Thursday, September 27, 2012

လိင်လုပ်သားများ အသင်းဖွဲ့စည်း၍ ဖိနိပ်ခံရမူများကို ကူညီမည်ဟုဆို


မြန်မာတနိုင်ငံလုံးရှိ ပြည့်တန်ဆာအလုပ်ဖြင့် အသက်မွေးမူပြုလုပ်သူများကို စုစည်း၍ အသင်းတစ်ခုဖွဲ့စည်းကာ ဖိနှိပ်ခံရမှုများကို ကူညီဆောင်ရွက်သွားရန်စီစဉ်မူများပြု လုပ်ဆောင်ရွက်နေပြီဖြစ်ကြောင်း လက်ရှိတွင် Sex Worker In Myanmar Network အမည်ဖြင့် စတင်ဆောင်ရွက်နေသူ  မနှင်းနှင်းယုကပြောကြားသည်။ ယခုလက်တလောတွင် ရန်ကုန်၊ မန္တလေး၊ ပဲခူးနှင့် မော်လမြိုင်တို့မှ ကွန်ယက် သို့လာရောက် ချိတ်ဆက်ဆောင်ရွက်သည့် Sex Workersဦးရေ ၈၀၀ နီးပါးမှ  ရရှိပြီဖြစ်ကြောင်း၊ ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များကို လုံခြုံရေးအရ လျှို့ ဝှက်ထိမ်းသိမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

"သူတို့က တရားမဝင်လုပ်ကိုင်နေရလို့ ဖိနိပ်မူအမျိုးမျိုး ကြုံတွေ့နေရတဲ့ လူတန်း စားတရပ်လိုဖြစ်နေပြီ"ဟုကိုယ်တိုင် Sex Workerအဖြစ် အသက် မွေးဝမ်းကြောင်း  ပြုခဲ့ရဘူးသူ ၎င်းက ဆိုသည်။

ပြည့်တန်ဆာအလုပ်ဖြင့် အသက်မွေးမှု ပြုလုပ်သူများအနေနှင့် ရဲတပ်ဖွဲ့၏ မတရားငွေညှစ် ခြိမ်းခြောက်မူများ၊

မတရားမဝင်မှုအပေါ် မူတည်၍ ပြည့်တန်ဆာပွဲစားများ၏ ခေါင်းပုံဖျက်နှိပ်စက်မူများ၊  ထောင်တွင်းခွဲခြား ဆက်ဆံခံရမူများနှင့် ပြည့်တန်ဆာ အလုပ်အကိုင် အဆင့်အတန်းနှင့်  HIV ပိုးကူး ဆက်ခံရမှုအရ အချင်းချင်းခွဲခြား ဆက်ဆံခံရမှုများ အများဆုံး ကြုံတွေ့နေ ရကြောင်း ထောင်ကျခံရဘူးသူ ၎င်းက ဆက်လက်ရှင်းပြသည်။

"အရင်လတုန်းက ကျွန်မကို ကြည့်မြင်တိုင်မှာ ရဲကဖမ်းတယ်၊၆သောင်းနဲ့ အမူမဖွင့်ဖို့ ပေးခဲ့ရတယ်။ သူများဆီကဆွဲပြိးတော့လေ၊ အခု အဲဒီငွေကို ပြန် ရှာနေတာ၊ အဲဒီနယ်ကိုလည်း တစ်လမလာပါဘူးလို့ ခံဝန်ထိုးခဲ့ရတယ်  "ဟု Sex Worker In Myanmar Network အဖွဲ့ဝင်တစ်ဦးဖြစ်သူ အသက်၂၆ နှစ် အရွယ် အမျိုးသမိးတစ်ဦးက  ဆိုသည်။

"သမီးရဲ့ဆက်ရှင်ကြေး ၁၅ရက်ရှိပြီ မရသေးဘူး၊ သမီးလဲ မတောင်းရဲဘူးလေ၊ မနေ့ကတင် အမတစ်ယောက်ကသူတို့ကို ပြန်ပြောလို့ ရိုက်ထား တာ အရှိုးရာတွေကြီးပဲ၊ မထနိုင်လို့ ဆက်ရှင်တောင် နားထားရတယ်။ "ဟု ဘုရင့်နောင်ကားကြီးဝင်းအတွင်းရှိ မာဆက်အမည်နှင့် ပြည့်တန်ဆာ လုပ်ငန်း တစ်ခုမှ အသက် ၁၆နှစ်အရွယ် မိန်းကလေး တစ်ဦးက ပြောကြားသည်။

Sex Worker In Myanmar Network အနေနှင့် ပြည့်တန်ဆာအလုပ်ဖြင့် အသက်မွေးမူပြုလုပ်သူများကိုကျန်းမာရေးအသိ ဖြန့်ဖြူးခြင်း၊ မတရားဖိနှိပ်မူများဖော် ထုတ်ကာ တရားစွဲဆိုဆောင်ရွက်ခြင်း၊ HIV ပိုးကူးဆက်ခံရသူ Sex Workerများကို ART  ဆေး အခမဲ့ဖြန့်ဖြူးခြင်းများနှင့် ဘဝမြှင့်တင်ရေးလုပ်ငန်းများကိုဆောင်ရွက်သွား မည်ဖြစ်ကြောင်း ယင်းကွန်ယက် ဥက္ကဋ္ဌလည်းဖြစ်သူ မနှင်းနှင်းယုက  ပြောကြားသည်။

အဆိုပါ Sex Worker In Myanmar Network၏ ရန်ပုံငွေအတွက် ပြည်ပအခြေစိုက် NGO တစ်ခုက ကူညီထောက်ပံမှုများပြုလုပ် ပေးလျက်ရှိသည်။


မြန်မာနိုင်ငံတွင် Sex Worker ငါးဦးလျှင် တစ်ဦးနှုန်း HIV ကူးဆက်ခံနေရပြီး ၂၀၀၈ ခုနှစ်တွင် ARTဆေးရယူနေရသည့် Sex Worker ၆၀,၀၀၀ ကျော်ရှိကြောင်း AFP သတင်းဌာနက ဖော်ပြခဲ့သည်။

From- Yangon Chronicle

No comments:

Post a Comment