Thursday, December 20, 2012

မြန်မာ ပြည်ဧ။် အရှည်ဆုံး တံတား ဖြစ်သည့် ပခုက္ကူတံတား တစ်နှစ်မပြည့်မီ ပျက်စီးမှုများဖြစ်ပေါ်

` မြန်မာ ပြည်ဧ။် အရှည်ဆုံး တံတား ဖြစ်သည့် ပခုက္ကူတံတား  တစ်နှစ်မပြည့်မီ ပျက်စီးမှုများဖြစ်ပေါ်´

ဧရာဝတီတံတား(ပခုက္ကူ) ပေါ်တွင် ခင်းကျင်းထားသော ကတ္တရာလမ်းပိုင်း အချို့ ပျက်စီးမှုများ

ရှိနေ၍ ပြင်ဆင်မှုများ ပြုလုပ်နေရကြောင်း သတင်းရရှိသည်။

ယင်းတံတားကို ၂၀၁၁ ခုနှစ်၊ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး

၁ နှစ် မပြည့်မီ ယခုလ လယ်ပိုင်းတွင် ပျက်ဆီးမှု များ ကြုံတွေ့နေရခြင်း

ဖြစ်ကြောင်းသိရ သည် ။

`` အခု ပျက်ဆီးမှု ဖြစ်နေတာ တံတားပေါ်မှာ ရှိ တဲ့ ကတ္တရာလမ်းပိုင်း ပေါက်ပြဲ မှုပါ ၊ ပြင်ဆင်မှုတွေကို

တံတားတာဝန်ရှိသူတွေ က လုပ်နေကြတယ်၊ တစ်နှစ်မပြည့် ခင်မှာ ပင် ဒီလို ပျက်ဆီးမှု တွေ ဖြစ်နေတယ့်အတွက်

အခြားနေရာ တွေ ကို လည်း ပြန်ပြီး စစ်သင့်တယ်၊ တံတားက အသွား တစ်လမ်း၊ အပြန်တစ်လမ်း မဟုတ်တဲ့အတွက်

တံတားပေါ် မှာ ပြင်ဆင်မှု လုပ်ရင် ရှောင်ရ တိမ်းရတာ ခက်တယ် ၊ ဒီတံတားက မန္တလေးတိုင်း နှင့် မကွေးတိုင်းကိုလည်း

ဆက်ထားပေးတယ် ၊ အခု ရာသီဆိုရင် ပုဂံညောင်ဦး ဘုရားဖူး ခရီးစဉ်တွေ များ တဲ့ အတွက် ဖြတ်သန်းသွားလာမှု လည်း

အရမ်းများတယ် ။ ဒါကြောင့် ဒီတံတားကို လုံခြုံ စိတ်ချမှု ရှိအောင် ပြန်ပြီး စစ်ဆေး သင့်ပါတယ်´´ဟု ပခုက္ကူမြို့ခံ တစ်ဦးက ပြောသည်။

ဧရာဝတီတံတား ပခုက္ကူသည် မြန်မာ ပြည်ဧ။် အရှည်ဆုံး တံတား ဖြစ်ပြီး တံတား တည်ဆောက်ချိန် သည် ၂ နှစ် ခန့် ကြာမြင့် ခဲ့ကြောင်း သိရှိရသည်။

သတင်းနှင့်ဓါတ်ပုံ-ကိုကိုဇေ(ပခုက္ကူ)
‎ဧရာဝတီတံတား(ပခုက္ကူ) ပေါ်တွင် ခင်းကျင်းထားသော ကတ္တရာ လမ်းပိုင်း အချို့ ပျက်စီးမှုများ ရှိနေ၍ ပြင်ဆင် မှုများ ပြုလုပ်နေ ရကြောင်း သတင်းရရှိသည်။

ယင်းတံတားကို ၂၀၁၁ ခုနှစ်၊ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး၁ နှစ် မပြည့်မီ ယခုလ လယ်ပိုင်းတွင် ပျက်ဆီးမှုများ ကြုံတွေ့နေရခြင်းဖြစ်ကြောင်းသိရသည် ။

`` အခု ပျက်ဆီးမှု ဖြစ်နေတာ တံတားပေါ်မှာ ရှိ တဲ့ ကတ္တရာလမ်းပိုင်း ပေါက်ပြဲ မှုပါ ၊ ပြင်ဆင်မှုတွေကို တံတားတာဝန်ရှိသူတွေ က လုပ်နေကြတယ်၊ တစ်နှစ်မပြည့် ခင်မှာ ပင် ဒီလို ပျက်ဆီး မှု တွေ ဖြစ်နေတယ့် အတွက်အခြားနေရာ တွေ ကို လည်း ပြန်ပြီး စစ်သင့်တယ်၊ တံတားက အသွား တစ်လမ်း၊ အပြန်တစ်လမ်း မဟုတ်တဲ့အတွက်တံတားပေါ် မှာ ပြင်ဆင်မှု လုပ်ရင် ရှောင်ရ တိမ်းရတာ ခက်တယ် ၊ ဒီတံတားက မန္တလေးတိုင်း နှင့် မကွေးတိုင်းကိုလည်းဆက်ထားပေးတယ် ၊ အခု ရာသီဆိုရင် ပုဂံညောင်ဦး ဘုရားဖူး ခရီးစဉ်တွေ များ တဲ့ အတွက် ဖြတ်သန်းသွားလာမှု လည်းအရမ်းများတယ် ။ ဒါကြောင့် ဒီတံတားကို လုံခြုံ စိတ်ချမှု ရှိအောင် ပြန်ပြီး စစ်ဆေး သင့်ပါတယ်´´ဟု ပခုက္ကူမြို့ခံ တစ်ဦးက ပြောသည်။

ဧရာဝတီတံတား ပခုက္ကူသည် မြန်မာ ပြည်ဧ။် အရှည်ဆုံး တံတား ဖြစ်ပြီး တံတား တည်ဆောက်ချိန် သည် ၂ နှစ် ခန့် ကြာမြင့် ခဲ့ကြောင်း သိရှိရသည်။

Popular Myanmar News Journal

No comments:

Post a Comment