Wednesday, September 19, 2012

လူမှုထူးချွန်ဆု ချီးမြှင့်ခံရသည့် ခရစ္စတီးနား အဂီးလဲရာ


ကမ္ဘာကျော် အဆိုတော် ခရစ္စတီးနား အဂီးလဲရာသည် လော့စ်အိန် ဂျလိစ်မြို့တွင် ကျင်းပသော American Latino Media Arts ဆုပေး ပွဲတွင် လူမှု ထူးချွန်ဆု ချီးမြှင့်ခံခဲ့ ရကြောင်း သိရသည်။
ဖွံ့ဖြိုး တိုးတက်လျက် ရှိသော ကမ္ဘာ ကြီးတွင် ဆာလောင် မွတ်သိပ်မှု ဒဏ်ခံ စားနေ ရသော ဒုက္ခသည် များ၏ အကျိုး အတွက် စည်းရုံး လှုံ့ဆော်သူ အဖြစ် စွမ်းစွမ်း တမံ ဆောင်ရွက် ခဲ့သည့် ခရစ္စတီးနား အား Special Achievement Award  (လူမှုထူးချွန်ဆု) ကို  ထိုဆုပေးပွဲတွင် ချီး မြှင့်ခဲ့ခြင်း ဖြစ်သည်။

မိမိသည် ပရိသတ်များ၏ အားပေးမှု ဖြင့် လူမှုရေး လုပ်ငန်း များကို လုပ်ဆောင် ခဲ့ခြင်းဖြစ် ကြောင်း၊ မိမိကို ချစ်ခင်သည့် ပရိသတ် များအား ဆာလောင် မွတ်သိပ် မှုဝေဒနာကို ခံစားနေ ရသည့် ဒုက္ခသည် များကို စာနာ နားလည် ကူညီကြရန် စည်းရုံး လှုံ့ဆော်ခဲ့ခြင်း ဖြစ်ကြောင်း ခရစ္စတီးနားက ဆုပေးပွဲ အခမ်း အနား တွင် ပြောကြား ခဲ့သည်။

American Latino Media Arts ဆုပေးပွဲ အခမ်း အနားတွင် အေဗာလောင် ဂိုရီးယားနှင့် ဂျော့လိုပက်ဇ် တို့က အခမ်း အနားမှူး အဖြစ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
 
From- မြ၀တီ

No comments:

Post a Comment