ဒိယအာဇာနည်များ အထိမ်းအမှတ် မှတ်တိုင် India Gate တွင် ပန်းခွေချ ဂါရ၀ပြုခဲ့သည်။
၎င်းသည် ကာလ်ကတ္တားမြို့နှင့် ဗီဆက်ခပက်နမ် မြို့များရှိ အိန္ဒိယအရှေ့ပိုင်းဆိုင်ရာ ကြည်းတပ်ဦးစီးဌာန၊  ရေတပ်ဦးစီးဌာနများသို့ သွားရောက်မည်ဖြစ်သည်။
ထို့အပြင် ဘန်ဂလောမြို့ရှိ အိန္ဒိယ ကာကွယ်ရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (DRDO) ၏ သုတေသန ဓာတ်ခွဲခန်းများသို့ သွားရောက်လေ့လာမည်ဟု သိရသည်။
အိန္ဒိယသည် ၁၉၉၀ မှစ၍ မြန်မာနိုင်ငံနှင့် စစ်ရေးအရဆက်ဆံရေးများကို တိုးမြှင့်လုပ်ဆောင်နေရာ နှစ်နိုင်ငံ ရေတပ်များ ပူးပေါင်းစစ်ရေးလေ့ကျင့်ခြင်း၊ နယ်စပ်ဒေသ လုံခြုံရေးအတွက် ၆ လတကြိမ် နယ်စပ်ဒေသများတွင် ဆွေးနွေးပြောဆိုခြင်း၊ တောတွင်း ပြောက်ကျား စစ်ဆင်ရေးအတွက် မြန်မာစစ်သည်များကို ခေါ်ယူသင်တန်းပေးခြင်း၊ တောတွင်း သွားလာရေးသုံး ယာဉ်များ၊ မြေထိုးမြေကော် စက်များ ပေးအပ်ခြင်း၊ စစ်ဆင်ရေးသုံး စက်ပစ္စည်းများနှင့် နည်းပညာသုံးပစ္စည်းများ ပေးအပ်ခြင်း၊ ထူးချွန် မြန်မာစစ်သည်များအား အိန္ဒိယသို့ခေါ်ယူ၍ သတင်းနှင့်နည်းပညာ သင်တန်းများ သင်ကြားပို့ချပေးခြင်းများ ရှိသည်။

ငြိမ်းချမ်းရေကနောက်မှ တွေ့မဲ့နေရာတောင်ရွေးလို့မရသေးတဲ့ KIA နဲ့ အစိုးရ (နေရာရှားသည်)

lanan kio 3011
မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)ကြား  ငြိမ်းချမ်းရေးအတွက် ပြန်လည်တွေ့ဆုံဆွေးနွေးဖို့ နေရာရွေးချယ်ရာတွင် ခက်ခဲမှုကြောင့် မတွေ့ဆုံနိုင်သေးကြောင်း KIO ဒု-အထွေထွေအတွင်းရေးမှူး-၂ ဦးလာနန် ပြောသည်။

တွေ့ဆုံမည့်နေရာကို KIO ဖက်မှလည်း တရုတ်ပြည်၊ ယူနန်ပြည်နယ် ရွှေလီမြို့တွင် တွေ့ဆုံရန်ကမ်းလှမ်းထားပြီး အစိုးရဖက်မှလည်း ၄င်းတို့အုပ်ချုပ်သည့်နယ်မြေတွင် တွေ့ဆုံရန်ပြောဆိုခဲ့ခြင်းကြောင့် နှစ်ဖက်ညှိနှိုင်းမှုမအောင်မြင်သေးပဲ နေရာမသတ်မှတ်နိုင်သေးခြင်းဖြစ်ကြောင်း ဦးလာနန် ပြောသည်။

