Thursday, December 20, 2012

မီဒီယာတွေနှာစေးနေကြတယ် ဒါမျိုး


KIA ကို ဘယ်သူတွေထောက်ပံ့၊ ဘာကြောင့်ထောက်ပံ့၊ တဖြည်းဖြည်း KIA က ဘာအဖွဲ့ပုံ ပေါက်လာပီလဲ၊ KIA ကိုအပြုတ်တိုက်မယ်ဆို KIA ကဘာအော်မလည်း၊ အပြုတ်တိုက်မယ်ဆို ဘာခေါင်းစဉ်နဲ့တိုက်လို့ရ၊ ဘာအချက်တွေလိုလဲ၊ KIA နဲ့ပတ်သတ်ပြီး ဘာသတင်းတွေ ဦးစားပေး ထုတ်ပြန်လဲ၊ တိုက်မှာလား၊ မတိုက်ဘူးလား၊ တိုက်မယ်ကွာဆို ဘာ စကား လုံးသုံးပြီး တိုက်ချင်သလို တိုက်လို့ရလဲ၊ US ကဘာကို တိုက် မယ်တဲ့ လဲလို့ မေးထားပါတယ်.... သူက ထပ်ဆင့်သုံးသပ် ပါတယ်...... အဲ့ဒါကတော့ ထိုးကျွေးထားတဲ့ နယ်ရုပ်တွေ၊ ဟာနေတဲ့နေရာတွေတော့ အစားခံရမယ် ထင်တာပဲ။ 

ဒီနေရာမှာ သူ့ရဲ့ ပထမ မေးခွန်း နှစ်ခုကို အခုလက်ရှိ စတ္တုတ္ထမဏ္ဍိုင်အပါအ၀င် ပြည်တွင်းစစ် ချက်ခြင်း ရပ် ဆိုတဲ့ လူတွေ မမြင်ချင်ဟန် ဆောင်နေတာတွေ၊ မသိချင်ဟန် ဆောင်နေတာတွေ အတိုင်းသား တွေ့ရ ပါတယ်.... လက်နက်၊ ခဲယမ်းအစရှိတာတွေအပြင် ခောတ်မှီလက်နက်တွေ KIA ကို ဘယ်သူထောက်ပံ့နေ သလဲ၊ ဘာကြောင့် ထောက်ပံ့နေသလဲ၊ အဲဒိထောက်ပံ့ခြင်းရဲ့ နောက်ကွယ်မှာ ဘာချည်နှောင်ကြိုး ရှိနေ မလဲ တော်တော် များများ မသိဟန်ဆောင်နေတာ တွေ့ရပါတယ်.....
တစ်ချို့နေရာတွေမှာ KIA က လူလည်ကျတဲ့အနေနဲ့ အခုနောက်ပိုင်း နာမည်ထွက်ချင်နေတဲ့ ABSDF တပ်ကို နာမည်ပျက်စေမယ့် တိုက်ပွဲတွေ တိုက်ခိုင်းနေတာတွေလည်း တွေ့နေရပြန်ပါတယ်.... ဆတ်ကြေးမပေးရင် အသက်ပေးရမယ် ဆိုတဲ့ ကိစ္စတွေကိုလည်း လူသိနည်းနေတာ တွေ့ရပါတယ်.... ထို့အတူပဲ သာမန်ရဲကင်းကို အယောက် ၇၀ လောက်နဲ့ တက်တိုက်ပီး အလည်လာနေတဲ့ သက်ကြီး ရွယ်အို အမျိုးသမီးတောင် သေနတ်ဒဏ်ရာနဲ့ နောက်ဆုံးသေသွားတဲ့အထိဆိုတော့ ကေအိုင်အေဟာ ဘယ်လို အဖွဲ့ဖြစ်နေပီလည်း၊ ဘယ်သူ့ရဲ့ လက်ကိုင်ဒုတ်လည်း၊ လက်ကိုင်ဒုတ် ပိုင်ရှင်က အခုထက်ပိုပီး ခိုင်းစေလာရင် ဘာတွေဖြစ်လာနိုင်သလဲ သုံးသပ်ဖို့လိုနေပါပီ...... 

လက်ခုတ် တစ်ဖက်တည်းတီးလို့ မမြည်ပါဘူး..... အခုလက်ရှိ ဒီဘက်က တိုက်စစ်မဆင်ရလို့ ဆိုထား ချိန်မှာ စခန်းကုန်းတွေ တစ်ကုန်းပီး တစ်ကုန်း တက်သိမ်းနေတဲ့ KIA ရဲ့ လုပ်ရပ်ဟာ မီးစ တစ်ဖက်၊ ရေမှုတ်တစ်ဖက် လုပ်ရပ်ဖြစ်နေပြန်ပါတယ်...... ဒီအတွက် အဆိုပါတပ်မတော် သား မေးထားတဲ့ မေးခွန်းပါ အကြောင်းအရာတွေက စိတ်ဝင်စားစရာတွေ ဖြစ်နေသလို၊ မြန်မာ့ အရေး လေ့လာသူတွေအနေနဲ့လည်း ကေအိုင်အေရဲ့ နောက်ကွယ်က ပံ့ပိုး သူရဲ့ ခြေ လှမ်းတွေ ကို မြင် တတ်ဖို့ လိုပါပြီ။
From : James Mmt
 (မောင်ကျောက်ခဲ အဖွဲ့) 

No comments:

Post a Comment