Wednesday, September 19, 2012

ဒါကိုတာ ဖန်နင်းနှင့် ကာရာဆကို ဒယ်လ်လာရီအိုတို့ သရုပ်ဆောင်သော "Now Is Good" ဇာတ်ကား ပွဲဦးထွက်ပြသ



ဒါကိုတာ ဖန်နင်းနှင့် ကာရာဆကို ဒယ်လ်လာ ရီအိုတို့ ပါဝင် သရုပ်ဆောင် ထားသည့် "Now Is Good" ဇာတ်ကားအား ပွဲဦးထွက်ပြသခဲ့ကြောင်း သိရသည်။
"Now Is Good" ဇာတ်ကား သည် ဂျင်းနီ ဒေါင်းဟမ် ရေးသားသော "Before I Die" ဝတ္ထုကို အခြေခံ၍ ရိုက်ကူး ထားခြင်း ဖြစ်ပြီး ၎င်းဇာတ်ကား၌ ဖန်နင်းသည် သွေးကင် ဆာ ရောဂါ ခံစား နေရသော တက်ဆာစကော့ထ်ဇာတ်ကောင်နေရာတွင် ပါဝင် သရုပ်ဆောင်ထားသည်။   တက်ဆာ စကော့ထ် ဇာတ်ကောင် သည် သွေးကင် ဆာ ရောဂါ ဝေဒနာ ခံစား နေရသည့် အမျိုးသမီး ငယ်လေး တစ်ဦးက သူမမကွယ် လွန်မီ သူမ ဆန္ဒရှိသော အကြောင်း အရာများကို စာရင်းပြုစု တတ်သည့် သရုပ်ကို ဖော်ညွှန်း ထားသော ဇာတ်ကောင် စရိုက် ဖြစ်သည်။
အဆိုပါ ဇာတ်ကား၌ ပက်ဒီကွန် ဆီဒိုင်း၊ အိုလီဗီယာ ဝီလျံနှင့် ဂျရီမီ အာဗင်းတို့က ဇာတ်ပို့များ အဖြစ် ပါဝင် သရုပ်ဆောင် ထားကြောင်း သိရသည်။ယင်း ဇာတ်ကားကို စက်တင်ဘာ ၁၉ ရက်တွင် စတင်၍ ဗြိတိန်ရှိ ရုပ်ရှင် ရုံများ တွင် ပြသသွား မည်ဖြစ်ကြောင်း သိရသည်။     
 
From- မြ၀တီ 

No comments:

Post a Comment