“ကျွန်တော်တို့ပြောထားတဲ့ နေရာ သူတို့ဘက်က ဖြစ်နိုင်တယ်ဆိုရင် အချိန်ပြန်သတ်မှတ်ပြီး ဆွေးနွေးနိုင်တယ်။ သူတို့ပြောတဲ့ ဗန်းမော်မှာလည်း ကျွန်တော်တို့လာဖို့ မသင့်ဘူး။ မူဆယ်မြို့မှာလည်း သွားဖို့ခက်တယ်။ ကျွန်တော်တို့ပြောတဲ့ ပရန်ငေါန် (Prang Ngawn) မှာလဲ သူတို့မလာနိုင်ဘူးလေ။ အခုလည်း ကျွန်တော်တို့က မြန်မာအစိုးရတွေနဲ့ သူတို့နဲ့တွေ့မယ်ဆိုရင် အချိန်မရွေးတွေ့လို့ရတယ်လို့ပြောထားလို့ ကျွန်တော်တို့ နေရာတိုင်း သွားတွေ့တယ်။”

နှစ်ဖက် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံညှိနှိုင်းနိုင်ဖို့ ပြဿနာတခုဖြစ်နေချိန် ၄င်းပြဿနာသည် တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းနိုင်သည်ဟုခံယူကာ KIO ဘက်မှ တွေ့ဆုံဖို့ဆွေးနွေးဖို့ တံခါးဖွင့်ထားခြင်းဖြစ်သည်ဟု ပြောသည်။

“သို့သော်ဒီအတောအတွင်းမှာ မြန်မာအစိုးရ ထိန်းချုပ်နယ်မြေမှာ ကျွန်တော်တို့ KIO ကို ထိုးစစ်ဆင်နေတဲ့ မြို့ထဲ သူတို့တွေ့ဆုံဖို့ပြောတော့ KIO အနေနဲ့ သွားတွေ့ဖို့မဖြစ်နိုင်ဘူး။ KIOကို စစ်အင်အားသုံးပြီး အတင်းထိုးစစ်ဆင်နိုင်ဖို့ စစ်အင်အားတွေ ဖြည့်နေတယ်။ သူတို့ အစီအစဉ်နဲ့ရှိနေတဲ့နေရာ ဗန်းမြော်မို့မှာ ကျွန်တော်တို့ သွားတွေ့ဖို့ မဖြစ်နိုင်ဘူး။ မူဆယ်မြို့မှာလည်း မန္တလေးက တက်လာတဲ့ စစ်တပ် အားလုံးက မူဆယ်ကနေ ဖြတ်တယ်။ KIA တပ်မဟာ (၄)၊ တပ်မဟာ (၃) ထဲဝင်တယ်။ ဒါကြောင့်လက်မခံနိုင်ဘူး။”

ယခုချိန်တွင်လည်း KIO ထိန်းချုပ်နယ်မြေများတွင် မြန်မာအစိုးရစစ်တပ်မှ စစ်အင်အားများကို လျှို့ဝှက်ဖြည့်နေသောကြောင့် ညအချိန်တွင် လှုပ်ရှားရန်ညွှန်ကြားထားကြောင်းသိရသည်။

နေ့ခင်းအချိန်တွင် အစိုးရစစ်တပ်ဖက်မှ အရပ်သားဝတ်စုံများဖြင့် လှုပ်ရှားသွားလာနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း ပစ်ခတ်တိုက်ခိုက်မှု အနည်းဆုံး ၉၆ တိုက်ခိုက်ပစ်ခတ်ခဲ့ကြောင်းသိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့အား ကချင်လွတ်မြောက်ရေးအဖွဲ့ KIO မှ တရုတ်ပြည်၊ ယူနန်ပြည်နယ် ရွှေလီမြို့တွင် ပြန်လည်တွေ့ဆုံဆွေးနွေးရန် KIO မှ ဇူလိုင် ၁၇ ရက်နေ့တွင် စာဖြင့် ကမ်းလှမ်းထားခဲ့ခြင်းဖြစ်သည်။

ရခိုင်၊အာသံမဏိပူရတင်မကဘူး. မလေးရှားမှာပါပွဲကြမ်းနေတဲ့ ဘင်္ဂါလီတွေ





imagesမလေးရှားနိုင်ငံ ကွမ်လာလန်ပူ(kuala lumpur)မြို့တွင် ဦးစောအောင်ပိုင်ဆိုင်သော မြန်မာ့ဥယျာဉ်(ရခိုင်ဆိုင်) ကို ဒီကနေ့ ညနေ ၅ နာရီခန့်က အမည်မသိ အကြမ်းဖက် ဘင်္ဂလီမူဆလင်များ ၅၀ ခန့်က လာရောက်ဝင်စီး၍ ဆိုင်တွင်းရှိ ပစ္စည်းများကို ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။
ဆိုင်ပိုင်ရှင် ဦးစောအောင်က " အဲဒီ ရိုဟင်ဂျာအမည်ခံ အကြမ်းဖက်ဘင်္ဂလီတွေဟာ ဗလီဝတ်ပြုလို့အပြန်မှာ လမ်းမှာတွေ့တဲ့ ရခိုင်တွေကို လိုက်သတ်ပါတယ်။ ရခိုင်တွေကလည်း ကိုယ်နဲ့နီးစပ်ရာကို ထွက်ပြေးတော့ ကျနော့်ဆိုင်ကို ရောက်လာတာပေါ့။ ကျနော့်ဆိုင်ကို အကြမ်းဖက်ဘင်္ဂလီတွေက ရခိုင်ဆိုင်မှန်းသိတာနဲ့ ဆိုင်မှာ ရှိတဲ့ စားပွဲခုန်တွေ၊ ကုန်ပစ္စည်းတွေ၊ နောက်တခြား ပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားပါတယ်။ ဘင်္ဂလီတွေ ၅၀ နီးပါးလောက်ရှိပါတယ်။ ရဲစခန်းကို အကြောင်းကြားလို့ အဲဒီ ဘင်္ဂလီ ၅၀ ထဲက ၈ ယောက်ကို ကွမ်လာလန်ပူ ရဲစခန်း(Tang Wangi)က ဖမ်းသွားပါတယ်။ ကျန်တဲ့ ဘင်္ဂလီများကတော့ ထွက်ပြေးသွားပါတယ်။ " ဟု ပြောသည်။
" ယင်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီ ၈ ယောက်ကို ကွမ်လာလန်ပူ ရဲစခန်းတွင် မေးမြန်းစစ်ဆေးနေပါတယ်။ သူတို့ရဲ့နောက်ကွယ်မှာ ဘာတွေရှိလဲ၊ ဘယ်သူတွေနဲ့ ဆက်စပ်နေလဲ၊ နောက်ပြီးတော့ ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲပေါ့။ သူတို့ကိုတော့ ထိရောက်စွာ အရေးယူဆောင်ရွက် သွားပါမယ်။ နောက်တစ်ခုက အခုလိုမျိုး အနိုင်ကျင့် ပြဿနာရှာတာကို နောက်တစ်ခါ မဖြစ်ရအောင် ဒီမှာ မလေးရှားရောက် ရခိုင်အဖွဲ့အစည်းတွေနဲ့ တခြားမြန်မာအဖွဲ့အစည်းတွေပါ ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိပါတယ်။ " ဟု ဆက်လက်ပြီး မြန်မာ့ဥယျာဉ်(ရခိုင်ဆိုင်)က ပိုင်ရှင် ဦးစောအောင်က ပြောပြသွားသည်။

CNA နဲ့ အင်တာဗျူး ကြောင့် သမ္မတဦးသိန်းစိန်၏ ယနေ့လုပ်ဆောင်မှုများက ၂၀၁၅ မှာ တစ်စုံတစ်ခု မျှော်လင့်ချက်ကြောင့် မဟုတ်ပဲ လူထုအတွက် စေတနာ သန့်သန့်နှင့်ဖြစ်





ပြီးခဲ့တဲ့ လကုန်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန် နှင့် CNA တို့ အင်တာဗျူး ချိန်မှာ ၂၀၁၅ ထိ ပဲ တာဝန်ထမ်းဆောင်မယ်လို့ သမ္မတကြီး ရဲ့ ပြောဆိုမှုကြောင့် ယနေ့ ဦးသိန်းစိန်၏ လုပ်ဆောင်မှုများက ၂၀၁၅ ရွေးကောက်ပွဲမှာ တစ်စုံတစ်ခု မျှော်လင့်ချက်ကြောင့် မဟုတ်ပဲ လူထုအတွက် စေတနာ သန့်သန့်နှင့်ဖြစ်ကြောင်း သိသာစေတယ်လို့ မြန်မာနဲ့ ကမ္ဘာတဝှမ်းမှ အသိအမှတ်ပြုလိုက်ပါတယ်။

မိမိ၏ ကျန်းမာရေး အခြေအနေနှင့် အသက်အရွယ်အရ ၂၀၁၅ ခုနှစ် အထိသာ သမ္မတအဖြစ် တာဝန်ထမ်း
ဆောင်သွားမည်ဖြစ်ကြောင်း Channel News Asia ရုပ်သံနှင့် အင်တာဗျူးအစီအစဉ်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အနေဖြင့် ပြီးခဲ့သည့်ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ သုံးရက်ကြာ သွားရောက်ခဲ့သော ထိုင်းနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း CNA ရုပ်သံဌာန၏ အင်တာဗျူးအစီအစဉ်ကို လက်ခံပြီး တွေ့ဆုံဖြေကြားခဲ့ခြင်းပါတယ်။ အဆိုပါ ရုပ်သံအင်တာဗျူးအစီအစဉ်ကို Channel News Asiaက ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့တွင် ပြန်လည်ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး တကမ္ဘာလုံးက စောင့်ကြည့်ခဲ့ကြပါတယ်။။

Channel News Asia နှင့် အင်တာဗျူးကဏ္ဍတွင် နိုင်ငံတော်သမ္မတအနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ သုံးသပ်ချက် အမြင်များ၊ အမျိုးသားပြန် လည် စည်းလုံးညီညွတ်ရေးနှင့် ပတ်သက်သည့် အမြင်များ၊ မြန်မာ့ဒီမို ကရေစီခေါင်း ဆောင်ဒေါ်အောင်ဆန်း စုကြည်အပေါ် ထားရှိသည့်အမြင်များ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ချက်အပေါ် အမြင်များ၊ နိုင်ငံတကာမှ စီးပွားရေးပိတ်ဆို့မှုအပေါ် အမြင်များပါဝင်သည့် ဖြေဆိုမှုများကို ပြုလုပ်ခဲ့ပါတယ်။

ဖြေကြားချက်အားလုံးဟာ အပြုသဘောဆောင်ပြီး လက်တွေ့ကျခဲ့တာကြောင့် လူအများက နှစ်ခြိုက်ခဲ့ကြပေမယ့်။ ၂၀၁၅ ထိ သာ တာဝန်ထမ်းဆောင်မယ် ဆိုတာ ထုတ်ဖော်ပြောဆိုခဲ့တာကြောင့် မြန်မာလူထုက စိတ်မကောင်းဖြစ်နေကြကြောင်း သိရပါတယ်။

ဦးသိန်းစိန်ဟာ ၁ နှစ်ကျော်ကြာ သမ္မတသက်တမ်းအတွင်းမှာ မြန်မာကို ကမ္ဘာ့အလည်မှာ ရင်ကော့လက်မထောင်ပြီး ရပ်တည်နိုင်အောင် ကြိုးစားနိုင်ခဲ့သူ ဖြစ်ပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ တာဝန်ထမ်းဆောင်နေစဉ် အတွင်းမှာလည်း ၎င်း အရွေးခံ ခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နဲ့ ကင်းရှင်းစွာ နေခဲ့ပြီး ပါတီ နေရာရရေး အတွက် လုပ်ဆောင်းခြင်း၊ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရေး အတွက် ရှေးရှုမြှော်တွေးကာ လုပ်ဆောင်ခြင်း တစုံတရာ မရှိပဲ တိုင်းပြည်နှင့် လူထု အတွက်သာ အပြည့်အဝ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အမေရိကန် နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် မြန်မာအစိုးရအဖွဲ့ကို အတုယူရန် ပြောဆိုနေချိန်ဖြစ်ပါတယ်။ တကယ်တမ်း ပထမဆုံး အတုယူ ရမယ့် လူတွေကတော့ တခြားနိုင်ငံက ခေါင်းဆောင်တွေ မဟုတ်ပဲ မြန်မာပြည်တွင်း မှ ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော ကိုယ့်ပါတီအတွက် လုပ်ဆောင်နေသူများ၊ NLD ၂၀၁၅ ရွေးကောက်ပွဲ ရှေးရှုပြီး လူထုအတွက် ဟန်ပြလုပ်နေကြသူ များက သာ ကိုယ့်ပြည်တွင်းမှာ ရှိတဲ့ တခြားနိုင်ငံသားတွေ အတုယူရတဲ့ ဦးသိန်းစိန်ကို အရင် အတုယူသင့်ကြောင်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

နိုင်ငံတော် သမ္မတကြီးနှင့် နိုင်ငံရေးပါတီ ၁၄ခု မနက်ဖန် တွေ့ဆုံမယ်




ရန်ကုန်၊ သြဂုတ် ၃

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် နိုင်ငံရေးပါတီ ၁၄ပါတီမှ ခေါင်းဆောင်များနှင့် သြဂုတ်လ ၄ ရက်နေ့တွင် နေပြည်တော်ရှိ လယ်တောရိပ်သာ ရှင်းလင်းဆောင်၌ တွေ့ဆုံမည် ဖြစ်ကြောင်း အစိုးရ အဖွဲ့နှင့် နီးစပ်သူများထံမှ သိရှိရသည်။


အဆိုပါ ပါတီ များမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊
တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ ပါတီသစ်၊ကရင်ပြည်သူ့ပါတီ၊ မတူကွဲပြားခြင်း နှင့် ငြိမ်းချမ်းရေးပါတီ၊ မွန်ဒီမိုကရေစီ ပါတီ၊ ဇိုမီး အမျိုးသားကွန်ရက် ၊အမျိုးသား နိုင်ငံရေး မဟာမိတ်အဖွဲ့၊ ခေတ်သစ် ပြည်သူ့ ပါတီ၊ မြန်မာလူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ပအိုဝ်အမျိုးသားအဖွဲ့ချုပ် စသည့် ပါတီများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အဆိုပါ ပါတီများထံမှ စုံစမ်း သိရှိရသည်။

“ကျွန်တော်တို့ပါတီ ၊နိုင်ငံရေးပါတီ တွေနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဆက်ဆံရေး
၊ အမြဲအပြန်အလှန် ဆက်သွယ်ရရှိရေး၊ မြေယာနဲ့ ပတ်သတ်တာတွေ ဆွေးနွေးသွားမယ်" ဟု မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ ကပြောကြားသည်။

အဆိုပါ နိုင်ငံရေးပါတီ ၁၄ ခုသည် ဇူလိုင်လ နောက်ဆုံးပတ်အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီမှ ပြည်ထောင်စုဝန်ကြီး နှစ်ဦးနှင့် ကြိုတင် ညှိနှိုင်းခဲ့ကြခြင်း ဖြစ်သည်။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သည် ဇွန်လ ၁၈ ရက်နေ့က ဒီမိုကရေစီမိတ်ဆွေ ၁၀ ပါတီ၏ခေါင်းဆောင်များနှင့်တွေ့ဆ
ုံဆွေးနွေးခဲ့သည်။